အခန်း (၇၅၅)
Vol. 51 Ch. 755
မကြာခင်မှာပဲ ရောင်စဉ်အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသည့် လူတစ်ယောက်သည် ကြေးအိုးကြီးပေါ်တွင် ထိုင်လျှက်ရှိနေသည်။
ထိုသူသည် လူသားပုံစံမျိုးတည်ရှိနေသည် ဆိုသော်လည်း ပုံရိပ်ယောင်ကဲ့သို့ပင်။ အချိန်၏ မြစ်ရေစီးကြောင်းတွင် ပေါ်ပေါက်လာသည့် လူကဲ့သို့ပင် ထင်မှတ်မှားနိုင်၏။ ပြောရမည်ဆိုလျှင် ၎င်း၏ ခန္ဓာကိုယ်ဆီမှ များပြားသည့် မတူညီသော အော်ရာများ ထွက်ပေါ်နေ၏။
ထိုသူသည် မတူညီသည့် ကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံနေသကဲ့သို့ပင် ထူးဆန်း လွန်းလှချေ၏။ အားလုံးသောသူတို့သည် နားလည်ရန် ခက်ခဲနေခဲ့၏။ သို့ပေမဲ့ မငြင်းပယ်နိုင်သည်မှာ ထိုသူသည် ကြောက်ရွံ့ဖွယ် အားအင်အဆင့်ကို ပိုင်ဆိုင်နေခြင်းပင်။
အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သော်လည်း ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်နှင့် ရင်ဆိုင်ရသလို ခံစားမိ၏။
"အင်မော်တယ်အင်ပါယာ လူယွင်လား။ မဟုတ်သေးဘူး။ ဒီလူက ကွာစီအင်မော်တယ် အင်ပါယာတွေ အများကြီးရဲ့ အော်ရာတွေ ပါဝင်နေတာပဲ။"
ဝိညာဉ်နတ်ဆိုးတစ်အုပ်၏ ဌာနေအရှင်သည် တင်းမာခက်ထန်သည့် လေသံနှင့် ပြောဆိုလိုက်၏။ သူသည် တစ်စုံတစ်ခုကို နားလည်သွား၏။ "ခင်ဗျားက သက်ရှိလူတစ်ယောက်မဟုတ်ဘူး "
ယေဘုယျအရပြောရမည်ဆိုလျှင် သူ၏ ရှေ့တွင် ရှိနေသောသူသည် ကြောက်မက်ဖွယ်ရာ အော်ရာများကို ပိုင်ဆိုင်သည်။ များပြားလှသည့် ကွာစီအင်မော်တယ်အင်ပါယာများ၏ နည်းစနစ်များကို ပြည့်စုံအောင် လေ့ကျင့်ထားသကဲ့သို့ပင်။ သို့ပေမဲ့ ဤကဲ့သို့သော ဖြစ်နိုင်ချေအား အလွန်နည်းပါးလွန်းသည်။
ကွာစီအင်မော်တယ်အင်ပါယာများ၏ ကျင့်ကြံခြင်း နည်းစနစ်များကို ပြည့်စုံအောင် ကျင့်ကြံဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ ထို့အပြင် ကွာစီအင်မော်တယ် အင်ပါယာများသည် မိမိတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းစနစ်ကိုသာ အသုံးပြုကြသည် မဟုတ်ပါလား။
"ခင်ဗျားက သက်ရှိလူတစ်ယောက်မို့လို့လား"
လွင့်မျောတိမ်ကြေးအိုးကြီးသည် လေဟာနယ်ထဲတွင် ရပ်လျက်ရှိ၏။ ထိုအရာ၏ အပေါ်တွင် ရှိနေသည့် လူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို ထုတ်ဖော်ထား၏။ ၎င်းသည် ဌာနေအရှင်ကို လေးနက်စွာဖြင့် ကြည့်ရှုနေ၏။
၎င်း၏ မျက်လုံးများသည် ခံစားချက် ကင်းမဲ့လို့နေ၏။ ၎င်းတို့ကြား ပြောဆိုသည့် စကားလုံးများသည် နားထောင်သူအတွက်တော့ မည်သည့် အဓိပ္ပာယ်မှ မရှိသလိုပင်။
"ဒီလူက သက်ရှိလူတစ်ယောက် မဟုတ်ဘူးလား။ ပြီးတော့ဝိညာဉ်နတ်ဆိုး ဌာနေအရှင်ကလည်း သက်ရှိ လူတစ်ယောက် မဟုတ်ဘူးလား။ "
အင်မော်တယ်ဘုရင်များသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့သည် မယုံကြည်နိုင်သလိုပင်။ အထူးသဖြင့် လျှိုချင်းယုနှင့် ရှန့်ဘုရင်တို့ပင် ဖြစ်၏။ သူတို့သည် ဝိညာဉ်နတ်ဆိုးတောအုပ်အရှင်၏ အခြေအနေကို လှမ်းကာ ကြည့်ရှုနေ၏။
ပြီးနောက် ရှေ့တွင် ရှိသော ဆန်းကြယ်လွန်းသော အင်မော်တယ်ဘုရင်ကို လှမ်းကာ ကြည့်ရှု့လိုက်၏။ သူတို့သည် တကယ့်ကို နားဝေတိမ်တောင် ဖြစ်လို့နေ၏။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် သက်ရှိတစ်ယောက် မဟုတ်ဘူးဆိုလျှင် ထိုသူကရော မည်သူဖြစ်သနည်း။
"ခင်ဗျားက တကယ်အမြင်စူးရှပါတယ်။"
ဝိညဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် မငြင်းပယ်ဘဲ ဝန်ခံလိုက်လေ၏။ အားလုံးသော သူတို့သည် တကယ့်ကို နားဝေတိမ်တောင် ဖြစ်ကုန်ကြသည်။
"ဒါဆို ခင်ဗျားဘယ်သူလဲ။"
ဌာနေ အရှင်သည် ဆက်လက်ကာ မေးမြန်းလိုက်၏။
"ကျုပ်ဘယ်သူလဲ။ သေချာမသိတော့ဘူး။ ကျုပ်ရဲ့ မှတ်ဉာဏ်တွေက ပျက်စီးကုန်ပြီ။ ဒါပေမဲ့ ကျုပ်ကို ကျိုးချီလို့ ခေါ်တယ်။" ထိုသူသည် ထူးမခြားနားသလို ပြောဆိုလိုက်သည်။
ကျိုးချီဟူသော စကား ထွက်ပေါ်လာသည့် အချိန်မှာတော့ တည်နေရာကြီးတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ လျှိုချင်းဟုန်နှင့် ရှန့်ဘုရင်တို့သည်ပင် မျက်လုံးပြူးသွားမိ၏။ သူတို့သည် ကြားရသည်ကို မယုံကြည်နိုင်နေသလိုပင်။
အင်မော်တယ်ဘုရင်အဆင့်၏ ထိပ်ဆုံး ကျင့်ကြံသူတစ်ယောက်၊ တကယ် အစစ်အမှန်ပင်၊ စီနီယာနန်းဆောင်သခင်သည် သူတို့ကို မလိမ်ညာခဲ့ချေ။ အင်မော်တယ်ဘုရင် စာရင်းတွင် ရှိနေသည့် သူများသည် အသက်ရှင်လျက် ရှိနေ၏။
လျှိုချင်းယုသည် ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျိုးချီပင် အသက်ရှင်လျက်ရှိနေသည် ဆိုမှတော့ အခြားသောသူများသည် အဘယ်သို့ သေဆုံးမည်နည်း။
လုဝူတောက် သို့ တခြားသောသူများလည်း ရောက်ရှိကောင်း ရောက်ရှိနေနိုင်၏။ သို့ပေမဲ့ အပြင်ဘက်သို့ ထွက်မလာခြင်းသာ ဖြစ်ပေလိမ့်မည်။
"ကျိုးချီဟုတ်လား"
ဌာနေ အရှင်သည် အသာရယ်မောကာ ပြောလိုက်၏။ "အင်မော်တယ်ဘုရင်အဆင့်ရဲ့ ပထမဆုံးနေရာမှာ ရှိတယ်ဆိုတာနဲ့ ခင်ဗျားက ကျုပ်ကို စိန်ခေါ်နိုင်မယ် ထင်နေတာလား။"
ဌာနေ အရှင်သည် ရှေ့ဆီသို့လှမ်းတက်လိုက်၏။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးက ပေါက်ကွဲသွား၏။ အပြင်ဘက် တည်နေရာတွင်ရှိနေသည့် ကြယ်စင်စုများသည် အောက်သို့ပင် ပြုတ်ကျလာခဲ့သည်။
လောကကြီးတစ်ခုလုံး၏ အဆုံးသတ်သည် ထိုနေရာတွင် တည်ရှိနေသလိုပင်။ အားလုံးသောသူတို့၏ မှတ်ဉာဏ်အတွင်းထဲတွင် ရှိနေသည့် စိတ်မချမ်းမြေ့စရာ မြင်ကွင်းများသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
"ငရဲလောကကြီးလား"
ရှန့်ဘုရင်၏ မျက်နှာက ဖြူရော်သွားခဲ့လေ၏။ ငရဲလောကအရှင်သည် သူ့လက်အောက်မျ လူများ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်အမှတ်အသားများ ချန်ထားခဲ့သည်။ လက်ရှိ ဌာနေ အရှင်၏ ခန္ဓာကိုယ်ဆီ်မှ ငရဲလောက၏ အော်ရာများ ထပ်မံထွက်ပေါ်လာသည်ကို သူ ခံစားမိလိုက်သည်။
"ခင်ဗျားက ငရဲလောကရဲ့ အရှင်ပဲ။"
ရှန့်ဘုရင်က တုန်လှုပ်သွားခဲ့၏။ ရှေးငရဲလောကကြီး၏ တိုက်ပွဲတွင် များပြားလှသည့် ကွာစီအင်မော်တယ် အင်ပါယာများ သေဆုံးသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ အော်ရာများသည် အလွန်တစ်ရာ သန့်စင်လို့ နေခဲ့၏။ ထို့ကြောင့် ငရဲလောက၏ အရှင် ဖြစ်ရပေလိမ့်မည်။
"တကယ့်ကို စိတ်ကူးယဉ်နေတာပဲ။"
ဌာနေ အရှင်သည် ရှန့်ဘုရင်ကို ပြုံးကြည့်ပြီး ပြောလိုက်၏။ "ဒါပေမဲ့ ကံဆိုးစွာနဲ့ ခင်ဗျားထင်တာမှားတယ်။"
"နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ ဒီနေ့ရွေးချယ်မှုအတွက် ခင်ဗျား ကျေးဇူးတင်ရလိမ့်မယ်။ ငရဲလောကကြီးက ဒီနေ့ဒီအချိန်မှာ ပြန်ပြီး ပေါ်ပေါက်လာခဲ့ပြီ။ အချိန်၏မြစ်ရေစီးကြောင်း အတိုင်း လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းမယ်။"
ဤတစ်ကြိမ်မှာတော့ ကျိုးချီသည် ပုံမှန်မဟုတ်သလို တိတ်ဆိတ်ငြိမ်သက်နေ၏။ သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ ခြေလှမ်းများသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အသံကြီးကို ထွက်ပေါ်စေသည်။
"ခင်ဗျားရဲ့အကြံအစည် အောင်မြင်မှာမဟုတ်ဘူး။”
“ကျုပ်ကို တားဆီးနိုင်မယ်ထင်လို့လား။"
ဌာနေအရှင်၏ အသံက အေးစက်နေ၏။ မည်သည့် လှုပ်ရှားမှုကိုမှ မပြုလုပ်ရသေးသော်လည်း သူ၏ နောက်ဘက်တွင် ရှိနေသည့် လေဟာနယ်ကြီးက ကွဲအက်လာခဲ့၏။
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမဲရောင်ဆံနွယ်နှင့် လူတစ်ယောက်သည် ထိုအက်ကွဲကြောင်းကြီးမှ ထွက်လာပြီး ရှေ့ဆီသို့ လှမ်းလျှောက်လာ၏။ ထိုသူ၏ မျက်နှာသည် တင်းမာခက်ထန်လျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် အေးစက်မှုမျိုး ပါဝင်နေသည်။
တစ်ချက်လေးမှ လှုပ်ရှားမှု မပြုရသေးသော်လည်း အသင်္ချေများပြားသည့် လောကအသီးသီးရှိ အင်မော်တယ်ဘုရင်များသည် နောက်သို့ ဆုတ်ရန်သာ တတ်နိုင်ခဲ့၏။
"လုဝူတောက်လား"
လျှိုချင်းဟုန်သည် စိုးရွံ့သွားခဲ့၏။ သူသည် လုဝူတောက်၏ အမည်ကို သိရှိ၏။ သို့ပေမဲ့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ယနေ့အချိန်မှာတော့ ဌာနေအရှင်၏ နောက်ဘက်တွင် အက်ကွဲကြောင်းကြီးပေါ်ပေါက်လာခဲ့ပြီး လုဝူတောက်က ပေါ်ထွက်လာခဲ့သည်။ တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်တွင် အင်မော်တယ်ဘုရင် မည်မျှ များများရှိမည်ကို သူ မသိရှိနိုင်တော့ပေ။
"ကြည့်ရတာ ကောလာဟလတွေက အမှန်ပဲ။ ခင်ဗျားက ကွာစီအင်မော်တယ်အင်ပါယာအဆင့်ကို ဘဝ တစ်သက်တာလုံး မချိုးဖျက်နိုင်ခဲ့ဘူး။"
ကျိုးချီသည် လုဝူတောင်ကို လှမ်းကာ ကြည့်ရှုရင်း လှောင်ပြောင်သည့် လေသံဖြင့် ပြောဆိုလိုက်၏။ "ခင်ဗျား ဘာလို့ အရင်လို မောက်မာနေရတာလဲ။ ဒီအချိန်မှ ဘက်ပြောင်းတာ အကောင်းဆုံးပဲ"
"စကားအရမ်းများတယ်။"
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ၎င်းသည် စိမ်းပြာရောင် ထီးတစ်ခုကို ဖွင့်ကာ တိုက်ခိုက်ခြင်း ပြုမူသည်။
"ခင်ဗျားက ကျုပ်ပြိုင်ဘက်မဟုတ်ဘူး"
ကျိုးချီသည် ဖြေးညှင်းစွာဖြင့် တစ်လုံးချင်း ပြောဆိုလိုက်၏။ "နတ်ဘုရားအင်ပါယာက ခက်ခဲအောင် လုပ်ခဲ့တာပဲ။ မဟုတ်ရင် ဒီနေ့ ငရဲလောကကြီးက ပိုပြီးတော့ ကြောက်ဖို့ ကောင်းနေလိမ့်မယ်။ "
"ခင်ဗျားတို့က ကျုပ်လမ်းစဉ်ကို ထိခိုက်အောင် လုပ်ခဲ့တယ်။"
အမဲရောင်ဝတ်စုံနှင့်လူ၏ မျက်နှာပေါ်တွင် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။ သူ၏ ပါရမီအရဆိုလျှင် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်နေသည်မှာ ကြာပြီဖြစ်၏။ သို့ပေမဲ့ လမ်းစဉ်ကို ပိတ်ပင် တားဆီးထားသောကြောင့် အင်မော်တယ် ဘုရင်အဆင့်တွင် ပိတ်မိလို့နေခဲ့သည်။
ထို့ကြောင့် သူသည် တစ်ဖက်သူများကို တကယ်ပင် အငြိုးအတေး ထားရှိလို့နေ၏။ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း သူသည် ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။
"လောကအသီးသီးတို့က တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးပြီ။ ဒီနေ့ထပ်ပြီးတော့ ရှုံးအုန်းမှာပဲ"
အမဲရောင်ဝတ်စုံနှင့်လူသည် ရှေ့တည့်တည့်ဆီသို့ လှမ်းလိုက်၏။ ခြေတစ်လှမ်းသာ လှမ်းလိုက်သည် ဆိုသော်လည်း သူသည် တစ်ဖက်လူ၏ ရှေ့ဆီသို့ ရောက်ရှိသွားသည်။