Red Hacker
Vol. 4 Ch. 51
လင်းချွမ်အမူအရာ ပြောင်းသွားပြီး နားမလည်နိုင်စွာဖြင့်
“ယုယွီ ကျွန်တော်တို့က အယ်ဒီတာနဲ့ စာရေးဆရာလေ။ ယုယွီ အဲ့လိုပြောတော့ စကားကြီး က ထူးဆန်းနေပြီ”
ယုယွီ အမြန် ပြန်ရှင်းပြ၏။
“လင်းချွမ် ရှင် အထင်လွဲနေပြီ။ တခြားအယ်ဒီတာက ရှင့်ကို လုသွားမှာစိုးတယ်လို့ ပြောချင်တာပါ”
လင်းချွမ် ထိုအခါမှ ရယ်မော၍
“ယုယွီရယ် အရမ်းအတွေးလွန်နေတာပဲ။ ကျွန်တော်က အခုမှ စာရေးဆရာပေါက်စကို ဘယ်သူက လုမှာလဲ”
“အဲ့တာဆို တော်သေးတာပေါ့”
ယုယွီ ထိုအခါမှ သက်ပြင်းချနိုင်၏။
“မင်းက စိုးရိမ်လို့လား”
လင်းချွမ် ပြန်မေးလိုက်၏။
“ဒါပေါ့”
ယုယွီ ဖြေပြီးမှ တစ်ခုခုထူးဆန်းမှန်း ပြန်သတိထားမိကာ ရှင်းပြမိပြန်သည်။
“မစိုးရိမ်ပါဘူး။ အယ်ဒီတာချုပ်မင်ယွဲ့က ရှင့်ကို စောင့်ကြည့်ထားဖို့ ပြောလို့”
လင်းချွမ် မျက်ခုံးလေးပင့်ကာ တွေးတွေးဆဆဖြင့်
“ကောင်းပါပြီဗျာ သတိထားပါ့မယ်”
ထိုစဉ် တံခါးခေါက်သံကြား၍ လင်းချွမ်ပြုံးကာ
“ကျွန်တော် အမှုဖြေရှင်းဖို့ သွားရတော့မယ်။ နောက်မှ အေးဆေး ဆက်ပြောကြတာပေါ့”
“ဟုတ်ပါပြီရှင်”
…
ထိုနေ့တွင်။
လင်းချွမ်၊ ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ နောက်ထပ် အမှု (၂) ခုအား ဆက်လက် စစ်ဆေးကြလေသည်။
စစ်ဆေးမှုများ ချောမွေ့စွာ ပြီးဆုံးသွားပြီး ရဲများ၏ သက်သေနှင့် ပေါင်းစပ်လိုက်သောအခါ သံသယရှိသူများ ချက်ချင်း ပေါ်လာပြီး အရေးယူနိုင်တော့သည်။
အန်လင်းသတင်းဌာနမှ ဗီဒီယိုအသစ်များ ထပ်တင်ပြန်၏။
‘စာရေးဆရာမှ ရဲများနှင့်အတူ ပြစ်မှုစုံစမ်းရေးတွင် ထပ်မံကူညီ’
‘ပြစ်မှုစုံစမ်းရေးပါရမီရှင်။ သက်သေအားလုံး သူ့မျက်လုံးထဲမှာ”
‘မယုံနိုင်စရာပဲ။ တစ်ရက်တည်း အမှုနှစ်ခု ဖြေရှင်းခဲ့တယ်’
တစ်နေ့လုံး သူ့သတင်းများသာ အဆက်မပြတ် ပျံ့နေဆဲ ဖြစ်သည်။
လင်းချွမ်မှာ သူ့စာအုပ်အခြေအနေကို သတိရပြီး ကြည့်မိ၏။
[စာအုပ် : ကျွမ်းကျင်လှသော လုပ်ကြံသူ]
[လက်ရှိ အခြေအနေ : ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း : ၅၂၁၈/၃၀၀၀]
ထိုညက။
ညမှာ တဖြည်းဖြည်း မှောင်လာပြီး မိုးတဖျောက်ဖျောက် ရွာသွန်းနေသည်။
လင်းချွမ်အခန်းအပြင်ဘက်၌ ခပ်မှိန်မှိန် လမ်းမီးတိုင် အလင်းကြောင့် ပို၍ စိတ်ကူးယဉ်ဆန်လှ၏။
မိုးစက်မိုးပေါက်များမှာ ပြတင်းတံခါးသို့ လာရိုက်မှန်နေကြပြီး တဒေါက်ဒေါက် မြည်သံက သံစဉ်တစ်ခုနှင့်ပင် တူလေသည်။
လင်းချွမ်တစ်ယောက် မိုးသံစဉ်ကို နားထောင်ရင်း လတ်ဆတ်သော ညခင်းလေအား အားရပါးရ ရှူရှိုက်လိုက်၏။
ထိုစဉ် စနစ်၏ စက်ရုပ်ဆန်သောအသံ ထွက်လာလေသည်။
“ပိုင်ရှင်၏ အောင်မြင်မှုစံနှုန်းမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်သွားပါပြီ။ နောက်ထပ် အလုပ်အကိုင်သစ် စတင်မည်လား”
“အလုပ်အသစ်လား”
လင်းချွမ် စိတ်ထဲမှ တွေးနေမိလေသည်။
စနစ်စုတ် ဒီတစ်ခါလည်း မဟုတ်တာတွေ ထပ်ပေးရင် တွေ့မယ်။
Iစနစ်၏အသံ ထပ်ထွက်လာ၏။
[အတွေ့အကြုံတိုင်းက သင့်အတွက် အမှတ်တရ ဖြစ်စေမှာပါ]
[ယခုအခေါက် အလုပ်အကိုင်မှာ… ဟက်ကာ ဖြစ်ပါတယ်]
ဟက်ကာလား။
တကယ်ပါပဲ။
အေးမြသောညခင်းမိုးသည် ပြတင်းအပြင်၌ ပိုသည်းလာ၏။
လင်းချွမ် မျက်မှောင်ကြုတ်လျက် လေအဝ ရှူလိုက်သည်။
ဟက်ကာလား။ ဒီအလုပ်လည်း စိတ်လှုပ်ရှားစရာပဲ။
သူ စနစ်ကို ကျိန်ဆဲမိမလို ဖြစ်သွားပြီးမှ အကောင်းဘက်မှတွေးကာ စိတ်ပြန်လျှော့လိုက်သည်။
“စိတ်လျှော့ စိတ်လျှော့။ စိတ်တိုပြီး ရောဂါရလောက်အောင် မတန်ဘူး။ ဘယ်လို အဖွဲ့အစည်းနဲ့ ပတ်သက်နေလဲ အရင်ကြည့်တာပေါ့။ တရားဝင်လား မဝင်လားဆိုတာ”
နိုင်ငံတွင်း အဖွဲ့အစည်းများစွာရှိပြီး Black Hat, White Hat, Grey Hat, Hacker, Red Hat တို့မှာ နာမည်ကြီးသည်။
ဥပမာ Black Hat သည် ဗိုင်းရပ်စ်များကို အထူးပြု၍ လေ့လာပြီး network လုံခြုံရေးအတွက် ကာကွယ်ပေးသည်။
White Hat မှာ cyber security နှင့် ကွန်ပျူတာနည်းပညာများ ထိန်းသိမ်း၍ အင်တာနက် ကုမ္ပဏီများအတွက် အထူးအကျိုးပြု၏။
လင်းချွမ် တစ်ယောက်တည်း တွေးတောရင်း
“ဒီတစ်ခါတော့ ကောင်းကောင်းလေး ရမှဖြစ်မယ်။ မဟုတ်ရင် ဝတ္ထုထွက်တာနဲ့ ထပ်အဖမ်းခံရဦးမလား ကြောက်နေရမှာ”
ရဲစခန်းကို နေ့တိုင်းကြီး သွားနေရတာတော့ မဟုတ်သေးဘူးမလား။
ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ ဒီမနက်က စစ်ဆေးရေးအတွက် လင်းချွမ်ကို လာခေါ်စဉ် တိုက်အောက်ရှိ မနက်ခင်း လမ်းလျှောက်နေကြသော လူကြီးများထံမှ စကားအချို့ ကြားခဲ့ရ၏။
‘ဒီကောင်လေး နေ့တိုင်း အဖမ်းခံနေရတာလား’
‘သူ ပြဿနာတက်လာပြန်ပြီလား’
‘ဒီလအတွင်း အဖမ်းခံနေရတာ တော်ရုံမဟုတ်တော့ဘူး’
‘မဟုတ်သေးပါဘူး။ လာဖမ်းတိုင်း ဒီရဲမေပဲ။ သူ့ကောင်မလေးများလား မသိဘူး’
‘ကောင်လေးကလည်း ချောတော့ ချောသား’
‘တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ ထိုင်နေတာတောင် ဒီလို ရဲမေလှလှလေး ရသေးတယ်။ ငါကျတော့ရော’
‘…’
သူ ရဲစခန်း ခဏခဏ သွားနေရသောကြောင့် ကောလာဟလများ ပျံ့နှံ့နေလေပြီ။
ဟက်ကာဘဝအတွက် စနစ်၏ အချက်ပေးသံ ထွက်လာ၏။
[ယခု ရွေးချယ်လိုက်သော အလုပ်အကိုင်မှာ ဟက်ကာ ဖြစ်ပါသည်။ အဆင့်မြင့်ဟက်ကာနည်းပညာ အရည်အချင်း ရရှိသည့်အတွက် ဂုဏ်ယူပါသည်။][
[ပုံရိပ်ယောင်လောက ဖန်တီးပါတော့မည်။ အသင့်ပြင်ထားပါ။]
လင်းချွမ် အသက်ကိုဝအောင် ရှူလိုက်၏။
မကြာမီ လက်တွေ့ဘဝနှင့် ပုံရိပ်ယောင်တို့ ရောနှောသွားတော့၏။
လင်းချွမ်ရှေ့တွင် ကွန်ပျူတာမျက်နှာပြင်ကြီးကို တွေ့ရပြီး ကုဒ်များ၊ အချက်အလက်များ များစွာ တွေ့ရ၏။ သူ့လက်များမှာတော့ ကီးဘုတ်ပေါ်တွင် အဆင်သင့်ရှိနေသည်။
လင်းချွမ်ပတ်လည်၌ အခန်းရှိပြီး နည်းပညာ အငွေ့အသက်များ ခံစားရလေသည်။
အခန်းမီးရောင်သည် မှိန်ပျပျဖြစ်ပြီး စက်ပစ္စည်းများကို ပို၍ ထူးခြားစေသည်။
“ဒါက ဟက်ကာအလုပ်ခန်းပဲ”
လင်းချွမ် ပထမဆုံး စ၍ ရေရွတ်လိုက်မိသည်။
ထိုစဉ် လူငယ်လေးတစ်ဦး ရောက်လာပြီး
“သူဌေး နိုင်ငံခြားအဖွဲ့တွေက ဆက်တိုက် လာပြီး ရန်စနေပါတယ်။ သူတို့ DDoS နည်းနဲ့ တိုက်ခိုက်တာက ကျွန်တော်တို့ ဆာဗာတွေရဲ့ လုပ်ဆောင်မှုကို တအားကျစေတာ။ ကျွန်တော်တို့ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ခိုးဖို့ ကြံနေတာ ထင်တယ်နော်”
လင်းချွမ် သူ့စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိ၏။
သူ ထိုတိုက်ခိုက်မှုကို နားလည်ပါသည်။
ကွန်ပျူတာများစွာကို တစ်ချိန်တည်း ထိန်းချုပ်ခြင်းမျိုး ဖြစ်၏။
သို့သော် ခုနက လူငယ်လေးမှာ စကားလုံးအသစ် ထပ်ပြောသွားသည်။
နိုင်ငံခြားအဖွဲ့လား။
“ဟားဟားဟား”
လင်းချွမ် ရယ်မောလျက်
“နောက်ဆုံးတော့ ရာဇဝတ်မှုတွေ မလုပ်ရတော့ဘူးကွ”
ဟက်ကာလား။
Red Hacker ကွ။ ဒါက နိုင်ငံကိုချစ်ပြီး တရားမျှတမှုရှိတဲ့ အဖွဲ့ပဲ။ ပြင်ပရန်သူကို ကာကွယ်ရမှာပေါ့။
မကောင်းတာတွေ မပါတော့ဘူး။
“သူဌေး အဆင်ပြေရဲ့လား”
လူငယ်လေးမှ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
လင်းချွမ် သက်ပြင်းချ၍ စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ လက်ယမ်းပြလိုက်သည်။
“အဲ့လိုတွေ အများကြီး မစဉ်းစားချင်ဘူး။ နိုင်ငံခြားအဖွဲ့တွေ cyberwar စချင်လည်း ပေးလုပ်လိုက်ပါ”
“သူဌေးရယ် ကျွန်တော်တို့လည်း ဒီစကားကိုပဲ စောင့်နေတာ”
လူငယ်လေးမျက်နှာ ဝင်းပသွား၏။
ထို့နောက် ကွန်ပျူတာ၌ ကုဒ်တစ်ခု ရေး၍ ပို့လိုက်လေသည်။
“အစ်ကိုတို့ သူဌေးက တိုက်ခိုက်ဖို့ ပြောတယ်”
ဟု အဓိပ္ပာယ်ရလေ၏။
ဝှစ်!
ထိုအခါ အခြားတစ်ဖက်မှ စာများ ပြန်လည်ရရှိသည်။
[လက်ခံရရှိပါသည်]
[လက်ခံရရှိပါသည်]
[…]
လင်းချွမ် အားရပါးရ ရယ်မောကာ
“Red Hackers ကွ။ တိုက်ခိုက်စမ်း”