← Chapters

ဒီစာရေးဆရာက ဟက်ကာပဲ

Vol. 4 Ch. 59

ဒီစာရေးဆရာက ဟက်ကာပဲ

Vol. 4 Ch. 59

လီချင်းတစ်ယောက် ကုမ္ပဏီအောက်မှ ထွက်လာပြီး ဘတ်စ်ကားဂိတ်ကို လျှောက်လာကာ နံပါတ် (၁၃) ကားပေါ် တက်သွားသည်။ 

သူ့အငှါးတိုက်ခန်းနေရာမှာ အရှေ့ပိုင်းနယ်ထဲ ပါဝင်၏။ 

မာကျောသော ဘတ်စ်ကားခုံပေါ်၌ ထိုင်ရင်း လီချင်း ဖုန်းထဲမှ စကားပြောခန်းအား ဖွင့်ကြည့်လိုက်သည်။ 

‘စာအုပ်အသစ် ဟက်ကာလောက ထွက်ပါပြီ’

လီချင်း လင်းချွမ်ပို့ထားသည့်လင့်ခ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားမိ၏။ 

“ဟင်”

“စာအုပ်အသစ်က ဟက်ကာအကြောင်းလား”

သူ့တက္ကသိုလ်မေဂျာမှာ ကွန်ပျူတာ အချက်အလက်နှင့် နည်းပညာဖြစ်ပြီး သူ့ရည်မှန်းချက်မှာ ကိုယ်ပိုင်ကုမ္ပဏီ ထောင်နိုင်ရန် ဖြစ်၏။ 

ယခုတော့ ကုမ္ပဏီထောင်ရန် နေနေသာသာ သူများ ကုမ္ပဏီထဲ ဝင်ရန်ပင် မနည်းရုန်းကန်နေရ၏။ 

“ဟက်ကာလောကတဲ့။ နာမည်က စိတ်ဝင်စားစရာပဲ”

လီချင်း ရေရွတ်ရင်း လင့်ခ်ကို နှိပ်ကြည့်လိုက်သည်။ 

ထိုအခါ ဝတ္ထုစာအုပ်ထဲ ချက်ချင်း ရောက်သွားတော့သည်။ 

‘ကျွန်တော်ဟာ ဟက်ကာတစ်ယောက်’

‘အရိပ်များကြားနေပြီး အလင်းရောင်ကဲ့သို့ တောက်ပသူ’

‘နိုင်ငံခြားက အဆင့်မြင့် ဟက်ကာတွေ အများကြီးကို ယှဉ်ခဲ့ပြီးပြီ။ အားလုံးကို သေချာပေါက် နိုင်ခဲ့တာပေါ့’

‘…’

လီချင်း ဖတ်နေရင်း မျက်ခုံးလေးပင့်၍ စိတ်ဝင်စားလာသည်။ 

“မစ္စတာလင်းရဲ့ အရေးအသားက တကယ် ထူးခြားတာပဲ”

သူ ရေရွတ်လိုက်မိ၏။ 

“ပထမလူအမြင်နဲ့ရေးပြီး နစ်မျောစေဖို့ လွယ်တယ်။ သူ့ရဲ့ အတ္ထုပတ္တိ ရေးထားသလိုပဲ”

“ဒီဟက်ကာအကြောင်းကတော့ လုံးဝ ငါ့အကြိုက်ပဲ”

လီချင်း တစ်ယောက်တည်း ရေရွတ်ရင်း ဆက်၍ ဖတ်ကြည့်လေသည်။ 

‘အင်တာနက် ပုံရိပ်ယောင်လောကမှာတော့ ငါက ဘုရင်ပဲ’

‘လူတွေအများကြီးက ငါ့နေရာ လိုချင်လို့ ဝိုင်းလုနေကြပေမဲ့ အကုန်ရှုံးသွားတာပဲ’

‘ဆိုက်ဘာလောကထဲ ရပ်တည်ရင်း ဟက်ကာ လောကကြီးကို စောင့်ကြည့်နေရတယ်’

‘ပြောရရင် အလံနီတွေ အများကြီးပေါ့’

‘…’

ထိုအချိန်တွင် လီချင်း ဖတ်နေရင်း ရုတ်တရက် တုန်လှုပ်သွား၏။ 

“Red Hacker လား”

သူ အင်တာနက်နှင့် စထိတွေ့ပြီး ကွန်ပျူတာ ပညာရှင် ဖြစ်လာပြီးတည်းက ထိုစကားလုံးကို ရင်ထဲ စွဲနေခဲ့၏။ 

နိုင်ငံတကာ ဟက်ကာပွဲများ၌ Red Hackers များမှာ လူသိများပါသည်။ 

ထိုခေတ်မှာ အနည်းငယ် ပိုစောခဲ့သောကြောင့် လီချင်း နောက်ကျမှ မွေးလာသည်ကိုပင် နောင်တရမိသေး၏။ 

နှမျောစရာ ကောင်းလှသည်။ 

သို့သော် လင်းချွမ်၏ စာအုပ်ကိုဖတ်ရင်း ထိုစကားလုံးကို ပြန်တွေ့ရ၍ ပိုစိတ်ဝင်စားသွားမိ၏။ 

ထိုစာအုပ်အတွက် တိကျသော ပစ်မှတ်မှာ သူ ဖြစ်နေသည်။ 

လီချင်း တံတွေးမျိုချ၍ လင်းချွမ်၏ ဝတ္ထုထဲ မျောပါသွားတော့သည်။ 

‘ကျွန်တော့်နာမည်က လင်း’

‘ဟက်ကာတစ်ယောက်က နာမည်အရင်း မသုံးဘူးလေ။ လင်းပဲ ထားပါတော့’

‘ကျွန်တော် မှောင်မည်းတဲ့ လမ်းကြားထဲက တရားမဝင် ကော်ဖီဆိုင်မှာ အင်တာနက်ကို စထိတွေ့ခဲ့ရတယ်’

‘အဲ့အချိန်တုန်းကတော့ အင်တာနက်ပေါ်ကနေ ပြစ်မှု ကျူးလွန်လို့ရတယ်ဆိုတာ မသိသေးဘူးပေါ့’

‘တရားမဝင် ဝက်ဘ်ဆိုဒ်ထဲ မရောက်သွားခင် အထိပေါ့’

‘သိထားရမှာက အင်တာနက်မှာ အလွှာများစွာ ရှိတယ်။ သာမာန်လူတွေ လုံးဝ မရှာနိုင်လောက်အောင်ပေါ့’

‘တကယ် အတွင်းထဲအထိ ရောက်သွားရင်လည်း ကွဲပြားတဲ့ကမ္ဘာတစ်ခုကို တွေ့ရပြီး နားလည်သမျှ အားလုံး မှားနေတာကို သိရလိမ့်မယ်’

‘အဲ့တာကြောင့် တရားမဝင်ဝက်ဘ်ဆိုဒ်တွေထဲ လုံးဝ မဝင်မိစေဖို့ အကြံပေးချင်ပါတယ်’

‘…’

ဘတ်စ်ကားနံပါတ် (၁၃) မှာ မှတ်တိုင်တစ်ခုသို့ ဆိုက်ရောက်လာပြီး လီချင်း ကားပေါ်မှဆင်းကာ ခုံတန်းရှည်တစ်ခုပေါ် ထိုင်လိုက်သည်။ မျက်လုံးများမှာတော့ ဖုန်းမျက်နှာပြင်မှ မခွါနိုင်ချေ။ 

ဝတ္ထုကို အလွန်စွဲလန်းနေမိ၏။ 

‘အရင်အချိန်ကို ပြန်ပြောရရင် အဲ့နေ့ကို ကောင်းကောင်းကြီး မှတ်မိနေသေးတယ်’

‘အင်တာနက်ဆိုင်ငယ်လေးတစ်ခုမှာ ဆေးလိပ်နံ့တွေ မွှန်ထူလို့ အင်္ကျီ မဝတ်ထားတဲ့ ခပ်ကြမ်းကြမ်းလူ တစ်ယောက် ကျွန်တော့်နား ရောက်လာပြီး ပြောတယ်။ ညီလေး ငါ ကယ်ပေးမယ်တဲ့’

‘ကျွန်တော်လည်း မနေတတ်တာနဲ့ ခုံနေရာပဲ ပြောင်းလိုက်တယ်’

‘ထောင့်စွန်းခုံမှာ ဘယ်သူမှ သတိမထားမိအောင်ပေါ့’

‘ကျွန်တော် ဆော့ဖ်ဝဲတစ်ခု ဒေါင်းပြီး ကုဒ်တစ်ခု ရိုက်ထည့်လိုက်တယ်’

‘သင်၏ကုဒ် မှားနေပါသည်’

‘ကျွန်တော် vpn အမျိုးမျိုးခံပြီး ကြိုးစားလိုက်တဲ့နောက် နောက်ဆုံး တရားမဝင် ဝက်ဘ်ဆိုဒ်ထဲ ဝင်လို့ရသွားတယ်’

‘အဲ့အချိန်ကစပြီး ဘဝကြီး ပြောင်းလဲသွားတာပဲ။ ကျွန်တော် တွေ့လိုက်တာက…”

‘…’

လီချင်း ဖတ်ရင်းဖတ်ရင်း ပို၍ မျောပါသွားသည်။ 

ဝတ္ထုထဲ၌ တကယ့်အဆင့်မြင့် နည်းပညာအချို့ အကြောင်း သေချာရေးပြထား၏။ 

“အပြင်က အတွေ့အကြုံလိုပဲ”

“မစ္စတာလင်း ရေးရဲတာ အံ့ဩတယ်။ သူက တကယ့် အဆင့်မြင့်ဟက်ကာပဲ ဖြစ်ရမယ်”

“ဟင် ဒီမှာ ဘယ်လိုလုပ် စတူဒီယို ရှိနေတာလဲ”

လီချင်း လမ်းသွားရင်း ကြော်ငြာတစ်ခု တွေ့လိုက်သည်။ 

“၇၂၀ အင်တာနက်လုံခြုံရေး စတူဒီယို”

“ဖုန်းပြင်ခြင်း၊ ဗိုင်းရပ်စ် စစ်ဆေးပေးခြင်း… အင်တာနက် နည်းပညာဆိုင်ရာအားလုံး ကျွမ်းကျင်စွာ ပြုပြင်သည်”

“ဆက်သွယ်ရန်…

မစ္စတာလင်း (စာရေးဆရာ)”

လီချင်း သက်ပြင်းချလိုက်မိ၏။ 

“ဒီစာရေးဆရာက တကယ့် ဟက်ကာလား”

“အဲ့တာကို စတူဒီယိုလေး ဖွင့်ထားတယ်”

သူ ဆက်သွယ်ရမည့် နံပါတ်ကို ကြည့်လိုက်ရာ အနီးအနားမှန်း သိလိုက်သည်။ 

ဟုတ်သားပဲ။ 

ဆရာလင်းက အန်လင်းရဲစခန်းမှာလည်း သွားကူဖူးတာပဲ။ 

သူ စိတ်ထဲတွင် ပျော်ရွှင်လျက် စတူဒီယိုအား ချက်ချင်း ဖုန်းဆက်လိုက်သည်။ 

တီ တီ တီ…

“ဟယ်လို စတူဒီယို ၇၂၀ ကပါ။ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်”

တစ်ဖက်မှ အမျိုးသမီးတစ်ဦးအသံ ကြားရသည်။ 

ဖုန်းဖြေသူမှာ လင်းချွမ်၏တပည့် ကျန်းဖြစ်၏။ 

သူ လင်းချွမ်ထံမှ ပညာသင်ရန် စတူဒီယိုတွင် ကပ်တွယ်နေသော်လည်း ပါရမီ သိပ်မပါသောကြောင့် ဖုန်းလက်ခံဖြေကြားရန်သာ ခိုင်းထားရသည်။ 

ထိုနေ့ကတော့ သူတို့ဆိုင်ကို တရားဝင်ပင် မဖွင့်ရသေး။ 

“ဟယ်လို ဒါ မစ္စတာလင်း ဖွင့်ထားတဲ့ ဆိုင်လားဗျ”

လီချင်း ယဉ်ကျေးစွာ မေးလိုက်၏။ 

“မစ္စတာလင်းလား။ အာ ဟုတ်တယ်။ ရှင် အင်တာနက် ပြဿနာရှိလို့လား”

ကျန်းရှင်းရှင်း စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ 

သူတို့စီးပွါးရေးလေး စတင်လေပြီ။ 

“အာ ကျွန်တော် ပြင်စရာရှိလို့ မဟုတ်ပါဘူး။ ဆိုင်မှာ လူလိုသေးလားလို့။ အလုပ်လာလျှောက်ချင်လို့ပါ”

လီချင်းလည်း စိတ်လှုပ်ရှားစွာ မေး၏။ 

“အလုပ်လား”

ကျန်းရှင်းရှင်း မှင်တက်နေပြီးမှ ပြန်ဖြေလေသည်။ 

“အဲ့တာက ဆရာ့ကို တစ်ချက် မေးကြည့်လိုက်ပါဦးမယ်နော်”

All Chapters