← Chapters

Chapter 94

Vol. 10 Ch. 94

Chapter 94

Vol. 10 Ch. 94

ရှင်းယောင်၏ လူထုဆက်ဆံရေးအဖွဲ့သည် ဖရိုဖရဲဖြစ်နေခဲ့သည်။ ဝူလျောင်သည်လည်း အလုပ်များ ပိနေခဲ့၏။

“SP” သည် ယခုတွင် ရှင်းယောင်၏ အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး Watermelon Videoတွင် ပြသမည့် ရသစုံရှိုးတစ်ခုဖြစ်သည်။

ဝူလျောင်သည် ထိုအရာအား ကြေညာရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး ကြေညာပစ္စည်းပေါင်းများစွာကိုလည်း ပြင်ဆင်ပြီးသားပင် ဖြစ်သည်။

ရှိုး၏ အကြီးမားဆုံး အားနည်းချက်မှာ ပါဝင်သည့်သရုပ်ဆောင်အများစုမှ နာမည်မကြီးသည့် သရုပ်ဆောင်များဖြစ်နေခဲ့သည် သို့သော် ကံကောင်းစွာဖြင့်ပင် ထုတ်လွှင့်ပြသမည့်အချိန်တွင် တစ်ချိန်တည်းပြသမည့် အခြား ရသစုံရှိုးများ မရှိသောကြောင့် ပြသရန်အတွက် အဆင်ပြေခဲ့သည်။

ထို့နောက် ထျန်းဟွေ့သည် သူတို့အား အချိန်ကောင်းကို အခွင့်ကောင်းယူ၍ ဝင်တိုက်ခိုက်လာသည်။

“ Let’s Eat Today” သည် အစားအသောက်နှင့်ပတ်သတ်သည့် ရသစုံရှိုးတစ်ခုဖြစ်ပြီး နွေးထွေးမှုနှင့် သက်တောင့်သက်သာအဆင်ပြေမှုများကို ဈေးကွက်တွင် တင်ထားခြင်းဖြစ်သည်။ ထိုအရာသည် “ SP” ၏ idol-training အစီအစဉ်နှင့် လုံးဝ ကွဲပြားခြားနားလေသည်။

“ Let's Eat Today” သည် သူတို့၏ကိုယ်ပိုင် ကြေငြာကိစ္စများအတွက် “SP” ကို လှေကားထစ်အဖြစ် တမင်တကာ အသုံးပြုခဲ့သည်။

“SP” တရားဝင်ကြေညာမည့် တစ်ရက်အလိုတွင် အင်တာနက်ပေါ်၌ မရေမတွက်နိုင်သော အကြောင်းအရာတူညီသည့် post များဖြင့် ပြည့်နှက်နေခဲ့သည်။

{Main Post: အခုရက်ပိုင်း အရမ်းပျင်းနေလို့ ကြည့်စရာ ကောင်းတဲ့ ရသစုံရှိုးလေးဘာလေးမရှိဘူးလား}

[ မနက်ဖြန်ကြရင် ရှိုးအသစ်တစ်ခု ပြတော့မှာ ငါကတော့ “ Let's Eat Today” ကို ကြည့်ဖို့ စီစဉ်ထားတယ်၊ “SP” ကတော့ နာမည်မကြီးတဲ့သူတွေချည်းပဲဆိုတော့ ပျင်းစရာကြီး ဘယ်သူက အဲဟာကို ကြည့်ချင်မှာလဲ]

[ ပြည်တွင်းက အနုပညာရှင်တွေက အရည်အချင်းရော ရှိကြရဲ့လား တော်ကြာအရှက်ရစရာတွေဖြစ်နေဦးမယ်၊ ငါကတော့ နွေးထွေးပြီးသက်တောင့်သက်သာရှိတဲ့ အစားအသောက်ရှိုးကိုပဲ ကြည့်ချင်တယ် #Let’sEatToday]

[ “Let's Eat Today” ရှိုးကိုပဲ အားပေးမယ်၊ အဲရှိုးက အရမ်းအံ့ဩစရာကောင်းနေမှာ ပြီးတော့ ရှိုးက ချက်ချင်းအောင်မြင်သွားမယ်ဆိုတာလည်း လောင်းရဲတယ်]

ထို မှတ်ချက်များသည် ပိုက်ဆံပေး၍ ခိုင်းထားသည်ကို သိရှိရန်အတွက် ဝူလျောင်မှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ရန် မလိုအပ်ပေ။

အကယ်၍ “ Let's Eat Today” ရှိုးသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြေညာပါက ရှိုးနှစ်ခုလုံးသည် အေးအေးချမ်းချမ်းဖြင့် အတူတူထုတ်လွှင့်ပြသလို့ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထို ရှိုးနှစ်ခုသည် ကြည့်ရှူသူပရိတ်သတ်အမျိုးအစား မတူညီခြင်းကြောင့်ပင်။

သို့သော် ထျန်းဟွေ့သည် မသမာသည့်နည်းပရိယာများကို အသုံးပြုထား၍ ဝူလျောင်သည်လည်း ထိုအရာကို မျက်လုံးစုံမှိတ်၍ ကြည့်နေမည်မဟုတ်ပေ။ သူမသည် ချက်ချင်းပင် ပြန်လည်တိုက်ခိုက်မည့် ရေတပ်အဖွဲ့များကို ငှားရမ်းလိုက်သည်။

…

ယန်ရှီသည်လည်း “ Let's Eat Today” ၏ ပြသတော့မည့်အကြောင်းကို သိလေသည်။ မူလ ဝတ္ထုထဲတွင် “Journey” ထုတ်လွှင့်ပြီးနောက် ထိုရသစုံရှိုးသည် နောက်ထပ် အောင်မြင်လာသည့် ရှိုးတစ်ခုဖြစ်သည်။

System: [ ပေယွဲ့ပိုင်က တကယ်အစွမ်းကုန် ကြိုး‌စားနေတာ မဟုတ်လား]

[ ထျန်းဟွေ့က ရှယ်ယာဈေးတွေ ကျဆင်းပြီး ငွေကြေးကိစ္စတွေလည်း ခြောက်ကပ်နေလို့ စီမံကိန်းတော်တော်များများကို ရပ်ထားခဲ့ရတာ၊ ဒါပေမဲ့ ဒီ “ Let's Eat Today” ရှိုးကတော့ အရင်းအနှီးအနည်းဆုံးနဲ့ အောင်မြင်ဖို့ အလားအလာရှိတဲ့ ရှိုးတစ်ခုပဲ]

“ Let's Eat Today” ရှိုးအား အကောင်းဆုံးအခွင့်အရေးဖြစ်ရန် သေချာစေဖို့အတွက် ပေယွဲ့ပိုင်သည် ထျန်းဟွေ့၏ CEOနေရာမှ နှုတ်ထွက်ခဲ့ပြီး အများ၏ မကောင်းမြင်မှုများ လျှော့ကျသွားစေရန် မျှော်လင့်နေခဲ့သည်။

ဆွန်းချီသည် ထိုနေရာကို ဆက်လက်၍ တာဝန်ထမ်းဆောင်နေသော်လည်း ပေယွဲ့ပိုင်သည် နောက်ကွယ်မှ ဥက္ကဌအနေဖြင့် ကြိုးကိုင်ခြယ်လှယ်နေခဲ့သည်။ သူ၏ နှုတ်ထွက်မှုသည် ဟန်ဆောင်မှုသက်သက်သာ ဖြစ်၏။

ဝတ္ထုထဲတွင် သူသည် ကံကောင်းခဲ့ပြီး “Let's Eat Today” ရှိုးသည် အလွန်ကြီးမားသည့် အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။

“ ဒါပေမဲ့ ငါမှတ်မိတာကတော့ ဝတ္ထုထဲမှာ ရဲ့လော့ယီ၊ချင်းလီ နဲ့ ပေယွဲ့ပိုင်တို့အကုန်လုံး ဒီရှိုးမှာပါကြတာ၊ ချင်းလီက ‘The Bottom Line’ ရိုက်ကူးပြီးတော့ အတော်လေးအောင်မြင်သွားတာ အဲတာကြောင့်ပဲ ‘’Let’s Eat Today” ရှိုးရဲ့ကျော်ကြားမှုက မြင့်လာတာလေ”

“ အဲအချိန်တုန်းက ရဲ့လော့ယီနဲ့ ပေယွဲ့ပိုင်က အစီအစဉ်မှာပါခဲ့တော့ shipတဲ့သူတွေက အရမ်းအားပေးကြပြီး လူပြောများလာတော့ ရှိုးက အောင်မြင်လာတာပဲလေ၊ ဒါပေမဲ့ အခုတော့ ရှိုးထဲမှာ သူတို့တွေ တစ်ယောက်မှမပါကြဘူးလေ”

ယန်ရှီသည် “ Let's Eat Today” တွင် ကြေညာထားသော ဧည်သည်စာရင်းများကို ဂရုတစိုက်ဖြင့် စစ်ကြည့်လိုက်သည်။ နာမည်စာရင်းတွင် လူသိနည်းသည့် အနုပညာရှင်များနှင့် အလယ်အလတ်အဆင့် အနုပညာရှင်နှစ်ယောက်သာပါဝင်သည်။ ချင်းလီ ၊ ပေယွဲ့ပိုင် နှင့် ရဲ့လော့ယီတို့ မည်သူမျှ မပါဝင်ပေ။

[ ဒါပေါ့ သူတို့က ဘယ်လိုလုပ် ပါဝင်ပါ့မလဲ]

System: [ ပြီးတော့ ဝတ္ထုထဲမှာ ‘ White Clothes CP’က အရမ်းနာမည်ကြီးလာပြီးတော့ ချင်းလီကလည်း ထိပ်တန်းမင်းသားတစ်ယောက် ဖြစ်လာတော့မှာလေ ဒါပေမဲ့ အခုချိန်မှာ သူတို့သုံးယောက်လုံးက ပရိတ်သတ်တွေရဲ့ အပြစ်ပြောတာပဲခံနေရတာလေ၊ ဘယ်သူက သူတို့ကို ခေါ်ရိုက်ရဲမှာလဲ]

ယန်ရှီသည် လှောင်သလိုလိုဖြင့် ပြုံးလိုက်၏။

“ဒါဆိုရင် သူတို့ရှိုးက အောင်မြင်မလားဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်တော့ဘူး”

ဝတ္ထုထဲ၌ ဇာတ်ကောင်များတွင် ကံကောင်းခြင်းအလင်းရောင်လေးတွေရှိကြသည်။ ယခုတွင် မည်သည့်အရာမှမရှိတော့ပေ။ အကယ်၍ “Let's Eat Today” သည် ကောင်းမွန်ခဲ့လျှင်တောင်ပင် “SP” နှင့် အမျိုးအစား လုံးလုံး မတူခဲ့ပေ။

သူတို့ ပစ်မှတ်ထားသည့် ကြည့်ရှူသူများလည်း မတူညီကြခြင်းကြောင့် ထိုအရာနှင့်ပတ်သတ်၍ စိုးရိမ်စရာမရှိပေ။

….

ထိုအချိန်၌ ဟိုင်ချန်းမြို့၏ ရုပ်ရှင် studio တစ်ခုတွင်ဖြစ်သည်။

စင်္ကြံလမ်းတွင် နာမည်ကြီးနှင့် နာမည်မကြီးသည့်အနုပညာများရောယှက်၍ ပြည့်နေခဲ့သည်။

ယနေ့သည် လူသိနည်းသော IPတစ်ခုကိုအခြေခံ၍ အရင်းအနှီးနည်းသည့် “ How to Over the Senior Brother” ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးချယ်သည့်နေ့ဖြစ်သည်။

သရုပ်ဆောင်အများစုအတွက်မှာတော့ မည်သည့်သရုပ်ဆောင်လူရွေးပွဲမဆို ကြိုးစားသင့်သည် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ ရဲ့လော့ယီသည်လည်း ထိုလူများထဲမှ အပါအဝင်ဖြစ်သည်။

သူမသည် လူအုပ်ထဲတွင် လူအသိအများဆုံးသူ ဖြစ်သော်လည်း လူအများ၏ အာရုံစိုက်မှုကိုရှောင်ရှားရန်အတွက် သူမ၏ ခေါင်းကို ငုံ့ထားကာ ဦးထုပ်ကို ရှေ့သို့ဆွဲ၍ ဆောင်းထားခဲ့သည်။

ယခုတက်ရောက်နေသည့်လူရွေးပွဲသည် ယခုလတွင်ကျင်းပ‌သည့်လူရွေးပွဲများထဲမှ တစ်ခုပင် ဖြစ်သည်။

သူမသည် နာမည်ကြီးသည့်ဇာတ်လမ်းတွဲများ၏ အဓိကဇာတ်ဆောင်နေရာမှ အရင်းအနှီးနည်းသည့်စီမံကိန်းများတွင် အရံဇာတ်ကောင်နေရာအဖြစ် သို့မဟုတ် ဧည့်သည်သရုပ်ဆောင်နေရာအထိ သူမ၏ ရွေးချယ်စရာများမှာ ကျဆင်းသွားခဲ့ရသည်။ ယခုလို အခွင့်အရေးမျိုးရရှိခြင်းသည် ဇိမ်ခံပစ္စည်းများရရှိသလိုပင် ဖြစ်နေ၏။

ရဲ့လော့ယီသည် ထိုအခွင့်အရေးကို တန်ဖိုးထားခဲ့သည်။ ပြန်လည်အောင်မြင်ရန် ကြိုးစားနေသည့်သရုပ်ဆောင်တစ်ဦးအတွက် အလုပ်အခွင့်အလမ်းနှင့် လူသိများစေရန်လိုအပ်ပြီး သူမသည် ထိုအရာကို ပြင်းပြင်းထန်ထန်ပင် လိုအပ်‌နေသည်။

သူမသည် “ Journey” အား မည်သည့်အခက်အခဲမျှမရှိပဲ ထုတ်လွှင့်ပြီးနောက် ထုတ်လုပ်သူများနှင့် ရင်းနှီးမြုပ်နှံသူများသည် သူမအား နောက်ထပ်အခွင့်အရေးပေးမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် လက်တွေ့ဘဝမှာ ကြမ်းတမ်းလွန်းလှ၏။

ကြည့်ရှူသူများ၏ကြိုက်နှစ်သက်မှုသည် အရေးပါခဲ့ပြီး ပေယွဲ့ပိုင်၏ အရှုပ်တော်ပုံများကြောင့် သူမ၏ပရိတ်သတ်များမှာ ပျောက်ချင်းမလှပျောက်သွားခဲ့သည်။ မည်သူမှ သူမအား အဓိကဇာတ်ဆောင်နေရာအဖြစ် မရွေးချယ်ချင်ကြတော့ပေ။

သို့သော် ရဲ့လော့ယီသည် အရှုံးမပေးခဲ့ပေ။ အကယ်၍ ကြည့်ရှူသူပရိတ်သတ်များသည် သူ့အားမုန်းတီးနေခဲ့ပါက သူမသည် ဗီလိန်ဇာတ်ကောင်ဖြင့် သရုပ်ဆောင်မည်ဖြစ်သည်။ မကောင်းသည့်ဇာတ်ကောင်ဖြင့် ကျော်ကြားခြင်းသည်လည်း အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။ ကျုံချင်းယွီသည် သူမ၏ ဆိုးရွားလှသော သရုပ်ဆောင်အရည်အချင်းနှင့်တောင် ပြန်၍အောင်မြင်ကျော်ကြားလာခဲ့သည်။ သူမသည် အဘယ့်ကြောင့် မဖြစ်နိုင်ရမည်နည်း။

လူအများသည် သူမအား မှတ်မိသွားသည့်အခါ၌ တီးတိုးပြောဆိုကြတော့သည်။

“ အဲတာက ရဲ့လော့ယီပဲ”

“ ရဲ့လော့ယီက ဘာလို့ဒီနေရာကိုရောက်နေတာလဲ”

“ ဒီလောက် လိုင်းပေါ်မှာ ဝေဖန်တိုက်ခိုက်ခံနေရတာကို ထုတ်လုပ်သူတွေက သူ့ကို သရုပ်ဆောင်အဖြစ် လက်ခံကြဦးမှာလား”

“ ဘယ်သူသိမှာလဲ၊ ငါသာ သူ့နေရာမှာဆိုရင် ရှက်လွန်းလို့ မျက်နှာပြရဲမှာတောင်မဟုတ်ဘူး”

“ တကယ်သူလား၊ သူအရင်2နှစ်အတွင်း ရှာထားတဲ့ပိုက်ဆံတွေက မလောက်ဘူးလား၊ တစ်ချို့လူတွေက အရှက်ရှိရကောင်းမှန်းကိုမသိဘူး”

ရဲ့လော့ယီ မျက်နှာသည်ဖြူဖတ်သွားခဲ့ပြီး သူမ၏လက်ချောင်းများဖြင့် ဇာတ်ညွှန်းစာအုပ်ကို တင်းကြပ်စွာကိုင်ထားလေသည်။

သူမသည် ယခုလိုဝေဖန်သည့်မှတ်ချက်များအား ယခင်လကတည်းကပင် အကြိမ်ပေါင်းများစွာကြားခဲ့ပြီး ဖြစ်သည်။ ပထမတစ်ခေါက်တွင် သူသည် ဝမ်းနည်ကာ ထွက်သွားခဲ့ဖူးသည်။

ယခုတွင် မည်သို့ပင် တိုက်ခိုက်ဝေဖန်ကြစေ သူမသည် ထိုနေရာတွင် သူမ၏အလှည့်ကိုစောင့်ရင်း ဇာတ်ညွှန်းစာသားများကို ငြိမ်ငြိမ်လေးကျက်နေခဲ့သည်။

ဒေါသတကြီးဖြင့် ထွက်သွားလိုက်ခြင်းသည် အရာအားလုံးကို မပြောင်းလဲစေနိုင်ပေ။ ဇာတ်ကောင်နေရာတစ်ခုရရှိရန်သာ အရေးကြီးလှသည်။

လက်ထောက်ဒါရိုက်တာသည် သူမ၏ နံပါတ်ကို ခေါ်လိုက်၏။

ရဲ့လော့ယီသည် အစ်ကိုအကြီးဆုံး၏ ညီမနေရာအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ပြီး ငါးယောက်မြောက် အမျိုးသမီးဇာတ်ကောင်နေရာဖြစ်သည်။

ထိုဇာတ်ကောင်မှာ ဂိုဏ်း၏အချစ်ခံရဆုံးတစ်ဦးဖြစ်ပြီး အဓိကဇာတ်ဆောင်မင်းသားနှင့် ငယ်သူငယ်ချင်းဖြစ်ကာ သူနှင့်လက်ထပ်မည့်နေ့ကို မျှော်လင့်နေသူလည်း ဖြစ်၏။

သို့သော် တစ်ခြားတိုင်းပြည်မှ ပြောင်းလာသည့် အဓိက အမျိုးသမီး‌ဇာတ်ဆောင် ပေါ်လာသည့်အချိန်၌ သူမသည် ဇာတ်ဆောင်မင်းသား၏ အချစ်ကို လုယူသွားခဲ့သည်။ ရိုးသားဖြူစင်သည့် ညီမငယ်လေးသည် လှည့်စားကောက်ကျစ်သည့် ဗီလိန်စရိုက်သို့ ပြောင်းလဲသွားခဲ့သည်။

သူမ၏ ဇာတ်ဝင်ခန်းများသည် နည်း၍ အပိုင်း 5ပိုင်းသာ သရုပ်ဆောင်ရ၍ ပြီးဆုံးသွားသော်လည်း သူ၏ဇာတ်ကောင်နေရာသည် အဓိပ္ပာယ်နက်ရှိုင်း၍ ပြည့်စုံသည့် ဇာတ်ကောင်နေရာဖြစ်သောကြောင့် ရဲ့လော့ယီအတွက် အလွန်လိုက်ဖက်လှသည်။

ဒါရိုက်တာ ချန်းသည် “action” ဟု အော်လိုက်သည့်အခါ၌ ရဲ့လော့ယီသည် ထိုဇာတ်ကောင်ကို စ၍သရုပ်ဆောင်တော့သည်။

သရုပ်ဆောင်အချို့သည် သရုပ်ဆောင်ရွေးပွဲအတွက် ဝတ်စုံနှင့် မိတ်ကပ်များပြင်ဆင်လာပြီး ဗီလိန်ဇာတ်ကောင်ပုံစံကို အဓိကအသားပေး၍ ပြင်ဆင်လာကြသည်။ သို့သော် ရဲ့လော့ယီသည် မိတ်ကပ်မပါသည့်မျက်နှာဖြင့်သာ သရုပ်ဆောင်ခဲ့သည်။

သူမ၏အမြင်မှာ အရည်အချင်းစစ်မှန်သည့် သရုပ်ဆောင်တစ်ယောက်သည် ဗီလိန်ပုံစံအား မျက်နှာအမူအရာ ၊ ကိုယ်ဟန်အမူအရာနှင့်ပင် တင်ဆက်နိုင်သည်။ မိတ်ကပ်ပြင်ခြင်းသည် အပေါ်ယံမှီခိုရသည့်အရာတစ်ခုပင် ဖြစ်၏။

သူမသည် သူ့၏ခံယူချက်မှန်ကြောင်း သက်သေပြခဲ့၏။ ဒါရိုက်တာ ချန်းသည် အလွန်ပင် သဘောကျနှစ်သက်သွားပြီး သူမအား ထိုဇာတ်ကောင်နေရာကို ပေးလိုက်သည်။

ရဲ့လော့ယီသည် အချိန်ခဏတာ မှင်သက်သွားခဲ့သည်။ ငြင်းပယ်မှုများခံလာရပြီးနောက် အောင်မြင်မှုတစ်ခုရရှိသွားသည်မှာ မယုံနိုင်စရာပင် ဖြစ်နေခဲ့သည်။

သူမသည် တုံ့ဆိုင်းစွာဖြင့် မေးလာခဲ့သည်။

“ ဒါရိုက်တာချန်း ရှင် ကျွန်မရဲ့ လိုင်းပေါ်က အခြေအနေကို သိတယ်မလား ဟင်”

ဒါရိုက်တာချန်း : “ ဒါပေါ့ ကျွန်တော်သိပါတယ်”

“ ဒါပေမဲ့ ‘Journey’ က အဆင်ပြေပြေနဲ့ ထုတ်လွှင့်ခဲ့တယ်မဟုတ်လား”

အကယ်၍ ထုတ်လွှင်ခဲ့သည်ဆိုလျှင် ထိုအရာသည် ပြသာနာအား အတည်ပြုထားခြင်းမဟုတ်သလို ထုတ်လုပ်ရေးအဖွဲ့အစည်းသည်လည်း သူမအား banထားခြင်း မရှိခဲ့ပေ။

ဒါရိုက်တာချန်း၏ အမြင်တွင် မကောင်းသည့်ဗီလိန်နေရာဖြင့် ကျော်ကြားမှုသည်လည်း အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။ အကယ်၍ ညီမလေးဇာတ်ကောင်သည် ဆိုးဆိုးရွားရွားဖြင့် အဆုံးသတ်သွားပါက ကြည့်ရှုသူပရိတ်သတ်များသည် အလွန်ပင် ကျေနပ်သွားကြမည်ဖြစ်သည်။

ဒါရိုက်တာချန်းကတော့ နှစ်ဖက်လုံးအကျိုးရှိမည်ဟု တွေးလိုက်သည်။

ဒါရိုက်တာချန်းသည် ရဲ့လော့ယီ၏ ပုခုံးကို အားပေးသည့်သဘောဖြင့် ပုတ်လိုက်သည်။

“ စိတ်မပူပါနဲ့ ဒါက ပြသာနာကြီးကြီးမားမားမဟုတ်ပါဘူး”

ဤသို့ဖြင့် ဇာတ်ကောင်နေရာကို အတည်ပြုခဲ့ကြသည်။

ရဲ့လော့ယီသည် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။

သုံးရက်အကြာတွင် ဟိန်တျန်း၌ သရုပ်ဆောင်များ ဇာတ်ညွှန်းဖတ်ရန် နှစ်ပတ်အကြာ စုဝေးကြမည်ဟု ပြောထားသောကြောင့် ရဲ့လော့ယီသည် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်လေသည်။

သူမသည် အိမ်ပြန်၍ ခရီးဆောင်အိတ်များကို ထုတ်ပိုးကာ ထိုအကြောင်းအား ဆုလင်းလင်းကိုပြောပြလိုက်သည်။

သို့သော် သူမသည် ဆုလင်းလင်းထံသို့ message ပို့နေသည့်အချိန်၌ ဒါရိုက်တာချန်းသည် WeChatတွင် စာတစ်စောင်ပို့လာခဲ့သည်။

[ အားနာပါတယ်နော်၊ ကျွန်တော်တို့ ဇာတ်ကောင်အတွက် ပိုပြီးသင့်တော်တဲ့ မင်းသမီးကိုရသွားပြီဖြစ်လို့ မင်းကို ဇာတ်ကောင်နေရာ မပေးနိုင်တော့ဘူး]

ရဲ့လော့ယီသည် မှင်သက်သွားခဲ့ပြီး သူမ၏နှလုံးသားကို ဓားနဲ့ခွဲလိုက်သလိုပင် ခံစားလိုက်ရသည်။

သူမအား ဇာတ်ကောင်နေရာပေးခဲ့ပြီးနောက် အဘယ့်ကြောင့် စကားကို ပြန်ရုတ်သိမ်းရသနည်း။

သရုပ်ဆောင်ရွေးပွဲမှာလာပြိုင်ကြတဲ့မင်းသမီးတွေထဲမှာ သူအတော်ဆုံးပဲလေ။

ရဲ့လော့ယီသည် ကမန်းကတန်းဖြင့် ဒါရိုက်တာချန်းကို ခေါ်ရန်ကြိုးစားလိုက်သော်လည်း သူမအား block ထားသည်ကို သိလိုက်ရသည်။

သူမသည် ဤအခြေအနေများကို လက်မခံနိုင်၍ ရုပ်ရှင်ရိုက်ကူးသည့် ကုမ္ပဏီအဆောက်အအုံသို့ တည့်တည့်မတ်မတ် ကားမောင်းသွားခဲ့သည်။

မြေအောက်ခန်းကားပါကင်နေရာတွင် သူမသည် ဒါရိုက်တာချန်းနှင့် ပေယွဲ့ပိုင်ကို မြင်လိုက်သည်။

“ဒုတိယသခင်လေး စိတ်ချပါ၊ မင်း ရဲ့လော့ယီကို ဇာတ်ကောင်နေရာမထားစေချင်ရင် ကျွန်တော်တို့လည်း အတင်းမလုပ်ပါဘူး”

“ကျေးဇူးပါ ဒါရိုက်တာချန်း၊ တကယ်လို့ တစ်ခုခုအကူအညီလိုရင် တွန့်ဆုတ်မနေပဲ ပေလုပ်ငန်းစုကို ဆက်သွယ်လိုက်နော်”

ရဲ့လော့ယီသည်ကြားလိုက်ရသည့်အခါ၌ သူမ၏အတွေးထဲတွင် ရှုပ်ထွေးသွားခဲ့သည်။ ထို့နောက် ပေယွဲ့ပိုင်သည် နောက်လှည့်လိုက်သောအခါ၌ မှင်သက်စွာရပ်နေသည့် သူမကို တွေ့လိုက်ရသည်။

“ ယီယီ”

သူ၏အမူအရားများမှာ တင်းမာနေခဲ့သည်။

“ မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”

ရဲ့လော့ယီသည် သူ့အား စိုက်ကြည့်လိုက်သည့်အခါ၌ သူမ၏ရှေ့ဆံပင်သည် မျက်လုံးရှေ့တွင် အနည်းငယ်ကျနေလေသည်။

“ ကျွန်မအရင်တုန်းက အလုပ်အကိုင်တွေတော်တော်အဆင်ပြေခဲ့တယ် ဒါပေမဲ့ အခုနောက်ပိုင်း သရုပ်ဆောင်ရွေးပွဲတွေမှာ ကျရှုံးခဲ့တာက ရှင့်ကြောင့်လား”

ပေယွဲ့ပိုင်သည် အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပြီးနောက် သူမအား အလျင်အမြန်ပင် ရှင်းပြဖို့ကြိုးစားခဲ့သည်။

“ယီယီ ကိုယ်တောင်းပန်ပါတယ်၊ ဒီဇာတ်ကောင်တွေက မင်းအတွက် အရေးမပါဘူးလို့ ကိုယ်တွေးမိသွားလို့ပါ၊ ကိုယ့်ရဲ့ ရသစုံရှိုးကိုပဲ လာပြီး ပူးပေါင်းပါ့လား အဲတာက S-tier ထုတ်လုပ်ရေးအဆင့်ဖြစ်ပြီးတော့ လုပ်ငန်းနယ်ပယ်က လူတွေအကုန်လုံးကလည်း တော်တော်လေးမျှော်လင့်ထားကြတာ၊ အဲတာက တကယ်ကို အောင်မြင်မှာ ပြီးတော့ မင်းကို နာမည်ပြန်ရအောင်လုပ်ပေးမဲ့သူက ကိုယ်ပဲရှိတယ်၊ အဲတာကြောင့် ကိုယ့်ဆီပြန်လာပါနော်”

ရဲ့လော့ယီသည် သူ့အား အရူးတစ်ယောက်ဖြစ်နေသည်ဟု တွေးလိုက်သည်။

“ဒါဆို ရှင်က ကျွန်မဘဝကို တမင်တကာဖျက်ဆီးပြီးမှ ကျွန်မကိုကယ်တင်ပေးနိုင်မဲ့သူက ရှင်တစ်ယောက်တည်း ရှိတယ်လို့ပြောချင်တာလား၊ ပေယွဲ့ပိုင် ရှင်လူတစ်ယောက်ကို ချစ်တဲ့ပုံစံက ဒီလိုမျိုးလား”

ပေယွဲ့ပိုင်သည် ထိုအရာအား မှားနေသည်ဟု မထင်ခဲ့ပေ။

“မင်းကို ကိုယ်ကူညီနိုင်တယ်လေ၊ ဘာလို့ အဓိပ္ပာယ်မရှိတဲ့ဇာတ်ကောင်တွေရိုက်ပြီး အချိန်းဖြုန်းနေမှာလဲ”

“ မလိုအပ်ဘူး”

ရဲ့လော့ယီသည် နားမလည်တော့ပေ။

ဤအရာသည် မည်သို့ကောက်ကျစ်၍စွဲလမ်းသည့် အချိုးမျိုးဖြစ်သနည်း။

သူမအား ဖျက်ဆီးပြီးမှ ကယ်တင်ရှင်ဖြစ်ချင်‌သေးသည်။

ယခင်ကလိုပင် သူမအား ချစ်သည့်အကြောင်းများပြောနေချိန်၌ အခြားမိန်းမတစ်ယောက်ကို အကျိုးရှိရှိအသုံးချနေ‌သေးသလား။

သူမသည် ထိုအကြောင်းများအား များများစဉ်းစားလေလေ ပို၍ ကြောက်ရွံ့လာလေလေ ဖြစ်လာသည်။

ပေယွဲ့သည် သူမအား မချစ်ခဲ့သည်ကို သိလိုက်ရသည်။ သူသည် ရဲ့လော့ယီအား လှောင်အိမ်ထဲတွင် ထည့်ထား၍ ထိန်းချုပ်ချင်နေခဲ့သည်။

“ ရှင့်ရဲ့ ရှိုးမှာ ကျွန်မ မပါနိုင်ဘူး”

ရဲ့လော့ယီမှ ပြတ်ပြတ်သားသားဖြင့်ပြောလိုက်သည်။

“တကယ်လို့ ရှင်ကျွန်မကိုတကယ်ဂရုစိုက်တယ်ဆိုရင် ကျွန်မတောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျွန်မဘဝထဲက ထွက်သွားပေးပါ ပေယွဲ့ပိုင်”

ပေယွဲ့ပိုင်သည် အလွန်ပင် နာကျင်ခံစားသွားရသည်။ သူသည် Let's Eat Today ရသစုံရှိုးကို ဖန်တီးရန်အတွက် သူ့တွင် ရှိသမျှအရာအားလုံးကို ပုံအောထားခဲ့ပြီး သူ၏အနာဂတ်တစ်ခုလုံးနှင့် ထိုအောင်မြင်မှုမှာ ဆက်နွယ်နေလေသည်။ သူသည် ထိုရသစုံရှိူမှာ ကျိန်းသေးအောင်မြင်မည်ဟု တွေးထားခဲ့ပြီး ရဲ့လော့ယီကိုလည်း သူနှင့်အတူ နာမည်ရလာစေချင်သည်။

အရင်းအနှီးသိပ်မရှိသည့်ဇာတ်ကားတစ်ခုတွင် ဗီလိန်ဇာတ်ကောင်နေရာရရန်အတွက် အဘယ့်ကြောင့် ကြိုးစားနေရသနည်း။

သူ၏ S-tier ရသစုံရှိုးသည် ပိုကောင်းသည့် အခွင့်အရေးပင် မဟုတ်ပါသလား။သူမသည် အဘယ့်ကြောင့် ထိုအရာကို မမြင်ရသနည်း။

သို့သော် ထိုအရာသည် အရေးမကြီပေ။ အကယ်၍ သူမသည် ယခုချိန်နားမလည်သော်လည်း သူသည် သူမအား လက်လွှတ်မည်မဟုတ်ပေ။

“ ယီယီ ကိုယ်သေချာပေါက်အောင်မြင်လာလိမ့်မယ် မင်းအဲအချိန်ကျမှ နောင်တရလာမှာ ဘာပဲဖြစ်ဖြစ် မင်းကို ဘယ်လောက်စိတ်ဆိုးပြီး ပြောပါစေ မင်းပြန်လာမယ်ဆို ကိုယ်အမြဲလက်ခံနေမှာပါ”

….

သော‌ကြာနေ့၌ SPရှိုးသည် အချိန်ဇယားအတိုင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ညနေ 6နာရီ၌ Star Glory ၏ သီးသန့် ရုပ်ရှင်ပြခန်းထဲတွင် ယန်ရှီ၊ ကျုံချင်းယွီ၊ ကျုံယန်စီနှင့် ဌာနမှ ရာထူးအကြီးပိုင်းများသည် ရသစုံရှိုး၏ပထမဆုံးအပိုင်းကို ကြီးမားသည့် screen ပေါ်တွင် ကြည့်ရှူရန် စုဝေးနေခဲ့ကြပြီး ကြည့်ရှူသူများ၏ တုံ့ပြန်မှုနှင့်မှတ်ချက်များကို သိရှိရစေရန် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ပေးသည့်နေရာများကို ဖွင့်ပေးထားခဲ့သည်။

ရှိုးမှ သင်တန်းသားများသည် လူသိနည်းသောသူများဖြစ်သော်လည်း နည်းပြများသည် လူသိများကြသောကြောင့် ရှိုးစသည့် အချိန်တွင် မှတ်ချက်ပေးသည့်နေရာ၌ သူတို့အား ချီးကျူးသည့် မှတ်ချက်များဖြင့်ပြည့်နေခဲ့သည်။

idolများ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှူရသည်ကိုကြိုက်သည့် အချို့ ကြည့်ရှူသူများသည်လည်း ရှိုးကို စမ်းကြည့်ရှုရန် ဝင်ရောက်လာခဲ့ကြသည်။

[ တရုတ်ပြည်ရဲ့ ပထမဦးဆုံး idol survival showပဲ ]

[ စင် ပြင်ဆင်ဆောက်လုပ်ထားတာက တကယ်ကို မိုက်တာပဲ၊ Star Glory က ဒီရှိုးပေါ်မှာ အတော်လေးအားစိုက်ထုတ်ထားတာပဲ၊ ဒီပုံအတိုင်းဆိုရင် အတော်လေး အလားအလာရှိနေပြီ ]

[ ဆံပင်ပန်းရောင်နဲ့ တစ်ယောက်က အရမ်းချစ်စရာကောင်းတာပဲ]

[ ရွှေရောင်ဆံပင်နဲ့တစ်ယောက်က အရမ်းရုပ်ဆိုးတာပဲ၊ ဘယ်လိုလုပ် idolဖြစ်လာတာလဲ]

[ သူတို့ရဲ့ မိတ်ကပ်တွေက အရမ်းထူတာပဲ၊ နံရံကို အင်္ဂတေလောင်းထားတဲ့အတိုင်းပဲ]

[ အနည်းစုလောက်ကတော့ ချောကြတယ်၊ ငါတော့ဆက်ကြည့်ဦးမယ်]

အကုန်ကြည့်လိုက်မည်ဆိုပါက မှတ်ချက်များသည် idolများအပေါ်ချီးကျူးနေကြခြင်းနှင့် ဝေဖန်ခြင်များရောယှက်နေကြသည်။

ထို့နောက် သင်တန်းသားများအားလုံး ဝင်လာပြီးနောက်တွင် နည်းပြများလည်း စင်ပေါ်သို့ရောက်ရှိလာခဲ့ကြသည်။

ကျီရှင်းကျုံး စင်ပေါ်သို့ တက်လာခဲ့သည့်အချိန်တွင် မှတ်ချက်များမှာ ပေါက်ကွဲထွက်သွားကြတော့သည်။

[ ကျုံးကျုံးက အရမ်းချောတာပဲ၊ ငါ့သူ့အတွက် အားပေးနေပြီ]

[ ကျူံးကျုံးပေါ်လာဖို့အကြာကြီးစောင့်လိုက်ရတာ၊ သူ့ရဲ့ရုပ်ရည်က တကယ်ကို မယုံနိုင်လောက်စရာကောင်းအောင်ကိုချောလွန်းတယ်]

[ ဒါရိုက်တာချူက သူ့ကို ဘယ်လိုရှူထောင့်ကနေ ရိုက်ရမလဲဆိုတာ ကောင်းကောင်းသိတယ်၊ သူ့ရဲ့ ဒီနေ့စတိုင်လ်‌က ငါ့ကို သွေးတက်ပြီးသေအောင်လုပ်နေတာပဲ]

[ အား…. ကျူံးကျုံးရဲ့ ပေါင်မုန့်တွေ! စင်ပေါ်မှာ သူ့ရဲ့ ရှပ်အင်္ကျီကို မ လိုက်တဲ့အချိန်က အရမ်းကို မိုက်တာပဲ]

ကျုံချင်းယွီနှင့် ယန်ရှီတို့သည်လည်း အလွန်ပင် ပျော််ရွှင်ကာ အူမြူးနေခဲ့ကြသည်။

ကျုံချင်းယွီသည် ယန်ရှီ၏ လက်မောင်းကို စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရမ်းလိုက်သည်။

“ ရှီရှီ သူ့ကို လက်မှတ်ထိုးခိုင်းလိုက်၊ သူ့ကိုလက်မှတ်ထိုးခိုင်းလိုက်ရင် ငါတို့ သူ့ရဲ့ ပေါင်မုန့်တွေကို နီးနီးကပ်ကပ်မြင်ရမှာ”

ယန်ရှီ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။

“ငါသူ့ရဲ့ six-packတွေကို မြင်ပြီးသွားပြီ”

ကျုံချင်းယွီ: !

သူမသည် ယန်ရှီဘက်သို့လှည့်ကာ မေးလာသည်။

“နင်ဘယ်တုန်းက မြင်လိုက်တာလဲ”

ယန်ရှီသည် ကျီစယ်သလိုလိုဖြင့်ရယ်လိုက်သည်။

“ဒါက မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးပါပဲ၊ ငါက ရိုက်ကူးတဲ့နေရာမှာ ရှိနေခဲ့တာလေ တကယ်ကို ပြီးပြည့်စုံတဲ့ six-packပဲ”

ထိုရှိုးအစီအစဉ်များထဲမှ ရိုက်ကွင်းအများစုကို ယန်ရှီနှင့် ချူထင်ပိုင်တို့သည် ကြည့်ပြီးသားဖြစ်သော်လည်း ထပ်၍ကြည့်ရှူကာပျော်ရွှင်နေသည်ကို ရပ်လို့မရပေ။

ရုတ်တရက်ပင် ယန်ရှီသည် သူမ၏ညာဘက်မှ အေးစက်စက်အကြည့်တစ်ခုဖြင့် စိုက်ကြည့်နေသည်ဟု ခံစားခဲ့ရသည်။

ထိုရုပ်ရှင်ပြခန်းထဲတွင် တစ်ယောက်တည်းသီးသန့်ခုံတွေသာရှိပြီး ကျုံချင်းယွီသည် သူမ၏ဘယ်ဘက်တွင်ထိုင်နေပြီး ကျုံယန်စီသည် သူမ၏ညာဘက်၌ ထိုင်နေခြင်းဖြစ်သည်။

ထို အေးစက်သည့်အကြည့်သည် သူမ၏ ညာဘက်မှ ရောက်လာခြင်းဖြစ်သည်။

သူမသည် ညာဘက်သို့လှည့်လိုက်သည့်အခါ၌ ကျုံယန်စီ၏ မဲနက်နေ၍အဓိပ္ပာယ်ဖော်မရသော အကြည့်များနှင့် ဆုံမိသွားခဲ့သည်။

“ ကျီရှင်းကျုံးရဲ့ absတွေက အဲလောက်စိတ်ဝင်စားဖို့ကောင်းတာလား”

ယန်ရှီသည် ဖြေးဖြေးချင်း မျက်တောင်ခတ်လိုက်သည်။

“ ဟို….ကြည့်ရသလောက်တော့.. အဆင်ပြေပါတယ်”

ဒါက သူ့ရဲ့အမှားမှမဟုတ်တာ ကျီရှင်းကျုံးက က,နေရင်းနဲ့ သူ့ရဲ့ရှပ်အင်္ကျီကို မတော်တဆ မ,တင်မိသွားတာလေ။

ကျုံယန်စီသည် လှောင်သလိုလိုဖြင့် ရယ်လိုက်ပြီး သူမ၏လက်ကိုဆွဲကာ ချက်ချင်းပင် သူ၏ ဗိုက်ပေါ်သို့ တင်၍ ဖိလိုက်သည်။

သူသည် အနက်ရောင် ပိုးသားရှပ်အကျီကို ကိုယ်တိုင်းနှင့်ကွက်တိချုပ်ထားသော ဘောင်းဘီထဲသို့ သပ်ရပ်စွာ ထည့်ထားသော်လည်း ထိုအဝတ်အစားအောက်မှ absကို သိသိသာသာမြင်နေရသည်။

သူသည် အသံတိုးတိုးလေးဖြင့် ပြောလာသည်။

“ကိုယ့်မှာလည်း absရှိတယ်၊ မင်းဘယ်အချိန်မဆိုကြည့်ပြီး ကိုင်ကြည့်လို့လည်းရတယ်”

ယန်ရှီ: !!!

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။

ထို့နောက် ယန်ရှီသည် ရှိုးပေါ်သို့ အာရုံမစိုက်နိုင်တော့ပေ။ သို့သော် အစီအစဉ်အကုန်လုံးကို ကြည့်ရှူလိုက်ပါက အလွန်ပင် ကောင်းမွန်လှသည်။

သင်တန်းသားအချို့သည် သူတို့၏ပွဲဦးထွက်ဖျော်ဖြေးရေးတွင် အဆင်မပြေ‌ဖြစ်ခဲ့ကြသော်လည်း တစ်ချို့မှာ အလွန်ပင် ကောင်းမွန်လှသည်။

ထိုအရာသည် idol survival show များ၏ သဘာဝပင် ဖြစ်သည်။ အကယ်၍ လူတိုင်းသည် ပြည့်စုံနေပါက မည်သည့်နေရာတွင် တိုးတက်ကြတော့မည်နည်း။

Star Glory ၏ ကိုယ်ပိုင် သင်တန်းသား USသည် ထူးခြားကောင်းမွန်နေခဲ့သည်။ စီယဲ့နှင့် US၏ ခေါင်းဆောင်သည် S အဆင့်ရရှိခဲ့ကြပြီး အခြားသူအများစုသည် A အဆင့်များသာ ရရှိခဲ့သည်။

အပိုင်းအများစုသည် ယန်ရှီ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ တစ်ခုတည်းသော အံ့ဩစရာကောင်းသည့်အဖြစ်အပျက်မှာ တသီးတခြားဖြစ်နေသည့် သင်တန်းသားတစ်ယောက်ပင်ဖြစ်သည်။

သူထွက်ပေါ်လာသည့်အချိန်တွင် ကျုံချင်းယွီမှာ အံဩမှင်သက်သွားခဲ့သည်။

“ ရှန်ယီ”

ယန်ရှီ : “ နင် သူ့ကိုသိတာလား”

ကျုံချင်းယွီ: “ ငါတို့ တစ်ခါ အတူတူအလုပ်တွဲလုပ်ဖူးတယ်”

“ သူသရုပ်ဆောင်တာက ငါ့ထက်တောင် ဆိုးသေးတယ် ပြီးတော့ လိုင်းပေါ်မှာ သူ့ကို ဝေဖန်တိုက်ခိုက်နေကြတာလေ”

သရုပ်ဆောင်များအတွက် သရုပ်ဆောင်ညံ့ခြင်းသည် ခွင့်လွှတ်ပေးလို့မရသည့်အရာပင်ဖြစ်သည်။ ကျုံချင်းယွီသည် ထိုအရာကို တွေးမိသွားသောကြောင့် လတ်တလောတွင် ဇာတ်ညွှန်းများကို လက်မခံပဲ ရပ်ထားခဲ့သည်။

သူမသည် ‘ Madness’ ဇာတ်လမ်းတွဲမှ လီဟွား ကဲ့သို့ သူမနှင့်လိုက်ဖက်သည့် ဇာတ်ကောင်များမှာ ရှားလွန်းပြီး သူမသည် ကြည့်ရှူသူပရိတ်သတ်များ စိတ်အနှောက်အယှက်မဖြစ်စေရန်အတွက် သူမနှင့်မလိုက်ဖက်သည့် ဇာတ်ကောင်များကို သရုပ်မဆောင်တော့ပေ။

ရှန်ယီ၏ သရုပ်ဆောင်အရည်အချင်းသည် ကျုံချင်းယွီနှင့် အတူတူပင်ဖြစ်ပြီး အလွန်ပင် ဆိုးရွားလှသည်။

ထို့အပြင် သူသည် လူမှုဆက်ဆံရေး ညံ့ဖျင်းသူဖြစ်ပြီး လူအများကြားထဲတွင် အမြဲတိတ်ဆိတ်နေသူဖြစ်ကာ အင်တာဗျူးများတွင်လည်း အမြဲ မျက်နှာရှစ်ခေါက်ချိုးဖြစ်နေခြင်းသည် အတင်းပြောချင်သည့် သူများအတွက် ဝေဖန်စရာ ရရှိနေခြင်းပင် ဖြစ်သည်။

သူသည် အနုပညာလောကမှ မောင်းမထုတ်ခံရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ၏ အရမ်းချောမောလှသော မျက်နှာကြောင့်ပင် ဖြစ်သည်။

ကျုံချင်းယွီသည် ယန်ရှီအား စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။

“ သူက သရုပ်ဆောင်ဖြေတာ ကျလာလို့ idolလာလုပ်တာလား၊ နင်ပြောတော့ ဒီရှိုးက သင်တန်းသားတွေ ရွေးတာဆို နင်က သူ့ရဲ့ရုပ်ရည်ကိုကြည့်ပြီး ရွေးလိုက်တာလား”

ယန်ရှီသည် အဖြေပြန်ဖြေရန်အတွက် တုံ့ဆိုင်းနေခဲ့သည်။ အမှန်အတိုင်းပြောရမည်ဆိုလျှင် အစပိုင်း ရွေးချယ်မှု၏ အကြောင်းပြချက်သည် ထိုအရာပင် ဖြစ်သည်။

ထိုအရာသည် ရက်စက်ပြင်းထန်သည်ဟု ထင်ရသော်လည်း ဖျော်ဖြေရေးအနုပညာလောကသည် ရုပ်ရည်သွင်ပြင်ကိုသာ ဦးစားပေးကြသည်။ ထို့ကြောင့် ရှိုးအတွက် သင်တန်းသားများကို ရွေးချယ်သည့်အခါ၌ ချူထင်းပိုင်သည် ကန့်ကွက်မှုများရှိနေသော်လည်း “ရုပ်ရည်သွင်ပြင် ချောမောမှု” ကို အဓိကသတ်မှတ်ရန် အတင်းအကြပ်ပြောဆိုခဲ့သည်။

ကျုံချင်းယွီသည် ရှန်ယီ အပေါ်တွင် မျှော်လင့်ချက်များ မရှိခဲ့ပေ။ သရုပ်ဆောင်များသည် သီချင်းဆိုခြင်းနှင့် အက ကခြင်းများကို လေ့ကျင့်ထားခြင်း မရှိကြောင့်ပေဖြစ်သည်။

ကြည့်ရှူသူပရိတ်သတ်များသည်လည်း သူမလိုမျိုးပင် ယုံကြည်မှု နည်းနေခဲ့သည်။ ရှန်ယီသည် screen ပေါ်သို့ ပေါ်လာသည့်အခါ၌ များပြားလှသည့် လှောင်ပြောင်နေသာ မှတ်ချက်များမှာ ပြည့်လျှံလာခဲ့သည်။

[ ဒါဆို ရှန်ယီ က သရုပ်ဆောင်ကနေ ထွက်ပြီး idolလာလုပ်နေတာလား]

[ ငါစိတ်ညစ်ပါတယ်၊ သူက ဘာခံစားချက်မှမရှိတဲ့ဇာတ်ကောင်ကိုတောင် အပိုလုပ်ပြီး သရုပ်မဆောင်တက်ဘူးလေ၊ သူက ကနေတဲ့အချိန်မှာတောင် မျက်နှာအမူအရာမပြောင်းရင် ဘယ်လိုလုပ်မလဲ]

[ မဂ္ဂဇင်း မျက်နှာဖုံးတွေနဲ့ red carpet တွေပဲ လျှောက်ပါတော့ မင်းသားချောလေးရယ်]

သို့သော် ရှန်ယီ ဖျော်ဖြေလိုက်သည့်အခါ၌ အကုန်လုံးသည် မှင်သက်သွားခဲ့ကြသည်။

ကျုံချင်းယွီ၏ ပါစပ်သည်လည်း ကြက်ဥတစ်လုံး ဆံ့သည်လောက်ထိ အကျယ်ကြီးပွင့်သွားခဲ့သည်။

[ သေပါပြီ ဒါက တစ်ယောက်တည်းရောဟုတ်ရဲ့လား]

[ OMG ရှန့်ယီ ရဲ့ အကအရည်အချင်းက မယုံနိုင်စရာပဲ၊ သူ့ရဲ့သီချင်းဆိုတာရော rapရွတ်တာရော အကုန်ကောင်းလွန်းတယ်]

[ သူအခု မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တယ်၊ ငါတော့ ညို့ယူခံလိုက်ရပြီပဲ]

[ သူ့မှာ ဒီလိုအရည်အချင်းတွေရှိနေတာကို ဘာလို့ သရုပ်ဆောင်လုပ်ပြီး အချိန်တွေဖြုန်းနေခဲ့တာလဲ]

[ သူ့ရဲ့ လက်မောင်းက ကြွက်သားတွေ၊ ငါတော့သွားရေကျနေပြီ]

ယန်ရှီသည် ထိုသို့ ကွဲထွက်လာမည့် အစီအစဉ်ကို ကြိုတင်သိရှိထားခဲ့ခြင်းဖြစ်သည်။ ရှန်ယီသည် ရှိုး၏ အဓိကအကြောင်းအရာများထဲမှ တစ်ခုပင် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်များ၌ သူသည် Koreaတွင် idolအဖြစ် လေ့ကျင့်နေခဲ့ပြီး အဖွဲ့တစ်ဖွဲ့နှင့် ပွဲဦးထွက်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် ထိုနေ့မတိုင်ခင် ရှေ့တစ်ရက်တွင် သူတို့၏ခေါင်းဆောင်သည် ခိုးယူမှုနှင့်ပတ်သတ်၍ ဖော်ထုတ်ခံခဲ့ရပြီး အဖွဲ့တစ်ခုလုံး အမည်ပျက်စာရင်းသွင်းခံခဲ့ရသည်။

“ ခိုးယူခဲ့သည့် အဖွဲ့၏ အဖွဲ့ဝင်များ” ဟု အမည်တပ်ခံခဲ့ရခြင်းကြောင့် ရှန်ယီသည် Koreaတွင် ပွဲဦးမထွက်နိုင်တော့ပဲ တရုတ်နိုင်ငံသို့ ပြန်လာခဲ့ရသည်။

ကံမကောင်းစွာဖြင့်ပင် တရုတ်နိုင်ငံ၏ idolဈေးကွက်သည် မတိုးတက်သေးသောကြောင့် သူ့အား သရုပ်ဆောင်တစ်ယောက်ဖြစ်စေရန် တွန်းအားပေးခဲ့သည်။

ထိုသို့ နောက်ခံဇာတ်ကြောင်းများနှင့် လိုက်ဖက်သည့် အရည်အချင်းများရှိသောကြောင့် သူသည် ကြီးမားသည့် အခက်အခဲများကိုရင်ဆိုင်ခဲ့ရသော်လည်း ပြန်၍ တောက်ပလာအောင်လုပ်နိုင်သည့် သူတစ်ယောက်ပင်ဖြစ်သည်။

လူအများစုသည် SP ရှိုးကို ပယ်ချခဲ့ကြပြီး နာမည်မကြီးသည့် သင်တန်းသားအယောက်တစ်ရာတွင် မည်သည်က စိတ်ဝင်စားစရာကောင်းသနည်း ဟု ပြောဆိုခဲ့ကြခြင်းဖြစ်၏။

သို့သော် သင်တန်းသားအယောက်တစ်ရာသည် သုံးလကျော်ကြာအောင်ပင် အတူတူလေ့ကျင့်၍ ယှဉ်ပြိုင်ခဲ့ကြပြီး ခုနှစ်ယောက်သာ ကျန်ရှိသည်အထိ ကြည့်ရခြင်းသည် တစ်ခြားအရာများပင် မလိုအပ်တော့ပဲ အခြေခံအကြောင်းအရာတစ်ခုတည်းနှင့်ပင် ဆွဲဆောင်မှုရှိနေခဲ့သည်။

ထို့အပြင် သင်တန်းသား အယောက် တစ်ရာ ရှ်ိခြင်းသည် စိတ်နေစိတ်ထားနှင့် ကိုယ်ရေးကိုယ်တာကိစ္စများစွာ ရှိနေခဲ့ပြီး တည်းဖြတ်ရန်အတွက်လည်း အလွန်အသုံးဝင်ခဲ့သည်။

သီချင်းဆိုခြင်းနှင့် အက,ကခြင်း နှစ်ခုလုံးတွင် ကျွမ်းကျင်သည့် စီယဲ့လို အရမ်းထူးချွန်သည့်သူမျိုးများ ၊ ကျော်ကြားမှုရှိသော်လည်း ပြိုင်ပွဲ၌ကျရှုံးခဲ့သည့် အတွေ့အကြုံရှိသောသူများနှင့် ရှန်ယီကဲ့သို့ သရုပ်ဆောင်ခြင်းသည် ဆိုးရွားသော်လည်း idol ဘက်တွင် ထူးချွန်ပြောင်မြောက်သည့်သူများလည်း ရှိကြသည်။

ကြည့်ရှူသူများကြားထဲတွင် SP၏အကြောင်းအရာများသည် ပြောစရာများလွန်းလှသည်။ ချူထင်းပိုင်၏ အမြင်သည် အစပိုင်းတွင် အထင်သေးခံရမည်ဖြစ်သော်‌လည်း ကျိန်းသေပေါက်အောင်မြင်မည်ဟု ယန်ရှီမှ ယုံကြည်နေခဲ့သည်။

သင်တန်းသား အယောက်တစ်ရာ ရှိသောကြောင့် အားပေးမည့် တစ်စုံတစ်ယောက်တော့ ရှိလာဦးမည် မဟုတ်လော။

…

ပထမဆုံးအပိုင်း ထုတ်လွှင့်ပြသပြီးချိန်တွင် ရှင်းယောင်ကုမ္ပဏီသည် ကောင်းမွန်သည့် တုံ့ပြန်မှုများနှင့် လွှမ်းမိုးခံနေခဲ့ရသည်။

ချောင်ယန်သည် အစပိုင်းတွင် အထင်သေးခဲ့သော်လည်း ယခုတွင် ကြည့်ရှူသူပရိတ်သတ်များ၏ တုံ့ပြန်မှုများကို မြင်လိုက်ရသည့်အခါ၌ ကျေနပ်နေခဲ့သည်။

ယန်ရှီသည် ပွဲဦးထွက်အစီအစဉ်မှာ သူမ ခန့်မှန်းထားသည့် အောင်မြင်မှုရရှိခဲ့ပြီဖြစ်သည်။ ယခုတွင် ကြည့်ရှုသူများအပေါ်တွင်သာ မူတည်တော့သည်။

ဝူလျောင်သည် ရှိုး၏ ဖျော်ဖြေတင်ဆက်မှုအကြောင်းအား အစီအရင်ခံစာပို့လာခဲ့သည်။

[ SP က ရှီကွား Videoမှာ ကြည့်ရှူသူတွေက ခန့်မှန်းထားတာနဲ့ ကိုက်ညီပေမယ့် လိုင်းပေါ်က ဆွေနွေးမှုတွေမှာတော့ Let's Eat Today ရဲ့နောက်မှာကျန်ခဲ့ပါပြီ]

[ Maoyan ရဲ့ အကျော်ကြားဆုံး စာရင်းမှာလည်း Let's Eat Today က ထိပ်ဆုံးနေရာမှာရှိပြီး SPက ဒုတိယနေရာမှာပါ]

ဝူလျောင် : “ Let's Eat Today က ဖုန့်ယင်းယင်းနဲ့ သွမ့်ဟန်တို့ကို ဖိတ်ထားတာပါ ပြီးတော့ သူတို့က ဇာတ်ကားတူတူရိုက်ထားကြတာဆိုတော့ ပရိတ်သတ်တွေက သူတို့ကို အရမ်း ship နေကြတယ်၊ သူတို့ရဲ့လိုက်ဖက်မှုက လူပြောများနေပြီး ခဏခဏ ရေပန်းစားနေပါတယ်”

ကျုံချင်းယွီသည် အလွန် အံ့ဩသွားခဲ့သည်။

“ ဖုန်းယင်းယင်းနဲ့ သွမ့်ဟန်က လမ်းခွဲထားတာမဟုတ်ဘူးလား”

ဖုန့်ယင်းယင်းနှင့် သွမ့်ဟန်တို့သည် ဇာတ်ကားအတူတူရိုက်ကူးနေချိန်တွင် တွဲခဲ့ကြသော်လည်း သွမ့်ဟန်သည် တစ်ခြားမိန်းကလေးတစ်ယောက်နှင့် အီစီကလီလုပ်နေသည်ကို ဖမ်းမိသွားခဲ့ခြင်းကြောင့် သူတို့၏ ဆက်ဆံရေးမှာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။

ထိုအချိန်၌ ကျုံချင်းယွီသည် သွမ့်ဟန်တို့နှင့် ရိုက်ကူးရေးလုပ်နေသည့်အချိန်ဖြစ်ပြီး သူတို့လမ်းခွဲကြသည့်အချိန်တွင် ဖုန့်ယင်းယင်းသည် သွမ့်ဟန်အား ပါးရိုက်လိုက်သည်ကို မြင်လိုက်ရသည်။

ဝူလျောင်သည် ပုခုံးတွန့်၍ ပြောလာသည်။

“အဲတာတွေအကုန်လုံးက ဟန်ဆောင်နေကြတာပါ၊ သူတို့ရဲ့ဇာတ်ကားပြီးသွားတော့ သွမ့်ဟန်က ဖုန့်ယင်းယင်းနားကို လူသိရှင်ကြား ပြန်ချဉ်းကပ်လာတာလေ၊ ဇာတ်ကားထဲမှာရော အပြင်မှာရော အချစ်ဇာတ်လမ်းမျိုးလား အဲတာကြောင့်ပဲ လူပြောများနေကြတာ”

ကျုံချင်းယွီသည် လှောင်ရယ်လိုက်လေသည်။

“ ပေယွဲ့ပိုင်က ငါတို့ထက်သာဖို့ အစွမ်းကုန်ကြိုးစားနေတာပဲ”

မူလ ဝတ္ထုထဲတွင် Let's Eat Today ၏အောင်မြင်မှုသည် ကျော်ကြားသည့် CPတစ်ခုကြောင့်ပင် ဖြစ်ပြီး ယခုတွင် စုံတွဲမှာ မတူညီပေ။

“ ဈေးကွက်မြှင့်ဖို့အတွက် ဝယ်သင့်လား”

ကျုံယန်စီသည် ယန်ရှီကိုမေးလိုက်သည်။ သူသည် လူမှုကွန်ရက် platform များစွာ၏ ရှယ်ယာများကို ပိုင်ဆိုင်ထားခြင်းကြောင့် SP၏ ကျော်ကြားမှုကိုမြှင့်တင်ရန်အတွက် လွယ်ကူလှသည်။

ထိုဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးဖြင့်စောင့်ကြည့်နေသည့် ယန်ရှီသည် သူအား လက်ခါပြလိုက်သည်။

“ မလိုအပ်ပါဘူး”

အကယ်၍ ကျုံချင်းယွီပြောသကဲ့သို့ ဖုန့်ယင်းယင်းနှင့် သွမ့်ဟန်တို့၏ ဆက်ဆံရေးမှာ ဟန်ဆောင်ထားခြင်းဖြစ်လျှင် ထိုအရာသည် အမှန်ပင် ဖြစ်သည်။

လုပ်ဇာတ်ခင်းထားသည်များမှာ ကြာရှည်ခံမည်မဟုတ်ပေ။

ထို့အပြင် SP၏ အစပိုင်းသည် သူတို့မျှော်လင့်ထားသည်နှင့် ကိုက်ညီနေခဲ့သည်။ သူတို့ယခုလုပ်ဆောင်ရမည့်အလုပ်မှာ လူပြောများ၍ စကားများ ပျံ့နှံ့သွားစေရန်ဖြစ်သည်။

…

ယန်ရှီသည် ထိုအရာအတွက် စိတ်အနှောက်အယှက်မဖြစ်သော်လည်း ပေယွဲ့ပိုင်မှာ အလွန်ပျော်ရွှင်နေခဲ့သည်။

Let's Eat Today က SPထက် သာသွားပြီလေ။

သူခန့်မှန်းထားသည့်အတိုင်းပင် ထျန်းဟွေ့၏ ရှိုးများသည် ရှင်းယောင်၏ရှိုးများထက် အမြဲပို၍ သာလွန်နေခဲ့သည်။

ယန်ရှီသည် ဖျော်ဖြေရေးအနုပညာလောကအကြောင်းကို မည်မျှ သိနိုင်မည်နည်း။

သူမ၏ ယခင်က အောင်မြင်မှုများသည် ကျုံချင်းယွီနှင့် အဆက်အသွယ်ရှိခြင်းကြောင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

Let's Eat Today ရှိုးအား အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ဖြင့် ထုတ်လွှင့်နိုင်ရန်အတွက် ပေယွဲပိုင်သည် သူ့တွင်ရှိသည့် အရာအားလုံးကို ရင်းနှီးထားခဲ့သည်။

Strawberry Videoသည် အစပိုင်းတွင် စီမံကိန်းကို လက်ခံရန် တုံ့ဆိုင်းနေခဲ့သောကြောင့် ပေယွဲ့ပိုင်သည် ဤရှိုးမှာ ထုတ်လွှင့်ပြီးသည်နှင့်အောင်မြင်မည်ဟု အာမခံ၍ အလောင်းအစားတစ်ခုလိုပင် လုပ်ကာ လက်မှတ်ထိုးခဲ့ပြီး အကယ်၍ မအောင်မြင်ခဲ့ပါက ထို platform ကို လျော်ကြေးပေးရမည်ဖြစ်သည်။

ထို့ကြောင်ပင် သူသည် Let's Eat Today အား SPထက် သာလွန်ရန်အတွက် အပြင်းအထန်ဈေးကွက်မြှင့်တင်ခဲ့သည်။

ကံကောင်းစွာဖြင့်ပင် SP၌ နာမည်မကြီးသည့်သူများဖြင့် ပြည့်နေခဲ့ပြီး သူ့အား ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

နောက်တစ်နေ့တွင် ပေယွဲ့ပိုင်သည် ဇာတ်လမ်းတွဲစီမံကိန်းတစ်ခု ဆွေးနွေးရန်အတွက် ဟိုင်ချန်း ရုပ်မြင်သံကြားထံသို့ သွားခဲ့သည်။

Let's Eat Today ၏ အောင်မြင်မှုသည် အစသာ ရှိနေသေးသည်။ သူသည် ရရှိလာသည့် အမြတ်များကို ရုပ်သံလိုင်းတွင်ထုတ်လွှင့်ပြသရန် ရည်ရွယ်ထားသည့် White Marsh ဇာတ်လမ်းတွဲတွင် ရင်းနှီးမည်ဟု စီစဉ်ထားခဲ့သည်။

သူသည် ဟိုင်ချန်းရုပ်မြင်သံကြား၏ ဝင်ပေါက်ကိုရောက်သည့်အခါ၌ ယန်ရှီအား မြင်လိုက်ရသည်။

သူမသည် အရင်းအနှီးအနည်းဆုံးနှင့် ရိုက်ကူးပြီးသွားပြီဖြစ်သော The Bottom Line ဇာတ်လမ်းတွဲအား ဆွေးနွေးရန်အတွက် ကျန်းတုံနှင့်အတူ ရှိနေခဲ့သည်။

မူလ ဝတ္ထုထဲတွင် ထိုဇာတ်လမ်းတွဲသည် လိုင်းပေါ်တွင်သာ ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းတွင် ရုပ်မြင်သံကြားအစီအစဉ် တစ်ခုမှ ရွေးချယ်ခံရခြင်းဖြစ်သည်။ ယန်ရှီသည် platform နှစ်ခုလုံးတွင် တစ်ပြိုင်နက်တည်း စ၍ ထုတ်လွှင့်ရန် ကြိုးစားနေခြင်း ဖြစ်၏။

ပေယွဲ့ပိုင်နှင့် တွေ့လိုက်ရသည်မှာ ကံမကောင်းတော့ပေ။

အစည်းအဝေးအခန်းထဲတွင် ပေယွဲ့ပိုင်သည် ယန်ရှီအား တစ်စက်မျှပင် လှည့်မကြည့်ပဲ လျစ်လျူရှူထားခဲ့သည်။

“ White Marsh” ဇာတ်လမ်းတွဲသည် platform မှ ပေးအပ်ထားသည့် S-tier ရုပ်ရှင်တစ်ခုဖြစ်ပြီး The Bottom Line ဇာတ်လမ်းတွဲသည် B-tier စီမံကိန်းတစ်ခုပင်ဖြစ်သည်။ ဟိုင်ချန်းရုပ်မြင်သံကြားအနေဖြင့် တုံ့ဆိုင်းနေစရာ အကြောင်းမရှိပေ။

ရသစုံရှိုးမှာ အောင်မြင်မှု ကြီးကြီးမားမားရပြီးတော့ ရုပ်ရှင်နဲ့ရုပ်မြင်သံကြားမှာလည်း နောက်ထပ် အောင်မြင်မှုတွေရမယ်လို့ ဘယ်သူက တွေးထားမှာလဲ။

သူသည် သိပ်မကြာခင်မှာပင် အောင်မြင်ကျော်ကြားလာမည်ဖြစ်ပြီး သူရွေးချယ်ခဲ့သည့်အရာမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ရဲ့လော့ယီကို သက်သေပြမည်ဖြစ်သည်။

သိပ်မကြာခင်အချိန်၌ ဟိုင်ချန်းရုပ်မြင်သံကြား၏ အကြီးအကဲရောက်ရှိလာခဲ့သည်။

ရှင်းယောင်နှင့် ထျန်းဟွေ့ ကုမ္ပဏီနှစ်ခုလုံးသည် သူတို့၏ ဇာတ်လမ်းတွဲနမူနာများကို အရင်ပို့ဆောင်ခဲ့ပြီး ယခုတွင် Q4 ၌ မည်သည့်ဇာတ်လမ်းတွဲကို ထုတ်လွှင့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။

လျောင်ထိုင်သည် ပေယွဲ့ပိုင်ဘက်သို့ ဦးစွာလှည့်လိုက်သည်။

“ သခင်လေးပေ၊ ခင်‌ဗျားတို့ White Marsh ထုတ်လုပ်ရေးအဖွဲ့က အတော်လေးအဆင်ပြေနေပြီဖြစ်ပေမဲ့ ခင်ဗျားပို့လိုက်တဲ့ နမူနာဇာတ်လမ်းထဲက အဓိကအကြောင်းအရာတွေကို ပြင်လို့မပြီးဘူးထင်တယ်”

ပေယွဲ့ပိုင်၏ ခန္ဓာကိုယ်မှာ တင်းမာသွားခဲ့သည်။

ထျန်းဟွေ့၏ ငွေကြေးပြတ်လတ်နေခြင်းကြောင့် White Marsh ၏ အဓိက အကြောင်းအရာများမှာ ပြင်၍မပြီးသေးခြင်းဖြစ်သည်။

သို့သော် Let's Eat Today မှ ဝင်ငွေများဝင်လာပါက ဟိုင်ချန်းရုပ်မြင်သံကြားထံမှ ရရှိမည့် စရန်ငွေများနှင့် ပေါင်းကာ သူသည် ထိုအရာများကို ပြီးစီးအောင် လုပ်ဆောင်မည်ဖြစ်သည်။

“ စိတ်မပူပါနဲ့ လျောင်းထောင်၊ ထုတ်လွှင့်မှု မစခင်မှာ အကုန်အဆင်ပြေအောင်လုပ်ပေးမှာပါ”

လျောင်ထောင်သည် တုံ့ဆိုင်းနေခဲ့သည်။

“ ထျန်းဟွေ့မှာ အဲလောက် အရင်းအနှီးရှိပါသေးရဲ့လား”

ပေယွဲ့ပိုင်သည် အလျင်အမြန်ပင် အာမခံလိုက်သည်။

“Strawberry Video မှာ Let's Eat Today က ရေပန်းစားနေပြီမလို့ ငွေကြေးအတွက် ပြသာနာမရှိပါဘူး”

သူသည် ယန်ရှီအား ဘေးတစ်စောင်းအနေအထားဖြင့် စိုက်ကြည့်လိုက်သည်။

“လျောင်ထိုင် White Marsh ဇာတ်လမ်းတွဲက platform ရဲ့ အသိအမှတ်ပြုခံထားရတဲ့ S-tier ထုတ်လုပ်မှုပါ၊ ဇာတ်ညွှန်းပဲဖြစ်ဖြစ် အဖွဲ့လိုက်ရိုက်ကူးရေးပဲဖြစ်ဖြစ် B-tier စီမံကိန်းတွေထက် ပိုကောင်းတယ်ဆိုတာ ရှင်းနေပါတယ်၊ အရည်အသွေးကို ဦးစားပေးသင့်တယ်မဟုတ်လား”

လျောင်ထောင်သည်လိမ္မာပါးနပ်စွာဖြင့် ဖြတ်ပြောလိုက်သည်။

“ ဒုတိယသခင်လေးပေ၊ ကျွန်တော်ဆိုလိုတဲ့သဘောက White Marsh ရဲ့ ပြုပြင်မှုတွေက မပြီးသေးတော့ အဲတာတွေကို ပိုကောင်းအောင် အချိန်ယူပြီးလုပ်သင့်ပါတယ် လောစရာမလိုပါဘူး”

ပေယွဲပိုင်သည် အတင်းပြုံးလိုက်သည်။

“လျောင်ထောင် ခင်ဗျား လာစနေတာလား၊ Q4 က နီးလာပြီလေဗျာ ဘယ်လိုလုပ် မလောပဲနေမှာလဲ”

ရုတ်တရက်ပင် လျောင်ထောင်၏ စကားဆိုလိုရင်းကို နားလည်သွားခဲ့ပြီး သူ၏အသံမှာ တုန်ယင်လာတော့သည်။

“ ခင်ဗျားပြောပုံအရဆိုရင်… ဟိုင်ချန်းရုပ်မြင်သံကြားက The Bottom Line ကို Q4 မှာ ထုတ်လွှင့်ဖို့ ရွေးချယ်လိုက်ဝာာလား”

လျောင်ထောင်သည်ခေါင်းငြိမ့်ပြလိုက်သည်။

“ White Marsh က အလွန်ကောင်းပါတယ် ဒါပေမဲ့ အတွင်းပိုင်းတန်ဖိုးဖြတ်လိုက်တော့ The Bottom Line က ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာတွေ့လိုက်ရလို့ပါ”

All Chapters