← Chapters

နောက်ဆုံးကပ်ဘေး

Vol. 179 Ch. 2678

နောက်ဆုံးကပ်ဘေး

Vol. 179 Ch. 2678

အနီရောင်ကြာပန်းကြမ္မာမီး၏ လောင်ကျွမ်းမှုအောက်မှာ ဆူဇီမိုသည် ဧရာမမီးတောက်လူသားတစ်ယောက်အဖြစ် ပြောင်းလဲလုနီးပါးပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နီရဲနေပြီး သူ၏ အရိုးများက ထွင်းဖောက်မတတ်ကြည်လင်လာ၏။

သို့သော်လည်း သိပ်သည်းပြင်းထန်ကြီးမားသော အသက်ဓာတ်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်တိုးဝင်နေပြီး အနီရောင်ကြာပန်းကြမ္မာမီးကို ခုခံဆန့်ကျင်ပေးနေ၏။

ဆူဇီမိုသည် သူကိုယ်တိုင်ကကို စွမ်းအားကြီးမားသော မီးတောက်ငါးခုကို ထိန်းချုပ်ထားသည်။

အနီရောင်ကြာပန်းကြမ္မာမီး၏ ဆေးကြောသန့်စင်မှုကို ခံယူပြီးနောက် သိပ်သည်းပြင်းထန်သောနာကျင်မှုကို တောင့်ခံရင်း သူက ၎င်းကနေ မီးတောက်များ၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်နေ၏။

အနီရောင်ကြာပန်းကြမ္မာမီးသည် အတော်လေးကြာမြင့်ခဲ့လေသည်။

သို့သော်လည်း ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိအသက်ဓာတ်အားက ဘယ့်တော့မှ ငြိမ်းသေမသွားပေ။

သူ့ရှေ့မှာ မီးတောက်နီရောင်ယပ်တောင်တစ်ချောင်းရှိနေ၏။

၎င်းသည် အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်ဖြစ်လေသည်။

အနီရောင်ကြာပန်းကြမ္မာမီး၏ မီးဆေးမှုအောက်မှာ အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်ကလည်း အသွင်ပြောင်းလဲလာလေသည်။

အစကတော့ ယပ်တောင်မှာ ယပ်တောင်ရိုးခုနှစ်ချောင်းသာရှိလေသည်။ သို့သော် ယခုအခါ ၎င်းသည် ရှစ်ခုမြောက် သို့မဟုတ် ကိုးခုမြောက် ယပ်တောင်အရိုးကိုပင် တဖြည်းဖြည်းစုဖွဲ့လာနေ၏။

“ဂီး...”

အချိန်ကြာလာသည်နှင့်အမျှ ယပ်တောင်ထံကနေ ကမ္ဘာတုန်လောက်သောဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။

အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်သည် ဆူဇီမို၏ လက်ထဲသို့ ရောက်ရှိလာခဲ့စဥ်က အထဲမှာရှိသော နတ်ဖီးနစ်၏ စိတ်ဝိညာဥ်က နိုးထလာခဲ့ပြီဖြစ်သည်။

သို့သော်လည်း ထိုဟိန်းသောက်သံသည် နတ်ဖီးနစ်၏ အသံ လုံးဝမဟုတ်ပေ။ ဆူဇီမိုက သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို ယပ်တောင်ထဲသို့ ထိုးသွင်းလိုက်ပြီး ၎င်းကို ညင်သာစွာခတ်လိုက်၏။

ရွစ်...

ထို့နောက်ချက်ချင်းပင် ကြောက်စ​ရာကောင်းသော သားရဲတောကောင်တစ်ကောင်က ယပ်တောင်ထဲကနေ ရုန်းထွက်လာခဲ့၏။ ၎င်းသည် မီးတောက်များဖြင့် လွှမ်းခြုံနေပြီး နဂါးဖီးနစ်တစ်ကောင်နှင့် ဆင်တူလေသည်။ ၎င်း၏ နဂါးဦးချိုများက ငွားငွားစွင့်စွင့်မြင့်မားနေပြီး ၎င်း၏ လက်သည်းများက ထက်ရှနေ၏။ ၎င်း၏ နောက်ကျောမှာ တောင်ပံတစ်စုံပင်ပါရှိလေသည်။

“တဗူးနဂါးဖီးနစ်”

လင်းကျန့်က တည်တံ့စွာပြောလိုက်၏။

အင်မော်တယ်ဘုရင်မလင်းလုံက ခေါင်းညိတ်ပြလိုက်၏။

“သူ့ရဲ့ယပ်တောင်က ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဥ်ရတနာအဖြစ် အသွင်ပြောင်းလဲသွားပြီပဲ”

တဗူးနဂါးဖီးနစ်ပေါ်ထွက်လာပြီးနောက် ၎င်းသည် ဆူဇီမိုကို စောင့်ကြပ်ကာ သူ့ကို အဆက်မပြတ်လှည့်ပတ်ပြီး အနီရောင်ကြာပန်းကြမ္မာမီးကို အငမ်းမရဝါးမျိုရင်း ဆူဇီမိုကို ကမ္မကပ်ဘေးကို ခုခံဆန့်ကျင်နိုင်ရန် ကူညီပေးနေ၏။

ဆူဇီမိုပေါ်ဖိအားက လျင်မြန်စွာလျော့ကျသွားပြီး သူ၏ အသားနှင့်အရိုးတို့က မြင်နိုင်သောအလျင်ဟုန်ဖြင့် ကုသခြင်းခံနေရ၏။

နောက်ဆုံးမှာတော့ သတ္တမမြောက်ကပ်ဘေးက အဆုံးသတ်သွား၏။

အဋ္ဌမမြောက်ကပ်ဘေးက ဆင်းသက်လာခဲ့သည်။

လက်နက်ကပ်ဘေး...။

ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များက တလိပ်လိပ်ထိုးတက်လာပြီး အထဲမှာရှိသော ကောင်းကင်ဘုံကပ်ဘေးစွမ်းအားက အဆက်မပြတ်သိပ်သည်းစုဖွဲ့လာ၏။ တကယ်ဆို အဲဒါသည် အမျိုးမျိုးသောနတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများအဖြစ်ပင် အသွင်ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ထက်ကနေ မိုးပေါက်များကဲ့သို့ ကျဆင်းလာ၏။

သူတို့သည် အစစ်အမှန်ဓမ္မရတနာများမဟုတ်သော်လည်း သူတို့သည် အစစ်အမှန်ဓမ္မရတနာများထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။

နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာတိုင်းမှာ ပကတိသန့်စင်သောပုံစံဖြင့် စုဖွဲ့ထားသော အဋ္ဌမမြောက်ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအား ပါဝင်နေပြီး ကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

နတ်ဘုရားလက်နက်တစ်ခုချင်းစီ၏ စွမ်းအားက ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုနှင့် တူညီလေသည်။

ယခုအချိန်မှာ လက်နက်များသည် ကြောက်စရာကောင်းသောစွမ်းပကားနှင့်အတူ ခုတ်ပိုင်းကျဆင်းလာပြီး တောင်ကြားထဲမှာရှိသောဆူဇီမိုကို ခုတ်ပိုင်းချလိုက်၏။ ဤကဲ့သို့ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုက လူတိုင်းကို ကျောရိုးတစ်လျှော​က် ချမ်းစိမ့်သွားစေသည်။

အဲဒီမှာရှေးကျသောခေါင်းလောင်းများ၊ လေးလံသောဒယ်စောက်များ၊ ထက်ရှသော ဆေဘာများ၊ ဓားများနှင့် လှံရှည်များက လေထုကို ဆုတ်ဖြဲလာကြ၏။

အဲဒီမှာ မြင်းမြီးကျာပွတ်များ၊ အပ်များ၊ ရှေးဟောင်းကြေးမုံများ၊ ပုလဲလုံးများ၊ ကျောက်စိမ်းလိပ်ပြာများကဲ့သို့ ပုံမှန်သုံးလေ့သုံးထမရှိသော လက်နက်များစွာလည်း ပါဝင်လေသည်။

မြင်ရသောနေရာတိုင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဓဖြင့် ပြည့်နှက်နေပြီး ကောင်းကင်က အေးစက်နေသော အလင်းရောင်တစ်ခုဖြင့် ပြည့်နှက်နေလေသည်။

“အဲဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ”

လင်းလောက မှင်တက်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

မာန်မာနကြီးသောလင်းလေပင်လျှင် တစ်စုံတစ်ရာကို တွေးမိနေ၏။

လူသားခွန်အားမျှနှင့် ဤကဲ့သို့သော ကောငိးကင်ဘုံကပ်ဘေးတစ်ခုကို ဘယ်လိုလုပ် ခုခံဆန့်ကျင်နိုင်မှာလဲ။

“အား...”

ထိုစဥ်မှာပင် ဆူဇီမိုက ရုတ်တရက်ဟိန်းဟောက်လိုက်ပြီး သူ၏ အန္တိမနတ်ဘုရားစွမ်းအား ခေါင်းသုံးလုံးလက်ခြောက်ဖက်ကို ထုတ်ဖော်လိုက်၏။ သူက နောက်ဆုတ်ရမည့်အစား ရှေ့သို့ တက်လှမ်းကာ လေထဲသို့ ခုန်တက်လိုက်လေသည်။

ရုတ်တရက် သူ့လက်ထဲမှာ လက်နက်တချို့ပေါ်ထွက်လာ၏။

မြစိမ်းရောင်မြင်းမြီးကျာပွတ်တစ်ခုက ပေါ်ထွက်လာပြီး ချည်မျှင်သုံးထောင်နှင့်အတူ ကခုန်နေ၏။

အဲဒီမှာ အလွန်တရာလှပကြော့ရှင်းသော မင်္ဂလာကျောက်စိမ်းတောင်ဝှေးတစ်လက်လည်းရှိနေသည်။ ၎င်း၏ ဦးခေါင်းက မင်္ဂလာတိမ်စိုင်တစ်ခု၏ ပုံစံရှိပြီး အထဲမှာ ပုတီးလုံးသုံးလုံးကို နှစ်မြှုပ်ထားလေသည်။

လက်ကိုင်မှာ လှည့်ပတ်နေသော နဂါးကိုးကောင်လည်းရှိလေသည်။

သူ၏ လက်တစ်ဖက်က သာမန်ဆန်ဆန်အဝါရောင်သဲလက်တစ်ဆုပ်စာကို ဆုပ်ကိုင်ထားလေသည်။

သူ၏ စတုတ္ထမြောက်လက်တွင် အမြီးကိုးချောင်းနဂါးဖီးနစ်ယပ်တောင်ကို ကိုင်ဆွဲထား၏။

ကျန်အားနေသောလက်တစ်ဖက်က မတူညီသောအင်မော်တယ်ချိပ်စည်းများကို ဆင့်ခေါ်ထားသည်။

သည့်ယခင်က ဆူဇီမိုသည် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာကို မထုတ်ဖော်ခဲ့သည်မှာ အဓိကအားဖြင့် အဲဒါကို မလိုအပ်သောကြောင့်ဖြစ်သည်။

နတ်ဘုရားလက်နက်သုံးခုသည် အစကတည်းက သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မီးဆေးနေသည့်တစ်ချိန်တည်းမှာပင် နတ်ဘုရားလက်နက်သုံးခုကို မီးဆေးနိုင်လေသည်။

သို့သော်ယခု လက်နက်ကပ်ဘေးနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် ပေါ့ပေါ့ဆဆ မပြုမူရဲဘဲ နတ်ဘုရားလက်နက်သုံးခုနှင့် ယခုတင်ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဥ်ရတနာအဖြစ် ပြောင်းလဲသွားသော အမြီးကိုးချောင်း နတ်ဖီးနစ်ယပ်တောင်ကို ဆင့်ခေါ်လိုက်လေသည်။ ထိုမျှသာမက ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို အဆက်မပြတ်ပြောင်းလဲပြီး ရှေးကျသောကြယ်များနှင့်ဆက်သွယ်ကာ ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်ကို ထုတ်ဖော်လိုက်လေသည်။

ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များ၏ နောက်ဘက်မှာ များပြားလှစွာသောကြယ်များက ခပ်ရေးရေးပေါ်ထွက်လာပြီး အဆုံးမဲ့ကြယ်အလင်းရောင်ကို ဖြန်းပက်ကျဆင်းစေကာ ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

ကြယ်ပေါင်းများစွာ၏ စွမ်းအားကို ငှားရမ်းအသုံးချရင်း ဆူဇီမိုသည် ခေါင်းသုံးလုံးလက်ခြောက်ဖက်ကို ထုတ်ဖော်လိုက်၏။

နတ်ဘုရားလက်နက်လေးခုကို ကိုင်ဆွဲပြီး သူက ကောင်းကင်ကိုအံတုကာ ဆန့်ကျင်တိုက်ခိုက်လိုက်လေသည်။

ချွင်... ချွင်... ချွင်...

ဝုန်း.... ဝုန်း... ဝုန်း....

လေထဲမှာ နတ်ဘုရားလက်နက်များ ထိတွေ့ရိုက်ခတ်သောအသံက ထွက်ပေါ်လာပြီး မီးပွားများက တဖြန်းဖြန်းစင်ထွက်နေ၏။

လက်နက်ကပ်ဘေး၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အဘက်ဘက်ကနေ ဝင်ရောက်လာလေသည်။

ဆူဇီမိုကတော့ ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့် ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာကဲ့သို့ ခုခံရေးဓမ္မရတနာတစ်ခု၏ အကူအညီနှင့်အတူ သူက အရာရာတိုင်းနီးပါးကို ပိတ်ဆို့ခုခံထားလေသည်။

သူသည် နတ်ဘုရားလက်နက်နှင့် ဓမ္မရတနာတချို့ဖြင့် ထိခတ်ခံရမည်ဆိုလျှင်တောင် အဆင့်-၁၂ သို့ အရမ်းကိုနီးကပ်နေပြီဖြစ်သော သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့်အတူ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခုခံနိုင်လေသည်။

လက်နက်များက အတောမသတ်နိုင်ဖြစ်ပြီး ဆူဇီမိုက သူ၏ စွမ်းအားကြီးမား၍ သန်မာသော သွေးချီပေါ်မှီခိုကာ သူတို့နှင့်ဆန့်ကျင်တိုက်ခိုက်နေ၏။

ဆူဇီမိုသည် မမောပန်းနိုင်သော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး ကောင်းကင်တစ်ခွင်အုပ်မိုးနေသည့် လက်နက်ပင်လယ်ကြားမှာ ကူးခတ်သွားလာပြီး ကောင်းကင်ဘုံကပ်ဘေးကနေ စုဖွဲ့ထားသည့် နတ်ဘုရားလက်နက်နှင့် ဓမ္မရတနာများစွာကို ဘာမှမကျန်အောင် ခြေမွှဖျက်ဆီးပစ်နေ၏။

“သူက အရမ်းကိုသန်မာတာပဲ”

လင်းလေက ဤမြင်ကွင်းမှာ အံ့အားသင့်နေ၏။

သူသည် အရင်တုန်းက တူညီသောနေရာမှာ ရှိနေမည်ဆိုလျှင် သူသည် အသက်သုံးရှိုက်စာမပြည့်ခင်မှာပင် အဲဒါကို ခုခံနိုင်တော့မည် မဟုတ်ပေ။

အချိန်တစ်ခုကြာသွားပြီးနောက် ကောင်းကင်ထက်ရှိနတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများက တဖြည်းဖြည်းကျဲပါးသွားပြီး ဆူဇီမို၏ ပစ်ရိုက်ချခြင်းခံရကာ ပျက်ပြယ်သွားကြလေသည်။

အဋ္ဌမမြောက်ကောင်းကင်ဘုံကပ်ဘေးက ပြီးဆုံးသွားလေသည်။

ဆူဇီမိုသည် လေထဲမှာမတ်တတ်ရပ်ပြီး သူ၏ အမြုတေချီကို ပြန်လည်ဖြည့်တင်းရန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

တောင်ကြား၏ အထက်မှာ လူလေးယောက်သည် ဆူဇီမိုက အဋ္ဌမမြောက်ကောင်းကင်ဘုံကပ်ဘေးကို အောင်မြင်စွာဖြတ်ကျော်ခဲ့သည်ကို တွေ့ရသောအခါ သူတို့က စိတ်လက်ပေါ့ပါးမသွားရုံသာမက ပို၍ပင် စိုးရိမ်ပူပန်လာခဲ့သည်။

လက်နက်ကပ်ဘေးအဆုံးသတ်သွားပြီးနောက် နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးတစ်ခုသာလျှင် ကျန်တော့သောကြောင့်ဖြစ်သည်။

နဝမအဆင့်၏ နဝမမြောက်ကောင်းကင်ဘုံကပ်ဘေး...။

ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ အထွတ်အထိပ်။

မည်သည့်ပြိုင်စံရှား သို့မဟုတ် မည်သည့်ပြန်ဝင်စားမွန်းစတားပင်ဖြစ်စေ သူတို့သည် နဝမအဆင့်၏ နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးမှာ သေကြရပေမည်။

သူတို့သည် အောင်မြင်စွာရှင်သန်နိုင်ခဲ့မည်ဆိုလျှင် အဲဒါသည် ကပ်ဘေးဖြတ်ကျော်ခြင်းကိုခံယူသော ထိုသူများအတွက် မနှိုင်းယှဥ်သာအောင်ကြီးမားသော အခွင့်အလမ်းတစ်ရပ်ဖြစ်လာပေလိမ့်မည်။

ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှကိုးခုသည် နတ်ဘုရားစွမ်းအားကပ်ဘေးအဖြစ် ကျော်ကြားသောကြောင့်လည်းဖြစ်သည်။

ထုံစံအားဖြင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုသ​ည် နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးကနေ ဆင်းသက်လာပေလိမ့်မည်။

ဘေးကနေစောင့်ကြည့်နေသောလူလေးယောက်ပင်လျှင် ဤအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ကျင့်ကြံဖို့ အခွင့်အရေးရရှိပေလိမ့်မည်။

သို့သော်လည်း သူတို့လေးယောက်သည် မည်သို့ပင်ဆိုစေ ဘေးကနေရပ်ကြည့်နေသူများသာဖြစ်ပြီး ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ကပ်ဘေးဖြတ်ကျော်ခြင်းကို ကိုယ်တိုင်ခံယူနေသောသူထက် အကျိုးမရှိနိုင်ပေ။

လင်းလောက စိုးရိမ်ပူပန်နေပြီး ညင်သာစွာ ပြောလိုက်သည်။

“ကြည့်ရတာတော့ သူက သူ့ရဲ့ဝှက်ဖဲတွေအားလုံးကို အသုံးပြုပြီးသွားလောက်ပြီ... သူက အသက်ရှင်နိုင်ပါ့မလား”

အင်မော်တယ်ဘုရင်မလင်းလုံက နှုတ်ဆိတ်နေ၏။

ဆူဇီမို၏ အခြေအနေက တကယ်ပင် မဆိုးလှပေ။ ကောင်းကင်ဘုံကပ်းဘေး၏ ထိတွေ့ရိုက်ခတ်မှုကို ခံယူပြီးနောက် သူသည် ပျက်စီးထိခိုက်ဆုံးရှုံးမှုတစ်ခုခုနှင့် မကြုံတွေ့ရရုံသာမက သူ၏ အော်ရာနှင့်ခွန်အားက ကပ်ဘေးဖြတ်ကျော်ခြင်းကို မစတင်ခင်ကထက်ပင် ပိုမိုသန်မာလာခဲ့ပြီဖြစ်သည်။

သို့သော်လည်း နဝမကောင်းကင်ဘုံကပ်ဘေး၏ နောက်ဆုံးတစ်ခုက သေးငယ်သောကိစ္စ မဟုတ်ပေ။ အဲဒါသည် ယခင်လက်နက်ကပ်ဘေးနှင့်ယှဥ်လျှင် အဖျက်စွမ်းအားများစွာ ပိုမိုမြင့်မားသောကြောင့်ဖြစ်သည်။ တစ်မူထူးခြားသော နည်းလမ်းများမရှိဘဲ သူက ရှင်သန်နိုင်စရာအကြောင်းမရှိပေ။

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံပင်လျှင် ယုံကြည်မှုမရှိကြပေ။

သူတို့သည် ဘုရင်ဘွဲ့ကိုခံယူပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကို စုဖွဲ့ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူတို့အနေဖြင့်ပင် ဒဏ္ဍာရီလာကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။

နဝမအဆင့်၏ နဝမမြောက်နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးသည် ဘယ်အဆင့်ထိရောက်ရှိလာမလဲ သူတို့နှစ်ယောက်က မသိရှိပေ။

လင်းကျန့်က ညင်သာစွာပြောလိုက်၏။

“အထက်ဘုံမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေက အနည်းအကျဥ်းဘဲရှိတယ်... သူက ကံကောင်းထောက်မပြီး သတ်​ဖြတ်စွမ်းအားအတော်အတန်နည်းပါးတဲ့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် သူက အဲဒါကိုအောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်လောက်တယ်။”

All Chapters