စိတ်စွမ်းအင်သွေးကြောကိုပါ အစာကျွေးရမှာလား..
Vol. 35 Ch. 479
လူငယ်တစ်ယောက်က ကျောက်စိမ်းအဆောင်အား ချက်ချင်း ဖိခြေလိုက်၏။
၎င်းကို မြင်သောအခါ ရွှေယွဲ့ချီက လောထျန်းအား ချက်ချင်း အော်ခေါ်လိုက်သည်။
" လောထျန်း ၊ ကျွန်မကို လာကူပါဦး "
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
" ကောင်းပြီ "
သူ ပြောပြောဆိုဆိုပင် သူမ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။
" ဟင်... ကောင်လေး ၊ မင်းက မာလောဝူကို အနိုင်ယူလိုက်နိုင်ရုံနဲ့ ကိုယ့်ကိုကိုယ် သိပ်တော်ပြီလို့ ထင်နေတယ်ပေါ့။ ငါက မာလောဝူလို လုံးဝ မဟုတ်ဘူးကွ "
ခေါင်းတုံးနှင့် လူကြီးတစ်ယောက်က ချက်ချင်း လှည့်ကြည့်လာကာ လောထျန်းဆီသို့ ပြေးလာသည်။
ထို့နောက်တွင်မူ... ခေါင်းတုံးနှင့် လူမှာလည်း....
ဤတစ်ကြိမ်တွင် လောထျန်း မည်သို့ လှုပ်ရှားလိုက်သည်ကို မည်သူမှ မမြင်လိုက်ကြပါ။
အမှန်တွင်မူ လောထျန်းသည်ပင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားရပါ၏။
အဘယ့်ကြောင့်ဆိုသော်... သူ မည်သည့်သိုင်းကွက်ကိုမှ မသုံးခဲ့ရဘဲ.. ခေါင်းတုံးနှင့်လူက လောထျန်းကို တိုက်ခိုက်ရန် ရှိသမျှ အစွမ်းကုန်သုံး ပြေးဝင်လာချိန်၌ လောထျန်း၏ အကာအကွယ် စိတ်စွမ်းအင်နှင့် တွေ့ပြီး အသတ်ခံလိုက်ရခြင်းကြောင့်ပင် ။
ဝှစ်...
လောထျန်းက မည်သို့မှ ပြောမနေဘဲ တိုက်ခိုက်နေသည့် အလယ်သို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းသွားကာ ချက်ချင်း ဝင်လှုပ်ရှားလိုက်သည်။
ဝုန်း.... ဘုန်း... ဖြန်း..
ဤသို့ဖြင့် တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် တဖက်
ကျင့်ကြံသူများအားလုံး သေဆုံးသွားကုန်တော့၏။
သူတို့အားလုံးမှာ ခန္ဓာကိုယ် အစအနလေးပင် မကျန်အောင် အသတ်ခံလိုက်ရခြင်းပင် ။
ရွှေယွဲ့ချီသည်ပင် ထိုသို့သော အဖြစ်မျိုးကို မျှော်လင့်ထားပြီးသား ဖြစ်သည့်တိုင် ကြောက်လန့်သွားရပါ၏။
" သူက ဘယ်လိုလုပ်ပြီး အစွမ်းပိုထက်လာတဲ့ပုံ ပေါက်နေရတာလဲ "
သူမ စိတ်ထဲ တွေးမိလိုက်သည်။
ထို့နောက် တခဏမျှ ကြာပြီးမှသာ သူမ ပြန်အသိဝင်လာကာ လောထျန်းအား ပြောလိုက်သည်။
" လောထျန်း ၊ ဒီတိုင်းဆို အခြေအနေ မကောင်းဘူးနော်။ ကျွန်မတို့ ထွက်ပြေးကြရအောင် "
" ထွက်ပြေးမယ်... ဘာလို့ ထွက်ပြေးချင်ရတာလဲ "
လောထျန်းက သူမဘက် လှည့်ကြည့်ကာ ပြန်မေး၏။
ရွှေယွဲ့ချီက စိုးရိမ်တကြီး ပြောသည်။
" ခုနက ဟိုလူတွေ ကျောက်စိမ်းအဆောင်ကို ချိုးလိုက်တာ ရှင် မတွေ့လိုက်ဘူးလား။ ကျွန်မတို့ ဒီမှာ ဆက်နေနေရင် မကြာခင် သူတို့လူတွေ ထပ်ရောက်လာတော့မှာရှင့် "
လောထျန်းက အံ့အားသင့်နေဟန်ဖြင့် ဆက်မေးသည်။
" ရောက်လာတော့ရော ဘာဖြစ်လို့လဲ "
ရွှေယွဲ့ချီမှာ ခေတ္တမျှ စကားမဆိုနိုင်ဘဲ ဆွံ့အသွားရတော့သည်။
သို့သော် သူ ဆိုလိုသော အဓိပ္ပါယ်ကို သူမ ကောင်းစွာ နားလည်ပါသည်။
သူမရှေ့တွင် ရှိနေသူသည် နဂါးကြီး ထျန်းလုံကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်သော အစွမ်းထက် လူတစ်ယောက် မဟုတ်ပါလား...
ထိုသို့သော သူမျိုးက ရန်သူအုပ် ထပ်ရောက်လာလျှင်ပင် ဂရုစိုက်နေမည် မဟုတ်ပါချေ။
ထိုသူများ လာလျှင်ပင် မိမိကိုယ်ကိုယ် သေကြောင်းကြံသလို ဖြစ်သွားရုံမှတပါး အခြားမရှိပါ။
သူမ ထိုသို့တွေးရင်း အနည်းငယ် စိတ်သက်သာရာ ရသွားပါသည်။
" ဒါဆို အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ "
ရွှေယွဲ့ချီ မေးလိုက်၏။
လောထျန်းက သူမကို လှည့်ကြည့်ရင်း ပြန်ဖြေသည်။
" ငါ သူတို့ရဲ့ တားမြစ်နယ်မြေဆိုတာကြီးကို တော်တော်စိတ်ဝင်စားတယ်ကွ။ မင်းရော အခြေအနေ ဘယ်လိုလဲ သွားကြည့်ချင်လား "
ရွှေယွဲ့ချီမှာ ခေတ္တမျှ တွန့်ဆုတ်နေသေးသော်လည်း နောက်ဆုံး ခေါင်းညိတ်ပြလိုက်ပါသည်။
" ကောင်းပြီလေ ၊ သွားကြတာပေါ့ "
သူမကို ကာကွယ်ပေးနိုင်သည့် နတ်ဘုရားတစ်ပါးလို လူတစ်ယောက် ပါနေသည်ဖြစ်ရာ ဘာကို ကြောက်ရပါဦးမည်နည်း ။
ဤသို့ဖြင့် သူတို့နှစ်ယောက် ထွက်သွားပြီး မကြာမီမှာပင် ထိုနေရာသို့ လေကိုခွင်းကာ လာနေသော အသံများ ထွက်လာပြီး လူများ အလျှိုလျှို ရောက်လာကြ၏။
" ဟင်.. ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်ကြတာလဲ "
လူစုကို ဦးဆောင်လာသော အဘိုးအိုတစ်ယောက်က အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်သည်။
ဘေးဘီသို့ လှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးထဲမှ လူသတ်အရိပ်အငွေ့လည်း ပိုပို၍ အစွမ်းထက်လာ၏။
" ငါတို့ လွေ့ယွမ်ဂိုဏ်းကို လာပြီး လူသတ်ရဲတာ ဘယ်ကောင်လဲကွ။ ဘယ်ကောင်ပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ မင်းကို အမှုန့်ကြိတ်ပစ်မယ် "
အဘိုးအို ဒေါသတကြီး အော်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ့ဘေးမှ လူတစ်ယောက်က ပြောလာ၏။
" အကိုကြီး ၊ အဲ့လိုလုပ်ဖို့ အခွင့်ရေး မရှိတော့ဘူးနဲ့ တူတယ်ဗျ "
" ဟင်.. မင်းပြောတာ ဘာအဓိပ္ပါယ်လဲ "
အဘိုးအိုက မျက်နှာမသာမယာဖြင့် ပြန်မေးလိုက်သည်။
တဖက်လူက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ဒီ မြေကြီးပေါ်က ခြေရာတွေကို ကြည့်လိုက်ဦးဗျ "
အားလုံး ချက်ချင်း ထိုသူညွှန်ပြရာသို့ ကြည့်လိုက်ရာ ခြေရာနှစ်စုံ အထင်းသား ရှိနေသည်ကို တွေ့လိုက်ရသည်။
" အဲ့ကောင်တွေက တားမြစ်နယ်မြေ အတွင်းပိုင်းထဲကို ဝင်သွားကြတာလား "
အဘိုးအို တအံ့တသြဖြစ်သွားသည်။
တဖက်လူက ရယ်သွမ်းသွေးရင်း ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ တားမြစ်နယ်မြေထဲမှာ နေတဲ့ကောင်ကြီးက ဒေါသ ဘယ်လောက်ကြီးတယ်ဆိုတာ အားလုံးလဲ သိတာပဲ။ ဘိုးဘေးကလွဲပြီးတော့ အနားကပ်တဲ့ သူမှန်သမျှ အသတ်ခံကြရမှာလေ။ အဲ့တော့ သူတို့သာ အထဲရောက်သွားရင် ဟိုကောင်ကြီးလက်ချက်နဲ့ သေရမှာ အမှန်ပဲ "
စကားဆုံးသောအခါ အဘိုးအိုက ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
" သူတို့ကို ငါကိုယ်တိုင် မသတ်ရတာတော့ နှမျောစရာပေါ့ကွာ "
ထို့နောက် သူ အားလုံးကို ဝေ့ကြည့်ကာ ပြောလိုက်၏။
" လိုရမယ်ရ အားလုံး ဒီမှာပဲ စောင့်ကြပ်ပြီး နေခဲ့ကြပါ။ တကယ်လို့ သူတို့ထွက်ပြေးလာတာ မြင်ရင် ဘာမှ ညှာတာသနားမနေဘဲ ချက်ချင်း သတ်ပစ်လိုက်ကြ "
" ဟုတ်ကဲ့ပါ "
အားလုံး ပြန်ပြောလိုက်ကြသည်။
ထိုစဥ် လောထျန်းနှင့် ရွှေယွဲ့ချီတို့မှာကား...
တားမြစ်နယ်မြေ အတွင်းပိုင်းထဲသို့ လမ်းလျှောက်ဝင်နေကြပါ၏။ သူတို့ အတွင်းပိုင်းထဲသို့ ပိုရောက်လာလေလေ ၊ အနီးနားမှ စိတ်စွမ်းအင်များလည်း ပိုကြွယ်ဝလာလေပင် ။
ဤသို့ဖြင့် သူတို့ တခဏကြာ လမ်းလျှောက်ပြီး နောက်တွင်မူ ကျောက်ရေအိုင်တစ်ခုရှေ့ ရောက်လာကြသည်။
" ဒါ.... "
ရွှေယွဲ့ချီက အေးစက်နေသော ရေအိုင်ကို ကြည့်ရင်း ခေတ္တမျှ စဥ်းစားနေပြီးနောက် စကားစရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပင်..
ဝေါင်း..
ဟိန်းသံကျယ်ကြီးတစ်သံ ထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ တောင်များ တုန်ခါလာကာ အချို့တောင်များဆိုလျှင် ပြိုပင် ပြိုကုန်ကြသည်။
" ဘာတွေဖြစ်.... "
၎င်းကို ကြည့်ကာ ရွှေယွဲ့ချီ အံ့သြတုန်လှုပ်သွားရ၏။
ထိုစဥ်မှာပင်... ရေအိုင် အောက်ခြေမှ ဒေါသငွေ့ လက်နေသော မျက်လုံးအစုံဖြင့် ခေါင်းတစ်လုံး ပေါ်လာသည်။
ထိုခေါင်းကြီး ပေါ်လာသည်နှင့် ၎င်း၏ အနီးတဝိုက်တွင် ရှိနေသော လူသတ်အရိပ်အငွေ့များမှာလည်း သိပ်သည်းလွန်း၍ အစိုင်အခဲအဖြစ် ပြောင်းသွားတော့မလိုပါပင် ။
" ဒါ.... "
လောထျန်းသည်ပင် ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားရသည်။
ရွှေယွဲ့ချီက အသံတုန်တုန်ဖြင့် ပြောလာ၏။
" ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအင်သွေးကြောပဲ... အဲ့ဒါ အသွင်ပြောင်းထားတဲ့ စိတ်စွမ်းအင်သွေးကြောပဲရှင့်.. "
လောထျန်း အံ့အားသင့်သွားရကာ သူ့ရှေ့မှ ခေါင်းကြီးအား ထပ်လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင်မူ.. မျှော်လင့်ထားသလိုပင် တဖက်လူက သက်ရှိအစစ် မဟုတ်ဘဲ စိတ်ဝိဥာဥ်တစ်ယောက် ဖြစ်နေသည်ကို သူ တွေ့လိုက်ရ၏။
၎င်းမှာ ယူနီကွန်းတစ်ကောင်ပုံ အသွင်ယူထားသည့် စိတ်စွမ်းအင်သွေးကြောပင် ။
" ဒီ စိတ်စွမ်းအင်သွေးကြောက တော်တော်အစွမ်းထက်တာပဲ "
လောထျန်း တအံ့တသြ ပြောလိုက်သည်။
ယခု သူ့ရှေ့မှ စိတ်စွမ်းအင်သွေးကြောမှာ သူတို့ ပျောင်ပိုင်မြို့အောက်မှ နဂါးအသွင်ယူထားသည့် စိတ်စွမ်းအင်သွေးကြောထက် အမှန်တကယ်ပင် ပိုအစွမ်းထက်ပါသည်။
ယွဲ့ယန်ကမ္ဘာက ထျန်းယွမ်ကမ္ဘာထက် ပိုအစွမ်းထက်နေခြင်းမှာ မဆန်းတော့ပါချေ....
ရွှေယွဲ့ချီမှာလည်း ဘေးဘီသို့ တစ်ချက်ကြည့်ရင်း အခြေအနေကို ချက်ချင်း နားလည်သွားဟန်ဖြင့် ပြောလာ၏။
" လောထျန်း ၊ ဒီ စိတ်စွမ်းအင်သွေးကြောက ဟိုလူတွေ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းကို သုံးပြီး မွေးယူထားတာနဲ့ တူတယ်။ ဒါ့ကြောင့်လဲ အဲ့လောက်အစွမ်းထက်နေတာ နေမှာ "
" ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းကို သုံးပြီး မွေးထားတာ.. ဟုတ်လား "
လောထျန်း ရွှေယွဲ့ချီဘက် ချက်ချင်း လှည့်ကြည့်လိုက်သည်။
ရွှေယွဲ့ချီက သူ့အား မယုံသည့်အကြည့်ဖြင့် ပြန်ကြည့်လာ၏။
" ရှင် တကယ်ကြီး မသိဘူးလား.. "
လောထျန်း ခေါင်းယမ်းပြလိုက်သည်။
ရွှေယွဲ့ချီက ချက်ချင်း ရှင်းပြရှာ၏။
" မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောတွေ အကုန်လုံးက ပိုပြီး ကြီးထွားလာဖို့အတွက် ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို လိုအပ်တယ်ရှင့်။ ဥပမာ ပြောရရင် ၊ ယောင်ချီမှာဆို မသေမျိုးအဆင့် ပစ္စည်းတွေ အများကြီးကို သုံးပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေ ရောက်လာအောင် ဆွဲဆောင်ပြီးမှ စိတ်စွမ်းအင်သွေးကြောကို အစာကျွေးပေးတာ "
" အဲ့လိုနည်းမျိုးနဲ့ ကျွေးမွေးပြုစု ခံရတဲ့ စိတ်စွမ်းအင်သွေးကြောတွေက ပိုသန်မာလာရုံတင်မကဘူး ၊ အစွမ်းလဲ ပိုတိုးလာတတ်ကြတယ် "
" ဒါပေမယ့် လွေ့ယွမ်ဂိုဏ်းက သုံးထားတဲ့ နည်းလမ်းကတော့ ပိုအစွမ်းထက်တာ အသိသာကြီးပါပဲရှင်။ သူတို့က အစီအမံတွေ သုံးပြီးတော့မှ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို ဆွဲဆောင်ထားတာနဲ့တူတယ်။ ပြီးတော့ ဒီ စိတ်စွမ်းအင်သွေးကြောကလဲ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေ အများကြီးကို စုပ်ယူထားတဲ့ပုံပဲ။ ကြည့်ရတာ... အဲ့ကောင်ကြီးရဲ့ အစွမ်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်လောက်တောင် ရှိနိုင်တာ ဆိုတော့.. ရှင် သတိကြီးကြီးထားမှ ဖြစ်မယ် "
ကြားလိုက်ရသော စကားကြောင့် လောထျန်း အံ့အားသင့်သွားရပါသည်။
ယခုမှသာလည်း ကမ္ဘာမြေကြီး၏ စိတ်စွမ်းအင်သွေးကြောကို အစာကျွေးရမည်မှန်း သူ သိလိုက်ရခြင်း ဖြစ်၏။
၎င်းတို့က ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကို အစာအဖြစ် စားသုံးသတဲ့လား..
သူတို့ ပျောင်ပိုင်မြို့မှ စိတ်စွမ်းအင်သွေးကြောကို သူ ခေါ်ယူပြီးသည့် အချိန်မှစ၍ အစာလုံးဝ မကျွေးခဲ့ရသေးပါချေ။
ယခု သူ ပြန်တွေးကြည့်လိုက်မှသာ စိတ်စွမ်းအင်သွေးကြောအပေါ် အလွန်ရက်စက်ရာ ကျနေခဲ့မှန်း သတိထားမိလိုက်တော့သည်။
သူ ထိုသို့ တောင်တောင်အီအီ တွေးနေစဥ်မှာပင်..
ဝေါင်း...
သူတို့ရှေ့တွင် ရှိနေသော စိတ်စွမ်းအင်သွေးကြောမှ အသွင်ပြောင်းထားသည့် ယူနီကွန်းက ဒေါသတကြီး အော်လိုက်ပြန်သည်။ ထို့နောက် ၎င်းက ပါးစပ်ကြီး
ဟ၍ လောထျန်းတို့ နှစ်ယောက်အား ကိုက်ရန် ပြင်လိုက်၏။
" သတိထားနော်.. "
ရွှေယွဲ့ချီ၏ မျက်နှာထား ရုတ်ချည်း ပြောင်းသွားသည်။
တဖက်မှ ယူနီကွန်း၏ တိုက်ခိုက်မှုက ကြောက်စရာကောင်းလွန်းလှသည် မဟုတ်ပါလား.. ။
ထိုကောင်ကြီး၏ အစွမ်းမှာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ထက်ပင် သာနိုင်သည်ကိုလည်း ရွှေယွဲ့ချီစိတ်ထဲ သံသယမကင်း ဖြစ်သွားသည်။
ထိုအချိန်မှာပင် လောထျန်းတစ်ယောက် အသိပြန်ဝင်လာပြီး သူ့ကို ကိုက်ရန် ပြင်နေသည့် ယူနီကွန်းကို ကြည့်ကာ လက်နောက်ပြန်ကာ ပါးရိုက်လိုက်၏။
ဘုန်း...
အသံကျယ် တစ်သံနှင့်အတူ ယူနီကွန်း၏ ခေါင်းတစ်ခုလုံး သူ့လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။
ထိုစဥ် တားမြစ်နယ်မြေ အပြင်ဘက် ခပ်လှမ်းလှမ်း၌...
" အိုး.. အသံကျယ်ကြီး ထွက်လာတာဆိုတော့ အထဲက ကောင်ကြီး လန့်ပြီး ဒေါသထွက်သွားတဲ့ပုံပဲ။ ဟို ကျူးကျော်လာတဲ့ နှစ်ကောင်တော့ အလောင်းတောင် ကျန်တော့မယ် မထင်ဘူး "
အဘိုးအိုတစ်ယောက်က လှောင်ရယ်ရင်း ပြောလိုက်သည်။
" ဟမ့်.. ဒီကောင်တွေက ကိုယ့်သေတွင်းကိုယ် တူးကြတာကိုး "
အခြား အဘိုးအို တစ်ယောက်ကလည်း အေးစက်စက် ဆိုသည်။
ထိုအချိန် တားမြစ်နယ်မြေ အတွင်း၌မူ..
ဝီ...
လောထျန်းကြောင့် အပိုင်းပိုင်း ဖြစ်သွားသော ယူနီကွန်းက ယခင်မူလအသွင် ပြန်ယူလိုက်ပြန်၏။ ၎င်း၏ မျက်လုံးများကမူ ယခင်ထက် ဒေါသပိုထွက်နေဟန်ပင်။
" လောထျန်း ၊ အဲ့ကောင်ကြီးရဲ့ ခန္ဓာကိုယ်အစစ်က ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအင်သွေးကြောလေ။ အဲ့တော့ သူ့ရဲ့ စိတ်ဝိဥာဥ်ခန္ဓာကိုယ် ဖျက်ဆီးခံရရင်တောင် သူ့ မူလအသွင်ကို ချက်ချင်း ပြန်ပြောင်းနိုင်တယ်။ သူ့ကိုယ်က မသေမျိုးတစ်ယောက်လိုပဲ.. ဒီတိုင်း သာမာန်နည်းမျိုးနဲ့ သတ်လို့ရမှာ မဟုတ်ဘူး "
ရွှေယွဲ့ချီက ဘေးမှ သတိပေးလိုက်သည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
" အဲ့လိုလား... ဒီလိုဆိုမှတော့လဲ ဟိုအကွက်ကိုပဲ သုံးရုံပေါ့ "