Chapter 95
Vol. 10 Ch. 95
အစည်းအဝေးအခန်းသည် တိတ်ဆိတ်သွားခဲ့သည်။
ယန်ရှီသည် အတွင်းပိုင်းရှိနူးညံ့သော ဖန်နှလုံးသားလေး ကွဲအက်သွားသည့်အသံကို ကြားလိုက်ရသည်။
အဲတာကဘာလဲ။ အဲတာကပေယွဲ့ပိုင်ရဲ့ခံစစ်တွေ ပြိုပျက်သွားတဲ့အသံပဲ။
The Bottom line သည် White Marsh အားကျော်တက်သွားသည်ကို ယန်ရှီမအံ့ဩပေ။ နောက်ဆုံးတွင်တော့ ဆုရရှိမှုသည် ဝတ္ထုနှင့်သာဆိုင်လေသည်။ နောက်ဆုံးအပိုင်းအားထုတ်လွှင့်လိုက်ချိန်မှစ၍ ရှင်းယောင်နှင့်အတူ မရေတွက်နိုင်သည့်အားပေးမှုများအား ရခဲ့သည်။ ထိုကြောင့် ဟိုင်ချန်တီဗီ အမှူဆောင်မှာ အမြင်ရှိနေသ၍ သံသယမရှိပဲ The Bottom Line ကိုသာရွေးချယ်မည်ဖြစ်သည်။
White Marsh သည်လည်း အလွန်ကောင်းမွန်ပါသော်လည်း ၎င်း၏အထူးပြုလုပ်ချက်များမှာ မပြီးပြတ်သေးပဲ ရှေးဟောင်းအချစ်ဒရမ်မာများသည်လည်း လေးနက်သည့်ဒရမ်မာအမျိုးအစားနှင့်ယှဥ်မည်ဆိုလျှင် အားနည်းချက်များရှိလေသည်။
ပေယွဲ့ပိုင်သည် အံကြိတ်လိုက်ကာ ယန်ရှီ၏စကားလုံးများသည် သူ့အားပါးရိုက်နေသကဲ့သို့ခံစားနေရလေသည်။
ကိစ္စများအား ပိုဆိုးစေသည်မှာ ကျန်းထောင်မှာ လုံးဝပါးနပ်မှုမရှိပေ။ မလာမီတွင် ထျန်ဟွေ့သည်လည်း Q4 အထူးရိုက်ချက်အတွက် ရုပ်မြင်သံကြားဌာနနှင့်ညှိနှိုင်းနေကြောင်းသိလိုက်ရသည်။ သူသည် The bottom Line သည် ထျန်ဟွေ့အားရှုံးသွားမည်ကို စိုးရိမ်သွားကာ နောက်ဆုံးတွင်တော့ ရုပ်မြင်သံကြားဌာနသည် ၎င်းတို့အားရွေးချယ်လိုက်လေသည်။
ကျန်းထောင်သည် လျောင်ထောင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကာ
“အဲတာဆို The Bottom Line ကနောက်ဆုံးရွေးချယ်မှုမလား၊ ကျွန်တော်တို့ရဲ့မူလဇာတ်ကြောင်းကို S အဆင့် IP ကိုကျော်ပြီးရွေးလိုက်တာပေါ့၊ ဒါရိုက်တာလျောင် မင်းမှာအမြင်ကောင်းရှိတာပဲ ကျွန်တော်တို့ရဲ့ဘတ်ဂျက်ကိုကြည့်ပြီး မကောင်းဘူးမထင်ပါနဲ့ ကျွန်တော်တို့မှာ ပစ္စည်းတွေရှိပါတယ်၊ ကျွန်တော်တို့ရဲ့တန်ဖိုးကခိုင်မာပါတယ် အဲ ချိုမြိန်နေတဲ့အချစ်ဇာတ်လမ်းတွေနဲ့မတူပါဘူး”
“ချိုမြိန်နေတဲ့အချစ်ဇာတ်လမ်း” ၏ သူဌေးဖြစ်သည့် ပေယွဲ့ပိုင် မျက်နှာသည် မဲမှောင်လာလေသည်။
သို့ပေမဲ့ ကျန်းထောင်သည် သူ၏လွန်ခဲ့သော ပရောဂျက်နှစ်ခုသည် ဆုံးရှုံးခဲ့ရသောကြောင့် သူ၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအား ဆုံးရှုံးကာ လျောင်ထောင်အား သိချင်စိတ်ဖြင့်မေးခဲ့သည်။
“ကျွန်တော်တို့ကိုရွေးခဲ့တာက ကျွန်တော်တို့ကောင်းလို့ဟုတ်တယ်မလားဟင်၊ ဒါမှမဟုတ်White Marsh ကပဲဆိုးရွားနေတာမလို့ မဟုတ်ဘူးမလား”
ပေယွဲ့ပိုင်: “.....”
သူ့ နှလုံးသားအား နောက်ထပ်ဆူးတစ်ချောင်းစိုက်ဝင်သွားခဲ့သည်။
လျောင်ထောင်သည် နာကျင်စွာပြုံးပြလိုက်ကာ
“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ The Bottom Line ကိုက ကောင်းလွန်းနေတာပါ White Marsh ကလည်း အတော်ကောင်းပါတယ်”
အကယ်၍ The Bottom Line သာမရှိခဲ့လျှင် White Marsh သည် ရိုက်ကူးရေးအား အလွယ်တကူရသွားမည်ဖြစ်သည်။
ကျန်းထောင်ခေါင်းငြိမ့်လိုက်ကာ
“နားလည်ပါပြီ၊ အဲတာဆို ကျွန်တော်တို့ရဲ့ The Bottom Line က White Marsh ထက်ပိုကောင်းလို့ ရွေးခဲ့တာပဲ”
ပြီးနောက် သူသည် ပေယွဲ့ပိုင်ဘက်သို့လှည့်ကာ
“သခင်လေးပေ ဘယ်လိုတောင်ရှက်စရာကောင်းတာလဲ၊ အရင်က ထျန်ဟွေ့ရဲ့ရင်းနှီးမြုပ်နှံမှုဌာနကို ကျွန်တော်ဒီပရောဂျက်ကိုတင်ပြခဲ့ဖူးပေမဲ့ မြို့ပြသည်းထိတ်ရင်ဖို ဒရမ်မာအမျိုးအစားတွေက စျေးကွက်မရှိဘူးလို့ပြောခဲ့တယ်လေ၊ တကယ်လို့မင်းသာအဲတုန်းက
ကျွန်တော်တို့ကိုရွေးချယ်ခဲ့ရင် ဒီနေ့ရွေးချယ်ခံရတဲ့ရှိုးကမင်းရဲ့ရှိုးဖြစ်နေမှာပဲ”
သုံးခုမြောက်ဆူး။
ပေယွဲ့ပိုင်သည် ကျန်းထောင်အားအရှင်လတ်လတ်အရေခွံနွာချင်နေသည်။
ဤလူသည် လူမှုရေးညံ့ဖျင်းရုံသာမကာ သည်းမခံနိုင်လောက်အောင်မြင်ဆိုးရွားလေသည်။
သို့ပေမဲ့ ဟိုင်ချန်တီဗီ၏ပိုင်နက်ထဲတွင် ပေယွဲ့ပိုင်ဘာမှမလုပ်နိုင်ပေ။ အကယ်၍ ဟိုင်ချန် White Marsh အားမလွှင့်ပေးချင်လျှင် နိုင်ငံအတွင်းရှိအခြား နေရာများမှာ လွှင့်ပေးမည့်နေရာရှိနိုင်မည်မလား။
ဒေါသထွက်သွားကာ သူသည် လျောင်ထောင်ကိုပင် နှုတ်မဆက်ပဲ အလျင်စလိုထွက်သွားခဲ့သည်။
ပေယွဲ့ပိုင်သည် ထျန်ဟွေ့သို့ဒေါသတကြီးပြန်သွားကာ နေ့လည်စာအား မစားပဲနေခဲ့လေသည်။
ဟိုင်ချန်တီဗီသည် သူ၏တစ်ခုတည်းသောရွေးချယ်စရာမဟုတ်သော်ညား အကောင်းဆုံးရွေးချယ်စရာဖြစ်သည်။ ကျော်ကြားသည့် ဒရမ်မာအများစုသည် ထိုမှလွှင့်ကာ ပရိတ်သတ်အင်အားမှာလည်း တောင့်တင်းလေသည်။ နောက်ထပ်ရုပ်သံလွှင့်ရုံအား ပြောင်းလဲခြင်းသည် White Marsh အား The Bottom Line နှင့်ယှဥ်လျှင် အားနည်းချက်တစ်ခုအနေနှင့် အလိုအလျောက်သက်ရောက်စေမည်ဖြစ်သည်။
သူသည် စားပွဲခုံအားဒေါသတကြီးကန်လိုက်ကာ သူ့ ခြေထောက်ကိုသာ သံတိုင်နှင့်ထိမိသွားသည်။ နာကျင်မှူသည် သူ့ ခြေထောက်တစ်လျှောက်သို့ ပျံ့နှံ့သွားလေသည်။
အံကြိတ်လိုက်ကာ သူ့ကိုယ်သူဖြေသိမ့်လိုက်သည်။ ထျန်ဟွေ့တွင် Let's eat Today ရှိနေဆဲဖြစ်ကာ ထိုရှိုးသည် SP ထက်ပို၍ကျော်ကြားလေသည်။ ပြန်လည်အောင်မြင်လာနိုင်ရန် အတွက် အခွင့်အရေးရှိသေးသည်။
တံခါးခေါက်သံသည် သူ၏အတွေးအားနှောင့်ယှက်လိုက်ကာ ဆွန်းချီသည် ထိတ်လန့်တကြားဝင်လာခဲ့သည်။
“သခင်လေးပေ သတင်းဆိုးပါ၊ SP ကအခုပဲ တိုက်ရိုက်ထုတ်လွှင့်မှုစလိုက်တယ်”
“တိုက်ရိုက်ထုတ်လွှင့်မှု”
ပေယွဲ့ပိုင်မျက်မှောင်ကြုတ်လိုက်သည်။
“အဲတာကကြိုတင်ရိုက်ကူးထားတဲ့ရှိုးမျိုးမဟုတ်ဘူးလား”
“ပုံမှန်အားဖြင့်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ရှင်းယောင်ကအခုပဲ သူတို့က သင်တန်းသားတွေရဲ့ လေ့ကျင့်ရေးတွေကို ၂၄နာရီ၇ရက် တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ ကြေညာလိုက်ပါတယ်၊ အဲတာမှ ပရိတ်သတ်တွေကသင်တန်းသားတွေရဲ့ကြိုးစားမှုကို အချိန်နဲ့တစ်ပြေးညီတွေ့နိုင်မှာပါတဲ့”
ပေယွဲ့ပိုင်သည် SP ၏တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်နေလေသည်။
SP camp ၏လေ့ကျင်ရေးအခန်းအားလုံးတွင် ယခု ကင်မရာများတပ်ဆင်ထားလေသည်။ ထိုအစီအဥ်တွင် အဆင့်သတ်မှတ်ချက်များရှိကာ S အဆင့်အား အချိန်တိုင်းထုတ်လွှင့်မည်ဖြစ်ပြီး သင်တန်းသားများမှာကြိုက်သည့်အချိန်တွင် လေ့ကျင်နိုင်ကာ ပရိတ်သတ်များသည်လည်း ကြည့်ရှူနိုင်လေသည်။
A အဆင့်အခန်းမှာမူ နှစ်ဆယ်နာရီစာ ကျပန်းရမည်ဖြစ်ပြီး B အဆင့်တွင် ဆယ်ခြောက်နာရီ၊ Cအဆင့်တွင် ဆယ်နှစ်နာရီနှင့် F အဆင့်တွင်မူ လေးနာရီသာတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။
[အဲလိုလုပ်ထားတာကအရမ်းကောင်းတယ်၊ ငါက SP ကိုရုပ်ရည်ကိုပဲဂရုစိုက်တယ်လို့ထင်နေတာ]
[အကောင်းဆုံးတွေက screen time ပိုထိုက်တန်တယ်]
[SP ရဲ့အဆင့်သတ်မှတ်ချက်က ပရိတ်သတ်တွေရဲ့မဲပေးမှုကနေလာတာဆိုတော့ ရုပ်ရည်လှပေမဲ့ အရည်အချင်းမရှိတဲ့ ယှဥ်ပိုင်သူတွေပဲ များနေလောက်တယ်၊ ဒါပေမဲ့ ဒီနည်းနဲ့ဆိုရင် ကြိုးစားနေတဲ့သူတွေလည်း ပေါ်လွင်ခွင့်ရသွားပြီ]
[ဟုတ်တယ်၊ ငါထင်တာက ငါတို့တွေတစ်ပတ်မှတစ်ပိုင်းပဲကြည့်ရမယ်ပေါ့၊ ဒါပေမဲ့အခုတော့ ငါ့ရဲ့အကြိုက်ဆုံးတွေကိုအမြဲတမ်းကြည့်လို့ရသွားပြီ]
[ရှန်ယီနဲ့စီယဲ့ကိုအားပေးကြပါ၊ သူတို့ရဲ့ နှစ်ဆယ့်လေးနာရီ တိုက်ရိုက်ထုတ်လွှင့်မှုက ထိုက်ထိုက်တန်တန်ရထားတာ]
တုန့်ပြန်ချက်များမှာအတော်ပင် ကောင်းမွန်လေသည်။
SP ၏ပရိတ်သတ်များသည် စိတ်အားထက်သန်ကာ ရရှိလာသည့်အကြောင်းအရာများနှင့် ဗီဒီယိုများအဆက်မပြတ်ဖန်တီးနေလေသည်။ တစ်ပတ်မှတစ်ပိုင်းသာဆိုလျှင် ၎င်းတို့သည့်အကြောင်းအရာများအား လိုချင်နေကြမည်ဖြစ်ပြီး ယခုတွင်မူ တိုက်ရိုက်ထုတ်လွှင့်မှုသည် ၎င်းတို့အားအဆုံးမသတ်နိုင်သည့် အကြောင်းအရာများအားပေးလေသည်။ မကြာခင်မှာပင် SP ၏တိုက်ရိုက်ထုတ်လွှင့်မှူသည် ဆိုရှယ်မီဒီယာပေါ်တွင် ရေပန်းစားလာလေသည်။
ပေယွဲ့ပိုင်သည် မျက်မှောင်ကြုတ်လိုက်ကာ
“အဲတာဆို သူတို့တွေတိုက်ရိုက်ထုတ်လွှင့်နေတယ်ဆိုရင်ရော ငါတို့တွေဘာလုပ်နိုင်လို့လဲ”
ဆွန်းချီသည် မသက်မသာဖြစ်သွားကာ
“ကျွန်တော်တို့ ရသစုံရှိုးရဲ့ပါဝင်သူတွေကိုတိုက်ရိုက်ထုတ်လွှင့်ကြမလား၊ အဲတာကအပိုပိုက်ဆံတော့ကုန်မှာ”
Let's eat today တွင် နာမည်ကျော်များအဖြင့် အဓိကလူများမှာ ဖုန့်ယင်းယင်းနှင့် သွမ့်ဟန် ဖြစ်သည်။ အခြားပါဝင်သူများ၏နာမည်များလည်း ထုတ်လွှင့်ထားပြီးဖြစ်သည်။
နာမည်ကျော်များသည် အချိန်ပိုများအတွက် အထူးဈေးနှုန်းများနှင့် ပေးချေရလေသည်။
ထိုအချိန်တွင် SP ထရိန်နီများမှာ မသိကြသေးပဲ ထိတွေ့မှုအား နှစ်ဆယ့်လေးနာရီရရှိရန် စိတ်အားထက်သန်နေကြလေသည်။
ဆွန်းချီထပ်ပြောလိုက်သည်။
“ကျွန်တော်တို့ သတ်မှတ်ထားတဲ့ပရိုမိုရှင်းအချိန်ကိုကျော်လွန်ပြီး တိုက်ရိုက်ထုတ်လွှင့်မယ်ဆိုရင် ကျွန်တော်တို့တွေအပိုကြေးပေးရမှာပါ၊ စတော်ဘယ်ရီဗီဒီယိုကို ပထမဆုံးအရစ်ကိုပေးဆောင်ထားပြီးပါပြီ ပြီးတော့အဲတာက White Marsh ရဲ့ VFX အတွက်သတ်မှတ်ထားပြီးပါပြီ၊ ကျွန်တော်တို့ရဲ့အကောင့်ထဲ ငွေပြတ်နေပါပြီ”
ပေယွဲ့ပိုင်၏အမြင်အာရုံများ မည်းမှောင်သွားလေသည်။
သူသည် SP ၏တိုက်ရိုက်ထုတ်လွှင့်မှုသည် Let's Eat Today အားဖုံးသွားစေမည်ကိုသိသော်ညား သူတွင်တားနိုင်သည့်အစွမ်းမရှိပေ။
ရက်အနည်းငယ်အကြာတွင် SP ၏ဒုတိယအပိုင်းလွှင့်ခဲ့ကာ မျှော်လင့်ထားသကဲ့သို့ပင် ၎င်း၏ရေပန်းစားမှုသည် မြင့်တက်လာခဲ့သည်။
ယခုတွင် ရှိုးနှစ်ခုသည် ပုခုံးချင်းဆိုင်လာကြကာ သန်းခေါင်းယံအချိန်တွင်မူ Let's Eat Today သည်ဦးဆောင်နေဆဲဖြစ်သော်ညား အနည်းငယ်လေးပင်ဖြစ်သည်။
[ Let's Eat Today ကဒီတိုင်းဟင်းချက်နေပြီးတော့ အတင်းအကြပ်အချစ်ဇာတ်လမ်းလုပ်နေတာပဲ၊ အဲတာကနည်းနည်းပျင်းစရာကောင်းတယ်]
[SP မှာက ထရိန်နီတွေရာကျော်ရှိပြီးတော့ အားလုံးအတွက်တစ်ယောက်စီရှိတယ်]
[ငါဆို ငါ့ရဲ့အကြိုက်ဆုံးတွေကိုရွေးပြီးပြီ၊ ဒီအပိုင်းမှာ ရှိုးရဲ့သီချင်းကို ပြပြီးတဲ့နောက်မှာ တော်တော်များများက D ၊ Fအဆင့်တွေကနေပြီးတော့ S ၊ A အဆင့်တွေကိုတက်သွားကြတယ် အလုပ်ကြိုးစားမှုရဲ့ရလာဒ်တွေပဲ၊ ငါတော့ခံစားမှုတွေပြင်းထန်နေပြီ]
[တူတူပဲ၊ သူတို့တွေကိုတိုက်ရိုက်ထုတ်လွှင့်မှုမှာ မရပ်မနားလေ့ကျင့်နေတာကိုမြင်ရတာ လုံးဝအတုယူစရာပဲ]
ပေယွဲ့ပိုင်၏ စိုးရိမ်မှုများတိုးလာခဲ့သည်။
စတော်ဘယ်ရီဗီဒီယိုနှင့်သူ၏လောင်းကြေးသည် အကယ်၍ Let's Eat Today သာ SP အားရှုံးသွားခဲ့လျှင် သူသည် ကျန်နေသေးသည့်ငွေများအားပေးရရုံသာမက ဒါဏ်ကြေးများလည်း အကြွေးတင်သွားမည်ဖြစ်သည်။
Let's Eat Today ရှိုးသည် နဂိုတွင်လည်း လူကြိုက်များသည့်အဆင့်များတွင် ထိပ်တန်းအဆင့်များတွင်ပင်ဖြစ်သောကြောင့် ပေယွဲ့ပိုင်သည် SP မှာလိုက်မှီလာကာ ကျော်တက်သွားမည်ဟု မထင်ထားခဲ့ပေ။ Let's Eat Today သည် ပထမအပိုင်းနှင့်ယှဥ်လျှင် ဒုတိယအပိုင်းတွင် ကြည့်ရှူသူများတိုးလာသော်ညား SP ၏တိုးလာမှုကြီးလောက် မဟုတ်ပေ။ ထိုကဲ့သို့ဆိုလျှင် အပိုင်းသုံးအားထုတ်လွှင့်ချိန်တွင် သူရှုံးသွားမည်ဖြစ်သည်။
“ငါတို့တွေရှိုးကို ပေါက်မဲ့အခိုက်အတန့်လေးတွေထပ်ထည့်ဖို့လိုတယ်၊ ကြည့်ရှူသူတွေကို ချိုမြိန်မှုတွေ အချစ်ဇာတ်လမ်းလေးတွေပေးနေတာက မလုံလောက်တော့ဘူး”
ပေယွဲ့ပိုင်သည်ဇာတ်ညွှန်းရေးသူများအား ရသစုံရှိုးတွင်ပါဝင်စေခဲ့သည်။
ဇာတ်ညွှန်းရေးသူသည် သူ၏စိတ်ကူးစိတ်သန်းများကုန်ဆုံးနေပြီဖြစ်သည်။ သူမသည် ဇာတ်ညွှန်းလှည့်ကွက်များဖန်တီးရန်အတွက် အလွန်ပင်ကြိုးစားနေခဲ့ရသည်။
ပေယွဲ့ပိုင်သည် အံကြိတ်လိုက်ကာ
“ဖုန့်ယင်းယင်းနဲ့ သွမ့်ဟန်ကို ရှိုးမှာ နမ်းခိုင်းလိုက်”
ဇာတ်ညွှန်းရေးသူ: !!!
“သခင်လေးပေ အတည်ပြောနေတာလား”
“မင်းမှာပိုကောင်းတယ် အကြံဥာဏ်ရှိလို့လား”
ပေယွဲ့ပိုင်ပြောလိုက်သည်။
“မင်းရေးခဲ့တဲ့ ဇာတ်ညွှန်းကရှိုးကို ရှိနေသေးအောင်မနည်းလုပ်ထားရတာ၊ တကယ်လို့အဆင့်သတ်မှတ်ချက်တွေသာ မမြင့်တက်လာဘူးဆိုရင် မင်းရောငါရောအလုပ်ဖြုတ်ခံရတော့မှာ၊ နားလည်တယ်မလား”
ဇာတ်ညွှန်းရေးဆရာသည် ဇာတ်လမ်းအသစ်ရေးကာ ဖုန့်ယင်းယင်းထံပို့လိုက်ကာ သူမသည် ထင်ထားသည့်အတိုင်း ငြင်းပယ်ခဲ့သည်။
သူမနှင့်သွမ့်ဟန်သည် လမ်းခွဲပြီးကြပြီးဖြစ်သည်။ ၎င်းတို့၏ဇာတ်ကားသည် ထုတ်လွှင့်မှုပြီးသွားပြီဖြစ်ကာ အလုပ်ဝတ္တရားကြောင့်သာမဟုတ်ခဲ့လျှင် သူမသည်သူနှင့် ရှိုးတွင်ချိုမြိန်ချင်ယောင်ဆောင်နေမည်မဟုတ်ပေ။
ထိုဟန်ဆောင်နေခြင်းအား သူမသည် ဇာတ်ကားထုတ်လွှတ်မှုပြီးနောက်တွင်ပေးသည့် ပရိတ်သတ်ဝန်ဆောင်မှုဟု တွေး၍ရနိုင်လေသည်။ ဖုန့်ယင်းယင်းသည် သူမ၏အလုပ်အားအလေးအနက်ထားလေသည်။
သို့ပေမဲ့ အနမ်း။
အဲတာကသူတို့တွေ တွဲနေတယ်ဆိုတာကို ကြေညာလိုက်တာနဲ့တူတူပဲမလား။
ဖုန့်ယင်းယင်းသည် ပေယွဲ့ပိုင်၏ရုံးခန်းထဲသို့ဝင်သွားကာ ဇာတ်ညွှန်းအား သူ၏စားပွဲပေါ်သို့ ပြစ်တင်လိုက်လေသည်။
“သခင်လေးပေ ဒါကတော့လွန်လွန်းတယ်၊ ကျွန်မနဲ့သွမ့်ဟန်ကလမ်းခွဲထားတာကြာလှပြီ အဲတာကိုရှင်လည်းသိတာပဲ”
ပေယွဲ့ပိုင်သည် သူမရှိုးအတွက်လက်မှတ်ထိုးထားသည့် စာချုပ်အားထုတ်ကာ
“စာချုပ်အရ မင်းကဇာတ်ညွှန်းကိုလိုက်နာပြီး ညွှန်ကြားထားတဲ့အတိုင်းလုပ်ဆောင်ဖို့ တာဝန်ရှိတယ်”
“စာချုပ်ထဲမှာ ဆက်ဆံရေးဟန်ဆောင်ရမယ်လို့မပါဘူးလေ”
“စာချုပ်ထဲမှာ မင်းမဟန်ဆောင်ရဘူးလို့လည်း မပါဘူးလေ”
ပေယွဲ့ပိုင်သည်ပြန်ပြောလိုက်ကာ
“ဖုန့်ယင်းယင်း မင်းရဲ့နာမည်ကျော်ကြားမှုကတက်နေတဲ့အချိန်မှာနော် ဒါကဒီတိုင်းအလုပ်ပဲလေ ဘာလို့ပရိတ်သတ်တွေအတွက် မလုပ်နိုင်ရမှာလဲ၊ မင်းနောက်ပိုင်းမှာ လမ်းခွဲလိုက်တယ်ဆိုပြီး ပြောလိုက်လို့ရတာပဲလေ”
ဖျော်ဖြေရေးနယ်ပယ်တွင် ဟန်ဆောင်ဆက်ဆံရေးများထားခြင်းသည် အသုံးချလို့ရသည့် အရာတစ်ခုဖြစ်သည်။
ပေယွဲ့ပိုင်သည်လည်း ထိုနည်းလမ်းအားသုံး၍ ရဲ့လော့ယီအား ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်စေခဲ့သည်။ထိုနည်းသည် မည်မျှထိရောက်ကြောင်းနှင့် မည်မျှမိုက်မဲကြောင်းသိလေသည်။
“ဇာတ်ညွှန်းကိုလိုက်နာရင်လိုက်နာ မဟုတ်ရင် လျော်ကြေးပေးပြီးထွက်လိုက်လေ”
ပေယွဲ့ပိုင်အေးစက်စွာပြောလိုက်သည်။
“မင်းရဲ့ရွေးချယ်မှုပဲ”
ဖုန့်ယင်းယင်းသည် ဒေါသထွက်သွားသော်ညား သူမသည် ပိုက်ဆံပေးဖို့ရာလည်း မတတ်နိုင်ပေ။
ပြီးနောက် ပေယွဲ့ပိုင်နောက်တွင် ပေမိသားစုရှိသည်ကို လူတိုင်းသိလေသည်။ ထျန်ဟွေ့ရှယ်ယာများသည်ယခုအချိန်တွင် ကျဆင်းနေသော်ညား ပေမိသားစုသည် လုံခြုံရေးပိုက်ကွန်အဖြစ်ရှိနေသည်ဖြစ်၍ ပေယွဲ့ပိုင်သည် တည်ငြိမ်နေဆဲဖြစ်သည်၊
ထိုကြောင့် ဒုတိယသခင်လေးသည် showbiz တွင်ဆော့ကစားရင်း ပိုက်ဆံအနည်းငယ်ဆုံးရှုံးသွားသော်ညား အကြောင်းမမှုပေ။ ပေမိသားစုနောက်ခံရှိနေသ၍ ထျန်ဟွေ့သည် ပြိုလဲသွားမည် မဟုတ်ပေ။
ထိုနှင့် ရိုက်ကူးရေးနေ့တွင်။
Let's Eat Today သည် ဟိုင်ချန်မြို့၏ မြစ်ကမ်းပေးစားသောက်ဆိုင်တွင် ပါဝင်သူများမှ စားသုံးသူများအတွက် စားစရာများအားချက်ပေးနေခြင်းအား ရိုက်ကူးနေလေသည်။
ဖုန့်ယင်းယင်းနှင့်သွမ့်ဟန်၏ အချစ်ရေးအခိုက်အတန့်များမှာ မီးဖိုချောင်တွင်းပြင်ဆင်မှုတွင် အမြဲဖြစ်လေသည်။
ရှိုးသည် ကြိုတင်ရိုက်ကူးထားသော်ညား ပရိတ်သတ်များနှင့် ပါပါရာဇီများသည် စုစည်းနေကာ ဓါတ်ပုံများလာရောက်ရိုက်ကူးလေ့ရှိကြသည်။ ရှိုး၏ရေပန်းစားမှုကြောင့် လူအုပ်ကြီးမှာလည်း များပြားလေသည်။
ယခုအချိန်တွင် သွမ့်ဟန်သည်လည်း ဇာတ်ညွှန်းအားရထားပြီးဖြစ်သည်။ သူသည် နမ်းရမည့်အခန်းအားမြင်လိုက်ချိန်တွင် လန့်ဖြန့်သွားလေသည်။ သူသည် ဖုန့်ယင်းယင်းနှင့်ပြန်တွဲရန်ကြိုးစားနေသော်ညား သူမသည်သူ့အား ဆက်တိုက်ငြင်းပယ်နေခဲ့သည်။ ရှိုးသည် သူ့အားပြီးပြည့်စုံသည့် အခွင့်အရေးအားပေးနေခြင်းဖြစ်သည်။
ရိုက်ကူးနေစဥ်အတွင်း လေထုသည်အဆင်ပြေနေကာ အခြားပါဝင်သူများသည်လည်း အတူပါဝင်နေချိန်တွင် သွမ့်ဟန်သည်အနည်းငယ်ဇာတ်လမ်း စလာသည်။
ဖုန့်ယင်းယင်းသည် စိတ်ထဲတွင်ဆက်တိုက်ပြောနေမိသည်။ :ဒါကဒီတိုင်းသရုပ်ဆောင်နေတာ ဒါကဒီတိုင်းသရုပ်ဆောင်နေတာ
သို့ပေမဲ့ သွမ့်ဟန်နီးကပ်လာချိန်တွင် သူမသည်ပျို့အန်ချင်လာကာ ရုပ်ပိုင်ဆိုင်ရာဆုတ်ယုတ်လာပြီး ထိုနေရာမှာပင် အန်လိုက်လေသည်။
သွမ့်ဟန်အေးခဲသွားသည်။
အခြားသူများလည်း အေးခဲသွားခဲ့သည်။
ဘေးနားရှိကြည့်ရှူနေကြသည့် ပရိတ်သတ်များသည်လည်း အေးခဲသွားခဲ့သည်။
Let's Eat Today သည်ကြိုတင်ရိုက်ကူးသည့် ရှိုးဖြစ်ရာ ဒါရိုက်တာသည်ထိုအခန်းအားချက်ချင်းဖြတ်ထုတ်လိုက်ကာ ပြန်ရိုက်ဖို့ပြောလေသည်။ ဖုန့်ယင်းယင်းသည် သူမကိုယ်သူမထိန်းချုပ်လိုက်ကာ အခြားသရုပ်ဆောင်များနှင့်အတူ ရင်ခုန်စရာခံစားချက်အားပြန်ဖန်တီးလိုက်ကာ ၎င်းတို့နှစ်ဦးသည် နောက်ဆုံးတွင်တော့ ဇာတ်ညွှန်းအတိုင်းနမ်းနိုင်ခဲ့ကြသည်။
အော့အန်သည့်အခန်းသည် နောက်ဆုံးတည်းဖြတ်သည့်နေရာတွင်မပါဝင်သော်ညား ပရိတ်သတ်များသည် ထိုအခန်းအားရိုက်ကူးထားပြီးဖြစ်ကာ လိုင်းပေါ်တွင် တင်ပြီးကြပြီဖြစ်သည်။
[ဘာတွေဖြစ်သွားတာလဲ]
[သွမ့်ဟန်က ဖုန့်ယင်းယင်းကိုနမ်းဖို့ကြိုးစားနေပြီးတော့ သူမကအဲတာကြောင့် အန်လိုက်တယ်ပေါ့]
[LMAO အဲတာကအချစ်စစ်မဟုတ်ရင် ဘာလဲ]
[ငါအမြဲတမ်း ဖုန်းယင်းယင်းက သွမ့်ဟန်ကိုရွံရှာနေတယ်လို့ ထင်ခဲ့တာ
၊ ကင်မရာရှေ့မှာတော့ ချိုမြိန်နေပြီး ကင်မရာမရှိတဲ့အခါကျရင် အေးစက်နေတာမျိုးလေ သူတို့တွေဒါတွေအားလုံး ဟန်ဆောင်နေတာလား]
[မဖြစ်နိုင်ပါဘူး]
[ဒါပေမဲ့ ရသစုံရှိုးတွေက အမြဲတမ်းဇာတ်ညွှန်းတွေရှိတယ်မလား]
ဖုန့်ယင်းယင်းသည် ရိုက်ကူးနေစဥ်တွင် သူမနှင့်သွမ့်ဟန်သည် စုံတွဲအတုဟူသည့် ကောလဟာသများသည် အင်တာနက်ပေါ်တွင် တောက်လောင်နေလေသည်။
ပေယွဲ့ပိုင်သည် အလွန်ပင်ဒေါသထွက်နေခဲ့သည်၊
“အဲတာက ပိုဆိုးလာပါတယ်”
ဆွန်းချီသည်စိတ်လှုပ်ရှားစွာတင်ပြလိုက်သည်။
“Douban appမှာ အတွင်းလူတစ်ယောက်လိုထင်ရတဲ့ သူရဲ့ ပို့စ်ကပျံ့နှံ့နေပါတယ်၊ သူတို့တွေက ဖုန့်ယင်းယင်းနဲ့ သွမ့်ဟန်က လမ်းခွဲပြီးသွားပြီဆိုတာကို ဖော်ထုတ်နေကြပြီးတော့ ဖန်သားပြင်ပေါ်က ရင်ခုန်စရာအခိုက်အတန့်တွေကအကုန် အတုပဲဆိုတာကိုပြောထားပါတယ်”
“အဲပို့စ်က အရှိန်အဟုန်နဲ့ ပျံ့နှံ့လာနေပါတယ်၊ အင်တာနက်သုံးစွဲသူအများစုကလည်း ဖုန့်ယင်းယင်းရဲ့အန်နေတဲ့ ဗီဒီယိုကြောင့်မလို့ ဖုန့်ယင်းယင်းက သွမ့်ဟန်အပေါ်ဘာခံစားချက်မှ မရှိဘူးဆိုတာကို ယုံကြည်နေကြပါတယ်”
CP ပရိတ်သတ်များသည် ၎င်းတို့၏အတွဲ နှစ်မြုပ်သွားခြင်းအား အမှန်းဆုံးဖြစ်သည်။ ထို့အပြင် ထိုပို့စ်သည်အသေးစိတ်ဖြစ်ကာ ဖုန့်ယင်းယင်း၏ ကိုယ်တွင်းအင်္ဂါမှတုန့်ပြန်မှုများကြောင့် တော်တော်များများသည် ယုံသွားကြလေသည်။
ဆွန်းချီသည် နောက်သို့အနည်းငယ်ဆုတ်လိုက်ကာ
“ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့အပိုင်းသုံးကို အဆင်ပြေပြေလွှင့်လိုက်နိုင်မယ်ဆိုရင်တောင် SPကကျွန်တော်တို့ကိုကျော်သွားမှာပဲ”
မည်သူမျှစုံတွဲအတုအား မကြည့်ချင်ပေ။ Let's Eat Today ၏လူကြိုက်များမှုသည် ၎င်းတို့၏အချစ်ဇာတ်လမ်းအပေါ်တွင် မူတည်လေသည်။
အကယ်၍ ထိုအတွဲသာမရှိတော့လျှင် ရှိုးသည်လည်း ဆက်လက်မရပ်တည်နိုင်တော့ပေ။
ပေယွဲ့ပိုင်သည် သူ့မျက်လုံးအားမှေးလိုက်ကာ အခြေအနေအားချိန်ဆနေသည်။ အရာအားလုံးအဆင်မပြေနေပေ။ ထိုပျက်စီးမှုများအား ထိန်းချုပ်ရန်လိုအပ်လေသည်။
“ငါတို့ အဲပျို့အန်တဲ့အဖြစ်အပျက်ကိုဆက်ပြီး နာမည်ကြီးအောင်လုပ်ရမယ်၊ ပါပါရာဇီတွေကို ဖုန့်ယင်းယင်းက ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းလွှင့်ခိုင်းလိုက်”
Let's Eat Today၏ တတိယအပိုင်းအားရိုက်ကူးမှုသည် ဆက်လိုက်ရိုက်ကူးလေသည်။
သူမကိုယ်သူမ ဇာတ်ညွှန်းအတိုင်းနမ်းရန်တွန်းအားပေးပြီးနောက် သူမ၏ရင်ဘတ်ထဲတွင် အလေးချိန်တစ်ခုရှိနေသည်ကို ခံစားမိလေသည်။ သူမ ယခုလိုချင်နေသည်မှာ ရိုက်ကူးရေးပြီးဖို့ရာနှင့် ထျန်ဟွေ့နှင့် ဘယ်သောအခါမှ အလုပ်မလုပ်ဖို့ရာဖြစ်သည်။
နမ်းသည်မှလွဲ၍ ဇာတ်ညွှန်းထဲတွင် သွမ့်ဟန်နှင့်အခြား ချိုမြိန်သည့် အပြန်အလှန်ဆက်သွယ်မှုများရှိလေသည်။ ထိုအရာအား အလုပ်၏တစ်စိတ်တစ်ပိုင်းဟုသတ်မှတ်ကာ သူမမှာ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်သောကြောင့် အဆင်ပြေပြေပြီးဆုံးသွားစေခဲ့သည်။
အနီးအနားရှိ ပရိတ်သတ်များသည် လန့်သွားလေသည်။
“သွမ့်ဟန်ကအရမ်းဂရုစိုက်နေတာ မဆန်းပါဘူး၊ ယင်းယင်းကကိုယ်ဝန်ရှိနေတာပဲ”
“ငါသူတို့နှစ်ယောက်ဘယ်အချိန်လက်ထပ်ကြမှာလဲ သိချင်နေပြီ၊ အရမ်း စိတ်လှုပ်ရှားစရာကောင်းတယ်”
“သူတို့ရဲ့ကလေးက အတော်ကိုကြည့်ကောင်းမှာပဲ၊ သူတို့နှစ်ယောက်လုံးရဲ့ ရုပ်ရည်ကအတော်လှတာ”
ပရိတ်သတ်များ၏တုန့်ပြန်မှုသည် မည်မျှပင်ထူးထူးခြားခြားဖြစ်နေသည်ကို သူမ သတိထားမိသည်။
ဒီအန်ဖတ်တွေနဲ့ပတ်သက်ပြီး ဘာကကောင်းနေလို့လဲ။
ရိုက်ကူးရေးသည် ညနေခင်းအထိရိုက်ကူးသည်။ စားသုံးသူများထွက်ခွာသွားပြီးနောက် ပါဝင်သူများသည် ညစာ စားရင်အတွက် စားပွဲတွင်စုဝေးလိုက်ကြကာ စားသောက်နေရင်းစကားပြောနေကြသည်။
ထိုအချိန်တွင်တောင် သွမ့်ဟန်သည် ဇာတ်ညွှန်းအားမမေ့ကာ သူသည် ဖုန့်ယင်းယင်းအားဟင်းပွဲများ ထည့်ပေးနေလေသည်။
“ကျေးဇူးပါ”
သူမသည်ချိုမြိန်စွာပြုံးပြီး ရယ်မောနေလေသည်။
ပြီးနောက် သူမထံဖုန်းဝင်လာခဲ့သည်။
ငုံကြည့်လိုက်ချိန်တွင် သူမသည် ကျုံချင်းယွီ၏ wechat ဖုန်းကောအားတွေ့ချိန်တွင် အံ့ဩသွားခဲ့သည်။
သူမတို့နှစ်ဦးသည် မရင်းနှီးပေ။ သူမတို့နှစ်ဦးသည် ရသစုံရှိုယတစ်ခုတွင် ဧည့်သည်များအဖြစ်ဆုံကြကာ ယဥ်ကျေးမှုအနေနှင့် အချင်းအချင်းအပ်ထားကြခြင်းဖြစ်သည်။
Wechat တွင်တစ်ဦးနှင့်တစ်ဦးအပ်ထားခြင်းသည် အလုပ်သီးသန့်အတွက်သာဖြစ်သည်။ သူမတို့သည် အချင်းအချင်းစကားမပြောဖြစ်ကြကာ တစ်ဦးနှင့်တစ်ဦးပို့စ်များအား ရံဖန်ရံခါ အသဲပေးကြပြီး ရှိုးအသစ်များအတွက် ပရိုမိုရှင်းများအား ပြန်လည်တင်ပေးခြင်းတို့သာဖြစ်သည်။ သူမတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလုပ်သဘောအရသာဖြစ်လေကာ ယခုအချိန်တွင် ကျုံချင်းယွီသည် သူမအားအဘယ်ကြောင့်ဖုန်းခေါ်နေသနည်း။
ဖုန့်ယင်းယင်းသည် ဖုန်းချချင်သော်ညား သူဘေးရှိစားဖိုမှူးခေါင်းဆောင်သည် ခေါ်နေသူ၏အိုင်ဒီအားကြည့်မိသွားကာ အော်လိုက်လေသည်။
“ယင်းယင်း ကျုံချင်းယွီမင်းကိုဖုန်းခေါ်နေတယ်”
သူသည် ကျယ်လောင်စွာပြောလိုက်သည်ဖြစ်၍ ဖုန့်ယင်းယင်းသည် ဖုန်းကိုင်ရုံသာတတ်နိုင်လေသည်။
ကျုံချင်းယွီ၏အသံသည် ဖုန်းထဲမှထွက်လာကာ
“ဖုန့်ယင်းယင်း ဂုဏ်ယူပါတယ်၊ ငါတို့တွေနောက်ဆုံးတွေ့တုန်းက နင်ကလူလွတ်လို့ပြောခဲ့တာမလား၊ ငါနင့်ကို စာအိတ်နီပို့ပေးလိုက်မယ် ကလေးရဲ့တစ်လပြည့်အခမ်းအနားကျရင် ငါ့ကိုဖိတ်ဖို့မမေ့နဲ့နော်”
ဖုန့်ယင်းယင်းသည် အလွန်ပင်စိတ်ရှုပ်သွားကာ
“ဘာကလေးလဲ နင်ဖုန်းခေါ်တာနံပါတ်လွဲနေတာများလား”
“မှန်ပါတယ်”
ကျုံချင်းယွီပြန်ဖြေလိုက်သည်။
“နင်မှာ သွမ့်ဟန်နဲ့ကိုယ်ဝန်ရနေပြီမလား၊ အစမှာတော့ ငါကနင်တို့နှစ်ယောက်ရဲ့ရသစုံရှိုးက ဆက်ဆံရေးက ကင်မရာတွေအတွက်ပဲလို့ထင်ခဲ့တာ ဒါပေမဲ့ တကယ်ဖြစ်နေခဲ့တာပဲ၊ နင်တို့နှစ်ယောက်လုံး တစ်သက်လုံးအတူပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
ဖုန့်ယင်းယင်းသည် ပို၍ပင်အံ့ဩသွားခဲ့သည်။
“ကျုံချင်းယွီ ငါ့ကိုရှင်းပြပါဦး ဘယ်သူကကိုယ်ဝန်ရှိနေတာလဲ၊ ငါကဘယ်တုန်းကကိုယ်ဝန်ရှိသွားတာလဲ”
သူမနှင့်သွမ့်ဟန်သည် တွဲခဲ့ကြဖူးသော်ညား သူမတို့သည်ထိုမျှမလွန်ကျူးခဲ့ပေ။ သူမသည် ထိပ်တန်းအဆင့်နာမည်ကျော်တစ်ဦးဖြစ်ကာ သူမယခုအချိန်တွင်ကိုယ်ဝန်ရှိသွားမည်ဆိုလျှင် သူမ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ပြီးဆုံးသွားမည်ဖြစ်သည်။
ကျုံချင်းယွီသည် မတုန်မလှုပ်အသံထွက်လာ
“ဒါပေမဲ့ လိုင်းပေါ်မှာလူတိုင်းက အဲတာကိုပြောနေကြတာပဲနော်၊ ငါကနင်နဲ့သွမ့်ဟန်ကတရားဝင် ဖြစ်သွားကြပြီထင်နေတာ”
ဖုန့်ယင်းယင်းသည် ဝေ့ပေါ်အားချက်ချင်းစစ်ကြည့်လိုက်လေသည်။
သူမတို့သည် ရသစုံရှိုးအားရိုက်ကူးနေဆဲဖြစ်ကာ hashtag အများစုသည် ရေပန်းစားနေသည့်စာရင်းတွင် ထိပ်ဆုံးတွင်ရောက်နေပြီဖြစ်သည်။
#ဖုန့်ယင်းယင်းနှင့်သွမ့်ယန်သည်ရှိုးတွင်၎င်းတို့၏ဆက်ဆံရေးအားတရားဝင်ချပြ
#ဖုန့်ယင်းယင်း၏လက်မထပ်မှီကိုယ်ဝန်ရရှိမှုမကြာမီတွင်မင်္ဂလာဆောင်ရောက်ရှိလာတော့မည်
#ဖုန့်ယင်းယင်းကိုယ်ဝန်ရှိနေသည်ဟူသောကောလဟာလ
ထိုကောလဟာလများသည် အတင်းပြောသည့်အကောင့်များမှ ခိုင်မာသည့်သက်သေမရှိပဲ ဖုန့်ယင်းယင်း၏အော့အန်နေသည့်ဗီဒီယိုနှင့် သူမနှင့်သွမ့်ဟန်ကြားမှချိုမြိန်သည့်အခိုက်အတန့်လေးများအား စုပေါင်း၍ဗီဒီယိုအတိုလေးလုပ်ထားကာ ကိုယ်ဝန်ရှိသည်ဟူသော ထင်မြင်ချက်မှာယုံကြည်ချင်စဖွယ်ဖြစ်နေလေသည်။
ဖုန့်ယင်းယင်း၏ခန္ဓာကိုယ်သည် ဒေါသကြောင့်တုန်ယင်လာခဲ့သည်။ ဒီလိုအခြေအမြစ်မရှိတဲ့ ကောလဟာလမျိုးက ဘာလို့ဒီလောက်အမြန်ကြီးပျံ့နှံ့သွားရတာလဲ။ ထိုကိစ္စနောက်တွင် မည်သူရှိနေသည်ဆိုသည်ကို များများစားစားပင်စဥ်းစားစရာမလိုပေ ပေယွဲ့ပိုင်သာဖြစ်နိုင်လေသည်။
သူမ၏ပျို့အန်မှုသည် ဇီဝကမ္မကိစ္စဖြစ်သော်ညား တစ်စုံတစ်ဦးသည် သူမတို့၏ဖန်သားပြင်ပေါ်မှ ဆက်ဆံရေး၏စစ်မှန်မှုအား သံသယဝင်ခဲ့လေသည်။ ထိုကြောင့်ပေယွဲ့ပိုင်သည် ကိုယ်ဝန်ကောလဟာလများထုတ်ကာ ထိုသူများအား တိတ်ဆိတ်စေခဲ့သည်။
သူ၏ရှိူးအောင်မြင်မှုအတွက် သူသည်မည်သည့်အရာမျိုးမဆိုလုပ်မည်ပင်ဖြစ်သည်။
ရိုက်ကူးရေးသည်ပြီးသွားပြီဖြစ်ကာ ဖုန့်ယင်းယင်းသည် ပိုက်ဆံအတွက်အံအားကြိတ်ထားကာ ရှင်းချက်တစ်ခုထုတ်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ သို့ပေမဲ့ သူမတို့သည် ရိုက်ကူးရေးအလယ်တွင်ရှိနေဆဲဖြစ်သည်။ ပေယွဲ့ပိုင်၏ လက်လှမ်းမမှီနိုင်သည့် နည်းဗျူဟာများအား တွေးတောလိုက်ရင်း သူမသည်းမခံနိုင်တော့ပေ။
ရဲ့လော့ယီသည် သူနှင့်စာချုပ်ဖျက်သိမ်းလိုက်သည်မှာ အံ့ဩစရာမရှိပေ။ ပေယွဲ့ပိုင်သည် စက်ဆုပ်ဖွယ်ကောင်းလေသည်။
ထိုအချိန်တွင် သွမ့်ဟန်သည် ရှိုး၏ဇာတ်ညွှန်းအားလိုက်နာကာ ဖုန့်ယင်းယင်းအတွက် စွတ်ပြုတ်ကိုသယ်လာပြီး သူမအားသူကိုယ်တိုင်ခွံ့ကျွေးရန် လုပ်နေလေသည်။
ပွက်ပွက်ဆူနေသည့်ဟင်းရည်သည် ကြမ်းပြင်ပေါ်သို့ပြန့်ကျဲသွားကာ အဆီတဝင်းဝင်းနှင့်ဟင်းရည်သည် နေရာတိုင်းတွင်ပေကျံနေလေသည်။
အခြားဧည့်သည့်များသည် အံ့ဩသွားကြလေသည်။
ဖုန့်ယင်းယင်းသည် ရုတ်တရက်ထရပ်လိုက်ကာ သူမ၏အိတ်ထဲတွင်ရှာဖွေလိုက်ပြီး ရှိုး၏ဇာတ်ညွှန်းအား စားပွဲပေါ်သို့တင်လိုက်သည်။
“ဘယ်လိုအမှိုက်လိုမျိုးရှိုးလဲ၊ ငါကတော့ဆက်ပြီးမရိုက်ကူးနိုင်တော့ဘူး”
သူမ၏အိတ်အားဆွဲယူကာ သူမစားသောက်ဆိုင်ထဲမှထွက်လာလိုက်လေသည်။ အဝင်ဝတွင် သူမသည် ပရိုဂျူဆာအားတစ်ချက်ကြည့်လိုက်လေသည်။ သူမသည် ထိုလူသည်ထျန်ဟွေ့ဖျော်ဖြေရေး ကုမ္ပဏီ၏လူဖြစ်ကြောင်းသိလေသည်။
“ပေယွဲ့ပိုင်ကို ငါ လျော်ကြေးကိုပေးမယ်လို့ပြောလိုက်”
“ဒီနယ်ပယ်ထဲမှာရှိနေတာနှစ်တွေကြာလှပြီ ငါတတ်နိုင်တယ် ဒါပေမဲ့ ငါအဲတာကိုကျော်သွားပေးမှာမဟုတ်ဘူး၊ အတင်းပြောတဲ့အကောင့်တွေကနေ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကောလဟာလအတုအယောင်ကိုလွင့်တာကိုတော့ သူနောင်တရလိမ့်မယ်လို့ပြောလိုက်”
ဒါရိုက်တာသည် တုန်လှုပ်ခြောက်ခြားသွားကာ သူမအားတားရန်ကြိုစားခဲ့သော်ညား နောက်ကျသွားခဲ့ပြီဖြစ်သည်။
အဆိုးဆုံးမှာ ထိုအဖြစ်အပျက်များအားလုံးသည် ဘေးနားတွင် ကြည့်နေသည့် ပရိတ်သတ်များမှရိုက်ကူးထားခဲ့သည်။
[ဘာတွေဖြစ်နေတာလဲ၊ ဖုန့်ယင်းယင်းရိုက်ကွင်းကနေထွက်သွားတာလား]
[သူမပြောတာ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ ကောလဟာတွေက အမှန်မဟုတ်ဘူးတဲ့]
[အဲတာဆို သူမနဲ့သွမ့်ဟန်ရဲ့ ဆက်ဆံရေးကအမှန်မဟုတ်ဘူးပေါ့]
[သေချာပေါက် အတုကြီးပဲလေ၊ သူမဇာတ်ညွှန်းကိုပစ်တင်လိုက်တာ မမြင်ဘူးလား သူမဒေါသထွက်နေတာပဲ]
[ပေယွဲ့ပိုင်ကဘာဖြစ်နေတာလဲ၊ အမျိုးသမီးနာမည်ကြီးတစ်ယောက်ရဲ့ဒီလို ကောလဟာလကိုဖြန့်တယ်]
[စက်ဆုပ်စရာပဲ၊ ငါ့သူ့ကို Journey ကတည်းကမုန်းနေတာ ဒါကတော့ နောက်တစ်ဆင့်ယုတ်မာမှုကြီးပဲ]
[ဖုန့်ယင်းယင်းကို တအားလေးစားမိတယ်၊ ပေယွဲ့ပိုင်ရဲ့ပေမိသားစုထောက်ခံမှုကြောင့် အနုပညာရှင်အများစုကဒီတိုင်းခံနေကြပြီး နောက်မှတိတ်တဆိတ်ပြန်ရှင်းလင်းကြတာများတယ်]
[ဒါပေမဲ့အမှန်ပြောရရင် ငါလည်း ဒီလိမ်လည်မှုကိုဖော်ထုတ်မှာမဟုတ်ဘူး]
အွန်လိုင်းပေါ်ရှိလူများ၏ ထင်မြင်ချက်များထွက်လာလေသည်။ ဖုန့်ယင်းယင်းအားတစ်ခဲနက်ထောက်ခံနေကြကာ အင်တာနက်သုံးစွဲသူများသည် ပေယွဲ့ပိုင်အားထိုကဲ့သို့ ထိခိုက်စေသည့်ကောလဟာလများအား ဖန်တီးခဲ့သည့်အတွက် ပြစ်တင်ရှုတ်ချခဲ့ကြသည်၊
ချက်ချင်းဆိုသလိုပင် Dinning table ၏ဂုဏ်သတင်းသည် ကျဆင်းသွားခဲ့သည်။
စိတ်တိုစွာဖြင့် ဖုန်းယင်းယင်းသည် သူမ၏ဗင်ကားထဲသို့တက်သွားခဲ့သည်။
သူမထိုင်ချလိုက်ချိန်တွင် သူမ၏မန်နေဂျာသည် အနောက်မှတံခါးအားပိတ်လိုက်လေသည်။
“ကောင်းတယ်၊ ယင်းယင်း မင်းဘယ်လိုလုပ် ရိုက်ကွင်းမှာ ပြဿနာရှာလာရတာလဲ၊ အဲကိုယ်ဝန်ကောလဟာလက အခြေအမြစ်မရှိဘူးလေ ငါတို့တွေပြီးမှ ရှင်းလင်းလိုက်လို့ရတာပဲ၊ ဘာမှအခိုင်အမာသက်သေမှမရှိတာ အဲတာအတွက်နဲ့ထျန်ဟွေ့နဲ့ ရန်ဘက်ဖြစ်ရမှာတန်ရဲ့လား”
သို့ပေမဲ့ ပေယွဲ့ပိုင်အား တစ်စစီဆုတ်ဖြဲချင်နေသည့် ဖုန့်ယင်းယင်းသည် ယခုတွင်တော့ငြိမ်ကျနေလေသည်။
သူမသည် သူမ၏မန်နေဂျာအား ကျုံချင်းယွီထံမှမက်ဆေ့ချ်တစ်ခုအားပြလိုက်သည်။
{တကယ်လို့ နင်ထွက်ချင်တယ်ဆိုရင် starlight ကလျော်ကြေးတွေအားလုံးကိုပေးပေးမယ်}
{တကယ်လို့ နင့်ကိုထျန်ဟွေ့က နာမည်ပျက်စာရင်းသွင်းမှာစိုးနေတယ်ဆိုရင် starlight နဲ့ကျုံမိသားစုမှာ နင့်အတွက် အဆုံးမရှိတဲ့အရင်းအမြစ်တွေရှိတယ်}
ပူးတွဲပါရှိသည့် ဇိမ်ခံအမှတ်တံဆိပ် M ကုမ္ပဏီမှ လက်မှတ် ရေးထိုးထားပြီးဖြစ်သည်။ ဖုန့်ယင်းယင်း သည် ၎င်းကို အသက်ဝင်စေရန် သူမ၏ E-signature အားထည့်သွင်းထားလေသည်။
သူမ၏မန်နေဂျာသည် မျက်မှောင်ကြုတ်လိုက်ကာ
“ကျုံချင်းယွီကဒီတိုင်း အဓိပ္ပါယ်မရှိတဲ့ကတိတွေ ပေးသွားရင်ရော ဘယ်လိုလုပ်မလဲ၊ သူက ပြီးမှ ဘာမှမဟုတ်ဘူးဆိုဘယ်လိုလုပ်မလဲ”
ဖုန့်ယင်းယင်းသည်လည်း ထိုသို့စဥ်းစားခဲ့သော်ညား M တံဆိပ်မှာတရားဝင်ဖြစ်ပြီး ယွန်းသန်းနှစ်ဆယ်ဟူသောစျေးသည် သူမ၏စျေးကွက်တန်ဖိုးနှင့်ကိုက်ညီလေသည်။ လက်မှတ်ရေးထိုးလိုက်သည်နှင့် သူမသည် starlight သည်သက်ဆိုင်သွားမည်ဖြစ်ပြီး M လုပ်ငန်းစု၏အကျိုးစီးပွားအား ထိခိုက်စေမည့်မည်သည့်အရာမဆို ကျုံချင်းယွီသည် ဝင်ရောက်စွက်ဖက်နိုင်မည်ဖြစ်သည်။
ဖုန့်ယင်းယင်းသည် မဲ့ပြုံးပြုံးလိုက်ကာ
“ဒီလို အစီအစဥ်တွေမရှိပဲနဲ့ ငါဘယ်လိုလုပ်ထွက်လာရဲမှာလဲ”
ဖျော်ဖြေရေးနယ်ပယ်တွင် A အဆင့်နာမည်ကြီးများပင်လျှင် အကောင်ကြီးကြီးများအား ပြန်လည်တွန်းလှန်နိုင်ခြင်းမရှိပေ။ကြောင့် သွမ့်ဟန်အားမုန်းတီးသော်ညား သူမသည် အချစ်ဇာတ်ညွှန်းအား လိုက်နာပေးခဲ့လေသည်။
သာမာန်အခြေအနေတွင် ဖုန့်ယင်းယင်းသည် ထိုမတရားမှုအား မြိုသိပ်ထားမည်ဖြစ်သည်။
သို့ပေမဲ့ ကျုံချင်းယွီအနောက်မှထောက်ပံ့ပေးနေလျှင် သူမပြန်လည်တိုက်ခိုက်ရန်အစွမ်းသတ္တိရှိသွားလေသည်။
ထို့အပြင် ပေယွဲ့ပိုင်သည် စည်းစကျော်သည့်သူဖြစ်သည်။ သူမ သူ့အားအဘယ်ကြောင်လွတ်ပေးသင့်သနည်း။ အကယ်၍ ပေမိသားစုသည် သူမအားနာမည်ပျက်စာရင်းသွင်းချင်သူဆိုလျှင်တောင်မှ ရလေသည်။ သူမသည် ကျုံမိသားစု၏ကာကွယ်မှုအောက်တွင်ရှိနေပြီဖြစ်ကာ သူမကြောက်ဖို့ရာမလိုအပ်ပေ။
ထျန်ဟွေ့၏ ဖုန့်ယင်းယင်းအား နာမည်ပျက်စာရင်းသွင်းရန် ကြိုးစားမှုသည် ကျရှုံးသွားခဲ့သည်။ ကုမ္ပဏီ၏တရားဝင် ဝေ့ပေါ်အကောင့်သည် သူမ၏ ထွက်ခွာသွားမှုအား ရှုတ်ချထားပြီး ဖျက်သိမ်းခြင်းဆိုင်ရာ နစ်နာကြေးများ တောင်းဆိုထားသော်လည်း မှတ်ချက်အပိုင်းတွင် ဖုန့်ယင်းယင်း အတွက် ထောက်ခံမှုဖြင့် ပြည့်လျှံသွားခဲ့သည်။
ဖျက်သိမ်းထားသော ပျက်စီးဆုံးရှုံးမှုများအား မတောင်းဆိုမီ ဇာတ်ညွှန်းရေးထားသောရှိုးအား ဦးစွာရှင်းပြရန် လိုအပ်လေသည်။
[မင်းတကယ်ပဲ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ရှိုးတစ်ခုတည်းအတွက်နဲ့ ဖျက်ဆီးဖို့လုပ်ခဲ့တာပေါ့]
[ယင်းယင်းကအချိုသာဆုံးပဲ၊ သူ့ရဲ့ကန့်သတ်ချက်ကို ကျော်လွန်သွားတာကြောင့်မလို့ သူအဲလိုလုပ်တာနေမှာပေါ့]
[ဒါတွေအကုန် ပေယွဲ့ပိုင်စီစဥ်ခဲ့တာလေ၊ နင်တို့တွေ သူယန်ရှီကို Journey မှာတုန်းက ဘယ်လိုဆက်ဆံခဲ့လဲမေ့ဆိုတာ သွားကြပြီလား]
[သူကအရင်တုန်းက မစ္စယန်ကိုအနိုင်ကျင့်ခဲ့ပြီးတော့ အခုကျတော့ ယင်းယင်းကို ထပ်လုပ်နေပြန်ပြီ]
[ပြီးတော့ Dinning Together က SP ရဲ့ ရိုက်ကူးမှုကို ဆန့်ကျင်ဖို့ တမင်စီစဉ်ထားတာကို မမေ့ကြနဲ့ဦး လုံးဝရွံ့စရာပဲ]
(T/N Dining Together က Let’s Eat Today Show ထဲကနေ အပိုင်းတိုလေးတွေရဲ့ ခေါင်းစဉ်ပါ)
Dining Together ၏တတိယအပိုင်းသည် ဖုန့်ယင်းယင်း၏ပျို့အန်သည့်နေရာနှင့်ထွက်သွားသည့်နေရာအား တည်းဖြတ်ကာ ပုံမှန်အတိုင်းလွှင့်လိုက်လေသည်။
သို့သော်ညား ရှိုး၏ကြည့်ရှူသူနှုန်းမှာ စိတ်ပျက်ဖွယ်ပင်ဖြစ်သည်။ ကြည့်ရှူသူအများစုသည် ပေယွဲ့ပိုင်မှာ ရွံ့ရှာဖွယ်ဖြစ်သည်ဟုထင်မြင်နေကြကာ သူ့အားထောက်ခံရန်ငြင်းဆိုခဲ့ကြသည်။ ရှိုးတွင် ဖြစ်ပျက်ခဲ့သည်များကို သိချင်သူများသည်လည်း အွန်လိုင်းတွင် ဗီဒီယိုအတိုများအား ရှာဖွေခြင်းဖြင့် ဇာတ်လမ်းအပြည့်အစုံကို အလွယ်တကူ ရှာဖွေနိုင်လေသည်။
ရလာဒ်အနေနှင့် Dining Together ၏တတိယအပိုင်းသည် လိုင်းပေါ်တွင် ဝေဖန်ခံရမှုမြင့်မားနေချိန်တွင် ၎င်း၏ကြည့်ရှူမှုနှုန်းသည် ထိုးကျသွားကာ Douban အဆင့်သတ်မှတ်ချက်သည်လည်း အဆင့် လေး အထိကျသွားခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် SP ၏တတိယအပိုင်းမှာ မူ သင်တန်သားအယောက်တစ်ရာမှ ခြောက်ဆယ်အထိလျော့ချလိုက်ကာ ပထမသင်တန်းသားအုပ်စုသည် စင်ပေါ်မှထွက်ခွာသွားရမည်ဖြစ်သည်။
ပရိတ်သတ်များသည် ပို၍ပင်ရူးသွပ်လာကြကာ
[အား ငါတို့ရဲ့အိုင်ဒေါအဖြုတ်မခံရပါစေနဲ့]
[ကောမန့်တွေရေးနေတာကအကူအညီမဖြစ်ဘူး၊ သွားပြီးမဲပေးကြ]
[နောင်ထပ်မဲပေးတဲ့သူတွေကိုဆွဲဆောင်ဖို့ fan edit တွေပိုတင်ကြ]
[ဟုတ်တယ် ဟုတ်တယ်၊ ပုံမှန်ကြည့်ရှူသူတွေ ငါတို့ရဲ့အိုင်ဒေါကိုတစ်ချက်ကြည့်ကြည့်ကြပါဦး၊ သူတကယ့်ကိုအံ့ဩစရာပဲ]
SP သည်တတိယအပိုင်းတွင် Dinning Together အား အွန်လိုင်းကျော်ကြားမှုတွင် မကျော်လိုက်နိုင်သော်ညား ၎င်းသည် ၎င်း၏ဂုဏ်သတင်းအားထိန်းသိမ်းထားလေသည်။ ထိုအချိန်တွင် Dinning Together မှာမူ အများအပြားဝေဖန်ခံလိုက်ရကာ စတုတ္ထမြောက်အပိုင်းအား ဖျက်သိမ်းလိုက်ရလေသည်။
ရုံးခန်းထဲတွင် ယန်ရှီသည် SP ၏ကြည့်ရှူမှုနှုန်းဒေတာများအား ပြန်စစ်ကြည့်နေကာ system သည်သူမအားရုတ်တရက် သတိပေးလာခဲ့သည်။
[ဒင် ပေယွဲ့ပိုင် အလောင်းအစားရှုံးသွားပါပြီ၊ ကျုံချင်းယွီ ကံကောင်းမှုအမှတ် နှစ်မှတ်ရရှိပါတယ်၊ လက်ရှိကံကောင်းမှုအမှတ်စုစုပေါင်း ကိုးဆယ့်လေးမှတ်]