← Chapters

အခန်း (၇၅၀)

Vol. 51 Ch. 750

အခန်း (၇၅၀)

Vol. 51 Ch. 750

“ဒါ နတ်ဘုရားအင်ပါယာပိုင်ယုပဲ” လျှိုချင်းကျီသည် ဝမ်းမြောက်ဝမ်းသာဖြင့် ထကာ အော်ဟစ်လိုက်၏။ နတ်ဘုရားအင်ပါယာပိုင်ယု၏ အားအင်အဆင့်သည် အထူးအထွေ မိတ်ဆက်နေစရာပင် မလိုအပ်ချေ။ ၎င်းသည် အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် အဆင့်မြင့်မြင့်မားမား ရပ်တည်နေပြီး ထိပ်ဆုံး နှစ်ဆယ်စာရင်းထဲသို့ ဝင်သူတစ်ယောက်ဖြစ်၏။ ပြိုင်စံရှားဟူသည့် ဖြစ်တည်မှုကို ထုတ်ဖော် ပြသနေခြင်းပင်။

“ပိုင်ယု... မင်း သေချင်နေတာလား” မီးတောက်ဘုရင်သည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး တစ်ဖက်လူကို စူးစိုက်ကာကြည့်ရှုလိုက်၏။ ၎င်းသည် ရုတ်တရက် တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒများကို မနည်း ထိန်းချုပ်ထားရ၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်ဖြစ်မှန်းကို သူ သိရှိ၏။

“ခင်ဗျား စမ်းကြည့်လိုက်လေ”

နတ်ဘုရားအင်ပါယာပိုင်ယုသည် ရှေ့ဆီသို့ ယုံကြည်ချက်ရှိရှိဖြင့် လှမ်းတက် လာခဲ့၏။ ၎င်း၏အရှိန်အဟုန်များသည် ခြေတစ်လှမ်းလှမ်းတိုင်း ပိုမိုကာ တိုးတက်လာခဲ့၏။ တည်နေရာ တစ်ခုလုံးတွင်ရှိနေသည့် လူများအားလုံးသည် ကြောက်လန့်မှုကို ခံစားရ၏။ လက်ထဲတွင် ရှိနေသည့် လှံကြီးကို ဆွဲမြှောက်လိုက်သည့် အချိန်မှာတော့ အရာအားလုံးတို့သည် ဗလာဟင်းလင်း ဖြစ်ကုန်သကဲ့သို့ပင်။

နတ်ဘုရားရောင်စဉ်များ လိမ်ယှက်လျက်ရှိနေပြီး အင်မော်တယ်ဘုရင်တစ်ယောက်၏ နတ်ဘုရား သွေးများသည် တစ်စက်စက်နှင့် ကျဆင်းနေ၏။ သွေးစက်တစ်ခုချင်းစီတိုင်းသည် တန်ဖိုးကြီးမားလွန်းလှပြီး လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စွမ်းအင်မျိုးလည်း ပါဝင်နေ၏။

လက်ရှိအခြေအနေမှာတော့ အင်မော်တယ်ဘုရင်တစ်ယောက်၏ သွေးသည် ဘာတစ်ခုမှ မဟုတ်သကဲ့သို့ပင်။ တိုက်ပွဲက ယခုမှ စတင်ကာစရှိသေး၏။ သို့ပေမဲ့ အင်မော်တယ်ဘုရင် တော်တော်များများက သေဆုံးနှင့်နေပြီ ဖြစ်သည်။

“အရှေ့ကို တစ်လှမ်းတိုးပြီဆိုတာနဲ့ နတ်ဆိုးလောကကြီးနဲ့ ခင်ဗျားက ပြဿနာတက်ပြီပဲ။ သေသေချာချာ စဉ်းစားအုံး” မီးတောက်ဘုရင်သည် နတ်ဘုရားအင်ပါယာပိုင်ယု၏ လှုပ်ရှားမှုကို လှမ်းကာကြည့်ရှုရင်း မျက်လုံးများ အေးစက်သွားခဲ့၏။ ၎င်း၏ အော်ရာများသည် ပိုမိုကာတိုးတက်လာခဲ့ပြီး ၎င်း၏နားတွင် ရှိနေသည့် မီးတောက်ပင်လယ်ကြီးသည် ပိုမိုကာကြမ်းတမ်းလာ၏။

“ကျုပ် လာမယ်လို့ အစောကြီးတည်းက တွေးထားပြီးသား” နတ်ဘုရားအင်ပါယာပိုင်ယုသည် ရုတ်တရက် လှမ်းကာပြောဆိုလိုက်၏။ ရှေ့ဆီသို့တစ်လှမ်း လှမ်းတက်ပြီးသည့်နောက် ရှေ့တွင်ရှိနေသည့် မီးတောက် ပင်လယ်ကြီးသည် ပြိုလဲလုမတတ် ဖြစ်သွား၏။ တစ်လှမ်းလှမ်းလိုက်ရုံနဲ့ ကြယ်စင်စုများအားလုံးသည် ပြိုလဲကျဆင်းလာခဲ့သည်။

“သေချင်နေတာပဲ” နတ်ဘုရားအင်ပါယာပိုင်ယုသည် မီးတောက်ပင်လယ်ထဲသို့ အသာလှမ်းဝင်လိုက်၏။ ထိုအချိန်မှာပဲ နတ်ဆိုးလောက၏ အင်မော်တယ်ဘုရင်တစ်ယောက်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ လှုပ်ရှားတိုက်ခိုက်မှုသည် အလစ်ချောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ဘာမှ မထူးခြားချေေ။ နတ်ဘုရားအင်ပါယာပိုင်ယုသည် တကယ့်ကို အားကောင်းလွန်းနေ၏။

“သတိထား”

လျှိုကလန်တွင်ရှိနေသည့် လူပေါင်းများစွာတို့သည် လှမ်းကာသတိပေးလိုက်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်၏။ လှုပ်ရှားမှုသည် အသံထက်ပိုမိုကာ မြန်ဆန်နေ၏။ နတ်ဆိုးလောက၏ အင်မော်တယ် ဘုရင်သည် ဓားကို လွှဲကာဝှေ့ယမ်းပြီးဖြစ်သည်။

အင်မော်တယ်ဘုရင် ဆိုသည်မှာ သာမန်လူတစ်ယောက်မဟုတ်ချေ။ သတိပေးသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ၎င်းသည် တစ်ဖက်လူကို ခုတ်ပစ်နိုင်မှာ သေချာ၏။ ဓားချက်သည် တည့်တည့်ဆိုသလိုပဲ နတ်ဘုရားအင်ပါယာပိုင်ယု၏ လည်ပင်းဆီသို့ ရောက်ရှိလာ၏။ အရှိန်ကလည်း မြန်ဆန်လွန်း၏။ အင်မော်တယ်ဘုရင် တစ်ယောက်ဆိုလျှင်ပင် တုံ့ပြန်ရန် အချိန်ရှိလိမ့်မည် မဟုတ်ချေ။ နတ်ဆိုးလောကကြီး၏ အင်မော်တယ် ဘုရင်သည် လှုပ်ရှားလိုက်ပြီ ဆိုသည်နှင့်တပြိုင်နက် အားအင်အဆင့်အကုန်ကို ထုတ်ဖော် တိုက်ခိုက်ပြီး တစ်ခါတည်း အသေသတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

ဇွိ

လေဟာနယ်ကို ထိုးခွင်းသွားသည့် လှံ၏ အသံက ထွက်ပေါ်လာခဲ့၏။ သုံးပေခန့်ရှိသည့်လှံသည် စကြဝဠာ တစ်ခုလုံးတွင် ထိန်ထိန်လင်းလာ၏။ လှံ၏ထိပ်တွင် ကြည့်ကောင်းလွန်းသည့် လျှပ်စီးတန်းများနှင့် လိမ်ယှက်လျက် ရှိနေသည်။

ဇွပ်

ထိုအချိန်မှာတော့ အရာအားလုံး အေးခဲသွားခဲ့၏။ နတ်ဘုရားအင်ပါယာပိုင်ယုသည် တစ်ချက်ကလေးမှ နှောင့်နှေး မနေခဲ့ချေ။ လှံကို လက်တစ်ဖက်နှင့်ကိုင်ဆောင်ထားပြီး လှံဦးထိပ်တွင် လူတစ်ယောက်၏ ခန္ဓာကိုယ်က တည်ရှိနေ၏။ မဲနက်နေသည့် သွေးများသည် လှံထိပ်ဆီမှ အောက်သို့ ကျဆင်းလျက် ရှိနေ၏။ အားလုံးသောသူတို့သည် ထိုအရာကိုကြည့်ရှုရင်း ကြက်သီးမွေးညင်းများပင် ထကုန်၏။

ဘာတွေဖြစ်ကုန်သနည်း။ မျက်စိတစ်မှိတ်အတွင်းတွင် ရုတ်တရက် တိုက်ခိုက်လိုက်သည့် အင်မော်တယ်ဘုရင် တစ်ယောက်၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားနိုင်ရုံသာမက တစ်ဖက်လူကို တစ်ချက်တည်း သတ်ဖြတ်ခဲ့၏။ ပိုင်ယုအတွက် အင်မော်တယ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ရခြင်းမှာ အလွန်လွယ်ကူသည့် အရာကဲ့သို့ပင်။

လူပေါင်းများစွာတို့သည် အင်မော်တယ်ဘုရင်စာရင်းရှိ အင်မော်တယ်ဘုရင်များ၏ အားအင်အဆင့်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း သိရှိ နားလည်ခဲ့ကြပြီးဖြစ်၏။ အထူးသဖြင့် ထိပ်ဆုံး ဆယ်ယောက်ပင်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ ရောက်ရှိခြင်း မရှိဘူးဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာအဆင့်နှင့် သိပ်ပြီး ကွာခြားလိမ့်မည် မဟုတ်ချေ။

ဘုန်း

နားကွဲလောက်စရာအသံကြီး ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရားအင်ပါယာပိုင်ယုသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ၎င်း၏ရှေ့တွင် မီးတောက်ပင်လယ်ကြီးသည် တဖြည်းဖြည်းနှင့် ငြိမ်းသက်လာခဲ့၏။

“ကျုပ်လမ်းကို ပိတ်ပင်တဲ့လူတွေအကုန်လုံး သေရမယ်” နတ်ဘုရားအင်ပါယာပိုင်ယုရဲ့အသံသည် တစ်လောကလုံးဆီသို့ ပဲ့တင်ထပ်သွား၏။ လှံတစ်ချက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်မှာ တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် အရှိန်အဝါ အားလုံးက ယုတ်လျော့သွားသည်။

ဘုန်း

ရှေ့တွင်ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့ပြီး မဲနက်နေသည့် သွေးများသည် အောက်သို့ ကျဆင်းနေ၏။ ခန္ဓာကိုယ်တွင်သာမက ဝိညာဉ် တစ်ခုလုံးကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ အင်မော်တယ်ဘုရင်တစ်ယောက်သည် ဘာမှမကျန်အောင်ပင် ပျောက်ကွယ်သွားလေ၏။

“နတ်ဘုရားအင်ပါယာပိုင်ယု... ခင်ဗျား လုပ်ရဲတယ်ပေါ့” အဝေးတည်နေရာမှာတော့ နတ်ဆိုးလောက၏ နောက်ထပ် အင်မော်တယ်ဘုရင်တစ်ယောက်က လှမ်းအော်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နက်မှောင်လျက်ရှိနေသည့် အမဲရောင်အငွေ့များဖြင့် ရစ်သိုင်းနေ၏။ ထိုသူ၏ အနောက်ဘက်တွင်တော့ အင်မော်တယ်ဘုရင်များက လိုက်ပါလာခဲ့၏။ ၎င်းတို့သည် အတူစုစည်းပူးပေါင်းကာဖြင့် နတ်ဘုရား အင်ပါယာပိုင်ယုကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ အစစ်အမှန်ချီများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

၎င်းတို့သည် စောဏတုန်းကသေဆုံးခဲ့သည့် အင်မော်တယ်ဘုရင်အတွက် လက်စားလာချေခြင်းဖြစ်၏။ သို့ပေမဲ့ သူတို့နားလည်ထားသည်မှာ မည်သူမှသည် နတ်ဘုရားအင်ပါယာပိုင်ယုနှင့် ယှဉ်ပြိုင်၍ မရနိုင်ကြောင်းပင်။ ထို့ကြောင့် ပူးပေါင်း တိုက်ခိုက်ခြင်းအားဖြင့်သာလျှင် တစ်ဖက်လူကို အနိုင်တိုက်ခိုက် နိုင်ပေလိမ့်မည်။

သို့ပေမဲ့ သူတို့မထင်မှတ်ထားလောက်အောင်ဘဲ သူတို့၏လမ်းရှေ့တွင် များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့၏။

“ခင်ဗျားတို့ရဲ့ ပြိုင်ဘက်က ကျုပ်ပဲ”

ဒုတိယဘိုးဘေးကြီး၏ မုတ်ဆိတ်မွေးဖြူများသည် လေဟာနယ်ထဲတွင် လေနှင့်အတူ လွင့်မျောနေ၏။ ၎င်း၏ အိုမင်း ရင့်ရော်နေသော မျက်လုံးထက်တွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ လက်ရှိအခြေအနေသည် အတိတ်တွင် ရှိနေသည့် မှတ်ဉာဏ်များကိုပင် ဝိုးတဝါး ပြန်လည်ရရှိနေသကဲ့သို့ပင်။ ငရဲလောက၏ တိုက်ပွဲကြီးကို သူက ပြန်လည်ကာ မြင်ယောင်လာမိသည်။

ထိုစဉ်က သူသည် စွမ်းအင်ကင်းမဲ့ပြီး တော်ဝင်ဘိုးဘေးကြီး သေဆုံးသွားသည်ကိုသာ ထိုင်ကြည့်နေခဲ့ရ၏။

“သေချင်နေတာကိုး”

နတ်ဆိုးလောကရှိ အင်မော်တယ်ဘုရင်များ၏ အကြည့်က အေးစက်သွား၏။ သူတို့သည် တုံ့နှေး မနေတော့ချေ။ လျှိုကလန်၏ အင်မော်တယ်ဘုရင်များကို တိုက်ရိုက်ဆိုသလိုပဲ ဝင်ရောက်ကာ တိုက်ခိုက် တော့၏။ တိုက်ခိုက်မှု၏ အလင်းအဟုန်များသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

“နတ်ဘုရားအင်ပါယာပိုင်ယု.. ကျုပ်တို့ကြားမှာရှိတဲ့တိုက်ပွဲက ရှောင်လို့မရတော့ဘူး” မီးတောက်ဘုရင်သည် ကောင်းကင်ယံတွင် မတ်မတ်ရပ်နေ၏။ ၎င်းသည် အနီးအနားတွင်ရှိနေသည့် တိုက်ပွဲကို လှမ်းကာကြည့်ရှုရင်း အမှတ်မထင် မှတ်ချက်ပြုလိုက်၏။

မူလအားဖြင့် အင်မော်တယ်ဘုရင်များ ရောက်ရှိလာသည့်အချိန်တွင် သူသည် နတ်ဘုရား အင်ပါယာပိုင်ယုကို ခုခံထားနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ လျှိုကလန်မှ အဖွဲ့ဝင်များ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သောကြောင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့်လက်နက်ကို ထိန်းချုပ်နိုင်ရန် အခွင့်အရေး အလုံးစုံ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

“နတ်ဘုရားလောကကြီးမှာ ရှိတဲ့အရာတွေကို ဘယ်သူမှ လွယ်လွယ်ကူကူ ထိလို့မရဘူး” နတ်ဘုရား အင်ပါယာပိုင်ယု၏အသံက အေးစက်နေ၏။ ၎င်းသည် အေးစက်စူးရှ တောက်ပလျက်ရှိနေသည့် လှံကြီးကို ညွှန်ကာဖြင့် မီးတောက်ဘုရင်ကို ခြိမ်းခြောက်လိုက်၏။

"ဟုတ်လား။ ဒါကပိုင်ရှင်မဲ့တဲ့ ပစ္စည်းတစ်ခုပါ” မီးတောက်ဘုရင်သည် ပြုံးကာ ပြောလိုက်သည်။

“ဒါ လျှိုကလန်က ရရှိထားခဲ့တဲ့အရာ မူလအားဖြင့် သူတို့ပိုင်တယ်။ နတ်ဆိုးလောကမှာရှိတဲ့ ခင်ဗျားတို့အနေနဲ့ ဒီလက်နက်ကို လိုချင်တယ်ဆိုရင်တော့ ကျုပ်ကို အရင်ဆုံး ကျော်ဖြတ်သွားမှ ဖြစ်လိမ့်မယ်” နတ်ဘုရား အင်ပါယာပိုင်ယု၏ အသံသည် ထူးမခြားနားသကဲ့သို့ပင်။

သူသည် ကွာစီအင်မော်တယ် အင်ပါယာ လက်နက်ကို ရယူချင်သည်ဆိုလျှင်တောင်မှ ထိုအရာကို လျှိုကလန် လက်ထဲမှ မလုယူချင်ပေ။ ထို့အပြင် လျှိုကလန်ဆိုသည်မှာ နတ်ဘုရားလောကကြီး၏ ဒေါက်တိုင်ဖြစ်၏။ ကွာစီအင်မော်တယ်အင်ပါယာ လက်နက်ကို လျှိုကလန် ရရှိသွားခြင်းသည် သူတို့ဘက်မှ ပိုကာ အားအင်တိုးတက်သွားခြင်းပင်။

ထို့အပြင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို သူအနည်းငယ် ရရှိခဲ့ပြီးသား ဖြစ်၏။ လျှိုကလန်ကို ကွာစီအင်မော်တယ် အင်ပါယာ အဆင့် လက်နက်တစ်ခုရရှိအောင် ကူညီခြင်းအားဖြင့် သူသည်လည်း ကောင်းမွန်သည့် ထောက်ခံမှုများကို ပြန်လည်ရရှိမှာဖြစ်၏။ မျက်နှာသာပေးမှုသည် ကျင့်ကြံခြင်း လောကတွင်ပင် အရမ်းကို အရေးကြီးလွန်း၏။

“သာမန် အင်မော်တယ်ဘုရင်တစ်ယောက်က နတ်ဆိုးလောကတစ်ခုလုံးကို တားဆီးနိုင်မှာမဟုတ်ဘူး။ ငရဲလောကကို ဆိုရင်တော့ ဝေးလာဝေးပေါ့” မီးတောက်ဘုရင်သည် လက်ကိုမြောက်လိုက်၏။ သူသည် အဝေးတစ်နေရာတွင် ရှိနေသည့် အင်မော်တယ် သန့်စင်ခြင်းမျှော်စင်ကို လှမ်းယူ၏။ ချက်ချင်းဆိုသလိုပဲ ထိုအရာကို ကိုင်စွဲကာဖြင့် နတ်ဘုရားအင်ပါယာပိုင်ယုကို ဝင်ရောက်ကာ တိုက်ခိုက်တော့သည်။

All Chapters