← Chapters

ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း

Vol. 179 Ch. 2677

ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း

Vol. 179 Ch. 2677

တောင်ကြား၏ အလယ်မှာ လူပုံသဏ္ဌာန်တွင်းချိုင့်တစ်ခုက ပေါ်ထွက်လာ၏။

၎င်းသည် လောင်ကျွမ်းရာအမှတ်အသားများဖြင့် ပြည့်နှက်နေပြီး မီးခိုးစိမ်းများက အူထွက်နေ၏။

သိပ်မကြာခင် တူးချစ်နေသောပုံရိပ်တစ်ခုက တွင်းချိုင့်ထဲကနေ ဖြည်းဖြည်းချင်းထရပ်လာ၏။

ဆူဇီမို၏ အစိမ်းရောင်အဝတ်အစားများက နဝမအဆင့်၏ ပထမဆုံးကောင်းကင်ဘုံကပ်ဘေးကြောင့် စုတ်ပြတ်သတ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးသွေးတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားပုံရသည်။

သူ၏ စုတ်ပြတ်သတ်နေသော အဝတ်များကနေတစ်ဆင့် ဆူဇီမို၏ ခန္ဓာကိုယ်မျက်နှာပြင်က အက်ကွဲ၍ နီရဲနေသော သွေးရောင်အစွန်းအထင်းများရှိနေသည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်လေသည်။

စောစောက ကပ်ဘေးဖြတ်ကျော်စဥ်အတောအတွင်း ဆူဇီမိုသည် ထိခိုက်ဒဏ်ရာမရရှိခဲ့ရုံသာမက သူသည် ဒီရေလှိုင်းများကိုပင်ဆန်တက်ပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်ကာ ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ အဋ္ဌမအဆင့်ကို သက်တောင့်သက်သာဖြတ်ကျော်ခဲ့၏။

သို့သော်ယခု... နဝမအဆင့်၏ ပထမဆုံးကောင်းကင်ဘုံကပ်ဘေးက​ပင် ဤမျှအထိ ကြောက်စရာကောင်းသော ရိုက်ချက်တစ်ခုကို ဖြစ်စေခဲ့လေသည်။

အင်မော်တယ်ဘုရင်မလင်းလုံက အနည်းငယ်စိုးရိမ်ပူပန်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုက အရာရာတိုင်းကိုဖျက်ဆီးနိုင်တဲ့ အန္တိမကောင်းကင်ဘုံကပ်ဘေးဆိုပြီး ကျော်ကြားတယ်... ငါသိထားသလောက်ဆိုရင် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်တဲ့ ပြန်ဝင်စားမွန်းစတားသက်ရှိတွေအတော်များများက နောက်ဆုံးမှာ မရှင်သန်နိုင်ခဲ့ကြဘူး”

ဤသည်က နဝမအဆင့်၏ ပထမဆုံးကောင်းကင်ဘုံကပ်ဘေးသာဖြစ်၏။

နောက်ပိုင်းရောက်လေ ကောင်းကင်ဘုံကပ်ဘေးက ပိုမိုသန်မာလာလေဖြစ်ပေလိမ့်မည်။

ဖြောင်း....

ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။

ခါတိုင်းနှင့်မတူဘဲ ဆူဇီမိုသည် မည်သည့်နတ်ဘုရားစွမ်းအား၊ မည်သည့်လျှို့ဝှက်အတတ် သို့မဟုတ် မည်သည့်နတ်ဘုရားလက်နက်ကိုမှ မထုတ်ဖော်ပေ။ မြေပြင်ကို ဆောင့်နင်းပြီး သူက လေထဲသို့ နောက်တစ်ဖန်ခုန်တက်ကာ ကောင်းကင်ဘုံကပ်ဘေးကို သူ၏ ကိုယ်ကာယဖြင့် ခံယူလိုက်၏။

ဝုန်း...

ဆူဇီမို၏ ပုံရိပ်က စောစောကကြီးမားသော တွင်းချိုင့်ထဲသို့ ပိုမိုမြန်ဆန်သောအလျင်အဟုန်ဖြင့် ပြန်လည်ကျဆင်းလာ၏။

အဟွတ်... အဟွတ်...

ဤတစ်ခေါက်မှာ ဆူဇီမိုသည် ပို၍ပင်ဆိုးဆိုးဝါးဝါးရိုက်နှက်ခံလိုက်ရသည်။ သူသည် ကြီးမားသောတွင်းချိုင့်ထဲကနေ ဒဏ်ရာများဗရပွနှင့် ဖြည်းဖြည်းချင်းဖက်တက်လာပြီး သွေးများစွာကို ထွေးထုတ်ကာ စိတ်အားညှိုးငယ်သည့်အမူအရာရှိနေ၏။

“အမေ... သူဘာလုပ်နေတာလဲ”

လင်းလောက စိုးရိမ်ပူပန်နေပြီး မေးလိုက်လေသည်။

“သူက သူ့ခန္ဓာကိုယ်ကို မီးဆေးချင်တယ်ဆိုရင်တောင် အဲလောက်ထိ စွန့်စားစရာလိုလို့လား”

လင်းလောတစ်ယောက်တည်းသာလျှင်မဟုတ်ဘဲ လင်းလေကလည်း ဖြစ်ပျက်နေသည့်အရာကို မသိရှိပေ။

သို့သော်လည်း ဆူဇီမိုသည် ထိုကောင်းကင်ဘုံကပ်ဘေးနှစ်ခုကနေ သူ၏ အသက်ဓာတ်တစ်ဝက်ကို ဆုံးရှုံးခဲ့ရသည့်ပုံပေါ်သည်။

သူသည် ကျန်ရှိနေသော ကောင်းကင်ဘုံကပ်ဘေးခုနှစ်ခုကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံသည် ဘုရင်ဘွဲ့ကို ခံယူထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့၏ အကဲဖြတ်မှုက ပို၍ပြောင်မြောက်လေသည်။ သူတို့သည် ဆူဇီမိုထံမှ တခြားအရာတစ်ခုရှိနေသည်ကို ပြောနိုင်ကြသည်။

ဆူဇီမို၏ ထိခိုက်ဒဏ်ရာများက တကယ်ပင်ပြင်းထန်လွန်းလေသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက အဆုံးမဲ့နေ၏။ ထာဝရအသက်ဓာတ်က သူ၏ ထိခိုက်ဒဏ်ရာများကို ရူးသွပ်စွာ ကုသပေးနေ၏။

ပြန်လည်ကုသသည့်အလျင်အဟုန်က အလွန်တရာကြောက်စရာကောင်းလေသည်။

ကံဆိုးစွာနှင့်ပင် ပကတိဧကကောင်းကင်ဘုံကပ်ဘေးသည် ဆူဇီမိုကို အခွင့်အရေးဆက်လက်၍မပေးတော့ပေ။

နဝမအဆင့်၏ တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးက နောက်တစ်ဖန် ဆင်းသက်လာ၏။

ဤတစ်ခေါက်မှာ ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေပြီး တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးက ရောက်ရှိလာကာ သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။

သူ၏ ရင်ဘတ်နှင့် ခန္ဓာကိုယ်အောက်ပိုင်းက ထိုးဖောက်ခံလိုက်ရပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက ပျက်စီးသွားလေသည်။

မိုးကြိုးလျှပ်စီးများက အဆက်မပြတ်လှည့်ပတ်နေပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသခြင်းကို ပိတ်ဆို့တားဆီးထားလေသည်။

သူ၏ လက်များနှင့် ခြေထောက်များပေါ်ရှိ အသားထက်ဝက်ကျော်က တတိယမြောက်ကောင်းကင်ဘုံကပ်ဘေး၏ တိုက်စားခြင်းခံလိုက်ရပြီး အထဲမှာရှိသော အစိမ်းရောင်အရိုးများက ပေါ်ထွ​က်လာ၏။

နဝမအဆင့်၏ တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးသည် ဆူဇီမို၏ အသားများအားလုံးကို တိုက်ချသွားပြီး တုန်လှုပ်စရာကောင်းသောပုံစံဖြင့် နေရာမှာပင် မတ်တတ်ရပ်နေသည့် အစိမ်းရောင်အရိုးစုတစ်ခုကိုသာ ကျန်ရစ်ခဲ့စေ၏။

သူ၏ ထိခိုက်ဒဏ်ရာများက အရမ်းကိုပြင်းထန်လွန်းသည်။

တကယ်တော့ အဆင့်-၉ ကောင်းကင်အင်မော်တယ်များသည် သွေးတစ်စက်ကနေ ပြန်လည်မွေးဖွားနိုင်သည်။ သို့သော်လည်း အဲဒီမှာ ကန့်သတ်ချက်များရှိလေသည်။

ဤကဲ့သို့ကြောက်စရာကောင်းသော ကောင်းကင်ဘုံကပ်ဘေးစွမ်းအား၏ လွှမ်းခြုံမှုအောက်မှာ သူ့အနေဖြင့် သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုဖို့ မပြောနှင့် သူ၏ ထိခိုက်ဒဏ်ရာများကို ပြန်လည်ကုသဖို့ပင် မဖြစ်နိုင်ပေ။

သူသည် ဤကဲ့သို့ပြင်းထန်သောဒဏ်ရာတစ်ခုနှင့် ထိခိုက်ခံစားရမည်ဆိုပါက သူသည် တစ်နှစ်ခွဲလောက် အနားယူအားဖြည့်ရလိမ့်မည်ဟု လင်းလေက ခန့်မှန်းမိသည်။

“ဘယ်လောက်နှမြောဖို့ကောင်းလဲ”

လင်းလေက သူ့ဘာသာသူတွေးလိုက်၏။

သူ့အမြင်မှာ ဆူဇီမိုသည် ကောင်းကင်ဘုံကပ်ဘေးထဲမှ ကိုးခုကိုဆွဲဆောင်နိုင်သည့်အတွက် သူ့အထက်မှာ တကယ်ပင်ရပ်တည်နိုင်လေသည်။

ကံဆိုးစွာနှင့်ပင် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ကိုးခုသည် ဆူဇီမို၏ အသက်ကို နုတ်ယူသွားတော့မည်ဖြစ်သည်။

ဆူဇီမိုသည် နဝမအဆင့်၏ တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးကြောင့် ဤအခြေအနေထိ ဆိုးဆိုးဝါးဝါးရိုက်နှက်ခံထားရပြီဆိုလျှင် သူက နောက်ထပ်ခြောက်ခုကို ဘယ်လိုခုခံနိုင်မှာလဲ။

အဲဒါသည် တကယ့်ကိုသေရတော့မည့် အခြေအနေတစ်ရပ်ဖြစ်သည်။

ကပ်ဘေးဖြတ်ကျော်စဥ်ဖြစ်စဥ်အတောအတွင်း တစ်ယောက်ယောက်က သူ့ကိုကယ်တင်ပေးမည်ဆိုလျှင်တောင် ရလိမ့်မည်မဟုတ်ပေ။

လင်းလေက အလေးအနက်စဥ်းစားတွေးတောနေစဥ် သူ၏ အကြည့်က ဆူဇီမိုပေါ်သို့ နောက်တစ်ဖန်ရောက်ရှိသွားပြီး သူ၏ အမူအရာက ပြောင်းလဲကာ အံ့အားတသင့်ရေရွတ်လိုက်၏။

မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံခံထားရသည့် ဆူဇီမို၏ အရိုးများပေါ်မှာ အသားများက လျင်မြန်စွာကြီးထွားလာပြီး သူ၏ စုတ်ပြတ်သတ်နေသော ကိုယ်တွင်းအင်္ဂါများက ရူးသွပ်စွာကုသနေ၏။

ပြန်လည်ကုသခြင်းအလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး သာမန်မျက်စိနှင့်ပင် တွေ့မြင်နိုင်သည်။

အဆုံးမဲ့အသက်ဓာတ်အားက ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ လျှံထွက်လာပြီး သူ့ကို အသက်ဓာတ်အားဖြင့် ပြည့်နှက်နေသည့် အစိမ်းရောင်အရောင်အဝါတစ်ခုက လွှမ်းခြုံလာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ”

လင်းလေက ကြက်သေသေနေ၏။

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံကသာ တစ်စုံတစ်ရာကို ပြောနိုင်ကြသည်။

ဆူဇီမိုမှာ ဖန်တီးခြင်းကြာပဒုမ္မာ၏ ကိုယ်ကာယရှိပြီး သူ၏ ပြန်လည်ကုသနိုင်စွမ်းက အခြားမျိုးဆက်သွေးများနှင့် အခြားသောသက်ရှိများထက် များစွာသာလွန်လေသည်။

သို့သော်ယခု... ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ပြန်လည်ကုသခြင်းစွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ ထုတ်ဖော်ရန် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ စွမ်းအားကို အသုံးချနေ၏။

မိုးကြိုးမှာ ဖျက်ဆီးခြင်းအပြင် အသက်ဓာတ်အားလည်းပါဝင်နေ၏။

လောကမှာရှိသောအရာရာတိုင်းသည် နွေဦးမှာ မိုးကြိုးထစ်ချုန်းသံနှင့်အတူ ပြန်လည်ရှင်သန်လာကြပေလိမ့်မည်။

အစိမ်းရောင်ကြာပန်းအသစ်အမှန်ခန္ဓာကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည့်အပြင် ကောင်းကင်ထက်ကနေဆင်းသက်လာသော မိုးကြိုးသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အသက်ဓာတ်များအားလုံးကို နှိုးဆွပေးလိုက်လေသည်။

ကြေမွခြင်းနှင့် ပြန်လည်ကုသခြင်း...။

ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း...။

ဖြစ်စဥ်တစ်လျှောက်လုံးမှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆက်မပြတ်အသွင်ပြောင်းလဲပြီး အဆင့်-၁၂၏ အထွတ်အထိပ်သို့ လျင်မြန်စွာကြီးထွားလာရင်း ပြန်လည်မွေးဖွားလာ၏။

အသက်ရှုချိန်အနည်းငယ်အကြာမှာ ဆူဇီမို၏ အသားများက ပြန်လည်ပေါ်ထွက်လာပြီး သူကပုံမှန်အတိုင်းပြန်ဖြစ်လာသည်။ သူ၏ အခြေအနေက ယခင်ကထက်ပင် ပိုမိုကောင်းမွန်လာပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ မည်သည့်ထိခိုက်ဒဏ်ရာမှ မရှိတော့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် နဝမအဆင့်၏ ပထမဆုံးကောင်းကင်ဘုံကပ်ဘေးသုံးခုကို ခံယူခဲ့စဥ်က သူသည် ရှင်သန်ဖို့အတွက် သိုင်းတာအိုခန္ဓာကိုယ်အပေါ် မှီခိုခဲ့လေသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ထိုအဆင့်ထိ မရောက်ရှိသေးသော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသောမျိုးဆက်သွေးကြောင့် ကောင်းကင်ဘုံကပ်ဘေးသုံးခုအပြီးမှာ သူကဘေးကင်းလုံခြုံနေဆဲဖြစ်သည်။

စတုတ္ထမြောက်ကောင်းကင်ဘုံကပ်ဘေးမှာ ထူးခြားသော ပုံပန်းသဏ္ဌာန်တစ်ခုမရှိပေ။ ထိုအစား ၎င်းသည် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လာသော မျိုးဆက်သွေးကပ်ဘေးဖြစ်လေသည်။

ဆူဇီမိုသည် သူ၏ သွေးချီကို လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ အစိမ်းရောင်အလင်းက ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ သွေးချီက မြင့်တက်လာပြီး သူ၏ အော်ရာက ဆပွားတိုးလာလေသည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးက လည်ပတ်လာပြီး ဆူနာမီသံတဝုန်းဝုန်းက ပေါ်ထွက်လာလေသည်။ ဆူဇီမိုသည် တက်လှမ်းလာပြီးကတည်းက သူသည် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ပေါက်ကြားသွားမည်ကို စိုးရိမ်နေရသောကြောင့် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အသုံးပြုမှုမရှိသလောက်နီးပါးပင်။

ယခု... ကာလကြာရှည်စွာ သူဖိနှိမ်ထားခဲ့သည့် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို လုံးလုံးလျားလျားထုတ်ဖော်လိုက်ပြီး သူက မကြုံစဖူးဝမ်းသာပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရ၏။

“အဲဒါက ဘာမျိုးဆက်သွေးလဲ”

လင်းလေက တောင်ကြား၏ အလယ်မှာရှိသော ဆူဇီမိုကိုကြည့်ပြီး တွေဝေရှုပ်ထွေးသောအမူအရာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်ထား၏။

သူ၏ အတွေ့အကြုံအရသူသည် ဆူဇီမို၏ မျိုးဆက်သွေး၏ မူလဇာစ်မြစ်ကို မပြောနိုင်ပေ။

မျိုးဆက်သွေးကပ်ဘေးအပြီး၌ ပဉ္စမမြောက်ကောင်းကင်ဘုံကပ်ဘေးက အမြုတေစိတ်ဝိညာဥ်ကပ်ဘေးဖြစ်လေသည်။

အမြုတေစိတ်ဝိညာဥ်ကပ်ဘေးသည်။ တိတ်တဆိတ်ဖြင့် ပုံသဏ္ဌာန်မဲ့စွာဖြင့် ဆူဇီမို၏ အသိစိတ်ထဲသို့ ဆင်းသက်လာခဲ့၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အမြုတေစိတ်ဝိညာဥ်ကပ်ဘေးသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှာ အန္တရာယ်အများဆုံးဖြစ်လေသည်။

သမိုင်းတစ်လျှောက်မှာ ဤအမြုတေစိတ်ဝိညာဥ်ကပ်ဘေးကြောင့် သေဆုံးခဲ့ရသော ပြန်ဝင်စားမွန်းစတားများစွာရှိခဲ့သည်။

သို့သော်လည်း အမြုတေစိတ်ဝိညာဥ်ကပ်ဘေးသည် ကြောက်စရာကောင်းသော်လည်း အဲဒါက ဆူဇီမိုအပေါ် ခြိမ်းခြောက်မှုမရှိပေ။

သူ၏ အမြုတေစိတ်ဝိညာဥ်က အရမ်းကို သန်မာလွန်းသည်။

အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်သည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် ပေါင်းစည်းခဲ့ပြီးနောက် ၎င်းသည် နံပါတ်တစ်စိတ်ဝိညာဥ်သန့်စင်ခြင်းနည်းစနစ်အဖြစ် ကျော်ကြားသော တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားခဲ့သည်။

ကပ်ဘေးဖြတ်ကျော်ခြင်းမတိုင်ခင်မှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က ပကတိဧကနယ်ပယ်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ဒါ့အပြင် ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ထိန်းချုပ်ထားလေသည်။

အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်သည် သူ၏ ဘေးပတ်လည်မှာ ကြာစေ့များစွာနှင့်အတူ ကြာခုံပေါ်မှာ ထိုင်နေ၏။

သူ၏ အောက်ဘက်မှာရှိသောကြာခုံက မရေမတွက်နိုင်သော အစိမ်းရောင်အလင်းရောင်များကို ဖြာထုတ်ပေးနေ၏။

အမြုတေစိတ်ဝိညာဥ်ကပ်ဘေးက တိတ်တဆိတ်ဆင်းသက်လာပြီး တစ်စွန်းတစ်စမကျန် အဆုံးသတ်သွားလေသည်။

အမြုတေစိတ်ဝိညာဥ်ကပ်ဘေးအပြီး၌ ဆဋ္ဌမမြောက်ကောင်းကင်ဘုံကပ်ဘေးက တာအိုနှလုံးသားကပ်ဘေးဖြစ်သည်။

ဤကပ်ဘေးသည် ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားအပေါ် စမ်းသက်ချက်တစ်ခုဖြစ်လေသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာဖြစ်စေ၊ သိုင်းတာအိုပင်မခန္ဓာဖြစ်စေ သူတို့၏ တာအိုနှလုံးသားများက ​တူညီကြပြီး တူညီသောအဆင့်မှာရှိကြလေသည်။

အရင်တုန်းက အစစ်အမှန်သိုင်းကောင်းကင်ဘုံကပ်ဘေးသည် သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားကို မကိုင်လှုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် ယနေ့ တာအိုနှလုံးသားကပ်ဘေးကလည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို မခြိမ်းခြောက်နိုင်ပေ။

သတ္တမမြောက်ကောင်းကင်ဘုံကပ်ဘေးက ကမ္မကပ်ဘေးဖြစ်သည်။

ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များက တလိပ်လိပ်ထိုးတက်လာပြီး မီးပွားများက တဖြန်းဖြန်းလွင့်စင်ကာ ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်၍ မီးတောက်များကို ချက်ချင်းပင်ထွန်းညှိလိုက်၏။

မီးတောက်များက အတွင်းအပြင် လျင်မြန်စွာလောင်ကျွမ်းလာခဲ့သည်။

ကြမ္မာမီးက ကမ္မကို လောင်ကျွမ်းစေ၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက နာကျင်မှုကို တောင့်ခံရင်း သူကျင့်ကြံထားသည့် အနီရောင်ကြာပန်းကြမ္မာမီးကို တိုးတက်လာစေရန် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြမ္မာမီးထဲမှာပါဝင်သော ဓမ္မတာအိုကို အာရုံခံကြည့်နေ၏။

All Chapters