← Chapters

Chapter 100

Vol. 10 Ch. 100

Chapter 100

Vol. 10 Ch. 100

ဟိုင်မြို့၌ အိပ်မပျော်သည့် ညများတွင် ကြမ်းပြင်မှ မျက်နှာကျက်အထိရောက်သည့် ပြတင်းပေါက်များထိ မြို့၏ ရှူခင်းများကို ရှင်းလင်းပြတ်သားစွာမြင်နေခဲ့ရသည်။

မြို့လယ်ခေါင်တွင် ရောင်စုံမီးများမှာ တောက်ပနေခဲ့ပြီး မရေမတွက်နိုင်သော ကားများသည်လည်း ဖြတ်သန်းသွားလာနေကြကာ မြို့၏ ရွှေရောင်သွေးကြောများကို ဖန်တီးရစ်ပတ်ထားသလိုပင် ဖြစ်နေခဲ့သည်။

ယန်ရှီ၏ ပါးပြင်များသည် လောင်ကျွမ်းထားသလိုပင် နီရဲနေခဲ့ပြီး သူမ၏ခြေချောင်းများမှာလည်း ရှက်ရွံ့စွာဖြင့် ကွေးထားလေသည်။

သူမသည် ထိုအရာအား စမ်းကြည့်ချင်ရုံမျှသက်သက် ဖြစ်သော်လည်း တကယ့်လက်တွေ့တွင် လမ်းကြောင်းများမပါရှိသည့် ရိုလာကိုစတာ စီးနေရသလိုမျိုးနှင့် ကျယ်ပြန့်လှသည့် ပင်လယ်ကြီးထဲတွင် ရွက်မပါ ၊ ပဲ့ မပါပဲနှင့် အထိန်းမကွပ်မရှိသည့် ရွက်လှေတစ်စီး မျောပါနေသလိုပင် ခံစားနေခဲ့ရသည်။

တစ်ချို့အရာများသည် ထိန်းချုပ်လို့ပင် မရတော့ပေ။

ကျုံယန်စီသည် သူမနှင့်ပတ်သတ်သည့်ကိစ္စအားလုံးကို နူးနူးညံ့ညံ့ဖြင့် ဖြေရှင်းနေကြဖြစ်၍ ယခုအခါ၌လည်း နူးညံ့စွာဖြင့် ကိုင်တွယ်မည်ဟု သူမ ယူဆခဲ့သည်။ သို့သော် သူမ လက်တွေ့ခံစားလိုက်ရသည့်အချိန်၌ သူသည် ရူးသွပ်ဆာလောင်နေသည်ကို နားလည်လိုက်ရသည်။

ယန်ရှီသည် ပြင်းထန်လှသည့် အရှိန်များဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်တော့မည့်အတိုင်းပင် ဖြစ်နေခဲ့ပြီး သူမ၏ လက်သည်းများဖြင့်လည်း ကျုံယန်စီ၏ နောက်ကျောဘက်ကို သွေးများထွက်လာသည်ထိ ကုတ်ခြစ်ထားခဲ့သည်။

သူမ၏ မျက်နှာသည် ကျုံယန်စီ လည်ပင်းနားသို့ တိုးလာခဲ့ပြီး သူ၏ ညှပ်ရိုးကို ကိုက်တာ “ နောက်ထပ် မရတော့ဘူး” ဟု ရှိုက်ကြီးတငင်ငင်ငို၍ ပြောလာသည်။

အစပိုင်းတွင် ကျုံယန်စီသည် သူမစကားအား နားထောင်ခဲ့သော်လည်း သူသည် တမင်တကာပင် အရှိန်ကို နှေးလိုက်ပြီး အဝနားတွင် အတွင်းထဲထိ နက်နက်ရှိုင်းရှိုင်းမသွင်းပဲ အချိန်ဆွဲကာ သူမကို ကျီစယ်လာခဲ့သည်။

ရုတ်တရက်ပင် သာယာမှုများသည် ပေါ်ပေါက်လာခဲ့ပြီး ခဏအကြာတွင် ပြန်လည်ပြတ်တောက်သွားခဲ့ကာ သူမအား တစ်လှည့်စီ နှိပ်စက်နေခဲ့သည်။ ကျုံယန်စီသည် သူမ၏ နားတစ်ခုလုံးကို ငုံ၍ စုပ်ယူလိုက်ပြီး “ထပ်ပြီးမလိုချင်တော့ဘူးလား” ဟု တိုးတိုးလေး မေးလာခဲ့သည်။

ယန်ရှီသည် ရှက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး ပူလောင်နေခဲ့ပြီ သူမ၏ မျက်နှာတစ်ခုလုံးမှာ နီရဲသွားတော့သည်။ ကျုံယန်စီသည် ထိုသို့ဖြစ်နေမည်ကို သူမ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ကျုံယန်စီသည် သူမအား ဧည့်ခန်းထဲမှ အိပ်ခန်းထဲသို့ သယ်သွားခဲ့သည်။

သူ၏ အနမ်းများသည် နူးနူးညံ့ညံ့ဖြစ်နေပြီး သူမ၏လျှာကို ဖြေးဖြေးချင်း အရသာခံကာ တစ်ခါတစ်ရံဆော့ကစားနေခဲ့ပြီး တစ်ခါတစ်ရံတွင် ပေါ့ပေါ့ပါးပါးလှုပ်ရှားနေခဲ့သည်။ သူ၏လှုပ်ရှားမှုများသည် မရပ်မနားပဲ နောက်ဆုံးအချိန်ထိ အောင်မြင်စွာဖြင့် သူမအား သိမ်းပိုက်ခဲ့သည်။

သူမ၏ အတွေးများ ဝါးတားတားဖြစ်နေချိန်၌ ယန်ရှီသည် ကျုံယန်စီထံမှ ပြောလာသည့် စကားတစ်ခွန်းကိုကြားလိုက်ရသည်။

“ရှီရှီ ကိုယ့်နားက ထွက်မသွားပါနဲ့”

သို့သော် သူ၏စည်းချက်များသည် အလွန်ကြမ်းတမ်းပြင်းထန်နေခဲ့သည်။ သူမသည် ကောင်းလွန်း၍ မျက်ဖြူလန်သွားခဲ့ပြီး သူ့မအော်ငိုသံသည် သူ၏ အသံကို ဖုံးလွှမ်းသွားတော့သည်။

…

နောက်တစ်နေ့မနက်တွင် ယန်ရှီသည် သူမ၏နှိုးစက်ကြောင့် နိုးလာခဲ့သည်။

သူမသည် ရှင်းယောင်တွင် အလုပ်စလုပ်သည့်နေ့ကတည်းကပင် စောစောထ၍ အလုပ်ကို အချိန်မှန်သွားတက်သည်မှာ အကျင့်ဖြစ်နေခဲ့သည်။

သို့သော် ယခုတွက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကိုက်ခဲနေပြီး အထူးသဖြင့် သူမ၏ခြေထောက်များသည် တစ်နေကုန် တောင်တက်ထားသလိုပင် နာကျင်ကိုက်ခဲနေခဲ့သည်။ သူမသည် အလွန်ပင် ပင်ပန်းနွမ်းနယ်သည်ဟု ခံစားနေရကာ လှုပ်တောင်မလှုပ်ချင်တော့ပေ။

သူမသည် လက်ကိုထုတ်၍ ဘေးနားတွင်ရှိသော စားပွဲခုံပေါ်မှ သူမ၏ဖုန်းကို ယူလိုက်သည်။

သူမသည် အိပ်ချင်မူးတူးနှင့် ဖုန်း screen ပေါ်မှ စာများကို ဖတ်လိုက်သည်။

[ ကျုံယန်စီက ဒီည နင်အိမ်မပြန်လာဘူးလို့ စာပို့ထားတယ် အဲမှာဘာတွေဖြစ်နေကြတာလဲ]

[ နင်အခု ဘယ်မှာလဲ]

…

[ ကျုံယန်စီက နင့်ကို အတင်းဖိအားပေးတာလား]

[ နင်က အခုမှ အသက်နှစ်ဆယ်ပဲရှိသေးတာ တစ်ညလုံးအပြင်မှာနေလို့မဖြစ်ဘူး]

…

[ နင်တို့နှစ်ယောက် ဘယ်အဆင့်ကို ရောက်သွားကြပြီလဲ]

[ အဘိုးကြီးက အဲလောက်တောင် ကြမ်းတမ်းလှချည်လား စာပြန်ဖို့တောင် မအားတော့ဘူးလား]

[ နင် နင် နင်… ငါတော့ နင့်ကို ဘာပြောရမလဲ မသိတော့ဘူး!]

…

ဖုန်း screen တစ်ခုလုံးတွင် ကျုံချင်းယွီ ပို့ထားသည့် message ပေါင်း 30ကျော်နှင့် ပြည့်နှက်နေခဲ့သည်။

နောက်ဆုံးတွင် ကျူံချင်းယွီသည် အဖြစ်မှန်ကို လက်ခံလိုက်တော့သည်။

[ သမီးပျိုလေးကို အိမ်ထဲမှာ သိမ်းထားလို့ မရတော့ဘူးပဲ]

[ ကျုံယန်စီက အကာအကွယ်သုံးတယ်ဆိုတာ သေချာရဲ့လား]

[ တကယ်လို့ သူမသုံးဘူးဆိုရင် သူ့ဟာကိုဖြတ်ပစ်လိုက်တော့!]

ယန်ရှီသည် အလျင်အမြန် စာပြန်လိုက်သော်လည်း စာပြန်ရန်အတွက် အချိန်အတော်ကြာစဉ်းစားပြီးမှ ပြန်ဖြေခဲ့သည်။

[ သူ သုံးပါတယ်၊ ငါ ဒီနေ့ အိမ်ကို သေချာပေါက်ပြန်လာခဲ့မယ်]

ရုတ်တရက်ပင် သန်မာသည့်လက်မောင်းတစ်ဖက်ဖြင့် သူမအား အနောက်ကနေ လှမ်းဖက်လိုက်ပြီး ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

သူမသည် အသက်ရှူပင် မှားသွားခဲ့ပြီး ကျုံယန်စီ၏ ကျစ်လစ်နေသည့် ရင်ဘတ်နှင့် ထိကပ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ပူပြင်းနေပြီး သူမနှင့် တင်းတင်းကြပ်ကြပ် ပူးကပ်ထားခဲ့သည်။

“ ရှင်.. အလုပ်မသွားဘူးလား”

သူမသည် ကျုံယန်စီအား အလုပ်ကိုသွားနှင့်နေပြီဟု ထင်ခဲ့သည်။

ကျုံယန်စီသည် သူမ၏ ခါးသွယ်သွယ်လေးကို တင်းတင်းဖက်လိုက်ပြီး ပိုနီးကပ်လာစေရန် ဆွဲယူလိုက်သည်။

ကျုံယန်စီ: “ ကိုယ်မသွားချင်ဘူး”

“ ကိုယ် နေ့တိုင်း ဒီလိုပဲ ဖြတ်သန်းချင်တယ်”

ယန်ရှီ: !!!

“ကျွန်မ မလုပ်နိုင်ဘူး!”

သူမ၏ သေးသွယ်လှသည့် ခန္ဓာကိုယ်လေးသည် လေ့ကျင့်ခန်းလုပ်လေ့မရှိသောကြောင့် အားနည်းနေခဲ့ပြီး ယခင်ညက အဖြစ်အပျက်သည် သူ့အား တစ်စစီ ကြေမွသွားတော့မလိုပင် ဖြစ်ခဲ့သည်။ ထိုတစ်ကြိမ်သည် လုံလောက်တာထက်ကို ပိုနေခဲ့တော့သည်။

ထို့အပြင် ရေချိူးခန်းထဲတွင် ကျုံယန်စီ၏ အညိုရောင်မျက်လုံးများထဲမှ လိုအင်ဆန္ဒများဖြင့်ပြည့်နေသည့် မုန်တိုင်းတစ်ခုကို မြင်နေရပြီး သူသည် စိတ်ကျေနပ်မှု မရှိသေးသည်ကို သိလိုက်ရသည်။

သို့သော်လည်း သူသည် သူ့ကိုယ်သူ စိတ်ထိန်းခဲ့ပြီး မည်သည့်အရာမျှထပ်မလုပ်တော့ပဲ သူမအား ဂရုတစိုက်ဖြင့် သန့်ရှင်းလေး လုပ်ပေးခဲ့သည်။

အကယ်၍ သူ ဆက်လုပ်ခဲ့ပါက ယန်ရှီသည် မတ်တပ်ရပ်နိုင်မည်တောင် မဟုတ်တော့ပေ။

ကျုံချင်းယွီက ပေဟန်လီကို ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်ကနေ ပွေ့ချီပြီးသယ်ခိုင်းတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။

သို့သော်လည်း ယန်ရှီသည် ထိုမျှ ရိုးရိုးရှင်းရှင်းလေးဖက်ရုံဖြင့် ကျုံယန်စီ၏ ဝမ်းဗိုက်တစ်လျှောက်ကို တင်းမာစေမည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည် သက်ပြင်းချလိုက်ပြီးနောက် သူမ၏နောက်တွင် တစ်ခုခုဖြင့် ဖိကပ်လိုက်သည်ကို ခံစားလိုက်ရသည်။

“ ကျုံယန်စီ မရဘူးနော်…”

သူတို့မှာ ကွန်ဒုံးတွေ ကုန်သွားကြပြီလေ!

“ ကိုယ်သိပါတယ်”

သူ၏ အသံသည် တိုးတိုးလေးနှင့် အက်ကွဲနေပြီး သူမ၏နားတစ်ဝိုက်တွင် အလွန်အမင်းဆွဲဆောင်နေခဲ့သည်။

“ ရှီရှီ ကိုယ့်ကို ကူညီပါဦး”

သူသည် သူမ၏လက်ကို ယူကာ အောက်သို့ လမ်းညွှန်ပြလိုက်သည်။

ယန်ရှီသည် ထိုအရာ၏ အလွန်ပူပြင်းနေမှုကို ခံစားလိုက်ရပြီး ထိုအရာမှာ နိုဝင်ဘာလ၌ အပူရရှိရန် မီးမွှေးထားသည့် မီးဖို တစ်ခုလိုပင် ဖြစ်နေသည်။

သူမ၏ နှုတ်ခမ်းများ နူးနူးညံ့ညံ့ဖြင့် နမ်းရှိုက်နေသည့်အချိန်၌ ကျုံယန်စီ၏ အသက်ရှူသံများမှာ အလွန်မြန်ဆန်လာခဲ့သည်။

သူ၏ လျှာသည် သူမ၏ နှုတ်ခမ်းထောင့်သို့သွားကာ အချိူမြိန်ဆုံးအချိူပွဲတစ်ခုလိုပင် အရသာခံနေခဲ့သည်။

ယန်ရှီသည် သူ၏ညည်းသံများကို မထိန်းချုပ်နိုင်တော့သည့်အချိန်၌ သူ၏လျှာသည် အတွင်းထဲသို့ ပိုမိုနက်ရှိုင်းစွာဝင်ရောက်သွားပြီး သူမ၏ အသက်ရှူသံကို အထိန်းအကွပ်မရှိပဲ ဖုံးလွှမ်းသွားခဲ့သည်။

ကျုံယန်စီသည် ယန်ရှီနှင့် နမ်းရသည်ကို အလွန်နှစ်သက်သည်။

Sexလုပ်ချင်သည့် စိတ်ဆန္ဒနှင့် မဟုတ်ပဲ စိတ်ခံစားချက်များကို ဖလှယ်၍ နမ်းရှိုက်နေကြသည်ဟု ခံစားရသည်။

ထိုနှလုံးခုန်သံများသည် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။

ထို့နောက် ယန်ရှီသည် ရှက်ရွံ့စွာဖြင့် နောက်ပြန်ဆုတ်လိုက်ခဲ့ပြီး သတိကြီးစွာဖြင့် သူ၏လျှာကို ထိလိုက်သည့်အခါ၌ ကျုံယန်စီ၏ နှလုံးသားထဲတွင် လိပ်ပြာများ ပျံဝဲနေခဲ့သည်။ သူမသည် သူ့အား သဘောကျနေသည်ကို အတိအကျ ပြောနိုင်လေသည်။

…..

နောက်ဆုံးတွင် သူတို့သည် concert သို့ မသွားခဲ့ဖြစ်ပေ။

ယန်ရှီသည် ကျုံချင်းယွီနှင့် ချိန်းထားသည်ကို မပျက်ချင်ပေ။

သူမသည် အင်္ကျီ အဝတ်အစားလဲ၍ အပြင်သွားဖို့ အဆင်သင့်ဖြစ်နေချိန်၌ ကျုံချင်းယွီသည် ကျုံယန်စီ၏ ဇိမ်ခံတိုက်ခန်းသို့ ရောက်လာပြီး ယန်ရှီ၏ အင်္ကျီအောက်မှ ကိုက်ရာအမှတ်များကို တွေ့လိုက်ရသည်။

ယန်ရှီ၏ အသားအရေသည် အလွန်နူးညံ့လွန်းသောကြောင့် စုပ်ရာများမှာ ကျန်နေခဲ့ခြင်းဖြစ်သည်။

ကျုံချင်းယွီသည် ယန်ရှီအား ဆွဲခေါ်၍ မသွားရက်ပေ။သူမ၏ ညှပ်ရိုးနားများတွင် ဤမျှဖြစ်နေပုံပေါ်နေလျှင် ထိုအဘိုးကြီးသည် ယခင်ညက မည်မျှကြမ်းတမ်းခဲ့သည်ကို မည်သူသိမည်နည်း။

ထို့ကြောင့် ပေဟန်လီသည် concert လက်မှတ်ကို အစားထိုးယူလိုက်၍ ပျော်ရွှင်စွာ ဝင်လာခဲ့သည်။

ထိုအရာကြောင့်ပင် သူသည် အရမ်းပျော်ရွှင်သွားခဲ့ပြီး ယန်ရှီ မလာနိုင်သည့်အကြောင်းအရင်းမှာ ကျုံယန်စီကြောင့်ဖြစ်သည်ကို သိလိုက်ရသည့်အခါ၌ ပေဟန်လီသည် လက်ဆောင်တစ်ခုယူလာခဲ့သည်။

သူသည် ကျုံယန်စီကို ကွန်ဒုံးတစ်ဘူးလုံး ပေးလိုက်လေသည်။

ထိုအချိန်တွင် ယန်ရှီသည် ဇိမ်ခံတိုက်ခန်းတွင်သာ ရှိနေသေးသည်။ ထိုဘူးကို စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ခေါင်းပေါ်တွင် question mark တစ်ခု ဖြေးဖြေးချင်းပေါ်လာခဲ့သည်။

ထိုခဏတာအတွင်းမှာပင် သူမသည် ဗီလိန်ဇာတ်ကောင်က ကျုံယန်စီကို သတ်ချင်တာလား။ သူမကို သတ်ချင်တာလား ဆိုတာကိုပင် မသိနိုင်တော့ပေ။

ဘာပဲဖြစ်ဖြစ် ထားလိုက်ပါတော့။

ပေဟန်လီသည် ကျုံချင်းယွီတစ်ယောက်တည်းကိုသာ ဂရုစိုက်သည်ကို သူမ သိသင့်သည်။

သူက တစ်ခြားသူတွေရဲ့သေရေးရှင်ရေး ကိစ္စတွေကို လုံးဝ ဂရုမစိုက်ဘူးလေ။

ယန်ရှီသည် ထို ကွန်ဒုံးများကို မြင်လိုက်ရသည့်အခါ၌ တုန်လှုပ်ကာ ကြက်သီးများထလာခဲ့သည်။ ကျုံယန်စီသည် အလုပ်သို့ထွက်သွားသည့်အခါ၌ သူသည် အာရုံကို စုစည်းလိုက်ကာ ရှင်းယောင်သို့ သွားလိုက်တော့သည်။

…

နောက်ရက်များတွင် ပုံမှန်အတိုင်းပင် ဖြတ်သန်းခဲ့ကြလေသည်။ သိပ်မကြာခင်မှာပဲ ကျုံချင်းယွီ၏ မွေးနေ့မှာ ရောက်ရှိလာခဲ့သည်။

ယခင်နှစ်များတွင် သခင်မလေး၏ မွေးနေ့ပွဲကို ချူယန်မှ ဦးဆောင်၍ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင် ချူယန်သည် ဖမ်းဆီးခံထားရခြင်းဖြစ်သောကြောင့် ကျုံချင်းယွီသည် ကျုံပါးပါးကိုလည်း ဖိတ်ရန် ရည်ရွယ်ချက် မရှိပေ။

သူသည် ထိုအစား အိမ်တော်ထိန်းယွီနှင့် အန်တီကျန်းကို တာဝန်များ ပေးထားခဲ့သည်။

သူတို့နှစ်ယောက်လုံးသည် ကျုံမိသားစု၏ စံအိမ်တွင် နှစ်ရှည်လများစွာ လုပ်ကိုင်နေကြသူများဖြစ်ပြီး မိသားစု ဧည့်ခံပွဲများကို စီစဉ်ရာ၌ အတွေ့အကြုံရှိသူများဖြစ်ကြသည်။ သူတို့အတွက် မွေးနေ့ပွဲတစ်ခုစီစဉ်ရသည်မှာ ကလေးစရာတစ်ခုလိုပင် ဖြစ်သည်။

ကျုံချင်းယွီသည် ပွဲတက်ဂါဝန်ကို ပြင်ဆင်ပြီးသား‌ဖြစ်သော်လည်း ယန်ရှီမှာတော့ မပြင်ဆင်ရသေးပေ။

ထို့ကြောင့် နေ့လည်ပိုင်းတွင် ကျုံချင်းယွီသည် ယန်ရှီကို ရှင်းယောင်တွင် သွားကြိုခဲ့ပြီး နှစ်ယောက်လုံးသည် styling studio ကို အတူတူသွားခဲ့ကြသည်။

ကျုံချင်းယွီသည် ယခင်က သူမကိုယ်ပိုင် styling အဖွဲ့ရှိခဲ့သော်လည်း သူမသည် ဖျော်ဖြေရေးအနုပညာအသက်မွေးဝမ်းကြောင်းမှ ရပ်နား၍ ပရိသတ်များ၏အာရုံစူးစိုက်မှုမှ ထွက်လာသည့်အချိန်တွင် သူမ၏အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး ရှောင်မုန့်လေးကိုသာ သူ၏ လက်ထောက်အဖြစ် ခေါ်ထားခဲ့သည်။

ယခုတစ်ခေါက်တွင် သူတို့သည် အဆင့်မြင့် studio တွင် styling လုပ်ကြမည်ဖြစ်သည်။ ထို studio သည် F နိုင်ငံတုန်း၌ သူတို့လည်ပတ်ခဲ့သည့် Blue Studio ဆိုင်နှင့် ချိတ်ဆက်ထားသည့် ဆိုင်ခွဲတစ်ခုဖြစ်သည်။

M ဒီဇိုင်နာသည် ဘေးနားတွင် လေးစားမှုအပြည့်ဖြင့် ရပ်နေခဲ့သည်။

“ သခင်မလေး ဒါက သခင်မလေးအတွက် ပြင်ဆင်ထားတဲ့ဂါဝန်လေးပါ”

ထိုဂါဝန်သည် M collection ၏ အမြင့်ဆုံး အဆင့်ဖြစ်ပြီး အကန့်အသတ်ဖြင့်ထုတ်ထားသည့် အဆင်မြင့်ဖက်ရှင်ဂါဝန် တစ်ထည်ဖြစ်သည်။

ယခုတစ်ခေါက် ကျုံချင်းယွီ၏ styleသည် အတော်လေး ပေါ်လွင်ထင်ရှားနေပြီး သူမ၏ဆံပင်တွင် ရွှေရောင်နုနုလေးကို ဆိုးခဲ့ပြီး ဥရောပမင်းသမီးပုံစံ ဂါဝန်ကို ဝတ်ဆင်ထားကာ လည်ပင်းတွင်လည်း M အမွေအနှစ်ဖြစ်သော အပြာရောင်လေးထောင့်စိန်ဆွဲကြိုးကို ဝတ်ဆင်ထားခဲ့သည်။

သခင်မလေး၏ ခမ်းနားထည်ဝါမှုနှင့် နှိုင်းယှဉ်လျှင် ယန်ရှီ၏ ဝတ်စုံမှာ ပို၍ ရိုးရှင်းလှသည်။

ဒီဇိုင်နာသည် သူမတွက် အနက်ရောက် ရင်ပြတ် ပွဲတက်ဂါဝန်ကို ရွေးချယ်ပေးထားခဲ့ပြီး လှပ၍ ကျက်သရေရှိသည့် Mတံဆိပ် ဂါဝန်တစ်ထည်ဖြစ်သောကြောင့် မှားယွင်းသည့်ရွေးချယ်မှု ဖြစ်နိုင်စရာမရှိပေ။

နှစ်ယောက်လုံး အဝတ်လဲခန်းမှ ထွက်လာသည့်အခါ၌ ဒီဇိုင်နာသည် သူတို့အား ချီးကျူးမြှောက်ပင့်သည့်စကားများပြောနေ‌ခဲ့သော်လည်း အမှန်တကယ်တွင် ထိုချီးကျူးမှုများမှာ ကျုံချင်းယွီကို ရည်ညွှန်းခြင်းဖြစ်သည်။

ကျုံချင်းယွီသည် ယန်ရှီအား စိုက်ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်သွားခဲ့သည်။

“ဒါပေါ့ ကျွန်မဆွဲဆောင်မှုရှိတာ သိပါတယ် ဒါပေမဲ့ ကျွန်မအလှကို ထင်းနေစေဖို့အတွက် တစ်ခြားတစ်ယောက်ကို ရိုးရှင်းနေတဲ့ဂါဝန်ဆင်ပေးဖို့ လိုအပ်လို့လား”

သူမသည် ယန်ရှီကို လက်ညိုးထိုးပြလိုက်သည်။

“ကျွန်မ သူ့ကို ပြင်ဆင်ပေးဖို့ပြောထားတာလေ ဒါက ဘာသဘောလဲ”

ဒီဇိုင်နာသည် ချွေးအေးများပြန်လာခဲ့သည်။

ဤအရာသည် မည်သို့ဖြစ်မည်နည်း။

ချမ်းသာသည့်အမွေဆက်ခံသူများသည် မိမိကိုယ်တိုင်ကိုသာ စိတ်ဝင်စားကြသည့်အပြင် ကိုယ့်ကိုကိုယ် ကမ္ဘာအလယ်ဗဟိုတွင် ရှိနေသည်ဟု ယူဆကြကာ အခြားသူများ ဘေးတွင် ဝန်းရံနေသည်ကို သဘောကျခြင်း မဟုတ်လော။

သူသည် သခင်မလေးနှင့်အတူ ပါလာသည့် မိန်းကလေးအား သခင်မလေး၏နောက်လိုက်ဟု ယူဆခဲ့သည်။

ထို့ကြောင့်ပင် သူသည် ကျုံချင်းယွီအား ပိုပေါ်စေရန် ယန်ရှီ၏ဖက်ရှင်ပုံစံကို တမင်တကာ ရိုးရိုးရှင်းရှင်းလုပ်ခဲ့ခြင်းဖြစ်သည်။

သူမသည် အဘယ့်ကြောင့် သူ၏အားထုတ်မှုကို အသိအမှတ်မပြုရသနည်း။

“မစ္စယန်က မထင်မှတ်ပဲ ရောက်လာတာဆိုတော့ ကျွန်တော်တို့မှာ သူ့ကိုယ်တိုင်း တိုင်းထားတဲ့ ဖိုင် မရှိလို့ပါ”

ဒီဇိုင်နာမှ စကားအထစ်ထစ်ဖြင့် ပြောလာခဲ့သည်။

ကျုံချင်းယွီသည် သူလိမ်နေသည်ကို သိလိုက်သည်။ သူမသည် M ဒီဇိုင်နာများကို ယန်ရှီ၏ ခန္ဓာကိုယ်အတိုင်းယူထားရန် ညွှန်ကြားထားခဲ့ပြီး ယနေ့ ယန်ရှီ စမ်းဝတ်ကြည့်ရန် ယူလာသည့် အဝတ်အစားများသည်လည်း သူမ၏ကိုယ်တိုင်းနှင့်ပင် ဖြစ်သည်။

“ရှင် ကျွန်မကို အရူးများထင်နေလား”

ကျုံချင်းယွီ ဒေါသထွက်လာသည်ကို သိသွားသောကြောင့် ယန်ရှီသည် သူမအား အမြန်တားလိုက်သည်။

သူမသည် ဒီဇိုင်နာ၏ လှည့်ကွက်အနည်းငယ်ကို သိသော်လည်း သူမ စိတ်မဆိုးခဲ့ပေ။

“နင်က ဒီနေ့ညမှာ တောက်ပနေရမယ့် ကြယ်လေးလေ ဘာလို့ ငါက နင့်ထက်ပိုပြီး တောက်ပအောင် ပြင်ရမှာလဲ၊ ရိုးရိုးရှင်းရှင်းလေးပဲကောင်းတယ်”

ကျုံချင်းယွီသည် ရွေးချယ်စရာမရှိတော့ပေ။ ယန်ရှီသည် ထိုအရာကို သဘောကျခြင်းဖြစ်တာကြောင့် သူမသည် ဆက်၍ စကားမများတော့ပေ။

သူမ၏ ဖက်ရှင်စတိုင်လ်သည် ရှုပ်ထွေးနေခဲ့သည့်အပြင် သူမသည် ရွှေရောင် ဆိုးဆေး၏ အကျိူးသက်ရောက်မှုကို ကြည့်ချင်သည့်အတွက် တစ်ဝက်မျှသာ စမ်း၍ဆိုးထားခြင်းဖြစ်သည်။

ကျန်နေသည့်ပြင်ဆင်မှုများလုပ်ဆောင်ပြီးပါက သူသည် ပို၍ ဆွဲဆောင်မှုရှိကာ တောက်ပနေမည်ဖြစ်သည်။

ယန်ရှီ၏ မိတ်ကပ်သည်လည်း ရိုးရိုးရှင်းရှင်းနှင့် ပါးပါးကြည်ကြည်လေးပင် လိမ်းခြယ်မည် ဖြစ်၏။

ထို့ကြောင့် ယန်ရှီသည် ကူရှင် ခုံပေါ်တွင် ထိုင်ကာ stylist ကို မိတ်ကပ်ပြင်ခိုင်းနေချိန်၌ ကျုံချင်းယွီသည် သူမ၏ ရွှေရောင် ဆံပင်ပုံစံကို အပြီးပြင်ဆင်ရန်အတွက် တစ်ခြားတစ်ဖက်သို့ သွားဝောာ့သည်။

…

ယန်ရှီသည် သူမ မိတ်ကပ်ပြင်ဆင်နေသည့်အချိန်၌ ဘေးနားတွင် စကားပြောနေသည့်အသံများကို ကြားလိုက်ရသည်။

“ကျုံယန်စီက ရိုးသားဖြူစင်တဲ့ ပုံစံကိုပဲကြိုက်တာ၊ နင့်ရဲ့မိတ်ကပ်ကို ပေါ့ပေါ့ပါးပါးနဲ့ သဘာဝဆန်အောင် ပြင်သင့်တယ်”

“ဟုတ်တယ် ပါးပါးလေးပဲကောင်းတယ်၊ အရမ်းများသွားရင် ကြည့်ရဆိုးနေဦးမယ်”

ရင်းနှီးနေသည့် နာမည်တစ်ခုကို ကြားလိုက်ရခြင်းကြောင့် ယန်ရှီသည် ဖြေးဖြေးချင်းလှည့်ကြည့်လိုက်သည်။

သူမသည် အစိမ်းရောင်အပင်များကြားထဲမှ ဘေးအခန်းတွင် အလှပြင်နေသည့် အမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရသည်။

ယန်ရှီသည် သူတို့အား မှတ်မိသွားခဲ့ပြီး သူတို့သည် ဖန်းမိသားစု၏ သမီးများဖြစ်ကြသည်။

အကြီးမလေး ဖန်းရုံရန်သည် ချူယန်၏ လှူမှုရေးအသိုင်းအဝိုင်းမှဖြစ်ပြီး မကြာသေးခင်ကမှ လက်ထပ်ထားသူဖြစ်၏။

အငယ်မလေး ဖန်းရှူယောင်းသည် နိုင်ငံခြားတွင် ပညာတော်သင်သွားနေခဲ့ပြီး ယန်ရှီနှင့် အသက်အတူတူလောက်ပင် ဖြစ်သည်။

System သည် ဒေါသထွက်၍ ပေါ်လာခဲ့သည်။

[ Hostရေ သူက မင်းရဲ့လူကို ခိုးဖိုးကြိုးစားနေတာပဲ၊ မင်းနဲ့ကျုံယန်စီရဲ့ဆက်ဆံရေးကို ဒီလောက်လူသိရှင်ကြား ကြေညာထားတာတောင် သူတို့က ဘယ်လိုလုပ် အဲလိုပြောရဲကြသေးတာလဲ]

ယန်ရှီနှင့် ကျုံယန်စီတို့သည် အနုပညာရှင်များ မဟုတ်ကြသောကြောင့် သူတို့၏ ဆက်ဆံရေးကို နာမည်ကြီးစုံတွဲများကဲ့သို့ social media ပေါ်တွင် မကြေညာခဲ့ပေ။

သူတို့အသိုင်းအဝိုင်းက လူများသည် ထိုအကြောင်းကိုသိကြသည်။

ယန်ရှီသည် ထိုအစီအစဉ်မှာ အဆင်ပြေသည်ဟု တွေးခဲ့သည်။

သို့သော် ပိုက်ဆံချမ်းသာသည့်အသိုင်းအဝိုင်းတွင် သူမနှင့် ကျုံယန်စီ၏ ဆက်ဆံရေးသည် ကလေးကစားစရာ တစ်ခုပင် ဖြစ်သည်။

ပိုက်ဆံချမ်းသာသည့်အသိုင်းအဝိုင်းတွင် အဆင့်အတန်းနှင့် လုပ်ငန်းပူးပေါင်းခြင်းများကိုသာ အဓိက ဦးစားပေးသည်။ ယခုတွင် သူမသည် Starlight လုပ်ငန်းစု၏ ဒုတိယဥက္ကဌ ဖြစ်ပြီး ရာထူးမြင့်သော်လည်း အလုပ်သမားတစ်ဦးသာ ဖြစ်နေသေးသည်။

လက်ထပ်မည့်ကိစ္စများဖြစ်လာပါက ကျုံယန်စီသည် အဆင့်အတန်းတူသည့် သူကိုသာ ရွေးချယ်မည်မှာ သေချာပေါက်ပင်။

ကျုံချင်းယွီ၏ မွေးနေ့ပွဲသည် အလွန်ပြည့်စုံလှသည့် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ နှစ်တိုင်းလိုလိုပင် ကျုံချင်းယွီနှင့် ကျုံယန်စီကို မျက်စိကျနေသူများရှိကြသည်။

ကျုံချင်းယွီသည် ပေယွဲ့ပိုင်တစ်ယောက်တည်းကိုသာ လက်ထပ်မည်ဖြစ်ပြီး တစ်ခြားမည်သူကိုမှ လက်ထပ်မည်မဟုတ်ကြောင်း ကြေညာထားခြင်းကြောင့် သူမကို လိုက်ပိုးပန်းသူများ မှာ အနည်းငယ်ပင်ရှိသည်။

သို့သော် ကျုံယန်စီသည် ထိုသို့မဟုတ်ဘူး အခြားကိစ္စများရှိနေသည်။

ယန်ရှီသည် အာရုံမထားတော့ပဲ မျက်လုံးမှိတ်၍ stylist ကိုဆက်၍ ပြင်ခိုင်းလိုက်သည်။

ထိုအချိန်၌ ဖန်းရုံးရန်နှင့် ဖန်းရှူယောင်းသည် အနားတွင် တစ်ယောက်ယောက်ထိုင်နေသည်ကို သတိထားမိသွားခဲ့သည်။

ဖန်းရုံးရန်သည် ချူယန်နှင့် ပြိုင်ဘက်ဖြစ်သောကြောင့် သူနှင့် ပတ်သတ်သမျှ လူအများစုကို မှတ်မိနေသည်။

သူမသည် မျက်မှောင်ကြုတ်၍ ယန်ရှီကို အလျင်အမြန်ပင် အတည်ပြုလိုက်သည်။

ဖန်းရှူယောင်းသည် ခိုးကြည့်ပြီးနောက် မေးလာသည်။

“ အစ်မ သူက ဘယ်သူလဲ…”

ဖန်းရုံးရန်သည် သူမ၏အသံကို တိုး၍ပြောလာသည်။

“ ယန်ရှီလေ ကျုံယန်စီရဲ့ကောင်မလေးပဲ”

ဖန်းရှူယောင်း: !!!

“သူတို့က တွဲနေကြတာလား”

ဖန်းရုံးရန်သည် လှောင်သလိုလိုဖြင့် ရယ်လိုက်သည်။

“တွဲနေတော့ရော ဘာဖြစ်လဲ၊ ငါ သူ့အကြောင်းတွေသိပြီးပြီး ယန်ရှီက လင်းမိသားစုရဲ့ စွန့်ပစ်ခံထားရတဲ့ သမီးပဲလေ၊ သူက ဒီအသိုင်းအဝိုင်းထဲဝင်ချင်လို့ ကျုံချင်းယွီကို ကပ်ဖားလာတာ ၊ နောက်ခံအသိုင်းအဝိုင်းမရှိတဲ့သူမျိုးကို ကျုံယန်စီက လက်ထပ်မှာမဟုတ်ဘူး သူကို့ အပျော်တွဲနေတာပဲလေ”

ဖန်းရှူယောင်းသည် သူမ၏နှုတ်ခမ်းကို ကိုက်ကာ တိတ်ဆိတ်စွာနေလိုက်၏။

သူသည် ချမ်းသာသည့်အသိုင်းအဝိုင်း၏ မည်သို့ အလုပ်လုပ်ပုံကို သိ၏။ အချစ်ဆိုသည့်အရာသည် ထိုလောကတွင် အရေးမပါသည့်အပြင် လက်ထပ်ခြင်းသည် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ခိုင်မြဲစေသည့်အရာတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် ဖန်းရုံရန်၏ စကားများမှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် သူမ၏ ပါးစပ်ထဲတွင် ခါးသက်သက်အရသာကျန်ရှိနေခဲ့သေးသည်။

Stylist သည် ဖန်းရှုယောင်းအား မိတ်ကပ်ပြင်ပေးနေသည့်အချိန်၌ သူမသည် ဖုန်းကို ဟိုဆွဲဒီဆွဲဖြင့် ကြည့်နေခဲ့သည်။

သူငယ်ချင်းတစ်ယောက်သည် သူမအား ရုတ်တရက် message ပို့လာခဲ့သည်။

[ ရှူယောင်း ငါကြားတာကတော့ နင့်ပါးပါးက နင်နဲ့ကျုံယန်စီကို မိတ်ဆက်ပေးဖူးတယ်မလား]

ဖန်းရှူယောင်း; [ ဟုတ်တယ်လေ၊ ငါဒီည ကျုံချင်းယွီရဲ့ မွေးနေ့ပွဲတောင် သွားတက်မှာ]

သူမ၏ သူငယ်ချင်းသည် တုံ့ဆိုင်းခြင်း မရှိပဲ linkတစ်ခု ပို့လာခဲ့သည်။ ထို linkမှာ ကျုံယန်စီနှင့် ယန်ရှီတို့၏ ဆက်ဆံရေးကို ဖော်ပြထားသည့် fan pageတစ်ခုပင် ဖြစ်သည်။

သူတို့နှစ်ဦးသည် အနုပညာရှင်များမဟုတ်သော်လည်း “Journey” ရှိုးတွင် ပါဝင်လိုက်ခြင်းကြောင့် သူတို့၏ လိုက်ဖက်မှုများကို နှစ်သက်ကြ၍ fanbaseတစ်ခုကို ရရှိခဲ့သည်။

သူမ၏သူငယ်ချင်းပို့လာသည့် postကို ဖတ်ကြည့်လိုက်သည်။

[ ကျုံ-ယန် CPက အချိူမြိန်ဆုံးပဲ~]

[ ကျုံယန်စီက ယန်ရှီကို ကယ်ဖို့အတွက် မတုံ့မဆိုင်းပဲ ပြေးဝင်သွားတဲ့၊ ဗီဒီယိုလေးတွေကို ကြည့်လိုက်တိုင်း သူက ယန်ရှီအပေါ်မှာ ချစ်ခြင်းမေတ္တာတွေ အရမ်းဖုံးလွှမ်းနေတယ်လို့ ခံစားရတယ်]

[ ကောလဟာကတွေအရတော့ သူတို့က တွဲနေကြပြီတဲ့]

[ ဝိုးးး! * မျက်လုံးအရောင်တောက်နေသော sticker* ]

[ တကယ်လား တကယ်ကြီးလား]

ထိုသတင်းကို ပေါက်ကြားအောင်လုပ်ခဲ့သည့် သူသည် မကြာခင်မှာပင် ပုံတစ်ပုံထပ်တင်လာခဲ့ပြီး ထိုပုံမှာ ဝါး၍ အနည်းငယ် အလင်းပြန်နေပြီး ပလပ်စတစ်လောင်းထားသည့်ပုံကို ရိုက်ကူးထားသလိုပင်ဖြစ်နေသည်။ သို့သော်လည်း ထိုပုံထဲတွင် ကလေးဆန်သော ဖားရုပ်ဦးထုပ်များကို ဆောင်းထား၍ ပျော်ရွှင်စွာ ဓာတ်ပုံရိုက်နေကြသည်မှာ ကျုံယန်စီနှင့် ယန်ရှီတို့ဖြစ်သည်ကို မမှားနိုင်ပေ။

[ ဒါ ငါတို့ရဲ့ အေးစက်စက်နေတက်တဲ့ ရေခဲတုံးကြီး ကျုံယန်စီ မဟုတ်လား၊ ငါတို့ရဲ့ အရင် CEOပုံစံ ပြန်ပေးကြပါ]

[ ဟားဟားဟား ငါတော့ ချစ်စရာကောင်းတယ်လို့ထင်တယ်၊ သူ ယန်ရှီကိုကြည့်နေတဲ့ပုံစံက အရမ်းနူးညံ့တယ်လို့မထင်ဘူးလား]

[ +1 +1 +1 ဒါ ဘယ်ကရတာလဲ၊ အခုလက်တလောပုံတွေလား အချိုတွေလွန်ကဲနေပါပြီ]

မူရင်း postပိုင်ရှင်မှ ပြန်ဖြေလာခဲ့သည်။

[ဒီနေ့ ခဏခဏသွားနေကြ ဆိုင်သေးသေးလေးကို သွားလိုက်တော့ နံရံမှာ ဒီပုံကိုတွေ့ခဲ့တာ ဆိုင်ပိုင်ရှင်ကတော့ မနေ့က သူတို့ရိုက်သွားကြတာလို့ပြောတယ် အဲနှစ်ယောက်က အရမ်းဆွဲဆောင်မှုရှိတော့ သူက သိသိသာသာကို မှတ်မိနေတာတဲ့]

[ပြီးတော့ အစမှာ ယန်ရှီက အဲဦးထုပ်တွေရှုပ်ဆိုးတယ်လို့တွေးပြီး ဓာတ်ပုံမရိုက်ချင်ဘူး ဒါပေမယ့် အဲပုံတွေက စုံတွဲပုံလို့ ကြားလိုက်တော့ ကျုံယန်စီက လုံးဝ မတုံ့ဆိုင်းပဲ ရိုက်ခဲ့တာတဲ့]

[ အို ဝေါင်းးး~ အစ်ကိုလေးရဲ့ လျှို့ဝှက်ချက်လေးပဲ]

[ OMG ငါတော့ သူတို့ကို အရမ်း ship နေပြီ ]

[ အရမ်းချိုတာပဲ နှစ်ယောက်လုံး လက်ထပ်လိုက်ကြပါတော့]

[ ငါ သူတို့နှစ်ယောက်လုံးကို အခန်းထဲမှာ ပိတ်ထားပြီး သော့ခတ်ထားမယ် ပြီးရင် အဲသော့ကို ငါမြိုချလိုက်တော့မယ်!]

[ အိုးး~ သူ့ရဲ့ လှည့်ကွက်ကလေးကို ကြည့်လိုက်ပါဦး]

[ ငါတော့ အရည်ပျော်နေပြီ အရမ်းချိုတာပဲ]

[ အရမ်းချိုတာပဲ လက်ထပ်လိုက်ကြတော့!]

ဖန်းရှူယောင်းသည် သူမ၏ဖုန်းထဲမှာ ပုံတွေကိုစိုက်ကြည့်၍ ကျုံယန်စီ၏မျက်နှာကို သူမ၏လက်ချောင်းများဖြင့် ပွတ်နေခဲ့သည်။

ထိုပုံသည် ရယ်စရာကောင်း၍ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူပို၍ အနီးကပ်ကြည့်လေလေ ပို၍ နှစ်လိုဖွယ် ကောင်းလာလေလေပင် ဖြစ်သည်။

သူမ၏ သူငယ်ချင်းမှ ထပ်၍ message ပို့လာခဲ့သည်။

“အချစ်ကလေး၊ ကျုံယန်စီက လူတိုင်းသဘောကျရတဲ့သူဖြစ်ပေမယ့် နင့်ရဲ့အချစ်ကိုကာကွယ်ဖို့ အချိန်ရောက်ပြီနော်၊ ငါတို့တွေ ကျုံယန်စီကို တစ်ခြားမိန်းမတစ်ယောက်က လုယူသွားတာကို လက်ပိုက်ကြည့်နေလို့မရဘူး”

ဖန်းရှူယောင်းသည် အံကြိတ်ကာ စာပြန်ဖြေလိုက်သည်။

“ ကောင်းပြီ!”

ဖန်းရုံးရန်အကျီရွေးနေသည့်အချိန်၍ ဖန်းရှူယောင်းသည် ယန်ရှီနားချဉ်းကပ်ရန် အခွင့်အရေးရသွားခဲ့သည်။

သူမသည် ထိုနှစ်ယောက်၏ အစစ်အမှန် ဆက်ဆံရေးမှာ မည်သို့ဖြစ်သနည်းကို မေးချင်နေခဲ့သည်။

ကျုံယန်စီသည် ယန်ရှီကို အပျော်တွဲ၍ လက်ထပ်ဖို့ အစီအစဉ် မရှိသလော။

“ ယန်..”

သူမ ယန်ရှီနားသို့ရောက်ခါနီးတွင် ကျုံချင်းယွီက ပြန်ရောက်လာခဲ့ပြီး သူမ၏ ရွှေရောင်ဆံပင်သည် မီးရောင်အောက်တွင် တောက်ပနေခဲ့ပြီး အဆင့်မြင့်ဖက်ရှင်ဂါဝန်နှင့် ပေါင်းစပ်လိုက်သောအခါ၌ နတ်သမီးပုံပြင်များထဲမှ မင်းသမီးတစ်ယောက်နှင့်ပင် တူလှသည်။

“ငါအဆင်သင့်ဖြစ်ပြီ ဟိုတယ်ကို သွားကြမယ်”

ယန်ရှီသည်လည်း မိတ်ကပ်ပြင်ဆင်ပြီးပြီဖြစ်သောကြောင့် မတ်တပ်ရပ်လိုက်သည်။

သူတို့သည် လက်ချင်းချိတ်၍ ထွက်သွားကြကာ အနီးအနားတွင်ရှိသော ဖန်းရှူယောင်းကိုပင် သတိမထားမိခဲ့ပေ။

ဖန်းရှူယောင်း၏ စိတ်ထဲတွင် ခံစားသွားရသည်။

သူမသည် လက်မလျှော့ပဲ ယန်ရှီနှင့် ကျုံချင်းယွီနောက်လိုက်သွားခဲ့ပြီး Blue Studio အဝင်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် ရှည်လျားသည့် limousine ကားတစ်စီး ရပ်နေခဲ့သည်။

ကျုံယန်စီသည် ဆွဲဆောင်မှုရှိသည့် ဝတ်စုံကို ဝတ်ထားကာ ကားကိုမှီထားခဲ့သည်။ဖန်းရှူယောင်၏ မျက်လုံးများမှာ လင်းလက်သွားခဲ့သည်။

ဝိုးး အရမ်းချောတာပဲ ဘာလို့ ကျုံယန်စီက အဲလောက် ကြည့်ကောင်းနေရတာလဲ။

ကျုံယန်စီသည် ယန်ရှီအား ချစ်မေတ္တာများဖြင့်ပြည့်နေသည့် မျက်လုံးဖြင့် ကြည့်လိုက်ကာ လူကြီးလူကောင်းတစ်ယောက်လိုပင် ကားတံခါးဖွင့်ပေးလိုက်သည်။

ကျုံချင်းယွီနှင့် ယန်ရှီတို့ ရောက်လာသည့်အချိန်မှသာ သူသည် studio တံခါးအနောက်တွင် ပုန်းနေသည့် ဖန်းရှူယောင်းကို သတိထားမိသွားခဲ့သည်။

ကျုံချင်းယွီသည် သူမအား အဓိပ္ပာယ်အပြည့်နှင့် ကြည့်လိုက်သည်။ ချမ်းသာသည့် အသိုင်းအဝိုင်း၏ လည်ပတ်ပုံကို သူမ ကောင်းကောင်းသိသည်။ ဖန်းမိသားစု၏ ကျုံယန်စီအပေါ်ထားသည့် ရည်ရွယ်ချက်များသည်လည်း လျှို့ဝှက်ချက် တစ်ခုမဟုတ်ပေ။

“ ကြည့်မနေနဲ့တော့”

ကျုံချင်းယွီမှ နောက်ပြောင်၍ ပြောလာခဲ့သည်။

“ နင့်မှာ fan clubရထားပြီးပြီပဲကို”

ကျုံယန်စီသည်လည်း ဖန်းရှုယောင်းကို ရင်းနှီးသည်။ ကျုံစီးပွားရေးလုပ်ငန်းစုနှက့် ဖန်းမိသားစုသည် စီးပွားရေးအရ ဆက်ဆံမှုများရှိပြီး ယခုတလောတွင် သူ၏ပါးပါးသည် သူမအား ကျုံယန်စီထံသို့ တွန်းပို့နေသည်။

“ ငါ ဖြေရှင်းလိုက်မယ်”

ကျုံချင်းယွီသည် limo ကားပေါ်သို့ အရင်တက်သွားခဲ့သည်။

ယန်ရှီလည်း ကားပေါ်တက်တော့မည့်အချိန်၌ ကျုံယန်စီသည် သူမကို တားလိုက်သည်။

“ ကိုယ်ပေးတဲ့လက်ကောက်ရော ဘယ်မှာလဲ”

ယန်ရှီသည် ခဏတာစဉ်းစားလိုက်သည်။

“ အဲတာက ကျုံစံအိမ်မှာပါ”

ထိုအရာသည် တန်ဖိုးအရမ်းကြီးသောကြောင့် သူမသည် ပေါ့ပေါ့ပါးပါး မဝတ်ရဲပေ။

ကျုံယန်စီသည် သက်ပြင်းချကာ သူ၏ အိတ်ကပ်ထဲမှ အနီရောင်စိန်လက်ကောက်ကို ထုတ်၍ သူမ၏လက်ကောက်ဝတ်တွင် ဝတ်ပေးလိုက်သည်။

ယန်ရှီသည် တုံ့ဆိုင်းသွားခဲ့သည်။

“ ကျွန်မ ဒါကို တစ်ချိန်လုံး ဝတ်ထားရမှာလား”

“ ဝတ်ထားလိုက်” ဟု သူ တိုက်တွန်းလိုက်သည်။

“ တကယ်လို့ တစ်ယောက်ယောက်ကမေးလာရင် ကိုယ်ပေးတာလို့ပြောလိုက်”

လူအများသည် သူအား ယန်ရှီအပေါ်လေးနက်မှုမရှိသည့်ပုံစံနှင့် ကလေးစရာတစ်ခုလိုမြင်နေခြင်းများကို ကျုံယန်စီမှ အလွန်စိတ်ပျက်နေလေသည်။

မီလီယမ်ပေါင်းရာချီတန်သည့် ထိုလက်ကောက်သည် သူတို့၏ပါးစပ်များကို ပိတ်သွားစေနိုင်သည်။

ယန်ရှီသည် သူမ၏ခေါင်းကိုငြိမ့်ကာ “ ဟုတ်ကဲ့” ဟု ပြန်ပြောလာခဲ့သည်။

ထို့နောက် သူမသည် limoကားထဲသို့ ဝင်သွားခဲ့သည်။

ကျုံယန်စီလည်း ကားထဲသို့ဝင်သွားပြီးနောက် ကားသည် အရှိန်နှင့်ထွက်ခွာသွားခဲ့ပြီး studio တံခါးအနောက်တွင် ပုန်းနေသည့် ဖန်းရှူယောင်၏ မျက်လုံးများမှာ ကြယ်ကလေးများကဲ့သို့ပင် တောက်ပနေခဲ့သည်။

သူမ၏ ဖုန်းကင်မရာဖြင့် ထိုအရာအားလုံးကို မှတ်တမ်းတင်ထားခဲ့သည်။

သူမ၏ သူငယ်ချင်းပို့ပေးထားသည့် linkကို ဝင်ကာ သူမရိုက်ကူးထားသည့် videoကို တုံ့ဆိုင်းခြင်းမရှိပဲ CP fan pageတွင် တင်လိုက်သည်။

ထိုအချိန်၌ ပရိတ်သတ်များသည် ဖားဦးထုပ်ပုံများကို အသေးစိတ်ကြည့်ရှုနေကြပြီး ထိုအတွဲသည် မည်သည့်အဆင့်ရောက်နေကြကြောင်းကို လေ့လာနေကြသည်။

ဖန်းရှူယောင်း၏ postသည် လူများအားလုံး၏အာရုံကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။

[ သံသယဖြစ်စရာမရှိတော့ဘူး ကျုံ-ယန်က တကယ်အစစ်အမှန်ပဲ၊ ကျုံယန်စီက ယန်ရှီကို အနီရောင်စိန်လက်ကောက်ပေးလိုက်တယ် အဲလက်ကောက်က ဈေးပေါ့ပေါ့တန်တန်မဟုတ်ဘူး၊ ဘယ်လိုလုပ် သူက အလေးအနက်မထားဘူးလို့ ပြောနိုင်ကြတာလဲ]

“ကျွန်မရဲ့ CPက အရမ်းချိုလွန်းတယ်” ဟု တင်လိုက်သော ဖန်းရှူယောင်း၏ accမှာ follower 10,000 ရှိနေပြီးသားဖြစ်သည်။

သူမ post တင်လိုက်သည့်အချိန်၌ ပရိတ်သတ်များသည် စုပြုံ၍ ရောက်လာခဲ့ကြသည်။

[ အားးးး အချစ်ကလေးက postအသစ် တင်လာပြီ]

[ဒါက fanartတွေမဟုတ်ဘူး တကယ့်အစစ်အမှန်ပဲ၊ ကျုံယန်စီက သူမကို ကြည့်နေတဲ့ပုံစံကို ကြည့်လိုက်ပါဦး ငါတော့ အရည်ပျော်နေပြီ]

[သူတို့က တကယ်ကြီး တွဲနေကြတာပဲ~]

[ငါထင်ပြီးသားပဲ၊ ကျုံယန်စီ သူ့ကို ယူလိုက်တော့ လက်ထက်လိုက်ပါတော့ တစ်နှစ်မှာရှိတဲ့ 365ရက်လုံးလက်ထပ်လိုက်ပါ့လား၊ မင်းလုပ်နိုင်တယ်ဆိုတာ ငါတို့သိပါတယ်]

ဖန်းရှူယောင်၏ စိတ်ထဲတွင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည်။

Livestream တွေကိုရှာကြည့်ရတာထက် သူတို့နှစ်ယောက်ရဲ့အချိုတွေကို ကိုယ်တိုင်မြင်လိုက်ရတာက ပိုကောင်းတာပဲ။

ကျုံယန်စီက အရမ်းချောတယ် ပြီးတော့ ယန်ရှီကလည်း အရမ်းချစ်စရာကောင်းတယ် နှစ်ယောက်အတူတူဆိုတော့ အရမ်းပြီးပြည့်စုံသွားပြီ။

ချမ်းသာတဲ့အသိုင်းအဝိုင်းကအနေအထားတွေကို မေ့လိုက်တော့ ဒါက အချစ်စစ်ပဲ။

ဖန်းရှုယောင်းသည် အစောပိုင်း၌ အကျယ်ကြီး အော်ဟစ်လိုက်ချင်သော်လည်း သူမအား အရူးဟု ထင်ကြမည်ဆိုး၍ သည်းခံလိုက်ရသည်။ လိုင်းပေါ်တွင်တော့ သူမသည် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ပေ။

သူမသည် သူ၏ သူငယ်ချင်းထံသို့ message များ ဆက်တိုက်ပို့လိုက်သည်။

“ အရမ်းချိုတာပဲ ငါတော့ အရမ်းသဘောကျနေပြီ”

“ ကျုံယန်စီက အဲလက်ကောက်ကို သူကိုယ်တိုင်ယန်ရှီကို ဝတ်ပေးတာ”

“ ရသစုံရှိုးမှာကတည်းက သူ့အကြည့်တွေက တစ်ခုခုပဲလို့ တွေးထားခဲ့တာ၊ သူတို့က တကယ်တော့ တိတ်တိတ်လေး ခိုးတွဲနေကြတာပဲ”

“ အား ပြီးတော့ အခု ငါ ယန်ရှီကို ခိုးကြည့်လိုက်သေးတယ်၊ သူ့ရဲ့ညှပ်ရိုးပေါ်မှာ အနီရောင် အမှတ်တစ်ခုတွေ့လိုက်တယ် အဲတာက ကိုက်ရာကြီးဟုတ်တယ် မဟုတ်လား”

သူမ၏သူငယ်ချင်းသည်လည်း အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။

“ ဒါပေမဲ့ နင့်အဖေက နင့်ကို ကျုံယန်စီနဲ့ ယူခိုင်းနေတာမဟုတ်ဘူးလား၊ နင်တစ်ယောက်ထဲတင် မဟုတ်ပါဘူး ချမ်းသာတဲ့အသိုင်းအဝိုင်းကလူတွေအားလုံးက အဲလိုလုပ်ချင်နေကြတာလေ”

“ ကျုံယန်စီမှာ အန္တရာယ်ရှိနေပြီ”

ဖန်းရှူယောင်းသည် နည်းလမ်းကျကျဖြင့် ကြေညာလိုက်သည်။

“ငါ့အသက်ကိုရင်းပြီး သူတို့အချစ်ကိုကာကွယ်မှာ ဘယ်သူမှ သူတို့ကြားထဲ ဝင်လို့မရစေရဘူး”

“ ရှူယောင်း”

ဖန်းရုံးရန်၏ အသံသည် studio ထဲမှ ထွက်ပေါ်လာခဲ့သည်။

“ ဘာလို့ တံခါးနားမှာ နေနေတာလဲ အဝတ်လဲတော့လေ”

Limoကား ထွက်သွားသည်မှာ ကြာလှပြီဖြစ်၏။

ဖန်းရှူယောင်သည် မကျေနပ်သည့်ပုံစံဖြင့် သူမ၏ အစ်မနားသို့ ပြန်လာခဲ့သည်။

“ ကျဲ ဒီည ကျုံယန်စီနဲ့လက်ထပ်ချင်တဲ့သူတွေအများကြီးရှိတာလား”

ဖန်းရုံးရန် - “ ဒါပေါ့”

“ ဒါကြောင့်မလို့ နင်ကောင်းကောင်းမွန်မွန် ပြင်ဆင်ထား၊ အဲကလေးမလေးတွေ ကျော်တက်သွားတာ မခံရစေနဲ့”

ဖန်းရှူယောင်းသည် လက်သီးဆုပ်ကာ “ ဟုတ်ကဲ့” ဟု ပြောလာခဲ့သည်။

သူရဲ့ OTPကို ဘယ်သူမှ ဖျက်ဆီးခွင့် မပြုဘူး။

….

ကျုံချင်းယွီ၏ မွေးနေ့ပွဲအား ခမ်းနားထည်ဝါသည့် သူ၏စံအိမ်တွင် ကျင်းပခဲ့သည်။

အဝင်ပေါက်တွင် တံခါးကို နှင်းဆီပန်းရောင်စုံဖြင့် အလှဆင်ထားခဲ့ပြီး ကောဇောအနီရောင်ခင်းထားသည့် လမ်းတစ်လျှောက်လုံးတွင်လည်း နှင်းဆီပန်းများဖြင့် အပြည့်ဖြစ်နေခဲ့သည်။

မွေးနေ့ပွဲသည် တရားဝင် မစသေးသော်လည်း ဧည့်သည်တော်တော်များများ ရောက်ရှိနေပြီ ဖြစ်၏။

ကျုံချင်းယွီသည် ဧည့်ခံသည့်ကိစ္စများကို လုပ်ဖို့ စိတ်ပါပေ။ ထိုအလုပ်များသည် အိမ်တော်ထိန်းယွီနှင့် အန်တီကျန်းတို့၏ အလုပ်ပင် ဖြစ်သည်။ပွဲ၏ အဓိကလူတစ်ယောက်အနေဖြင့် သူစိတ်ပါသည့်အချိန်မှ ထွက်လာမည်ဖြစ်သည်။

Villa၏ လေသာဆောင်တွင် ကျူံပါးပါးသည် သူ၏ သူငယ်ချင်းဟောင်းများနှင့် မဟော်ဂနီရောင်ကျွန်းစားပွဲပေါ်ကြီးတွင် လက်ဖက်ရည် သောက်နေခဲ့ကြသည်။

လူအများစုသည် လက်ထပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်သည့်ကိစ္စများကို အရိပ်အမြွက်ပေး၍ ပြောဆိုနေကြသည်။

“ ကျုံအဘိုးကြီးရေ အခု ယန်စီက 27နှစ်တောင်ရှိနေပြီ အိမ်ထောင်ချပေးဖို့ အချိန်ကျနေပြီမဟုတ်လား”

“ ကျွန်တော့်ရဲ့ သမီးလေး ရှူယောင်းလေ သူငယ်ငယ်ကတည်းတုန်းက မင်းမြင်ဖူးပါတယ်၊ အခု သူနိုင်ငံခြားကနေ ဘွဲ့ယူပြီး ပြန်လာပြီ သူက အခု အသက် 22ဆိုတော့ ယန်စီနဲ့ အတော်လိုက်ဖက်တယ်”

“ ပြီးတော့ ပေမိသားစုရဲ့ အရှုပ်တော်ပုံတွေကြောင့် ကျုံချင်းယွီနဲ့ ပေယွဲ့ပိုင်တို့ လက်မထပ်လိုက်ရတာကိုပဲ ကျေးဇူးတင်ရမယ်၊ ကျွန်တော့်ရဲ့ တူလေးက 26နှစ်ရှိနေပြီ သူနဲ့ဆိုရင် အလွန်လိုက်‌ဖက်နေမှာ…”

ကျုံပါးပါးသည် လိမ္မာပါးနပ်စွာဖြင့် ရယ်လိုက်သည်။

“ ကလေးတွေက သူတို့စိတ်နဲ့သူတို့ပါ၊ ကျွန်တော်လည်း သူတို့ကို မထိန်းချုပ်နိုင်ဘူး”

သူ၏သူငယ်ချင်းသည် အသက်ရှူထုတ်လိုက်သည်။

သူသည် ကလေးများကို လွတ်လပ်ခွင့်ပေးထားသည့် အဖေမျိူးပင် ဖြစ်သည်။

ကျုံချင်းယွီနှင့် ပတ်သတ်သည့်အကြောင်းအရာများကို မည်သူမှ သေချာမသိကြသော်လည်း ကျုံယန်စီ၏ အခြေအနေကို အားလုံး သိနေကြပြီဖြစ်သည်။

ရိုးသားဖြူစင်သည့် ကလေးမလေးနှင့်သာ လက်ထပ်ပေးတော့မည် ဖြစ်သည်။

ယန်ရှီရဲ့နောက်မှ ဘာစီးပွားရေး ကျောထောက်နောက်ခံမှမရှိဘူးလေ။

တစ်ချို့လူများသည် ကျုံမိသားစု၏ အမွေအနှစ်အား မည်သူဆက်ခံမလဲကို သိချင်နေကြပြီး သတင်းရရန် ရှာဖွေနေကြလေသည်။

ယခင်အချိန်များတွင် ကျုံယန်စီသည် ကျုံစီးပွားရေးလုပ်ငန်းစု၏ CEOဖြစ်သောကြောင့် သူ့ဘက်မှ ရပ်တည်နေခဲ့ကြသည်။

သို့သော် ယခုနှစ်တွင် ကျုံစီးပွားရေးလုပ်ငန်းစုသည် မုန့်စီးပွားရေးလုပ်ငန်းစုအား အင်တိုက်အားတိုက်ဝယ်ယူခဲ့ပြီး ကျုံချင်းယွီသည် မုန့်စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဌ ဖြစ်သွားသောကြောင့် ကျုံယန်စီ၏ အားသာချက်များမှာ နှစ်မြုပ်သွားခဲ့သည်။

မည်သည့်အရာမှ ခန့်မှန်း၍ မရတော့ပေ။

ကျုံပါးပါးသည် ဝေ့လည်ကြောင်ပတ်နှင့် မသက်ဆိုင်သည့်အဖြေများကိုသာ ပေးနေခဲ့သည်။

“ ကျုံမိသားစုရဲ့ အမွေကို ဘယ်သူဆက်ခံမှာလဲဆိုတာက အဲလောက် အရေးကြီးလို့လား၊ ကျွန်တော့်ရဲ့ ကလေးတွေက စည်းလုံးပြီး သင့်မြတ်ကြတဲ့ မိသားစုပါ၊ သူတို့ကြားမှာ ဒီလိုတွေ ခွဲခြားဖို့ မလိုအပ်ပါဘူး”

ဘေးနားတွင်ရှိသော မိတ်ဆွေဟောင်းများသည် ယဉ်ကျေးစွာဖြင့်ရီနေကြသော်လည်း စိတ်ထဲတွင် သရော်နေခဲ့ကြသည်။

စည်းလုံးပြီးသင့်မြတ်ဝာာလား။

သူသည် သူတို့အား အရူးများဟု ထင်နေပါသလား။

ကျုံချင်းယွီနှင့် ကျုံယန်စီတို့သည် အဖေတူ အမေကွဲများဖြစ်ကြသည်။

သူတို့သည် ဆယ်နှစ်ကျော်လောက် အဆင်မပြေဖြစ်ခဲ့ကြသည်အပြင် အချင်းချင်းတွေ့လိုက်သည့်အချိန်းတိုင်း ရန်ဖြစ်ရန် အဆင်သင့်ဖြစ်နေကြသူများဖြစ်သည်။ သူတို့သည် အဘယ့်ကြောင့် သင်မြတ်သည်ဆိုတာ ဖြစ်နိုင်မည်နည်း။

ဒီ မြေခွေးအိုကြီးကတော့ အမှန်တရားတွေကို ထွက်မလာဘူး။

အဖွဲ့ထဲတွင် အဓိပ္ပာယ်မရှိသည့်စကားများကို ပြောနေကြချိန်တွင် ရှည်လျားသည့် limousine ကားကြီးသည် စံအိမ်တော်ထဲသို့ ဝင်လာခဲ့သည်။

တံခါးစောင့်မှူးသည် ကားတံခါးကို ရိုသေလေးစားစွာဖြင့် ဖွင့်လိုက်သည်။

ကျုံယန်စီသည် ကားထဲမှ အရင်ဆုံး ဆင်းလာခဲ့သည်။

ကျယ်ပြန့်သည့်ပုခုံးများ ၊ ရှည်လျားသည့် ခြေထောက်များနှင့် ဆွဲဆောင်မှုရှိသည့် suitကို ဝတ်ဆင်ထားသည့် ကျုံယန်စီသည် လူအများ၏ ငေးမောစရာဖြစ်နေခဲ့သည်။ များပြားလှသော ချမ်းသားသည့်အသိုင်းအဝိုင်းများမှ သမီးပျိုလေးများသည်လည်း သူ့အား မကြည့်ပဲ မနေနိုင်တော့ပေ။

ထို့နောက် ကျုံယန်စီသည် တံခါး၏ထိပ်ကို လက်ဖြင့်ကာပေးလိုက်ပြီး ယန်ရှီသည် limoကားထဲမှ ထွက်လာခဲ့သည်။

ယန်ရှီတွင် စီးပွားရေးကျောထောက်နောက်ခံမရှိ၍ အထင်အမြင်သေးခဲ့ကြသော်လည်း သူမသည် ဆွဲဆောင်မှုရှိသည်ဟူသော အချက်ကို ငြင်း၍မရပေ။

M-brand ၏ ရိုးရိုးရှင်းရှင်း ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားသော်လည်း သူမသည် ရိုးသားဖြူစင်၍ ဆွဲဆောင်မှု အပြည့်ရှိနေခဲ့သည်။

သို့သော် ကိစ္စမရှိပေ။ ကျောထောက်နောက်ခံအသိုင်းအဝိုင်းမရှ်ိခြင်းသည် သူမ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သည်။ အရံဇာတ်ကောင်တစ်ယောက်အနေဖြင့် စိုးရိမ်စရာပင် မရှိပေ။

သူတို့နှစ်ယောက်ထွက်လာပြီးချိန်တွင် တံခါးစောင့်သည် ကားတံခါးကို ပုံမှန်အတိုင်းပင် ပိတ်လိုက်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် limousine ကားထဲမှ တတိယမြောက်လူထွက်လာသည့်အချိန်၌ အကုန်လုံး မှင်သက်သွားခဲ့ကြသည်။

သူမ၏ ရွှေရောင်ဆံပင်သည် အလွန်တောက်ပနေပြီး ဥရောပစတိုင် မင်းသမီးဂါဝန်သည် ကျက်သရေရှိလွန်းလှပြီး သူမ၏ကိုယ်ပေါ်မှ အပြာရောင်စိန်လက်ဝတ်ရတနာမျယးသည်လည်း မီးရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်။ သူမသည် အခြားကမ္ဘာမှထွက်လာသည့် နတ်သမီးပုံပြင်ထဲမှ မင်းသမီးတစ်ပါးလိုပင်။

လူအုပ်ကြီးတစ်ခုလုံး အသက်ရှုမှားသွားခဲ့သည်။

အဲတာ ကျုံချင်းယွီမလား။

သူမက ကျုံယန်စီနဲ့ အဆင်မပြေကြဘူး မဟုတ်လား။

သူမသည် အဘယ့်ကြောင့် ကျုံယန်စီကားနှင့် အတူတူလိုက်ပါလာရသနည်း။ သူတို့သည် limo ကားထဲတွင် အချင်းချင်း ရန်ဖြစ်‌လာကြသလား။

ကျုံပါးပါးသည် လက်ဖက်ရည်ကို နည်းနည်းချင်းဇိမ်ခံသောက်လိုက်ကာ ပြောလာခဲ့သည်။

“ ကျွန်တော် မပြောခဲ့ဘူးလား၊ ကျွန်တော်တို့ မိသားစုက အဆင်ပြေကြပါတယ်လို့ ဘာလို့ ခင်ဗျားတို့က မယုံကြတာလဲ”

All Chapters