တကယ်လား
Vol. 4 Ch. 54
မကြာမီ။
ရှင်းရှင်း စကူတာလေးဖြင့် အမြန် ပြန်ရောက်လာသည်။
ခြေတံရှည်များဖြင့် ဆိုင်ထဲ ခပ်သွက်သွက် ဝင်လာပြီး အမဲသားခေါက်ဆွဲခွက်အား လင်းချွမ်ရှေ့ ချပေးလိုက်၏။
“ရပြီ လင်းချွမ်”
လင်းချွမ် ရှင်းရှင်း၏ မျက်နှာရဲရဲလေးကိုကြည့်ကာ ပြုံးမိသွားပြီး ခေါက်ဆွဲကို လှမ်းယူလိုက်သည်။
ထို့နောက် ပလတ်စတစ်ဘူးအား ဖွင့်ကြည့်လိုက်၏။
ပန်းကန်အပေါ်ယံ၌ အမဲသားပြားများစွာ ရှိနေပြီး ကြက်သွန်မြိတ်နှင့် နံနံပင်အုပ်ထားသောကြောင့် အထဲမှ ခေါက်ဆွဲကိုပင် မမြင်ရချေ။
အမဲသားသီးသန့်နှင့် ခေါက်ဆွဲမပါသလို ထင်ရ၏။
“ကျန်းက သဘောကောင်းလိုက်တာ”
လင်းချွမ် ကျေနပ်စွာဖြင့် လက်မထောင်ပြလိုက်သည်။
ရှင်းရှင်း အသက်ကိာ အမောတကော ရှူနေပြီး ပီကာချူးလေးမှာ ခုန်ဆွခုန်ဆွ ဖြစ်နေသည်။
ထို့နောက် သူ့ကိုကြည့်၍
“စားလေ။ ပြီးရင် ကျွန်မ တက်ဘလက် ပြင်ပေးဦး”
“ဟုတ်ပါပြီဗျာ”
လင်းချွမ် ခပ်အေးအေးပြော၍ စစားလေသည်။
ကျန်းလည်း မေးလေးထောက်လျက် လင်းချွမ် ခေါက်ဆွဲစားနေသည်အား ပျင်းရိစွာ ငေးကြည့်နေသည်။
နောက်ဆုံးတော့ အချိန်တစ်ခု ကြာပြီးသောအခါ။
လင်းချွမ် ဗိုက်လေးကို ပုတ်လျက်
“ကဲ အလုပ်လုပ်ရမယ့်အချိန်ပဲ”
ရှင်းရှင်း မျက်လုံးအရောင်လေး လက်သွားပြီး အားအင်အပြည့်ဖြင့်
“ဘာပစ္စည်း လိုသေးလဲ။ ကျွန်မ ယူပေးမယ်လေ”
လင်းချွမ် ခေါင်းယမ်းပြလိုက်ပြီးနောက် ကောင်တာမှ ကွန်ပျူတာအဟောင်းကို လက်ညှိုးထိုးပြကာ ပြုံး၍
“မလိုပါဘူး။ ဟိုကွန်ပျူတာနဲ့တင် ရပြီ”
ရှင်းရှင်း ချက်ချင်း လင်းချွမ်အတွက် နေရာ ပြင်ဆင်ပေးလိုက်၏။
ထိုကွန်ပျူတာမှာ မော်ဒယ်အလွန်နိမ့်နေပြီး အရင်ခေတ်ဂိမ်းများ ကစားရုံ၊ ဗီဒီယိုကြည့်ရုံမျှသာ သုံးနိုင်ပါသည်။
သို့သော် လင်းချွမ်ကဲ့သို့ အဆင့်မြင့် ဟက်ကာအတွက်တော့ ဤမျှနှင့် လုံလောက်ပါသည်။
လင်းချွမ် ပထမဆုံး တက်ဘလက်၏ အသံခလုတ်နှင့် ပါဝါခလုတ်ကို ပြိုင်၍ နှိပ်ချလိုက်သည်။ ထို့နောက် မျက်နှာပြင် လင်းလာပြီး ရွေးချယ်စရာအချို့ ပေါ်လာ၏။
တက်ဘလက်၏ ပြန်လည်တည်ဆောက်ရေး ပုံစံ ဖြစ်လေသည်။
ထိုပုံစံမှာ ကွန်ပျူတာမှ backup အခြေအနေနှင့် တူ၏။
“ရှင်က စာရေးဆရာသာဆိုတယ်။ တက်လလက်ရော ပြင်တတ်တာလား”
ရှင်းရှင်း သူ့ကိုကြည့်ရင်း မျက်လုံးအရောင်များ လက်၍ အံ့ဩတကြီး ဖြစ်နေသည်။
“ဒါတွေက အခြေခံလေးတွေပါ”
လင်းချွမ် ခပ်အေးအေး ပြန်ဖြေလိုက်သည်။
အမှန်ပင် ထိုအချက်များမှာ အခြေခံမျှသာ ဖြစ်၏။ ယေဘုယျအားဖြင့်ဆိုသော် ထိုသို့ ပြန်လည် ပြင်ဆင်သည့်အခြေအနေတွင် အသုံးပြုသူ ဒေတာများ ရှင်းလင်း၍ အားလုံးကို အစမှ ပြန်စရသည်။
သို့သော် ကျန်းမှာ ဒေတာများ လိုချင်သောကြောင့် တက်ဘလက်ထဲ၌ ရှိနေသေး၏။
ထို့ကြောင့် တက်ဘလက်ကို ကွန်ပျူတာနှင့် ချိတ်၍ ထရိုဂျန်ပရိုဂရမ် သွင်းရမည်။
ရှင်းရှင်း လင်းချွမ်၏ လုပ်ရည်ကိုင်ရည်ကို အနီးကပ်ကြည့်ရင်း ပို၍ အံ့အားသင့်လာ၏။
မှန်ပါသည်။ သူကတော့ ရုပ်ရှင်ကြည့်ရုံသာ တတ်ပြီး ထိုသို့ ထရိုဂျန်နှင့် ဗိုင်းရပ်စ်များအကြောင်း လုံးဝ မသိပါ။
“နောက်ပြီးတော့ရော”
မိန်းကလေးကျန်း စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
လင်းချွမ် ကွန်ပျူတာကို ကြည့်နေရင်းမှ ရှင်းရှင်းဘက် လှည့်လိုက်ပြီး
“အထဲက ဒေတာတွေ သိမ်းထားစရာ မလိုရင် ထရိုဂျန်ဝင်ပြီး ဖျက်လိုက်ရင် ရပြီ”
ရှင်းရှင်း နှုတ်ခမ်းလေးစူကာ
“သိမ်းထားချင်သေးတာကို”
“သိမ်းချင်ရင်တော့ နည်းပညာလိုတယ်”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
ထို့နောက် ကွန်ပျူတာထဲမှ ပရိုဂရမ်တစ်ခုထဲဝင်၍ ကီးဘုတ်မှ တစ်ခုခု ရိုက်လိုက်သည်။
ရှင်းရှင်း ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေရင်း ကုဒ်တစ်ခု ပေါ်လာလေသည်။
သူ လင်းချွမ်၏ ချောမောသော ရုပ်ရည်အား အာရုံစိုက်ထားမိ၏။
သူ့မျက်လုံးတွင် လင်းချွမ်၏ အရှိန်အဝါများ ပြောင်းလဲနေလေပြီ။
သူ အရင်က တွေးထားသည်မှာ လင်းချွမ်သည် သာမာန် စာရေးဆရာ၊ သူများကို ဒုက္ခမပေးတတ်ဘဲ ကြက်တစ်ကောင်ပင် မဖမ်းနိုင်သည့် လူကောင်း ဖြစ်၏။
သို့သော် ယခုပေါ်လာသော ကုဒ်များအရ ထိုပုံရိပ်မှာ တဖြည်းဖြည်း ပျက်စီးသွားတော့၏။
လင်းချွမ်မှာ နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းများ ရှိနေသေးသည်။
သူ့အတွေးများ လွဲသွား၏။
ထိုအချိန်တွင် လင်းချွမ်မှာ ကွန်ပျူတာနှင့် တက်ဘလက်တို့ ခွင့်ပြုချက် ရရှိပြီး လုပ်ငန်းစတော့သည်။
အချက်အလက်များအား စစ်ဆေးဖျက်သိမ်းခြင်း ဆက်တိုက် ပြုလုပ်ပြီးနောက် ဗိုင်းရပ်စ်များ လုံးဝ ပျောက်ဆုံးသွားတော့သည်။
လင်းချွမ် ပရိုဂရမ်ကို ပြန်ပိတ်လိုက်ပြီး ကျန်းရှင်းရှင်းအား လှမ်းပေးကာ ပြောလိုက်သည်။
“ပြီးသွားပြီ”
ထိုအခါ ကျန်း တက်ဘလက်ကို ယူ၍ တစ်ဖက်သို့ လှည့်ကာ အချက်အလက်များ စစ်ဆေးကြည့်လိုက်သည်။
အားလုံး အကောင်းအတိုင်း ဖြစ်၏။
“ဘယ်လိုလုပ်လိုက်တာလဲ”
ကျန်းရှင်းရှင်း လင်းချွမ်ကိုကြည့်၍ နားမလည်နိုင်စွာ မေးလိုက်သည်။
လင်းချွမ် ပြုံး၍
“မင်း ခုနက ကြည့်နေတာပဲလေ”
ကျန်းရှင်းရှင်း နှုတ်ခမ်းလေးစူ၍ နေရခက်စွာဖြင့်
“နားမလည်ဘူး”
“ဘယ်လိုလဲ။ ရှင်းပြပေးရမှာလား”
သူ ခေါင်းလေး တဆတ်ဆတ် ငြိမ့်ပြလေသည်။
သူကိုယ်တိုင်လည်း ထိုအပိုင်းကို စိတ်ဝင်စားလာပုံ ရ၏။
“အဲ့တာဆို ရှင်းပြမယ်နော်။ နားလည်မလည်ကတော့ မင်းအရည်အချင်းပေါ်ပဲ မူတည်တယ်”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
ကောင်မလေးက စိတ်ထားကောင်းသားပဲ။ နေတတ်တယ်။
အမဲသားခေါက်ဆွဲအတွက် သဘောထားကြီးမှုကတော့ ပီကာချူးထက်တောင် သာသေးတယ်။
ဈေးဆိုင်ထဲ၌ လင်းချွမ် ကွန်ပျူတာရှေ့ထိုင်ကာ ထရိုဂျန်နှင့် ဗိုင်းရပ်စ်တို့အကြောင်းကို ရှင်းပြနေသည်။
ရှင်းရှင်းကတော့ ဘေးတွင်ထိုင်၍ အာရုံစိုက်ကာ နားထောင်နေလေ၏။
ထို့အပြင် လက်တစ်ဖက်မှ မှတ်စုများပါ လိုက်မှတ်နေသေးသည်။
နာရီဝက်ခန့် ကြာသောအခါ။
“ကောင်းပြီ။ ဒီလောက်ပဲ”
လင်းချွမ် အကြောဆန့်၍ ပြောလိုက်၏။
“ဒါပဲလား”
မိန်းကလေးကျန်း အားမလိုအားမရပုံဖြင့်
“ကျွန်မမှ မကျွမ်းသေးတာ”
“ဒါက ဝက်ဘ်ဆိုဒ်ထဲဝင်ပြီး ဗီဒီယို ကြည့်သလောက်တော့ မလွယ်ဘူးလေ။ ကိုယ်တိုင် ကြိုးစားရဦးမှာပေါ့”
ကျန်းရှင်းရှင်း နှုတ်ခမ်းလေးစူလျက်
“ရှင်က သင်လာတာ ကြာပြီလား”
လင်းချွမ် သက်ပြင်းချ၍ ပြုံးကာ
“ကျွန်တော်ကတော့ တစ်ညတည်းအပြီး သင်တာ”
“ပေါက်ကရတွေ”
ကျန်းရှင်းရှင်း ပြန်ပက်လိုက်၏။
“ဪ တကယ်ပြောတာလို့”
ကျန်းရှင်းရှင်း သူ့ကို ဂရုမစိုက်တော့ဘဲ မှတ်စုစာအုပ်လေးကို ထုတ်ကြည့်၍ ထိုအဆင့်များ အားလုံး တတ်မြောက်သွားလျှင် သူ ကြည့်ချင်တာ ကြည့်ရပြီဟု ပျော်နေသည်။
ထိုစဉ် သူ အကြံတစ်ခု ရလာပြီး
“လင်းချွမ် ကျွန်မကို အကုန် သင်ပေးပါလား”
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“အကုန်လား”
“ဟုတ်တယ်လေ။ ကျွန်မ ဆရာလုပ်။ လခပေးပါ့မယ်”
“ပိုက်ဆံကြောင့် မဟုတ်ပါဘူး”
လင်းချွမ် လက်ယမ်းပြလိုက်၏။
အရင်တစ်ခါ ဦးလေးကျန်းမှ သူ့ပညာကို သင်ယူပြီး ဒုက္ခရောက်ဖူးလေသည်။
ကျန်းရှင်းရှင်း မျက်မှောင်ကြုတ်လျက်
“ကျွန်မရဲ့ဆရာ မလုပ်ချင်ဘူးလား”
“မိန်ကလေးကျန်း ဆရာလို့ခေါ်နေတာ တကယ်လားဟင်”