← Chapters

အခန်း (၇၄၀)

Vol. 50 Ch. 740

အခန်း (၇၄၀)

Vol. 50 Ch. 740

“တိုက်ပွဲကို ကျုပ် မျှော်လင့်နေမယ်”

“ဟမ့်” မီးတောက်ဘုရင်သည် အေးစက်စက် နှာခေါင်းရှုံ့ပြီး အသာလှည့်လိုက်၏။ သူသည် ခြေလှမ်းကျဲကြီး များနှင့်အတူ အဝေးတစ်နေရာဆီသို့ ထွက်ခွာသွားခဲ့သည်။

ဤနေရာတွင် နတ်ဆိုးလောကကြီးဆီမှ အင်မော်တယ်ဘုရင် ဆယ်ယောက်ကျော် တည်ရှိ၏။ ၎င်းတို့အားလုံး သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေလေ၏။ တကယ်တမ်း နတ်ဘုရား လောကဆီမှ အင်ပါယာများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာအခွင့်အရေးသည် မကြာခင် ပေါ်ပေါက်လာတော့မှာဖြစ်၏။ မည်သူမှသည် မသေချာ၊ မရေရာသည့် အကြောင်းအရာ တစ်ခုအတွက် ယှဉ်ပြိုင်တိုက်ခိုက်ချင်စိတ် မရှိကြချေ။

နတ်ဘုရားအင်ပါယာပိုင်ယုသည်သာ အဆင်ခြင်မဲ့ တိုက်ခိုက်သည်ဆိုပါက သူတို့သည်လည်း ကျိန်းသေပေါက် မလွဲမသွေး ပြန်လည်ကာ တိုက်ခိုက်ရမှာဖြစ်၏။ ထို့အပြင် ဖြစ်နိုင်မည်ဆိုပါက သူတို့သည် ရှောင်ရှားချင်စိတ် ရှိကြ၏။ နတ်ဘုရားအင်ပါယာပိုင်ယုသည် လောကအသီးသီးတို့တွင် ပြိုင်စံရှားသည်ဟု သုံးသပ်၍ ရနိုင်သည့် လူတစ်ယောက်ဖြစ်သောကြောင့်ပင်။

“အခြေအနေ ဘယ်လိုလဲ”

ပြန်လာပြီးသည့်နောက် မီးတောက်ဘုရင်အား နတ်ဆိုးလောကထဲတွင် ရှိနေသည့် အင်မော်တယ်ဘုရင် ရောင်းရင်းက ချဉ်းကပ်ကာ မေးမြန်း၏။

“အင်မော်တယ်လောကမှာရှိတဲ့ အင်မော်တယ်ဘုရင်တွေလည်း ရောက်ရှိလာတာကို ကျုပ် အာရုံခံမိတယ်” မီးတောက်ဘုရင်သည် အသာပင် ပြောဆိုလိုက်သည်။

“ဒီလိုဆိုရင် အခြေအနေက ထင်ထားသလို မဟုတ်တော့ဘူး”

ခြောက်ပေကျော်ခန့်ရှိသည့် သတ္တဝါတစ်ကောင်သည် မျက်မှောင်ကို ကုတ်လိုက်၏။ ပြီးနောက် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။ “ကျုပ်တို့ နတ်ဆိုးလောကကြီးက အားကောင်းတယ်ဆိုပေမဲ့ နတ်ဘုရားလောက တစ်ခုတည်းကို ရင်ဆိုင်ရုံနဲ့တင် အန္တရာယ် များနေပြီ။ လောကအသီးသီးတို့ စုပေါင်း တိုက်ခိုက်မှုကို ဘယ်လို ခုခံနိုင်မှာလဲ”

“အတိအကျပဲ”

တခြားသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် အဝေးတစ်နေရာမှ လှမ်းကာ ပြောဆိုလိုက်၏ ထိုလူသည် အတောင်ပံခြောက်ခုပါသည့် အင်မော်တယ်ဘုရင်ပင်ဖြစ်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အင်မော်တယ်ဘုရင်အဆင့် စာရင်းမှာရှိတဲ့လူတွေ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ကျုပ်ကြားခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ဘက်မှာ လုဝူတောက် နဲ့ တခြားသောသူတွေက ပေါ်ပေါက် မလာသေးဘူးလေ။ ဒီအတောအတွင်း အင်မော်တယ်ဘုရင်တွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြတယ်။ အခြေအနေတွေက ကျုပ်တို့အတွက် အခွင့်ကောင်း မသာတော့ဘူး”

အစပိုင်းတုန်းက လုဝူတောက်နှင့် တခြားသောသူများ အသက်ရှင်လျက် ရှိနေသေးကြောင်း ကြားရချိန်က နတ်ဆိုးလောကတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များသည် ကျိန်းသေပေါက် ပျော်ရွှင်သွားခဲ့မိကြ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေး ပေါ်ပေါက်လာခါနီး အခြေအနေဆီသို့ ရောက်ရှိလာချိန်တွင်တောင်မှ လုဝူတောက်တို့အဖွဲ့သည် ပျောက်ကွယ်လို့နေ၏။ ပြဿနာများသည် တကယ့်ကို များပြားလာခဲ့သည်။

သူတို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ တစ်ခါမှ မရောက်ခဲ့ဖူးချေ။ ထို့ကြောင့် နန်းဆောင်သခင် ၏ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားကို မသိရှိပေ။ အရေးအကြောင်း အခြေအနေမျိုး၌ သူတို့၏ ဌာနအရှင်သည် နန်းဆောင်သခင်၏ တားဆီးခြင်းကို ခံရပါက မည်သို့ လုပ်မည်နည်း။ နတ်ဆိုးလောကကြီး တစ်ခုလုံးသည် ချက်ချင်းပဲ ပျက်စီးသွားနိုင်၏။

“ဒီလိုကိစ္စမျိုး ဖြစ်လာပြီဆိုမှတော့ ကျုပ်တို့ နတ်ဆိုးလောကကြီးအနေနဲ့ အရင်ဆုံး လှုပ်ရှားသင့်တယ်။ လောက အသီးသီးမှာရှိတဲ့ အင်မော်တယ်ဘုရင်တွေ အကုန်လုံးကို ဖမ်းဆီးလိုက်ရင် မကောင်းဘူးလား” တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။ ထိုစကားစု ထွက်ပေါ်လာလာချင်းမှာပဲ တည်နေရာတစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများက ပြည့်နှက်သွားခဲ့သည်။

“ခင်ဗျားတို့ ရူးသွားပြီလား” မီးတောက်ဘုရင်က မျက်မှောင်ကုတ်လိုက်၏။ အင်မော်တယ်ဘုရင်များသည် သာမန်လူများ မဟုတ်ကြချေ။ အဘယ်သို့ လွယ်လွယ်ကူကူနှင့် သတ်ဖြတ်၍ ရမည်နည်း။ ထို့အပြင် ယနေ့ ရောက်ရှိလာသည့် အင်မော်တယ်ဘုရင်များထဲတွင် တော်တော်များများမှာ ငရဲလောက၏ တိုက်ပွဲ၌ ဝင်ရောက် တိုက်ခိုက်ပြီး အသက်ရှင် ကျန်ရစ်ခဲ့သည့် လူများသာဖြစ်၏။

အင်မော်တယ် အင်ပါယာများ တည်ရှိနေသည့် အချိန်တည်းက ၎င်းတို့သည် ဇွဲကောင်းကောင်းနှင့် တည်ရှိ အသက်ရှင်ခဲ့သည့် လူများပင်။ ယခု နတ်ဆိုးလောကကြီးတွင် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်တည်း သာလျှင်ရှိ၏။ အကြောင်းအရာ တစ်ခုခုသာ မှားယွင်းသွားမည်ဆိုပါက အလုံးစုံ ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။

“ဌာနေအရှင်က ကျိန်းသေပေါက် ပိုပြီးတိကျတဲ့ အကြံအစည် ရှိမှာပဲ။ ကျုပ်တို့ အခု အချိန်မှာ အဆင်ခြင်မဲ့ ပြုလုပ်ချင်တဲ့စိတ်ကို ထိန်းချုပ်ထားသင့်တယ်။ ဌာနေအရှင်ရဲ့ အစီအမံ မဟာဗျူဟာတွေကို ဖျက်ဆီးလို့ မဖြစ်ဘူး” မီးတောက်ဘုရင်က တင်းမာခက်ထန်စွာ ပြောလိုက်၏။

“မဟာဗျူဟာ ဟုတ်လား”

အတောင်ပံခြောက်ခု အင်မော်တယ်ဘုရင်သည် သဘောမတွေ့သလို ပြောလိုက်သည်။ “ဌာနေအရှင်က ကျုပ်တို့ကို ဒီကိစ္စတွေ အကုန်လုံး လျှို့ဝှက်ထားဖို့ လိုလို့လား။ ပြီးတော့ ဒါက ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးလေး တစ်ခုပဲလေ”

“ဌာနေအရှင်က တစ်စုံတစ်ခု ပြုလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဘာလို့ ထုတ်မပြောရတာလဲ” အားလုံးသော သူတို့၏ အတွေးထဲတွင် ထိုအရာက ဖြစ်တည်လာခဲ့၏။ ဌာနေအရှင်သည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်၏။ အခွင့်အရေးသည် ဌာနေအရှင်အတွက် ဘာမှ ဟုတ်လှသည့် အရာမျိုး မဟုတ်ချေ။

ဌာနေအရှင်သည်သာ နတ်ဆိုးလောကကြီးအတွက် မားမားမတ်မတ် ရပ်တည်ကာ တကယ်တမ်း တိုက်ခိုက်သည် ဆိုပါက အကောင်းဆုံး ဖြစ်ပေမည်။ မည်သူကသည် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ဆီသို့ လက်လှမ်းနိုင်တော့မည်နည်း။

အင်မော်တယ်ဘုရင်အဆင့်စာရင်း ထိပ်ဆုံးတွင် ရှိနေသည့် ကျိုးချီပင်လျှင် ဌာနေအရှင်နှင့် ပြိုင်ဘက် မဟုတ်နိုင်ပေ။

ပြောရမည်ဆိုလျှင် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးသည် သူတို့ နတ်ဆိုးလောကတွင် ရှိနေသည့် အင်မော်တယ်ဘုရင် အားလုံး၏ မျက်စိကျစရာ အရာဖြစ်၏။ ထို့အပြင် သူတို့၏ လက်တစ်ကမ်းတွင်လည်း တည်ရှိနေခဲ့၏။ နတ်ဆိုးလောကထဲတွင် နောက်ထပ် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ပေါ်ပေါက်လာသည်ဆိုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားမှာ သေချာ၏။

“အချိန်ရောက်လာရင် ခင်ဗျားတို့ နားလည်လိမ့်မယ်”

မီးတောက်ဘုရင်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် အင်မော်တယ်ဘုရင်များကို လှမ်းကာ ကြည့်ရှုရင်း ရယ်မောလိုက်၏။ သူက ဖြည်းညှင်းစွာ ထပ်မံပြောဆိုလိုက်သည်။ “ခင်ဗျားတို့ သိဖို့လိုတာ တစ်ခုပဲရှိတယ်။ ဒီလောက်ဆိုရင် လုံလောက်ပြီ”

“ဘာလဲ” အတောင်ပံခြောက်ခု အင်မော်တယ်ဘုရင်က မေးခွန်းထုတ်လိုက်၏။

“မကြာတော့တဲ့ အချိန်မှာ ငရဲလောကကြီးက လောကအသီးသီးကို လွှမ်းခြုံလိမ့်မယ်” မီးတောက်ဘုရင်သည် ယုံကြည်ချက်ရှိစွာဖြင့် ကြေညာလိုက်သည်။

တောင်ပံခြောက်ခုနှင့် အင်မော်တယ်ဘုရင် “...”

သူမေးချင်၏။ မည်သည့်အချိန်တွင် ငရဲလောကသည် လောကတစ်ခုလုံးကို ဖုံးလွှမ်း လွှမ်းခြုံမည်နည်း။ အားအကောင်းဆုံး အခြေအနေ၌ ရှိခဲ့စဉ်ကပင် လောကအသီးသီး၏ တစ်ဝက်လောက်ကိုသာ လွှမ်းခြုံနိုင်ခဲ့၏။ အရာအားလုံးကို လွှမ်းခြုံနိုင်ဖို့ ဆိုသည်မှာ လမ်းအရှည်ကြီး ကျန်နေသေး၏။

ဟုတ်ပေ၏။ သူတို့၏ စိတ်ထဲတွင် ထိုအရာသည် အတွေးတစ်ခုမျှသာဖြစ်၏။ အပြင်ဘက်သို့ ထုတ်ဖော်ကာ မပြောဆိုရဲ ကြချေ။ သူတို့အနေနှင့် မည်မျှ မောက်မာသည်ဆိုဆို မီးတောက်ဘုရင်နှင့် ထိပ်တိုက် စကားများရမည့် အခြေအနေမျိုးကိုတော့ ရောက်ရှိခံလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ယခင် သွေးဘုရင် ဖြစ်သွားသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်သည်။ တောက်ပံခြောက်ခု နှင့် အင်မော်တယ်ဘုရင်သည် မီးတောက်ဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ချေ။ သူသည် သွေးဘုရင်လောက်ပင် အားကောင်းသူ မဟုတ်သောကြောင့်ပင်။

All Chapters