စာရေးဆရာမှ ကူညီခြင်း
Vol. 4 Ch. 48
Live လွှင့်နေသော နေရာတွင်။
စုချန်းချန်း မျက်နှာလေးမှာ ရဲ၍ ကြည်လင် တောက်ပနေသည့် မျက်ဝန်းများက ဒေါသထွက်နေမှန်း သိသာစေသည်။
ကြမ်းတမ်းသော ယောက်ျားများပင် သည်းခံနိုင်စွမ်း မရှိလျှင် နူးညံ့သည့် ထိုမိန်းကလေးသည်လည်း live လွှင့်ရင်း ရိုင်းပျသော အတ္တဆန်သည့် စကားများကြောင့် ခံစားချက်များ ထိန်းချုပ်မရနိုင်အောင် ဖြစ်လာ၏။
[ဘယ်လို တင်ဆက်သူလဲ။ ဒါလေးတောင် မသိဘူးလား]
[ဒီလိုစာအုပ်မျိုး ကြော်ငြာဖို့များ ပိုက်ဆံဘယ်လောက်တောင် ရထားတာလဲ]
[အားလုံးပဲ ပိုက်ဆံအတူရှာကြတာပေါ့]
[…]
စုချန်းချန်း လုံးဝ သည်းမခံနိုင်တော့ဘဲ ဝတ္ထုဖတ်ခြင်းကို ရပ်၍ ဒေါသတကြီး အော်လို့က်တော့သည်။
“အဲ့လို ပေါက်ကရတွေ လာပြောနေမယ်ဆိုရင် ကျွန်မကို အဲ့လောက် မုန်းနေရင် အခုချက်ချင်း ထွက်သွားကြတော့”
မနာလိုသူများမှာ သူ့ကို ပစ်မှတ်ထား၍ တိုက်ခိုက်နေကြ၏။ အမှန်တော့ ဝတ္ထုကို ပစ်မှတ်ထားလိုခြင်း ဖြစ်ပါသည်။
သူ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ ကြော်ငြာခ ယူထားပြီး ဖြစ်သောကြောင့် ယခုအချိန် ရပ်လိုက်လျှင် စာချုပ်ဖောက်ဖျက်ရာ ကျပေမည်။
ထို့အပြင်။
စာအုပ်၏ ဇာတ်အချိုးအကွေ့ လှည့်ကွက်များမှာ သု့အကြိုက်နှင့် ကွက်တိဖြစ်၏။
သူကိုယ်တိုင် တကယ်ကြိုက်နေမိသည်။
ထိုစဉ် ကွန်းမန့်များ၌ စုချန်းချန်းဖန်များက ပြန်၍ ကာကွယ်ကြလေသည်။
[ချန်းချန်းက မင်းတို့ကို ဘာလုပ်နေလို့တုန်း]
[ချန်းချန်းက အမြဲ ကြိုးစားတဲ့ ကောင်မလေးပါ။ လေးလေးစားစား ပြောကြစမ်း]
[ငါ့ချန်းချန်းလေးကိုများ လာအနိုင်ကျင့်တယ်ပေါ့လေ။ သတ္တိရှိရင် လိပ်စာချန်ခဲ့။ ငါ မိနစ်ပိုင်းအတွင်း သင်ခန်းစာ လာပေးမယ်]
[…]
အားပေးသူများ ပြန်ရောက်လာ၍ စုချန်းချန်း အနည်းငယ် စိတ်ဆိုးပြေသွား၏။
သို့သော် အမုန်းစကား လာပြောနေသူများမှာတော့ အလွန် စိတ်တိုစရာကောင်းလှသည်။
ချက်ချင်း အကုန်ပယ်ဖျက်ရန်လည်း မဖြစ်နိုင်ချေ။
ရုတ်တရက် လင့်ခ်တစ်ခုကို ဝင်ကြည့်ရန် ဝိုင်းပြောနေသည်ကို တွေ့ရ၏။
[ချန်းချန်း ဒီလင့်ခ်ထဲ မြန်မြန် ဝင်ကြည့်ဦး]
[သက်သက်ကြီး လိုက်မုန်းနေတဲ့သူတွေကို ဖယ်ထုတ်ရမယ့်အချိန်ပဲ”
[လင့်ခ်ထဲမှာ တကယ် အံ့ဩစရာကောင်းတာ ရှိတယ်။ ကျွန်တော့်ကို ယုံလိုက်ပါ ချန်းချန်းရယ်]
[…]
သူ့ဖန်အစစ်များမှ ဝိုင်းပြောနေသောကြောင့် စုချန်းချန်း မျက်မှောင်ကြုတ်လျက် စိတ်ဝင်စားသွား၏။
ဘာတွေများ အဲ့လောက် ထူးခြားနေလို့လဲ။
ကွန်းမန့်များ၌ အမုန်းစကားနှင့် ပြန်အားပေးသူများ ရောနှောနေ၍ သူ ချက်ချင်းတော့ ဝတ္ထုပြန်ဖတ်ချင်စိတ် မရှိတော့ချေ။
ထို့ကြောင့် ကပိုကရိုဆံနွယ်များအား ပြန်စည်း၍ လင့်ခ်ထဲ ဝင်ကြည့်လိုက်၏။
ထိုအခါ ဗီဒီယိုတစ်ခုအား တွေ့ရလေသည်။
‘ပြစ်မှုစုံစမ်းရေး ပါရမီရှင်မှ ရဲများကို ကူညီပေးရာ (၄၈) နာရီအတွင်း အမှုမှန် ပေါ်ပေါက်ခဲ့။ သူ့အကြောင်းမှာ…’
‘အန်လင်းသတင်းဌာန’
စုချန်းချန်း သက်ပြင်းချ၍ အမုန်းစကားများကို လျစ်လျူရှုကာ ဗီဒီယိုအား ဖွင့်ကြည့်လိုက်သည်။
ထိုအခါ ရဲမှူးတစ်ယောက်၏ အင်တာဗျူးကို တွေ့ရလေ၏။
“ကျွန်တော်တို့ (၄၈) နာရီအတွင်း ဒီလို အမှုမှန်ပေါ်အောင် ဆောင်ရွက်နိုင်တာ အပြင်က ပါရမီရှင်တစ်ယောက်ရဲ့ အကူအညီတွေ အများကြီး ပါပါတယ်…”
စုချန်းချန်း စိတ်ဝင်တစား နားထောင်နေ၏။
အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ။
ထိုစဉ် မုန်းတီးသူများမှ ဝင်ပြောကြပြန်၏။
[ဟုတ်တယ်။ အဲ့လို ကောင်းတဲ့ ဗီဒီယိုတွေပဲ ကြည့်စမ်းပါ။ မဟုတ်တဲ့ ဝတ္ထုတွေ ဖတ်မနေနဲ့]
[ပြစ်မှုဝတ္ထုတွေ မကြော်ငြာစမ်းပါနဲ့။ ကလေးတွေ ပျက်စီးမယ်]
[ကောင်းတယ်။ နောက်ဆုံးတော့ အမြင်မှန် ရသွားပြီပေါ့]
[…]
သို့သော် မကြာမီ အမုန်းစကားများ ရပ်တန့်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် ရဲမှူးဟူတာချန်း၏ ကျေးဇူးရှင် ပါရမီရှင်မှာ
“အားလုံးပဲ ယုံမှာတော့ မဟုတ်ဘူး။ ဒါပေမဲ အခု ကျွန်တော် ပြောနေတဲ့ ပါရမီရှင်က အွန်လိုင်း ဝတ္ထုရေးဆရာပါ]
မီဒီယာများမှ ဝိုင်း၍
“ရဲမှူးဟူ အဲ့စာရေးဆရာက ဘယ်သူများလဲ။ ပြောပြပေးလို့ ရလား]
ဟူတာချန်း ရယ်မောလျက်
“ဒါပေါ့။ သူ့စာအုပ်က ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ တဲ့။ အားလုံး ဖတ်ကြည့်ကြဖို့ ကျွန်တော်တို့ အန်လင်းဌာနတစ်ခုလုံးရဲ့ ကိုယ်စားပြုပြီး ညွှန်းချင်ပါတယ်ဗျာ”
ဗီဒီယို ဆက်ပွင့်နေဆဲ ဖြစ်သော်လည်း ကွန်းမန့်များတွင်တော့ အားလုံး တိတ်ဆိတ်သွား၏။
စုချန်းချန်းကိုယ်တိုင်လည်း မှင်တက်နေမိသည်။
သူ မျက်လုံးလေးပြူး၍ မယုံနိုင်စွာဖြင့် ဗီဒီယိုကို ပြန်ဖွင့်ကြည့်ပြန်၏။
သူ ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ဟူသော နာမည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ပါသည်။
ဝါး!
စုချန်းချန်း အသက်ကိုဝအောင်ရှူရင်း အံ့ဩစိတ်ကို ထိန်းနေရ၏။
အချိန်အတော်ကြာမှ ပြုံးသွားပြီး
“ကဲ ဝတ္ထုကို ဆက်ပြီး ဖတ်လိုက်ကြရအောင်နော်။ သဘောကျတယ်ဆိုရင် အခုပဲ subscribe သွားလုပ်ထားလိုက်ပါ”
အမုန်းစကားများမှာ လုံးဝ ရပ်တန့်သွား၏။
ရဲမှူးကိုယ်တိုင် ညွှန်းပေးသူဖြစ်၍ ရဲဌာနနှင့် ပူးပေါင်းဖူးသူ ဖြစ်ပေမည်။
ထို့ကြောင့် ဆက်၍ ပြဿနာရှာနေပါက ဒုက္ခရောက်နိုင်၏။
အနည်းဆုံး ထိန်းသိမ်းခံရနိုင်လေသည်။
ထိုအခါ စုချန်းချန်းဖန်များမှ
[ပြောကြဦးလေ။ အဲ့လောက် မုန်းနေတာကို]
[မစ္စတာလင်း ခုနက ပြောမိတာတွေအတွက် တောင်းပန်ပါတယ်]
[အစက တရားခံလို့ ထင်ထားတာကို။ ဉာဏ်ကောင်းတဲ့ ပါရမီရှင် ဖြစ်နေတာပဲ]
[ဘုရားသခင် စာအုပ်ထဲမှာ ပြစ်မှု စစ်ဆေးနည်းတွေ ပါတာပဲ]
[ချန်းချန်းကတော့ တကယ် အမြင်ရှိတယ်။ ကျွန်တော် အကုန် subscribe လုပ်လိုက်ပါပြီ]
[အွန်လိုင်းစာရေးဆရာက ပြစ်မှုအတွက် ဝိုင်းစုံစမ်းနိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ]
[မဟုတ်သေးဘူး။ သူ့အရည်အချင်းက ရဲတွေထက်တောင် တော်နေသေးတယ်]
[…]
အားလုံး မယုံကြည်နိုင်စွာ၊ အံ့အားသင့်စွာဖြင့် ပြောနေမိကြ၏။
ထိုအခြေအနေကို မည်သူမျှ မတွေးထားခဲ့ချေ။
သို့သော် အန်လင်းရဲစခန်းမှ ရဲမှူးဟာကိုယ်တိုင် အတည်ပြုပေးထားသောကြောင့် မှားစရာအကြောင်း မရှိချေ။
“ကျေနပ်လိုက်တာ”
လင်းချွမ်တစ်ယောက် ကွန်ပျူတာရှေ့ထိုင်ရင်း အလွန် ပြုံးပျော်နေ၏။
မတ်လ၏ နွေဦးလေပြည်များ အခန်းထဲအထိ ဝင်လာပြီး လင်းချွမ် ပင်ပန်းခဲ့သမျှ အားလုံး ပြေပျောက်သွား၏။
Subscribe လုပ်သူများလည်း တဖြည်းဖြည်း တိုးလာလေပြီ။
ထိုစဉ် SpongeBob ကာတွန်းရုပ်နှင့် အကောင့်ထံမှ စာဝင်လာ၏။
“လင်းချွမ် မအိပ်သေးဘူးလား”
“အိမ်ပိုင်ရှင်မလေး အခန်းခ ထပ်တိုးဦးမလို့လား”
ကျန်းရှင်းရှင်းမှ
“ကျွန်မတို့က အလုပ်နဲ့တူအောင် လုပ်တာပါ”
လင်းချွမ် စိတ်ပျက်လက်ပျက်ဖြင့်
“အဲ့လောက် ရက်စက်တာလား။ ကြောက်စရာ ကောင်းလိုက်တာ”
ကျန်းရှင်းရှင်းက
“အခန်းခတိုးမလို့ မဟုတ်ပါဘူး”
“အဲ့တာဆိုရင်”
“ရှင့်မှာ ဝက်ဘ်ဆိုဒ်တွေ ရှိသေးလားလို့ပါ”
ထိုအခါမှ လင်းချွမ် စိတ်အေးကာ သက်ပြင်းချနိုင်တော့၏။
တော်သေးတာပေါ့။ အရင်တစ်ခါပေးထားတာ အကုန် ကြည့်ပြီးပြီလား။