← Chapters

Chapter 96

Vol. 10 Ch. 96

Chapter 96

Vol. 10 Ch. 96

ထျန်ဟွေ့ကုမ္ပဏီ၏ ဥက္ကဌရုံးခန်းတွင်။

ရုံးသုံးပစ္စည်းများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အရက်ပုလင်းအလွတ်များစွာသည် ဘေးဘက်တွင် လျော့တိလျော့ရဲစွာ ပြန့်ကျဲနေသည်။ ပေယွဲ့ပိုင်သည် အေးစက်သော စားပွဲခုံပေါ်တွင် လှဲထိုင်နေ၍ သူ၏ပုံစံသည် ဖရိုဖရဲနှင့်မသပ်မရပ်ဖြစ်နေသည်။

သူ၏လက်ထဲတွင် ဝီစကီတစ်ပုလင်း ရှိနေသည်။ပုလင်းထဲရှိ အရက်များသည် တစ်ဝက် ကျိုးနေပြီဖြစ်သည်။

အပြင်ဘက်မှ အသံများကြားနေရသည်

“အန်တီဖန်း၊ သခင်လေးပေကိုတွေ့ဖို့လာတာလား"

"ဟုတ်တယ် အိမ်က လူကြီးက သူ့အတွက် စိတ်ပူ‌နေတယ်၊ သူအတွက် cordyceps နဲ့ အသားစွပ်ပြုတ်တချို့ သွားပို့ပေးလိုက်ပါဦး ဆိုလို့လေ"

"လူကြီးမင်းပေက ဒုတိယသခင်လေးပေ ကို တကယ်ပဲ ဂရုစိုက်တာပဲ”

"ဒါပေါ့ သူ့မြေးပဲ‌လေ၊ သူက ငါ့ကို စိတ်မပူဖို့ပြောခိုင်းလိုက်တယ် ဒါက မအောင်မြင်တဲ့ အလောင်းအစားတစ်ခုပါပဲ၊ ထျန်ဟွေ့ ရဲ့ နောက်ကွယ်မှာ ပေမိသားစု ရှိနေတုန်းပဲ၊ ဒီငွေပမာဏ‌ လောက်က ဘာမှမဟုတ်ဘူး"

"နားလည်ပြီ"

ဖန်းမေယွီသည် အပူခံသေတ္တာကို ကိုင်ဆောင်၍ ရုံးခန်းထဲသို့ ဝင်လာပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။ တံခါးပိတ်လိုက်သည်နှင့် သူမ၏အပြုံးသည် ပျောက်ကွယ်သွားသည်။ ရှုပ်ယှက်ခတ်နေသော ရုံးခန်းကို ကြည့်ရှုလိုက်ရာ သူမမျက်ခုံးများသည် စိတ်ပျက်မှုများဖြင့် တွန့်ချိုးသွားသည်။

“ပြီးပြည့်စုံပြီးကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခုကို မင်းဘယ်လိုအခြေအနေမျိုးမှာ ထားထားတာလဲ"

"မား..."

ပေယွဲ့ပိုင်သည်သည် ယိုင်နဲ့စွာဖြင့် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း သူ့ခြေထောက်များသည် အရက်ကြောင့်ပျော့ခွေနေပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ဖန်းမေယွီသည် သူ၏အနားသို့ အမြန်သွားထူပေးလိုက်ပြီး အနီးနားရှိ ဆိုဖာပေါ်သို့ တွဲတင်ပေးလိုက်သည်။

ကော်ဖီစားပွဲပေါ်တွင် ထျန်ဟွေ့၏ လတ်တလော ဘဏ္ဍာရေးအစီရင်ခံစာများကို တင်ထားသည်။ ဖန်းမေယွီသည် ၎င်းတို့ကို လှန်ကြည့်လိုက်သည့်အခါတွင် သူမ၏ထိတ်လန့်မှုများသည် ပို၍တိုးလာသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပေယွဲ့ပိုင်သည် ထျန်ဟွေ့ကို အကြီးအကျယ်ချဲ့ထွင်ခဲ့ပြီး ပရောဂျက်များစွာတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ကုမ္ပဏီသည် လျင်မြန်စွာ ကြီးထွားလာချိန်တွင် ၎င်း၏ ငွေသားစီးဆင်းမှုမှာ အမြဲကြပ်တည်းနေခဲ့သည်။ အားနည်းချက်မှာ ပရောဂျက်တစ်ခုပင်လျှင် ငွေပေးချေမှုနှောင့်နှေးမှုများနှင့် ရင်ဆိုင်ရပါက လုပ်ငန်းတစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်သည်။

ယခင်က ကျုံချင်းယွီသည် ထျန်းဟွေ့၏ ဘယ်သောအခါမှ မပြောင်းလဲမည့် အမာခံရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း အာမခံခဲ့သည်။

သို့သော် လွန်ခဲ့သောလအနည်းငယ်တွင် ကျုံချင်းယွီသည် ပေယွဲ့ပိုင်နှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ခဲ့ပြီး ကျုံမိသားစုထံမှ ပံ့ပိုးမှုအားလုံးကို ဖြတ်တောက်ခဲ့သည်။ အရင်းအနှီးများရုတ်တရက်ဆုံးရှုံးခြင်းကြောင့် ထျန်ဟွေ့သည် ပေယွဲ့ပိုင် ပြန်လည် မ‌ဖြည့်စည်းနိုင်သည့် ကြီးမားသောဘဏ္ဍာရေးကွာဟချက်(ဆုံးရှုံးမှု)များဖြစ်စေခဲ့သည်။

ကျုံချင်းယွီကို ပြန်လည်ရယူရန် စိတ်အားထက်သန်စွာ ကြိုးပမ်းရာတွင် သူသည် ပရဟိတလေလံပွဲတစ်ခု၌ အဝါရောင်စိန်ကို မြှုပ်နှံထားပြီး ရဲ့လော့ယီအတွက် အမျိုးသမီးဇာတ်ဆောင်နေရာကို ရရှိစေမည့် The Immortal's Quest တွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံခဲ့သည်။

ယခုအချိန်တွင် ပေယွဲ့ပိုင်သည် အကြွေးများ ဘီလီယံနဲ့ချီ၍ တင်နေ‌လေသည်။‌ပေပါးပါးသည် ကူညီရန်အတွက် ပေလုပ်ငန်းစုရှိ ၎င်း၏ရှယ်ယာအချို့ကို ရောင်းချခဲ့သော်လည်း တင်ရှိနေသောကြွေးမြီများနှင့် နှိုင်းယှဉ်ပါက ရေပုံးထဲရှိရေစက်သကဲ့သို့ပင် အရာမထင်ချေ။

ယခုလည်း ထျန်းဟွေ့သည် Strawberry Video ဖြင့် မအောင်မြင်သော အလောင်းအစားကို ပြန်ဆပ်ရန် လိုအပ်နေသေးသည်။ ပေယွဲ့ပိုင်သည် ဒေဝါလီခံနေပြီဖြစ်သည်။ ဤအရာကို ပြန်ဆပ်ရန် နည်းလမ်းမရှိပေ။

ဖန်းမေယွီသည် သူမ၏ အမြင်အာရုံများ ဝေဝါးလာသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ပေယွဲ့ပိုင်အား သတိဝင်စေရန် ပြင်းထန်စွာ ပါးရိုက်လိုက်သည်။

“ဒီလို မဆင်မခြင် လောင်းကြေးထပ်ဖို့ ဘယ်သူ‌ပြောတာလဲ၊ ဒီလို‌ကြေးကြီးကြီးနဲ့‌လေ”

လောင်းကြေးမရှိလျှင်တောင် Dining Together သည် SP ၏အောင်မြင်မှုနှင့် မယှဉ်ပြိုင်နိုင်ချေ။ သို့သော် ၎င်းသည် အနည်းဆုံးတော့ သင့်လျော်ကောင်းမွန်် သည့်ဖျော်ဖြေတင်ဆက်မှုနှင့်အမြတ်အစွန်းရသော အစီအစဉ်ဖြစ်သည်။

သို့သော် ပေယွဲ့ပိုင်သည် ၎င်းကို လောင်းကစားပြုလုပ်ခဲ့ပြီး အနိုင်ကို အရှုံးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

ပေယွဲ့ပိုင်သည် ရှုံ့မဲ့သွားသည်။

“မားမား ကျွန်‌တော့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး၊ လောင်းကြေးမထပ်ရင်ကျွန်တော့်ရဲ့ပရောဂျက်ကို ဘယ်သူကမှ ယူမှာမဟုတ်ဘူး”

သူသည် ဖန်းမေယွီ၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။

"မား ကျေးဇူးပြုပြီး ကျွန်‌တော့်ကို ကူညီပါ"

ဖန်းမေယွီသည် သက်ပြင်းချလိုက်သည်။

"ငါက ဘာလုပ်နိုင်မှာလဲ"

"ကျွန်တော့်မှာ တခြားပရောဂျက်တွေရှိသေးတယ်၊ White Marsh က အလားအလာရှိတယ် အဲဒါက နောက်ဆုံး VFX လုပ်ဖို့ပဲလိုတာ၊ ကျွန်တော့်ကို ပိုက်ဆံနည်းနည်းလောက်ချေးပါ၊ White Marsh ကိုရောင်းနိုင်ရင် ထျန်ဟွေ့ကို ကယ်တင်နိုင်သေးတယ်"

"မား ကျွန်တော်တို့ ထျန်ဟွေ့ကို အဆုံးရှုံးခံလို့မရဘူး‌လေ၊ ပေဟန်လီနဲ့ ကျွန်တော်တို့ဘယ်လို ယှဉ်နိုင်မလဲ”

ဖန်းမေယွီသည် ဒေါသများဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။

သူပြောသည်မှာမှန်သည်။ ထျန်ဟွေ့ပြိုကျသွားခဲ့လျှင် သူတို့မိသားစုသည် ပေလူကြီးမင်း၏ လေးစားမှုကို ဘယ်တော့မျှ ပြန်ရနိုင်‌တော့မည်မဟုတ်‌ချေ။ ပေယွဲ့ပိုင်အား ထိုလူကြီးသည် ပေအင်ပါယာကို အမွေဆက်ခံရန် မထိုက်တန်သော၊ အသုံးမဝင်သော ကျရှုံးမှုတစ်ခုမှလွဲ၍ ဘာမှမဟုတ်ဟု ထင်မြင်သွားလိမ့်မည် ။

ထျန်ဟွေ့သည် မကျရှုံးသင့်ပေ။

ပြီးနောက် ပေယွဲ့သည်လည်း တူညီစွာ မကျရှုံးသင့်ပေ။

"ငါ မင်းအဖေနဲ့ စကားပြောဦးမယ်"

ဖန်းမေယွီသည် ပြောလိုက်သည်။

“သူက မိသားစုရဲ့ တစ်ဦးတည်းသောသားမို့ အသုံးမဝင်ပေမယ့် သူ့ကလေးကို ကုမ္ပဏီကိုတော့ ချုပ်ကိုင်ခွင့်ပေးထားသေးတယ်‌လေ၊ အနည်းဆုံးတော့ သူက ရှယ်ယာတချို့ကို လက်ဝယ် ကိုင်ထားတုန်းပဲ၊ မင်းအကြွေးတွေကို ကာမိဖို့ တစ်ချို့ကို ရောင်းခိုင်းလိုက်မယ်”

ပေယွဲ့ပိုင်သည် အရူးအမူး ခေါင်းငြိမ့်လိုက်သည်။

"ဒါပေမဲ့ Strawberry Video ပေးချေမှု... အဲဒါက ကျွန်တော်တို့ကို မစောင့်ပေးနိုင်တော့ဘူးတဲ့”

ဖန်းမေယွီသည် သူမ၏ ပိုက်ဆံအိတ်ထဲမှ ဘဏ်ကတ်ကို ဆွဲထုတ်လိုက်သည်။

သူမသည် ပေမိသားစုတွင် တရားဝင် အိမ်ထိန်းတစ်ဦးဖြစ်သော်လည်း သူမတွင် ဒီနှစ်များအတွင်းစုဆောင်းခဲ့သော ငွေအနည်းငယ်ရှိသည်။

သူမ၏ကတ်အား ပေယွဲ့ပိုင်ထံသို့ပေးလိုက်သည်။

"ငါ့ကို ထပ်ပြီးစိတ်မပျက်စေနဲ့၊ နားလည်လား"

ပေယွဲ့ပိုင်သည် တုန်ရီသောလက်များဖြင့် ကတ်ကိုယူကာ ထပ်ခါတလဲလဲ ခေါင်းငြိမ့်ပြလိုက်သည်။

ဖန်းမေယွီထွက်သွားပြီးနောက် ဆွန်းချီသည် ရုံးခန်းထဲသို့ ၀င်လာသည်။

"သခင်လေးပေ Strawberry Videoက လောင်းကြေးအတွက် ပြန်ဆပ်ရန် တောင်းဆိုနေပါတယ်၊ White Marsh VFX အဖွဲ့ကလည်း ဒုတိယအရစ်ကျမပေးချေရင် ဆက်လက်လုပ်ဆောင်မှာမဟုတ်ဘူးလို့ပြောပါတယ်"

ပေယွဲ့ပိုင်သည် ဘဏ်ကတ်ကို ဆုပ်ကိုင်ထားသည်။

" Starry Sky ကရော ဘယ်လိုလဲ "

"Starry Sky က The Bottom Line ကို ပရိုမိုးရှင်းလုပ်နေပါတယ်၊ ဖရဲသီးဗီဒီယိုရဲ့ တစ်ပြိုင်နက်တည်း တိုက်ရိုက်ထုတ်လွှင့်မှုနှင့်အတူ OceanTVမှာ ဇာတ်ဝင်ခန်းအဖြစ် သတ်မှတ်ထားပါတယ်"

ဆွန်းချီသည် ထပ်၍မပြောမီ တွန့်ဆုတ်နေသည်

"သခင်လေးပေ၊ကျွန်တော်တို့ရဲ့ ဦးစားပေးက Strawberry Video နဲ့ White Marsh ဖြစ်သင့်တယ်၊ Starry Sky ကို အခု စိတ်ပူဖို့မလိုသေးပါဘူး”

ရှင်သန်မှုသည် ခက်ခဲသည်။ ပြိုင်ဘက်များအတွက် စွမ်းအင်ကို မည်သို့နှမြောနိုင်မည်နည်း။

ဆွန်းချီသည် ပေယွဲ့ပိုင်နှင့် ဖန်းမေယွီ၏ ဆက်ဆံရေးကို အတိအကျမသိသော်လည်း သူမသည် ပေမိသားစုကိုကိုယ်စားပြုသည်ဟု သူထင်သည်။ သူမ၏‌ရောက်ရှိလာမှုသည် ဧကန်မုချသတင်းကောင်းဖြစ်သည်။အမှန်တွင် ပေမိသားစုဝင်များအတွက် ထျန်ဟွေ့၏ ဘဏ္ဍာရေးပြဿနာများသည် အရေးမပါလှချေ။

ပေယွဲ့ပိုင်သည် ဘဏ်ကတ်ကို လက်ချောင်းများကြားတွင် ပွတ်သပ်‌နေလိုက်သည်။ ၎င်းသည်သန်းပေါင်း ဆယ်ဂဏန်းမျှသာ ရှိသည်။

Strawberry Video နှင့် White Marsh အတွက် ငွေပေးချေရန်လုံလောက်သည်။သို့သော် ငွေသည် အနည်းငယ်သာ ကျန်ခဲ့ပေလိမ့်မည်။

သို့သော် Starry Sky သည် သူ့အား အရှက်ရစေပြီးနောက်တွင် ရန်ပွဲမရှိပဲနှင့် The Bottom Line ကို မည်သို့လွှတ်ထားနိုင်မည်နည်း။

အခွင့်အလမ်းပင်မဟုတ်ချေ။

"ငါတို့ရဲ့ PR အဖွဲ့က အဲသတင်းအကောင့်တွေကို လစာစာရင်းထဲ သိမ်းဆည်းထားတယ်မလား"

ပေယွဲ့ပ်ိုင်သည် ဆွန်းချီကို မေးလိုက်သည်။

“The Button Line အကြောင်း မကောင်းတဲ့ သတင်းတွေ ဖြန့်ခိုင်းလိုက်၊ သူတို့ရဲ့ ထုတ်လွှင့်မှုကို အဆင်မပြေအောင် သေချာလုပ်ခဲ့"

ဆွန်းချီ၏ ရင်ထဲတွင် နာကျင်သွားသည်။

"ဒါပေမဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေက ကြာကြာမခံဘူးလေ"

သူတို့သည် ရှိုး၏အရည်အသွေးကို စွန့်ပစ်နိုင်သော်လည်း ဆွန်းချီသည် ၎င်းကို အလုပ်ဖြစ်မည်ဟု သံသယရှိခဲ့သည်။ သူသည် The Bottom Line ၏ ပထမအပိုင်းသုံးပိုင်းကို ဖတ်ခဲ့သည်။ဒါရိုက်တာကျန်းတုံသာ ၎င်းကို ကောင်းမွန်စွာ ရိုက်ကူးခဲ့မည်ဆိုလျှင် ရှိုးသည် အထူးအဆန်းဖြစ်နိုင်သော်လည်း ဆိုးရွားမည်မဟုတ်ပေ။

ထို့အပြင် OceanTV သည် White Marsh ကိုကျော်လွန်၍ The Bottom Line ကိုရွေးချယ်ခဲ့သည်။ ၎င်းသည် အရည်အသွေးနှင့် ပတ်သက်သည့် အခြင်းအရာများကို အကျယ်တဝင့် ပြောခဲ့သည်။

ယခုတိုက်ခိုက်ခြင်းသည် ငွေဖြုန်းခြင်းဖြစ်ပြီး ဓိပ္ပာယ်မဲ့စွာ မိမိကိုယ်ကို လှည့်ဖြားခြင်းဖြစ်သည်။

ပေယွဲ့ပိုင်သည် စဉ်းစားသည်။ သူသည် Starry Sky နှင့် ယန်ရှီကို လက်စားချေလိုသော်လည်း သူသည် တုံးအ,သူတစ်ယောက်မဟုတ်ချေ။

"ဒါဆို မဝေဖန်နဲ့ ချီးကျူးလိုက်၊ တစ်နှစ်တာရဲ့အကောင်းဆုံးဒရမ်မာ၊ အရမ်းကိုအောင်မြင်ပြီး ဆုတွေရမယ့်ဇာတ်ကားဆိုပြီး လွှင့်လိုက်၊ ချီးကျူးနိုင်သမျှ ချီးကျူးလိုက်ကွာ"

တစ်ခါတစ်ရံတွင် အလွန်အကျွံ ချီးကျူးခြင်းသည် ဝေဖန်ခြင်းထက် ပို၍အန္တရာယ်များသည်။

မဖြစ်နိုင်သည် အမြင့်များကို ပြသထုတ်ဖော်လိုက်ပြီး မျှော်လင့်ချက်များ မပြည့်မီသည့်အခါ ပရိသတ်များသည် လှည့်စားခံရသည်ဟု ခံစားမိပေလိမ့်မည်။

နှစ်စဉ်နှစ်တိုင်း ကောင်းမွန်သောဒရမ်မာများ ထွက်ရှိကြသော်လည်း ဆက်တိုက်အောင်မြင်မှုမှာ ရှားပါသည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစက်မှုလုပ်ငန်းတစ်ခုလုံးသည် တစ်နှစ်လျှင် အလွန်ကောင်းမွန်သည့်ဇာတ်ကားတစ်ကား ထုတ်လုပ်နိုင်သည်မှာ အလွန်ပင်ကံကောင်းပေသည်။

ထို့ကြောင့် အဖျက်စွမ်းအားလွန်ကဲခြင်း၏ နည်းဗျူဟာသည် ကောင်းမွန်စွာ အလုပ်လုပ်လေသည်။

ဝူလျောင်သည် အွန်လိုင်းမှ သတင်းများကို သတိပြုမိသောအခါ ထျန်းဟွေ့၏ ရည်ရွယ်ချက်ကို ချက်ချင်း ခန့်မှန်းမိ၍ ယန်ရှီထံသို့ သတင်းပို့သည်။

"ဒီမှတ်ချက်တွေကို ဖျက်ဖို့ Weibo၊ Douyin နဲ့ Xiaohongshu တို့လို ပလပ်ဖောင်းတွေကို ကျွန်တော် အကြောင်းကြားထားပြီးပါပြီ၊ ဒါပေမဲ့ ဒီလို ရှာဖွေမှုတွေကို ဖယ်ရှားတာက သူတို့ကိုဝယ်ယူတာထက် ပိုပြီး‌တော့ကုန်ကျတယ်၊ စစချင်းမှာတင် ထျန်ဟွေ့က ကျွန်တော်တို့ကို အလွန်အကျွံ ချဲ့ထွင်ဖို့ အနည်းဆုံး တစ်မီလီယမ်လောက်သုံးခဲ့ပြီး ဒီစျေးကွက်ရှာဖွေရေး အရှုပ်အထွေးကို ရှင်းပစ်ဖို့ ကျွန်တော်တို့ဘက်က ပိုသုံးရလိမ့်မယ်ထင်တယ်"

သေစမ်း။

ဝူလျောင်သည် ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။ ပေယွဲ့ပိုင်သည် အဘယ့်ကြောင့် ထိုသို့ ရက်စက်ရသနည်း။

The Bottom Line အတွက် မူလက ခွဲဝေပေးထားသော ပရိုမိုးရှင်း‌ငွေသည် ယခုအခါ တုံ့ပြန်မှုကို ထိန်းချုပ်ရန်အတွက် အနည်းငယ် သုံးလိုက်ရသည်။ထို့‌ကြောင့် သူတို့၏ ဘဏ္ဍာငွေများသည် လျော့ပါးနေပြီဖြစ်သည်။

ယန်ရှီသည် ကုလားထိုင်ပေါ်ကို မှီ၍ အင်တာနက်ပေါ်ရှိ အလွန်အကျွံချီးမွမ်းသံများကို ပွတ်ဆွဲကြည့်ရှုနေလိုက်သည်။

"အတွင်းသတင်း‌လာပြီ The Bottom Lineက အံ့သြစရာကောင်းတယ်၊ ရှန့်ရှင်းဟယ်ရဲ့ သရုပ်ဆောင်မှုနဲ့ ဒီနှစ်ရဲ့ဆုရမင်းသားဖြစ်လောက်တယ်"

"အထူးခန့်မှန်းချက်- The Bottom Lineက ဒီနှစ်ရဲ့ ရာမာဘုရင်ဖြစ်လာပြီး အနုပညာလောကတစ်ခုလုံးကို လှုပ်ခတ်စေလိမ့်မယ်"

"ဘယ်သူမဆို The Bottom Line ကိုမကြည့်လိုက်ရရင် ငါတကယ်‌ ကြေကွဲရလိမ့်မယ်၊ ဒါက တစ်နှစ်တာ အကောင်းဆုံးရှိုးပဲ"

“ဒါနဲ့ ယှဉ်ရင် ဒီနှစ်မှာ တခြားဒရာမာတိုင်းက အားနည်းနေပုံရတယ်၊ The Button Line က ဆုရဖို့ ထိုက်တန်ပါတယ်”

ယနေ့ညသည် The Bottom Line ၏ ပွဲဦးထွက်ညဖြစ်ပြီး ပေယွဲ့ပိုင်၏ သတင်းထုတ်လွှင့်မှုကြောင့် ထိုရှိုးသည် အဓိကပလက်ဖောင်းအားလုံးတွင် ရေပန်းစားနေပြီဖြစ်သည်။ မျှော်လင့်ချက်များသည် ကောင်းကင်အထိ မြင့်တက်နေသည်။

ယန်ရှီသည် သူမ၏ တက်ဘလက်ကို ချလိုက်သည်။

"ဘာမှ မဖျက်နဲ့ ထားလိုက်"

ဝူလျောင်သည်အံ့သြသွားသည်။

"ဒီအတိုင်းထားလိုက်ရမှာလား၊ ဒီရှိုးက မျှော်လင့်ထားတဲ့အတိုင်း မဖြစ်ခဲ့ရင် ပြဿနာတွေ တက်လာလိမ့်မယ်"

"ဒါရိုက်တာကျန်းကို ယုံကြည်လိုက်"

ယန်ရှီ ပြန်ပြောလိုက်သည်။

"ပြီးတော့ The Button Line က အရမ်းကောင်းတယ်လို့ ငါတကယ်ယုံကြည်တယ်"

မူရင်းဝတ္ထုတွင်လည်း The Bottom Line ကို ဤကဲ့သို့ ချီးကျူးခဲ့သည်။ အစောပိုင်းက ပရိသတ်များသည် သတိကြီးကြီးထားပြီး တုံ့ပြန်ရန် ကြောက်‌ နေသည့်အတွက် သူတို့၏စိတ်အားထက်သန်မှုကို လျှော့ရဲစေခဲ့သည်။ သို့သော် ပြပွဲအား အဓိကကွန်ရက်တစ်ခုမှ ဖွင့်ချလိုက်သည်နှင့် ဩဘာပေးသံများသည် ဆူညံလာခဲ့သည်။

ပေယွဲ့ပ်ိုင်၏ နည်းဗျူဟာသည် သာမန်လူကြိုက်များသော ဒရာမာတစ်ခုတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် The Bottom Line သည် ဝတ္ထုတွင် ယခုနှစ်၏ အမိုက်စားဘုရင်ဖြစ်လာရန် ရည်မှန်းထားသည်။

ရှန့်ရှင်းဟယ်ပါဝင်သရုပ်ဆောင်ထားသော The Bottom Line၏ ဗားရှင်း၊ ဒါရိုက်တာကျန်းတုံ၏အမြင်ဖြင့် ဇာတ်လမ်းသည် စာအုပ်ပါ အကြောင်းအရာထက်ပင် ပိုမိုကောင်းမွန်နေသည်။

ည ၈ နာရီတွင် The Bottom Line သည် စတင်ထုတ်လွှင့်သည်။

ယနေ့၏ သတင်းများကြောင့် ရှိုးသည် နှစ်ကြိမ်ရေပန်းစားနေပြီဖြစ်သည်။ စတင်ထုတ်လွှင့်သည့်အခိုက်တွင် ကြည့်ရှုသူများသည် များပြားစွာ ဝင်ရောက်ကြည့်ရှုကြသည်။

[ငါသူ့ကိုဘယ်အချိန်ကြည့်ကြည့် ရှန့်ရှင်းဟယ်က အမြဲချောနေတော့တာပဲ]

[ဘာလို့ဒီလောက်ချောတဲ့သူက စူပါစတားမဖြစ်သေးရတာလဲ မဖြစ်သင့်လိုက်တာ]

[ရှန်‌ဖေးက တကယ်ကြီးမှတ်ဉာဏ်ပျောက်သွားတာလား၊ အိုး လုပ်ကြပါဦး ငါဘာဆက်ဖြစ်မလဲဆိုတာ အရမ်းသိချင်တာပဲ]

[ရဲကနေ မူးယစ်ဆေးရောင်းသူဖြစ်သွားတာလား၊ အခုမှ ပြင်းထန်လာတာ]

[ငါဒါကို ထမင်းစားရင်းကြည့်မလို့စီစဉ်ထားတာ ဒါပေမဲ့ ငါအရမ်းကြည့်ချင်နေလို့ စားဖို့တောင်မေ့သွားတယ်၊ ကျေးဇူးပြုပြီး ရှန်ဖေးကို အဲလိုမလုပ်ပါနဲ့]

[ရှန်ဖေးက သန်မာမှရမယ်၊ ငါသူ့ကို ကာကွယ်ပေးနေတယ်]

[ဒီဒရမ်မာကို ဒီနှစ်ရဲ့အကောင်းဆုံးလို့ပြောကြတာ အံ့ဩစရာ‌မရှိတော့ပါဘူး၊ တကယ်မိုက်တာပဲ]

[ဇာတ်ဝင်တေးကလည်း ကောင်းလိုက်တာ၊ ဟန်ရှုဆိုတာမလား သူ့ရဲ့အသံက နတ်သမီးလေးရဲ့ အသံအလားပဲ]

[ငါကဒါကို တမင်သက်သက်အတင်းလို့ထင်နေတာ ဒါပေမဲ့ The Button Line က တကယ်ကို အရည်အသွေးမြင့်တာပဲ၊ ငါဒီလို အရမ်းကောင်းတဲ့ဒရမ်မာမျိုးမကြည့်ရတာ နှစ်နဲ့ချီကြာနေပြီ]

[ကျန်းတုံနဲ့ရှောင်ယွီတို့ အမြင့်ဆုံးကိုပြန်ရောက်လာပြီ နောက်အပိုင်းအတွက် မစောင့်နိင်တော့ဘူး]

[ဘာလို့တစ်နေ့တစ်ပိုင်းပဲလဲ၊ ဒါက မတရားလိုက်တာ]

The Button Line သည် အလွန်ပင်ရေပန်းစားနေခဲ့သည်။

ဝတ္ထုထဲတွင် အ‌ပြောစကားများမှတဆင့် ဇာတ်လမ်းသည် တဖြည်းဖြည်း လူပြောများလာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် တစ်ပြိုင်နက်တည်း အွန်လိုင်းနှင့် တီဗီထုတ်လွှင့်မှုများအပြင် ကြိုတင်ကြေညာပေးမှုနှင့်အတူ ပထမပိုင်း၏ကြည့်ရှုသူအရေအတွက်သည် အစကတည်း၌ ထူးခြားစွာ များပြားလှသည်။

ယန်ရှီသည် "ပထမအပိုင်းသုံးပိုင်းကို တစ်ခါတည်းထုတ်လွှင့်လိုက်ရင် ပိုကောင်းမယ်" သို့မဟုတ် "အပိုင်း ၅ အထိပါ ထုတ်လွှင့်လိုက်ပါ" စသည့်စကားများကို ဘယ်တုန်းကမျှ မကြားဖူးခဲ့ချေ။ ၎င်းတို့သည် ထုတ်လုပ်ရေးအဖွဲ့များနှင့်ပရိသတ်များထံမှ မျက်နှာရရန် ကော်ပီယူမှုများသာဖြစ်သည်။

တကယ့်ကို ကြီးကျယ်ခမ်းနားသည့် ရှိုးတစ်ခုသည် သူတို့ကို ငြီးငွေ့စရာကောင်း‌စေမည်မဟုတ်ပေ။ ၎င်းသည် ကြည့်ရှုသူများအား ပထမအပိုင်းကတည်းမှာပင် ဆွဲဆောင်ခဲ့သည်။

Watermelon Videoထဲမှ တန်ယီ သည် စိတ်လှုပ်ရှားစရာကောင်းသည်။ အစပိုင်းတွင် သူသည် နာမည်ကျော်မျိုးစုံရှိုးပွဲများတွင် စံချိန်တင်ခဲ့သော ဒါရိုက်တာယွီအား မျက်နှာသာပေးရန်အတွက် အတူခရီးသွား အစီအစဉ် ကို Starlight Entertainment မှ ထုတ်လွှင့်ခွင့်ပေးခဲ့သည်။ ထို့နောက် SP နှင့် ယခု The Bottom Lineတို့ ထွက်ပေါ်လာပေသည်။

ရိုးရိုးသားသားပြောရလျှင် ဒီနှစ်၏ Watermelon Video ၏ အောင်မြင်သည့် ရှိုးနဲ့ ဒရာမာတိုင်းသည် Starlight ၏ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ ၎င်းတို့သည် သူတ်ို့၏ ကံကောင်းခြင်း ကျက်သရေပင် ဖြစ်သည်။

Haiyang TV လည်း ထပ်တူထပ်မျှ ပီတိဖြစ်ခဲ့သည်။ The Bottom Line အတွက် အစောပိုင်း ကြော်ငြာရောင်းချမှုသည် ကောင်းမွန်သော်လည်း ထိုမျှလောက်မဟုတ်ချေ။ သို့သော် ပွဲဦးထွက်ပြသပြီးနောက်တွင် စပွန်ဆာများသည် ကြော်ငြာအကွက်များကို အပြိုင်အဆိုင်ပြုလုပ်လာခဲ့ကြသည်။ ရှိုး၏ရေပန်းစားလာမှုနှင့်အတူ ကြော်ငြာနှုန်းထားများ တဟုန်ထိုးတက်လာပြီး အားလုံးသည်ရောင်းကုန်နေဆဲ ဖြစ်သည်။

White Marsh ကိုကျော်လွန်၍ The Bottom Line အားရွေးချယ်ခြင်းသည် မှန်ကန်သောရွေးချယ်မှု ဖြစ်ခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်လွှင့်သူနှင့်ပရိသတ်များအထိ လူတိုင်းသည် The Bottom Line ၏ အောင်မြင်မှုကို ဂုဏ်ပြုကြသည်။

ပေယွဲ့ပိုင်မှအပ လူတိုင်းဂုဏ်ပြုနေကြသည်။

ရှိုး၏အောင်မြင်နေသည့် ပရိသတ်တုံ့ပြန်မှုအကြောင်း ကြားသိသည့်အခါ သူ၏မျက်နှာသည်ဖြူဖျော့သွားသည်။

“ဘယ်သူကမှ The Button Line ကို အရမ်းပုံကြီးချဲ့ပြောထားမှန်း သတိမထားမိဘူးလား၊ မာကတ်တင်းရယူတာလောက် မကောင်းဘူးမလား၊ ဒါက ပေါ်ပင်ကြီးမဟုတ်ဘူးလား”

ဆွန်းချီသည် ဂရုတစိုက်ပြန်ဖြေသည်။

“ပရိသတ်အများစုက အဲကားကိုဆုရဖို့ထိုက်တန်တယ်လို့ ယုံကြည်နေကြပါတယ်၊ သူတို့က ကျွန်တော်တို့ရဲ့ ပရိုမိုးရှင်းပို့စ်တွေကိုတောင် သင့်လျော်တယ်လို့ထင်နေကြတယ်”

“သင့်လျော်တယ်ဟုတ်လား၊ သူတို့ကန်းနေကြတာလား”

ပေယွဲ့ပိုင်သည် ဦးခေါင်းထဲမှ နာကျင်မှုကိုခံစားလိုက်ရသည်။သူသည် အသက်ရှုရန်ကြိုးစားသော်လည်း သူ၏ရင်ဘက်ထဲတွင် တင်းကြပ်နေသည်။သူ၏အမြင်အာရုံများသည် ဝေဝါးလာပြီး သူ မသိလိုက်ခင်မှာပင် ကြမ်းပင်ပေါ်သို့လဲကျသွားသည်။

“ဘော့စ်ပေ! ဘော့စ်ပေ!”

ထျန်ဟွေ့တွင် ပေယွဲ့ပိုင်သည် မူးလဲသွားပြီး ခေါင်းကွဲကာ ဒဏ်ရာရသွားသည်။ ဆွန်းချီသည် သူ့ကို ဆေးရုံသို့ အပြေးအလွှား အမြန်ပို့လိုက်ရသည်။

ဤအတောအတွင်း Starlight ရှိ ယန်ရှီသည် လွန်ခဲ့သည့်လ၏ ဘဏ္ဍာရေးအစီရင်ခံစာများကို ပြန်လည်သုံးသပ်နေစဉ် System သည် ဘေး၌‌ဝဲဝဲလည်နေသည်။

[ဒင်! The Bottom Lineက အရမ်းကျော်ကြား နေတဲ့အတွက် ကျုံချင်းယွီသည် ကံကောင်းမှုတန်ဖိုး 2 မှတ် တိုးပါတယ်၊ လက်ရှိကံကောင်းမှုရမှတ်များ- 96မှတ်]

Starlight ၏ မကြာသေးမီက ပရောဂျက်များအားလုံးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ယန်ရှီသည် ကံကောင်းမှုတန်ဖိုး အကြောင်းကြားချက်များကို မကြာခဏ လက်ခံရရှိသည်။ ယခု သူမသည် အမှတ် 100 ရရန် 4 မှတ်သာလို‌တော့သည်။

[Host ငါတို့မှာ ဟန်ရှုရဲ့အယ်လ်ဘမ်ထွက်လွှင့်မှု၊ The Bottom Line ၏ဆုပေးပွဲရာသီ၊ SP ဖိုင်နယ်အပိုင်းများနှင့် နှစ်ကုန်တွင် Madness ပွဲဦးထွက်ရမည့်ကိစ္စ‌တွေရှိနေသေးတယ်]

[မင်း အခြားဘာမှမလုပ်ရင်တောင် ငါတို့ ကံကောင်းမှုတန်ဖိုး၁၀၀ကို အလွယ်တကူရနိုင်‌တယ်]

ဝတ္ထုထဲတွင် ကျုံချင်းယွီ၏ အချိုးအကွေ့သည် ဇာတ်လမ်းထဲတွင် ကျုံယန်စီ၏ ရုတ်တရက် သေဆုံးခြင်းကဲ့သို့ပင် နှစ်သစ်ကူးပြီးနောက်မှဖြစ်သည်။ အချိန်တွေ အများကြီးနေရှိသေးသည်။

ဘယ်သူများ ထင်ခဲ့မည်နည်း။ လွန်ခဲ့သည့်လများတွင် ယန်ရှီသည် သူမ ရနိုင်သော 0.1 တိုင်းအတွက် ကံကောင်းမှုတန်ဖိုးတိုင်းကို ခြစ်ကုတ်ရယူရန် ကြိုးစားခဲ့ရသည်။ ယခုအခါ သူမသည် အမှတ်၁၀၀နားသို့ပင် နီးကပ်လာလေပြီဖြစ်သည်။

တောက်ပသော အလင်းလုံးလေးသည် ပင့်သက်ရှိုက်လိုက်သည်။

[ရုန်းကန်မှုအားလုံးပြီးသွား‌တော့ ငါတို့ နောက်ဆုံး ဒီနေရာကိုရောက်လာခဲ့ပြီ]

ယန်ရှီသည် ပြုံးလိုက်သည်။ ဇာတ်ကွက်ကို ပြောင်းလဲခြင်းသည် ကံကောင်းမှုတန်ဖိုးရရှိရန် သော့ချက်ဖြစ်မည်ဟု တစ်ချိန်က သူမ ထင်ခဲ့ဖူးသည်။ သို့သော် ယခုချိန်မှာတော့ သူမ၏ အောင်မြင်မှုသည် သူ၏အလုပ်ပေါ်၌ မူတည်နေသည်ကို သိသွားပြီဖြစ်သည်။ အရင်းခံသတင်းစကားသည် ဤသို့ဖြစ်နိုင်သည်၊ စစ်မှန်သောခွန်အားသည် ကံကြမ္မာကိုဆန့်ကျင်သည့် အကောင်းဆုံးလက်နက်ဖြစ်သည်။

“ငါတို့ ကံကောင်းမှုတန်ဖိုး ၁၀၀ရရင် ချင်းယွီက ဝတ္ထုက ကြိုတင်စီစဉ်ထားတဲ့ အဆုံးသတ်ကနေ လွတ်နိုင်မှာမလား၊ သူဇာတ်ကြောင်းကနေ လုံးဝ လွတ်ကင်းနိုင်မှာ၊ဟုတ်တယ်မလား”

【ဟုတ်တယ်】

system သည် ပျော်ရွင်စွာဖြေကြားသည်

【ကံ‌ကောင်းမှုတန်ဖိုး၁၀၀သာရရင် ဇာတ်ကြောင်းက သူ့ကို မထိန်းချုပ်နိုင်တော့ဘူး】

“တစ်ခြားဘာပြဿနာမရှိဘူးဆိုတာ သေချာလား”

ယန်ရှီသည် စိတ်ချရရန် အလို့ငှာ ထပ်မံ၍မေးသည်။သူမသည် ကံကောင်းမှုတန်ဖိုး၁၀၀ပြည့်ပြီးသည့်အခါ မည့်သည့်အံ့ဩစရာဖြစ်ရပ်ကိုမျှ မလိုချင်ပေ။

သူမ၏မေးခွန်းသည် System အား တုန်လှုပ်ချောက်ချားသွားစေသည်။ "အရံဇာတ်ကောင်" system တစ်ခုအနေဖြင့် ၎င်း၏ပုံမှန်အားလပ်ချိန်များတွင် သူ၏Hostနှင့် အတင်းပြောနေခြင်းဖြစ်သည်။ ထင်ပေါ်ကျော်ကြားလာစေရန် အရံဇာတ်ကောင်တစ်ခု၏ တိုးတက်လာခြင်းသည် မကြုံစဖူးဖြစ်သောကြောင့် ကံကောင်းခြင်းအမှတ် ၁၀၀ပြည့်သည့်အခါ မည်သို့ဖြစ်လာမည်ကို system မသိချေ။

တောက်ပနေသော အလင်း‌လုံးလေးသည် ၎င်း၏ အရံဇာတ်ကောင်စနစ်ပုံစံစနစ်ကို ဖြတ်၍ ကယောင်ကတမ်း လှည့်ပတ်‌နေသည်။

【ငါကြည့်လိုက်ဦးမယ်】

【စာအုပ်က‌တော့ ကံကောင်းမှုတန်ဖိုး၁၀၀ကျော်တဲ့ဘယ်ဇာတ်‌ကောင်မဆို ဇာတ်ကြောင်းကနေလွတ်ကင်းနိုင်ပြီး လုံးဝလွတ်‌ မြောက်နိုင်တယ်လို့‌တော့ ပြောတာပဲ】

【ဒါ‌ပေမဲ့ ကံကောင်းမှုတန်ဖိုး၁၀၀ရောက်ရင် ဝတ္ထုရဲ့ဟန်ချက်ကို တိမ်းယိုင်စေပြီးတော့ မထိန်းချုပ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်နိုင်တယ်တဲ့ 】

ယန်ရှီ:???

“အကျိုးသက်ရောက်မှုလား၊ ဘယ်လိုမျိုးလဲ”

Systemသည် စိတ်ကူးယဉ်ချွေးများကို သုတ်လိုက်ပြီး ကမန်းကတန်း စစ်ဆေးသည်။

【ကမ္ဘာ့ဟန်ချက်ပြောင်းလဲမှုကြောင့် အချို့ ဇာတ်ကောင်တွေက သူတို့ရဲ့ကမ္ဘာက ဝတ္ထုတစ်ပုဒ်ဖြစ်ကြောင်းကို သတိပြုမိလာကြမယ်】

ယန်ရှီသည် သဘောပေါက်သွားသည်။

“ငါ့လိုမျိုးလား”

【အတိအကျပဲ】

System သည် ပြန်ဖြေသည်။

【အဲလိုဖြစ်လာတဲ့လူတွေက ငါတို့ရဲ့ဖြစ်တည်မှုကို သိသွားကြပြီး မင်းလိုမျိုး system မက်ဆေ့ချ်မှတ်တမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်လိမ့်မယ်】

ယန်ရှီသည် ထိုအကြောင်းကို စဉ်းစားနေမိသည်။ ယခုအချိန်အထိ သူမ လုပ်ခဲ့သမျှကို ဤ "နိုးထခါစ" လူများမှ မြင်နိုင်မည်ဟု ဆိုလိုခြင်းသည်။

အကြီးမားဆုံးစိုးရိမ်မှုမှာ ဆန့်ကျင်ဘက်တွင် ရှိနေသော ပေယွဲ့ပိုင်နှင့်ရဲ့‌လော့ယီတို့ဖြစ်သည်။ သို့သော် ထျန်ဟွေ့သည် ဖရိုဖရဲဖြစ်နေသဖြင့် ပေယွဲ့ပိုင်၏တစ်ကျော့ပြန်ထနိုင်ဖို့သည် အခွင့်အလမ်းနည်းပါးလှသည်။

ရဲ့လော့ယီအနေဖြင့် ဇာတ်ကြောင်းကို သိထားခြင်းသည် သူမအတွက် အထောက်အကူမဖြစ်နိုင်ပေ။သူမသည်ပြန်စလိုပါက ပေယွဲ့ပိုင်ကို စွန့်လွှတ်၍ အပိုတစ်ခုအနေဖြင့် သူမသည် အစမှပြန်စရမည်ဖြစ်သည်။

ကျုံချင်းယွီသည်အမှန်တရားကို သိသွားခဲ့လျှင် သိပ်၍အရေးမကြီးချေ။သူမသည် ယန်ရှီဘက်တွင် ရှိပြီးသားဖြစ်သည်။

ယန်ရှီသည် စိတ်လျှော့လိုက်သည်။

“ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

System သည် အားပြည့်လာပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။

【Host၊ မင်းနောက်ထပ် ခြေလှမ်းကို ဆုံးဖြတ်ပြီးပြီလား】

သူမ၏ကံကောင်းမှုအမှတ်များသည် ယခု 96 တွင်ရှိပြီး စောင့်ဆိုင်းနေစဉ်တွင်မှာပင် အမြင့်ဆုံးသို့ရောက်သွားနိုင်သည်။ System သည် ယန်ရှီမှာ စိတ်ရှည်သည့်သူ မဟုတ်ကြောင်း သိပြီးသားဖြစ်သည်။

ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။

"ပေယွဲ့ပိုင်က The Button Line ကို ဒီလို ရက်ရောတဲ့ 'လက်ဆောင်' ပေးခဲ့တာပဲ ငါကဘာလို့ကျေးဇူးပြန်မဆပ်ရမှာလဲ၊ ငါ ဒါကို ပြင်ဆင်နေတာကြာလှပြီ သူက ငါ့ကံကို အမှတ် 100 ကို တွန်းပို့မယ့်သူပဲ”

—

နိုဝင်ဘာလ၏ ရာသီဥတုသည် ပို၍အေးလာသည်။

မကြာသေးမီက SP နှင့် The Bottom Line မှထွက်ရှိခဲ့မှုများကြောင့် Starlight Entertainment မှ ဝန်ထမ်းများသည် ပင်ပန်းမှုများရှိခဲ့ကြသည်။ ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်များ (သခင်မလေးအပါအဝင်) အနေဖြင့် ယန်ရှီသည် ၀န်ထမ်းအားလုံးအတွက် ဘောနပ်စ်များပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူမသည် သူတို့အား သူမ၏ငွေဖြင့် ခမ်းနားသော ညစာများ ကျွေးမွေးခဲ့သည်။

ဤနေရာသည် ဟိုင်ချန်းမြို့၏စီးပွားရေး ကျက်သရေဆောင်နှင့် လက်ရာမြောက်သော စားသောက်မှုကြောင့် နာမည်ကြီးသည့် ကြယ်ငါးပွင့်ရှိသော Furei Hotel ဖြစ်သည်။ သူတို့၏ဘူဖေးသည် အလွန်ပင်ဈေးကြီးပေသည်။

Starlight ဝန်ထမ်းများသည် သောကြာနေ့ညစာစားပွဲများနှင့် အားလပ်ရက်များရသောကြောင့် အလွန်ပင်ပျော်ရွင်နေကြသည်။ အမှန်ပင် ပျော်ရွင်စရာပင်ဖြစ်သည်။

ကျုံချင်းယွီသည် ဂုဏ်ပြုပွဲတွင် ပါဝင်လာခဲ့သည်။

Starlight ၏အောင်မြင်မှုကြောင့် သူမသည် ပါးပါး၏ရှေ့တွင် မျက်နှာရသည့်အပြင် အကြီးအကဲများ၏ ချီးမွမ်းခြင်းခံရသော ဂေါက်သီးရိုက်ပွဲများအထိ လိုက်ပါသွားနိုင်ခဲ့သည်။

ကျုံချင်းယွီသည် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် မြှောက်ပင့်နေခဲ့သည်။

အိတ်များ၊ လက်ဝတ်ရတနာများ၊ ဒေါ်လာသန်းပေါင်းများစွာတန်သော ရွက်လှေတစ်စင်းကိုပင် လက်ဆောင်အဖြစ် ယန်ရှီရရှိခဲ့သည်ဟု လူအများမှပြောကြသော်လည်း ယန်ရှီသည် သူမအား သန်းရာနှင့်ချီသော အမြတ်ငွေများကို ပြန်လည်ရှာဖွေပေးခဲ့သည်။

(၎င်းသည် M Brand ကိုရယူခြင်းမှ အမြတ်ငွေများပင် မပါဝင်ခဲ့ချေ။)

ရှင်းလင်းနေသည်မှာ အချစ်ဆုံးသူငယ်ချင်းတွင် ရင်းနှီးမြုပ်နှံခြင်းသည် အမျိုးသားတစ်ဦး၌ ရင်းနှီးမြုပ်နှံခြင်းထက် များစွာအကျိုးအမြတ်ပိုရရှိခြင်းဖြစ်သည်။

ထို့ကြောင့် ယန်ရှီ၏ ညစာအစီအစဉ်အကြောင်းကို သူမ ကြားသောအခါ ကျုံချင်းယွီသည် ငွေရှင်းပေးမည့်အကြောင်း ပြောကြားခဲ့သည်။

နှစ်ယောက်သား လက်ချင်းချိတ်၍ Furey Hotel ထဲသို့ ဝင်လာခဲ့သည်။

ယန်ရှီသည် Starlight ၏ ဝန်ထမ်းတစ်ရာနီးပါးအတွက် ဘူဖေးတစ်ဝိုင်းလုံးကို ကြိုတင်မှာယူခဲ့သည်။

ရောက်ရှိသည့်အချိန်တွင် သူမသည် မမျှော်လင့်ထားသည့်ဧည့်သည်နှစ်ဦးဖြစ်သည် ပေဟန်လီနှင့် စုန့်ကျီလယ်ကို တွေ့လိုက်ရသည်။

ကျုံချင်းယွီသည် မျက်မှောင်ကြုတ်လိုက်သည်။

“နင်တို့နှစ်ယောက်က ဘာလာလုပ်တာလဲ”

ပေဟန်လီသည် တည်ငြိမ်စွာဖြေသည်။

“ကိုယ်က စီးပွားရေးကိစ္စရှိလို့ ဒီကိုရောက်နေတာ”

စုန့်ကျီလယ်သည်လည်း အပိုမဖြစ်စေရန်အတွက် ဝင်ပြောသည်

“ငါလည်းအတူတူပဲ၊ ဒီကိုဖြတ်လာရင်းနဲ့ မင်းဒီမှာရှိနေတယ်ဆိုလို့”

ယန်ရှီသည် ရယ်မော၍ ၀င်‌ပြောလာသည်။

"ဖြတ်လာရင်းနဲ့လား"

စုန့်ကျီလယ်၏ ၀တ်စားဆင်ယင်မှုသည် ပြောင်လက်စွာ၀တ်ဆင်ထားပြီး သူ၏ ဆံပင်ပုံစံသည် ပေဟန်လီ၏ဘေးတွင် ပြီးပြည့်စုံစွာ ပုံသွင်းထားသည်။ မနာလိုစိတ်များသည် သူ့ထံမှ စိမ့်ထွက်နေသည်။

တစ်ဖက်တွင် ပေဟန်လီသည် သူ၏ ခန့်ညားသောသုံးလွှာဝတ်စုံ(three layers suits)ကိုဝတ်ဆင်ထားပြီး စုန့်ကျီလယ်၏တည်ရှိမှုကိုပင် သတိမမူပဲ တည်ငြိမ်စွာရပ်နေသည်။ယန်ရှီသည် အမှန်ပင် အထင်ကြီးသွားသည်။

ကျုံချင်းယွီသည် ဝင်ပြောလာသည်။

"ဒါက ကုမ္ပဏီပွဲ ရှင်တို့ နှစ်ယောက်နဲ့မဆိုင်ဘူး။"

"ကိုယ်သိတယ်" ပေဟန်လီ ပြောလိုက်သည်။

"ကိုယ်ဝင်မစွက်ဖက်ပါဘူး၊ မင်းကိုယ်မင်းပျော်သလိုနေ ကိုယ်ငွေရှင်းပေးမယ်"

စုန့်ကျီလယ်သည်လည်း ဝင်ပါလာသည်။

"ကိုယ်လည်း ရှင်းပေးနိုင်တယ်"

သေစမ်း၊ ပေဟန်လီက ဘာလို့ အမြဲတမ်း အသာစီးရနေတာလဲ။

—

သူ၏စကားအတိုင်းပင် ပေဟန်လီသည် ဒုက္ခမပေးခဲ့ချေ။ သူသည် ကျုံချင်းယွီ၏ဘေးတွင် ထိုင်ဖို့ပင် မကြိုးစားချေ။ ဤနေရာသည် ယန်ရှီနေရာဖြစ်မှန်း သူသိသည်။

သို့သော်လည်း စုန့်ကျီလယ်သည် ကျုံချင်းယွီထံမှ အကြည့်ရရန်ပင် မအောင်မြင်သော ကြိုးစားမှုများ ပြုလုပ်နေခဲ့သည်။

စုန့်ကျီလယ်: T^T

နောက်ဆက်တွဲဖြစ်လာသည်များမှာ "အဖေနှင့်တူသည့်" ကာကွယ်သူနဲ့ သစ္စာစောင့်သိသည့် အစောင့်ခွေး တို့၏ တိုက်ပွဲဖြစ်သည်။

ကျုံချင်းယွီသည် ရေခဲမုန့်စားချင်သည်ဟုပြောသောအခါ စုန့်ကျီလယ်သည်

"အေးလွန်းတယ်၊ မင်းရဲ့ ကြွက်တက်တာကို ပိုဆိုးစေတယ် မဟုတ်လား”

တစ်ချိန်တည်းမှာပင် ပေဟန်လီသည် "သူမ၏ဝမ်းကိုနွေးထွေးစေရန်" အလို့ငှာ သကြားရည်အညိုတစ်ခွက်ကို မှာပေးခဲ့သည်။

ကျုံချင်းယွီသည် ကော့တေးသွားသောက်သည့်အခါ စုန့်ကျီလယ်သည် တားသည်။

"အရက်နည်းတဲ့အချိုရည်တွေက မင်းကို အရက်နာကျစေတယ်"

ပေဟန်လီသည် တစ်စုံတစ်ဦးအား အရက်နာကျဆေးပြားကို ရိုးရိုးရှင်းရှင်း သွားဝယ်စေခဲ့သည်။

ယန်ရှီသည် ကဏန်းခြေထောက်ဆာရှိမိကို ကိုက်စား၍ သူမ၏ system နှင့် စကားစမြည်ပြောသည်

"စုန့်ကျီလယ်က ရှုံးနေတယ် ဆိုးလိုက်တာ"

【ဗီလိန်ရဲ့ စိတ်နေစိတ်ထားက ပြင်းထန်လွန်းတယ်၊ သူက သာသာယာယာပဲ 】

ပေဟန်လီသည် ကျုံချင်းယွီ၏ အတွင်းအပြင်စိတ်ကို သိသည်။ သူမသည် ကြက်သွန်စိမ်းကို မုန်းတီးသော်လည်း ပင်လယ်စာဟင်းရည်တွင် ကြက်သွန်စိမ်းပါမှကြိုက်သည်။

သူမစိတ်ကို အနိုင်ယူရန်အတွက် စေ့စေ့စပ်စပ် ပြင်ဆင်ခဲ့သည်မှာ သိသာထင်ရှားသည်။

စုန့်ကျီလယ်သည်လည်း သိပ်မဆိုးလှပေ။သူသည် လေးလေးနက်နက် ဂရုစိုက်သော်လည်း သူ့၏ အကာအကွယ် လွန်ကဲမှုသည် စိတ်ညစ်စရာ ကောင်းသည်။

ကျုံချင်းယွီသည် မာနကြီးသောကြောင်တစ်ကောင်နှင့်တူသည်၊ အင်အားသုံးခြင်းထက် ပျော့ပျောင်းသောဖြားယောင်းသွေးဆောင်မှုကို ပို၍ကြိုက်သည်။

ယန်ရှီသည် ခေါင်းယမ်းလိုက်သည်။

" ‘အဖေ’ လိုပုံစံမျိုးက ကြိုက်ချင်စရာ မရှိဘူး"

ကျုံယန်စီထံမှ မက်ဆေ့ချ်တစ်ခုရရှိပြီး သူမ၏ဖုန်းသည် အသံမြည်လာသည်။

【ဘယ်ချိန်ပြီးမှာလဲ၊ကိုယ်လာခေါ်မယ်】

သူမသည် ပျော်ရွင်စွာ စာပြန်လိုက်သည်။

【ခဏ‌နေဆို ပြီးပြီ】

ကျုံချင်းယွီသည် ငုံ့ကြည့်လိုက်ပြီး ညဉ်းညူလိုက်သည်။

"အိုး၊ အချစ်ရဲ့ အငွေ့အသက်တွေ"

ထိုလူကြီးသည် မကြာသေးမီက အားထုတ်မှုများစွာကို အားထုတ်ခဲ့ပြီး ယန်ရှီကို နေ့တိုင်း အလုပ်သွား၊ အလုပ်ပြန် လိုက်ပို့ပေးခဲ့သည်။ ရှင်းယောင်သို့မသွားမီ ဟိုင်ချန်းတက္ကသိုလ်မှသူမကို အရင်ခေါ်ပြီးမှ ဆောက်လုပ်ရေးရုံးခန်းသို့သွားခဲ့သည်။

၎င်းသည် ယာဉ်မောင်းကျုံအား အနည်းငယ် နောက်ကျစွာ အလုပ်လုပ်စေခဲ့သော်လည်း သူသည် အလုပ်ပြုတ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

ယန်ရှီသည် စနောက်လိုက်သည်။

“ဘာလို့ငါ့ဆီလာတာလဲ၊ နင့်မှာ နှစ်ယောက်တောင်ရှိနေတာကို"

ကျုံချင်းယွီသည် သူမ၏ မေးစေ့ကို လက်ဖြင့် ပွတ်နေသည်။

"ယောက်ျားတွေက ငါရဲ့စိတ်ဝင်စားမှုကိုရဖို့ ပြိုင်ကြတာ သာမာန်ပဲမဟုတ်ဘူးလား၊ ငါက ဒီအတိုင်းလှလို့လေ ငါ့ကို မကြိုက်တဲ့သူက မျက်ကန်းပဲဖြစ်ရမယ်"

“ပြီးတော့ နင် ကျုံယန်စီနဲ့အကြိုအပို့လုပ်ရတာ မပင်ပန်းဘူးလား၊ နင့်မှာအခု ကျောင်းရဲ့အပတ်စဉ် အစည်းအဝေးတွေပဲရှိတော့တာ၊ ဘာလို့ ငါနဲ့ ကျုံစံအိမ် ပြန်မလာတာလဲ"

"ဝေးလွန်းတယ်"

အလုပ်လုပ်နေရသည့်မိန်းကလေးတစ်ယောက်၏ အကြပ်အတည်းကိုနားလည်သော သူမကဲ့သို့ မမလေးကို မည်သို့ဒုက္ခပေးရက်မည်နည်း။ရှင်းယောင်နှင့် အချိန်ကွာဟခြင်းမရှိသော်လည်း အမြဲနောက်ကျခြင်းသည် အဆင်မပြေလှပေ။ အဆောင်တွင်နေခြင်းသည် ရုံးဝန်ထမ်းများ မရနိုင်သည့် အိပ်ချိန်နာရီဝက်ပို၍ ရလေသည်။

ကျုံချင်းယွီ သည် ခဏလောက် စဉ်းစားနေမိသည်။

“ကောင်းပြီ ဒါဆို ငါတိုက်ခန်းဝယ်ပေးမယ်"

"Pfft—"

ယန်ရှီသည် သူမ၏ ရေများကို ထွေးထုတ်လုနီးပါးဖြစ်သွားသည်။

"မဟုတ်ဘူး၊ မလိုဘူး"

သူမ လက်ကို အရူးအမူး ဝှေ့ယမ်းလိုက်သည် ။

ဟိုင်ချန်းမြို့၏အိမ်ခြံမြေဈေးသည် ရယ်စရာကောင်းလောက်အောင် အလွန်ဈေးကြီးသည်။အထူးသဖြင့် မြိုလယ်ရှိအိမ်များသည် သန်းနှင့်ချီအောင် ဈေးကြီးသည်။ သူမသည် ယခုလက်ဆောင်များထံမှ အပို "ကံကောင်းခြင်းအမှတ်များ" မလိုချင်ပေ။

သို့သော် ပေဟန်လီနှင့် စုန့်ကျီလယ်တို့သည် ကျုံချင်းယွီ၏အာရုံကို ဖမ်းစားနိုင်ရန် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။

စုန့်ကျီလယ်: "ဟိုင်ချန်းတက္ကသိုလ်နားက ဇိမ်ခံအဆောက်အအုံကြီးကို ကိုယ် ဒီဇိုင်းဆွဲခဲ့တာ၊ ဖောက်သည်က ကိုယ့်ကို တိုက်ခန်းတစ်ခန်းပေးထားတယ်၊ ချင်းယွီ ကိုယ် မင်းကို ပေးနိုင်တယ်"

ပေဟန်လီ: "ရှင်းယောင်အနီးမှာ ကိုယ် ပိုင်တဲ့ စံအိမ်တစ်လူံး ရှိတယ်၊ ယန်ရှီကို ကိုယ် လက်ဆောင်ပေးလို့ရတယ်"

ယန်ရှီ: "..."

ကူညီကြပါဦး။

သူမသည် ထိုအရာများကို မလိုအပ်ပေ။

ပေဟန်လီ၏ကမ်းလှမ်းချက်သည် ကျုံချင်းယွီ တိုက်ခန်းမလိုအပ်သောကြောင့် ယန်ရှီ ထံသို့ ပေးခဲ့ပုံရသည်။ သူသည် ပုံကြမ်းနှင့် ဓာတ်ပုံများပင် အဆင်သင့်ပြင်ဆင်ထားပြီး ၎င်းတို့ကို ကျုံချင်းယွီအား ပြသနေသည်။

"ဒီစံအိမ်က 500 စတုရန်းမီတာ ကျယ်ဝန်းပြီး အားကစားခန်းမတစ်ခု၊ အိမ်တွင်းပြဇာတ်ရုံ၊ စာကျက်ခန်းနဲ့ အိပ်ခန်းသုံးခန်းပါတယ်၊ မင်းနဲ့ယန်ရှီတို့ တစ်ခန်းတည်းလည်းသုံးနိုင်တယ်၊ ခွဲပြီးလည်း သုံးနိုင်တယ်”

ယန်ရှီသည် ဘေးဖယ်နေလိုက်သည်။

ကျုံချင်းယွီသည် သူမကို တိုက်ခန်းလက်ဆောင်ပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ယန်ရှီသည် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ အရေးမကြီးချေ။

စုန့်ကျီလယ်သည် ဖုန်မှုန့်ထဲတွင် ကျန်နေခဲ့သည်။

သူ၏ ဇိမ်ခံအဆောက်အအုံသည် ၎င်း၏ ဆွဲဆောင်မှုအောက်တွင် ပျောက်ဆုံးသွားခဲ့သည်။

စုန့်ကျီလယ်သည် ဤသို့‌သောရှုံးနိမ့်မှုမျိုးကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက အတန်း၏ ထိပ်ဆုံးတွင် အမြဲရှိနေခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျော်ကြားသော ဗိသုကာလုပ်ငန်းတစ်ခုတွင် ဂုဏ်သိက္ခာရှိသော အလုပ်တစ်ခုရရှိကာ ချီးမွမ်းခြင်းခဲ့ခံရသည်။ သူ၏မိသားစုသည် ကြယ်ငါးပွင့် အပန်းဖြေစခန်းများပင် ပိုင်ဆိုင်လေသည်။

သူသည် ယခင်က ရှုံးနိမ့်မှုကို တစ်ခါမျှ မခံစားဖူးချေ။

သို့တိုင် သူသည် ပေဟန်လီ ကို ဆန့်ကျင်၍ ဆက်လက်ပြောဆိုနေလိုက်သည်။

စုန့်ကျီလယ်သည် သူ့ကိုယ်သူ ငြီးတွားရင်း ဝီစကီတစ်ခွက်လုံးကို မော့ချလိုက်ပြီး သန့်စင်ခန်းထံသို့ ဦးတည်သွားသည်။

သူ၏မျက်နှာကို ရေအေးဖြင့်သစ်လိုက်သောအခါ ခဏတာ ကြည်လင်အေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် ကျုံချင်းယွီအပေါ် လက်မလျှော့ချင်ပေ။ သူမကို သဘောကျနေသေးသည်ကို သူသိသည်။ သို့သော် ပေဟန်လီ၏ လွှမ်းမိုးနိုင်စွမ်းကိုလည်း သူအသိအမှတ်ပြုပါသည်။

ပေဟန်လီသည် စေ့စပ်သူဖြစ်ပြီး အရာရာအတွက် အမြဲပြင်ဆင်ထားသည်။ သူသည် ဗိသုကာပညာရှင်တစ်ယောက်ဖြစ်သော်ငြား စုန့်ကျီလယ်သည် ဘေးရောက်‌နေသည်။ ပေဟန်လီသည် စံအိမ်အကြောင်းများကို သူတတ်နိုင်သည်ထက် မြန်မြန်ထုတ်ဖော်ပြောဆိုနေခဲ့သည်။

နက်ရှိုင်းသော စွမ်းအားမဲ့ခြင်း၏ အာရုံသည် သူ့အပေါ်၌ လွှမ်းမိုးသွားသည်။

သန့်စင်ခန်းထဲမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာသည်။

ရုတ်တရက် လူလတ်ပိုင်း စုံတွဲတစ်တွဲသည် သူ၏ဘေးမှ ဖြတ်သွားသည်။

နှစ်ယောက်စလုံး မျက်နှာဖုံးများ ၀တ်ဆင်၍ သူတို့၏မျက်နှာများကို ဖုံးကွယ်ထားသည်။

သို့သော် စုန့်ကျစ်လယ်တွင် အရမ်းကောင်းသည့် မှတ်ဉာဏ်ရှိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ကို တန်း၍မှတ်မိသည်။

ပေဟန်လီ၏အဖေဖြစ်သည့် ပေကျစ်ယွမ်ဖြစ်သည်။

အမျိုးသမီးမှာ ပေမိသားစု၏ အိမ်ထိန်းဖန်းမေယွီ ဖြစ်သည်။

ပေစံအိမ်ကို စုန့်ကျီလယ်၏ နည်းပြမှ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် သူသည် မိသားစု၏လိုအပ်ချက်များအတွက် တိုင်ပင်ရန် သူ့ဆရာနှင့်အတူ လိုက်ပါသွားသောကြောင့် ပေပါးပါးနှင့်ဖန်းမေယွီ တို့ကို ယခင်တည်းက တွေ့ဆုံဖူးလေသည်။

အထက်တန်းစား အသိုင်းအဝန်းမှ ဆင်းသက်လာသူ စုန့်ကျီလယ်သည် ပေပါးပါးကို ယဉ်ကျေးစွာ နှုတ်ဆက်ရန် သွားလိုက်သည်။

သို့သော် ပေကျစ်ယွမ်သည် လျင်မြန်စွာ သွားနေပြီး ဖန်းမေယွီကို ဓာတ်လှေကားထဲသို့ ဆွဲသွင်းလိုက်သည်။ တံခါးပိတ်တော့မည့်အချိန်တွင် စုန့်ကျီလယ်သည် ပေပါးပါး၏လက်လှမ်းပြသည်ကို မြင်လိုက်ရပြီး ဖန်းမေယွီ၏ နောက်ကျောအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကိုလည်း မြင်လိုက်ရသည်။

All Chapters