← Chapters

စတူဒီယို ၇၂၀

Vol. 4 Ch. 60

စတူဒီယို ၇၂၀

Vol. 4 Ch. 60

မြို့အရှေ့ပိုင်း၊ ပျော်ရွှင်ခြင်းရပ်ကွက်။ 

လွန်ခဲ့သောရက်ပိုင်းတည်းက လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ စတိုးဆိုင်ဘေးမှ စတိုခန်းကို ရှင်းလင်းခဲ့ကြသည်။ 

ကျန်းမှ ဆေးသုတ်သူကိုခေါ်၍ ပြန်လည်မွမ်းမံခဲ့ပြီး ကွန်ပျူတာအဟောင်း (၅) လုံးဆင်ကာ ဝင်ပေါက်နံရံတွင်တော့ ဆိုင်းဘုတ်တစ်ခု ချိတ်ထား၏။ 

စတူဒီယို (၇၂၀)။ 

လင်းချွမ်၏ ယာယီစတူဒီယိုနေရာ ဖြစ်လေသည်။ 

အခန်းမှာ သေးသော်လည်း ရှင်းလင်းသပ်ရပ်၏။ 

လင်းချွမ်မှာ နည်းပညာဆိုင်ရာများကို ပြုပြင်မည် ဖြစ်ပြီး ကျန်းကတော့ စတူဒီယို၏ လိုအပ်သော ပစ္စည်းများ၊ ကွန်ပျူတာများ၊ ငှါးခနှင့် ကာစတန်မာ ဝန်ဆောင်မှုများ စသဖြင့် တာဝန်ယူထားကြသည်။ 

အစက လင်းချွမ်အနေနှင့် ကိုယ်ပိုင်စတူဒီယို ထောင်ကာ ကျန်းရှန်းရှန်းအား ကာစတန်မာ ဝန်ဆောင်မှုသီးသန့် ခိုင်းရန် တွေးထားသော်လည်း ကျန်းရှင်းရှင်းက

“ဆရာက ပစ္စည်းတွေပြင်ဖို့ပဲ အာရုံစိုက်ပါ။ ကျန်တာ ကျွန်မ ကြည့်လုပ်ပါ့မယ်”

ဟုဆိုသောကြောင့် ယခုလို ဖြစ်လာ၏။ 

လင်းချွမ်ပင် ထိုအခြေအနေကြောင့် အံ့ဩခဲ့ရလေသည်။ 

ကျန်းမှာ ရုပ်ရှင်စွဲနေသော်လည်း ထိုအချက်ကိုတော့ မငြင်းပယ်နိုင်ပေ။ 

သူဌေးသမီး။ 

သူဌေးသမီး။ 

နောက်ဆုံးတော့ ငှါးခများလည်း သူ့အိတ်ထဲသာ ရောက်သွားတော့သည်။ 

လင်းချွမ်မှာတော့ နောက်ထပ်ကွန်ပျူတာပင် မဝယ်နိုင်သေးသောကြောင့် စီးပွါးရေးအား ကျန်းကို အပ်ထားလိုက်ရသည်။ 

ကျန်းမှာ အခြားကောင်းမွန်သော အရင်းအမြစ် ရှိနေပါသေးသည်။ 

သူ့ဦးလေးမှာ အန်လင်းမြို့၊ ချင်းရှုအပိုင်း၌ အင်တာနက်ဆိုင်ကြီးတစ်ခု ဖွင့်ထား၏။ 

စတူဒီယို (၇၂၀) သာ သူ့ဦးလေး အင်တာနက်ဆိုင်နှင့် ပူးပေါင်းလျှင် စတူဒီယို၏ လိုအပ်သော ပစ္စည်းများ ထောက်ပံ့ပေးမည်ဟု ကျန်းရှင်းရှင်းနှင့် သူ့ဦးလေးတို့ ဆွေးနွေးထားပြီး ဖြစ်၏။ 

ယနေ့ နေ့လယ် (၃) နာရီတွင် ထိုသဘောတူရေးအတွက် ကျန်းဦးလေးဆိုင်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။ 

စတူဒီယိုထဲ၌။ 

လင်းချွမ် ဆုံလည်ဂိမ်းခုံတွင် ထိုင်ကာ အနောက်ကို ပျင်းရိစွာ မှီလျက်

“ကျန်း မင်းပြောတဲ့လူက ဘယ်တော့ ရောက်မှာလဲ”

ကျန်း လက်လေးပိုက်လျက် အပြင်ကို လှမ်းကြည့်ကာ

“မကြာခင် ရောက်တော့မှာပါ။ သူ ဒီနားနီးပြီ ပြောတယ်”

ပြောရင်းဆိုရင်းပင် တံခါးခေါက်သံတစ်ခု ကြားရသည်။ 

“မင်္ဂလာပါ။ ဒါက စတူဒီယို (၇၂၀) လား မသိဘူးနော်”

တီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ကာ ကျောပိုးအိတ်လေး လွယ်ထားသော လူငယ်လေးတစ်ဦး ဝင်လာ၏။ 

လီချင်း ဖြစ်လေသည်။ 

“လီချင်းဆိုတာလား”

လင်းချွမ် မတ်တပ်ထရပ်ကာ ပြုံး၍ ပြောလိုက်သည်။ 

“အာ ဟုတ်ပါတယ်”

လီချင်း သူ့ကို စိုက်ကြည့်ရင်း

“စာရေးဆရာလင်း ထင်တယ်နော်”

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ဟုတ်ပါတယ်။ ကျွန်တော်ပါ”

“ဆရာရယ် ဆရာ့ပြစ်မှုမှတ်တမ်းတွေကို အမြဲ စောင့်ကြည့်ခဲ့ရတာ။ အခုတော့ အပြင်မှာ တွေ့ရပြီပေါ့”

လီချင်း စိတ်လှုပ်ရှားလွန်း၍ စကားမှားပြောလိုက်မိသည်။ 

“…”

စတူဒီယိုမှာ အောက်ထပ်အခန်းဖြစ်၍ အနည်းငယ် အေးလေသည်။ 

လီချင်းစကားကြောင့် အအေးဓာတ်မှာ ပို၍ကဲလာသည် ထင်ရ၏။ 

အဟွတ်!

ထိုအခြေအနေကြောင့် ကျန်းမှာ မထိန်းနိုင်တော့ဘဲ ထရယ်မိလေသည်။ 

“ဆရာပြောတော့ ဆရာက လူမှန်ကြီးပါဆို။ ဒါပေမဲ့ ပရိသတ်က ပြစ်မှုမှတ်တမ်းလို့ ပြောနေပါလား”

လင်းချွမ် ရုတ်တရက် ရှက်သွေးဖြာသွားပြီး

“သတိမထားမိဘဲ ပြောတာပဲကို”

“ဆင်ခြေတွေ မပေးပါနဲ့တော့”

ကျန်း ပြုံးရွှင်လျက် ပြောလေသည်။ 

လင်းချွမ်လည်း ထပ်ပြောစရာမရှိတော့၍ လီချင်းကို ကြည့်ကာ အလုပ်အကြောင်း ဆက်ပြော၏။ 

“လီချင်း ထိုင်ပါဦးဗျ”

အားလုံး အတူထိုင်လိုက်ကြသည်။ 

လင်းချွမ်မှာ ပထမဆုံး စတူဒီယိုထောင်ခြင်းဖြစ်၍ အလုပ်ခန့်ရာတွင် အတွေ့အကြုံမရှိသေးပေ။ သူ တိုက်ရိုက်သာ ပြောလိုက်သည်။ 

“ကျွန်တော်တို့ စတူဒီယိုမှာ လုပ်ချင်လို့လား”

လီချင်း ပတ်ဝန်းကျင်ကို မျက်လုံးကစားလိုက်ပြီးမှ

“ဒီစတူဒီယိုက အခုမှ အစမလားဟင်”

“ဟုတ်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

“လက်ရှိမှာ ဒီ (၂) ယောက်ပဲ ရှိတာလား”

လီချင်း သူတို့ (၂) ဦးကိုကြည့်ကာ ထပ်မေးလိုက်သည်။ 

လင်းချွမ်လည်း ခေါင်းထပ်ငြိမ့်ပြ၍

“ဘယ်လိုလဲ။ လုပ်ချင်သေးရဲ့လား”

လီချင်း မျက်မှောင်ကြုတ်ကာ သက်ပြင်းရှည်ကြီး ချ၍

“ဟုတ်ကဲ့ လုပ်ချင်ပါတယ်”

“လီချင်း ခင်ဗျား တော်တော် ဒုက္ခရောက်နေတဲ့ပုံပဲ”

လင်းချွမ် လှမ်းနောက်လိုက်သည်။ 

“ပြောပါဦး။ ဘာလို့လဲ”

လီချင်းပြုံး၍

“မဟုတ်ပါဘူး။ ဆရာ့စာအုပ်တွေ ဖတ်ဖူးတယ်လေ။ အရမ်းကောင်းတာ သိနေတာပဲ”

Red Hacker နှင့် နည်းပညာအားလုံးမှာ သူ့ကို ရင်ခုန်စေခဲ့ပါသည်။ 

ထိုသို့ကြားသောအခါ လင်းချွမ် ပြုံးသွားပြီး

“မင်းက အကောင်းကြိုက်တတ်တာပဲ။ ကဲ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါဦး”

လီချင်း အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်ပါသည်။ 

ထို့နောက် လင်းချွမ်အား သူ့အချက်အလက် စာရွက်များ လှမ်းပေးလိုက်၏။ 

လင််းချွမ် မျက်မှောင်ကြုတ်၍ စာရွက်များကို ကြည့်ကာ

“ကွန်ပျူတာနည်းပညာအချက်အလက်က ကျင်းထန် ကုမ္ပဏီကို ဝင်လို့မရဘူးပဲ။ အခြေခံရှိပေမဲ့ အရမ်းကြီးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပညာ ထပ်သင်လို့ ရပါသေးတယ်”

အဆင့်မြင့်ဟက်ကာအနေဖြင့် လင်းချွမ် ဂရုတစိုက် ပြောလိုက်သည်။ 

“ကျွန်တော့်မှာ တကယ်အခွင့်အရေး ရှိတာလား”

လီချင်းမှ မေးလိုက်၏။ 

“စမ်းကြည့်တာပေါ့လေ”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

“ဒါပေမဲ့ ခင်ဗျား တွေ့တဲ့အတိုင်းပဲ။ ကျွန်တော်တို့ စတူဒီယိုကလည်း အခုမှ အစပဲရှိသေးတာ။ ကော်မရှင်ခနဲ့ပဲ သွားမှရမယ်။ ကျန်းကနေ အသေးစိတ် ရှင်းပြပါလိမ့်မယ်”

“ဟုတ်ကဲ့ ရပါတယ်”

လီချင်း အားရဝမ်းသာ ခေါင်းငြိမ့်ပြလိုက်သည်။ 

မည်သို့ပင်ဖြစ်စေ အလုပ်သည် အလုပ်သာ ဖြစ်၏။ 

စာရေးဆရာလင်းသည် ငယ်ရွယ်သော်လည်း နည်းပညာများစွာ နားလည်၍ ရဲများဖြင့်ပင် ပူးပေါင်းနိုင်သောကြောင့် အလွန် အရည်အချင်းရှိသူ ဖြစ်၏။ 

ထို့အပြင် စတူဒီယိုမှာ ယခုမှအစဖြစ်သောကြောင့် နောင်တစ်ချိန်အောင်မြင်လျှင် သူလည်း မူလအဖွဲ့ဝင် ဖြစ်ပေမည်။ 

အရေးအကြီးဆုံးမှာတော့ လီချင်း လင်းချွမ်ထံမှ ပညာများ သင်ယူလိုပါသည်။ 

ဒီလိုအဆင့်မြင့် နည်းပညာမျိုးကတော့။ 

သူ ကျင်းထန်နည်းပညာကုမ္ပဏီ မဝင်နိုင်လျှင်ပင် အလွတ်တန်းပညာရှင် ဖြစ်နိုင်သေး၏။ 

ထိုအခြေအနေနှင့်လည်း အသက်ရှင်နိုင်ပါသေးသည်။ 

“ဒီနေ့လယ် အားလား”

လင်းချွမ်မှ မေးလိုက်သည်။ 

“ဟုတ်ကဲ့”

လင်းချွမ် ပြုံးသွားပြီး

“ဒီနေ့ နေ့လယ် (၃) နာရီကျရင် ဆိုင်ရှင်ဘက်နဲ့ ဆွေးနွေးစရာရှိတယ်။ တစ်ခါတည်း လိုက်ခဲ့လေ”

လီချင်း မျက်လုံးအရောင်များ လက်သွား၏။ 

မစ္စတာလင်း၏ စတူဒီယိုငယ်လေးမှာ မိတ်ဖက်များစွာ ရရှိနေလေပြီ။ 

…

နေ့လယ် (၂:၄၀)။ 

လင်းချွမ်၊ ကျန်းရှင်းရှင်းနှင့် လီချင်းတို့ ချင်းရှုနယ် ရိတာပလာဇာ (၃) လွှာသို့ ရောက်လာကြသည်။ 

ထိုနေရာမှာ ကျန်းရှင်းရှင်း၏ ဒုတိယဦးလေးပိုင်သော နေရာဖြစ်၏။ 

Esports အင်တာနက်ဆိုင် ဝင်ပေါက်၌။ 

ကျန်းရှင်းရှင်း လင်းချွမ်ဘေးတွင် ရပ်လျက် လက်ညှိုးလေးထိုးပြကာ

“ဆရာ ဦးလေးက အပြင်ခဏရောက်နေလို့။ ပြန်တော့ လာနေပြီတဲ့။ ရုံးထဲမှာ ခဏထိုင်စောင့်ဖို့ ပြောတယ်”

လင်းချွမ် သူ လက်ညှိုးထိုးပြသော အခန်းထဲ ဝင်သွားလိုက်သည်။ 

“ကျန်းနဲ့ လီချင်းတို့ ရုံးခန်းထဲ စောင့်နေကြဦး။ ကျွန်တော်က ဒီနေရာ လုံခြုံရေးကို တစ်ချက် ကြည့်လိုက်ဦးမယ်”

လင်းချွမ်ပြုံး၍ ထွက်သွား၏။ 

“ကောင်းပါပြီ”

ကျန်းရှင်းရှင်း ခေါင်းငြိမ့်ပြလိုက်လေသည်။ 

အင်တာနက်ဆိုင်ထဲ၌။ 

ဆိုင်လေးမှာ သန့်ရှင်းသပ်ရပ်ပြီး အနံ့ဆိုးများ မရှိသော်လည်း ဂိမ်းဆော့နေသည့်အသံများမှာတော့ အလွန်ဆူညံလှ၏။  

ရုတ်တရက် အတွဲများနေရာ ဖြတ်သွားသောအခါ ရင်းနှီးနေသောအသံအား ကြားလိုက်ရသည်။ 

“ချီချီ ကျွန်တော့် MVP ဘယ်လောက် တန်ဖိုးကြီးလဲ သိရဲ့လား”

All Chapters