← Chapters

အခန်း (၇၃၄)

Vol. 50 Ch. 734

အခန်း (၇၃၄)

Vol. 50 Ch. 734

"သူတို့ကလား"

လီယွင်ကရယ်မောလိုက်၏။ သူ၏ ရှေ့တွင်ရှိသော စနစ်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"မကြာခင်မှာ သူတို့ကို ခင်​ဗျားတို့ မြင်ရလိမ့်မယ်။ တွက်ချက်ရမယ်ဆိုရင် တစ်လတောင် ကျော်မှာမဟုတ်ဘူး"

"တစ်လအတွင်းဟုတ်လား"

၎င်းတို့သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ရှုလိုက်ကြ၏။ မယုံကြည်နိုင်လောက်အောင်ပင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်အရ အချိန်ကာလ ဆိုသည်မှာ အရေအတွက် တစ်ခုသာလျှင်ဖြစ်သည်။

နှစ်ပေါင်း တစ်သောင်းလောက် ကြာမြင့်မည် ဆိုလျှင်တောင်မှ မျက်စိတစ်မှိတ်အတွင်း ကုန်လွန် သွားနိုင်သောအရာပင် ဖြစ်၏။

"စီနီယာ တကယ်ပြောနေတာလား"

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသည့် လျှိုချင်းကျီသည် လှမ်းကာ မေးမြန်းလိုက်သည်။

သင့်တော်သည့် ပမာဏ များကို ပေးအပ်မည်ဆိုလျှင်တောင်မှ အဖြေ အနည်းငယ်သာ ရရှိနိုင်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ကွာခြားလို့နေ၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းလေး တစ်ခုနှင့် စီနီယာ နန်းဆောင်သခင် သည် အများကြီးကို ပြောဆိုခဲ့၏။ သူတို့သည် ပုံမှန်မဟုတ်သည့် ခံစားချက်များကို ရရှိနေခဲ့၏။

"ဘယ်ချိန်တုန်းက ခ​င်ဗျားတို့ကို ကျုပ်လိမ်ဖူးလို့လဲ "

လီယွင်က တုံ့ပြန်လိုက်၏။ ဤ အခြေအနေသည် အားလုံးသော သူတို့ကို စိတ်အေး ချမ်းသာစေခဲ့၏။ ဂုဏ်ယူရလောက်ပါသည် ဆိုသော စီနီယာ နန်းဆောင်သခင်သည် ကျိန်းသေပေါက် အားလုံးသော သူတို့ကို လိမ်ညာလိမ့်မည် မဟုတ်ချေ။

ရံဖန်ရံခါ ဆိုသလို တစ်ချို့သော သတင်း အချက်အလက်များကို ဖုံးကွယ်နိုင်၏။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ မည်သည့်အရာကိုမှ ဖုံးကွယ် ထားစရာ အကြောင်းမရှိချေ။ နတ်ဘုရားအင်ပါယာနှင့် တခြားသော​လူများသည် လောကထဲတွင် တည်ရှိနေသည်ဆိုပါက ကျိန်းသေပေါက် ရှိရပေလိမ့်မည်။

နတ်ဘုရားအင်ပါယာနှင့် တခြားသောသူတို့သည် မည်သည့်အရာများကို ရင်ဆိုင်ခဲ့ရကြောင်း သူတို့ မသိချေ။

နတ်ဘုရားအင်ပါယာသည် တစ်နေရာရာတွင်ပုန်းအောင်းကောင်း ပုန်းအောင်း နေနိုင်၏။ ၎င်းသည် နောက်တစ်ဆင့်သို့တက်ရန် ရှာဖွေနေခြင်း လည်း ဖြစ်နိုင်၏။

ထို့အပြင် နတ်ဘုရားအင်ပါယာ၏ ကျင့်ကြံခြင်းအဆင့် အထက်တွင် အဆုံးမဲ့သော ကျင့်ကြံခြင်း အဆင့်များ တည်ရှိကောင်း တည်ရှိနေနိုင်၏။ ထိုအရာကို​ သေသေချာချာ မသိရှိနိုင်ပေ။ ထိပ်ဆုံးအဆင့်သို့ ရောက်သည်ဆိုလျှင်တောင်မှ ထိုထက်ပိုမိုကာ မြင့်မားသောအဆင့်ဆီသို့ တိုးတက်ချင်ကြသည်မှာ အားလုံးသော ကျင့်ကြံသူများ၏ ရည်မှန်းချက်ပင် မဟုတ်ပါလား။

"ဒီလိုဆိုရင် ကျုပ်တို့အနေနဲ့ ဝိညာဉ်နတ်ဆိုး တောအုပ် အရှင်နဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်စရာ မလိုအပ် တော့ဘူး။ "

လျှိုရွှမ်ချမ်သည် စိတ်အေးသက်သာသလိုပင် သက်ပြင်းကို ချလိုက်မိ၏။

"ဒီလိုဆိုရင်"

သတ္တမဘိုးဘေးကြီးသည် လျှိုရွှမ်ချမ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်ဘက်သို့ လှည့်ကာဖြင့် တစ်စုံ တစ်ခုပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ ချက်ချင်းပဲ သူသည် ထိုအတွေးများကို ဖိနှိပ်ထားလိုက်သည်။

"စီနီယာ ကွာစီအင်မော်တယ်အဆင့် အခွင့်အရေးက မကြာခင် ထွက်ပေါ်လာတော့မယ်။ အန္တရာယ်က အရမ်းကြီးလား သိချင်ပါတယ်။" သတ္တမဘိုးဘေးသည် လှမ်းကာ မေးမြန်းလိုက်၏။

"အန္တရာယ်ဆိုတာ သဘာဝအရ ရှိပြီးသားပဲလေ။ လောကကြီးထဲမှာ အခွင့်အရေးကို အလကားတာမျိုး ရှိလို့လား" လီယွင်က ပြန်ဖြေလိုက်၏။

သတ္တမ ဘိုးဘေးကြီးသည် ခြောက်ကပ်ကပ်နှင့် ရယ်မောကာ မေးမြန်းလိုက်သည်။

"စီနီယာ … အခွင့်အရေး ကြားထဲကနေ တစ်စုံတစ်ခုကို ရရှိချင်တယ်ဆိုရင် ဘယ်လို တန်ကြေးမျိူးကို ပေးရမလဲ။ "

"ဟားဟားဟား"

လီယွင်ကအသာရယ်မောကာ ​ပြောဆိုလိုက်၏။ "ခင်ဗျားပေးနိုင်သလောက် ခ​င်ဗျား ရလိမ့်မယ်။ ခင်ဗျားရရှိတဲ့ အရာက ပေးနိုင်တဲ့အရာထက် ပိုပြီး သာလွန်မယ်ဆိုတာတော့ ကျုပ် အာမခံတယ်။ "

"သြော်"

သတ္တမဘိုးဘေးကြီးသည် ထိုအရာကို သိရှိပြီးသားဖြစ်သည်။ သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့၏။ ပစ္စည်းများစွာကို ထုတ်ယူကာ ဖြင့် လီယွင်၏ ရှေ့သို့ ချပေးလိုက်သည်။

"စီနီယာ ဒီပစ္စည်းတွေကို အခွင့်အရေးတစ်ချို့နဲ့ လဲလှယ်လို့ ရနိုင်လား။ "

"မလုံလောက်ဘူး"

လီယွင်သည် ရှေ့တွင် ရှိနေသည့် ပစ္စည်းများကို ကြည့်ရှုပြီး‌ ခေါင်းကို ခါယမ်းလိုက်သည်။ စုစုပေါင်း အင်မော်တယ် ဘုရင်အဆင့် ပစ္စည်းငါးခုသာ ဖြစ်ပြီး အန္တိမအဆင့်ပစ္စည်း အနည်းငယ်လည်း ပါဝင်လို့ နေ၏။ တန်ဖိုးကြီးမားသည်ဆိုလျှင်တောင်မှ သတ္တမဘိုးဘေးကြီးနှင့် တခြားသောသူများ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ချင်သည် ဆိုပါက ဤအရာသည် မဖြစ်နိုင်သည့် အကြောင်းအရာမျိုးပင်။

အဘယ့်ကြောင့်ဆိုသော် သတ္တမဘိုးဘေး နှင့် တခြားလူများရှေ့၌ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ချင်သည့် လူပေါင်းများစွာတို့ တည်ရှိနေသောကြောင့်ပင်။ ပိုမိုကာ မြင့်မားသည့် စျေးနှုန်းကို ပေးအပ်ချင်သည့် မည်သူမဆိုသည် ကျိန်းသေပေါက် ထိုအခွင့်ရေးကို ရရှိပေလိမ့်မည်။ ပြောရမည်ဆိုလျှင် လေလံဆွဲသည်နှင့်ပင် တူညီနေ၏။

"နေအုံး … ဒီဂျူနီယာတွေဆီမှာ အရင်းအမြစ်တစ်ချို့ရှိပါသေးတယ်။ ကလန်မှာ ချန်ထားခဲ့လို့ပါ။ မကြာခင် ကျုပ်တို့ဆီ လာပို့ပါလိမ့်မယ်။ သူတို့ကို ချက်ချင်း ပေးပို့ဖို့ ကျုပ်ညွှန်ကြားထားပါတယ်။" သတ္တမဘိုးဘေးကြီး သည် နှောင့်နှေးစွာ ပြောဆိုလိုက်သည်။

လျှိုကလန်အနေနှင့် အကောင်းမွန်ဆုံး ပြုလုပ်ရမည့် အခြေအနေဖြစ်ကြောင်း သူ နားလည်၏။ ထို့ကြောင့်ပင်လျှင် လျှိုကလန်၏ အရင်းအမြစ် အကုန်ကို အသုံးပြုရမည်ဆိုလျှင်တောင်မှ လုံးဝ နှောင်နှေးနေမည်မဟုတ်ချေ။

"ကောင်းပြီ"

လီယွင်သည် နတ်ဘုရားအသိကို ဖြန့်ကာကြည့်ရှုလိုက်၏။ များပြားလှသည့် လျှိုကလန်မှ အဖွဲ့ဝင်များသည် အလျှင်စလိုနှင့် ပြေးလာနေကြ၏။ သတ္တမဘိုးဘေးကြီးနှင့် တခြားလူများသည် သူ့ကို မလိမ်ညာရဲကြချေ။

ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဖော်လိုက်၏။ သူသည် သတ္တမဘိုးဘေးကြီးဆီသို့ လှမ်းကာ ပစ်ပေးလိုက်၏။

"ခင်ဗျားလိုချင်တဲ့အရာက ဒီထဲမှာရှိတယ်။ အချိန်ရောက်လာပြီဆိုရင် ဒီပေါ်မှာ အချက်အလက်တွေ ပေါ်လာလိမ့်မယ်”

"နားလည်ပါပြီ"

တတိယဘိုးဘေးကြီးသည် ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားအသိစိတ်နှင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ အထဲတွင် ဟာလာဟင်းလင်း ဖြစ်လို့ နေ၏။ သူသည် တစ်စုံတစ်ခုကို မေးမြန်းရန် ပြင်လိုက်သည်။

သို့ပေမဲ့ လီယွင်၏ စကားကိုကြားသည့်အချိန်မှာတော့ စကားလုံးများကို မြိုသိပ်လိုက်ရ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ဂုဏ်သိက္ခာအရဆိုရင် သူတို့ကို လိမ်ညာ လှည့်ဖျားရန် လိုအပ်လိမ့်မည် မထင်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အနည်းငယ်မျှပင် သူ၏ ဂုဏ်သိက္ခာကို အထိခိုက်ပွန်းပဲ့ ခံလိမ့်မည် မဟုတ်ပေ။

"တခြားမေးခွန်း မရှိဘူးဆို ခင်ဗျားတို့ သွားလို့ရပြီ"

လီယွင်သည် လက်ကိုဖြေးညှင်းစွာ ဝှေ့ယမ်းပြီး ပြောလိုက်၏။ သူသည် ကောင်းကင် လျှို့ဝှက် နန်းဆောင်၏ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။ အချိန်အတိုင်းတာတစ်ခုတွင် အပြင်ဘက်တွင် လူပေါင်းများစွာ ရောက်ရှိလာကြောင်း မြင်ရသည်။ ထိုသူများ ထဲတွင် ၎င်းတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားသည့် အင်မော်တယ်ဘုရင် တော်တော်များများပင် ရှိလို့နေ၏။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လာရောက်ရန် ဖြစ်ကြောင်း သိသာ ထင်ရှား၏။

သတ္တမဘိုးဘေးကြီးဆီမှ အရင်းအမြစ်များကို ရသလောက် ယူပြီးပြီ ဖြစ်သောကြောင့် သူသည် အလွန်ချမ်းသာ ကြွယ်ဝလှပါသည်ဆိုသော အင်မော်တယ်ဘုရင်များဘက်သို့ လှည့်ရပေတော့မည်။

ထိုသူများ အလုံးအရင်းနှင့်သာ ရောက်ရှိလာသည် ဆိုပါက သူ့အနေနှင့် အင်မော်တယ် အင်ပါယာ အဆင့်ကို လွယ်လွယ်ကူကူ တက်လှမ်းသွားနိုင်မှာ သေချာ၏။ ထိုသို့ဆိုလျှင် သူသည် လောကအသီးသီး၌ နေရာတစ်ခု ရလာပေလိမ့်မည်။

"စီနီယာ …."

သတ္တမဘိုးဘေးကြီးသည် ခဏလောက် တွန့်ဆုတ်သွား၏။ အပြင်ဘက်လောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုပြီးနောက် သူသည် မသက်မသာ ပြောလိုက်၏။ "မေးချင်ပါတယ် စီနီယာ …. ဖန်းရှန်နှင့် လျှိုချင်းကျီတို့ က အစောတုန်းက ဘာတွေ စုံစမ်းသွားခဲ့တာလဲ။ "

"သူတို့လား"

လီယွင်က အသာရယ်မောလိုက်၏။ ပြီးနောက် ပြောဆိုလိုက်သည်။ "သူတို့က တူညီတဲ့ မေးခွန်းတွေပဲ မေးတာလေ။ ဒါပေမဲ့ သူတို့က စျေးနှုန်းတွေ မတတ်နိုင်ခဲ့ကြဘူး။ အဆုံးသတ်မှာတော့ ကျုပ်ဆီက စာရင်း တစ်ခုကို ပဲ တောင်းဆိုသွားခဲ့တယ်။"

"ဘာစာရင်းလဲ" သတ္တမဘိုးဘေးကြီးက မေးမြန်းလိုက်၏။

"အန္တိမအဆင့် ပစ္စည်းငါးခု" လီယွင်သည် ဖြည်းညင်းစွာဖြင့် တောင်းဆိုလိုက်သည်။

ပြောပြီးချိန်မှာပဲ လျှိုရွှမ်ချမ်သည် အန္တိမပစ္စည်း ငါးခုကို ထုတ်ပေးလိုက်၏။

"သူတို့ လိုချင်တဲ့ အကြောင်းအရာက ဒါပဲ" လီယွင်သည် လက်ကိုဝှေ့ယမ်းပြီး ကျောက်စိမ်းပြားတစ်ခုအား လှမ်းပစ်ပေးလိုက်သည်။

သတ္တမဘိုးဘေးကြီးသည် အသာဖမ်းယူပြီးသည့်နောက် နတ်ဘုရားသိစိတ်များနှင့် ကြည့်ရှုလိုက်၏။ သူသည် အံ့အားသင့်သွားပုံပေါ်၏။ "ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲကို ဝင်မဲ့ သူတွေနဲ့ ဝင်ပြီးတဲ့ လူတွေရဲ့ စာရင်းပါလား"

"ဟုတ်တယ်"

လီယွင်က ခေါင်းညိတ်လိုက်၏။ အရိုးသားဆုံး ပြောရမယ်ဆိုရင် ဒီသတင်းအချက်လက်သည် တန်ဖိုး ကြီးမားသည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အဝင်ဝတွင် စိတ်ရှည်ရှည်နှင့် စောင့်ကာ ကြည့်ရှုနေလျှင် သိရှိနိုင်သည်။ အစမှအဆုံးထိ စောင့်နေရန်လိုအပ်သည်။

ကံဆိုးစွာဖြင့် ၎င်းတို့သည် စောင့်ကြည့်နေရန် ပျင်းရိလို့နေ၏။ ထျန်းမင်တောင်သခင်သည် အကောင်းဆုံး နည်းလမ်းကို စဉ်းစားခဲ့သည်။ လက်ထဲတွင်ရှိနေသည့် စာရင်းနှင့်ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ မည်သူသွားရောက်ခဲ့ကြောင်း လွယ်လွယ်ကူကူ သိရှိနိုင်ပေတော့မည်။ ထိုသို့ဆိုလျှင် ဘာတွေရရှိမည်ကို ကြိုတင် သိရှိပြီးသား လူများ စာရင်းဖြစ်ပေလိမ့်မည်။

"စီနီယာ မေးခွန်းတစ်ခု ရှိပါသေးတယ်"

သတ္တမဘိုးဘေးကြီးသည် ခဏလောက် စဉ်းစား ကာဖြင့် လေးလေးနက်နက်ပြောလိုက်၏။

"ထျန်းမင်တောင်သခင်က ကျုပ်တို့ကို ဘာလုပ်ချင်တာလဲ သိချင်ပါတယ်။ ကျုပ်တို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးနိုင်မယ့် နည်းလမ်း ထျန်းမင်တောင်သခင် ဆီမှာ ရှိနေပြီလား”

သူတို့၏ လျှိုကလန်သည် နတ်ဆိုးလောက၏ အရှေ့ဘက်တွင် ကြီးကြီးမားမား အားစိုက်ထုတ်ခဲ့၏။ အခြားသော နည်းလမ်းများကိုလည်း ဖန်တီး ထားခဲ့သေး၏။ ဤအရာသည် သူတို့၏ ဝှက်ဖဲပင် ဖြစ်၏။ သူတို့၏ ဝှက်ဖဲသည်သာ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ပေါ်ပေါက်သွားသည် ဆိုပါက ကျိန်းသေပေါက် ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

သူတို့၏ အစီအစဉ်ကို တခြားသူများ သိရှိသွားခြင်းအား သူတို့ စိတ်မပူပေ။ အစီအစဉ်ကို မည်သို့ ဖျက်ဆီးရမည် ဆိုသော အကြောင်းအရာကိုသာ သိရှိသည်ဆိုပါက သူတို့ ဒုက္ခရောက်ပေလိမ့်မည်။

"အန္တိမအဆင့် ပစ္စည်းငါးခု"

လီယွင်သည် ထပ်မံကာ တောင်းဆိုလိုက်၏။

“………."

စီနီယာနန်းဆောင်သခင်သည် သူတို့၏ အရင်းအမြစ်များကို တစ်ခါတည်း အကုန်ချွတ်ယူရန် စီစဉ်နေသည်လား မသိပေ။

လျှိုရွှမ်းချမ်သည် ရှေ့သို့လှမ်းတက်ပြီးနောက် အန္တိမ အဆင့် ပစ္စည်းငါးခုကို ထပ်မံ ထုတ်ပေးလိုက်သည်။ ပြီးနောက် သတ္တမဘိုးဘေးကြီးကို အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် ကြည့်ရှုလိုက်၏။ သူ့၌ မည်သည့် ပစ္စည်းမှ မရှိတော့ကြောင်း အချက်ပြလိုက်ခြင်းပင်။

သတ္တမဘိုးဘေးကြီးကလည်း နားလည်၏။ ထို့ကြောင့် အသာပင် ခေါင်းညိတ်ပြလိုက်သည်။

ပြီးနောက် မျှော်လင့်ချက်အပြည့်နှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။

"ဒီမေးခွန်းအတွက်ကတော့ ခင်ဗျားတို့ စိတ်ပူစရာမလိုဘူး။ သူတို့ကလည်း သူတို့ အစီအစဉ် နဲ့ သူတို့ ကြိုးစားလိမ့်မယ်။ သူတို့ဆီမှာ အရင်းအမြစ်တွေ အဲလောက် မပေါများဘူးလေ" လီယွင်က တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။

"ကောင်းပြီ ဒါဆိုရင်ကျုပ်တို့စိတ်အေးပါပြီ"

သတ္တဘိုးဘေးကြီးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ပြီးနောက် ဦးညွှန့်ကာ ပြောဆိုလိုက်၏။ "ဒါဆို ထွက်သွားပါတော့မယ် "

လီယွင်က ခေါင်းညိတ်လိုက်၏။ သတ္တမဘိုးဘေး နှင့် ၎င်း၏အဖွဲ့တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှ ထွက်ခွာသွားပြီးနောက် လမ်း၏ အဆုံးဘက်တွင် ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် ဘေးချင်းယှဉ် ရပ်လျက်ရှိ၏။

ထန်းပင်တောင်သခင်သည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သော သတ္တမဘိုးဘေးနှင့် တခြားသောသူများကို လှမ်းကြည့်ရင်း စိတ်ဝင်စားမှု များနှင့် ပြည့်နှက်နေသည်။

"ကြည့်ရတာ သူတို့လိုချင်တဲ့ သတင်း အချက်လက်တွေကို ရယူသွားတဲ့ပုံပဲ။ ဝိညာဉ် နတ်ဆိုး အရှင်ရဲ့ အစီအစဉ်တွေကို သူတို့ သိသွားတာ ဖြစ်မယ်" ထျန်းမင်တောင်သခင်က အသာပြောဆိုလိုက်၏။

သူသည် ငရဲလောက၏ နောက်လိုက်တစ်ယောက် ဖြစ်ခဲ့ဖူးသောကြောင့် ဝိညာဉ်နတ်ဆိုး တောအုပ်အရှင် ၏ အစီအစဉ်အောင်မြင်သွားမလားကို သိချင်သည်မှာ သဘာဝပင်။

All Chapters