← Chapters

အကဲဖြတ်ခြင်း

Vol. 11 Ch. 161

အကဲဖြတ်ခြင်း

Vol. 11 Ch. 161

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။ 

မိုတုမြို့ကောင်းကင်ယံ၌ အပြာရောင် ကတ္တီပါခင်းကြီးတစ်ထပ် ခင်းထားသကဲ့သို့ ဖြစ်နေပြီး အစွန်းဘက်တွင် လိမ္မော်ရောင် ငွေ့ငွေ့လေး ကျန်နေ၏။ 

လမ်းမထက်တွင် ကားများရှုပ်ထွေးကာ နီယွန်မီးရောင်၏ တောက်ပမှုကြောင့် ညမှာ အသက်ဝင်လှသည်။ 

နူးညံ့သော လေညင်းများ အလုပ်ခန်းထဲ တိုးဝင်လာ၏။ 

ပိုင် အလုပ်ခန်းထဲတွင် ကြေးကရားကို ကိုင်ရင်း ဖုန်းဖွင့်လိုက်သည်။ 

ယခုနှစ်ပိုင်းများတွင် အွန်လိုင်း live လွှင့်ခြင်း လုပ်ငန်းများ ပို၍ တိုးတက်လာ၏။ 

ရတနာအကဲဖြတ်သူများမှာလည်း အပြင်လောကမှ အွန်လိုင်း live လွှင့်ခြင်းသို့ ကူးပြောင်းလာကြသည်။ 

ပိုင်မှာ နာမည်ကြီးဖြစ်သည့် ဟိုင်တုံ၊ ထင်ချွမ်တို့ကဲ့သို့ ပညာရှင်များနှင့် ရင်းနှီးပြီး ဖြစ်ပါသည်။ 

သို့သော် ပိုင် အလောတကြီးတော့ ဆက်သွယ်ရန် မလိုပါ။ 

ထိူ့နောက် ခဏစဉ်းစား၍ လင်းချွမ်အား စာပို့လိုက်သည်။ 

“လင်းရေ ကျွန်တော်ပို့လိုက်တဲ့ ရတနာသေတ္တာကို တွေ့လား ဟီးဟီး”

သူ မကြာသေးမီကမှ စာဖတ်ရင်း လက်ဆောင် ပို့ပေးလိုက်ခြင်း ဖြစ်သည်။ 

လင်းချွမ်မှ 

“ရပါတယ် အစ်ကိုပိုင်ရယ်။ ဒါနဲ့ ဒီရက်ပိုင်း မိုတုမှာပဲလား”

“ဟုတ်တယ်။ မိုတုလာဖို့ ရှိလို့လား”

ပိုင် မျက်ခုံးပင့်၍ မေးလိုက်၏။ 

“ကျွန်တော့်ဝတ္ထု ‘လှည့်စားခြင်း’ ကို ရုပ်ရှင်ပြန်ရိုက်ဖို့အတွက် မိုတုမှာ စတူဒီယိုရှိတယ်လေ။ အဲ့မှာ အစည်းအဝေး လာလုပ်ရမှာ။ လေယာဉ်လက်မှတ်လည်း ဝယ်ပေးပြီးပြီ။ ငြင်းရမှာ အားနာဖို့ကောင်းတယ်လေ”

လင်းချွမ် တက်တက်ကြွကြွ ပြန်ဖြေ၏။ 

ကျားဖြန့်တိုက်ဖျက်ရေးစင်တာမှ ပြိုင်ပွဲပိတ်ပြီးသည်နှင့် နေရောင်ခြည် ထုတ်လုပ်ရေးနှင့် တိုင်ပင်ကာ ချက်ချင်း စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

ရုပ်ရှင်ကိုတော့ ဒါရိုက်တာ ရှန်ချန်းမှ ရိုက်ကူးမည် ဖြစ်ပြီး ဇွန်လ (၁၁) ရက်နေ့ နေ့လယ်ကပင် သူကိုယ်တိုင် လင်းချွမ်အား ဆက်သွယ်ကာ ဖိတ်ကြားခဲ့သည်။ 

“ဘယ်တော့ လာမှာလဲ။ ကျွန်တော် လာကြိုမယ်လေ”

ပိုင် နွေးထွေးစွာ ပြော၏။ 

လင်းချွမ် ပြုံး၍

“မနက်ဖြန် လေယာဉ်နဲ့လာမှာဗျ။ အယ်ဒီတာလည်း လာကြိုမယ်တော့ ပြောတယ်။ မိုတုရောက်မှ အေးဆေး တွေ့တာပေါ့ဗျာ”

“ကောင်းပါပြီ။ တွေ့ကြမယ်”

ပိုင် ပြုံးရွှင်၍ ဖြေလေ၏။ 

လင်းချွမ် မနက်ဖြန် ရောက်လာပါက သူ ပြုလုပ်ထားသော ကြေးကရားကိုလည်း ပြကာ အကဲဖြတ်ခိုင်းမည်ဟု တွေးထားလိုက်သည်။ 

‘ရှေးဟောင်းပစ္စည်းများ’ ဟူသော ဝတ္ထုကိုဖတ်ရင်း လင်းချွမ်၏ အမြင်ကို အထင်ကြီးမိလာသည်။ 

သူ့အတွက် ပစ္စည်းအကဲဖြတ်ရန်မှာ ခက်ခဲသောကိစ္စ မဟုတ်နိုင်ရာပေ။ 

သူ ဒီည ဟိုင်တုံနှင့် ထင်ချွမ်တို့အား အရင်ဆုံး အကဲဖြတ်ခိုင်းထားမည်ဟု တွေးလိုက်သည်။ 

ထို့နောက် လင်းချွမ်နှင့် စကားစဖြတ်၍ ချက်ချင်း ဟိုင်တုံ၏ live ထဲ ဝင်လိုက်၏။ 

ထိုအခါ ဘဲဥပြုတ်ကဲ့သို့ ပြောင်တင်းနေသော သူ့ခေါင်းကို အရင်တွေ့ရပြီး ‘ညီမလေး’ ဟု ခေါ်နေသော ရှေးဟောင်းပစ္စည်း စုဆောင်းသူ အမျိုးသမီးနှင့် စကားပြောနေသည်။ 

ပိုင်ကြည့်ရင်း အနည်းငယ်မဲ့သွား၏။ 

ထိုစကားစမှာ အတော်နှင့် ပြီးဆုံးမည် မဟုတ်ချေ။ 

သူ ဝင်ပြောလျှင်လည်း ထူးမည်မဟုတ်ပါ။ 

“ထင်ချွမ်ကို တစ်ချက်ကြည့်တာပေါ့”

ပိုင် ရေရွတ်ရင်း ထင်ချွမ်၏ live ထဲ ဝင်လိုက်သည်။ 

“အားလုံးပဲ။ တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီ စည်းမျဉ်းတချို့ ပြောပြပေးချင်ပါတယ်။ မြန်တဲ့လမ်းကြောင်းကဆိုရင် ပုံမှန်သွားရမှာဖြစ်ပြီး မဟုတ်ရင်တော့ တခြားညီအစ်ကိုတွေအတွက် တန်းစီရ ခက်ခဲသွားနိုင်လို့ပါ။ ကဲ ဒါဆို အခုပဲ စလိုက်ကြရအောင်ရ

ထင်ချွမ်မှာလည်း မိန်းမလှလေးများ ဆက်သွယ်သည်ကိုသာ လက်ခံလေ့ရှိပြီး ပျော်ရွှင်နေတတ်သည်။ 

ယခု ကံကောင်းစွာဖြင့် live လွှင့်ခါစဖြစ်ပြီး မည်သူနှင့်မျှ မဆက်သွယ်ရသေးချေ။ 

“အခွင့်ကောင်းပဲ”

ပိုင် ငွေနည်းနည်းသုံး၍ ဆက်သွယ်လိုက်၏။ 

ဤသို့ဖြင့် အောင်မြင်သွားလေသည်။ 

Live ထဲတွင် ထင်ချွမ် ဘယ်ဘက်မှပေါ်လာပြီး ပိုင်မှာတော့ ညာဘက်တွင် ရှိနေသည်။ 

ပိုင် သူ့မျက်နှာကို မပြဘဲ ကင်မရာအား မျက်နှာကျက်ဘက်သို့ထောင်၍ နှုတ်ဆက်လိုက်သည်။ 

“ဆရာချွမ် ကျွန်တော့်မှာ ပစ္စည်းတစ်ခု ရထားလို့။ တစ်ချက် ကြည့်ပေးပါဦး”

“ယူလာလေ။ ပြကြည့်ကြည့်”

ထင်ချွမ်ရယ်မော၍ ပြောလိုက်၏။ 

ပိုင်လည်း ပစ္စည်းအား ကင်မရာရှေ့သို့ ထောင်ပြလိုက်သည်။ 

“ဘာများလဲ ကြည့်ရအောင်”

ထင်ချွမ် မျက်မှန်တပ်ကာ ဂရုတစိုက်ကြည့်လိုက်သည်။ 

ရုတ်တရက်။ 

သူ မျက်မှောင်ကြုတ်၍ အလွန်အံ့ဩသွားပုံဖြင့်

“ညီလေး နည်းနည်းလှည့်ပြပါလား။ အနီးကပ် ကြည့်ချင်လို့”

“ဟုတ်ကဲ့”

ပိုင် ကြေးကရားအား လှည့်ပြလိုက်သည်။ 

ထင်ချွမ် အနီးကပ်လာပြီး စိုက်ကြည့်နေမိသည်။ 

ကြေးထည်မှာ သေသပ်နေသော်လည်း တိုက်စားခံထားရမှန်း သိသာသည်။ 

အဖုံးအပေါ်ဘက်၌ သံချေးနှင့် အညစ်အကြေးအချို့ စွန်းနေပြီး ထောင်းထီရုပ်ပုံကို ပိုထင်ရှားစေသည်။ 

ထင််ချွမ် အတော်ကြာအောင် ကြည့်နေပြီးမှ သက်ပြင်းချကာ အသံမြှင့်၍ ပြောလိုက်သည်။ 

“ညီလေးက အမြင်ရှိတာပဲ။ တကယ့်အစစ်ကို မြင်တတ်တယ်”

ပိုင်ချက်ချင်း ပြန်ပြောလေသည်။ 

“ဆရာ ဒါက မျိုးရိုးစဉ်ဆက် အမွေပါ”

ထိုအခါ ကွန်းမန့်များ တန်းစီ တက်လာ၏။ 

[မျိုးရိုးအမွေလား။ အဖြေက ဆန်းသားပဲ]

[ဝါး အစ်ကိုကတော့ ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်မိပြီ]

[ဘာကို မျိုးရိုးအမွေလဲ]

[နည်းနည်း အစွန်းအထင်းပါတာ ဘာဖြစ်လဲ]

[…]

ထင်ချွမ် မျက်မှောင်ကြုတ်ကာ ထပ်ပြောလိုက်သည်။ 

“မင်းက တကယ့် ကျွမ်းကျင်အဆင့်ပဲ”

ပိုင် မျက်မှောင်ကြုတ်ကာ တွေးမိ၏။ 

လင်းချွမ်၏ နည်းလမ်းအတိုင်း ပြုလုပ်လိုက်သည်မှာ ထင်ချွမ်ကဲ့သို့ ပညာရှင်ကိုပင် လှည့်စားနိုင်လိုက်သည်လား။ 

မဟုတ်သေးပါဘူး။ 

သူ့အတွေ့အကြုံများမှာ သာမာန်တော့ မဟုတ်ပေ။ 

“ဆရာချွမ် ဟန်ဆောင်မနေပါနဲ့ဗျာ”

ပိုင် ခဏစဉ်းစား၍ ထပ်ပြောလိုက်သည်။ 

“ညီလေးရယ် ဘာလို့ ဟန်ဆောင်ရမှာလဲ။ ဒီပစ္စည်း ဘယ်ကရလာလဲဆိုတာ မင်းအသိဆုံး ဖြစ်မှာပါ”

ထင်ချွမ် သူ့ကိုကြည့်၍ ပြန်ပြောလိုက်၏။ 

All Chapters