ငရဲဆီးနှင်းစိမ့်စမ်း
Vol. 179 Ch. 2671
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်၍ စဉ်းစားတွေးတောနေ၏။
ငရဲရှစ်ခုက ပူးပေါင်းလာမည်ဆိုလျှင် အဲဒါက အတော်လေးကိုင်တွယ်ရခက်ခဲပေလိမ့်မည်။
ယခင်က ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို သတ်ဖြတ်ခဲ့စဉ် သူက ထိုသူကို အငိုက်ဖမ်းပြီး ငရဲဖိနှိမ်မီးဖိုကို အသုံးချခဲ့၏။
ငရဲအရှင်ရှစ်ဦး၏ တိုက်ခိုက်ရည်ခွန်အားသည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းနှင့် ယှဉ်နိုင်မည်ဆိုလျှင် သူတို့ပူးပေါင်းထားသည်နှင့် သူ့အနေဖြင့် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထားမည်ဆိုလျှင်တောင် ခုခံဖို့ခက်ခဲပေလိမ့်မည်။
တမလွန်ဘုံရတနာကြေးမုံက အရမ်းကို နတ်ဆိုးဆန်ပြီး အဲဒါကို ဘယ်လိုအသက်သွင်းရမလဲ သူမသိပေ။
ဝိညာဉ်မီးအိမ်သည် အမြုတေစိတ်ဝိညာဉ်နှင့် ဝိညာဉ်များအပေါ် အလွန်တရာပျက်စီးထိခိုက်မှုဖြစ်စေနိုင်၏။
သို့သော်လည်း ဝိညာဉ်မီးအိမ်အနေဖြင့် အစစ်အမှန်ကိုယ်ကာယနှင့် မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားသည့် အမျိုးမျိုးသောငရဲအရှင်များကို တိုက်ရိုက်ပျက်စီးထိခိုက်စေဖို့က မလွယ်ကူပေ။
ဒါ့အပြင် သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူမှာ ပုန်လျှိုးနေသော မမြင်ရသည့်အန္တရာယ်တစ်ခုရှိနေ၏။
သူက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို တစ်ကြိမ်ထုတ်ဖော်တိုင်း သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးလာတတ်၏။
ဤအန္တရာယ်ကို မဖြေရှင်းနိုင်လျှင် သူသည် နောက်ပိုင်းတိုက်ပွဲများမှာ သတိထားရမည်ဖြစ်ပြီး အမြုတေသိုင်းကောင်းကင်လိုဏ်သူကို အလွယ်တကူဆင့်ခေါ်နိုင်တော့မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ဓမ္မအဆုံးသတ်ခေတ်၏ လွှမ်းခြုံမှုအောက်မှာ ငရဲကမ္ဘာတွင် မည်သည့်ဧကရာဇ်နယ်ပယ်ပညာရှင်မှ ရှိမနေပေ။
သူ၏ သိုင်းတာအိုမှာ အရေးကြီးဆုံးခြေလှမ်းကို လျှောက်လှမ်းနိုင်မည်ဆိုလျှင် သူသည် ငရဲအရှင်ရှစ်ဦး ပူးပေါင်းတိုက်ခိုက်လာမည်ဆိုလျှင်တောင် သူက ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ဒီနေရာမှာ ငါတံခါးပိတ်ကျင့်ကြံလို့ရမယ့် နေရာတစ်ခုရှိလား”
ယခုအချိန်မှာ သူ့အတွက်အရေးကြီးသောအရာမှာ သူ၏ အချိန်ကို ကောင်းကောင်းအသုံးချပြီး တံခါးပိတ်ကျင့်ကြံဖို့ဖြစ်သည်။
သူသည် ယခုတင်ရရှိထားသည့် သုတ္တန်တစ်ခုကို စုပ်ယူချေဖျက်ပြီး သိုင်းတာအို၏ နောက်ထပ်ခြေလှမ်းကို ပြီးပြည့်စုံစေရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ငရဲရှစ်ခုသည် နှစ်ပေါင်းများစွာကြာအောင် တစ်သီးတစ်ခြား ရပ်တည်လာခဲ့ကြ၏။
ထိုအင်အားစုများအားလုံးအနေဖြင့် အချိန်တိုအတွင်းမှာ ပူးပေါင်းဖို့က လွယ်ကူလိမ့်မည်မဟုတ်ပေ။
ဤသည်မှာ သိုင်းတာအိုပင်မခန္ဓာအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။
ကြင်ယာတော်ယုက ပြောလိုက်၏။
“ငရဲဆီးနှင်းစိမ့်စမ်းဘေးမှာ ငရဲအရှင်ကျင့်ကြံဖို့ အသုံးပြုခဲ့တဲ့ လျှို့ဝှက်အခန်းတချို့ရှိတယ်... အဲဒီမှာ အပြင်လူတွေ ချဉ်းကပ်မလာနိုင်အောင် တားဆီးပေးထားတဲ့ အစီအရင်ဝင်္ကပါတွေနဲ့ ကန့်သတ်မှုတွေလည်းရှိတယ်”
“ဆီးနှင်းစိမ့်စမ်းဘေးမှာရှိတဲ့ တမလွန်ချီကလည်း အကြွယ်ဝဆုံးပဲ... နင်က ငရဲဆီးနှင်းစိမ့်စမ်းရဲ့ စွမ်းအားကို ပိုပြီးတော့ကောင်းကောင်းစုပ်ယူနိုင်လိမ့်မယ်”
“ကောင်းပြီလေ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။ အဲဒါသည် သူ့အနေဖြင့် ထူးဆန်းသောစွမ်းအားများကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီလာငရဲ၏ စိမ့်စမ်းကိုးခုထဲမှ တစ်ခုကို တွေ့ကြုံခံစားဖို့ အကောင်းဆုံးအခွင့်အလမ်းတစ်ရပ် ဖြစ်လေသည်။
ကြင်ယာတော်ယုက သိုင်းတာအိုပင်မခန္ဓာနှင့်အတူ ခန်းမ၏ အနက်ပိုင်းထဲသို့ လျှောက်လှမ်းသွား၏။ သူတို့သည် ခန်းမ၏ နောက်ဘက်သို့ ပိုမိုနီးကပ်လာလေလေ အပူချိန်က ပို၍အေးစက်လာခဲ့၏။
ခန်းမ၏ ဘေးပတ်လည်ကို နှင်းခဲတစ်လွှာက သိသိသာသာဖုံးအုပ်ထားသည်။
“ဒါနဲ့... ပြောစရာ နောက်ထပ်တစ်ခုရှိသေးတယ်”
ကြင်ယာတော်ယုက သတိပေးလိုက်၏။
“ဆီးနှင်းစိမ့်စမ်းက အရိုးခိုက်အအေးဓာတ်တစ်ခုကို ဖြာထုတ်ပေးတယ်... အဲဒါက တခြားမျိုးဆက်သွေးနဲ့သက်ရှိတွေပေါ် သိသာထင်ရှားတဲ့ ဖိနှိမ်မှုရှိတယ်... အဲဒါက ရေနေသတ္တဝါတွေအတွက် ပျက်စီးထိခိုက်မှုအရှိဆုံးပဲ”
ရှေးဟောင်းတမလွန်မျိုးနွယ်ဝင်အနေဖြင့် ကြင်ယာတော်ယုသည် ဆီးနှင်းစိမ့်စမ်းငရဲကနေမွေးဖွားလာပြီး ငရဲဆီးနှင်းစိမ့်စမ်းကို ခံနိုင်ရည်ရှိလေသည်။ သို့သော်လည်း ငရဲမှအခြားသောသက်ရှိများက လုံးဝချဉ်းကပ်မလာနိုင်ကြပေ။
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
သူတို့နှစ်ယောက်သည် အနက်ပိုင်းထဲသို့ ရောက်ရှိလာပြီး အပူချိန်က လျော့ကျလာသည်နှင့် ကြင်ယာတော်ယုက အဆင်ပြေလေသည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် လုံးဝသက်ရောက်ခြင်းမခံရသည့်အလား လွတ်လပ်စွာသွားလာနိုင်သည်ကို သူမက အံ့အားသင့်ဖွယ်ရာတွေ့ရှိလိုက်ရ၏။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးမှာရပ်နေသည့်အခါ သူမသည် နွေးထွေး၍အလွန်တရာ သက်တောင့်သက်သာရှိသော မီးဖိုတစ်လုံး၏ ဘေးမှာ လျှောက်လှမ်းနေရသည့်အလား ခံစားရလေသည်။
အခြားသောငရဲများမှ ရှေးဟောင်းတမလွန်မျိုးနွယ်သက်ရှိများပင်လျှင် ဤနေရာသို့ ရောက်ရှိလာသည့်အခါ အအေးဓာတ်ကို ခုခံနိုင်ဖို့အတွက် ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်ကြရ၏။
သူတို့နှစ်ယောက်သည် ရှည်လျားသောစင်္ကြံလမ်းတစ်ခုကို ဖြတ်ကျော်ပြီး သိပ်မကြာခင် သူတို့၏ မြင်ကွင်းက ရှင်းလင်းလာခဲ့၏။
သူတို့၏ မြင်ကွင်းထဲ ဝင်ရောက်လာသည့်အရာမှာ မြူခိုးများဖြင့်ပြည့်နှက်နေပြီး လေထဲမှာ အမျိုးမျိုးသောသက်ရှိများကို အသွင်ပြောင်းလဲပေးနေသည့် ဧရာမရေကန်ကြီးတစ်ကန်ဖြစ်သည်။
ရေကန်၏ အလယ်မှာ ရေတွင်းတစ်တွင်းအသွင် ရေစီးကြောင်းတစ်ခုက အဆက်မပြတ် တလိပ်လိပ်တိုးထွက်နေ၏။
ဗွမ်း... ဗွမ်း...
စိမ့်စမ်းရေများက ဘေးပတ်လည်ကိုစီးဆင်းသွားပြီး ဝဲဂယက်များကို ဖန်တီးကာ ဧရာမဆီးနှင်းစိမ့်စမ်းရေကန်ကို ဖြစ်ပေါ်လာစေ၏။
သူထင်တာမမှားဘူးဆိုလျှင် ရေကန်၏ အလယ်ကနေ တလိပ်လိပ်တိုးထွက်လာနေသောရေများသည် ငရဲဆီးနှင်းစိမ့်စမ်း၏ မျက်လုံးဖြစ်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် တစ်ချက်ဝေ့ကြည့်ပြီးနောက် ဆီးနှင်းစိမ့်စမ်းဖြင့် နှစ်မြှုပ်ခံထားရသော သူ၏ ခြေဖဝါးအောက်မှ ရွှံ့မြေအငွေ့အသက်ကို ခပ်ရေးရေးအာရုံခံမိလိုက်၏။
ကြင်ယာတော်ယုက ရှင်းပြလိုက်သည်။
“ငရဲရဲ့ ဓမ္မအဆုံးသတ်ခေတ်ကို မရောက်ခင်က ဆီးနှင်းစိမ့်စမ်းမှာ စီးဆင်းနေတဲ့ရေတွေက ငါတို့အခုမြင်နေရတာထက် အများကြီးပိုပြီးတော့ ကြီးမားတယ်... ဖြစ်ပေါ်လာတဲ့ရေကန်ကလည်း ငါတို့ရှေ့မှာရှိတဲ့ရေကန်ထက် အဆပေါင်းများစွာပိုပြီးတော့ကြီးမားတယ်... အဲဒါက ဒီခန်းမတစ်ဝက်ကျော်ကိုတောင်မှ ဆွဲယူနှစ်မြှုပ်နိုင်တယ်”
“နောက်ပိုင်းမှာ လောကကကြေမွသွားပြီး မဟာတာအိုက ပျက်စီးထိခိုက်သွားတယ်... နိယာမတွေကလည်း ပြီးပြည့်စံမှုမရှိတော့ဘူး... ရလဒ်အနေနဲ့ ဆီးနှင်းစိမ့်စမ်းက တဖြည်းဖြည်းခန်းခြောက်လာပြီး ရေကန်က ကျုံ့ဝင်လာခဲ့တယ်... အခုလက်ရှိအခြေအနေကိုဖြစ်ပေါ်လာစေတာပဲ”
သိုင်းတာအိုပင်မခန္ဓာက သူ့ရှေ့မှာရှိသော ငရဲဆီးနှင်းစိမ့်စမ်းကိုလေးနက်စွာဖြင့်ကြည့်နေ၏။
ငရဲဆီးနှင်းစိမ့်စမ်း၏ ဘေးပတ်လည်မှာရှိသော တမလွန်ချီက တကယ်ပင် အသိပ်သည်းဆုံးဖြစ်လေသည်။
တစ်နည်းအားဖြင့်ဆိုသော် ဤနေရာကို ဆီးနှင်းစိမ့်စမ်းငရဲ၏ အလယ်ဗဟိုဟုခေါ်ဆိုသည်မှာ ချဲ့ကားပြောဆိုမှုတစ်ရပ်မဟုတ်ပေ။
၎င်း၏ အသုံးဝင်မှုနှင့်အဆင့်အတန်းသည် ကောင်းကင်ဘုံကမ္ဘာမှာ တည်ဆောက်သူသစ်ပင်ထက်ပင် ပို၍အရေးပါနိုင်လေသည်။
ကောင်းကင်ဘုံကမ္ဘာမှာ တည်ဆောက်သူသစ်ပင်သည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကိုစုစည်းပြီး အမျိုးမျိုးသောသက်ရှိများ ကျင့်ကြံဖို့အတွက် သင့်လျော်သည့် ကုန်းမြေတိုက်တစ်ခုကိုဖြစ်ပေါ်လာစေ၏။
သူ့ရှေ့မှာရှိသော ငရဲဆီးနှင်းစိမ့်စမ်းကတော့ ၎င်းသည် ဆီးနှင်းစိမ့်စမ်းငရဲမှာ တမလွန်ချီ၏ အရင်းအမြစ်ဖြစ်သည်ဟု ဆိုနိုင်သည်။
စိမ့်စမ်းရေများသည် တည်ဆောက်သူသစ်ပင်နှင့် ကွဲပြားခြားနားလေသည်။
တည်ဆောက်သူသစ်ပင်သည် ကောင်းကင်ဘုံကမ္ဘာ၏ အလယ်ဗဟိုမှာ ကြီးထွားနေပြီး အလှုပ်မယှက်ရှိနေ၏။
စိမ့်စမ်းရေများကတော့ သူတို့သည် အဆက်မပြတ်စီးဆင်းနေပြီး ၎င်း၏ အရင်းအမြစ်ကို ခြေရာခံနိုင်လေသည်။ ဆီးနှင်းစိမ့်စမ်း၏ အခြားတစ်ဘက်မှာ စိမ့်စမ်းတစ်ခုရှိနေရပေမည်။
ငရဲဆီးနှင်းစိမ့်စမ်း၏ မျက်လုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့တည့်တည့်မှာရှိနေ၏။
ထိုသို့ဆိုလျှင် ဤစိမ့်စမ်း၏ အရင်းအမြစ်က ဘယ်ကနေလာတာလဲ။
သိုင်းတာအိုပင်မခန္ဓာသည် မည်ကဲ့သို့သော စိမ့်စမ်းအရင်းအမြစ်က ဤကဲ့သို့သောသိပ်သည်းလွန်းသည့် တမလွန်ချီအဖြစ်ဆင့်ကဲပြောင်းလဲစေနိုင်သလဲ သိချင်စိတ်ဖြစ်ပေါ်နေ၏။ အင်အားကြီးမားသောစွမ်းအားသည် ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံး၏ စိမ့်စမ်းရေကိုပင်အားဖြည့်ပေးနိုင်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ရှေ့သို့တက်လှမ်းပြီး ဆီးနှင်းစိမ့်စမ်းရေကန်၏ ဘေးသို့ ရောက်ရှိလာ၏။
ရေကန်၏ အပူချိန်က ပို၍ပင်ကျဆင်းလာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားကြီးမားသော သွေးချီနှင့်ပင်လျှင် သူသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ အပ်များဖြင့် ထိုးစွနေသကဲ့သို့ အအေးဓာတ်ကို ခံစားရနိုင်သည်။ သူ၏ မျက်ခုံးမွေးများနှင့် ဆံပင်များက နှင်းခဲတစ်လွှာဖြင့် ဖုံးအုပ်ခံထားရပြီဖြစ်သည်။
သူသည် ဆီးနှင်းစိမ့်စမ်းရေကန်ကိုကြည့်ပြီး သူ၏ မျက်ခုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။
မတူညီသောသက်ရှိများကို အားဖြည့်ပေးရင်း ရေကန်ထဲမှာလွင့်မျောနေသော ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အလင်းလုံးများကို အအေးဓာတ်အလွှာများကနေတစ်ဆင့် ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။
အဲဒီမှာလူသားများ၊ သားရဲများ၊ ဘီလူးများနှင့် နဂါးများ...။
တစ်ချက်ကြည့်ရုံဖြင့် မျိုးနွယ်စုတစ်သောင်းမှ မရေမတွက်နိုင်သောသက်ရှိများကို တွေ့မြင်နိုင်လေသည်။
ထိုအလင်းလုံများသည် သန္ဓေသားအမှေးပါးများနှင့်တူလေသည်။
သန္ဓေသားအမှေးပါးများထဲရှိ သက်ရှိများသည် ငရဲတာအိုသို့ဝင်ရောက်လာသော ဝိညာဉ်များဖြစ်ကြလေသည်။
ထိုဝိညာဉ်များသည် ဆီးနှင်းစိမ့်စမ်း၏ ရေထဲမှာနစ်မြုပ်နေပြီး ဆီးနှင်းစိမ့်စမ်း၏ စွမ်းအားကို အဆက်မပြတ်စုပ်ယူကာ ဘဝသစ်တစ်ခုရရှိဖို့ အသွေးအသားကို တဖြည်းဖြည်းစုဆောင်းနေကြသည်။
ဆီးနှင်းစိမ့်စမ်းရေကန်ထဲသို့ ယခုတင်ဝင်ရောက်လာသော ဝိညာဉ်များသည် ရေကန်၏ အောက်ခြေမှာ နစ်မြုပ်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ ဤဝိညာဉ်များသည် လုံလောက်သည့်စွမ်းအားကိုစုပ်ယူပြီး သူတို့၏ ကိုယ်ကာယများကို ရရှိလာပေလိမ့်မည်။ သူတို့က နိုးထလာတော့မည့်ဆဲဆဲအချိန်မှာ သူတို့သည် ရေပြင်ထက်သို့ ပေါ်ထွက်လာပေလိမ့်မည်။
ထိုမြင်ကွင်းသည် အနည်းငယ်ထူးဆန်းနေပြီး ကြက်သီးထစရာကောင်းလေသည်။
ဆီးနှင်းစိမ့်စမ်းရေကန်ကို စောင့်ကြပ်နေသော အစောင့်တပ်သားတချို့လည်းရှိလေသည်။
ထိုအစောင့်တပ်သားများသည် အပြင်ဘက်မှတိုက်ပွဲ၏ ရလဒ်ကို သိရှိထားခဲ့ပြီဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ကြောက်ရွံမှုဖြင့်ကြည့်လိုက်ကြ၏။
ကြင်ယာတော်ယုက ရှင်းပြလိုက်သည်။
“သူတို့တွေက ဒီနေရာကို စောင့်ကြပ်နေတဲ့ ရှေးဟောင်းတမလွန်မျိုးနွယ်ရဲ့ အစောင့်တပ်သားတွေပဲ... အသွင်ပြောင်းလဲလာတဲ့ တမလွန်မျိုးနွယ်တွေကိုတော့ အစောင့်တပ်သားတွေက လမ်းညွှန်ပေးပြီး သူတို့ရဲ့မျိုးဆက်သွေး နိုးထလာဖို့အတွက် တာအိုကို သင်ကြားပေးလိမ့်မယ်... ပြီးမှ သူတို့တွေကို ဆီးနှင်းစိမ့်စမ်းအတွဲကို ကျင့်ကြံခွင့်ပေးလိမ့်မယ်”
ကြင်ယာတော်ယု၏ အကြည့်နောက်သို့ လိုက်ပါပြီး သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းရေကန်၏ ဘေးမှာ စိုက်ထူထားသည့် မြင့်မားသောကျောက်စာတိုင်တစ်တိုင်ကို တွေ့မြင်လိုက်ရ၏။
ကျောက်စာတိုင်ပေါ်မှာ စကားလုံးများစွာကို ရေးထွင်းထားပြီး သူတို့အားလုံးက ထူးဆန်းသောမှော်စာလုံးများဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် အနားသို့ ချဉ်းကပ်လာပြီး အပေါ်ကနေအောက်ထိ ဆီးနှင်းစိမ့်စမ်းအတွဲကို ဖတ်ရှုလိုက်၏။
သူသည် စိမ့်စမ်းကိုးခုငရဲသုတ္တန်၏ အချုပ်တွဲကို အရင်ဖတ်ရှုထားပြီးမှ ဆီးနှင်းစိမ့်စမ်းအတွဲကို ဖတ်ရှုခြင်းဖြစ်လေသည်။ အဲဒါက ပို၍ချောမွေ့လာပြီး ခက်ခဲနက်နဲသော နေရာတချို့ကပင် နားလည်သဘောပေါက်ဖို့ လွယ်ကူလာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းအတွဲကို နောက်တစ်ဖန်မှတ်သားပြီးနောက် ကြင်ယာတော်ယု၏ လမ်းညွှန်မှုအောက်မှာ ဘေးတစ်ဘက်မှာရှိသော လျှို့ဝှက်ကျင့်ကြံရေးအခန်းထဲသို့ ရောက်ရှိလာခဲ့၏။
အဲဒါကို လျှို့ဝှက်ခန်းဟု ခေါ်ဆိုသော်လည်း အဲဒါသည် တကယ်တော့ အတော်လေးကျယ်ဝန်းပြီး အတော်အတန်ကြီးမားသည့် လိုဏ်ဂူခန်းဝါတစ်ခုနှင့် တူညီလေသည်။ အထဲမှာ အမျိုးမျိုးသောပစ္စည်းများစွာရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာက ကြင်ယာတော်ယုကို ညွှန်ကြားမှုတချို့ပေးပြီးနောက် တံခါးပိတ်ကျင့်ကြံဖို့အတွက် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်သွား၏။
ဤတံခါးပိတ်ကျင့်ကြံမှုသည် အလွန်တရာအရေးပါလေသည်။ အဲဒါသည် အနာဂတ်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အထက်စည်းကို ဆုံးဖြတ်ပေးမည့် နယ်ပယ်အကြီးတစ်ခု၏ မြင့်တက်မှုဖြစ်လာပေလိမ့်မည်။