← Chapters

ဆွဲဆောင်မှုရှိသောပုံ ပြခြင်း

Vol. 4 Ch. 49

ဆွဲဆောင်မှုရှိသောပုံ ပြခြင်း

Vol. 4 Ch. 49

“အရင်တစ်ခါ အဲ့ဝက်ဘ်ဆိုဒ်မှာ ဗီဒီယိုတွေ အများကြီး ရှိတယ်လေ။ မလောက်သေးဘူးလား”

လင်းချွမ် အံ့အားသင့်စွာ ပြန်မေးလိုက်၏။ 

မကြာမီ။ 

ကျန်းရှင်းရှင်းမှ စာပြန်ပို့လေသည်။ 

“မဟုတ်ဘူး။ အဲ့ဝက်ဘ်ဆိုဒ်က ပိတ်သွားလို့”

လင်းချွမ် မျက်မှောင်ကြုတ်လျက်

“မဖြစ်နိုင်တာ။ ငါ သုံးလာတာ ကြာလှပြီ။ မပိတ်ပါဘူး”

“တကယ်ပါဆိုနေ”

လင်းချွမ် မယုံနိုင်စွာဖြင့် ထိုဝက်ဘ်ဆိုဒ်အား အမြန် ရိုက်ရှာလိုက်၏။ 

‘စည်းမျဉ်းဥပဒေများအရ တိုင်ကြားချက်များ ရရှိသောကြောင့် လတ်တလော အသုံးမပြုနိုင်ပါ’

“တကယ်ကြီး ပိတ်သွားတာပဲ”

လင်းချွမ် တစ်ယောက်တည်း ရေရွတ်၍ ခဏ စဉ်းစားပြီးနောက် 

“မင်းအရင်က ကြည့်တဲ့ ဝက်ဘ်ဆိုဒ်တွေရော အကုန် ပိတ်သွားတာလား”

“အဲ့တာတွေက ဗိုင်းရပ်စ်ပါနေတာ။ ဝင်ကြည့်ပြီးရင် ဆိုင်ပို့ရပြီ”

ကျန်းရှင်းရှင်း မျက်နှာငယ်ပုံစံဖြင့် အရုပ်လေးပါ ပို့လိုက်၏။ 

“ဟုတ်ပါပြီ”

လင်းချွမ် နောက်ထပ်လင့်ခ်တစ်ခု ထပ်ပို့ပေးလိုက်သည်။ 

“ဆုချတဲ့အနေနဲ့ အသုံးစရိတ် (၂) လ လျှော့ပေးမယ်”

ကျန်းရှင်းရှင်း ကျေနပ်စွာ ပြောလိုက်၏။ 

“အိမ်ရှင်လေးက တကယ် စိတ်ထားကောင်းလိုက်တာ”

လင်းချွမ် ရယ်မော၍ စာပို့လေသည်။ 

လစဉ်အသုံးစရိတ်မှာ ယွမ် (၁၀၀) ဖြစ်သောကြောင့် (၂) လအတွက် ယွမ် (၂၀၀) ဖြစ်၏။  

မကြာမီ မိုးအတော်ချုပ်လာပြီး လင်းချွမ် အိပ်ရာထဲ လှဲလျက် အိပ်မက်ကမ္ဘာထဲ စိတ်ကူးယဉ်နေသည်။ 

ထိုအချိန်တွင် အန်လင်းသတင်းဌာန၏ အင်တာဗျူးမှာလည်း အလွန်အောင်မြင်၍ မနားတမ်း တိုးတက်လာလေသည်။ 

…

နောက်တစ်နေ့နံနက်၌။ မိုတု။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရုံး။ 

မိုးများ ပိုးမျှင်ကဲ့သို့ နူးညံ့စွာ ရွာသွန်းကျနေပြီး မှုန်မှိုင်းမှိုင်း ရာသီဥတု ဖြစ်နေသည်။ 

ယုယွီတစ်ယောက် ဂါဝန်ဗြောင်ဝမ်းဆက်လေးနှင့် ဒေါက်ဖိနပ်မြင့်ကို ဝတ်ဆင်ထားပြီး ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ရုံးထဲသို့ အလျင်စလို ဝင်သွားသောကြောင့် နက်မှောင်ထွေးအိသော ဆံနွယ်များမှာ အနောက်တွင် ယမ်းခါနေတော့သည်။ 

“ယုယွီ”

ယုယွီ ရုံးခန်းထဲ ရောက်သည်နှင့် မင်ယွဲ့ အနားရောက်လာပြီး နှုတ်ဆက်၏။ 

“မမမင်ယွဲ့ မင်္ဂလာပါ”

ယုယွီ ပြုံး၍ ပြန်ပြောလိုက်သည်။ 

“ကောင်မလေး အရမ်းတောက်ပနေပါလား။ အရင်ထက် အများကြီး လန်းဆန်းတက်ကြွနေတယ်နော်”

မင်ယွဲ့ သူ့အခြေအနေကို သတိထားမိပြီး ပြောလိုက်သည်။ 

ယုယွီ ပြုံးရွှင်လျက်

“ကျွန်မစိတ်တွေ အဆင်ပြေသွားပြီလေ။ အရင်လို စိတ်မရှုပ်တော့ဘူး”

အရင်က သူ့လုပ်ဆောင်မှုများအတွက် များစွာ စိုးရိမ်ခဲ့မိ၏။ 

လင်းချွမ်၏ ‘လူလိမ်’ ဝတ္ထုအောင်မြင်သွားပြီးနောက် နောက်ထပ် အသစ်တစ်အုပ်မှာလည်း မျှော်လင့်ချက် ရှိ၏။ 

လင်းချွမ်သာ ထိုအတိုင်း ဆက်ရေးသွားလျှင် ယခုနှစ် ရောင်းအား ပြည့်နိုင်သည်။ 

ထို့ကြောင့် ဘဝအတွက်လည်း မျှော်လင့်ချက်များ ပေါ်လာတော့သည်။ 

“အဆင်ပြေသွားရင် တော်သေးတာပေါ့”

မင်ယွဲ့ အရှေ့သို့ ကိုင်းလာပြီး

“ယုယွီ ငါ ဆွေးနွေးစရာလေး ရှိလို့”

“ဘာကိစ္စများလဲ မမ”

ယုယွီ ခေါင်းလေး မော့လာပြီး စိတ်ဝင်တစား ကြည့်နေ၏။ 

မင်ယွဲ့ ပြုံးလျက်

“မင်းလက်အောက်က မစ္စတာလင်းကို ငါ့အဖွဲ့ထဲ လဲလိုက်ရင်ရော”

“ဟင်”

ယုယွီ မျက်မှောင်ကြုတ်လျက် နေရခက်စွာ ပြုံး၍

“မမမင်ယွဲ့ကတော့ မနက်စောစောတည်းက လာနောက်နေပြန်ပြီ”

“Subscription (၁၀,၀၀၀) ရှိထားပြီးသားသူကို ပေးမှာနော်”

မင်ယွဲ့ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ 

ယုယွီ မျက်မှောင်ကြုတ်လျက်

“အဲ့လောက် သဘောကောင်းတာလား”

“ဒါပေါ့”

မင်ယွဲ့ မျက်ခုံးလေးပင့်လျက်

“ဘယ်လိုလဲ။ လဲမလား”

“မလဲပါဘူး”

ယုယွီ ပြန်ပင်မစဉ်းစားဘဲ ချက်ချင်း ဖြေလိုက်၏။ 

“ဒီလောက် အကောင်းစားပေးနေတာတောင် မလဲနိုင်တာ လင်းချွမ်ကို အဲ့လောက် ချစ်နေလား”

မင်ယွဲ့ ထပ်စလိုက်၏။ 

ယုယွီပြုံးကာ

“မမကတော့ နောက်ပြီ။ လင်းချွမ်က သူ့ကြိုးစားမှုအတွက် အခုမှ ပြန်ရမှာ။ သူ့စာအုပ်အသစ်လည်း သေချာပြန်ဖတ်ပြီးပြီ။ သေချာပေါက် subscription တွေ ထပ်ရဦးမှာ။ အဲ့တာကြောင့် လာလုဖို့ မကြိုးစားပါနဲ့တော့”

“ကောင်မလေး မင်း တကယ် အမြင်ရှိတာပဲ”

မင်ယွဲ့ ထောက်ခံလိုက်မိသည်။ 

“ယုယွီ နင် သူ့ကို ကောင်းကောင်း သင်ထားတာပဲ”

ယုယွီ သူ့ကိုယ်သူ ထပ်ချီးကျူးလိုက်၏။ 

မင်ယွဲ့ ခေါင်းယမ်းကာ

“ဒါပေမဲ့ ငါ တစ်ခုတော့ ပြောစရာရှိတယ်။ သူ့မှာ subscription (၁) သောင်းရဖို့ အလားအလာရှိတာ မဟုတ်ဘူး။ ရပြီးသွားပြီ”

“ဘယ်လို”

ယုယွီ မယုံကြည်နိုင်စွာ ပြန်မေးလိုက်သည်။ 

“ဟုတ်တယ်”

မင်ယွဲ့ ခေါင်းငြိမ့်၍ အင်တာနက်ပေါ်မှ သတင်းအား ပြလိုက်သည်။ 

“ကြည့်လေ။ ရှာဖွေအခံရဆုံး ထိပ်ဆုံးစာရင်းထဲ ရောက်နေပြီ”

ယုယွီ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေ၏။ 

၁….

၅. အွန်လိုင်းစာရေးဆရာမှ အလွတ်တန်းစုံထောက် ရာထူးရယူနိုင်ခြင်း 

“နံပါတ် (၅) မှာရှိနေတာ လင်းချွမ်ပဲ”

မင်ယွဲ့ ပြုံး၍ ပြောလိုက်၏။ 

ယုယွီ အန်လင်းသတင်းဌာနမှ ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။ 

ဗီဒီယိုထဲ၌ ဟူတာချန်းမှ လင်းချွမ်ဝတ္ထုအား ကြော်ငြာပေးနေလေသည်။ 

‘ဝတ္ထုဆိုတာ လက်တွေ့ဘဝက လာတာပဲ’

‘ဒီလိုဝတ္ထုရေးဆရာတွေက စုံထောက်ဖြစ်နိုင်တာပဲ’

‘’ဝတ္ထုကို ဒီလိုရေးတာလား’

‘…’

ယုယွီလည်း မျက်လုံးလေးပြူးလျက် လက်များ တုန်ယင်လျက် ဗီဒီယိုကို ကြည့်နေသည်။ 

မယုံနိုင်စရာပဲ။ 

ထို့နောက် လင်းချွမ်၏ စာအုပ်အခြေအနေကို ပြေးကြည့်လိုက်သည်။ 

[စာအုပ် : ကျွမ်းကျင်လှသော လုပ်ကြံသူ]

[အပိုင်းများ : ၆၄၂]

[subscription စုစုပေါင်း : ၂၆၇၃၉၃၀]

[ပျမ်းမျှ subscription: ၄၁၆၅]

မင်ယွဲ့ ယုယွီကို လှမ်းပုတ်ကာ ရယ်မော၍

“ယုယွီ ဒီလိုရတနာလေးကို သေချာဆုပ်ကိုင်ထားနော်”

ထိုအခါမှ ယုယွီ သတိပြန်ဝင်လာပြီး ပြုံးလျက်

“မမ မနက်စောစောစီးစီး လာနောက်နေတာ ဒါကြောင့်ကိုး။ လန့်သွားတာပဲ”

မင်ယွဲ့မှ

“အခု ငါလာလုမှာကို စိုးရိမ်ရမှာ မဟုတ်ဘူး။ လင်းချွမ် ဝတ္ထုဆက်ရေးပါ့မလားဆိုတာပဲ”

ယုယွီ ထိုအခါမှ တကယ်လန့်သွားသည်။ 

ဟုတ်တယ်နော်။ 

လင်းချွမ်မှာ အန်လင်းရဲစခန်း၏ အလွတ်တန်းစုံထောက် ဖြစ်နေလေပြီ။ 

“ရဲတွေက တရားဝင်ခန့်လိုက်လို့ စာဆက်မရေးတော့ရင် ဘယ်လိုလုပ်မလဲ”

ယုယွီ ပို၍ ထိတ်လန့်လာ၏။ 

ထိုရတနာကို သူ အဆုံးရှုံးမခံနိုင်ပေ။ 

“ဒါတော့ မင်းအရည်အချင်းနဲ့ ဆိုင်သွားပြီ”

မင်ယွဲ့ပြုံး၍ ပြောလေသည်။ 

“ရဲတွေဘက်က ရာထူးသေချာပေးမယ် ပြောလာရင် ဘယ်လိုလုပ်မလဲ”

မင်ယွဲ့က

“အဲ့တာကြောင့် မင်းဆွဲဆောင်မှုရှိတဲ့ပုံစံကို ပြရမှာပေါ့”

All Chapters