← Chapters

မဖြစ်နိုင်တော့ဘူး

Vol. 2 Ch. 16

မဖြစ်နိုင်တော့ဘူး

Vol. 2 Ch. 16

လိမ်လည်ခြင်းဘုရင်လား။

ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ တောက်ပကြည်လင်နေသော မျက်ဝန်းများမှာ မှင်တက်နေလေသည်။

သူ တရားခံများစွာ ဖမ်းဆီးခဲ့ဖူးပြီး အခြေအနေများစွာ တွေ့ခဲ့ဖူးသော်လည်း ယခုအခိုက်အတန့်တွင်တော့ အလွန်စိတ်လှုပ်ရှားသွားမိသည်။

နှစ်ကြိမ်မျှ စစ်ဆေးပြီးနောက် လင်းချွမ်အကြောင်းလည်း အတော်သိနေလေပြီ။

လင်းချွမ်၊ အသက် (၂၄) နှစ်၊ ဘွဲ့ရပြီး တစ်နှစ်၊ အရှေ့ပိုင်းခရိုင်ရှိ ပျော်ရွှင်ခြင်းရပ်ကွက်တွင် အခန်းငှါးနေထိုင်ကာ စာအုပ်များ ရေးသားသည်။ စာအုပ်ရောင်းအား အလွန်ကျပြီး ဘဏ်အကောင့်ထဲ၌ ယွမ် (၅၀၀၀) အပြင် ပိုမရှိပေ။

ထိုကဲ့သို့လူမှာ ချန်မင်ပြောသည့် လိမ်လည်ခြင်းဘုရင် ဖြစ်နိုင်ရဲ့လား။

ရဲမှူးလီဖျင် ရှန်ချန်းချန်း၏ အတွေးကို သဘောပေါက်ကာ ချန်မင်ကိုကြည့်၍

“ဆရာချန် ဒီဝတ္ထုရေးတဲ့ဆရာက တကယ့် လူငယ်လေးပါ”

ချန်မင် အံ့ဩလျက်

“လူငယ်လေးလား”

“ဟုတ်တယ်”

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၏။

“ဒီအမှုကတော့ တကယ့်ကို ထူးဆန်းတာပဲ”

ချန်မင် ပြီးစလွယ် ဆုံးဖြတ်ချက် မချရဲပေ။

အတွေ့အကြုံများစွာ ရှိထားသော စခန်းမှူးလီဖျင်မှ

“ကျွန်တော်တို့ (၃) ယောက်ပေါင်းပြီး စစ်ဆေးကြည့်တာပေါ့။ ကောင်လေးရဲ့ အခြေအနေအမှန်ကို သိရအောင်”

ရှန်ချန်းချန်းနှင့် ချန်မင်တို့ ခေါင်းငြိမ့်ပြကာ လင်းချွမ်ထံ ထွက်လာခဲ့ကြသည်။

…

ကျွီ!

လေးလံသော သံတံခါးကြီးမှ ပွတ်တိုက်သံ ထွက်လာသောကြောင့် အထဲမှ အမျိုးသားများ လှမ်းကြည့်လိုက်ကြသည်။

“လင်းချွမ်”

လင်းချွမ် မော့ကြည့်လိုက်သောအခါ ရှန်ချန်းချန်း ရပ်၍ စိုက်ကြည့်နေသည်ကို တွေ့ရ၏။

ထိုစဉ် အိမ်ရှင်သူဌေးကျန်းက လက်တို့ကာ

“သူတို့ စစ်ဆေးဖို့ လာခေါ်နေကြပြီ။ ကောင်းကောင်း ပြောလိုက်နော်”

လင်းချွမ် မချိမဆန့် ပြုံးပြ၏။

ရှန်ချန်းချန်း အရှေ့မှ ဦးဆောင်သွားပြီး လင်းချွမ် အနောက်မှ လိုက်လာသည်။

ကော်ရစ်တာရှည်ကြီးကို လျှောက်ပြီးနောက် ထောင့်ချိုးနှစ်ခု ချိုးကာ မြေကွက်လပ်ကျယ်ကြီးကို ဖြတ်လိုက်သောအခါ လင်းချွမ် ရင်းနှီးနေသောအခန်းသို့ ရောက်လာပြန်၏။

စစ်ဆေးရေးအခန်းထဲ၌ လူနှစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။

စခန်းမှူးလီဖျင်နှင့် လောင်းကစားတိုက်ဖျက်ရေး ပညာရှင် ချန်မင်တို့ ဖြစ်၏။

သူတို့၏ စူးရှသောအကြည့်များကြောင့် လင်းချွမ် ပေါက်ထွက်သွားတော့မလို ခံစားနေရသည်။

ထို့နောက် နေရခက်သည့်ကြားမှ လင်းချွမ် ထိုနှစ်ဦးကို ခိုးကြည့်လိုက်မိသည်။

လီဖျင်မှာ မျက်ခုံးထူထူ၊ မျက်အိမ်ကျယ်ကျယ်နှင့် အသားအရည်ဝင်းကာ ဖြောင့်မတ်မည့်ပုံ ပေါ်သည်။

ချန်မင်ကတော့ အလွန်ရင်းနှီးသလို ခံစားချက်မျိုး ရလေ၏။

လူလိမ်တစ်ဦးကဲ့သို့ပင်။

သို့သော် သူ အများကြီး မတွေးနိုင်သေးပေ။ သူ ဝင်ထိုင်လိုက်သည်နှင့် စစ်ဆေးမှု စတင်တော့၏။

စခန်းမှူးလီဖျင်မှ ဦးဆောင်၍ ရှန်ချန်းချန်းသည် ဘေးတွင် အကူအဖြစ် ရှိနေသည်။

ချန်မင်ကတော့ အထူးပညာရှင်ဖြစ်သောကြောင့် လေ့လာသုံးသပ်ကူညီရန် ဖြစ်၏။

မျက်နှာလေးထောင့်ကျကျ အသံလေးလေးနှင့် လီဖျင်က တိုက်ရိုက် တန်းမေးလေသည်။

“လင်းချွမ် မင်းက လူလိမ်လား”

သူ ခေါင်းကို အပြင်းအထန်ယမ်း၍ အမြန် ငြင်းရလေသည်။

“မဟုတ်ပါဘူး”

“လိမ်လည်နည်းတွေရော သိလား”

“မသိ…”

လင်းချွမ် ရပ်သွားပြီးမှ

“အာ နည်းနည်းတော့ သိတယ်”

သူ လုံးဝမသိဟုပြောလိုက်လျှင် စခန်းမှူးဦးလေးကြီး ယုံမည်မဟုတ်ပါ။

အခန်းငယ်လေးမှာ အေးစက်၍ အနေအထားက တင်းမာနေသည်။

လီဖျင်မှဆက်၍

“လင်းချွမ် မင်းရဲ့ ‘လူလိမ်’ ဆိုတဲ့စာအုပ်ထဲမှာ လိမ်နည်းတွေကို အသေးစိတ် ရေးထားတယ်။ အဲ့တာ အမှန်ပဲလား”

“အဲ့တာက…”

ရှန်ချန်းချန်းမှ သက်ဆိုင်ရာ စာရွက်စာတမ်းများ ထုတ်ပြ၍ ထောက်ခံသလို ခေါင်းငြိမ့်ပြသည်။

လီဖျင်၏ အမူအရာမှာ တင်းမာလျက်ပင်

“စစ်ဆေးမှုအရ ဒီလိမ်လည်နည်းတွေမှာ သံသယဖြစ်စရာ တွေ့ရတယ်။ မင်း တမင် သင်ပေးဖို့ ရေးခဲ့တာမလား”

ဝတ္ထုမှတစ်ဆင့် ဥပမာပေးသည်များ ရှိပါသည်။

နောက်ဆုံးတော့ အပြစ်များသာ ဖြစ်သွား၏။

ခေတ်မီပြစ်မှုကျူးလွန်နည်းများမှာ အမြဲ ရှိနေတတ်ပါသည်။

လီဖျင်ကတော့ လင်းချွမ်အမှုမှာ ထိုကဲ့သို့အခြေအနေနှင့် ဆင်တူသည်ဟု ထင်မိ၏။

လင်းချွမ်မျက်နှာလေး ဖြူဖျော့လျက် ခေါင်း အတင်းယမ်းကာ

“မဟုတ်ရပါဘူး ဆရာရယ်။ ကျွန်တော့် အရေးအသား တိကျတယ်ဆိုတာနဲ့ပဲ အပြစ်လို့ တပ်လို့မရဘူးလေ။ ကျွန်တော့်ဝတ္ထုထဲကနေ အဲ့လိုသင်ယူနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်တော်လည်း အဲ့လို ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ဘူး”

လင်းချွမ်ကိုယ်တိုင်လည်း အခန်းထဲ ထိုင်နေရင်း တစ်ချိန်လုံး စဉ်းစားနေခဲ့မိပါသည်။

သို့သော် လုံးဝမထင်ထားသော ကိစ္စဖြစ်၏။

လီဖျင် လက်ယမ်း၍

“ဒီလိုပြစ်မှုတွေ၊ တရားမဝင်မှုတွေက သက်သေအပေါ် အခြေခံရတာပဲ။ စစ်ဆေးကြည့်လိုက်တော့ ‘မာနကျန်း’ ဆိုတဲ့အကောင့်ကနေ မင်းကို ငွေကြေး ထောက်ပံ့တာ တွေ့ရတယ်။ အွန်လိုင်း ရတနာသေတ္တာ (၂) ခုဆိုရင် ယွမ် (၂၀၀၀) မလား”

လင်းချွမ် လန့်သွား၏။

မာနကျန်းလား။

တစ်ရက်တည်းနဲ့ လိမ်နည်းလေ့လာပြီး တတ်သွားတယ်ဆိုတာ သူလား။

အဲ့ပိုက်ဆံက တကယ် ဒီအတွက် ပေးတာလား။

အာ အဲ့တာက…

သွားပြီ။ ငါ ဖြေရှင်းလို့ မရတော့ဘူး။

“ဟုတ်လားလို့”

လီဖျင် စိတ်မရှည်စွာ ထပ်မေး၏။

“ဟုတ်ပါတယ်”

လင်းချွမ် ဇက်ကလေးပုလျက် ခပ်တိုးတိုး ပြန်ဖြေသည်။ အမြင်များလည်း ဝေဝါးနေလေပြီ။

“သူ လိမ်နည်းတွေ လေ့ကျင့်ပြီး မြေအောက် လောင်းကစားဝိုင်းမှာ တကယ်သုံးခဲ့တယ်တဲ့”

လီဖျင် ဆက်ပြော၏။

“အဲ့တာကြောင့် မင်းက ဝတ္ထုထဲကနေတစ်ဆင့် ပြစ်မှု ကျူးလွန်နည်းတွေ သင်ပေးနေတယ်လို့ သံသယ ရှိတယ်”

လင်းချွမ် တဖြည်းဖြည်း ရုပ်လုံးပေါ်လာ၏။

လုံးဝ ရုန်းမထွက်နိုင်သော အခြေအနေပင်။

လင်းချွမ် စိတ်ငြိမ်အောင် မနည်းထိန်း၍ အားယူကာ ပြောလေသည်။

“ဆရာတို့ ကျွန်တော် ပိုက်ဆံရအောင် စာရေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ‘မာနကျန်း’ ဆိုတဲ့သူနဲ့လည်း မသိဘူး။ သူပေးတဲ့ ပိုက်ဆံကလည်း ဝတ္ထုကို လေးစားလို့ ပေးတာပါ။ သင်တန်းခလိုမျိုး မဟုတ်ပါဘူး”

လီဖျင်ပြုံး၍

“မင်းက မသိဘူးပေါ့လေ”

“ဟုတ်ပါတယ် မသိဘူး”

လင်းချွမ် အတိအကျ ပြောလေ၏။

ရှန်ချန်းချန်း လင်းချွမ်အား စိုက်ကြည့်၍

“လင်းချွမ် သူက ရှင့်အိမ်ရှင်လေ။ ခုနလေးတင် အချုပ်ခန်းမှာ အတူတူရှိနေသေးတယ်။ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ”

“ဟင်”

လင်းချွမ် မျက်လုံးထွက်ကျမတတ် ပြူးလျက် တုန်လှုပ်နေသည်။

အိမ်ရှင် ဦးလေးကျန်းလား။

လုံးဝ ရှင်းလို့မရတော့ဘူး။

ဟင်။

နေပါဦး။ မဟုတ်သေးပါဘူး။

လင်းချွမ် ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ

“ရဲမှူးကြီး ကျွန်တော် ပြောပြမယ်နော်။ ကျွန်တော်သာ ဦးလေးကျန်းနဲ့ သိပြီးသားကို သင်ပေးချင်ရင် ဝတ္ထုကနေ ရေးနေဦးမလား။ တစ်ရပ်ကွက်ထဲ နေတာပဲ။ တိုက်ရိုက်သင်တာက ပိုမလွယ်ဘူးလား။ ဘာလို့ စာတွေရေးပြီး ခက်ခက်ခဲခဲ လုပ်နေမှာလဲ”

သူ့စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။

လင်းချွမ်လည်း အခွင့်အရေးရတုန်း ဖမ်းဆုပ်၍ ပြောလေ၏။

သူ့ဖြူစင်မှုကို သက်သေပြရန် အကောင်းဆုံးအချိန် ဖြစ်သည်။

လင်းချွမ်လည်း ရှေ့မှ (၃) ဦးလုံး၏ အရိပ်အကဲများကို လိုက်ကြည့်ရင်း ချန်မင့်ထံတွင် ရပ်သွားသည်။

ထို့နောက် လူလိမ်နှင့်တူသော လောင်းကစားတိုက်ဖျက်ရေး ပညာရှင်အပေါ် အတွေးတစ်ခု ရကာ

“အမှန်တော့ ကျွန်တော် ဒီဝတ္ထုကိုရေးတာ တခြားရည်ရွယ်ချက် ရှိပါသေးတယ်”

ရှန်ချန်းချန်း အံ့ဩသွားပုံဖြင့်

“ဘာရည်ရွယ်ချက်လဲ”

လင်းချွမ် မျက်နှာကို ခပ်တည်တည်ထားကာ လေးနက်သော အမူအရာဖြင့်

“ရဲမှူး ဒီဝတ္ထုကို လိမ်နည်းတွေနဲ့ ပျံ့ပွါးလာတဲ့ လောင်းကစားတွေမှာ တိုက်ဖျက်နိုင်ဖို့ မျှော်လင့်ပါတယ်”

All Chapters