← Chapters

Spade A

Vol. 2 Ch. 22

Spade A

Vol. 2 Ch. 22

‘အဲ့လိုဟန်ဆောင်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

‘ငါ့မှာ လောင်းကစားအရည်အချင်း နည်းနည်း ရှိပါတယ်။ သူ့ပုံကတော့ လုံးဝမဟုတ်ဘူး’

‘ဘာလို့လဲ’

‘ဘယ်လောင်းကစားသမားက အဲ့လိုဝတ်လို့လဲ။ စဉ်းစားကြည့်။ ဖဲလိမ်ရိုက်မယ့်သူက အဲ့လောက် ရှင်းအောင် မဝတ်ဘူး။ အဝတ်တွေ အထပ်ထပ် ရှုပ်နေရတယ်။ အခု သူ့ပုံနဲ့ ကဒ်ကို ဘယ်မှာ ဖွက်မှာလဲ။ အတွင်းခံထဲလား’

‘ဟုတ်တယ်နော်’

‘အနောက်တိုင်းဝတ်စုံနဲ့ ထိပ်ပြောင်ပြောင်တစ်ယောက်လေ။ နံပါတ် (၁၃) ကတော့ တကယ့် လူလိမ်ပုံ ပေါက်တယ်’

ထိုသူမှာ အခြားမဟုတ်။ ချန်မင် ဖြစ်၏။

အန်လင်းမြို့ ရုပ်သံထုတ်လွှင့်ရာအခန်း။

ခန်းမထဲတွင် ကင်မရာများစွာ ချထားပြီး ပြိုင်ပွဲဝင်များမှာ တစ်ဝိုင်းလျှင် (၆) ယောက်နှင့် (၆) ဝိုင်းခွဲထားသည်။

ကဒ်ဝေခြင်းကိုတော့ ရဲဝန်ထမ်းများကိုယ်တိုင် ကိုင်တွယ်ပေး၏။

တစ်ဝိုင်းစီမှ အနိုင်ရသူများမှာ နောက်ဆုံးပွဲသို့ တက်ရောက်ခွင့် ရရှိပေမည်။

ဤသို့ဖြင့် အနိုင်ရရှိသူနှင့် မဲအများဆုံးရသူ တူညီပါက မဲအများဆုံးအတွက် နောက်တစ်ဦးကို လွှဲပေးမည် ဖြစ်သည်။

“အခုဆိုရင် ပြိုင်ပွဲဝင်တွေအားလုံး အဆင်သင့် ဖြစ်နေကြပါပြီ။ ကြည့်ရှုသူတွေအနေနဲ့ မျက်နှာပြင်ပေါ်က နံပါတ်တစ်ခုချင်းစီကို နှိပ်ပြီး ကစားသမားတွေရဲ့ အနီးကပ်အခြေအနေကိုပါ တွေ့နိုင်မှာပါ။

ကဲ ဒါဆိုရင်တော့ ဘယ်သူက လောင်းကစားဘုရင်လဲ ဆိုတဲ့ ပွဲကြီး စတင်ပါပြီရှင်”

ရှန်ချန်းချန်း၏ ချိုလွင်သော အသံလေးနှင့် တောက်ပသော အပြုံးလေးဖြင့် ပွဲစလေသည်။

ကင်မရာများလည်း ဝိုင်းများဘက် လှည့်သွား၏။

ရှန်ချန်းချန်းကတော့ စားပွဲနံပါတ် (၂) ကိုသာ အာရုံရောက်နေသည်။

လင်းချွမ် ရှိနေ၍ဖြစ်၏။

“အန်လင်းရဲစခန်းရဲ့ ပန်းလေးဆိုတဲ့အတိုင်းပဲ တင်ဆက်သူအရည်အချင်းက တကယ် ကြောက်စရာပဲ”

လီဖျင်မှ ရှန်ချန်းချန်းကို လှမ်းနှုတ်ဆက်ရင်း ချီးကျူးလိုက်သည်။

“ရဲမှူးလီက အတင်းမြှောက်ပင့်နေတော့တာပဲ”

ရှန်ချန်းချန်း ပြုံး၍ ဆို၏။

လီဖျင်ရယ်မောကာ

“မြှောက်စရာအကြောင်း မရှိပါဘူးကွာ။ အခုပဲကြည့်။ တိုက်ရိုက်ထုတ်လွှင့်မှု လာကြည့်နေတဲ့ လူ (၆၀,၀၀၀) မှာ ၃၀ ရာခိုင်နှုန်းလောက်က မင်းကို လာကြည့်တာလေ”

ရှန်ချန်းချန်း မျက်စောင်းလေးထိုး၍ ပြုံးကာ

“ကျွန်မကို ကြည့်တာက အရေးမကြီးပါဘူး။ ဒီ ထုတ်လွှင့်မှုကနေ များများ သက်ရောက်ဖို့ပဲ”

သူတို့၏ အဓိကရည်ရွယ်ချက်မှာ လူထုကို စိတ်ဝင်စားအောင် ဆွဲဆောင်၍ လောင်းကစား မပြုလုပ်ရန် ဆော်ဩမည်ဖြစ်သည်။

ပွဲမှာ ထူးခြားသည့်အပြင် တင်ဆက်သူမှာလည်း အန်လင်းမြို့၏ သာယာချိုအေးသော အသံပိုင်ရှင် အလှပဂေးလေး ဖြစ်၏။ ထုတ်လွှင့်သည့်ချန်နယ်နှင့်လည်း ပူးပေါင်း၍ များစွာ ကြော်ငြာထားသေးသည်။

ထို့ကြောင့် ကြည့်ရှုသူ အများအပြားရောက်နေပြီး လင်းချွမ်၏ စာဖတ်ပရိသတ်များလည်း ပါဝင်သည်။

‘သံသယရှိသူလင်းချွမ် ဘယ်မှာပါလိမ့်’

‘တွေ့ပြီ။ စားပွဲ (၂) မှာ။ ဓာတ်ပုံတွေထဲကအတိုင်း တကယ်ချောတာပဲ’

‘ဘယ်သူက လောင်းကစားဘုရင်လဲတဲ့။ ငါတော့ လင်းချွမ်ကို မဲပေးတယ်’

‘ပွဲတောင် ဆော့နေစရာ မလိုဘူး။ သေချာပေါက် လင်းချွမ်ပဲ’

‘ခင်ဗျားတို့ပြောနေတဲ့ လင်းချွမ်က ဘယ်နံပါတ်လဲ’

‘သံသယရှိသူရုပ် ပေါက်နေတဲ့ ခပ်ချောချောကောင်လေး နံပါတ် (၉) လေ’

ထိုအခါ အားလုံး စားပွဲ (၂) မှ နံပါတ် (၉) ကို နှိပ်ကြည့်လိုက်ကြသည်။

လင်းချွမ်မှာ တည်ငြိမ်စွာထိုင်၍ ကဒ်ဝေမည်အား ထိုင်စောင့်နေ၏။

အခြားသူများမှာတော့ အကြည့်များစူးရှလျက် တိုက်ခိုက်ရန် အသင့်ပြင်နေပုံပေါ်သည်။

ကဒ်ဝေသူမှာတော့ လုံးဝမကျွမ်းကျင်သော ရဲသားဖြစ်၍ တရားမျှတမှုအပြည့် ရှိပါသည်။

“လောင်းကြေး ထည့်ကြပါ”

အားလုံးတွင် ဒိုးပြား (၂၀) စီရှိပြီး ကဒ်မဝေခင် အနည်းဆုံး (၂) ပြားထိုးရသည်။ ထို့နောက် အဆထပ်တိုးချင်လျှင်လည်း အကန့်အသတ်မရှိ တိုးနိုင်၏။

လင်းချွမ် ဒိုးပြား (၂) ခုဖြင့်သာ စပြီး အားလုံး ထိုအတိုင်း ထိုးကြလေသည်။

ပထမပွဲမှာ (၂) ကဒ်ဝေပြီး တစ်ကဒ်ကိုင်၍ တစ်ကဒ် ဖွင့်ရမည် ဖြစ်၏။

လင်းချွမ်၏ အဖွင့်ကဒ်မှာ Spade K ဖြစ်သည်။

ထို့နောက် သိမ်းထားသောကဒ်အား တစ်ချက်ကြည့်လိုက်ပြီး Diamond 5 ဟု တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပေါ်နေသည်။

သူ့ကဒ်မှာ အမြင့်ဆုံးဖြစ်၏။

“အားလုံး ထည့်တယ်”

လင်းချွမ် သူ့တွင် ရှိသမျှ ဒိုးပြားများအားလုံး ထိုးလိုက်ပြီး ပြုံးနေ၏။

စားပွဲမှာ ကျန် (၅) ယောက်မှာ မှင်တက်၍ ကြည့်နေမိလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသော ပရိသတ်များလည်း အံ့ဩနေ၏။

‘သိမ်းတဲ့ကဒ်က Diamond 5 ကို ဘယ်လိုလုပ် အကုန် လောင်းရဲတာလဲ’

‘ဒါ စတိုင်အသစ်လား။ စလာတည်းက တန်းပြီး အကုန်ထည့်ရတာလား’

‘စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။ နံပါတ် (၇) ဦးလေးကြီးရေ Queen (၂) ကဒ်တောင် ရှိတာပဲ။ အနိုင်ယူလိုက်တော့’

‘တခြားလူတွေလည်း မဆိုးပါဘူး’

ထင်ထားသည့်အတိုင်း နံပါတ် (၇) မှ လှုပ်ရှားလာသည်။

“အကုန်လောင်းတယ်”

ထိုအခါ ကျန် (၄) ယောက်လည်း မျက်မှောင်များကြုတ်၍ အကုန်လိုက်ထည့်ကြတော့၏။

“အကုန်ထိုးမယ်”

စားပွဲ (၂) မှာ ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။

ထို့နောက် ရဲသားမှ ကျန် (၃) ကဒ်ကို ထပ်ဝေပေး၏။

လက်ရှိအခြေအနေမှာ။

နံပါတ် (၁၀) တစ်ဦးတည်းသာ (၈) အစုံလိုက် ရှိပြီး နံပါတ် (၇) မှာ Queen (၂) ကဒ်၊ 4 (၂) ကဒ်နှင့် Queen တစ်ကဒ်ကို ကိုင်ထားသည်။

လင်းချွမ်မှာတော့ Spade 10, J, Q, K တို့နှင့် အကိုင်ကဒ် 5 ဖြစ်လေသည်။

နံပါတ် (၇) မှာ နိုင်ရန် ယုံကြည်ချက်အပြည့် ဖြစ်နေ၏။ ထို့နောက် လင်းချွမ်ကို ကြည့်ကာ

“နံပါတ် (၉) ညီလေးရဲ့ အကိုင်ကဒ်က Spade 9 လား။ Spade A လား”

ဒီပုံနဲ့ကတော့ လိမ်မဆော့ဘဲ နိုင်စရာအကြောင်း မရှိဘူး။

သို့သော် သူ တစ်လျှောက်လုံး စောင့်ကြည့်နေသည့်အတွင်းတွင်လည်း ကဒ်ခိုး၍ လိမ်လည်သည့် အခြေအနေ မရှိပေ။

ထို့ကြောင့် ကြည့်ရှုနေသူများပါ နံပါတ် (၇) အား မဲပေးကြလေသည်။

“ကဒ်တွေ လှန်မယ်”

နံပါတ် (၇) မှ သူ့ Q ကဒ်ကို ယုံကြည်ချက်အပြည့် ချပြလိုက်သည်။

‘အဲ့လူအရည်အချင်းက နံပါတ် (၉) ကောင်ချောလေးထက် သာတာပဲ’

‘ကောင်လေးက အရမ်းလောတာကိုး။ စတည်းက အကုန် လောင်းပစ်တယ်’

‘အစတည်းက ပြောသားပဲ။ နံပါတ် (၉) က လောင်းကစားဘုရင်ရုပ် မဟုတ်ပါဘူးဆို’

ကင်မရာနောက်ကွယ်၌။

ရှန်ချန်းချန်းလည်း စားပွဲ (၂) ကို ဂရုတစိုက် ကြည့်နေသည်။

ထို့နောက် မျက်မှောင်ကြုတ်၍ ရေရွတ်မိလေ၏။

“ဒီကဒ်လေးလောက်နဲ့ ဘာလို့ အကုန် သွားလောင်းရတာလဲ။ အဲ့တာနဲ့များ လောင်းကစားဘုရင် ဖြစ်ဦးမယ်။ စာအုပ်ရော ဘယ်လို ဆက်ရောင်းမှာလဲ’

လောင်းကစားဝိုင်းထဲ၌။

လင်းချွမ် နံပါတ် (၇) ကို ပြုံးပြလိုက်ပြီး

“ဒါပေါ့။ ဒီမှာရှိတဲ့သူအားလုံး အရည်အချင်း ရှိလို့ပဲလေ။ မဆိုးပါဘူး”

ထိုလူ ရယ်မောကာ

“ညီလေးရယ် မင်းတော်တာ သိပါတယ်။ ငါ့ကိုတော့ မမီဘူးပေါ့”

“မမီဘူးတဲ့လား”

လင်းချွမ်ပြုံး၍ ကဒ်ကို ခပ်ဖြည်းဖြည်း လှန်ပြန်လိုက်သည်။

Spade A။

All Chapters