← Chapters

ရွေးချယ်စရာ

Vol. 179 Ch. 2684

ရွေးချယ်စရာ

Vol. 179 Ch. 2684

ဆူဇီမိုသည် လိုဏ်ဂူခန်းဝါထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် အဝတ်စလှုပ်ခတ်သံတဖျပ်ဖျပ် ထွက်ပေါ်လာ၏။

သိပ်မကြာခင် လူနှစ်ယောက်က သူ့ကို ကြိုဆိုလာခဲ့သည်။ ထောင်ယောင်နှင့် လျှိုဖျင်ဖြစ်သည်။

“စီနီယာအကို ခင်ဗျားပြန်လာပြီပဲ”

လျှိုဖျင်က ပြုံး၍ပြောလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြပြီး သူ၏ မျက်လုံးအနက်ပိုင်းထဲရှိ ဝန်လေးမှုနှင့်အတူ လျှိုဖျင်ကို နက်ရှိုင်းစွာကြည့်နေ၏။

ဤတစ်ခေါက်မှာ သူသည် ထောင်ယောင်အတွက် အထိုင်ချပေးရန် လုံခြုံစိတ်ချရသော နေရာတစ်ခုကို သေချာပေါက် ရှာဖွေပေးရပေမည်။ လျှိုဖျင်အတွက်ကတော့.. သူက တွေဝေတုံ့ဆိုင်းနေဆဲဖြစ်၏။

ဤနှစ်များအားလုံးမှာ လျှိုဖျင်သည် သူ့ဘေးမှာ အချိန်တိုင်းလိုလို ကျင့်ကြံခဲ့သော်လည်း နောက်ဆုံးမှာတော့ သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ တပည့်ဂိုဏ်းသားတစ်ယောက် ဖြစ်နေဆဲပင်။

လျှိုဖျင်အနေဖြင့် သူနှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကြား ရွေးချယ်မှုတစ်ခု ပြုလုပ်ဖို့က တကယ်ပင် အနည်းငယ် အခက်တွေ့ရပေလိမ့်မည်။

ဒါ့အပြင် လျှိုဖျင်သည် ထောင်ယောင်နှင့် မတူပေ။

သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို တကယ်ပဲ သစ္စာဖောက်မည်ဆိုလျှင် ထောင်ယောင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့နောက်သို့ သေချာပေါက်လိုက်ပါလာပေလိမ့်မည်။

သို့သော်လည်း လျှိုဖျင်က ဘယ်ရွေးချယ်မှုကို ပြုလုပ်မလဲ သူ မသိပေ။

သို့သော်လည်း ထောင်ယောင်နှင့် လျှိုဖျင်သည် အချိန်တိုင်းလိုလို အတူရှိနေခဲ့ကြပြီး အသားကျနေခဲ့ကြပြီဖြစ်၏။

ထောင်ယောင်အနေဖြင့် သူ့ဘေးမှာ လျှိုဖျင်ကဲ့သို့ ရွယ်တူတန်းတူ ကစားဖော်တစ်ယောက် ရရှိဖို့က ရှားရှားပါးပါးဖြစ်ပြီး ထိုသို့မဟုတ်လျှင် သူက အထီးကျန်နေရပေလိမ့်မည်။

သူတို့နှစ်ယောက်မှာ အလွန်တရာကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိပြီး အရာရာတိုင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာ ပြောဆိုဆက်ဆံကြလေသည်။

သူက လျှိုဖျင်ကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဤတစ်ခေါက်ထားခဲ့မည်ဆိုလျှင် ထိုလုပ်ရပ်သည် လျှိုဖျင်နှင့်ထောင်ယောင် နှစ်ယောက်စလုံးအတွက် ထိခိုက်မှုတစ်ခု ဖြစ်စေနိုင်လေသည်။

ဆူဇီမိုက ထောင်ယောင်နှင့် လျှိုဖျင်နှင့်အတူ လိုဏ်ဂူခန်းဝါထဲသို့ လျှောက်လှမ်းသွား၏။ လျှိုဖျင်သည် သူ၏ ပါးစပ်ကို အနားမပေးဘဲ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဖြစ်ပျက်နေသည့် အရာရာတိုင်းနှင့်ပတ်သက်၍ ပြန်ပြောပြနေ၏။

“ဒါနဲ့….”

လျှိုဖျင်က ဆက်ပြောလိုက်၏။

“ဓားအင်မော်တယ်ယွဲ့ဟွားက မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အထီးကျန်သိုင်းသခင်ရဲ့ အန္တိမနတ်ဘုရားစွမ်းအားကြောင့် ဒုက္ခိတနီးပါးဖြစ်သွားတယ်လို့ ကျုပ်ကြားတယ်… တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်ကတောင်မှ သူ့အသက်ကို ကိုယ်တိုင်ကယ်တင်ပေးခဲ့ရတယ်”

ထိုအချိန်တုန်းက တက္ကသိုလ်မှ မဟာအကြီးအကဲ၏ ကာကွယ်မှုအောက်မှာပင်လျှင် ဓားအင်မော်တယ်ယွဲ့ဟွားသည် အထီးကျန်သိုင်းသခင်၏ ထာဝရပျက်သုဉ်းခြင်းဖြင့် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံနေရဆဲဖြစ်ပြီး သူ့လက်တစ်ဖက်ကိုပင် ဆုံးရှုံးခဲ့ရ၏။

ယေဘုယျအားဖြင့်ပြောရလျှင် ဓားအင်မော်တယ်ယွဲ့ဟွားသည် ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာတစ်ခုကို တွေ့ကြုံခံစားရပြီးနောက် သေချာပေါက် သေသွားရပေမည်။

ဒါ့အပြင် သူက သေသည့်တိုင်အောင် ညှင်းပန်းနှိပ်စက်ခံရပေမည်။

တက္ကသိုလ်၏ မဟာအကြီးအကဲနှင့်ပင်လျှင် ဘာမှ မတတ်နိုင်ခဲ့ပေ။

ယခု သူ့ကို တက္ကသိုလ်၏ ဂိုဏ်းချုပ်က ကယ်တင်ပေးလိုက်ဆဲဖြစ်၏။

လျှိုဖျင်က နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“ဒါပေမဲ့ ဓားအင်မော်တယ်ယွဲ့ဟွားက အသက်ရှင်နိုင်ရုံပဲ ရှိတယ်လို့ ကျုပ်ကြားတယ်… သူ့ခန္ဓာကိုယ်ပေါ်က ထိခိုက်ဒဏ်ရာတွေက အခုချိန်ထိ မသက်သာသေးဘူး… အနည်းဆုံးတော့ သူ့ရဲ့ ပြတ်သွားတဲ့လက်က အခုချိန်ထိ ပြန်မပေါက်သေးဘူး… သူက တံခါးပိတ်ကျင့်ပြီးတော့ အားဖြည့်ကုသနေရတုန်းပဲ”

“ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ဓားအင်မော်တယ်ယွဲ့ဟွားက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးဆက်မရှိတော့ဘူးလို့ ပြောကြတယ်… အခုကစပြီး နံပါတ်တစ် အမွေခံတပည့်နေရာက တခြားသူတွေအတွက် ဖြစ်လာတော့မယ်”

ဆူဇီမိုနှင့် ဓားအင်မော်တယ်ယွဲ့ဟွားကြား မကောင်းမွန်သော ဆက်ဆံရေးကြောင့် လျှိုဖျင်သည် ဓားအင်မော်တယ်ယွဲ့ဟွားအပေါ် ရန်လိုစိတ်ရှိပြီး သူ၏ လေသံက အူမြူးအားရသည့်ပုံပေါ်နေ၏။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ငါ့ကို တစ်ယောက်ယောက် လာရှာကြတာရှိလား”

ဆူဇီမိုက မေးလိုက်၏။

“စီနီယာအစ်ကိုယန်နဲ့ စီနီယာအစ်မ သက်တံနီကတော့ ခင်ဗျားကို တစ်ကြိမ်လာရှာခဲ့ကြတယ်”

ခဏမျှ ရပ်တန့်ပြီးနောက် လျှိုဖျင်က ဆက်ပြောလိုက်၏။

“စီနီယာအစ်မ မိုချင်ကတော့ သူက ခင်ဗျားကို ခုနစ်ကြိမ်တိုင်တိုင် လာရှာခဲ့တယ်”

ထိုသို့ပြောပြီးနောက် သူက ဆူဇီမိုကို သွားဖြဲ၍ကြည့်ကာ ကျေနပ်အားရနေသောပုံစံဖြင့် ပြောလိုက်၏။

“စီနီယာအကိုဆူ... ခင်ဗျားက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ပြီး တက္ကသိုလ်ရဲ့ လက်ရင်းတပည့်ဖြစ်လာတဲ့အခါ ခင်ဗျားက အဲဒီအချိန်ကစပြီး စီနီယာအစ်မမိုချင်နဲ့ နေ့နေ့ညည အတူရှိနေနိုင်တော့မယ်”

“အခု ဓားအင်မော်တယ်ယွဲ့ဟွားကလည်း ရှင်းသွားပြီ… ခင်ဗျားက အနာဂတ်မှာ တက္ကသိုလ်ရဲ့နံပါတ်တစ် အမွေခံတပည့် သေချာပေါက်ဖြစ်လာမယ်လို့ ကျုပ်ထင်တယ် စီနီယာအစ်ကိုဆူ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး နှုတ်ဆိတ်နေ၏။

ဤတစ်ခေါက် မခွဲခွာခင် သူသည် ယန်လောရှုနှင့် မင်းသမီးသက်တံနီကို တကယ်ပင် နှုတ်ဆက်ရပေမည်။

သူသည် စီနီယာအစ်မမိုချင်ကို နှုတ်ဆက်သင့်သလား ဆူဇီမိုက မသိရှိသေးပေ။

မိုချင်သည် သိုင်းတာအိုပင်မခန္ဓာနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် သူ့ဆီကို အလည်လာခြင်းဖြစ်ရပေမည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ထဲမှ တစ်ခုဖြစ်ပြီး သူက အဲဒါကို မိုချင်ထံကနေ ဖုံးကွယ်ထားရပေမည်။

ထို့ကြောင့် မိုချင်နှင့်တွေ့ဆုံသည့်အချိန်တိုင်း သူက တွေဝေရှုပ်ထွေးမှုနှင့် အနည်းငယ်လိပ်ပြာမလုံမှုကို ခံစားနေခဲ့ရ၏။

ထောင်ယောင်သည် တစ်ချိန်လုံး စကားပြောဆိုခြင်းမရှိပေ။ သူသည် ဆူဇီမိုနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့ဖူးပြီး ဆူဇီမို၏ မူမမှန်မှုကို ခပ်ရေးရေးအာရုံခံမိလေသည်။

“သခင်လေး ဘာတွေများ ဖြစ်ခဲ့လို့လဲ”

ထောင်ယောင်က ညင်သာစွာ မေးလိုက်၏။

လျှိုဖျင်သည် ထောင်ယောင်၏ စကားကို ကြားမှသာ ဆူဇီမိုကို တွေဝေရှုပ်ထွေးသော အမူအရာဖြင့် အလိုလိုလှည့်ကြည့်လိုက်၏။

ဆူဇီမိုသည် လိုဏ်ဂူခန်းဝါ၏ ခန်းမထဲသို့ ပြန်လည်ရောက်ရှိလာပြီး မည်သည့်စကားမှမဆိုဘဲ အတန်ကြာသည်အထိ အလယ်မှာ ထိုင်နေ၏။

ခန်းမထဲရှိ လေထုက တင်းကျပ်လေးလံလာခဲ့၏။

အတန်ကြာပြီးနောက် ဆူဇီမိုက ဆုံးဖြတ်ချက်ချလိုက်ပုံရလေသည်။ သူက လျှိုဖျင်ကိုကြည့်ပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။

“လျှိုဖျင်… ငါမင်းကို မေးစရာရှိတယ်…မင်းအဲဒါကို သေသေချာချာနဲ့ အလေးအနက်စဉ်းစားပြီး ဖြေရမယ်”

လျှိုဖျင်က ခဏမျှ မှင်တက်သွား၏။ သို့သော်လည်း သူက အလျင်အမြန်တုံ့ပြန်ပြီး တည်တံ့စွာပြောလိုက်၏။

“စီနီယာအစ်ကို… မေးစရာရှိတာ မေးပါ”

ဆူဇီမိုက ပြောလိုက်၏။

“ငါက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကနေ ထွက်ခွာဖို့ ရွေးချယ်မယ်ဆိုရင် မင်းက ငါနဲ့အတူလိုက်ချင်လား… ဒါမှမဟုတ် ဒီမှာ နေခဲ့ချင်လား”

“ဒါပေါ့.. ကျုပ် ခင်ဗျားနောက်ကို လိုက်မှာ....”

လျှိုဖျင်က လွှတ်ခနဲ ပြောလိုက်၏။ သို့သော်လည်း သူက ဆူဇီမို၏ အမူအရာကို တွေ့မြင်သောအခါ ရပ်တန့်လိုက်လေသည်။

ဆူဇီမို၏ စကားအဓိပ္ပာယ်သည် တက္ကသိုလ်ကနေ ခဏတဖြုတ် ထွက်ခွာသွားခြင်းမျှလောက် မရိုးရှင်းဟူ၍ သူက နားလည်သဘောပေါက်လိုက်၏။

ဆူဇီမိုက လျှိုဖျင်နားလည်သွားပုံရသည်ကို တွေ့ရသောအခါ သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

“မပူပါနဲ့… မင်း ဘာကိုပဲ ရွေးချယ်ရွေးချယ် ငါ မင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားမှာပါ”

လျှိုဖျင်က ပခုံးအနည်းငယ်တွန့်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။

“ခင်ဗျား ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကနေ ဘာကြောင့်ထွက်ခွာချင်လဲ ကျုပ်နားမလည်ပေမဲ့ ကျုပ် ခင်ဗျားတို့နဲ့ သေချာပေါက်လိုက်မှာပေါ့”

လျှိုဖျင်၏ တုံ့ပြန်မှုက ဆူဇီမို တွေးထင်ထားသည်ထက် အနည်းငယ်ကျော်လွန်နေ၏။

မည်သို့ပင်ဆိုစေ လျှိုဖျင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်တစ်ယောက် ဖြစ်လေသည်။

လျှိုဖျင်၏ ပါရမီအရည်အချင်းအရ သူသည် အနာဂတ်မှာ ပကတိဧကနယ်ပယ်သို့ သေချာပေါက် တက်လှမ်းလိမ့်မည်ဖြစ်ပြီး တက္ကသိုလ်၏ အမွေခံတပည့်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ အဲဒါက မည်ကဲ့သို့သော အဆင့်အတန်းဖြစ်လာမလဲ။

သို့သော်လည်း သူသည် ဆူဇီမိုနောက်သို့ လိုက်လာမည်ဆိုလျှင် သူသည် သာမန်တာအိုကလေးငယ်လေးတစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။

အစကတော့ လျှိုဖျင်သည် သူနှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကြား အတန်ကြာသည်အထိ တွေဝေတုံ့ဆိုင်းနေလိမ့်မည်ဟု ဆူဇီမိုက တွေးထင်ထားခဲ့၏။ ယခု လျှိုဖျင်သည် ဆုံးဖြတ်ချက်တစ်ခုကို ဤမျှအထိ အလျင်အမြန်ချလိုက်လေသည်။

“ငါ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကနေ ထွက်ခွာမယ်ဆိုရင် ငါ ဘယ်တော့မှ ပြန်လာဖြစ်မှာ မဟုတ်လောက်ဘူး”

ဆူဇီမိုက ထပ်မံ၍ သတိပေးလိုက်၏။

“ကျုပ်သိပါတယ်”

လျှိုဖျင်က မှင်သေသေဖြင့်ပြောလိုက်၏။

“အဲဒါက တက္ကသိုလ်ကို သစ္စာဖောက်ရုံပဲမလား… ကိစ္စကြီးမှမဟုတ်တာ”

“စီနီယာအစ်ကိုဆူ… ကျုပ်အသက်ကို ခင်ဗျား ကယ်တင်ခဲ့တာပဲ… ကျုပ်ရဲ့ အစွမ်းအစတွေ အားလုံးကိုလည်း ခင်ဗျားပဲ သင်ပေးခဲ့တာ… ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်လို့ ကျုပ်မပြောနိုင်ဘူး… ဘာပဲပြောပြော အမှန်တရားကို လှည့်စားနိုင်တဲ့လူတွေက အများကြီးရှိတယ်… ဒါပေမဲ့ ကျုပ်ရင်ထဲမှာ ကျုပ် ခင်ဗျားကို အမြဲတမ်းအကြွေးတင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားတယ်”

လျှိုဖျင်၏ စကားကို ကြားသောအခါ ဆူဇီမိုက ခေါင်းညိတ်၍ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

လျှိုဖျင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ တကယ်ပဲနေဖို့ ရွေးချယ်မည်ဆိုလျှင် သူသည် လျှိုဖျင်နှင့်ပတ်သက်၍ ဘာမှလုပ်ပေးစရာ မရှိတော့ပေ။ သူက ထောင်ယောင်အတွက် နေရာထိုင်ခင်း ချပေးရုံသာ ရှိပေလိမ့်မည်။

“သခင်လေး… ဘာဖြစ်ခဲ့လို့လဲ”

ထောင်ယောင်က ထပ်မံ၍မေးလိုက်၏။

ထောင်ယောင်နှင့် လျှိုဖျင်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဆူဇီမိုသည် ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာ မဖြစ်ပျက်သရွေ့ ဤကဲ့သို့သော မေးခွန်းတစ်ခုကို သေချာပေါက် မေးမှာမဟုတ်ဘူးဆိုတာ သူတို့သိထားကြ၏။

“အဲဒါ အခုချိန်ထိတော့ ပြောဖို့ခက်သေးတယ်”

ဆူဇီမိုက ညင်သာစွာ ခေါင်းခါပြလိုက်၏။

“မင်းတို့နှစ်ယောက် တက္ကသိုလ်ရဲ့ ပို့ဆောင်ရေး ဝင်္ကပါဆီကို အခုသွားပြီး ကျိရွှမ်အင်မော်တယ်နိုင်ငံကို သွားရမယ်… ပြီးရင် မင်းသမီးယွင်ကျူးကို သွားရှာရမယ်”

“ငါ မင်းတို့ကို ကိုယ်တိုင်လာမရှာသရွေ့ မင်းတို့ ဘာသတင်းကိုပဲကြားကြား ဒါမှမဟုတ် တစ်ယောက်ယောက်က ဘယ်လိုသတင်းစကားကိုပဲပို့ပို့ ထွက်မသွားကြနဲ့”

လက်ရှိမှာ ထောင်ယောင်နှင့်လျှိုဖျင်ကို နေရာထိုင်ခင်းချပေးဖို့ ဆူဇီမိုစဉ်းစားမိသည့် တစ်ခုတည်းသောနေရာမှာ ကျိရွှမ်အင်မော်တယ်နိုင်ငံသာ ဖြစ်လေသည်။

ပထမအချက် ယွင်ကျူးသည် တက္ကသိုလ်သို့ တစ်ခါရောက်လာခဲ့ဖူးပြီး ထောင်ယောင်က သူမ၏ တာအိုကလေးငယ်ဖြစ်သည်ဟု လူတိုင်း၏ ရှေ့မှာ ပြောခဲ့ဖူးလေသည်။

ထောင်ယောင်က ယွင်ကျူး၏ ဘေးသို့ ပြန်လည်ရောက်ရှိသွားသည့်အခါ မည်သူကမှ မည်သည့်စကားကိုမှ ဆိုကြလိမ့်မည် မဟုတ်ပေ။

ဒုတိယအချက် ကြိုးကိုင်ခြယ်လှယ်သူက မည်သူပင်ဖြစ်စေ သူတို့အနေဖြင့် တာအိုကလေးငယ်နှစ်ယောက်အတွက်နှင့် ကျိရွှမ်အင်မော်တယ်နိုင်ငံနှင့် ရန်သူများ အဖြစ်ခံကြလိမ့်မည် မဟုတ်ပေ။

ဤထောင်ချောက်ကို ခင်းကျင်းထားသည့်လူက ဖန်တီးခြင်းကြာပဒုမ္မာနောက်သို့ လိုက်နေခြင်းဖြစ်ပြီး တာအိုကလေးငယ်နှစ်ယောက်နောက်သို့ မဟုတ်ပေ။

တတိယအချက် ယွင်ကျူးမှာ ထောင်ယောင်နှင့်လျှိုဖျင်ကို ကာကွယ်ပေးဖို့အတွက် လုံလောက်သည့် ခွန်အားရှိလေသည်။

All Chapters