← Chapters

အခန်း (၇၄၇)

Vol. 50 Ch. 747

အခန်း (၇၄၇)

Vol. 50 Ch. 747

“စီနီယာနန်းဆောင်သခင်က ကျောက်စိမ်းပြားထဲမှာ အစီအရင်တစ်ခု တည်ရှိနေတဲ့အကြောင်းကို ပြောမထားဘူး” သတ္တမဘိုးဘေးက အသာပြောဆိုလိုက်၏။ ပြောပြီးသည့်နောက် သူသည် ကျောက်စိမ်းပြားကို တခြားသော သူများဆီ ကမ်းပေးလိုက်သည်။

လူတစ်ယောက်ချင်းစီတိုင်းသည် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုပြီးသည့်နောက် နဝေတိမ်တောင် အမူအရာများ ဖြစ်ပေါ်လာ၏။ စီနီယာနန်းဆောင်သခင်သည် အမှားအယွင်း ပြုလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤတည်နေရာကြီး၏ ဆန်းကြယ်မှုသည် အစစ်အမှန်တရားပင် ဖြစ်၏။

နတ်ဘုရားသိစိတ်များသည် ဖိနှိပ်ခြင်းကို ခံထားရပြီး တည်နေရာ တစ်ခုလုံးသည် အလုံးစုံ မဲမှောင်လျက်ရှိ၏။ ၎င်းတို့ မြင်ရနိုင်သည့် အကွာအဝေး တည်နေရာသည် အကန့်အသတ်ဖြင့် တည်ရှိနေခဲ့၏။ ထို့ကြောင့် အလောင်းအစား မလုပ်ရဲကြခြင်းသာ ဖြစ်၏။ မှားယွင်းသည့် အလောင်းအစားကို ပြုလုပ်မိမည်ဆိုပါက အရာအားလုံး အဆုံးသတ် သွားပေလိမ့်မည်။

“ကဲ သွားပြီးတော့ ကြည့်ကြရအောင်။ ကျုပ်တို့ ထပ်ပြီးတော့ နှောင့်နှေးနေမယ်ဆိုရင် တခြား အင်မော်တယ် ဘုရင်တွေ ရောက်လာလိမ့်မယ်” ဒုတိယဘိုးဘေးသည် လေးလေးနက်နက် ပြောဆိုလိုက်၏။

အင်မော်တယ်ဘုရင် တော်တော်များများတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ လက်ထဲရှိ ကျောက်စိမ်းပြားထဲတွင် မည်သည့် သတင်းအချက်များ ရှိနေမည် ဖြစ်ကြောင်း မသိရှိချေ။ လုံလောက်သည့် ပမာဏကို ပေးအပ်ခဲ့သည် ဆိုပါက လုံလောက်သည့် သတင်း အချက်အလက်များကို ရရှိမှာ သေချာသည်။

ထို့အပြင် ဤကဲ့သို့ ကျယ်ပြောလှသည့် တည်နေရာကြီးထဲတွင် ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက် တစ်ခုတည်း တည်ရှိနေလေသည်လား။ ဖြစ်နိုင်သည်မှာ တခြားသော ရတနာများ တည်ရှိနေသင့်၏။ ထိုရတနာ များ၏ အကြောင်းအရာသည် ထိုသူတို့၏ ကျောက်စိမ်းပြားထဲတွင် ပါဝင်ပေလိမ့်မည်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်တစ်ခုကို ရရှိပြီးသည့်နောက် ၎င်းတို့သည် ထပ်မံကာ စုံစမ်းရပေလိမ့်မည်။

“ကဲ... ကျုပ်အရင်သွားမယ်။ ဘိုးဘေးကြီး ဒီမှာ အရင်စောင့်ကြည့်အုံး” လျှိုချင်းဟုန်သည် အရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်၏။ သူ၏ အားအင်အဆင့်သည် ဤနေရာတွင် အားအကောင်းဆုံးဖြစ်၏။ ထို့ကြောင့် အရင်ဆုံး ကင်းထောက်မှ ဖြစ်ပေလိမ့်မည်။ အန္တရာယ်တစ်စုံတစ်ခု ကြုံရသည်ဆိုပါက သူသည် မြန်မြန်ဆန်ဆန်နှင့် တုံ့ပြန်နိုင်စွမ်းရှိ၏။ အနည်းဆုံးအနေနှင့် သေဆုံးသွားသည့် အခြေအနေမျိုးဆီသို့ ရောက်ရှိမည် မဟုတ်ချေ။

“ကောင်းပြီ”

ဒုတိယဘိုးဘေးသည် ခဏလောက် စဉ်းစားပြီးသည့်နောက် လျှိုချင်းဟုန်၏ တောင်းဆိုမှုကို သဘောတူညီလိုက်၏။

မည်သည့်နှောင့်နှေးမှုမှ တစ်ချက်မရှိဘဲ လျှိုချင်းဟုန်သည် နတ်ဘုရားအလင်းတန်းအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။ ကောင်းကင်ပေါ်သို့ ထိုးတက်လျက်ရှိနေသည့် အလင်းတိုင်ကြီးဆီမှ အော်ရာများသည် တည်နေရာ တစ်ခုလုံးကို ဖိနှိပ်ထားနေတုန်းပင်။ ထို့ကြောင့် တည်နေရာဆီသို့ ရောက်ရှိရန် ဆယ့်ငါးမိနစ်ခန့် အချိန်ကြာခဲ့သည်။

အလင်းထောင်တိုင်ကြီး အခြေစိုက်ရာ တည်နေရာသည် ကြယ်နယ်မြေတစ်ခုဖြစ်ပြီး ထိုကြယ်ကြီးသည် ပိန်းပိတ်အောင် မှောင်မဲနေ၏။ ဤဥက္ကာခဲ ကြယ်စင်စုကြီးသည် မည်သည့် ပစ္စည်းများနှင့် ဖြစ်တည်လာခဲ့သည့် အရာမှန်း သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ မျက်နှာပြင်ကို ကြည့်ရှုရမည်ဆိုလျှင် သေချာပေါက် မာကျောသည့် အရာကြီးမှန်း သိသာ၏။

လျှိုချင်းဟုန်သည် ကြယ်စင်စုကြီးပေါ်သို့ အသာဆင်းသက်လိုက်ပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးက တိတ်ဆိတ်လျက် ရှိနေတုန်းပင်။ တကယ်ပင် ခြောက်ခြားစရာ ကောင်းပြီး လေပြင်းများသည် တစ်ချက်တစ်ချက် တိုက်ခတ်လျက် ရှိနေ၏။ ခြောက်ခြားဖွယ်ရာ ဝိညာဉ်အော်သံများ ထွက်ပေါ်လျက်ရှိပြီး တည်နေရာ၌ မည်သည့် အသက်ဓာတ်မှ မရှိပေ။

“အင်း... တကယ်လို့ ငါ မမှားဘူးဆိုရင် ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်က ဒီကြယ်ပေါ်မှာပဲ ရှိရမယ်။ ဒါပေမဲ့ ဘာလို့ တုံ့ပြန်မှု မရှိရတာလဲ” လျှိုချင်းဟုန်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ အသူရာ ဝတ်စုံသည် လေနှင့်အတူ တဝုန်းဝုန်း လှုပ်ခတ်လျက်ရှိနေ၏။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်လျှင် ဝေးကွာသည့် တည်နေရာဆီသို့ ရောက်ရှိသွားသည်။

မကြာခင်မှာပဲ သူသည် အထူးတည်နေရာဆီသို့ ရောက်ရှိသွားပြီဖြစ်၏။ သူ၏ မျက်စိသူငယ်အိမ်များက ကြုံ့ဝင် သွား၏။ အင်မော်တယ် ဓားများကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို စူးစိုက် ခွဲဖြတ်ကာ ကြည့်ရှုနေ၏။ ကြယ်နယ်မြေ၏ အတွင်းဘက်တွင်တော့ နန်းဆော်များ အစီအရင်နှင့်တည်ရှိနေပြီး အဆုံးအစမဲ့ များပြားသော အစီအရင်များလည်း တည်ရှိနေကြောင်း မြင်နေရ၏။ အချိန်ကာလတစ်ခုတွင် ၎င်းတို့၏ အသက်ဝင်မှုသည် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်လျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများက ထွက်ပေါ်နေခဲ့သေး၏။

ထိုနန်းတော်များရှေ့သို့ ရောက်ချိန်မှာတော့ လျှိုချင်းဟုန်၏ မျက်လုံးများက အေးစက်သွား၏။ တည်နေရာကြီး ထဲတွင် နှစ်ပိုင်းကျိုးပြတ်လျက် ရှိနေသည့် ဆိုင်းဘုတ်ကြီးတစ်ခု တည်ရှိနေ၏။ ရွှေရောင် ရောင်စဉ်တန်းများသည် ထိုနေရာဆီမှ ထွက်ပေါ်လျက် ရှိနေပြီး သာမန်ထက်ပိုသည့် သင်္ကေတများကို ထုတ်ဖော်နေသည်။

“နတ်ဘုရားမျှော်စင်လား” လျှိုချင်းဟုန်သည် လက်ကို အသာဆန့်တန်းပြီးသည့်နောက် ထိုဆိုင်းဘုတ် အစိတ်အပိုင်း နှစ်ခုကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။ သူ၏ မျက်မှောင်က ပိုမိုကာ ကုတ်သွား၏။ ဤဆိုင်းဘုတ်ကြီး၏ ထိခိုက်မှုသည် တကယ်ကို ကြီးမားလွန်းလှချေ၏။ ပထမနှင့် နောက်ဆုံးစာသား နှစ်ခုသာလျှင် ဘာမှန်း သေသေချာချာ သိရှိနိုင်၏။ ဤစာလုံးနှစ်ခုတည်းနှင့် ထိုအရာ၏ အသုံးဝင်ပုံကို သူ သေသေချာချာ မသိရှိနိုင်ချေ။

“နတ်ဘုရားဂိတ်ဘုရားကျောင်း” လျှိုချင်းဟုန်သည် မိမိဘာသာ တွက်ချက်လျက် ရှိနေပြီး ရှေးယခင်တုန်းက နတ်ဘုရားဂိတ်ဘုရားကျောင်းသည် ပထမဦးဆုံး ဘုရားကျောင်းတစ်ခု ဖြစ်ခဲ့လေ၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ ထိန်းချုပ်မှုအောက်၌ တည်ရှိခဲ့ပြီး မယုံကြည်နိုင်လောက်သည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်၏။

ယနေ့အထိတောင်မှ ထိုအရာနှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများသည် နောက်မျိုးဆက်သစ်များ ဖတ်ရှုရမည့် အရာများအဖြစ် ကျန်ရှိနေသေး၏။ သို့ပေမဲ့ လက်ရှိ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် အင်မော်တယ်လောကဆီမှ နတ်ဘုရားဂိတ်ဘုရားကျောင်း မဟုတ်သည်မှာ သေချာ၏။ တိုက်တိုက်ဆိုင်ဆိုင် နာမည်တူညီသည့် တခြားသော ဘုရားကျောင်းတစ်ခု ဖြစ်နိုင်သည်။

“အင်း... ငါ အတွေးလွန်နေတာလဲ ဖြစ်နိုင်တယ်” လျှိုချင်းဟုန်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် နတ်ဘုရားမြို့တွင် ရှိနေသည့် ဘုရားကျောင်းဖြစ်ကြောင်းကို သံသယ ဝင်ခဲ့မိ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် မည်သည့် သက်သေ သာဓကမှ မရှိဘူးဆိုပါက တိတိကျကျ ပြောဆိုရန် ခက်ခဲကြောင်း သူ သိရှိ၏။

“ငါ့အရှေ့မှာရှိတဲ့ စွမ်းအင်တွေက ရှေးတုန်းက နတ်ဘုရားမြို့ထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး။ အနည်းဆုံး ဒီနေရာမှာ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် နေထိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်”

လျှိုချင်းဟုန်သည် လေဟာနယ်ထဲသို့ လှမ်းကြည့်လိုက်၏။ သူသည် မိုင်တော်တော်များများ ပျံသန်းလာခဲ့သည် ဆိုသော်လည်း ဤတည်နေရာကြီးသည် အဆုံးအစမဲ့ ကျယ်ပြောလျက် ရှိနေ၏။ လျှိုကလန်၏ လွှမ်းမိုးနိုင်စွမ်း ထက်ပင် ပိုမိုကာ ကျယ်ပြောလျက် ရှိနေပြီး ထိုကဲ့သို့သော အားအင်အဆင့်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် အရာမျိုးပင် ဖြစ်ပေလိမ့်မည်။

“ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်တစ်ခုရဲ့နောက်မှာ ဂိုဏ်းတစ်ခုခု တည်ရှိနေတယ်ဆိုတာက အဓိပ္ပာယ်ရှိတဲ့ အရာပဲလေ”

လျှိုချင်းဟုန်က တီးတိုးရေရွတ်လိုက်၏။ လက်ကို ယမ်းခါကာဖြင့် ဆိုင်းဘုတ်နှစ်ခုကို အသာကောက်ယူလိုက်၏။ ပတ်ဝန်းကျင် တစ်ခုလုံးကို အသာဖြန့်ကာ ကြည့်ရှုလိုက်ပြီးသည့်နောက် တီးတိုး ရေရွတ်လိုက်၏။ “ဒါပေမဲ့ လက်နက်က ဘယ်မှာလဲ”

သူသည် ဤကြယ်စင်စုကြီးပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်ကာ လျှောက်လျက် ရှိနေသော်လည်း ဘာတစ်ခုမှ မတွေ့ရှိခဲ့ချေ။ ဆန်းကြယ်လှသည့် စွမ်းအင်များကို ထုတ်ဖော်ကာ တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ဤကဲ့သို့သော နတ်ဘုရားသိစိတ်သည် အရာအားလုံးကို အာရုံခံနိုင်ရန်အတွက် ခက်ခဲလို့ နေခဲ့သည်။

ဤကြယ်စင်စုပေါ်တွင် ကွာစီအင်မော်တယ် အင်ပါယာလက်နက်တစ်ခု တည်ရှိနေသည်ဆိုပါက သူ၏ ကင်းထောက်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အလုံးစုံ မတွေ့ရှိဘဲ ဖြစ်လို့နေ၏။

ဒွီ ....။

နောက်ခဏအတွင်းမှာပဲ ကြယ်စင်စုကြီး တစ်ခုလုံးဆီသို့ သူ၏ စွမ်းအင်လှိုင်းများက ဖုံးလွှမ်းသွားလေ၏။ တည်နေရာကြီး တစ်ခုလုံးသည် အနည်းငယ် တုန်ခါသွားခဲ့၏။ မြေပြင်တစ်ခုလုံးကလည်း လှုပ်ခါလာခဲ့၏။ နတ်ဘုရားအလင်းတန်းများသည် မြေမျက်နှာပြင်၏ အောက်နေရာဆီမှ ထိုးထွက်လာခဲ့ပြီး မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ တကယ့်ကို နှိုင်းယှဉ်လို့ မရနိုင်သည့် အော်ရာမျိုး ထွက်ပေါ်လာခဲ့ပြီး ထိုအရာကြီး တစ်ခုလုံးသည် အားလုံးသော သူတို့ကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

ဘုန်း ....။

မြေပြင်တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးသည့်နောက် အောက်ဘက်ဆီမှ ဖီးနစ်တစ်ကောင် ပေါ်ပေါက်လာခဲ့၏။ တကယ့်ကို နီစွေးလျက် ရှိနေသည့် ဖီးနစ်တစ်ကောင်ဖြစ်ပြီး နတ်ဘုရားမီးတောက်များသည် ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလျက် ရှိ၏။ တလက်လက် တောက်ပသည့် အပူချိန်သည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံး၏ အပူချိန်ကို တိုးစေခဲ့၏။ လောကကြီးဆီသို့ ရှေးဖီးနစ်နတ်ဘုရားတစ်ပါး ဆင်းသက် လာခဲ့သလိုပင် ခံစားရစေခဲ့၏။ အမှတ်မထင်ဆိုသလိုပဲ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ လှမ်းတက်လုနီးပါး အော်ရာများက ထွက်ပေါ်လာခဲ့၏။

“ကွာစီအင်မော်တယ် အင်ပါယာလက်နက်ပဲ” လျှိုချင်းဟုန်သည် လေဟာနယ်ကို လှမ်းကာကြည့်ရှုပြီး သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။ ရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းတက်ပြီးသည့်နောက် မိုးကောင်းကင် ဖီးနစ်ဆီသို့ လက်လှမ်းလိုက်၏။ သို့ပေမဲ့ သူသည် တကယ့်ကို သတိအပြည့်နှင့် ပြုမူနေမိသည်။

ထို့အပြင် နတ်ဘုရားလက်နက်များသည် စိတ်ဝိညာဉ်တည်ရှိ၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်ဆိုလျှင် ပြောနေစရာပင် လိုအပ်လိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော လက်နက်များသည် သာမန် အရာများထက် ပိုမိုကာ သာလွန်မှာ သေချာလေ၏။ သာမန်အင်မော်တယ်ဘုရင် တစ်ယောက်သည် ထိုအရာကို ရရှိရန် ကြိုးစားပါက ဖြစ်နိုင်လိမ့်မည့်အရာမျိုး မဟုတ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာ သို့မဟုတ် လျှိုချင်းဟုန်ကဲ့သို့ သာမန်ထက်ပိုကာ ထူးချွန်သည့် လူများသာလျှင် ထိုအရာကို ဖိနှိပ်နိုင်ရန် အခွင့်အရေးရှိ၏။

All Chapters