← Chapters

သံသယရှိသူဟု ထင်ခြင်း

Vol. 3 Ch. 36

သံသယရှိသူဟု ထင်ခြင်း

Vol. 3 Ch. 36

မတ်လ (၂၁) ရက်နေ့။

နူးညံ့သော နေဝင်ချိန်မှာ မြစိမ်းရောင် သစ်ရွက်များကို ထိုးဖောက်၍ လမ်းတစ်လျှောက် ကျရောက်နေပြီး နွေဦးလေပြေကြောင့် ယိမ်းခါနေသော အရိပ်များမှာ ပန်းချီကားသဖွယ် ဖြစ်နေသည်။

အန်လင်းမြို့ အရှေ့ပိုင်း။

လင်းချွမ်နှင့် ဝမ်ကျီခန်တို့ အားကစားဝတ်စုံများဖြင့် ဟန်လီ Gym မှထွက်လာပြီး အနီးရှိ စားသောက်ဆိုင်ဘက် ထွက်လာ၏။

“လင်း လေ့ကျင့်ခန်းလုပ်တာ ရက်ပိုင်းပဲရှိသေးတယ်။ မင်းတော်တော် တိုးတက်လာသလိုပဲ”

ဝမ်ကျီခန် ထိုင်ခုံ၌ထိုင်ရင်း လင်းချွမ်လက်မောင်းကို ညှစ်ကြည့်ကာ အံ့ဩနေ၏။

လင်းချွမ် သူ့ရှေ့တွင်ထိုင်ကာ ပြုံး၍

“အစ်ကိုက အချိန် (၃) ပုံ (၁) ပုံလောက်ကို ဓာတ်ပုံပဲ ရိုက်ပြီး အချိန်ဖြုန်းနေတယ်။ နောက်ထပ်တစ်ပုံက ရည်းစားနဲ့ ဖုန်းပြောတယ်လေ။ တိုးတက်လာရင်မှ ထူးဆန်းဦးမယ်”

လင်းချွမ် (၁၇) ရက်နေ့ ဦးလေးကျန်း သတင်းလာပေးတည်းက တိုက်ခိုက်ရန် လိုအပ်လာနိုင်သည်ဟု တွေးကာ ဝမ်ကျီခန်နှင့်အတူ လေ့ကျင့်ခန်း လုပ်နေခဲ့ခြင်း ဖြစ်သည်။

ဝမ်ကျီခန် ဝန်ခံပါသည်။

သူလည်း ရွှယ်ချီချီအား ပွေ့ချီရာ၌ မ,မနိုင်သောကြောင့် ရှက်သွားကာ ရောက်လာခဲ့ခြင်း ဖြစ်၏။

ထို့နောက် သူ့ကြွက်သားများ ညှစ်ပြကာ

“ငါက နားလိုက်ဆော့လိုက်နဲ့ မျှအောင်လုပ်နေတာ။ တွေ့လား။ ကြွက်သားတွေ တက်လာတော့မယ်”

လင်းချွမ် လှမ်းကြည့်၍ စလိုက်၏။

“အဲ့တော့ ရွှယ်ချီချီကို ပွေ့နိုင်ပြီလား”

“ငါသာ ချီချီ့ကို ပွေ့နိုင်ရင် မင်းလည်း ဟိုနားက သစ်ရွက်တွေ မနိုင်ပြီပေါ့”

“…”

လင်းချွမ် ငြိမ်ကျသွားစဉ် ဝမ်က

“ကောင်လေး မင်းသတင်းတစ်ခု သိချင်လား”

“ဘာသတင်းလဲ”

“ရဲမေရှန်အကြောင်းလေ။ ချီချီ့ဆီက သိလာတာ။ မင်းကို အထင်ကြီးစေဖို့ အခွင့်အရေးကောင်းကြီးတော့ ဖြစ်မှာ”

ဝမ် မျက်လုံးလေးတစ်ဖက် မှိတ်ပြ၍ ပြောလိုက်သည်။

လင်းချွမ် ရယ်မော၍

“ကျွန်တော်က တရားဥပဒေ သိပါတယ်”

ရဲများအတွက် ဥပဒေချိုးဖောက်ခြင်းက စိတ်ဝင်စားစရာ ဖြစ်ပေမည်။

“မင်းက အကြံကို သေချာနားမထောင်ဘူးပဲ”

ဝမ် ခေါင်းယမ်း၍ သူ့ကိုသေချာကြည့်ကာ

“မင်း ဖြောင့်တော့ ဖြောင့်ပါတယ်နော်”

လင်းချွမ် မျက်နှာပျက်၍

“အမလေး ပေတံထက်တောင် ဖြောင့်သေးတယ်”

“မသိဘူးလေ။ မိန်းမတွေကို စိတ်မဝင်စားတဲ့ပုံ ပေါက်နေလို့”

လင်းချွမ် ရယ်မောလျက်

“စိတ်ဝင်စားပြီး ဘာလုပ်ရမှာလဲ။ ကျွန်တော်က တိုက်ရိုက်သမားပဲ။ ရည်းစားထားပြီးရင် လက်ထပ်ရမယ်။ ပြီးရင် အိမ်၊ ကား၊ လက်ဆောင်၊ မင်္ဂလာဆောင်နဲ့ တခြား ကုန်ကျစရာတွေမှ အများကြီးပဲ”

“မင်းမှာလည်း အခု ပိုက်ဆံရှိနေပြီလေ”

ဝမ်ပြုံး၍ ပြောလိုက်သည်။

“စာမူခက နောက်လမှ ရတော့မှာလေ။ အခုတည်းက ကြိုသုံးဖို့ တွေးနေတာလား”

လင်းချွမ် မကျေမနပ် ပြောလိုက်၏။

သူ သူရဲကောင်းပြိုင်ပွဲ၌ နိုင်ပါက ဆုကြေး ယွမ် (၅၀၀၀၀) ရရှိပြီး subscription များမှ စာမူခမှာ ယွမ် (၁၂၀,၀၀၀) အထိ ရနိုင်သည်။ အခြား အခွန်အခများ ပြန်နုတ်လျှင် နောက်ဆုံး ယွမ် (၁၅၄,၀၀၀) တော့ ကျန်နိုင်ပါသည်။

သို့သော် စာရေးဆရာများ၏ ဝင်ငွေမှာ တည်ငြိမ်မှု မရှိချေ။

လူလိမ်ဝတ္ထု အောင်မြင်သွားသော်လည်း ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ အောင်မြင်မည်ဟု မသိနိုင်ပေ။ အချို့ ထိရှလွယ်သောအကြောင်းများကြောင့် အပိတ်ခံရသည်ပင် ဖြစ်နိုင်သေး၏။

ဝမ်မှ ရယ်မော၍

“မင်းက ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရဲ့ တောက်ပတဲ့ ကြယ်ပွင့်ဖြစ်နေပြီပဲ။ မင်း အနာဂတ်က အတိုင်းအဆ မရှိပါဘူး။ အချစ်ရေးကို စစဉ်းစားထားသင့်ပြီ။ ရဲမေရှန်က တကယ် မဆိုးပါဘူး။ ချီချီ့ဆီက ကြားတာတော့ သူ အခုတလော လူသတ်မှု (၂) ခုတောင် စုံစမ်းနေရလို့ အရမ်းပင်ပန်းနေတယ်တဲ့။ ဂရုစိုက်မှုတွေ လိုအပ်တယ်ကွ”

လင်းချွမ် ခေါင်းတွင်တွင်ယမ်းလျက်

“အစ်ကို သူ့အကြောင်း သေချာမသိသေးလို့ပါ”

ဝမ် မျက်လုံးပြူး၍ နားမလည်နိုင်ပုံဖြစ်နေသည်။

“အခုချိန်မှာ ရဲမေရှန်က လူတိုင်းကို သံသယရှိသူလို့ သဘောထားနေမှာ”

လင်းချွမ် ရယ်မောလျက်

“ကျွန်တော် အမှောင်ခန်းလေးထဲ ပြန်မသွားချင်တော့ဘူးဗျာ”

ဝမ်လည်း ပြောမရသည့်အဆုံး အခြားအကြောင်း ပြောင်းပြော၏။

“ငါတို့ မနက်ဖြန် Gym သွားဦးမှာမလား”

လင်းချွမ် ခဏစဉ်းစား၍

“မနက်ဖြန်တော့ မသွားသေးဘူး။ မနက်ဖြန် သူရဲကောင်း ပြိုင်ပွဲ ပြီးမှာဆိုတော့ ဒီည ယုယွီနဲ့ စာအုပ်အသစ်ထုတ်ဖို့ တိုင်ပင်ရဦးမယ်။ မအားလောက်ဘူး”

…

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။

အလင်းရောင် ခပ်မှိန်မှိန်ကို အားကိုး၍ လင်းချွမ် သူ့အခန်းလေးဆီ ပြန်လာ၏။

…

ထို့နောက် ကျဉ်းမြောင်းလစ်ဟာနေသော အခန်းလေးကိုကြည့်ကာ အထီးကျန်၍ ဝမ်းနည်းသလို ဖြစ်လာသည်။

ဘာလို့ ရည်းစားမထားရမှာလဲ။

နူးညံ့မွှေးပျံ့သော မိန်းကလေးကို နမ်းရှိုက်ခြင်း မနက်နိုးလာသောအခါ လှပသော မျက်နှာလေးကို အနီးကပ်တွေ့ရပြီး တောက်ပသော မျက်ဝန်းများမှ သူ့ကို ငေးကြည့်နေခြင်းတို့မှာ တွေးကြည့်ရုံဖြင့် ပြုံးရွှင်သွားစေ၏။

သို့သော် သူ မဖြစ်နိုင်သော အတွေးများကို ချက်ချင်း ဖယ်ဖျက်လိုက်၏။

လင်းချွမ် သူ့ကိုယ်သူ မေးခွန်းတစ်ခု မေးမိသည်။

“လင်းချွမ် မင်းကိုယ်မင်း ထိုက်တန်တယ် ထင်နေတာလား”

ထို့နောက်မှ အတွေးများ ပြန်စုစည်းနိုင်လာပြီး လက်တွေ့ကို မြင်လာသည်။

စာအုပ်အသစ် ထုတ်ရမယ့်အချိန်ပဲ။

“ယုယွီ စာအုပ်အသစ် အဆင်သင့်ဖြစ်ပြီနော်”

လင်းချွမ် စာလှမ်းပို့လိုက်၏။

ယုယွီမှ စာချက်ချင်းပြန်လာသည်။

“ဘယ်အချိန်လောက် တင်ချင်လဲ”

“ဒီည (၉) နာရီလောက်ပေါ့။ မနက်ဖြန် စာချုပ်ချုပ်မယ်လေ”

လင်းချွမ်တစ်ယောက် ဗေဒင်သေချာကြည့်၍ ရွေးထားခြင်း ဖြစ်၏။

“ကောင်းပါပြီ”

ယုယွီမှဆက်၍

“စာအုပ်ပရိုမိုးရှင်းဗီဒီယိုကရော ဘယ်တော့လောက် စမလဲ”

“မနက်ဖြန်ညလောက် ရမလား”

“ရတယ်လေ။ ကျွန်မ တင်ပြပေးထားလိုက်မယ်။ ဒါနဲ့ ရှင့်ကို ကြော်ငြာပေးမယ့်သူက ကွေ့တုမှာ ပရိသတ် တစ်သန်းနီးပါးရှိတဲ့ ဘလော့ဂါ စုချန်းချန်းနော်။ (၃) ရက်ဆက်တိုက်၊ ဗီဒီယို (၃) ခုနဲ့ တင်ပေးမှာ။ ရှင် သူ့ကို follow လုပ်ထားလိုက်ဦး”

လင်းချွမ်ပြုံး၍

“ကောင်းပြီ။ ကျေးဇူးပါ ယုယွီရယ်”

ဤသို့ဖြင့် ည (၉) နာရီ မင်္ဂလာအချိန် ကျရောက်လာသည်။

လင်းချွမ် စာအုပ်အသစ် စတင်လေ၏။

ထိုသို့ အချိန်နာရီရွေး၍ တင်ခြင်းမှာ စာရေးဆရာ လောက၌ နာမည်ကြီး၏။

အခြားဝက်ဘ်ဆိုဒ်မှ စာရေးဆရာများပါ ထိုအယူကို ယုံကြည်ကြလေ၏။

အခြေအနေမှာ ရယ်လည်းရယ်ရ၊ ဝမ်းနည်းစရာလည်း ဖြသ်နေသည်။

လင်းချွမ်ကိုယ်တိုင် ယခု ထိုသို့ ခံစားနေရ၏။

ဤသို့ဖြင့် စာအုပ်ထုတ်ဝေခြင်း အောင်မြင်စွာ ပြီးဆုံးသွားလေသည်။

…

နောက်တစ်နေ့၌ လုံခြုံရေးအဆင့် စစ်ဆေးခြင်းကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ကာ စာချုပ်ချုပ်ရန် ဖြစ်လာသည်။

ထိုညနေ၌ပင် ပရိုမိုးရှင်းလည်း စတင်၏။

ညမှောင်လာသည်နှင့် အိမ်အသီးသီးမှ ရောင်စုံမီးများ တလက်လက် တောက်လာသည်။

လင်းချွမ် အခန်းထဲထိုင်နေရင်း ကွေ့တုအက်ပ်ကို ဖွင့်၍ ‘စုချန်းချန်း’ အား ရှာကြည့်လိုက်သည်။

[အသုံးပြုသူ : စုချန်းချန်း]

[Followers : (၁.၀၆၃) သန်း]

[ကိုယ်ပိုင်အမှတ်အသား : စာဖတ်ခြင်းနှင့် ပိုကောင်းသော စာများ ရှာဖွေခြင်း]

[အခြေအနေ : live လွှင့်ခြင်း]

လင်းချွမ် ပြုံး၍ ထို live ထဲ ဝင်လိုက်လေသည်။

All Chapters