သတ်ပစ်
Vol. 10 Ch. 150
ကျောက်တုံလည်း အမှန်အတိုင်း ရှင်းပြလေသည်။
“ဒါရိုက်တာကျန်း ဖြစ်စဉ်အစက မနက်ပိုင်းမှာ ရဲမေရှန်ဆီကို အရေးကြီး အချက်အလက်တွေ ပေါ်လာကြောင်း စပြောပါတယ်”
“ရှန်လား”
ကျန်းပြောင် ရှန်ချန်းချန်းအား လှည့်ကြည့်လိုက်မိသည်။
ရှန်ချန်းချန်းက
“ဒါရိုက်တာကျန်း ကျွန်မလည်း ဘယ်သူပို့လိုက်လဲ မသိပါဘူး။ ကျွန်မ မနက်က အီးမေးလ် ဖွင့်လိုက်တဲ့အခါ အမည်မသိလိပ်စာကနေ စာဝင်နေတာပါပဲ”
“မင်းလည်း မသိဘူးလား”
ကျန်းပြောင် အလွန်အံ့ဩနေ၏။
ရှန်ချန်းချန်း ခေါင်းယမ်းပြသည်။
“ဘယ်သူ ဖြစ်မယ်လို့ရော ထင်လဲ”
ကျန်းပြောင် ခဏစဉ်းစား၍ ထပ်မေး၏။
“ကျွန်မထင်တာက ဖြစ်နိုင်တာတော့…”
ရှန်ချန်းချန်း တွေဝေ၍ ဆက်မပြောပေ။
သူ့စိတ်ထဲတွင်တော့ လင်းချွမ်ဟုသာ အခိုင်အမာ ယုံကြည်ထားမိသည်။
သူရော လင်းချွမ်ရော ကျားဖြန့်ဂိုဏ်း ဖမ်းဆီးရေးတွင် အတူပါဝင်ခဲ့ဖူးပါသည်။
ထို့ကြောင့် မနေ့ညက လင်းချွမ်တိုက်ခိုက်ခံရသည်ကိုလည်း နားလည်၏။
လင်းချွမ်မှာ သူတို့ဘက်မှ ဂိုဏ်းအခွဲ (၂) ခုကို တစ်ဆက်တည်း ဖြုတ်ချခဲ့ဖူးပြီး ဆုံးရှုံးမှု ကြီးခဲ့သည်။
လင်းကန်တွင် (၁၅) ယောက် အဖမ်းခံရပြီး သစ်ရွက်စိမ်းကြွေထည်စက်ရုံ၌ လျှိုချင်းတို့တစ်ဖွဲ့လုံး ပါသွား၏။
ထို့ကြောင့် သူတွေ့ရသော အခြေအနေအရ လင်းချွမ်ဟုသာ ညွှန်ပြနေပါသည်။
“သူလား”
ကျန်းပြောင် မျက်လုံးလေး ပြူး၍ စိုက်ကြည့်နေမိ၏။
ရှန်ချန်းချန်း ခဏစဉ်းစား၍ ခေါင်းငြိမ့်ကာ
“ဒီအတိုင်း ကျွန်မအထင်ပဲ ရှိတာပါ”
“ကောင်းပါပြီ။ နားလည်ပြီ”
ကျန်းပြောင် သက်ပြင်းချ၍ ပြောလိုက်သည်။
သူ့စိတ်ထဲတွင်လည်း လင်းချွမ်သာဆိုလျှင် ထိုသို့ပြုလုပ်နိုင်လောက်မည်ဟု ယုံကြည်နေ၏။
သို့သော် အမည်မသိလိပ်စာဖြစ်နေ၍ သက်သေ မပြနိုင်ပေ။
“အချက်အလက်တွေစုပြီး မြန်မြန် ပို့လိုက်။ ပညာရှင်တွေဆီပို့ပြီး မှန်ကန်မှုရှိမရှိ မေးလိုက်မယ်”
…
ဒါရိုက်တာကျန်းရုံးခန်း။
ရှန်ချန်းချန်း မကြာမီ ဖိုင်တွဲများနှင့် USB များ ယူကာ စားပွဲပေါ် တင်ပေးလိုက်သည်။
“ဒါရိုက်တာကျန်း ဒီမှာ ပြောထားတဲ့ အချက်အလက်တွေပါ”
ကျန်းပြောင် ကျေနပ်စွာ ခေါင်းငြိမ့်၍
“စစ်ဆေးမှုရော ပြီးသွားပြီလား”
“အားလုံး ပြီးပါပြီ။ အချက်အလက်တွေအကုန် အတိအကျပါပဲ။ ငွေဖြူလဲတာတွေရော မှန်ပါတယ်…”
သူတို့ရရှိထားသော ဖိုင်များမှာ အားလုံး မှန်နေလေသည်။
ဟူး~
ရှန်ချန်းချန်း စကားဆုံးမှ သက်ပြင်းချလိုက်၏။
ကျန်းပြောင် ရေတစ်ခွက် ငှဲ့ပေးလိုက်ပြီး
“ဒီအချက်အလက်တွေက အရမ်း အရေးကြီးတယ်။ တကယ် တော်ပါတယ်။ မင်းရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်ကွာ”’
“ဒါ ကျွန်မတာဝန်ပါပဲ”
ရှန်ချန်းချန်း ပြုံး၍ ပြန်ဖြေသည်။
ကျန်းပြောင် ရေနွေးကြမ်းတစ်ငုံသောက်၍
“ဒါနဲ့ ရဲဘော်လင်းရော ဘယ်လိုလဲ”
“မနေ့ညက အိမ်ပြန်လိုက်ပို့ပေးပြီးတည်းက အဆက်အသွယ် မရှိပါဘူး။ ဒါပေမဲ့ အဆင်ပြေနေမှာပါ”
ကျန်းပြောင် ခေါင်းငြိမ့်၍ ပြုံးကာ
“မနေ့ညက ဟူတာချန်းတို့ဆီက ကြားပါတယ်။ လင်းချွမ်ရဲ့ တိုက်ခိုက်စွမ်းရည်က တော်တော် ကြမ်းတယ်ဆိုပဲ။ လူမိုက် (၁၀) ယောက်ကို အကုန် ရှင်းလိုက်နိုင်တာ အထင်ကြီးစရာ ကောင်းလွန်းတယ်”
“ကျွန်မလည်း… သူ့ကို အဲ့လောက် မထင်ထားဘူး”
ရှန်ချန်းချန်း ရယ်မောနေသည်။
လင်းချွမ်မှာ ပိန်ပိန်သွယ်သွယ်နှင့် အွန်လိုင်းစာရေးဆရာဟုသာ သိထား၏။
သို့သော် မနေ့ညအခြေအနေတွင် လင်းချွမ်တစ်ယောက် ချွေးပင်မစိုလိုက်ဘဲ အားလုံးကို ဖျက်ဆီးလိုက်၏။
“ကျွန်မလည်း သူ့ဆီက သင်ယူနေရတာပါ”
ရှန်ချန်းချန်း တောက်ပစွာ ပြုံးနေ၏။
“ဪ ကျွန်တော်တို့ဘက်ကလည်း အရေးယူဖို့ သေချာ စစ်ဆေးနေတာမို့လို့ နောက်ထပ် တိုက်ခိုက်ခံရမှာကို မစိုးရိမ်ပါနဲ့လို့ ပြောလိုက်ပါဦး”
“ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်”
ရှန်ချန်းချန်း ရုံးခန်းထဲမှ ထွက်သွားပြီးနောက် ကျန်းပြောင် ဖိုင်များကို ငေးကြည့်ရင်း ကျန်ခဲ့လေသည်။
ထို့နောက် ခဏစဉ်းစား၍ တာဝန်ရှိသူတစ်ဦးအနေဖြင့် ဖုန်းဆက်လိုက်၏။
တူ တူ…
ဖုန်းဝင်သွားသည်နှင့် ကျန်းပြောင်ချက်ချင်းပင်
“အကြီးအကဲကျုံ လင်းချွမ် မနေ့ညက လူမိုက်တွေ တိုက်ခိုက်ရတာအပြင် နောက်ထပ် တင်ပြစရာလေး ရှိနေလို့ပါ”
တစ်ဖက်မှ ကျုံချန်မင်း မျက်ခုံးပင့်လိုက်ပြီး
“ကျားဖြန့်နဲ့ပတ်သက်ပြီး အချက်အလက်တွေ သိရပြီလား”
သူ လင်းချွမ်အား များစွာ မျှော်လင့်ထားပါသည်။
ကွန်ပျူတာနည်းပညာ၊ ကျားဖြန့်၊ တိုက်ခိုက်ခြင်း အားလုံးမှာ ကျုံချန်မင်းအတွက် သတိပြုမိစရာ ဖြစ်၏။
ထို့ကြောင့် ကျန်းပြောင်အား သေချာ စုံစမ်းရန် ညွှန်ကြားထားခဲ့၏။
“အကြီးအကဲကျုံ ကျွန်တော်တို့ နယ်စပ် ကျားဖြန့်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအကုန် သိထားပြီးပါပြီ”
“အကုန်လား”
သူ မျက်မှောင်ကြုတ်၍ မှင်တက်နေမိ၏။
ညက အမှုဖြစ်ထားသည်နှင့် ဆက်စပ်လျှင် အချိန် (၁၀) နာရီပင် မပြည့်သေးသည်ကို မည်သို့ စုံစမ်းလိုက်သနည်း။
“ဟုတ်ကဲ့။ အကုန်လုံးပါ။ ဒါပေမဲ့ ကျွန်တော်တို့ စုံစမ်းတာတော့ မဟုတ်ဘူး။ လျှို့ဝှက် အကောင့်တစ်ခုကနေ ပို့ပေးလာတာပါ”
“လျှို့ဝှက်အကောင့်လား”
ကျန်းပြောင် ဆက်ရှင်းပြ၏။
“ဟုတ်ပါတယ်။ ဒီမနက် အန်လင်းကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့က ရှန်ချန်းချန်းဆီကို အမည်မသိ လိပ်စာကနေ နယ်စပ်ကျားဖြန့်အဖွဲ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေအကုန် ပို့ပေးထားတာပါ။ ဂိုဏ်းထဲက ခေါင်းဆောင်တွေအကြောင်းပါ ပါပါတယ်”
“ရောက်လာတဲ့အချိန်က တိုက်ဆိုင်လိုက်တာ”
“ဘာကိုဆိုလိုတာလဲ ဒါရိုက်တာကျုံ”
ကျန်းပြောင် ပြန်မေးလိုက်သည်။
“ပို့တဲ့သူကို စုံစမ်းလို့ရလား”
ကျုံ ခဏစဉ်းစား၍ ပြောလိုက်၏။
“အဲ့တာတော့ ခက်ပါတယ်။ ကျွန်တော်တို နည်းပညာရှင်တွေ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ မထူးဘူး ဖြစ်နေတာ”
ကျန်းပြောင် ပြန်ဖြေ၏။
အကြီးအကဲကျုံ ရယ်မော၍
“မင်းတို့ နည်းပညာရှင်တွေကိုတော့ ထပ်ကျော်နိုင်တာ သိပ်မရှိဘူးနော်”
“ဟုတ်ပါတယ်”
နှစ်ယောက်သား ရယ်မောမိကြသည်။
“နေဦး ဒီဘက်မှာ ကိစ္စလေးရှိလို့”
အကြီးအကဲကျုံ ရုတ်တရက် ဖုန်းချသွား၏။
တစ်ဖက်တွင် ရဲဝန်ထမ်းလေး ဝင်လာပြီး
“အကြီးအကဲကျုံ ကျွန်တော်တို့ကို စောင့်ကြည့်ခိုင်းထားတဲ့ နယ်စပ်ကျားဖြန့်အဖွဲ့မှာ ထူးခြားမှု ရှိလာပါတယ်”
“မြန်မြန် ပြောစမ်း”
သူ မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။
ယနေ့အတွင်း အချက်အလက်များစွာ ပေါ်ပေါက်လာသည်။
ရဲဝန်ထမ်းလေးက
“ကျားဖြန့်ဂို