အခန်း (၇၄၈)
Vol. 50 Ch. 748
“ဒါဘာကြီးလဲ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်လား”
“မဟုတ်ဘူး။ အော်ရာတွေက ခြားနားနေတယ်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ မဟုတ်ဘူး။ လက်နက်တစ်ခုခုပဲ ဖြစ်ရမယ်”
“အင်း.. ဘယ်သူ ရှာတွေ့ခဲ့တာလဲ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်ကို ကောင်းကင်လျှို့ဝှက် နန်းဆောင်ကနေ မေးမြန်းခဲ့တဲ့လူပဲ ဖြစ်မယ်”
“တကယ့်ကို မယုံကြည်နိုင်စရာပဲ။ ကြည့်အုံး။ တစ်စုံတစ်ယောက် အဲလက်နက်နားကို ချဉ်းကပ်နေပြီ”
အဝေးတစ်နေရာတွင်တော့ များပြားလှသည့် လူများသည် တိုက်ခိုက်ရင်းမှ လှမ်းကာ ကြည့်ရှုနေကြ၏။ သို့ပေမဲ့ မြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ သူတို့အားလုံးသည် အမှတ်မထင် ဆိုသလိုပဲ စူးစိုက်ကာ ကြည့်ရှုနေမိကြသည်။
“ဒါ လျှိုချင်းဟုန်ပဲ”
လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့သည် ဘေးချင်းရပ်ကာဖြင့် ၎င်းတို့၏ အမူအရာများက အေးစက်နေခဲ့၏။ ၎င်းတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ဝယ်ယူရန် အရင်းအမြစ် မရှိသောကြောင့် သတင်း အချက်အလက် တော်တော်များများကို စုံစမ်း၍ မရနိုင်ခဲ့ချေ။
ဤလောကထဲသို့ ရောက်ရှိပြီးသည့်နောက် ၎င်းတို့၏ အဓိကအားအင်စိုက်မှုသည် တခြားသောသူများ၏ လက်ထဲတွင် ရှိနေသည့် အရင်းအမြစ် များကို လုယူရန်ပင် ဖြစ်၏။ လက်ရှိအခြေအနေတွင်တော့ ၎င်းတို့သည် အပြင်းအထန် ကြိုးစားပြီးသည့်နောက် ရလဒ်တချို့ကိုတော့ ရရှိခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာလက်နက်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ သူတို့ရရှိထားမှုသည် အလွန် အလှမ်းဝေးကွာလျက် ရှိနေတုန်းပင်။
“သူ့ကို ဒီလက်နက် ရစေလို့ မဖြစ်ဘူး” ထျန်းမင်တောင်သခင်၏ မျက်လုံးများက စူးရှသွားခဲ့၏။ သူသည် လျှိုချင်းယုကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ၎င်းတို့နှစ်ယောက်သည် တည်နေရာ၏ အရှေ့ဆီသို့ လှမ်းတက် လိုက်ကြ၏။
ဘုန်း
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် ပူးပေါင်းကာ တိုက်ခိုက်လိုက်ပြီဖြစ်၏။ ၎င်းတို့၏ နောက်ဘက်တွင် တခြားသော အင်မော်တယ်ဘုရင်များကလည်း စတင်ကာ လှုပ်ရှားလာခဲ့ကြ၏။ ၎င်းတို့အနေနှင့် ကွာစီအင်မော်တယ် အင်ပါယာ ချန်ခဲ့သည့် လက်နက်ကို လျှိုချင်းယု ရရှိသွားမည်ကို မမြင်ချင်ကြပေ။
ထိုအချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် နတ်ဘုရားနည်းစနစ်များသည် လေဟာနယ် တစ်ခုလုံးကို ပြည့်နှက်လျက် ရှိနေပြီး အရာအားလုံးသော နည်းစနစ်များသည် လျှိုချင်းဟုန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။
“ခင်ဗျားတို့ လုပ်ရဲတယ် ဟုတ်လား” လျှိုချင်းဟုန်သည် ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ အံ့အားသင့်နေရာမှတဆင့် ဒေါသထွက်သွား၏။ အသားကုန် အော်ဟစ်ပြီးသည့်နောက် ၎င်းသည် သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် လက်ဝါးရိုက်ချက်ကြီးတစ်ခုကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်၏။
ဘန်း ....။
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့ပြီး အသင်္ချေ များပြားသည့် တခြားသော ကြယ်စင်စု နယ်မြေများသည် ပျောက်ကွယ်သွားခဲ့၏။ မည်သည့်အခါကမှ မရှိခဲ့သလိုပင်။
နတ်ဘုရားနည်းစနစ်များ အားလုံးသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေပြီး သူ့ဆီသို့ ကျဆင်းလာပြန်၏။ တခြား ရွေးချယ်မှု မရှိသောကြောင့် လျှိုချင်းဟုန်သည် နှမျောတသစွာဖြင့် အနောက်သို့ ဆုတ်ခွာရန်သာ ရှိတော့သည်။
သူသည် ဤကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်ကို မဖြစ်မနေ ရယူရန် လိုအပ်၏။ ရှေ့ဆီသို့ လှမ်းတက်လိုက်သည့် အချိန်မှာပဲ မိုးကောင်းကင်ဖီးနစ်ငှက်ဆီမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းဆီမှ ကွာစီအင်မော်တယ် အင်ပါယာ၏ စိတ်ဆန္ဒများ ထွက်ပေါ်လျက် ရှိနေ၏။ ဖီးနစ်တောင်ပံကို ဖြန့်ခတ်လိုက်သည့် အချိန်မှာတော့ တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် နတ်ဘုရားနည်းစနစ်များ အားလုံးသည် ချက်ချင်းပဲ ပျောက်ကွယ်ကုန်၏။
“အင်း.. ကွာစီအင်မော်တယ် အင်ပါယာ ချန်ခဲ့တဲ့ လက်နက် ပီသပါပေတယ်။ တကယ့်ကို ခန့်မှန်းလို့ မရဘူးပဲ” လျှိုချင်းဟုန်၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် ကောင်းကင်ယံဆီသို့ လှမ်းတက်ပြီးသည့်နောက် လက်ကို ဖြန့်ကျက်လိုက်၏။ သူသည် မိုးကောင်းကင်ဖီးနစ်ငှက်ကို အသာလှမ်းယူရန် ပြင်ဆင်လိုက်၏။ အချိန်သည် အလွန် အရေးကြီးလို့ နေခဲ့၏။ သို့ပေမဲ့ နောက်ဆုံးအချိန်မှာတော့ အရိုးခြောက် လက်ကြီးတစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး လျှိုချင်းဟုန်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲထားခဲ့၏။ အရှေ့ကို တိုး၍ မရနိုင်ခဲ့ချေ။
“ဘယ်သူလဲ” လျှိုချင်းဟုန်သည် ဒေါသတကြီးဖြင့် ထကာ အော်ဟစ်လိုက်သည်။
“ကျုပ်ပဲ”
ခြောက်ကပ်ကပ် အသံတစ်ခုသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။ ထိုစကားစု နှစ်စုသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်ခြင်းအော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး ထိုအသံထဲတွင် လူသေအလောင်းပေါင်းများစွာတို့၏ ဝိညာဉ်အော်သံများ ပါဝင်နေသကဲ့သို့ပင်။
ဘုတ်
ထိုစကားစု ထွက်ပေါ်လာခြင်းမှာပဲ အရပ်ရှည်ရှည်နှင့် ပိန်သွယ်သော လူတစ်ယောက်သည် လေဟာနယ်ထဲမှ လှမ်းလျှောက်ကာ ထွက်လာ၏။ ၎င်း၏ပုံပန်းသွင်ပြင်သည် ငယ်ရွယ်လှသည် ဆိုသော်လည်း ဆံပင်များသည် ဖြူလျော်လျက် ရှိနေလေပြီး ရိုးရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ ကြည့်ရှုရသည်မှာ အခေါင်းထဲမှ လှမ်းလျှောက်ကာ ထွက်လာသည့် အလောင်းကောင်ကြီးတစ်ကောင်ကဲ့သို့ပင်။
ဤလူငယ်၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုရမည်ဆိုလျှင် လေတိုက်လျှင်ပင် လဲလောက်သည့် ဟန်ပန်မျိုးဖြစ်သော်လည်း မျက်လုံးများမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်း၏။ မျက်လုံးအကြည့် များ၌ လောကကြီးတစ်ခုလုံး ပျက်စီးလောက်စရာ၊ ခြောက်ခြားလောက်စရာ အရှိန်အဝါမျိုး ပါဝင်နေ၏။ တစ်ချက် ကြည့်ရှုလိုက်သည်နှင့် အကြည့်ခံရသည့်လူသည် ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။
“ရှန်းဘုရင်”
လျှိုချင်းဟုန်၏ အမူအယာတစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ သူသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်လက်နက်ကို ရရှိဖို့ လွယ်ကူလိမ့်မည် မဟုတ်ကြောင်းကို သိရှိခဲ့ပြီးသားဖြစ်၏။ အထူးသဖြင့် သူ၏ပြိုင်ဘက်သည် အင်မော်တယ်လောကမှလူ ဖြစ်နေသောကြောင့်ပင်။
အထူးသဖြင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့်လက်နက် ထွက်ပေါ်လာသည့်အချိန်တွင် နတ်ဆိုးလောကမှ လူများသည် မထင်မှတ်ထားလောက်အောင်ဘဲ မြန်မြန်ဆန်ဆန် တုံ့ပြန်လာကြသည်။ သို့ပေမဲ့ သူ့ကို အလစ်အငိုက် ဖြစ်စေခဲ့သည်မှာ အရေးအကြောင်း အခြေအနေမျိုးတွင် နတ်ဆိုးလောကကြီး၏ အင်မော်တယ်ဘုရင် ထွက်ပေါ်လာခဲ့ခြင်းမဟုတ်ဘဲ အင်မော်တယ်လောကဆီမှ ခန့်မှန်း၍ မရနိုင်သည့် လူတစ်ယောက် ထွက်ပေါ်လာခဲ့ခြင်းပင်။
ရှန်းဘုရင်သည် သံသယရှိစရာ မလိုပါဘဲ စွမ်းအားမြင့် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်၏။ ၎င်းသည် လျှိုချင်းဟုန်ကဲ့သို့ပင် အင်မော်တယ်ဘုရင်အဆင့်တွင် ပါဝင်ပြီး ခြောက်ဆယ့်တစ် နေရာတွင်ရှိ၏။
တစ်ဖက်၏ အဆင့်သည် မြင့်မားခြင်းမရှိသည်ဆိုလျှင်တောင်မှ လျှိုချင်းဟုန် အနေနှင့် ထိုသူ့ကို အချိန် အတိုင်းအတာ အတောအတွင်း အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်မိ၏။ ၎င်းတို့၏ ကွာခြားချက်သည် အရမ်းကြီး မသိသာသောကြောင့်ပင်။
“ခင်ဗျား ရူးသွားပြီလား” လျှိုချင်းဟုန်က ဒေါသတကြီးဖြင့် မေးခွန်းထုတ်လိုက်၏။ လက်ရှိအချိန်တွင် သူ့ကို တားဆီးသည့်လူများသည် ငရဲလောက (သို့မဟုတ်) နတ်ဆိုးလောကမှ လူများဖြစ်မည်ဟု သူကထင်မှတ်ခဲ့၏။ အခြေအနေသည် ထိုကဲ့သို့ မဟုတ်ခဲ့ချေ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်လက်နက် ရောက်ရှိလာသည့် အချိန်မှာတော့ တခြားသော လောကမှလူများပင်လျှင် သူ့ကို ပစ်မှတ်ထားလာကြသည်။
“မဟုတ်ဘူး။ သူ မရူးသေးဘူး” ထူးမခြားနားသည့် အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့၏။ မိုးကောင်းကင် ဖီးနစ်၏နားတွင် မီးတောက်များ တောက်လောင်လျက်ရှိပြီး ထိုမီးတောက်များသည် စိမ်းရွှေရောင်ကဲ့သို့ပင် တောက်ပကာဖြင့် အလွန်အမင်းပူလောင်သည့် ဓာတ်သဘာဝကို ထုတ်ဖော်နေ၏။
မီးတောက်ပင်လယ်၏ အတွင်းမှာတော့ ဆန်းကြယ်သည့် လူတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။
“မီးတောက်ဘုရင်”
လျှိုချင်းဟုန်၏ စိတ်တစ်ခုလုံးသည် အသစ်ဝင်ရောက်သည့်လူကို မြင်ရသည့် အချိန်မှာတော့ ပျက်ယွင်းသွားခဲ့၏။ သူသည် မီးတောက်ဘုရင်ကို လှမ်းကာကြည့်ရှု၏။ ပြီးနောက် ရှန်းဘုရင်ကို လှမ်းကာကြည့်ရှု၏။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ “ခင်ဗျား၊ ခင်ဗျား ငရဲလောကနဲ့ ပူးပေါင်းလိုက်တာလား”
ဤတစ်ကြိမ်တွင် သေချာသည့်အရာမှာ ဤအရာသာရှိ၏။ ရှန်းဘုရင်သည် အင်မော်တယ်လောက၏ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လေ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် မီးတောက်ဘုရင်နှင့်ပူးပေါင်းကာဖြင့် သူ့ကို နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ ကျိန်းသေပေါက် ရှန်းဘုရင်သည် ငရဲလောကကြီး၏ အစေခံတစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။
ရှန်းဘုရင်သည် အရေးအကြောင်း အခြေအနေမျိုးတွင် အဘယ့်ကြောင့် ငရဲလောကသို့ ပူးပေါင်းရန် ရွေးချယ်ခဲ့သည်ဆိုခြင်းကို သူခန့်မှန်း၍ မရနိုင်ချေ။ ဤလောကကြီးထဲတွင် ကွာစီအင်မော်တယ် အင်ပါယာ အဆင့် အခွင့်အရေးက ပေါ်ပေါက်မလာသေးဘူး မဟုတ်ပါလား။ အဘယ့်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန်နှင့် တစ်ဖက်လူဘက်သို့ ပြောင်းရွှေ့သွားရသနည်း။
“ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ကြောင့်ပဲ”
မီးတောက်ဘုရင်သည် ထူးမခြားနားသလို ပြောဆိုလိုက်၏။ သူသည် ရှန်းဘုရင်ကို လှမ်းကြည့်ကာ ဆက်လက် ပြောဆို၏။ “ကျုပ်တို့ အတူတူ ပူးပေါင်းမှ အောင်မြင်မှုကို ရလိမ့်မယ်။ သူ့ကိုသတ်ပြီးရင် တခြား ကိစ္စတွေ လုပ်စရာရှိသေးတယ်”
“သဘောတူတယ်” နှောင့်နှေးခြင်း တစ်ချက်မရှိဘဲနှင့် ရှန်းဘုရင်သည် လက်သီးကို ဆုပ်လိုက်၏။ သူ၏ လက်ထက်တွင် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ ရှည်လျားသည့် ဓားမဲကြီးတစ်ချောင်း ပေါ်ပေါက်လာခဲ့၏။
ထိုဓားကြီးသည် ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ချိန်မှာတော့ လောကကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည့် အရှိန်အဟုန်များ ထွက်ပေါ်လာသည်။
လျှိုချင်းဟုန်သည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေသည် ဆိုလျှင်တောင်မှ ဘာမှန်းမသိသည့် အားအင်အဆင့်၏ လွှမ်းခြုံမှုကို ခံခဲ့ရ၏။
“နတ်ဘုရားသန့်စင်ခြင်းမျှော်စင်” တစ်ချက်ကလေးမှ တုံ့နှေးခြင်းမရှိဘဲ မီးတောက်ဘုရင်က အော်ဟစ် လိုက်၏။ ကောင်းကင်ယံထက် ဆီမှ ကြီးမားလွန်းလှသည့် အင်မော်တယ်မျှော်စင်ကြီးတစ်ခုက ကျဆင်းလာ၏။ အင်မော်တယ်သန့်စင်ခြင်း မျှော်စင်သည် တကယ့်ကို ထိပ်တန်းအဆင့် လက်နက်တစ်ခုပင် ဖြစ်သည်။
“သုံးဆယ့်လေးယောက်မြောက် နေရာမှာ ရှိတဲ့ အင်မော်တယ်ဘုရင်၊ ခြောက်ဆယ့်တစ်ယောက်မြောက် နေရာမှာရှိတဲ့ အင်မော်တယ် ဘုရင်... ဒီနေ့အချိန်မှာ ခင်ဗျားတို့က သာမန်ထက်ပိုတဲ့ စွမ်းအင်ရှိလား ဆိုတာကို သိချင်တယ်” လျှိုချင်းဟုန်သည် ကောင်းကင်ပေါ်သို့ ခုန်တက်ပြီးသည့်နောက် ၎င်း၏ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေ၏။ ၎င်း၏ စူးရှတောက်ပလျက် ရှိနေသည့် မျက်လုံးများသည် နတ်ဘုရားဓားနှစ်စင်းကဲ့သို့ပင် တည်နေရာကြီး တစ်ခုလုံးကို ထိုးဖြတ်လျက် ရှိနေ၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ၎င်းက လွှမ်းခြုံထားသကဲ့သို့ပင်။