Chapter 98
Vol. 10 Ch. 98
ဖန်းမေယွီ အထိတ်တလန့်ဖြစ်သွားသည်။
ထိုအဖြစ်အပျက်သည်လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ဆယ်နီးပါးကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ဖြစ်သည်။ ပေမိသားစုတွင်နှစ်ပေါင်းများစွာရှိခဲ့ပြီး ပေဟန်လီနှင့်သူမဆုံသည်အခါတိုင်း သူ၏အမူအယာမှာ ထူးခြားမနာဖြစ်နေခဲ့သည်။ သူသည် သူမေ့သွားသည်မှာ ကြာပြီဟုထင်ခဲ့လေသည်။
“သခင်လေး သခင်လေးအဲတုန်းက ခုနစ်နှစ်ပဲရှိသေးတာမလား”
ခုနစ်နှစ်အရွယ်ကလေးတစ်ယောက်ကဘယ်လိုလုပ်အဲတာတွေကိုနားလည်နိုင်ရမှာလဲ။ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်ကတည်းက ကလေးဘဝမှတ်ဥာဏ်တွေကို တရားရုံးကိုတင်ပြလို့ရလို့လား။
ငယ်ရွယ်သည့် ရဲသားတစ်ဦးသည် အေးစက်စွာပြောလိုက်သည်။
“ဖန်းမေယွီ ကျွန်တော်တို့တွေ ပေဟန်လီကိုလူကုန်ကူးသွားတဲ့ လူကုန်ကူးသမားတွေကိုလည်း ဖမ်းမိပြီးပါပြီ”
ဖန်းမေယွီ: !!!!!!
ကလေးငယ်တစ်ဦး၏စကားအား များစွာထည့်တွက်ကြမည်မဟုတ်ပေ။ရှေ့နေသည် အချိန်များစွာကြာမြင့်သွားပြီဖြစ်ကာ ကလေးတစ်ဦး၏မှတ်ဥာဏ်မှာယုံကြည်၍မရကြောင်း ငြင်းခုံ၍ ကျော်သွားနိုင်လေသည်။ ထို့အပြင် ထိုအချိန်တွင်သူမသည် လူကုန်ကူးသူများကို ပေဟန်လီအားအဝေးတွင် ရောင်းစားဖို့ရာသေချာစေရန် သူသည် ၎င်းတို့ကပိုက်ဆံနှင့်ပင် လာဘ်ထိုးခဲ့လေသည်။
ပေဟန်လီသည် သူ၏မျက်လုံးအားအနည်းငယ်မှေးကျဥ်းလိုက်ကာ သူ၏အကြည့်ထဲတွင် အေးချမ်းသည့်အပြုံးတစ်ခုရှိနေလေသည်။ သူ၏လေသံမှာ အေးစက်နေသည်။
“ဒီနှစ်တွေအတွင်းမှာ ကျွန်တော်ဘယ်တုန်းကမှအဲဒီရာဇဝတ်သားတွေကို ရှာတာမရပ်ခဲ့ဘူး၊ ကျွန်တော်ဘယ်တုန်းကမှလက်မလျော့ခဲ့ဘူး”
သူသည် သူ၏ထောက်ခံချက်တစ်ခုတည်းနှင့်လုံလောက်မည်မဟုတ်ကြောင်း သိလေသည်။ ထိုကြောင့် သူသည် ထိုလူကုန်ကူးသူများအား ခြေရာခံဖို့လိုအပ်ကာ ဖန်းမေယွီနှင့်ပေပါးပါးအား တရားမျှတမှုမှမလွတ်မြောက်စေဖို့ရာ အာမခံနိုင်ဖို့လိုအပ်လေသည်။
ဖန်းမေယွီသည် မျက်နှာပျက်သွားသည်။ သူမ၏ခြေထောက်များသည် အားပျက်သွားကာ သူမကြမ်းပြင်ပေါ်သို့လဲကျသွားခဲ့သည်။
လူကုန်ကူသူများအား ဖမ်းမိထားပြီဖြစ်ကာ သူမသည်လည်း ရာဇဝတ်မှုမှမလွတ်မြောက်နိုင်တော့ပေ။
ပေပါးပါးသည် အပြစ်ရှိစိတ်များခံစားနေရသော်ညား သူသည် ဖန်းမေယွီကဲ့သို့ အမှားအား ဝန်မခံပေ။ စိတ်ပျက်အားငယ်စွာဖြင့် သူပြောလိုက်သည်။
“ရဲအရာရှိတို့ ဒီကြားထဲမှာအမှားတစ်ခုခုရှိရမယ် ကျွန်တော်က ပေဟန်လီရဲ့အဖေအရင်းပါ၊ ကျွန်တော်ကဘယ်လိုလုပ် ကျွန်တော်ရဲ့သားအရင်းကိုတမင်သက်သက် အပျောက်ခံမှာလဲ၊ အဲတာတွေအကုန် ဖန်းမေယွီလုပ်ခဲ့တာပါ သူမကအဲလောက်ယုတ်မာတဲ့ မိန်းမဆိုတာကိုကျွန်တော်လုံးဝမသိခဲ့ပါဘူး”
ဖန်းမေယွီ၏ မျက်လုံးများပြူးကျယ်လာသည်။ သူမလက်ထိပ်ခတ်ခံထားရသော်ညား သူမ၏ခြေထောက်အားပင့်လိုက်ကာ ပေကျစ်ယွမ်အား ကန်လိုက်သည်။
“ပေကျစ်ယွမ် ရှင်လူရောဟုတ်ရဲ့လား”
ပေပါးပါးသည် တုန်လှုပ်သွားကာ ရဲအရာရှိများသည် ဖန်းမေယွီအားအလျင်အမြန်ထိန်းလိုက်ကြလေသည်။
ပေပါးပါး: “မင်းရဲ့ရာဇဝတ်မှုတွေထဲကို ငါ့ကိုပါဆွဲထည့်မနေနဲ့ အဆိပ်ပြင်းတဲ့မိန်းမရဲ့”
ပေဟန်လီသည် သူ့အားအေးစက်စွာကြည့်ကာ
“ပါးပါး တကယ်ပဲ ဘာမှမသိဘူးလား”
ပေပါးပါးသည် သူ၏ခေါင်းအားချက်ချင်းခါလိုက်ကာ
“သေချာပေါက် မသိဘူးပေါ့ ပါးပါးတို့က သားအဖလေ၊ ပါးပါးဘယ်လိုလုပ်ဒီလိုနှလုံးသားမရှိတဲ့ ဟာကြီးကိုလုပ်နိုင်ရမှာလဲ”
“အဲတာဆိုရင် အဲတုန်းက ပါးပါးကျွန်တော်ကို အပန်းဖြေဥယျာဥ်ခေါ်သွားတုန်းက ပါးပါးဖန်းမေယွီကို မပြောခဲ့ဘူးဆိုရင် သူမကဘယ်လိုလုပ်သိသွားတာလဲ”
ပေပါးပါးသည် “သူမ ပါးပါးဆီကနေအချက်အလက်တွေခိုးခဲ့တာနေမှာပေါ့၊ ပါးပါးသူမကိုဘယ်တုန်းကမှ မပြောပြခဲ့ဘူး”
ဖန်းမေယွီသည် ဒေါသထွက်သွားကာသူ့အားထပ်ကန်ချင်ပါသော်ညား ရဲအရာရှိများသည် သူမအားဆွဲထားကြလေသည်။
သူမသည်သူ့အားတံတွေးလှမ်းထွေးလိုက်ကာ ကျိန်ဆဲလိုက်သည်။
“ပေကျစ်ယွမ် ကျွန်မအဲလိုလုပ်သင့်တယ်ဆိုပြီး သဲလွန်စပေးခဲ့တာရှင်ပဲလေ၊ ရှင်ပဲ ပေဟန်လီရှိနေသ၍ ယွဲ့ပိုင်နဲ့ကျွန်မက ပေမိသားစုကိုပြန်လာလို့မရနိုင်ဘူးဆို အခုကျမှကျွန်မအပေါ်ဘာလို့အကုန်ပုံချနေရတာလဲ ခွေးကောင်ရဲ့”
ပေပါးပါးသည် ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ကာ
“ငါမလုပ်ခဲ့ဘူး ငါအဲလိုအရာမျိုးကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး”
ပေဟန်လီသည် လှောင်ပြောင်လိုက်ကာ
“ပေကျစ်ယွမ်၊ ပါးပါးသာ မပါခဲ့ဘူးဆိုရင် ဘာလို့ကျွန်တော်ပျောက်သွားပြီးတော့ အဘိုးကို ကျွန်တော်အမေနဲ့ခရီးထွက်သွားပါတယ်ဆိုပြီး ပြောရတာလဲ”
ပေကျစ်ယွမ် အေးခဲသွားခဲ့သည်။
ပေဟန်လီအားစွန့်ပစ်ပြီးနောက် အချိန်ဆွဲရန်အတွက် သူသည် လူအိုကြီးပေအား ကတောက်ကဆ အနည်းငယ်ဖြစ်ပြီးနောက် ပေဟန်လီအမေသည် ပေဟန်လီအားခရီးတစ်ခုထွက်ရန်ခေါ်သွားသည်ဟု ပြောခဲ့သည်။
ထိုနည်းဖြင့် ပေဟန်လီပျောက်ဆုံးနေလျှင်တောင် လူအိုကြီးပေသည် ဘာမှသံသယဖြစ်မည်မဟုတ်ပေ။ ထို့အပြင် ပေဟန်လီ၏မိခင်သည် ပေမိသားစုထံသို့ပြန်လာချိန်တွင် သူမသားပျောက်ဆုံးနေသည်ကိုသိရှိသွားလျက် ပေပါးပါးသည် သူမအမှားဟူ၍ အကုန်လွှဲချလိုက်လို့ရကာ သူမအား သူမကလေးကို သေချာမစောင့်ရှောက်ခဲ့ခြင်းကြောင့်ဟု အပြစ်တင်၍ရနိုင်လေသည်။
သူသည် အရာအားလုံးအားတွက်ချက်ထားခဲ့ကာ ပေဟန်လီသည် ရဲအရာရှိတစ်ဦးမှ ပြန်လည်လိုက်ပို့ခဲ့ခြင်းခံရမည်ကိုတော့ မသိရှိခဲ့ပေ။
သူ့ကိုယ်သူဆက်လက်ကာကွယ်နိုင်ခြင်းမရှိတော့ကာ ပေပါးပါးသည် ရဲအရာရှိများခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။
ဖန်းမေယွီသည်လည်း အပြင်သို့ခေါ်ဆောင်သွားခံရကာ ဧည့်ခန်းကြီးသည် တိတ်ဆိတ်သွားခဲ့သည်။
လူအိုကြီးပေ၏မျက်နှာမှာ မဲမှောင်နေလေသည်။ သူပေမိသားစုအား ဦးဆောင်နေသမျှနှစ်များတစ်လျှောက် သူသည်ထိုကဲ့သို့ အရှက်ကွဲဖွယ်မြင်ကွင်းအား တစ်ခါမျှမမြင်ဖူးပေ။ သူ၏သားအရင်းသည် သူ၏စစ်မှန်သည့်ဆက်ခံသူအား အမြှောင်မယားနှင့်ခွေးသားလေးအတွက် စွန့်ပစ်လိုက်လေသည်။ အကယ်၍ထိုအရှုပ်တော်ပုံကြီးအား အများသိရှိသွားခဲ့လျှင် သူ၏ဂုဏ်သိက္ခာမှာ အဘယ်သို့ရောက်သွားမည်နည်း။
ပေယွဲ့ပိုင်သည်လဲ ထိတ်လန့်နေသည်။ သူသည် ပေဟန်လီအား တောင်းတောင်းပန်ပန်ကြည့်လိုက်ကာ
“ကော ကျွန်တော်တို့ကမိသားစုတွေမလား သူကလည်း မင်းရဲ့အဖေဖြစ်နေတုန်းပဲလေ၊ ကျေးဇူးပြုပြီး ကျွန်တော်တောင်းပန်ပါတယ် သူတို့ကိုလွှတ်ပေးလိုက်ပါ”
ပေဟန်လီသည် ခေါင်းအားအနည်းငယ်လှည့်ကြည့်ကာ သူ၏အကြည့်မှာအေးစက်နေလေသည်။
“မင်းကိုဘယ်သူက ငါ့ကိုကောလို့ခေါ်ခွင့်ပြုလိုက်တာလဲ”
နိမ့်ကျတဲ့ခွေးကောင်တစ်ကောင်က ဘယ်လိုတောင်ခေါ်ရဲရတာလဲ။
ပေယွဲ့ပိုင်သည် ပို၍ပင်လန့်ဖြန့်သွားသည်။ သူ၏တရားမဝင်အထောက်အထားများမှာ ယခုဖော်ထုတ်ခံရပြီဖြစ်သည်။ သူ၏ဖခင်မှာလည်း အဖမ်းဆီးခံလိုက်ရပြီဖြစ်ကာ သူ၏ပေမိသားစုအတွင်းရှိအနာဂတ်မှာ မည်သို့ဖြစ်သွားမည်နည်း။
“ကျွန်တော်က ပေမိသားစုရဲ့ဂုဏ်သိက္ခာအတွက်တွေးပေးတာ၊ တကယ်လို့ဒီကိစ္စသာပေါက်ကြားသွားမယ်ဆိုရင် ဆုံးရှုံးမှုတွေက…”
“မင်း ငါ့ကိုသတိပေးလိုက်တာပဲ”
ပေဟန်လီသည် မဲ့ပြုံးပြုံးလိုက်ကာ လူအိုကြီးပေဘေးရှိ စတီဝက်ဒ်ချန်းအား ကြည့်လိုက်ရင်း
“စတီဝက်ဒ်ချန် ဒီအမှိုက်ကို ပေအိမ်တော်ထဲကနေ ပစ်ထုတ်လိုက်တော့”
ပေယွဲ့ပိုင်ဖြူဖျော့သွားခဲ့သည်။
လူအိုကြီး၏ မာနသည်လည်း ထိခိုက်သွားကာ
“ဟန်လီ ငါကမိသားစုရဲ့ခေါင်းဆောင်ဖြစ်သေးနေတယ်၊ ငါအမိန့်မပါပဲနဲ့ မင်းမှာဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိဘူး”
ပေဟန်လီသည် သူ၏လက်အားဆန့်ထုတ်လိုက်ကာ သူ၏လက်ထောက်သည် ပိုင်ဆိုင်မှုစာချုပ်အား သူ့လက်ထဲသို့ထည့်ပေးလိုက်သည်။ သူသည်ထိုစာချုပ်အားလှန်လှောလိုက်ကာ အိမ်တော်၏လိပ်စာနှင့်အိမ်ပိုင်ရှင်နာမည်မှာ ပေဟန်လီဖြစ်လေသည်။
လူအိုကြီးပေသည် အံ့ဩသွားခဲ့သည်။
ပေဟန်လီသည် အေးဆေးစွာဖြင့်ပြောလိုက်သည်။
“ဒီစံအိမ်ကအစတုန်းကတော့ အဘိုးရဲ့နာမည်နဲ့ပါ ဒါပေမဲ့ပေကျစ်ယွမ်က ထျန်ဟွေ့ရဲ့အကြွေးတွေကိုဖုံးဖို့အတွက် တိတ်တဆိတ်ပေါင်ခဲ့တာ၊ အခုဒါကကျွန်တော်အိမ်ဖြစ်သွားပြီ ကျွန်တော်ရဲ့အိမ်ထဲကနေ ဒီခွေးကောင်ကိုနှင်ထုတ်တာ ဘာမှားနေလို့လဲ”
သူသည် စတီဝက်ဒ်ချန်းအား တစ်ချက်ကြည့်လိုက်သည်။
နားလည်သွားသည့် စတီဝက်ဒ်ချန်းသည် သက်တော်စောင့်များအားခေါ်ကာ ပေယွဲ့ပိုင်အား ဆွဲထုတ်သွားခဲ့သည်။
ပေယွဲ့ပိုင်သည်အော်ဟစ်ကာ
“ပေဟန်လီ ဒါကအဘိုးရဲ့အိမ်ပဲ မင်းဒီလိုလုပ်လို့မရဘူး”
စတီတက်ဒ်ချန်းသည် လျင်မြန်စွာပဲ ပေယွဲ့ပိုင်ထပ်၍မအော်နိုင်အောင် သူ၏ပါးစပ်အားလှမ်းပိတ်လိုက်လေသည်။
ထိုအချိန်တွင် လူအိုကြီးပေသည် သူအယုံကြည်ရဆုံးဖြစ်သည့် စတီဝက်ဒ်သည်လည်း ပေဟန်လီ၏ လူဖြစ်သည် ကိုသဘောပေါက်သွားခဲ့သည်။
လူအိုကြီးပေ သက်ပြင်းချလိုက်ကာ သူ၏အကြည့်တွင် အသိမှတ်ပြုမှုနှင့် အလျော့ပေးမှုများရောနှောနေလေသည်။
“မင်း ငါ့မျက်စိရှေ့မှာတင် ငါ့လိုလွန်ဆန်ရဲနေတာ မင်းမှာဖုံးထားတဲ့လှည့်ကွက်တွေရှိသေးတယ်ထင်တယ်၊ ဟုတ်တယ်မလား”
ပေပါးပါးသည် သူနှင့်လုံးဝမတူပေ။ ပေယွဲ့ပိုင်သည်လည်း သူနှင့်မတူပေ။ သို့ပေမဲ့ လူအိုကြီးပေသည် ပေယွဲ့ပိုင်မှာသူနှင့်တူညီလေသည်ဟု အမြဲထင်ခဲ့သည်။ အကယ်၍ သူသာ သူ့အားပေါ်ပေါ်ထင်ထင်ဆန့်ကျင်ရဲလျှင် သူတွင်ပိုကြီးမားသည့် အရာအားလျို့ဝှက်ထားသည်ဟုဆိုလိုလေသည်။
ပေဟန်လီသည် မငြင်းပေ။
“အဘိုးမှာ ပေလုပ်ငန်းစုရဲ့ရှယ်ယာ ဆယ်ငါးရာခိုင်နှုန်းရှိတယ်၊ ပြောရရင် ရှယ်ယာအများဆုံးရှိတဲ့သူပဲ ဒါပေမဲ့ အခု ကျွန်တော်မှာရှယ်ယာ ဆယ့်ခြောက်ရာခိုင်နှုန်းရှိတယ်”
လူအိုကြီးပေသည် သူ၏မျက်လုံးများအားမှေးကျဥ်းလိုက်ကာ
“မမေ့နဲ့ဦးလေ အဘိုးမှာ ကျစ်ယွမ်နဲ့ယွဲ့ပိုင်ရဲ့ ရှယ်ယာတွေရှိသေး”
သူသည် ပြောနေရင်းရပ်တန့်သွားကာ သူ၏မုတ်ဆိတ်မွေးများသည် အနည်းငယ်တုန်ယင်လာသည်။
“မင်းမှာ သူတို့ရဲ့ရှယ်ယာတွေရော ရှိနေတာလား”
ပေဟန်လီခေါင်းငြိမ့်လိုက်သည်။
ပေကျစ်ယွမ်သည် မာနကြီးကာမိုက်မဲလေသည်။ ဤနှစ်များအတွင်း ပေဟန်လီသည် သူ၏ပေလုပ်ငန်းစုထဲရှိ ရှယ်ယာများအားတဖြေးဖြေး စုပ်ယူရန်ထောင်ချောက်များဆင်ထားခဲ့သည်။ ပေယွဲ့ပိုင်၏ တစ်ရာခိုင်နှုန်းမှာမူ ပို၍ပင်လွယ်ကူခဲ့သည်။ ထျန်ဟွေ့၏ကျရှုံးသွားသည့် ပရောဂျက်များသည် သူအားရန်ပုံငွေအတွက် စိုးရိမ်စေခဲ့ကာ သူ၏ရှယ်ယာများအား ပေါင်နှံဖို့ဖြစ်စေခဲ့သည်။ ယခု ထျန်ဟွေ့ဒေဝါလီခံရခါနီးအချိန်တွင်မူ ထိုရှယ်ယာများသည် ပေဟန်လီလက်ထဲသို့ ရောက်လာခဲ့လေသည်။
ပူနွေးသည့်ရေထဲတွင် အပြုတ်ခံထားရသည့် ဖားတစ်ကောင်ကဲ့သို့ ပေဟန်လီသည်လည်း ပိုက်ကွန်အားယက်ထားလေသည်။ ယခုအချိန်တွင်တော့ ထိုပိုက်ကွန်အားတင်းတင်းကြပ်ကြပ်ဆွဲဖို့ရာ အချိန်တန်ပြီဖြစ်သည်။
သူသည်ပေကျစ်ယွမ်အား ဖန်းမေယွီနှင့်အတူပူးပေါင်း၍ သူ့အားစွန့်ပစ်ရန်လုပ်ခဲ့ခြင်းကြောင့် မုန်းလေသည်။
ပြီးလျှင် သူသည်ပေယွဲ့ပိုင်မှာ သူ့ထံမှကျုံချင်းယွီအားခိုးယူခဲ့ခြင်းကြောင့် မုန်းလေသည်။
သူသည် လူအိုကြီးပေအားပို၍ပင် ဒေါသထွက်လေသည်။ ယမန်အချိန်များတွင် ထိုလူအိုကြီးသည် တရားမဝင်ကလေးဖြစ်သည့်ပေယွဲ့ပိုင်အား ပေမိသားစုထံသို့ပြန်လာရန် ခွင့်ပြုပေးခဲ့လေသည်။
အကယ်၍ လူအိုကြီးသာထိုသို့မလုပ်ခဲ့လျှင် သူသည်လည်း ထိုမျှအထိလုပ်မည်မဟုတ်ပေ။
“အဖိုးအတွက်ကတော့ တစ်ဦးတည်းသောသားကို အရှုံးသမားတစ်ယောက်အဖြစ်ပျိုးထောင်ခဲ့မိတာက အဘိုးကိုမြေးတွေအတွက်ပိုပြီး မျှော်လင့်ချက်တွေထားစေခဲ့တယ်၊ နှစ်ယောက်ကြားကပြိုင်ဆိုင်မှုတွေက ပေလုပ်ငန်းစုအတွက် ပိုသန်မာတဲ့ဆက်ခံသူကို ဖြစ်လာစေဖို့သေချာပါတယ်”
“ဒါပေမဲ့ ကျွန်တော်လက်မခံနိုင်ဘူး”
“နှစ်ရက်အတွင်းမှာ လုပ်ငန်းစုက ဥက္ကဌအသစ်ရွေးဖို့အတွက် ရှယ်ယာရှင်အစည်းအဝေးကျင်းပလိမ့်မယ်၊ အဘိုး အဘိုးလည်း အသက်ကြီးလာနေပြီ အနားယူဖို့အချိန်ကျပြီလေ”
သတင်းထောက်များသည် ပေမိသာစုအိမ်တော်အပြင်ဘက်တွင် စောင့်နေကြသည်။
ပေမိသားစု၏ဒုတိယသခင်လေးမှာ တရားမဝင်သားဖြစ်ပြီး ပေကျစ်ယွမ်းသည် အိမ်အလုပ်သမားနှင့် ဖောက်ပြန်နေသည်ဆိုသည့် သတင်းပေါ်ထွက်လာပြီးနောက် ထိုသတင်းများသည် သတင်းခေါင်းစဥ်များအား ပေါက်ကွဲထွက်သွားစေဖို့လုံလောက်လေသည်။ အွန်လိုင်းလူကြိုက်များမှုများသည်လည်း ပြင်းထန်ကာ ပေအိမ်တော်အပြင်ဘက်ရှိ ရိုးရှင်းသည့်ရိုက်ချက်အနည်းငယ်ပင်လျှင် ထိုကိစ္စကြီးအား အရှိန်မြှင့်စေခဲ့သည်။
သို့ပေမဲ့ ထိုမြင်ကွင်းအားချောင်းမြောင်းနေရင်း ပေအိမ်တော်ထဲသို့ ရဲကားများဝင်ရောက်လာသည်ကိုမြင်လိုက်ရမည် ဟုမထင်ထားခဲ့ပေ။ သိပ်မကြာခင်ပင်လျှင် ၎င်းတို့သည် ပေကျစ်ယွမ်နှင့်ဖန်းမေယွီတို့ ရဲအရာရှိများခေါ်ဆောင်သွားသည်ကို ဖမ်းယူရရှိလိုက်လေသည်။
သေစမ်း စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကနေအခု ရာဇဝတ်အနေနဲ့ကူးပြောင်းသွားပြီလား။
သတင်းထောက်များသည် တုန်လှုပ်ခြောက်ချားသွားကာ အသေးစိတ်အချက်အလက်များအားသိရှိရန်အတွက် ရှေ့သို့တိုးလာကြသော်လည်း ရဲအရာရှိများသည် စုံစမ်းစစ်ဆေးနေချိန်အတွင်း အသေးစိတ်အချက်အလက်များအား ထုတ်ပြောမည်မဟုတ်ပေ။ ရဲကားများသည် လူအုပ်များကြားမှအရှိန်တင်ကာထွက်သွားကာ ရဲကားသံများဆူညံနေလေသည်။
ကံကောင်းစွာဖြင့် ပေဟန်လီသည် ၎င်းအားကြိုတွေးထားခဲ့ကာ သူသည် သူ၏လက်ထောက်အား ထိုပြင်ပရှိအရူးအမူးဖြစ်နေသည့် မီဒီယာများအားကိုင်တွယ်ရန်ပြောခဲ့သည်။
[!!!]
[ဘာတွေဖြစ်နေတာလဲ၊ ငါအစကဒါကဒီတိုင်းချမ်းသာတဲ့မိသားစုတွေရဲ့ ပြဿနာလို့ထင်ထားခဲ့တာ ဒါပေမဲ့ အဲတာကရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဖြစ်နေတာလား]
[သားရဲတွေတောင်မှ သူတို့ရဲ့ကလေးတွေကိုအန္တရယ်မပေးဘူး ပေကျစ်ယွမ်ကဘယ်လိုမကောင်းဆိုးရွားမျိုးလဲ၊ လူကုန်ကူးတဲ့သူတွေဆီကို ကလေးကိုစွန့်ပစ်လိုက်တာလား]
[ဒီနေ့ခောတ် အင်တာနက်သုံးစွဲသူတွေကငယ်သေးတာပဲ သူတို့တွေအရင်တုန်းကအတင်းတွေကိုမသိကြဘူး၊ ပေမိသားစုရဲ့ဦးဆောင်သူက လက်မထပ်ခင်တုန်းက အချစ်ဦးရှိခဲ့ဖူးတယ် သူတို့တွေလမ်းခွဲပြီးတဲ့နောက်မှာ ပေဟန်လီကအချိန်မတန်ခင်မွေးလာခဲ့တာပဲ ပြီးတော့ပေကျစ်ယွမ်ကသူ့ကို သူ့ရဲ့သားအရင်းမဟုတ်လောက်ဘူးဆိုပြီး သံသယဝင်ခဲ့ဖူးတယ်၊ DNA စစ်ဆေးချက်ကတော့ သားအဖတွေလို့ပြပေမဲ့လည်း နာကြည်းမှုကတော့ဆက်ရှိနေတုန်းပဲ]
[LMAO ငါကြားဖူးတာကျတော့ ပေကျစ်ယွမ်က လုံးဝအပျိုစစ်အစစ်ကို လိုချင်ခဲ့ပြီးတော့ သူ့ရဲ့အမျိုးသမီးကို အပျိုစစ်မဟုတ်တော့တဲ့အတွက် ပြစ်တင်ခဲ့သေးတယ်တဲ့၊ သူကျတော့ဖန်းမေယွီနဲ့နှစ်နှစ်ဆယ်ကျော်လောက်အတူနေခဲ့ပြီးတော့ ကြောင်သူတော်ပဲ]
[ငါလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သတင်းကိုရှာတွေ့ပြီ အဲတုန်းကတကယ်ပဲ ကလေးလူကုန်ကူးမှုရှိခဲ့ဖူးတယ်]
[ကျုံလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဆီကပြောကြားချက်အရ သူနဲ့သူရဲ့သမီးက တောင်ပေါ်မှာပရဟိလုပ်နေတဲ့အချိန်မှာ လူကုန်ကူးတာနဲ့ကြုံပြီး ကလေးအများကြီးကိုကယ်တင်နိုင်ခဲ့တယ်တဲ့]
[ကျုံလုပ်ငန်းစု ကျုံချင်းယွီရဲ့ မိသားစုလား]
[အမှန်ပဲ၊ ကျုံလုပ်ငန်းစုရဲ့ တရားဝင်ဝက်ဆိုက်ဒ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သူတို့ရဲ့ပရဟိတလုပ်တဲ့မှတ်တမ်းတွေရှိတယ်]
[ဘုရားရေ၊ အဲတာဆို အဲတုန်းကပေဟန်လီကိုကယ်ခဲ့တဲ့သူက မစ္စကျုံပေါ့]
[ပေဟန်လီသူမကို The Journey မှာကောင်းကောင်းမွန်မွန်ဆက်ဆံတာအံ့ဩစရာမရှိပါဘူး]
[သူတို့နဲ့ထိုက်တာကိုပေးလိုက်၊ ပေယွဲ့ပိုင်နဲ့သူရဲ့မိသားစုအကုန်လုံးကအမှိုက်တွေပဲ]
[ထောင်ထဲမှာပဲ သူတို့အကုန်အရိုးဆွေးသွားကြပါစေ]
ထိုအချိန်တွင်
ယန်ရှီနှင့်ကျုံချင်းယွီသည် ဟိုင်ရွေ့ဟိုတယ်ထဲမှာထွက်လာကြသည်။
နိုဝင်ဘာညသည် အနည်းငယ်အေးကာ လမ်းသွားလမ်းလာများသည် လေအေးများတိုက်ခတ်လာလျှင် ၎င်းတို့၏ပုခုံးအားအလိုလိုကျုံ့လိုက်မိကြလေသည်။
Roll Royce တစ်ဦးသည်အဝင်ဝတွင်ရပ်နေကာ ကျုံယန်စီသည်ကားတံခါးအား မှီထားကာရပ်နေလေသည်။ ယန်ရှီအားတွေ့လိုက်သည်နှင့် သူသည်သူ၏အပေါ်အင်္ကျီအားချွတ်ပေးကာ သူမ၏ပုခုံးပေါ်သို့တင်လိုက်သည်။
“ပါးပါးလေးဝတ်လာတာ မင်းမအေးဘူးလား”
“အဆင်ပြေပါတယ်၊ ဟိုတယ်မှာအပူပေးစက်အပြည့်ဖွင့်ထားပါတယ်”
ယန်ရှီသည် တုန်ဆိုင်းသွားကာ အပေါ်ဝတ်အင်္ကျီအားချွတ်လိုက်ပြီးနောက် ကျုံချင်းယွီဘက်သို့လှည်ကာ
“ချင်းယွီ နင်ဝတ်ထားတာတွေကနည်းလွန်းတယ်၊ ဒီမှာ ဒါကိုယူလိုက်”
ယန်ရှီသည် အနည်းဆုံးတော့လက်ရှည်ဝတ်ထားလေသည်။ ကျုံချင်းယွီမှာမူ သက်တောင့်သက်သာရှိမှုထက် စတိုင်အားပိုအသားပေးသည်ဖြစ်၍ ရင်ပြတ်အင်္ကျီအားရွေးချယ်ဝတ်ဆင်ထားသည်ဖြစ်ကာ သူမအေးခဲနေလောက်မည်ဖြစ်သည်။
ကျုံချင်းယွီ ဘာမှပြန်မပြောနိုင်ခင်ပင် စုန့်ကျီလယ် သည်သူ၏ကုတ်အင်္ကျီအားသူမအပေါ်လွှမ်းခြုံပေးလိုက်ပြီဖြစ်သည်။
ကျုံချင်းယွီသည် သူအားအသိအမှတ်ပြုသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ ယန်ရှီအားပြန်ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ငါကျုံယန်စီရဲ့အင်္ကျီကိုဝတ်မှာမဟုတ်ဘူး၊ နင်ပဲဝတ်ထားလိုက်”
“ဪ”
ယန်ရှီသည် အပေါ်ဝတ်အင်္ကျီအားဝတ်လိုက်ကာ ကျုံယန်စီသည် သူမ၏ဆံပင်အားညင်သာစွာပွတ်သပ်ပေးလေသည်။
ကျုံချင်းယွီသည် မျက်လုံးလှန်လိုက်ကာ ပူပူနွေးနွေးအတွဲလေးတွေက တကယ်အဆိုးဆုံးပဲ။ ကျုံယန်စီတကယ်ပဲ ယန်ရှီကို လူကိုယ်တိုင်လာကြိုဖို့လိုလို့လား။ သူမသူ့ကိုအိမ်ကိုခေါ်လာနိုင်တာပဲ။
“ချင်းယွီ”
စုန့်ကျီလယ်ခေါ်လိုက်သည်။
“ကျုံယန်စီလည်း ဒီရောက်နေပြီဆိုတော့ ကိုယ်သွားလိုက်တော့မယ်နော်”
သူသည်သူမအား အိမ်လိုက်ပို့ရန်ရည်ရွယ်ထားသော်ညား ကျုံယန်စီရောက်လာချိန်တွင်တော့ သူ့အားမလိုအပ်တော့ပေ။
ကျုံချင်းယွီသည် ခေါင်းငြိမ့်လိုက်ကာ
“ကောင်းပြီ နောက်မှတွေ့ကြမယ်”
စုန့်ကျီလယ်သည် ပြန်ဖို့ရာလှည့်ထွက်လာကာ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက်တွင် အံကြိတ်ကာ နောက်သို့ပြန်လှည့်လာခဲ့သည်။
သူသည်ကျုံချင်းယွီနှင့်မျက်နှာချင်းဆိုင်လိုက်ကာ သတ္တိများအားစုစည်းလိုက်ရင်း
“ပေဟန်လီက ဖန်းမေယွီနဲပေကျစ်ယွမ် တို့အကြောင်းကိုတစ်ချိန်လုံးသိနေခဲ့တာ၊ သူ မဖော်ထုတ်ခဲ့တာက မင်းပေယွဲ့ပိုင်ကိုသဘောကျနေတာမလို့ပဲ”
ကျုံချင်းယွီ၏မျက်လုံးများအနည်းငယ် ပြူးကျယ်လာကာ
“ဘာလို့ ကျွန်မကိုဒါတွေလာပြောပြနေတာလဲ”
စုန့်ကျီလယ်သည် သူမအားလိုက်နေသည်ဖြစ်ကာ သူ၏ပြိုင်ဘက်ကောင်းကြောင်းအား သူအဘယ်ကြောင့်ပြောပြသနည်း။
စုန့်ကျီလယ်သည် ခါးသီးစွာပြုံးလိုက်ကာ
“ကိုယ်မပြောချင်ပါဘူး ဒါပေမဲ့ မင်းအပေါ်ထားတဲ့သူ့ရဲ့ကြင်နာမှုကိုဖုံးကွယ်ထားလိုက်ရင် ကိုယ့်ကိုစက်ဆုပ်စရာဖြစ်စေလိမ့်မယ်”
ဤသည်မှာ စုန့်ကျီလယ်၏ပုံစံပင်ဖြစ်သည်။
ပျော်ရွှင်သည့်မိသားစုနှင့်ဖြောင့်ဖြူးသည့် ဘဝခရီးလမ်းဖြင့် သူသည်သူ့၏ကိုယ်ကျင့်တရားအားစောင့်ထိန်းလေသည်။
သူသည် ကျုံချင်းယွီမှာ ပေဟန်လီအတွက်ခံစားချက်များရှိနေသည်ကိုသိသည်။ သူ့တွင်မျှတစွာယှဥ်ပြိုင်ဖို့ရာအတွက် ပြဿနာမရှိပေ။ သို့ပေမဲ့ အမှန်တရားအားတမင်တကာဖုံးကွယ်ထားခြင်းသည် စည်းကျော်ခြင်းဖြစ်လေသည်။
သူသည် သူမအတွက်တိုက်ခိုက်ပေးနိုင်သည်။ သူမအတွက်တိုက်ခိုက်ပေးချင်သည်။ သို့သော်ညီမျှစွာဖြင့်သာဖြစ်သည်။
ကျုံချင်းယွီရယ်မောလိုက်သည်။ နှစ်ပေါင်းများစွာကြာသွားသော်ညား စုန့်ကျီလယ်သည် မပြောင်းလဲသေးပေ။
ဥာဏ်ကောင်းတယ်၊ ကြင်နာတယ်၊ တောက်ပတယ်၊ ဖြောင့်မတ်တယ် အရင်အချိန်များတွင် သူမအကြိုက်နှစ်သက်ဆုံးအရာမှာ သူ့အားစည်းမျဥ်းများအားချိုးဖျက်စေရန် စနောက်ခြင်းဖြစ်ကာ စံပြကျောင်းသားအားချော့မော့၍ သူမ၏အိမ်စာများအား လုပ်ခိုင်းခြင်းဖြစ်သည်။
သူမသည် စုန့်ကျီလယ်ကောင်းမွန်သည်ကို အမြဲသိခဲ့သည်။ သူ၏အချစ်သည် ဖြူစင်ကာ ချွင်းချက်မရှိပေးဆပ်ခြင်းဖြစ်သည်။ သို့ပေမဲ့ ထိုအရာအား တစ်ပုံစံတည်းပြန်တောင်းဆိုလေသည်။
ကျုံချင်းယွီသည်လည်း ထိုကဲ့သို့မလုပ်ပေးနိုင်ပေ။
“စုန့်ကျီလယ် ကျွန်မတို့တွေကပြီးသွားပြီ”
သူသည်တောင့်တင်းသွားကာ
“မင်းပေဟန်လီဆီကို ပြန်သွားပြီးတော့ ကိုယ့်ဆီကျတော့ဘာလို့ပြန်မလာချင်တာလဲ”
“အဲတာကပြန်သွားတာမဟုတ်ဘူး”
ကျုံချင်းယွီအေးအေးဆေးဆေးလေးပြောလိုက်သည်။
“ကျွန်မတို့တွေဘယ်တုန်းကမှ မပြီးပြတ်သွားခဲ့တာပဲ”
လွန်ခဲ့သည့်နှစ်နှစ်တွင် သူမ ပေယွဲ့ပိုင်အားမည်ကဲ့သို့သဘောကျသွားသည်ကိုမသိပေ။ သို့သော် ယခုပြန်ကြည့်လျှင် ပေဟန်လီနှင့်အရာများသည် အမှန်တကယ်နိဂုံးချုပ်ခဲ့ခြင်းမရှိပေ။
ထို့အပြင် ပေဟန်လီသည် သူမအားတစ်ချိန်လုံးစောင့်နေပေးပုံပေါ်သည်။
စုန့်ကျီလယ်၏အသံမှာ တုန်ယင်လာကာ
“မင်းသူ့ကိုချစ်လား”
“အချစ်မဟုတ်ဘူး”
ထိုစကားလုံးသည် ကျုံချင်းယွီနှင့်ဝေးကွာနေသကဲ့သို့ဖြစ်သည်။
“ကျွန်မလိုလူမျိုးကဘယ်သူကိုမှ တစ်ရာရာခိုင်နှုန်းမချစ်နိုင်ပါဘူး၊ ကျွန်မကတစ်ခြားသူဆီကနေပဲ တစ်ရာရာခိုင်နှုန်းကိုလက်ခံတတ်တာ အဲတာကြောင့် ကျွန်မတို့တွေလမ်းခွဲခဲ့တာပဲလေ စုန့်ကျီလယ်”
သူ၏ ဖခင်သဘောထားများသည်လည်း ယင်း၏အစိတ်အပိုင်းများထဲတွင်ပါဝင်လေသည်။ သူထိန်းချုပ်ချင်လာသည့်အချိန်များတွင် သူမထံမှအနည်းငယ်ချော့မော့ခံလိုက်ရလျှင်ပင် သူပျော့သွားလေသည်။ အကယ်၍ သူမသည်အိပ်ချင်သည်ဟုညည်းနေလျှင် သူသည်သူမအားတင်းကြပ်စွာဖက်ထားပေမည်ဖြစ်သည်။ အကယ်၍သူမရေခဲမုန့်စားချင်နေလျှင် သူသည်သူမအားဆူကာ သူမရာသီလာချိန်တွင်သူမ၏ဗိုက်အားနိပ်နယ်ပေးမည်ဖြစ်သည်။ ကျောင်းတက်နေစဥ်အချိန်များတွင် သူမအိမ်စာမလုပ်လာခဲ့လျှင် သူသည်သူမအတွက် တိတ်တဆိတ်မရေးပေးခင်တွင် သူမအားသင်ပြပေးမည်ဖြစ်သည်။
၎င်းတို့၏ ပဋိပက္ခများသည် တကယ့်ပြဿနာမဟုတ်ပေ။
အမှန်မှာ ကျုံချင်းယွီသည် သူလိုအပ်သည့် နှလုံးသားတစ်ခုလုံးထံမှ အချစ်အားမပေးနိုင်ခြင်းဖြစ်သည်။ ထိုကြောင့်သူသည် စိတ်မလုံမခြုံဖြစ်လာကာ စိုးရိမ်စိတ်ကြီးလာပြီး ရန်ခဏခဏဖြစ်ခဲ့ရလေသည်။
ကျုံချင်းယွီသည် အလွန်ပင်စိတ်ကုန်သွားကာ နောက်ဆုံးတွင် လမ်းခွဲရန်ပြောခဲ့သည်။
“အဲတာဆို ပေဟန်လီ သူကမင်းအတွက်သင့်တော်တယ်လို့ထင်လား”
ကျုံချင်းယွီသည် စဥ်းစားကားသူမ၏ခေါင်းငြိမ့်လိုက်သည်။
“ဖြစ်နိုင်တာပဲ၊ ဘယ်သူသိနိုင်မှာလဲ ဘဝကရှည်လျားတယ်လေ”
စုန့်ကျီလယ်သည် အသဲကွဲကာထွက်ခွာသွားပြီး ကျုံချင်းယွီမှာမူပုံမှန်ပင်ဖြစ်ကာ ယန်ရှီထွသို့ပြန်လာခဲ့သည်။
ယန်ရှီသည် စုန့်ကျီလယ်အား စာနာနေကာ
“နင်သူ့ကိုငြင်းလိုက်တာလား”
ကျုံချင်းယွီသည် ပုခုံးတွန့်လိုက်ကာ
“ငါသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်တာပါ”
ပေယွဲ့ပိုင်နှင့်ဆိုးရွားသည့် လမ်းခွဲမှုနှင့်ယှဥ်လျှင် စုန့်ကျီလယ်နှင့်မှာ ပုံမှန်အနေအထားပင်ဖြစ်သည်။
စုန့်ကျီလယ်သည် ကျုံချင်းယွီအားအမြဲတစေအထင်ကြီးလေသည်။ သူမသည် ယောက်ျားလေးများ၏ခံစားချက်များနှင့်ကစားရသည်ကို သဘောကျလေသည်။ ထိုသို့ကစားဖို့ထိုက်တန်သည့် လူများနှင့်သာဖြစ်သည်။
ညသည် တဖြေးဖြေးနက်လာကာ ဟိုတယ်ဝင်ပေါက်သည် ယာယီရပ်နားရာဖြစ်သည်။ Rolls-Royce သည် ထိုနေရာတွင်ပါကင်ထိုးထားလို့မရနိုင်သောကြောင့် ၎င်းတို့သုံးဦးသည် ထွက်သွားဖို့ရာပြင်လိုက်လေသည်။
ကျုံယန်စီသည် တံခါးအားဖွင့်လိုက်ကာ ယန်ရှီသည်ချော့မွေ့စွာအနောက်ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး ကျုံချင်းယွီသည်လည်း ကပ်ပါသွားကာ သူမဘေးတွင်ထိုင်နေလေသည်။
ကျုံယန်စီသည် နှစ်စက္ကန့်မျှအေးခဲသွားခဲ့သည်။
ကျုံချင်းယွီ သူ့အားကြည့်လိုက်ကာ
“နင်ဘာဖြစ်နေတာလဲ အရှေ့မှာထိုင်လေ၊ လူသုံးယောက်အနောက်ခုံမှာက အရမ်းကြပ်လွန်းတယ်”
ကျုံယန်စီ: “.....”
“မင်းရဲ့ကားကရော”
“အရင်းအမြစ်တွေကိုချွေတာတာကဂုဏ်ယူစရာပါ၊ မိသားစုတွေကကားနှစ်စီးမောင်းစရာလိုလို့လား”
ကျုံယန်စီ; ??????
ဘယ်အချိန်ကနေစပြီး ကျုံချင်းယွီကအရင်းအမြစ်တွေချွေတာဖို့ ဂရုစိုက်တတ်သွားတာလဲ။
ဟိုတယ်တံခါးစောင့်သည် ကားမောင်းသမားအား အခြားကားတစ်စီးဝင်ဖို့ရာလိုသည်ဟု ယဥ်ကျေးစွာသတိပေးလိုက်သည်။ Rolls-Royce အား ဝင်ပေါက်တွင်ဆက်၍မထားနိုင်သည်ဖြစ်ကာ ကျုံယန်စီသည် ညည်းညူကာခရီးသည်ထိုင်ခုံတွင်ထိုင်လိုက်ရသည်။
ထိုအချိန်တွင် ကျုံချင်းယွီသည်သူ့အားလုံးဝလျစ်လျူရှူထားကာ ယန်ရှီနှင့်အတင်းအဖျင်းများပြောနေပြီဖြစ်သည်။
အစောပိုင်းတွင် ၎င်းတို့သည် ပေပါးပါးနှင့်ဖန်းမေယွီ၏အိမ်ထောင်ရေးဖောက်ပြန်မှုကိစ္စအား တွေ့မြင်ခဲ့ရကာ ယခုအင်တာနက်တွင် ရုတ်ရုတ်သဲဖြစ်နေကြပြီဖြစ်သည်။
ပေပါးပါးနှင့်ဖန်းမေယွီ၏မျက်နှာများသည် အရှုပ်တော်ပုံအသစ်များဆက်ပေါ်နေကာ ၎င်းတို့နှင့်ဆုံဖူးကြသည့် အင်တာနက်သုံးစွဲသူများသည်လည်း ၎င်းတို့၏အကြောင်းအရာများအား ပြန်လည်မျှဝေနေကြသည်။
[ငါသူတို့နှစ်ယောက်ကို R နိုင်ငံမှာလွန်ခဲ့တဲ့ ငါးနှစ်တုန်းကတွေ့ဖူးတယ်၊ ငါ့မှာပုံတောင်ရှိသေးတယ်]
[ငါလည်းသူတို့ကို ဟိုင်ရွေ့ဟိုတယ်မှာ မြင်ဖူးတယ်]
[ဝမ်းနည်းဖို့ကောင်းလိုက်တာ မဒမ်ပေဆုံးသွားတာကသုံးနှစ်လောက်ပဲရှိသေးတာကို သူတို့တွေကခိုးစားနေတာဒီလောက်တောင်ကြာပြီပေါ့]
[ငါပေကျစ်ယွမ်ကို သစ္စာရှိတယ်လို့ခေါ်ရမလား မခေါ်ရဘူးလားမသိတော့ဘူး]
[အမြှောင်မယားကို သစ္စာရှိတာလား ရွံ့စရာကောင်းလိုက်တာ]
ပေပါးပါးနှင့် ဖန်းမေယွီတို့၏ ရုတ်ညံ့မှုများ ထွက်ပေါ်လာ ၎င်းတို့၏နှစ်နှစ်ဆယ်ကြာ လျို့ဝှက်တွေ့ဆုံမှုများအား အပြည့်အဝမလျို့ဝှက်နိုင်ပေ။
“ဘယ်လိုတောင်ရှက်စရာလဲ”
ကျုံချင်းယွီ သက်ပြင်းချလိုက်သည်။
“ဒါတွေအကုန်လုံးပေါ်သွားရင်တောင်မှ တရားမဝင်ကလေးကလည်း ဆက်ခံပိုင်ခွင့်ရှိသေးတာကြောင့်မလို့ ပေဟန်လီ ပေယွဲ့ပိုင်ကိုဘာမှသိပ်လုပ်လို့ရမှာမဟုတ်ဘူး”
“အသေအချာကြီးတော့မဟုတ်ဘူး”
ထိုအသံသည် အရှေ့ခုံတွင်ထိုင်နေသည့် ကျုံယန်စီထံမှဖြစ်သည်။
ယန်ရှီနှင့်ကျုံချင်းယွီသည် သူ့ထံချက်ချင်းတိုးကပ်လာကြသည်။
“သတင်းတွေရှိတာလား”
ကျုံချင်းယွီမေးလိုက်သည်။
ကျုံယန်စီ: “ငါနဲ့ ပေဟန်လီ အင်တာနက်ကုမ္ပဏီအသစ်လေးတွေကို လိုက်ပြီးရင်းနှီးမြုပ်နှံခဲ့ကြသေးတယ်၊ ငါကအခုထိရှယ်ယာရှင်ဖြစ်နေသေးပေမဲ့ ပေဟန်လီကသူ့ရဲ့ရှယ်ယာတော်တော်များများကိုရောင်းခဲ့တယ်၊ သူကအဲတာတွေကို…”
“ပေမိသားစုလုပ်ငန်းရဲ့ ရှယ်ယာတွေနဲ့လဲလှယ်လိုက်တာလား”
ကျုံချင်းယွီ ခန့်မှန်းလိုက်သည်။
ကျုံယန်စီ ခေါင်းငြိမ့်လိုက်သည်။
“အဲတာကနေငါသိလိုက်တာ၊ ပေကျစ်ယွမ်က ပေမိသားစုကုမ္ပဏီမှာ စီအီးအိုမဟုတ်တော့ဘူး၊ သူကသူ့ရဲ့ဩဇာလွှမ်းမိုးမှုကို အပြင်ဘက်အထိလွှမ်းမိုးနိုင်ဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့ အကုန်ကျရှုံးသွားခဲ့တယ်”
ယန်ရှီသည် ချက်ချင်းသိသွားကာ
“ပေဟန်လီကသူ့ကို ထောင်ချောက်ဆင်ထားတာလား”
“အဲလိုပဲပေါ့”
ရလာဒ်အနေနှင့် ပေပါးပါးတွင် ပေယွဲ့ပိုင်အားပေးရန် အနည်းငယ်သာကျန်လေသည်။
ထို့ကြောင့်ကျုံယန်စီသည် ပေဟန်လီအားအမြဲတစေသတိထားနေခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် နှစ်အတော်ကြာသိကြသော်ညား မရင်းနှီးခဲ့ကြပေ။ ကျုံယန်စီ၏မျက်လုံးထဲတွင် ပေဟန်လီသည် လိမ္မာပါးနပ်ပြီး စိတ်ရှည်သည်းခံကာ တွက်ချက်တတ်သည့်လူမျိုးဖြစ်ကာ ကျုံချင်းယွီသည်ထိုကဲ့သို့လူမျိုးအား အဘယ်ကဲ့သို့ ကျော်လွှားနိုင်မည်နည်း။
၎င်းတို့နှစ်ဦးသည် ကျုံယန်စီ၏ပြောပြချက်အားနားထောင်နေရင်း system သည်ဝင်ပြောလေသည်။
[Host ကိစ္စကြီးရှိတယ်]
“ဘာလဲ ဘာလဲ ဘာလဲ”
ယန်ရှီ၏မျက်လုံးများသည် အတင်းများအားဆာလှောင်နေသည့်ရက်ကွန်းတစ်ကောင်ကဲ့သို့တောက်ပနေသည်။
[ပေပါးပါးနဲ့ဖန်းမေယွီတို့ အဖမ်းခံလိုက်ရပြီ၊ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်း သူတို့တွေတကယ်ပဲပေဟန်လီကို လူကုန်ကူးတဲ့သူတွေဆီရောင်းပစ်ခဲ့တာ ဘယ်လိုတောင်ရက်စက်ရတာလဲ၊ ဒီလိုအကြီးစားဗီလိန်ကြီးမှာ ဒီလိုအတိတ်မျိုးရှိမယ်လို့ ဘယ်သူထင်ပါ့မလဲ]
ယန်ရှီသည် သတင်းများအားရှာကြည့်ရန် သူမ၏ဖုန်းအားချက်ချင်းဖွင့်လိုက်ပြီး ကျုံချင်းယွီသည်လည်း သူမဘေးသို့ကပ်လာလေသည်။
ပေဟန်လီ၏လက်ထောက်များသည် ပေပါးပါးနှင့်ဖန်းမေယွီတို့အပေါ် စွဲချက်တင်ထားသည်ကိုသာ အတည်ပြုပေးပြီး အင်တာနက်သုံးစွဲသူများသည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်မှသတင်းအား ၎င်းတို့ကိုယ်တိုင်ရှာဖွေထားခြင်းဖြစ်သည်။
ယခင်အချိန်များတွင် အင်တာနက်သည်ယခုလောက်မတိုးတက်သေးသော်ညား ကျုံမိသားစု၏ ပရဟိတကြိုးပမ်းမှုများကြောင့် ကျုံပါးပါးနှင့်ကျုံချင်းယွီ၏ ပုံများမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျှက်ရှိသည်။
ကျုံချင်းယွီသည် အချက်အလက်များအား တစ်ချက်ကြည့်လိုက်ကာ
“အဲဝက်ကလေးက သူလား”
“ဝက်ကလေး”
ယန်ရှီသည် အံ့ဩသွားသည်။
“နင်ဘာတွေပြောနေတာလဲ”
သူမ၏ပုံမှန်အတွေးအခေါ်လေးသည် “အကြီးစားဗီလိန်” နှင့် “ဝက်ကလေး” ဟူသည့်ဝေါဟာရနှစ်ခုအား ချက်ချင်းမချိတ်ဆက်နိုင်ပေ။
ကျုံချင်းယွီသည် ပြန်မဖြေပဲ သူမ၏မျက်ခုံးသည် အနည်းငယ်ပင့်သွားလေသည်။
“ဘာမှမဟုတ်ပါ့ဘူး၊ မကောင်းတဲ့မှတ်ဥာဏ်တစ်ချို့ကိုပြန်တွေးမိရုံပါ”
ပေမိသားစု၏အရှုပ်တော်ပုံသည် ပေါက်ကြားသွားခဲ့သည်။
ပေယွဲ့ပိုင်၏တရားမဝင်သားဆိုသည့်အကြောင်းသည် ပေါက်ကြားသွားကာ ပေကျစ်ယွမ်နှင့်ဖန်းမေယွီ၏ ဖောက်ပြန်မှုနှင့် လွန်ခဲ့သည့်နှစ်နှစ်ဆယ်မှ ကလေးလူကုန်ကူးမှုများလည်း ပေါက်ကြားသွားကာ ထိုအရာများအားလုံးသည် ပေဟန်လီအား ပေမိသားစု၏ ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံရခြင်းတွင် အဆုံးအဖြတ်ပေးခဲ့သည်။
ဟိုင်မြို့၏ အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းစုများတွင် ပေမိသားစု၏အကြီးဆုံးသားသာ လူအိုကြီးပေအားဖြုတ်ချကာ ဥက္ကဋ္ဌရာထူးအားရယူခဲ့သည်ကို မြင်တွေ့ခဲ့ရလေသည်။
ထိုတိုက်ပွဲတွင် ပေယွဲ့ပိုင်သည် လေလွင့်ခွေးတစ်ကောင်ဖြစ်သွားခဲ့သည်။ ကုန်းကောက်စရာပင်မရှိတော့ကာ နေစရာအိမ်မရှိသဖြင့် ရန်ပုံငွေများအာခြစ်ထုတ်ရန် ထျန်ဟွေ့၏မပြီးဆုံးသေးသည့် ပရောဂျက်များအား ရောင်းချခဲ့သည်။
သူ၏ပရောဂျက်များမှာ မဆိုးပေ အချို့ဆိုလျှင် S အဆင့်ဖြစ်သော်ညား မည်သူမျှလျှော့စျေးပေးလျှင်တောင် ဝယ်ကြမည်မဟုတ်ပေ။
Starlight ဖျော်ဖြေရေးကုမ္ပဏီရုံးခန်းထဲတွင် ပေယွဲ့ပိုင်သည် ဥက္ကဠလျူထံမှ မောင်းထုတ်ခံလိုက်ရသည်။
“မင်းအရင်တုန်းက White Marsh ကိုစိတ်ဝင်စားခဲ့သေးတယ် ဟုတ်တယ်မလား၊ အခုအဲတာကအထူးပြင်ဆင်ချက်တွေပဲလိုတော့တာပါ ကျွန်တော်ဒါကို သန်းသုံးဆယ်တည်းနဲ့ရောင်းပေးပါတယ် ဥက္ကဋ္ဌလျူ”
ရုံးခန်းတံခါးသည် ဆောင့်ပိတ်သွားခဲ့သည်။
ဥက္ကဋ္ဌလျူသည် ထိုပရောဂျက်အားသဘောကျသော်ညား သူ၏အသက်မှာပိုတန်ဖိုးရှိလေသည်။ ပေဟန်လီသည် ယခုပေလုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သွားပြီဖြစ်ရာ သူ့အားဆန့်ကျင်ရဲသည့်သူမရှိတော့ပေ။
ပေယွဲ့ပိုင်သည် အံကြိတ်လိုက်ကာ ကြမ်းပြင်းပေါ်ရှိပြန့်ကျဲသွားသည့် အချက်အလက်များအား ပြန်ကောက်နေသည်။
တိတ်တဆိတ်လှောင်ပြောင်သံများသည် သူ့ဘေးတွင်ဝိုင်းနေကာ စကားလုံးတိုင်းသည် သူ၏နောက်ကျောအား အပ်ဖြင့်ထိုးနေသကဲ့သို့ဖြစ်သည်။ သူသည် ဖိုင်များအားကောက်ကာ ထွက်သွားချင်နေလေသည်။
ထိုအချိန်တွင် starlight ဖျော်ဖြေရေးကုမ္ပဏီ၏အစည်းအဝေးအခန်းတွင် ပရိုဂျူဆာ ကျောက်ကျဲသည် ရဲ့လော့ယီအားခေါ်ထုတ်လာခဲ့သည်။
“ကျောက်ကျဲ၊ ကျွန်မကိုဒီလိုအခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”
ရဲ့လော့ယီသည် အပျော်လွန်နေခဲ့သည်။ အကြိမ်းပေါင်းများစွာအငြင်းခံခဲ့ရပြီးနောက် ဤသည်မှာသူမ၏ပထမဆုံးအောင်မြင်သည့် အရည်အချင်းစစ်ပွဲဖြစ်ကာ ချုပ်ရသည့်စာချုပ်ဖြစ်သည်။
ကျောက်ကျဲသည်သူမ၏ပုခုံးအားပုတ်လိုက်ကာ
“မင်းသရုပ်ဆောင်နိုင်စွမ်းနဲ့မင်းရခဲ့တာပါ၊ ဒါပေမဲ့ဒီဒရမ်မာကအရင်ခောတ်ဒရမ်မာအမျိုးအစားပဲ၊ မင်းကအသားညိုတဲ့ရွာသူမလေးနေရာကနေသရုပ်ဆောင်ရမှာ ငါစိုးရိမ်မိတယ်”
ရဲ့လော့ယီသည် ခိုင်မာစွာပြောလိုက်ကာ
“ကျွန်မလုပ်နိုင်ပါတယ် ကျွန်မဘယ်ဇာတ်ကောင်မဆိုယူမှာပါ”
ရဲ့လော့ယီနှင့်ယခင်ကအလုပ်အတူလုပ်ဖူးသည်ဖြစ်၍ ကျောက်ကျဲသည် သူမ၏လုပ်နိုင်စွမ်းအားသိလေသည်။ အရင်ခေါတ်ဒရမ်မာများသည် ဇာတ်လမ်းပြောခြင်းတွင် မူတည်သည်ဖြစ်ကာ ကြယ်ပွင်ကျော်ကြားမှုများလဲမလိုအပ်သည်ဖြစ်၍ သူများ သရုပ်ဆောင်ခိုင်းခြင်းသည် ပြဿနာမဟုတ်ပေ။
ကျောက်ကျဲသည် တစ်ခဏမျှတွေးလိုက်ကာ နောက်ဆုံးတွင်စကားစပြောလာသည်။
“တကယ်တော့ လုမိသားစုက ကျဲတို့ကိုလက်တလောမှာဆက်သွယ်လာခဲ့တာ၊ မဒမ်လုကမင်းကို မြို့ပြဒရမ်မာတစ်ခုမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ထားပေးဖို့ တောင်းဆိုလာခဲ့တာ အဲဇာတ်ကောင်ရဲ့အကြောင်းကကောင်းမွန်ပြီးတော့ ဒီအရင်ခေါတ်ဒရမ်မာတွေထက်စာရင်ပိုပြီးကောင်းပါတယ်”
ရဲ့လော့ယီသည် သူမ၏ခေါင်းအားခါလိုက်ကာ
“ကျောက်ကျဲ ကျွန်မ ကျွန်မကိုယ်ကျွန်မပဲအားကိုးကြည့်ချင်တယ်၊ ကျွန်မဘာသာကျွန်မစွမ်းရည်တွေနဲ့ ဘယ်လောက်တောင်လုပ်နိုင်မလဲသိချင်တယ်”
အမျိုးသားများသည်ဖြတ်လမ်းဖြစ်ကာ လုမိသားစုသည်လည်း ဖြတ်လမ်းဖြစ်သည်။
ဖြတ်လမ်းများသည် သူမအားညတွင်းချင်းပြောင်းလဲသွားစေကာ သူမအားနှစ်နှစ်အတွင်း ကြယ်ပွင့်တစ်ပွင့်အဖြစ်သို့ပြောင်းလဲစေခဲ့သည်။ သို့ပေမဲ့ အောင်မြင်မှုမှာတခဏတာသာဖြစ်ကာ ပူဖောင်းလေးများကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် ပထမအရှုပ်တော်မှာပင်လျှင် ပေါက်ပြဲသွားကာသူမအတွက်ဘာမျှမကျန်ခဲ့ပေ။
ပြန်ကြည့်လျှင် ရဲ့လော့ယီသည် သူမတွင် သူမ၏သရုပ်ဆောင်စွမ်းရည်မှလွဲ၍ ဘာမှမကျန်သည်ကိုသိလိုက်ရသည်။
ထိုကြောင့်ယခုအချိန်တွင် သူမသည် သူမကိုယ်သူမသားအားကိုးချင်သည်။
ဓါတ်လှေကားတံခါးသည်ပွင့်လာကာ နှစ်ဦးဆုံသွားကြသည်။
ရဲ့လော့ယီ ပြုံးရယ်နေသည့်သူသည် ရှေ့သို့ဝင်လာကာ ပေယွဲ့ပိုင်အားအထဲတွင်မြင်လိုက်ချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။
ပေယွဲ့ပိုင်သည်လည်း သူမအားသတိထားမိသွားကာ သူ၏အကြည့်မှာရှုပ်ထွေးနေလေသည်။
၎င်းတို့နှစ်ဦးသည် ထိုနေရာတွင်အေးခဲနေကြကာ ရဲ့လော့ယီသည် တုန့်ဆိုင်းသွားကာ ဝင်ရမဝင်ရကို ဆုံးဖြတ်ရခက်နေလေသည်။
ခေတ္တရပ်ပြီးနောက် သူမည် သူမကိုယ်သူမတွန်းအားပေးကာအတွင်းထဲသို့ဝင်သွားခဲ့သည်။
ဓါတ်လှေကားသည် ချောမွေ့စွာဆင်းသွားခဲ့သည်။
တစ်ချိန်ကရင်းနှီးခဲ့ဖူးကြသည့် သူနှစ်ဦးသည် ယခုအချိန်တွင်တော့ ၎င်းတို့၏နှစ်ယောက်ကြားရှိလေထုမှာအေးစက်၍ထူထည်းကာ တိတ်ဆိတ်စွာရပ်နေကြလေသည်။
သူတို့နှစ်ဦးချစ်ခဲ့ကြတယ်မလား။
ရဲ့လော့ယီ၏အတွေးထဲတွင်တော့ ချစ်ခဲ့ကြသည်။ သူမပေယွဲ့ပိုင်အားချစ်သည်။ ပြီးလျှင် သူမသည်သံသယမရှိပဲ သူသည်လည်း သူမအားချစ်သည်ကိုသိလေသည်။
သို့ပေမဲ့ ရဲ့လော့ယီသည် သူမကိုယ်သူမပိုချစ်လေသည်။
ဓါတ်လှေကားသည်တိတ်ဆိတ်နေကာ တစ်ဦးမှစကားစမပြောကြပေ။
မြေညီထပ်တွင် တံခါးပွင့်ချိန်တွင် ၎င်းတို့နှစ်ဦးသည်ချက်ချင်းထွက်လိုက်ကြကာ မတူညီသည့်ဦးတည်ရာများသို့ လျှောက်သွားကြသည်။
ဆုလင်းလင်း၏ BMW သည် interconnet ဖျော်ဖြေရေးကုမ္ပဏီ၏အဆောက်အဦးအပြင်းဘက်တွင် ပါကင်ထိုးထားလေသည်။ ရဲ့လော့ယီအားတွေ့လိုက်ချိန်တွင် သူမသည်မှန်အားချကာ စိတ်လှုပ်ရှားစွာလက်အားဝှေ့ယမ်းပြနေလေသည်။
“ယီယီ မြန်မြန်၊ ငါနင်ဇာတ်ကောင်ရတဲ့အတွက်အောင်ပွဲခံဖို့ စားသောက်ဆိုင်မှာဘိုင်ကင်တင်ထားတယ်”
ရဲ့လော့ယီသည် ပြုံးလိုက်ကာ ဆုလင်းလင်းထံသွားနေသည့် သူမ၏ခြေလှမ်းများအားမြန်လိုက်သည်။
ကားထဲသို့မဝင်ခင်ပင် သူမသည်နောက်သို့လှည့်ကြည့်ကာ ပေယွဲ့ပိုင်၏နောက်ကျောကိုသာမြင်လိုက်ရသည်။
ဤသည်မှာ ၎င်းတို့နှစ်ဦး၏နောက်ဆုံးအကြိမ် အချင်းချင်းတွေ့ဆုံမှု ဖြစ်သွားနိုင်သည်။
ထိုအချိန်တွင် starlight entertainment ၏ VP ရုံးခန်းထဲတွင် ယန်ရှီသည် အရာသစ်တစ်ခုအားအာရုံစူးစိုက်နေလေသည်။
မမလေးရဲ့မွေးနေ့ကရောက်တော့မယ်။
အသက်နှစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့ပွဲသည် မထူးခြားသော်ညား ယန်ရှီသည် ကျုံချင်းယွီအား လက်ဆောင်ကြီးကြီးမားမားပေးချင်လေသည်။
System သတိပေးချက်တစ်ခုပေါ်လာခဲ့သည်။
[ဒင် ပေယွဲ့ပိုင်ဒေဝါလီခံလိုက်ရပါပြီ ကျုံချင်းယွီကံကောင်းမှုအမှတ် ငါးမှတ်ရရှိပါတယ်၊ လက်ရှိကံကောင်းမှုအမှတ်မှာ တစ်ရာပြည့်သွားပြီဖြစ်သည်၊ ကျုံချင်းယွီသည် မူရင်းဝတ္ထုမှ လုံးဝသွေဖယ်သွားပြီဖြစ်သည်]
[ထို့အပြင် ရဲ့လော့ယီ ပေယွဲ့ပိုင်အားစွန့်ပစ်လိုက်ခြင်းကြောင့် ဇာတ်ကောင်များ၏အချက်အလက်များ ပြောင်းလဲသွားပါသည်]
[ပေယွဲ့ပိုင်၏ ဇာတ်ကောင်သည်အမျိုးသားဇာတ်ဆောင်မှ အရံဇာတ်ကောင်သို့ပြောင်းလဲသွားသည်]
[ကျုံချင်းယွီ၏ ဇာတ်ကောင်သည် ဗီလိန်မှ အရံဇာတ်ကောင်သို့ပြောင်းလဲသွားသည်]
[ပေဟန်လီ၏ဇာတ်ကောင်သည်လည်း အဓိကဗီလိန်မှ အရဲဇာတ်ကောင်သို့ပြောင်းလဲသွားသည်]
ယန်ရှီသည် စိတ်လှုပ်ရှားမှုကြောင့်ထခုန်မိမတတ်ပင်
“အဲတာဆိုပြီးသွားပြီ”
နောက်ဆုံးတော့ဒီ ဝတ္ထုဇာတ်ကြောင်းကြီး ပြီးသွားပြီ။
ကောင်းတယ်အခု အားလုံးကအပိုဇာတ်ကောင်တွေဖြစ်သွားပြီး ဝတ္ထုကနေလုံးဝသွေဖယ်သွားပြီ။
သို့ပေမဲ့ ယန်ရှီသေချာပြန်ကြည်လိုက်သည်။
“ခဏနေဦး ကျုံယန်စီရဲ့ဇာတ်ကောင်ကမပြောင်းလဲသေးဘူးမလား”
[ကောက အမျိုးသမီးဇာတ်ဆောင်ရဲ့ လရောင်ဖြူလေးဖြစ်နေတုန်းပဲ]
ယန်ရှီ: “....”
“အဲတာဆိုရင် သူကသေဦးမှာလား”
[မသေလောက်တော့ဘူး၊ အခုအချိန်မှာဒါကဒီတိုင်း ဇာတ်ကောင်နာမည်တစ်ခုပဲ ရဲ့လော့ယီက Host နဲ့ကောရဲ့ ဆက်ဆံရေးကို X နိုင်ငံမှာတုန်းကသိရှိသွားပြီးတော့ သူမကောအပေါ်ကိုလက်လျော့သွားခဲ့ပြီ]
[ပြီးတော့ ကျွန်တော်ထင်တာ ကျွန်တော်တို့ဝတ္ထုကမ္ဘာကြီးက အချစ်ဇာတ်လမ်းမဟုတ်တော့တဲ့ ကမ္ဘာကြီးဖြစ်သွားမယ်ထင်တယ်]
ယန်ရှီ:??
“တကယ်ကြီးလား”
[အဓိကအချက်က ရဲ့လော့ယီက အခုအချစ်ကိုလုံးဝစိတ်မဝင်စားနေတာကြောင့်ပဲ၊ သူမကသူမရဲ့အလုပ်မှာပဲအာရုံစိုက်နေတာ အမျိုးသားတစ်ချို့က သူမကိုအရင်းအမြစ်တွေကမ်းလှမ်းနေကြပေမဲ့လည်း သူမကအကုန်ငြင်းပယ်နေခဲ့တယ်]
[ကျွန်တော်တို့တွေ ချိုမြိန်တဲ့အချစ်ဝတ္ထုလေးကနေ အသက်မွေးဝမ်းကြောင်းကိုအဓိကထားတဲ့ အချစ်ဇာတ်လမ်းမပါ အမျိုးသမီးဇာတ်ဆောင်အဓိကဇာတ်လမ်းကို ကူးပြောင်းသွားမယ်ထင်တယ်]
ယန်ရှီသည် ဘာမှမတတ်နိုင်စွာရီမောလိုက်ကာ
“အဲတာဆို ရဲ့လော့ယီ ရည်မှန်းထားတဲ့အရာတွေပြောင်းသွားတာနဲ့ ငါတို့ရဲ့ကမ္ဘာကလည်းပြောင်းလဲသွားမှာပေါ့”
[အသေအချာပဲ၊ Host အရင်တုန်းကခွဲခြမ်းစိတ်ဖြာခဲ့သလိုပဲ ဒါကအမျိုးသမီးဇာတ်ဆောင်အဓိကထားတဲ့ဝတ္ထု အမျိုးသမီးဇာတ်ဆောင်ကသာအဓိက၊ အမျိုးသမီးဇာတ်ဆောင်ကသာအားလုံးကိုဆုံးဖြတ်ပေးတဲ့ဝတ္ထုမျိုးပဲ]
ကောင်းပြီ ယန်ရှီဘာမှစိတ်မရှိပေ။ ရဲ့လော့ယွီဘာလုပ်လုပ်သူကိစ္စပင် သူမဂရုစိုက်သည့်လူများ လုံခြုံနေသ၍ အဆင်ပြေနေလေသည်။
ရုတ်တရက် သူမအကြောင်းအရာတစ်ခုအားအမှတ်ရသွားသည်။
“system မင်းအရင်တုန်းက ကံကောင်းမှုအမှတ် တစ်ရာပြည့်ရင် တစ်ချို့ ဇာတ်ကောင်တွေပေါ်ထွက်လာနိုင်တယ်ဆို အဲတာဆိုအခုဘယ်သူတွေပေါ်ထွက်လာတာလဲ”
တောက်ပနေသည့်အလုံးလေသည် မှိတ်တုတ်မှိတ်တုတ်လုပ်လိုက်ကာ
[အာ မေ့တော့မလို့]
[တစ်ချက်ကြည့်ကြည့်လိုက်ဦးမယ်]
[ဒီအချိန်မှာ အမှတ်တစ်ရာပြည့်တာကြောင့် ပေါ်ထွက်လာတဲ့ဇာတ်ကောင်ကတော့…]