← Chapters

အခန်း (၇၄၁)

Vol. 50 Ch. 741

အခန်း (၇၄၁)

Vol. 50 Ch. 741

ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်း တစ်ခုအတွင်းမှာတော့ လူနှစ်ယောက်တို့က ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများက ထွက်ပေါ်လျက် ရှိနေသေး၏။ အင်မော်တယ်ရှေးလမ်းစဉ်အရှင်နှင့် အင်မော်တယ်ဘုရင် ရှီယွင်တို့မှလွဲလျှင် တခြားမဟုတ်ချေ။

ဤနေရာဆီသို့ ရောက်ရှိလာပြီးသည့်နောက် သူတို့သည် တခြားသောသူများ အာရုံစူးစိုက်မှုကို မလိုချင်ကြချေ။ ထို့ကြောင့်ပင်လျှင် အော်ရာများ အားလုံးကို ဖုံးကွယ်လိုက်ကြ၏။

တခြားတစ်ဖက်တွင် ရှိနေသည့် ကျောင်းကျွင်းဟန်မှာတော့ အနားပတ်ဝန်းကျင်ကို လှမ်းကာကြည့်ရှုရင်း အသာ ရေရွတ်လိုက်မိသည်။ “မူလအားဖြင့် ကျုပ်တို့က ပထမဦးဆုံး ရောက်ရှိလာတဲ့ လူတွေလို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ ဒီနေရာမှာ လူများနေတာပဲ။ တကယ် ဝရိယကောင်းတဲ့သူပဲ”

မျက်နှာပြင်ထက်တွင် ဤတည်နေရာကြီး တစ်ခုလုံးသည် ဗလာဟင်လင်းကဲ့သို့ ဖြစ်တည်နေသော်လည်း တည်နေရာ အက်ကွဲကြောင်းများ၏ ကြားထဲတွင် လူပေါင်းများစွာတို့ တည်ရှိနေကြောင်း သူ သိရှိ၏။ နတ်ဘုရား အာရုံကို အသာဖြန့်ကျက်လိုက်သည် ဆိုသည်နှင့် ကျောင်းကျွင်းဟန်သည် တည်နေရာအနှံ့တွင် အင်မော်တယ် ဘုရင်များနှင့် ပြည့်နှက်နေကြောင်း သိရှိပြီး ဖြစ်၏။

ရောက်ရှိလာခဲ့သည့် လူများသည် တစ်ယောက်ချင်း ရောက်ရှိလာသည့်လူများ သို့မဟုတ် အဖွဲ့လိုက် ရောက်ရှိလာသူများ ….. အမျိုးမျိုး အစုံစုံပင်။

“အင်း.. တကယ့်ကို အစစ်အမှန် ချီလှုပ်ရှားမှုတွေ ရှိနေသေးတယ်” အင်မော်တယ်ဘုရင် ရှီယွင်သည် အေးစက်စက်ဖြင့် ပြောဆိုလိုက်၏။ သူသည် သူ၏ အော်ရာများကို ဖုံးကွယ်ထားသည်ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အေးစက်မှုများသည် သူ၏ ခန္ဓာကိုယ်ကို ရစ်သိုင်းလျက် ရှိနေတုန်းပင်။

မျက်လုံးကို ဖွင့်ကြည့်ပြီးသည့်နောက် တည်နေရာ တစ်ခုချင်းစီ လိုက်လံကာ ကြည့်ရှု၏။ သေချာ အာရုံခံ ပြီးနောက် သူသည် လေးလေးနက်နက် ပြောလိုက်၏။ “ကြည့်ရတာ ကျုပ်တို့ မလာခင်မှာ ဒီနေရာမှာ တစ်စုံတစ်ယောက်က တိုက်ခိုက်နှင့်နေပြီးပြီ”

“ဪ”

အင်မော်တယ်ရှေးလမ်းစဉ်၏ အရှင်ဖြစ်သော ကျောင်းကျွင်းဟန်သည် အင်မော်တယ်ဘုရင် ရှီယွင်ကို အံ့အားတသင့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် စိတ်ထဲမှ တွေးတောလိုက်၏။

တကယ့်ကို အင်မော်တယ်ဘုရင်အဆင့်စာရင်းထဲမှာ ပါဝင်တဲ့ အင်မော်တယ်ဘုရင်တစ်ယောက်အဖြစ် ထိုက်တန်ပါပေတယ်။ ကျုပ်တောင် အာရုံမခံမိဘူး။ သူက အာရုံခံမိနေပြီ။

ချက်ချင်းပဲ သူက မေးမြန်းလိုက်မိသည်။ “တာအိုရောင်းရင်း.. ဘယ်သူတွေ တိုက်ခိုက်ကြတယ်လို့ထင်လဲ”

“ဒီနေရာမှာ သုံးဦးသုံးဖက် ပါဝင်ခဲ့တယ်။ တစ်ဖက်က လျှိုကလန် ဖြစ်ဖို့များတယ်။ ဒုတိယတစ်ခုကတော့ မိုးကောင်းကင် မွန်းစတားလောကရဲ့ နဂါးကလန်ကပဲ။ နောက်ဆုံးတစ်ယောက်ကတော့ နတ်ဆိုးလောကကြီးက” အင်မော်တယ်ဘုရင် ရှီယွင်က လေးလေးနက်နက် အမူအရာမျိုးဖြင့် ပြောဆိုလိုက်၏။ သူသည် ရှုပ်ထွေးလျက် ရှိနေသည့် တည်နေရာနှစ်ခုကို လှမ်းကာ ကြည့်ရှု၏။

ထိုနေရာ၌ နတ်ဘုရားလောကနှင့် နတ်ဆိုးလောကမှ လူများရှိနေကြသည်။

နတ်ဘုရားလောကဘက်၌ အင်မော်တယ်ဘုရင်ပိုင်ယု ဦးဆောင်လျက်ရှိသည့် အင်မော်တယ်ဘုရင်များ ရှိနေပြီး တခြားတစ်ဖက်ခြမ်းတွင်တော့ မိုးကောင်းကင် မွန်းစတားလောကဆီမှ ဖီးနစ်ဘိုးဘေးနှင့် အသူရာနဂါးဘုရင်တို့ပင် ဖြစ်၏။ ၎င်းတို့သည် နတ်ဘုရားလောကမှ လူများနှင့် ဘေးချင်းယှဉ်ကာ ရပ်လျက်ရှိနေကြပြီး မဟာမိတ် ဖွဲ့ထားသည့်ပုံပင်။ ပြောရမည်ဆိုလျှင် နတ်ဘုရားလောကတွင် ရှိနေသည့် အလုံးစုံသော အားအင်အဆင့်သည် နတ်ဆိုးလောကကြီးထက် ပိုမိုကာ အားကောင်းပုံပေါ်၏။

“လျှိုကလန်လား”

ကျောင်းကျွင်းဟန်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်သည်။ “အံ့အားသင့်စရာ မရှိတော့ဘူး။ လျှိုချင်းဟုန် ဖြစ်နေတာကိုး။ သူတို့ရဲ့ ဒုတိယဘိုးဘေးကြီးက မီးတောက်ဘုရင်နဲ့ မယှဉ်နိုင်ဘူး။ နဂါးကလန်က ကျိန်းသေပေါက် အသူရာနဂါးဘုရင်ပဲ ဖြစ်ရမယ်။ နတ်ဆိုးလောကက လူကတော့ တခြားမရှိဘူး။ မီးတောက်ဘုရင်ကလွဲရင် တခြားလူ မဟုတ်နိုင်ဘူး”

ကျောင်းကျွင်းဟန်နှင့် တခြားသောသူများသည် ဖြစ်နိုင်ဖွယ်ရာများကို သုံးသပ်၏။ ဤအရာကို သုံးသပ်ရန် ဆိုသည်မှာ ခက်ခဲသည် မဟုတ်ချေ။

“ကြည့်ရတာ ကျုပ်တို့ နည်းနည်း နောက်ကျသွားတဲ့ပုံပဲ။ တကယ့်ပွဲကြီးပွဲကောင်း လွတ်သွားပြီ” အင်မော်တယ် ရှီယွင်သည် အသာခေါင်းညိတ်လိုက်၏။

“ဒါအစပဲ ရှိပါသေးတယ်”

ကျောင်းကျွင်းဟန်သည် အနားပတ်ဝန်းကျင်ကို သေသေချာချာ လှည့်ပတ်ကြည့်ရှု ပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။ “အင်မော်တယ်ဘုရင်အဆင့် ထိပ်ဆုံးတစ်ရာ စာရင်းမှာ ရှိတဲ့လူတွေ အနည်းငယ်ပဲ ပေါ်ပေါက်လာသေးတယ်။ ကျုပ်တို့ ဆက်ပြီး စောင့်ကြည့်ရမယ်။ လျှိုချင်းဟုန်နဲ့ တခြားသူတွေက အရူးမဟုတ်ဘူး။ သူတို့က လက်ရှိအခြေအနေမှာ တိုက်ိခုက်ကြမှာ မဟုတ်ဘူး”

“ဒါနဲ့”

ကျောင်းကျွင်းဟန်၏ မျက်လုံးများတွင် တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ “တာအို ရောင်းရင်း ရှီယွင်… ခင်ဗျားကော အင်မော်တယ်ဘုရင်အဆင့် ထိပ်ဆုံးဆယ်ယောက် စာရင်းမှာ ပါတဲ့လူတွေရဲ့ အားအင်ကို ခန့်မှန်းနိုင်လား”

ထိုစကားကို ကြားသည့်အချိန်မှာတော့ အင်မော်တယ်ဘုရင် ရှီယွင်သည် ကြောင်အသွားမိ၏။ ပြီးနောက် အကူအညီမဲ့သလို ခေါင်းခါယမ်းလိုက်သည်။ “ထိပ်ဆုံးဆယ်ယောက်ကို မပြောနဲ့။ ထိပ်ဆုံးသုံးဆယ်စာရင်းကို ဝင်တဲ့လူတွေတောင်မှ ကျုပ်မတွေ့ဘူး။ ဒီလိုလူတွေက ပုန်းအောင်းချင်နေတယ်ဆိုရင် ကျုပ်အနေနဲ့ ကျိန်းသေပေါက် အာရုံခံနိုင်မှာ မဟုတ်ဘူး။”

တခြားသောသူများသည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာမည့် အခွင့်အရေးကို လိုချင်လျက် ရှိနေကြ၏။ သို့ပေမဲ့ အင်မော်တယ်ဘုရင်အဆင့် ထိပ်ဆုံးတွင် ရှိနေသည့် ကျိုးချီ၊ ဒုတိယနေရာတွင် ရှိနေသည့် လုဝူတောက်.. ထိုကဲ့သို့သောလူများသည် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးကို လိုအပ်လိမ့်မည် မဟုတ်ချေ။

လုဝူတောက်သည် အစောကြီးတည်းက ကွာစီအင်မော်တယ် အင်ပါယာများနှင့် တိုက်ခိုက်သည့် အတွေ့အကြုံကို ရရှိခဲ့ပြီးသားဖြစ်၏။ ပထမနေရာတွင် ရှိနေသည့် ကျိုးချီသည် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းမှာ သေချာ၏။ ထိုကဲ့သို့သော လူများသည် မောက်မာပြီး ဂုဏ်ယူဝံ့ကြွားနိုင်၏။ ထို့ကြောင့် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာရန် ပစ်မှတ်ထားသည်ဆိုပါက ၎င်းတို့သည် ကိုယ်ပိုင်အရည်အချင်း ကိုသာ အမှီအခိုပြုမှာဖြစ်ပြီး တခြားသော ပြင်ပ အခွင့်အလမ်းများကို စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။

“ဒီလိုဆိုရင် ဆိုးတဲ့အရာတွေတော့ မဟုတ်ပါဘူး”

ကျောင်းကျွင်းဟန်သည် အနည်းငယ် အံ့အားသင့်သလို၊ အနည်းငယ်လည်း စိတ်ပျက်မိ၏။ အစောကြီးတည်းက သိရှိသည် ဆိုပါက သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ရောက်ရှိသည့် အချိန်၌ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို မေးမြန်းခဲ့မိပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီမှ တိကျသည့်အဖြေကို ရရှိမည်ဆိုပါက သူ့အနေနှင့် ဤကဲ့သို့ စိုးရိမ် ပူပန်နေစရာ မလိုအပ်ချေ။ လုဝူတောက်နှင့် တခြားသောသူများ မလာဘူးဆိုပါက သူ့အနေနှင့် အပူအပင်မဲ့ စိတ်အေးချမ်းစွာဖြင့် ကြိုးစားနိုင်မည် မဟုတ်ပါလား။

“တစ်စုံတစ်ယောက်တော့ ရောက်လာပြီ” အင်မော်တယ်ဘုရင် ရှီယွင်သည် အာရုံခံမိ၏။ သူသည် ခေါင်းကို အသာလှည့်ကာဖြင့် တည်နေရာတစ်ခုဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။

“ဪ”

ကျောင်းကျွင်းဟန်က မျက်မှောင်ကုတ်လိုက်မိ၏။ အင်မော်တယ်ဘုရင် ရှီယွင်၏ အကြည့်အတိုင်း လိုက်လံ ကြည့်ရှုသည့်အချိန်မှာတော့ တည်နေရာပတ်လမ်းကြောင်း၏ အဆုံးတည်နေရာတွင် လူနှစ်ယောက် ရောက်ရှိနေကြောင်း မြင်လိုက်ရ၏။ တစ်ယောက်သည် သူ၏ အားအင်အဆင့်ထက် ပိုမိုကာ သာလွန်လျက် ရှိနေသည့်လူပင်။ သို့ပေမဲ့ တခြားတစ်ယောက်ကိုတော့ မှတ်မိရန် ခက်ခဲလို့ နေ၏။ လျှိုကလန်မှ လျှိုချင်းယု လည်း ဖြစ်နိုင်သည်။

“အင်း… အမြန်နှုန်းက သိပ်မနှေးဘူးပဲ”

အင်မော်တယ်ရှေးလမ်းစဉ်အရှင်သည် အသာရယ်မောလိုက်၏။ “လုချင်းယုဆိုရင် ဒီလူတွေ ဘယ်လိုပုန်းပုန်း ပုန်းလို့ရမှာ မဟုတ်ဘူး”

“ဒီလူဘယ်လိုပုန်းပုန်း ဒီလူ ဘယ်သူလဲဆိုတာ သိနေမှာပဲလေ။ ဘေးတစ်ဖက်က ထျန်းမင်တောင်သခင် ကလွဲရင် ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီလူတွေ ရောက်ရှိလာပြီဆိုရင် လျှိုကလန်က ဘုရင်သုံးပါးကတော့ ပြဿနာများပြီပဲ” အင်မော်တယ်ဘုရင် ရှီယွင်သည် ထိုစကားကို ပြောဆိုလိုက်သည်။

ထိုစကားစု ထွက်ပေါ်လာချင်းမှာပဲ လူသုံးယောက်တို့က ပျံသန်းရောက်ရှိလာ၏။ တခြားသော သုံးယောက်နှင့် မတူဘဲ ဤသုံးယောက်တို့သည် ၎င်းတို့၏ အသွင်သဏ္ဍာန်နှင့် အော်ရာများကို ဖုံးအုပ်မထားခဲ့ချေ။ ထိုအစား နတ်ဘုရားလောကကြီးဆီသို့ တည့်တည့်သာ လှမ်းလျှောက်သွားခဲ့၏။

နတ်ဘုရားလောကကြီး၏ အားအင်အဆင့် တိုးတက်လာကြောင်း မြင်သည့်အချိန်မှာတော့ ကျောင်းကျွင်းဟန် ၏ နှလုံးသား တစ်ခုလုံးက လှုပ်ရှားလျက်ရှိနေ၏။ ထို့အပြင် သူသည်လည်း နတ်ဘုရား လောကမှဖြစ်၏။ ထိုသူတို့နှင့် ပူးပေါင်းလိုက်ခြင်းသည် ကျိန်းသေပေါက် အဓိပ္ပာယ်ရှိသည့် အကြောင်းအရာများ ဖြစ်သည်မဟုတ်ပါလား။ အင်မော်တယ်ဘုရင်များ စုဝေးနေသည် ဆိုပါက မည်သူက ပြဿနာ ရှာရဲမည်နည်း။

“ခင်ဗျား.. သူတို့နဲ့ ပူးပေါင်းချင်လို့လား” အင်မော်တယ်ဘုရင် ရှီယွင်၏အသံက ထူးမခြားနားသကဲ့သို့ပင်။ ကျောင်းကျွင်းဟန်ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် ကျောင်းကျွင်းဟန်၏ နှလုံးသားထဲတွင် တွေးတော နေသည့် အကြောင်းအရာများကို သိရှိနားလည်သလိုပင် တည်တည်ငြိမ်ငြိမ်ဖြင့် မေးမြန်းလိုက်သည်။

“ခင်ဗျားကို ကျုပ် သတိမပေးဘူးလို့ မပြောနဲ့။ လက်ရှိ နတ်ဘုရားလောကကြီးက အပြင်ဘက်ပုံစံအရ အားကောင်းတဲ့ ပုံစံမျိုး ရှိတယ်ဆိုပေမဲ့ တကယ်ကို အန္တရာယ်များတယ်။ ကွာစီအင်မော်တယ် အင်ပါယာဖြစ်ဖို့ အခွင့်အရေးက တစ်ခုတည်းရှိတယ်။ ဒါပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာဖြစ်ချင်တဲ့ လူတွေကတော့ တစ်ယောက်ထက် မကဘူး မဟုတ်လား။ ပြောရမယ်ဆိုရင် အင်ပါယာပိုင်ယု၊ ဖီးနစ်ဘိုးဘေး၊ လျှိုချင်းဟုန်တို့ ကြားထဲမှာတောင်မှ ဝေခွဲမရ ဖြစ်နေတဲ့ပုံပဲ။ ခင်ဗျားသာ သူတို့ထဲ ဝင်သွားမယ်ဆိုရင် သူတို့ကို ကူညီရတဲ့ နေရာမျိုးပဲ ရောက်သွားလိမ့်မယ်”

“ဒါက”

ကျောင်းကျွင်းဟန်က ဆွံ့အသွားမိ၏။ များပြားလွန်းသည့် အင်မော်တယ်ဘုရင်များကြားထဲတွင် သူ၏ အားအင်အဆင့်သည် နိမ့်ပါးသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ အားကောင်းသည်ဟု သုံးသပ်ရဖို့ကလည်း လိုအပ်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ့ထက် ပိုမိုကာ အားကောင်းသည့် လူပေါင်းများစွာတို့ တည်ရှိနေသောကြောင့်ပင်။

သူ၏ အားအင်အဆင့်သည် လျှိုကလန်၏ သတ္တမဘိုးဘေးနှင့် တူညီသည့် အားအင်အဆင့်ဟုသာ တွက်ချက်နိုင်၏။ ထို့ကြောင့် နတ်ဘုရားလောကထဲမှ အင်မော်တယ်ဘုရင်များနှင့် ပူးပေါင်းလိုက်ခြင်းသည် အကျိုးအမြတ် မရှိနိုင်ပေ။

All Chapters