← Chapters

ပြစ်မှုမှတ်တမ်းက စာအုပ်အသစ်လား

Vol. 4 Ch. 58

ပြစ်မှုမှတ်တမ်းက စာအုပ်အသစ်လား

Vol. 4 Ch. 58

ဧပြီလ (၂) ရက်၊ မနက်အစောပိုင်း။ 

မြူခိုးများ ပျော်ရွှင်ခြင်းရပ်ကွက်ထဲ ရစ်သိုင်းလျက် ငှက်ကလေးများလည်း သစ်ကိုင်းများတစ်လျှောက် တေးဆိုနေကြကာ မနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ 

ကျဉ်းမြောင်းလှသော လမ်းကြားလေးအထဲ၌ ညမိုး၏ အအေးဓာတ်ဖြင့် မနက်ခင်းအလင်းရောင်ကို ပို၍ တောက်ပနေစေသည်။ 

ယနေ့မှာ အရာအားလုံး အဆင်ပြေတော့မည့်နေ့ဟု ထင်ရ၏။ 

လင်းချွမ် မနက်စောစောတည်းက နိုးလာလေသည်။ 

နှိုးစက်ကြောင့်တော့ မဟုတ်။ ယုယွီကြောင့် ဖြစ်၏။ 

“ကောင်လေးရေ ထတော့လေ။ ဒီနေ့ စာအုပ်အသစ် ထွက်တော့မှာ”

လွန်ခဲ့သော ရက်ပိုင်းတည်းက ယုယွီတစ်ယောက် လင်းချွမ်အား ဆက်တိုက် စာများပို့နေလေ့ရှိသည်။ နှိုးစက်ထက်ပင် ပို၍ ယုံကြည်ရသေးသည်။ 

လင်းချွမ်မှာ ထိုသို့ သူများနှိုးပေး၍ နိုးရသည့် အခြေအနေမျိုး မကြုံရတာ အတော်ကြာလေပြီ။ 

ကလေးဘဝက အမေ။ 

ကျောင်းတက်စဉ်၌ ဆရာမ။ 

ကောလိပ်တွင် အစာအိမ်။ 

ဘွဲ့ရပြီးနောက် ပို၍ မွဲတေလာပြီး ယခုလို စာရေးဆရာ ဖြစ်မှ အယ်ဒီတာအမျိုးသမီး လိုက်နှိုးပေးနေမည်ဟု လုံးဝ

မထင်ထားချေ။ 

“ထပြီလို့။ ထပြီ”

လင်းချွမ် ဖုန်းထဲမှ စာရိုက်ပေးလိုက်သည်။ 

ထို့နောက် အိပ်ရာထဲမှ လူးလဲထကာ ကိုယ်လက်သန့်စင်လေ၏။ 

ထို့နောက် ချက်ချင်း ကွန်ပျူတာကိုဖွင့်ကာ စာအုပ်အသစ် ထုတ်ရန် ပြင်ဆင်လေသည်။ 

တတ္ထုအတွက် လုံခြုံရေးစစ်ဆေးမှုမှာတော့ အယ်ဒီတာ ယုယွီ အားလုံး ပြင်ဆင်ပေးထား၍ အချိန် အရမ်းမစောင့်ရပေ။ 

စာအုပ်ကောင်း (၂) အုပ် ထွက်ရှိထားသော စာရေးဆရာအတွက် ခံစားခွင့်ငယ်လေး ဖြစ်ပါသည်။ 

လင်းချွမ်မှာ ယုယွီ၏ အားထားရသော စာရေးဆရာ ဖြစ်နေပြီဖြစ်၍ ဤမျှလောက် အထူးအခွင့်အရေးကိုတော့ ခံစားခွင့် ရှိ၏။ 

ထို့အပြင် ယုယွီ၏ ပရိုမိုးရှင်း အဆင်းကောင်းသောကြောင့် အယ်ဒီတာချုပ်ထံမှ ထောက်ခံမှုလည်း ကောင်းစွာ ရရှိထားပြီး ဖြစ်သည်။ 

နောက်ပိုင်း စာအုပ်ရလဒ်မှာတော့ သူ မထိန်းချုပ်နိုင်တော့ပေ။ 

နောက်ဆုံးတော့ စာအုပ်အသစ် “ဟက်ကာလောက” ထွက်ရှိလာလေပြီ။ 

လင်းချွမ်တစ်ယောက် စနစ်မှ အခြေအနေကို ဖွင့်ကြည့်လိုက်၏။ 

[စာအုပ် : ဟက်ကာလောက]

[လက်ရှိအခြေအနေ : ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း : ၀/၆၀၀၀]

“ပျမ်းမျှ subscription ၆၀၀၀ က နည်းနည်း ခက်မယ်။ ငါ့အမာခံပရိသတ်တွေကို အရင်ပြောထားဦးမှပဲ”

လင်းချွမ် တစ်ယောက်တည်း ရေရွတ်မိ၏။ 

ထို့နောက် စာဖတ်သူအဖွဲ့ထဲ ဝင်ကြည့်လိုက်သည်။ 

အဖွဲ့ဝင်မှာ (၂၀၀၀) အထိ ရှိနေပြီး အလွန်လည်း တက်ကြွကြ၏။ 

အချို့လည်း ထောင်နှင့်ပတ်သက်သော ဗဟုသုတများ ပို့ပေးလေ့ရှိသည်။ 

‘ထောင်ထဲဝင်ရင် ဘာကို အရင်လေ့လာရမလဲ’

‘ရေချိုးလျှင် ဆပ်ပြာတုံး မသုံးနဲ့။ ပြုတ်ကျခဲ့ရင်လည်း ပြန်မကောက်နဲ့’

‘…’

စကားပြောခန်းထဲ၌။ 

အားလုံး လင်းချွမ်အဖွဲ့ထဲတွင် အမျိုးစုံအောင် ပြောဆိုနေကြသည်။ 

သို့သော် သက်ရောက်မှုမှာ အလွန်နည်း၏။ 

လင်းချွမ် အဖွဲ့စကားပြောခန်းထဲ တစ်ခုချင်း ဖတ်နေသည်။ 

‘ငါတော့ လုံးဝ လောင်းကစားနဲ့ မူးယစ်ဆေးတွေ မလုပ်ဘူးကွ’

‘ငါ့ရဲ့ ဖြူစင်မှုကို ကျိန်ဆိုတယ်’

‘အဖွဲ့ထဲရောက်တာ (၃) ရက်ပဲရှိသေးတယ်။ တစ်ဝက်လောက်က စာတွေ၊ ပုံတွေ ပို့နေကြပြီး ကျန်တဲ့ တစ်ဝက်ကရော။ ဘာမှမပြောဘူးလား’

လင်းချွမ် စာများ လိုက်ဖတ်ရင်း မျက်မှောင်ကြုတ်နေမိသည်။ 

အချို့ပုံများမှာ မျက်လုံးပြူးစရာ ဖြစ်၏။ 

အဟမ်း!

“ဒီအဖွဲ့တော့ လုံးဝ ပျက်စီးသွားပြီပဲ”

လင်းချွမ် အံ့ဩစွာကြည့်နေရင်း နေရခက်စွာ ပြုံးမိ၏။ 

သို့သော် မည်သို့တတ်နိုင်မည်နည်း။ 

ထားပါတော့လေ။ 

လင်းချွမ်အားလုံးကို သတိပေးလိုက်၏။ 

“အစ်ကိုတို့ အခုလုပ်နေတာတွေ ခဏရပ်ပေးပါဦး။ ကျွန်တော့်စာအုပ်အသစ် ထွက်ပြီနော်”

အမာခံပရိသတ်များမှာ လင်းချွမ်ကို တွေ့သည်နှင့် အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ 

‘မစ္စတာလင်း ဘယ်လိုရောက်လာတာလဲ’

‘မစ္စတာလင်း ထောင်က လွတ်လာပြီလား’

‘သံသယရှိသူ လာပြီဟေ့။ အသင့်ပဲလား’

‘တကယ်ပါပဲ။ မစ္စတာလင်းကတော့ ထောင်ထဲ ထိုင်နေရင်း နောက်တစ်အုပ်ရေးလိုက်တာလား။ တကယ် လန့်စရာပဲ’

‘မစ္စတာလင်း ကျွန်တော် လုပ်ကြံသူအကြောင်း ဟိုတစ်နေ့ကမှ ဖတ်ပြီးတာ။ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ဘယ်လို ဆက်လုပ်ရမလဲ’

‘အားလုံး အာရုံစိုက်ကြပါဦး။ ဆရာရေ ထောင်ထဲက အတွေ့အကြုံလေး ပြန်ပြောပြဦးလေ။ ကျွန်တော်တို့ စိတ်ကို ကြိုပြင်ဆင်ထားရအောင်’

လင်းချွမ် နဖူးကြောကို လက်ဖြင့်ဖိလျက်

“အစ်ကိုတို့ ကျွန်တော့်စာအုပ်အသစ်ကို ဘယ်သူမှ စိတ်မဝင်စားဘူးလားဟင်”

‘စာအုပ်အသစ်လား။ မစ္စတာလင်း တကယ်ကြီး စာအုပ်အသစ် ထုတ်လိုက်တာလား’

လင်းချွမ်မှ

“တကယ်မဟုတ်လို့ ဘာဖြစ်ရမှာလဲ”

‘ပြစ်မှုမှတ်တမ်းကို စာအုပ်အသစ်လို့ ပြောနေတာလား’

‘သံသယရှိတဲ့ ဒိုင်ယာရီ ထွက်လာပြီဟေ့။ အားလုံး သတိထားကြ’

လင်းချွမ် ရှုံ့မဲ့လျက်

“ကျွန်တော် ကျိန်ပြောလိုက်မယ်နော်။ ကျွန်တော့် ဝတ္ထုထဲက အကြောင်းအရာအားလုံးက စိတ်ကူးယဉ်ထားတာချည်းပဲ။ လုံးဝ ကျွန်တော့် အတွေ့အကြုံ မဟုတ်ဘူး။ မဟုတ်တာတွေ လျှောက်မဖြန့်ပါနဲ့”

‘ဟုတ်ပါပြီ။ ယုံလိုက်မယ်’

‘အင်းပါ’

‘မနောက်ကြပါနဲ့တော့။ ဒါနဲ့ ဆရာ ဒီတစ်ခါ ဘယ်လို ပြစ်မှုမှတ်တမ်းလဲ’

‘ဒီတစ်ခါ ပညာတော့ သေချာ လိုက်သင်ဦးမယ်’

‘မြန်မြန်သာသင်။ မင်း ထောင်ကျရင် တခြား ပညာတွေ သင်ရဦးမှာ’

‘ဘာမှစိတ်မပူဘဲ သင်လိုက်။ လုံးဝ ပြစ်မှုပဲ’

အားလုံး အလုအယက် ဝိုင်းပြောနေကြ၏။ 

…

အန်လင်းမြို့၊ ချင်းရှုနယ်။ 

လူငယ်လေးတစ်ယောက် အဖြူရောင်ဗြောင်ရှပ်နှင့် ဂျင်းဘောင်းဘီတို့ ဝတ်ဆင်ကာ ကျောပိုးအိတ်လေး တစ်လုံး အနောက်တွင် လွယ်၍ ကျင်းထန်အင်တာနက် ကုမ္ပဏီအောက်တွင် ထိုင်နေ၏။ 

ထိုကောင်လေးမှာ လီချင်း ဖြစ်သည်။ 

လွန်ခဲ့သော ရက်ပိုင်းက ကျင်းထန်ကုမ္ပဏီ၏ ရေးဖြေ စာမေးပွဲကို အောင်ခဲ့ပြီး ယခုအင်တာဗျူးအတွက် ရောက်လာခြင်း ဖြစ်၏။ 

သို့သော် ခုနကပင် အင်တာဗျူး မအောင်ကြောင်း စာရောက်လာ၏။ 

“ဟင်း…”

လီချင်း စိတ်ပျက်လက်ပျက် သက်ပြင်းချမိသည်။ 

ဘဝကြီး၌ အလုပ်ရရှိရန် ခက်ခဲပြီး အလွန် ရုန်းကန်နေရလေသည်။ 

ထို့နောက် စိတ်ညစ်ညစ်နှင့် ခုနတင် ဝင်ထားသော စကားပြောအဖွဲ့ထဲ ဝင်ကြည့်လိုက်၏။ 

‘ဥပဒေကို လိုက်နာပါ။ အားလုံး၏ တာဝန်ဖြစ်သည်’

လီချင်း ထိုနာမည်ကိုကြည့်ကာ ရယ်မောလိုက်မိသည်။ 

ထိုစာရေးဆရာမှာ ရဲစခန်းမှ အမှုများကို ဝင်ဖြေရှင်းပေးခဲ့သည်အား သတင်းကြားထားပြီး ဖြစ်၏။ သူ ချက်ချင်း ဝင်ကြည့်လိုက်သည်။ 

All Chapters