ခက်ခဲနှင့် ရင်ဆိုင်နေရသည့် မအောင်မြင်သော သာမန်စာရေးဆရာ လင်းချွမ်တစ်ယောက် တစ်နေ့တွင် ရွှေလက်ချောင်း - အလုပ်အကိုင်အတွေ့အကြုံစနစ် ရရှိလာခဲ့၏။ ထိုသို့ အတွေ့အကြုံများ ရရှိပြီးနောက် လင်းချွမ်မှာ ဝတ္ထုများကို သူ့အတွေ့အကြုံအတိုင်း စတင်ရေးလေသည်။ သို့သော် သူ့အလုပ်အကိုင် အတွေ့အကြုံများမှာ ထူးဆန်း၏။ လူလိမ်၊ လုပ်ကြံသတ်ဖြတ်သူ၊ ဟက်ကာ၊ ဓားပြ… စသဖြင့်ဖြစ်ပြီး ထိုအကြောင်းအရာနှင့် ဆက်စပ်သော ဝတ္ထုများ ပေါ်ထွက်လာခဲ့သည်။ အချိန်တိုအတွင်း သူပင် သတိမထားမိလိုက်ဘဲ ဝတ္ထုများ အောင်မြင်သွားတော့သည်။ စာဖတ်သူများ၏ တုံ့ပြန်မှုအချို့မှာ “ဒီစာအုပ်က အရမ်းလက်တွေ့ဆန်တာပဲ။ တကယ့် အတ္ထုပ္ပတ္တိနဲ့ တူတယ်” “ဒီလိုနဲ့ ဆရာလင်းတော့ အနှေးနဲ့အမြန် ထောင်ကျတော့မယ် ထင်တယ်” “စာရေးဆရာလင်း မဟုတ်ဘူး။ သံသယရှိသူလင်း ဖြစ်နေပြီ” ဤသို့ဖြင့် စာဖတ်သူများ၏ အတွေးများ မှန်ကန်လာခဲ့ပြီး မကြာမီ ရဲများ ရောက်လာကြသည်။ “ခင်ဗျားဟာ အရေးကြီးတဲ့ တရားမဝင် ပြစ်မှုကြီးတွေမှာ ပါဝင်နေတယ်လို့ သံသယရှိပါတယ်” “ဟမ်” လင်းချွမ် စွံ့အနေ၏။ “ခင်ဗျားဝတ္ထုထဲက ပြစ်မှုတွေက ခင်ဗျားတကယ် ကျူးလွန်ခဲ့တာမလား” လင်းချွမ် မျက်နှာပျက်သွားသည်။ သွားပြီ။ ငါ ဒီအတိုင်း ဇာတ်ကောင်နေရာမှာ ဝင်ခံစားပြီးရေးမိတာလေ။ တကယ့် တရားခံမှ မဟုတ်တာ။

