← Chapters

အားပြိုင်မှု

Vol. 179 Ch. 2683

အားပြိုင်မှု

Vol. 179 Ch. 2683

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံက ရှေ့ကို တက်သွားရင်ကောင်းမလား တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် အစက လဲပြိုကျတော့မည့်ဆဲဆဲ ဆူဇီမိုက လေထဲမှာ သူ့ကိုယ်သူ တဖြည်းဖြည်းထိန်းညှိပြီး တည်ငြိမ်လာခဲ့၏။

လင်းကျန့်၊ အင်မော်တယ်ဘုရင်မ လင်းလုံနှင့် အခြားနှစ်ယောက်က ရှေ့သို့ အလောတကြီး ပြေးတက်သွား၏။

“ဇီမို ဘာများဖြစ်လို့လဲ”

လင်းကျန့်က စိုးရိမ်ပူပန်သော အမူအရာဖြင့် မေးလိုက်၏။

ဆူဇီမိုက ဖြောင့်ဖြောင့်ရပ်လိုက်၏။ သူ၏ မျက်နှာပေါ်ရှိ ချွေးများက ခြောက်မသွားသေးဘဲ သူ၏ အမူအရာက ငေးငိုင်နေကာ သူသည် စောစောက ကပ်ဘေးဖြတ်ကျော်စဉ်ကထက်ပင် ပို၍များပြားသော စွမ်းအင်ကို သုံးစွဲခဲ့ရသည့်အလား အနည်းငယ် မောဟိုက်နေ၏။

ခဏနေပြီးနောက် သူက ပုံမှန်အသိစိတ်ကို ပြန်လည်ရရှိလာကာ လင်းကျန့်၊ အင်မော်တယ်ဘုရင်မ လင်းလုံနှင့် အခြားသူများကို ကြည့်လိုက်၏။ သူက ခေါင်းခါပြလိုက်လေသည်။

“မပူပါနဲ့ စီနီယာတို့… ကျုပ်အဆင်ပြေပါတယ်… အဲဒါက...”

ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

“အဲဒါက ကျုပ်စိတ်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာတဲ့ တစ်ဝက်တစ်ပျက်မှတ်ဉာဏ်တစ်ခုပဲ… အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာကနေ လာတာဖြစ်လောက်တယ်”

“မျိုးဆက်မှတ်ဉာဏ်လား”

အင်မော်တယ်ဘုရင်မ လင်းလုံ၏ မျက်လုံးက ဝမ်းလက်သွား၏။

“ဖန်တီးခြင်းကြာပဒုမ္မာလို ဂမ္ဘီရပစ္စည်းတစ်ခုကနေ ဆင်းသက်လာတယ်ဆိုတော့ အဲဒီမှတ်ဉာဏ်က အရမ်းကို အရေးပါရမယ်”

ယေဘုယျအားဖြင့် ပြောရလျှင် မျိုးဆက်မှတ်ဉာဏ်အများစုမှာ ဓမ္မတာအိုများနှင့် လျှို့ဝှက်အတတ်များသာ ပါဝင်တတ်လေသည်။

စွမ်းအားကြီးမားသော သက်ရှိများနှင့် မျိုးနွယ်များစွာသည် အဆင့်တစ်ခုထိ ကြီးပြင်းလာပြီး နယ်ပယ်တစ်ခုအထိ ကျင့်ကြံပြီးနောက် သူတို့၏ မျိုးဆက်မှတ်ဉာဏ်များကို နိုးထစေပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ စိတ်ထဲမှာ စောစောက ပေါ်ထွက်ခဲ့သည့် တစ်ဝက်တစ်ပျက်မှတ်ဉာဏ်သည် ဓမ္မတာအိုတစ်ခု မဟုတ်နိုင်ပေ။

ထိုတစ်ဝက်တစ်ပျက်မှတ်ဉာဏ်သည် သူ့အတွက် အသုံးဝင်မှုရှိပုံမရဘဲ ရှင်းမပြတတ်စွာဖြင့် ပေါ်ထွက်လာခဲ့၏။

ဆူဇီမိုက သူ့ခေါင်းကိုခါယမ်းပြီး လောလောဆယ်မှာ ထိုတစ်ဝက်တစ်ပျက်မှတ်ဉာဏ်များကို ဖယ်ထုတ်လိုက်၏။

မည်သို့ပင်ဆိုစေ သူသည် နောက်ဆုံးမှာ ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာခဲ့ပြီဖြစ်ပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆင့်-၁၂၏ အထွတ်အထိပ်အထိ ကြီးပြင်းလာခဲ့ပြီဖြစ်၏။ သူ၏ ရရှိမှုများက ကြီးမားလေသည်။

“ဇီမို… မင်းနောက်ပိုင်း ဘာတွေအစီအစဉ်ချထားလဲ”

လင်းကျန့်က မေးလိုက်၏။

ဆူဇီမိုက ခဏမျှစဉ်းစားတွေးတောပြီး တည်တံ့စွာ ပြောလိုက်လေသည်။

“ကျုပ်က ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို ပြန်ရမယ်… အဲဒီမှာ ကျုပ် စီစဉ်စရာတချို့နဲ့ ရှင်းရှင်းလင်းလင်း သိရအောင်လုပ်ရမယ့် ကိစ္စတချို့ ရှိနေတယ်”

တစ်ဖက်မှာတော့ ထောင်ယောင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ရှိနေဆဲဖြစ်သည်။

ဆူဇီမိုသည် ထွက်ခွာဖို့ ရည်ရွယ်ခဲ့ပြီဖြစ်သော်လည်း သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ထောင်ယောင်ကို မထားခဲ့နိုင်ပေ။

သူက နှုတ်ဆက်ခြင်းမရှိဘဲ ထွက်ခွာသွားမည်ဆိုလျှင် အဲဒါသည် ထောင်ယောင်ကို အန္တရာယ်ကြားထဲမှာ ပစ်ထားခဲ့ခြင်းနှင့်တူပေလိမ့်မည်။

အခြားတစ်ဖက်မှာ…

ယခုအချိန်ထိ တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူ၏ အမည်ခံဆရာ ဖြစ်နေဆဲပင်။

သူ့အနေဖြင့် တစ်ဖက်လူကို သံသယဝင်မိရုံဖြင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်ခွာဖို့က ကျိုးကြောင်းဆီလျော်မှုမရှိပေ။

မည်သို့ပင်ဆိုစေ တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ့အသက်ကို တစ်ခါက ကယ်တင်ပေးခဲ့ဖူးသည်။

သူ၏ အန္တရာယ်အများဆုံးအခိုက်အတန့်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က သူ့ကို ကာကွယ်ပေးခဲ့လေသည်။

သို့သော်လည်း ဤကိစ္စ၏ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်သူက တကယ်ပဲ တက္ကသိုလ်၏ ဂိုဏ်းချုပ် ဖြစ်နေမည်ဆိုလျှင် သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်ခွာရမည့်အတွက် မည်သည့်ဝန်ထုတ်ဝန်ပိုးကိုမှ ခံစားနေရလိမ့်မည်မဟုတ်ဘဲ သူ့ရင်ထဲမှာ မည်သည့်အထုံးအဖွဲ့မှ ရှိနေမည်မဟုတ်ပေ။

ဤစစ်တုရင်ကစားပွဲသည် ယခု ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး စားပွဲပေါ်မှာ သူ၏ ဝှက်ဖဲများကို ချပြဖို့ အချိန်ရောက်လာလေပြီ။

လင်းကျန့်က မျက်မှောင်ကြုတ်လိုက်၏။

“ငါ့ရဲ့ ကျင့်ကြံမှုကို အထွတ်အထိပ်ထိ ပြန်ရမယ်ဆိုရင် ငါ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို မင်းနဲ့ အဖော်လိုက်ပေးနိုင်မှာ… ဒါပေမဲ့ အခုတော့...”

လင်းကျန့်၏ လက်ရှိအခြေအနေအရ သူသည် ထိပ်တန်းအင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးနှင့် တကယ်တမ်းကြုံတွေ့ရမည်ဆိုလျှင် ဆူဇီမိုကို ကာကွယ်ပေးဖို့နေနေသာ… သူ့ကိုယ်သူပင် ကောင်းကောင်းကာကွယ်နိုင်မည် မဟုတ်ပေ။

အင်မော်တယ်ဘုရင်မ လင်းလုံကလည်း ခေါင်းခါပြလိုက်၏။

“နင် တိုက်ရိုက်ပြန်သွားလို့ မရဘူး… ငါတို့ရဲ့ခန့်မှန်းချက်က အမှန်ဖြစ်နေမယ်ဆိုရင် နင်က ပြန်သွားပြီးတဲ့နောက် တက္ကသိုလ်ကနေ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး”

“စီနီယာတို့ မပူပါနဲ့… ကျုပ်မှာ ကျုပ်အစီအစဉ်နဲ့ကျုပ် ကျုပ်ရှိပါတယ်”

ဆူဇီမိုက မရေမရာပြန်ဖြေလိုက်၏။

သူသည် အဲဒီမှာ သူထုတ်ဖော်မပြောဆိုရဲသော ကိစ္စတချို့ရှိလေသည်။

အကြောင်းမှာ သူသည် လူသားဧကရာဇ်၊ အင်မော်တယ်ဘုရင်မ လင်းလုံနှင့် အခြားနှစ်ယောက်ကို မယုံကြည်သောကြောင့်မဟုတ်ဘဲ သူသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြံအစည်များကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ၏ ဟာကွက်မဲ့သော တွက်ချက်မှုများနှင့် သိမြင်နှံ့စပ်မှုများကြောင့် ကျော်ကြားလေသည်။

သူက တစ်ခုခုကို ထုတ်ဖော်ပြောဆိုမည်ဆိုလျှင် လောကမှာ အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ပြီး တက္ကသိုလ်၏ ဂိုဏ်းချုပ်က အဲဒါကို ဖမ်းဆုပ်မိသွားတာ ဖြစ်နိုင်လေသည်။

အင်မော်တယ်ဘုရင်မ လင်းလုံက ရင်တစ်ချက်ထိတ်သွားပြီး ဆူဇီမို၏ အကြံအစည်ကို ခပ်ရေးရေး ခန့်မှန်းမိလိုက်၏။ သူမက ပြုံး၍ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

သူမက စိတ်သက်သာရာရသွားပြီး မေးလိုက်၏။

“နင် တက္ကသိုလ်ကနေ ထွက်လာပြီးရင် ဘယ်ကိုသွားဖို့ ရည်ရွယ်ထားလဲ”

“ကျုပ်မသိသေးဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ကျုပ်က ကောင်းကင်ဘုံကမ္ဘာကနေ ထွက်သွားတာလည်း ဖြစ်နိုင်တယ်”

သူသည် တကယ့်ကို ချောင်ပိတ်မိနေပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက သူနှင့် ဆက်သွယ်မှု ပျောက်ဆုံးသွားပြီး သူ၏ ဘယ်ဆီဘယ်ဝယ်နှင့် ကံကြမ္မာကို မသိရပေ။

ဖုန့်စန်းထျန်က ထျန်ဟွမ်ဂိုဏ်းကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသော်လည်း သူက ဆူဇီမိုကို ကာကွယ်ပေးနိုင်ဖို့အတွက် မလုံလောက်ပေ။

လင်းကျန့်ဘက်မှာ သူသည် ယခုအချိန်ထိ ထိခိုက်ဒဏ်ရာများကနေ သက်သာပျောက်ကင်းခြင်းမရှိသေးဘဲ အတွင်းရေးအပြင်ရေး ပဋိပက္ခများနှင့် ကျပ်တည်းသော အခြေအနေတစ်ခုမှာ ကျရောက်နေလေသည်။

သူသည် လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံနှင့်အတူ နေမည်ဆိုလျှင် သူသည် တိုက်ပွဲနိုင်ငံအတွက် ကပ်ဘေးတစ်ခုကို ယူဆောင်ပေးမိပြီး လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံကိုပင် ရောပါငြိစွန်းဒုက္ခရောက်စေပေလိမ့်မည်။

ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ သူ့ကို ကာကွယ်ပေးနိုင်မည့် မည်သည့်ပညာရှင် သို့မဟုတ် မည်သည့်ဂိုဏ်းအဖွဲ့အစည်းမှ မရှိတော့ပေ။

သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် တကယ်ပဲ ခွာပြဲပြီဆိုလျှင် သူသည် ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာဖို့သာ တတ်နိုင်လေသည်။

အင်မော်တယ်ဘုရင်မ လင်းလုံက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ကောင်းပြီလေ… ငါတို့နဲ့ အရင်ပြန်လိုက်လာခဲ့… တိုက်ပွဲနိုင်ငံမှာ ကောင်းကင်ဘုံကမ္ဘာရဲ့ အပြင်ဘက်က ရှေးကျတဲ့ ကြယ်တစ်လုံးဆီကို ပို့ဆောင်ပေးနိုင်တဲ့ ပို့ဆောင်ရေးဝင်္ကပါတစ်ခု ရှိတယ်… နင်က အဲဒီကို တိုက်ရိုက်ခုန်ကူးနိုင်တယ်”

“ငါ နင့်ကို ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ လောကမြေပုံတစ်ချပ် မိတ္တူပွားပေးလိုက်မယ်… မင်းက ဘယ်နေရာကို သွားချင်တယ်ဆိုတာ ဆုံးဖြတ်လို့ရတာပေါ့”

ထိုသို့ပြောရင်း အင်မော်တယ်ဘုရင်မ လင်းလုံက မြေပုံတစ်ချပ်ကို ထုတ်ယူကာ သူမ၏ နဖူးပေါ်ကို တင်လိုက်၏။ အနည်းငယ်အကြာမှာ သူမက အဲဒါကို မိတ္တူတစ်ခုပွားပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။

အင်မော်တယ်ဘုရင်မ လင်းလုံက ဆက်ပြောလိုက်၏။

“ကမ္ဘာတွေကြား အကွာအဝေးက အရမ်းကို ရှည်လျားတယ်… နင်က ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ ကြယ်တာရာကောင်းကင်ထဲမှာ ကူးသန်းသွားလာမယ်ဆိုရင် နင်က မရေမတွက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်”

“ဥပမာ ကန့်သတ်နယ်မြေတွေနဲ့ အာကာသရဲ့တွင်းနက်တွေနားကို မကပ်နဲ့… အရေးအကြီးဆုံးကတော့ နင်က ကြယ်တာရာကောင်းကင်ထဲမှာ ကျင်လည်ကျက်စားနေတဲ့ ဓားပြတွေကို သတိထားရမယ်”

တိုက်ပွဲနိုင်ငံသို့ ပြန်မရောက်လာခင် အင်မော်တယ်ဘုရင်မ လင်းလုံက ဆူဇီမိုကို ကိစ္စများစွာနှင့်ပတ်သက်၍ သတိပေးနေ၏။

ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်မှာရှိသော လောကက ပို၍ပင် အန္တရာယ်များလေသည်။ သူက ပေါ့ပေါ့ဆဆ ပြုလုပ်၍မရပေ။

သူတို့ငါးယောက်က တိုက်ပွဲနိုင်ငံ၏ နန်းတော်ထဲသို့ ရောက်ရှိလာကြ၏။ အင်မော်တယ်ဘုရင်မ လင်းလုံက လင်းလေနှင့်လင်းလောကို ပထုတ်ပြီးနောက် ဆူဇီမိုကို တိုက်ပွဲနိုင်ငံ၏ ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ လင်းကျန့်နှင့်အတူ ခေါ်ဆောင်သွားလေသည်။

“လမ်းမှာ သတိထားဦးနော်”

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံက ပို့ဆောင်ရေးဝင်္ကပါထဲသို့ တက်လှမ်းသွားသော ဆူဇီမိုကိုကြည့်ပြီး နောက်ဆုံးအနေဖြင့် သတိပေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြပြီး ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းလိုက်၏။

ပို့ဆောင်ရေးဝင်္ကပါ လည်ပတ်လာသည့်အခါ မတူညီသော အလင်းရောင်နှစ်ခုက ပေါ်ထွက်လာ၏။ အဲဒါက လုံးဝမတူကွဲပြားသော နေရာနှစ်ခုကို ကိုယ်စားပြုနေလေသည်။

သူတို့ထဲမှတစ်ခုက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဖြစ်သည်။

အခြားတစ်ခုကတော့ ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက် ရှေးကျသော ကြယ်တစ်စင်း ညှိုးနွမ်းကြယ် ဖြစ်လေသည်။

ပို့ဆောင်ရေးဝင်္ကပါ၏ အလင်းက လင်းထိန်လာပြီးနောက် ပုံရိပ်နှစ်ခုက ၎င်းပေါ်မှာ ရုတ်တရက်ပေါ်ထွက်လာ၏။ သူတို့က မတူညီသော အလင်းရောင်များဆီသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားလေသည်။

. . . . .

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်…

ရုတ်တရက် ပို့ဆောင်ရေးဝင်္ကပါထဲမှာ အလင်းရောင်က ပေါ်ထွက်လာ၏။ ထို့နောက် ချက်ချင်းပင် ပုံရိပ်တစ်ခုက ပေါ်ထွက်လာလေသည်။ သူ့မှာ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံရှိပြီး သူ၏ ခါးမှာ တက္ကသိုလ်၏ ဂိုဏ်းတံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထား၏။

“မင်္ဂလာပါ စီနီယာအစ်ကိုဆူ”

ဘေးပတ်ဝန်းကျင် ကျင့်ကြံသူများက ထိုသူကို တွေ့မြင်သောအခါ ရှေ့သို့ အလောတကြီးတက်ပြီး ဦးညွှတ်လိုက်ကြ၏။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲပြီးကတည်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဆူဇီမို၏ နာမည်ဂုဏ်သတင်းက ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သူသည် ယခုအချိန်ထိ အမွေခံကုန်းမြေကို မဝင်ရောက်ရသေးသော်လည်း သူ၏ နာမည်ဂုဏ်သတင်းက ဓားအင်မော်တယ်ယွဲ့ဟွားထက် မသိမသာ ကျော်တက်လာခဲ့ပြီဖြစ်၏။

မည်သို့ပင်ဆိုစေ ဆူဇီမိုသည် ကောင်းကင်ဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နှင့် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ထိပ်သီးကောင်းကင်အင်မော်တယ်ဖြစ်လေသည်။

ဒါ့အပြင် ဓားအင်မော်တယ်ယွဲ့ဟွားသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ သူနှင့်ရင်ဆိုင်ရာတွင် ကြီးမားသော ရှုံးနိမ့်မှုတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီး တက္ကသိုလ်၏ ဂိုဏ်းချုပ်က ဆူဇီမိုကို ကာကွယ်ဖို့ သတင်းစကားတစ်ခု ကိုယ်တိုင်ပေးပို့ခဲ့လေသည်။

နောက်ပိုင်းမှာ ဆူဇီမိုသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာပင် တိုက်ခိုက်ပြီး မင်းသားတစ်ပါးကို သတ်ဖြတ်နိုင်လုနီးပါးဖြစ်ခဲ့သည်ဟု ဆိုကြသည်။

ထိုသတင်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပျံ့နှံ့လာသည့်အခါ တက္ကသိုလ်တပည့်ဂိုဏ်းသားများစွာ၏ ရင်ထဲတွင် ဆူဇီမို၏ အဆင့်အတန်းက နောက်တစ်ဖန် မြင့်တက်လာ၏။

ဆူဇီမိုသည် ဘေးပတ်လည်မှ တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများကို ခေါင်းညိတ်ပြပြီးနောက် သူ၏ လိုဏ်ဂူခန်းဝါရှိရာသို့ ကြော့ရှင်းစွာ ထွက်ခွာသွားလေသည်။

“စီနီယာအစ်ကိုဆူရဲ့ ကျင့်ကြံမှုနယ်ပယ်က ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး… သူက အရင်ကထက်ပိုပြီး ထူးခြားအံ့မခန်းဖြစ်လာတဲ့ပုံပဲ… သူက ပကတိဧကနယ်ပယ်ကို တက်လှမ်းသွားပြီများလား”

တစ်ယောက်ယောက်က ရုတ်တရက်မေးလိုက်၏။

“မဖြစ်နိုင်ဘူး”

နောက်တစ်ယောက်က ပြောလိုက်၏။

“ဆူဇီမိုက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာမှ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့တာပဲ… အဲဒါက ဘယ်လောက်ကြာသေးလို့လဲ”

စောစောက လူတိုင်းသည် ရှေ့ကိုတက်လှမ်း၍ ဦးညွှတ်ခဲ့ကြသော်လည်း သူတို့ထဲ မည်သူကမှ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် စစ်ဆေးမကြည့်ခဲ့ကြပေ။

အခြားတစ်ဖက်မှာ…

ဆူဇီမိုသည် တက္ကသိုလ်ကို ဖြတ်ကျော်ပြီး သိပ်မကြာခင် သူ၏ လိုဏ်ဂူခန်းဝါရှိရာသို့ ရောက်ရှိလာခဲ့၏။

လိုဏ်ဂူခန်းဝါပတ်လည်မှာ မည်သည့်အပြောင်းအလဲမှ ရှိပုံမရဘဲ အရာရာတိုင်းက ပုံမှန်အတိုင်း ရှိနေလေသည်။

All Chapters