← Chapters

အခန်း (၇၅၆)

Vol. 51 Ch. 756

အခန်း (၇၅၆)

Vol. 51 Ch. 756

“ဘာ” လုဝူတောက်၏ စကားလုံးသည် တကယ့်ကို တည့်တိုးဆန်လွန်းလှ၏။ အဝေးတစ်နေရာတွင် ရှိနေကြသည့် အင်မော်တယ်ဘုရင်များသည် သေသေချာချာ မကြားရှိခဲ့ကြချေ။ သို့ပေမဲ့ အနီးအနားတွင် ရှိနေသော ရှန်းဘုရင်၊ လျှိုချင်းဟုန်နှင့် မနီးမဝေးတွင် ရှိနေသော လျှိုချင်းယုတို့ အားလုံးသည် သေသေချာချာပင် ကြားခဲ့ရ၏။ ၎င်းတို့ အားလုံးသည် နားကြားလွဲသလားဟုပင် ထင်မှတ်မှားခဲ့ကြ၏။

ငရဲလောကကြီး၏ တိုက်ပွဲသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်တည်ခဲ့သည့် တိုက်ပွဲဖြစ်ပြီး ထိုတိုက်ပွဲကြီးတွင် လောကအသီးသီးတို့ဘက်က ရှုံးနိမ့်ခဲ့လေသည်လား။

မည်သို့ ဖြစ်နိုင်မည်နည်း။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် လောကအသီးသီးတို့တွင် သန်းသောင်းနှင့် ချီသည့် သတ္တဝါများ နေထိုင်ခဲ့၏။ ထိုသူအားလုံးတို့သည် အလိမ်အညာ ခံခဲ့ရလေသည်လား။

လုဝူတောက်၏ အမှတ်မထင် ပြောဆိုမှုသည် အားလုံးသောသူတို့၏ အထင်အမြင်နှင့် သိရှိထားမှု အားလုံးတို့ကို ပြောင်းပြန်လှန်ပစ်ခဲ့၏။ ထို့အပြင် လျှိုချင်းဟုန် ကဲ့သို့ ရှေးတိုက်ပွဲကြီးအား နားဖြင့် နားထောင်၍သာ ကြီးပြင်း လာခဲ့သော လူတစ်ယောက်အတွက် ဖြစ်၏။

ထို့အပြင် လျှိုကလန်သည် အသင်္ချေ များပြားလှသည့် လောကများဘက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သည့်နောက် အောင်မြင်မှု၏ အသီးအပွင့်များကို ခံစားခဲ့ရ၏။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့သည် အဘယ်သို့ ရှုံးနိမ့်သူများ ဖြစ်သွားခဲ့ရသနည်း။ တကယ်တမ်း ရှုံးနိမ့်သွားခဲ့သည်ဆိုပါက ငရဲလောကကြီးသည် သူတို့အား အဘယ်ကြောင့် လာရောက်ကာ သွေးကြွေး မဆပ်ရသနည်း။ ယခင်တုန်းက အသင်္ချေ များပြားသည့် လောကအသီးသီး တို့သည် နတ်ဆိုးလောကကြီး တစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့၏။ ဤအရာသည် အတုအယောင် ဖြစ်နေလေသည်လား။

“ကြည့်ရတာ ဒီတိုက်ပွဲကို ရှောင်လွှဲဖို့ ခက်သွားပြီပဲ” ကျိုးချီက သက်ပြင်းချလိုက်သည်။

“ဒါဆိုရင်လည်း မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်ကြတာပေါ့”

လုဝူတောက်သည် ထူးမခြားနားသလို ပြောဆို လိုက်၏။ “ကွာစီအင်မော်တယ် အင်ပါယာတို့ရဲ့ အတွေးတွေကို ပူးပေါင်းထားတာလေးပါပဲ။ အင်း.. ခင်ဗျားရဲ့ လုပ်နိုင်စွမ်းအားနဲ့ ဒီနှစ်ပိုင်းအတွင်းမှာ ခင်ဗျား ဘယ်လိုမျိုး ဖန်တီးထားလဲ ဆိုတာကို ကျုပ်သိချင်နေပြီ”

ကျိုးချီသည် ထူးခြားလှသည့် လူတစ်ယောက်ဖြစ်၏။ သူသည် ဤလောကကြီးထဲတွင် တည်ရှိသည့် လူတစ်ယောက်ဟု အဓိပ္ပာယ် သတ်မှတ်၍ မရချေ။ ကွာစီအင်မော်တယ် အင်ပါယာများ၏ အသိအမြင်များကို ပေါင်းစပ်ပြီး ဖြစ်တည်လာခဲ့သော လူတစ်ယောက်ဖြစ်သည်။

သို့ပေမဲ့ အစစ်အမှန် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရခြင်း မရှိပါက ကျိုးချီသည် တကယ့်ကို ပြိုင်ဘက်ကင်းပင်။ ၎င်းသည် များပြားလွန်းသည့် ကွာစီအင်မော်တယ် အင်ပါယာများ၏ အတွေးအမြင်နှင့် အသိအမြင်များကို ပိုင်ဆိုင်ထားခဲ့သည် ဖြစ်သောကြောင့် ကွာစီအင်မော်တယ် အင်ပါယာများ၏ အတွေ့အကြုံများကို စုပေါင်းကာ ရရှိထားသည့်လူဟု သတ်မှတ်ရ၏။

သို့ပေမဲ့ ၎င်းသည် အင်မော်တယ်ဘုရင် အဆင့်တွင်သာ တည်ရှိသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည် ဆိုလျှင်တော့ တကယ့်ကို ခက်ခဲပေမည်။

“ဟင်း....”

ကျိုးချီသည် နက်နက်နဲနဲ သက်ပြင်းချပြီးသည့်နောက် လုဝူတောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ရှိ အခြေအနေမှာလည်း ကွာစီအင်မော်တယ် အင်ပါယာများနှင့် ကွာစီအင်မော်တယ် အင်ပါယာများသည် ပေါ်ပေါက် မလာခဲ့ကြသေးချေ။ ထို့ကြောင့် အင်မော်တယ်ဘုရင်များသည်သာ ထိပ်ဆုံးအင်အားစုအဖြစ် တည်ရှိနေ၏။

လုဝူတောက်၏ အားအင်အဆင့်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ အားအင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနေ၏။ သို့ပေမဲ့ ၎င်းသည် အသင်္ချေ များပြားသည့် လောကကြီး အသီးသီးဘက်တွင် မရပ်တည်ခဲ့ပေ။ အတူတူ ပူးပေါင်းပြီး ငရဲလောက အရှင်၏ အစီအစဉ်ကို ဖျက်ဆီးနိုင်မည်ဆိုပါက မည်မျှကောင်းမည်နည်း။

နှစ်သန်းထောင်နှင့်ချီသည့် အကွာအဝေးတုန်းက အသင်္ချေများပြားလှသည့် လောကကြီးသည် ရှုံးနိမ့်မှုကို တကယ်ပင် ခံစားရ၏။ တခြားသောသူများ မသိသည် ဆိုလျှင်တောင်မှ ကျိုးချီသည် ထိုအရာကို ကောင်းကောင်း သိ၏။ သို့ပေမဲ့ ဤတစ်ကြိမ်တွင် သူတို့ အနိုင်ရရှိသည်ဆိုပါက ကျိန်းသေပေါက် အနာဂတ် ဆက်ခံသူများ အတွက်တော့ ကျေနပ်စရာပင် ဖြစ်ပေလိမ့်မည်။

“စိတ်ဝိညာဉ်တွေ၊ ကောင်းကင်ရဲ့ နိယာမတွေ ဟုတ်လား”

လုဝူတောက်က နှာခေါင်းရှုံ့လိုက်၏။ “ကောင်းကင်ရဲ့ နိယာမတွေ၊ ကောင်းကင်တာအိုဆိုတာ မမျှတတဲ့ အရာတွေပဲ။ ကျုပ်တို့အနေနဲ့ နောက်ဆုံးခြေလှမ်းကို လှမ်းမတက်နိုင်ခဲ့ဘူး။ အားအင်အဆင့်၊ ပါရမီလိုအပ်ချက်၊ ဒီလိုအပ်ချက်တွေကြောင့် မဟုတ်ဘဲ မတတ်လှမ်းနိုင်ဘူး။ ဒါ အဓိပ္ပာယ်ရှိရဲ့လား။ ကျုပ်ရဲ့လမ်းစဉ်ကို ပြန်ပြီး ကောင်းမွန်အောင် ပြုလုပ်ခဲ့ပြီးပြီ ဆိုရင်တောင်မှ နှစ်သန်းထောင်နဲ့ချီတဲ့ အကွာအဝေးအတွင်းမှာ ကျင့်ကြံခြင်း အဆင့်က တိုးတက်မလာခဲ့ဘူး။ ကျုပ်ရဲ့ ခံစားချက်ကို ဘယ်သူ နားလည်ပေးနိုင်လဲ”

ထိုအရာကို ကြားသည့်အချိန်မှာတော့ ကျိုးချီသည် မျက်မှောင်ကို ကုတ်ကာဖြင့် ရှင်းပြလိုက်၏။ “နတ်ဘုရား အင်ပါယာက ငရဲလောကကြီး ထပ်ပြီး ကြီးထွားလာမှာကို မလိုချင်တာကြောင့် ကာကွယ်ခဲ့တဲ့ အကြောင်းအရာပဲ။ ငရဲလောကရဲ့ အရှင်ကသာ အသင်္ချေများပြားတဲ့ လောကအသီးသီးကို လက်လွှတ်ထားမယ်ဆိုရင် ခုလို ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး။ နတ်ဘုရားအင်ပါယာကြောင့်သာ မဟုတ်ဘူးဆိုရင် လက်ရှိ လောကအသီးသီးမှာ ဖြစ်လာနိုင်တဲ့ ရလဒ်ကို ခင်ဗျား ခန့်မှန်းကြည့်စမ်း။ ခန့်မှန်းလို့တောင် မရဘူး ဖြစ်သွားမယ်”

“အင်း.. ခင်ဗျားအတွေးတွေက တကယ့်ကို ကောင်းပါတယ်”

အသင်္ချေများပြားလှသည့် လောကကြီး၏ လေဟာနယ်တစ်ခုအတွင်းမှာတော့ လုဝူတောက်၏ အသံက ပဲ့တင်ထပ်လျက်ရှိ၏။ ၎င်းသည် တကယ့်ကို နက်ရှိုင်းသည့် အငြိုးအတေးများ တည်ရှိနေသည့်ပုံပင်။ ကျင့်ကြံခြင်း အဆင့်တွင် တစ်စုံတစ်ယောက်၏ လမ်းစဉ်ကို ပိတ်ပင်တားဆီးထားခြင်း ဆိုသည်မှာ သည်းခံ၍ မရနိုင်သည့် အကြောင်းအရာပင် ဖြစ်သည်။

ကွာစီအင်မော်တယ် အင်ပါယာအဆင့်နှင့် နီးကပ်နေသည် ဆိုလျှင်တောင်မှ ၎င်းသည် ကျိန်းသေပေါက် ကွာစီ အင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းခွင့် မရခဲ့ချေ။ နတ်ဘုရားအင်ပါယာသာ ရှုပ်ထွေးခဲ့ခြင်း မရှိပါက သူ့အနေနှင့် လက်ရှိအချိန်တွင် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်နေပေပြီ။

ငရဲလောကကြီးသည် သူ့အတွက် ဘာအဓိပ္ပာယ် ရှိမည်နည်း။ နှစ်သန်း ထောင်ပေါင်းများစွာ ကြာမြင့် ပြီးသည့်နောက် သူသည် ငရဲလောကကြီးဘက်တွင် မတ်မတ်ရပ်နေရန် စိတ်ဆန္ဒ မရှိတော့ချေ။ သို့ပေမဲ့ သူ၏ တည်ရှိမှုကို သူ အနည်းနှင့်အများ ဂရုစိုက်၏။ သူ့အနေနှင့် အနည်းငယ်သော ခြေလှမ်းကို လှမ်းနိုင်မည် ဆိုပါက သက်ရှိသတ္တဝါတို့၏ အသက်ကို စတေးရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူသည် သူ၏အားအင်အဆင့် တိုးတက်မှုကို ပိုမိုကာ လိုအပ်လာခဲ့၏။

လက်ရှိအခြေအနေ၌ ငရဲလောကအရှင် လောကကြီးဆီသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့ပြီး ပျက်စီးသွားခဲ့သော တာအိုလမ်းစဉ်များကို ပြန်လည် ပြင်ဆင်ပေးရန်သာ သူက မျှော်လင့်ချက်ရှိ၏။ ထိုကဲ့သို့သော အခြေအနေမျိုး ရရှိမည် ဆိုမှသာလျှင် သူသည် အတားအဆီးများကို ကျော်ဖြတ်ပြီး အဆင့်ချိုးဖြတ်နိုင်ပေမည်။

“တိုက်ခိုက်ရမယ်။ ဒီအမှိုက်သရိုက်တွေ အားလုံးကို ရှင်းပစ်ပြီးတော့ တိုက်ခိုက်မှ ဖြစ်လိမ့်မယ်”

ဤစကားစုကို ထုတ်ဖော်ပြောဆိုပြီးနောက် လုဝူတောက်၏ မျက်လုံးများသည် တင်းမာ စူးရှလျက် ရှိနေ၏။ လေဟာနယ် တစ်ခုလုံးတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာခဲ့၏။

လေဟာနယ်ဗဟိုဆီမှ မဲနက်နေသည့် ဓားရှည်ကြီးတစ်လက်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ထိုအရာကြီးသည် တဖြည်းဖြည်း လည်ပတ်ကာ လုဝူတောက်၏ လက်ထဲသို့ ရောက်ရှိလာ၏။ လမ်းတလျှောက်တွင် တည်ရှိနေသည့် အင်မော်တယ်ဘုရင် တော်တော်များများတို့သည် ခန္ဓာကိုယ်များ ပိုင်းဖြတ်လာခဲ့ခြင်းပင်။ ၎င်းတို့သည် မည်သည့် အော်သံကိုမှ မထုတ်ဖော်လိုက်ရချေ။

“မိစ္ဆာဓား”

ကျိုးချီသည် ဤလက်နက်ကို ကောင်းကောင်းမှတ်မိ၏။ သူ၏ အသံသည် အေးစက်လျက် ရှိနေသည်။ “အင်း.. ငရဲလောကအရှင်ဆီကနေ တစ်စုံတစ်ခုကို သိမ်းဆည်းနိုင်ခဲ့သေးတာပဲ”

ဤလက်နက်၏ အဆင့်သည် အဓိပ္ပာယ် ဖွင့်ဆိုရန်ပင် ခက်ခဲ၏။ ငရဲလောက အရှင်ကိုယ်တိုင် သန့်စင် ဖန်တီးခဲ့သည့် အရာဖြစ်ပြီး အင်မော်တယ် အင်ပါယာ လက်နက်တစ်ခု မဟုတ်လျှင်တောင်မှ ကျိန်းသေပေါက် ဒုတိယတန်းစား အင်မော်တယ် အင်ပါယာလက်နက်များထက် သာလွန်သည့် အရာပင် ဖြစ်၏။

အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး လုဝူတောက်၏ ထိန်းချုပ်မှုအောက်တွင်တော့ ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက်နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်၍ ရသည့်အရာ ဖြစ်လာခဲ့၏။ တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက သာမန် အစစ်အမှန် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ပင်လျှင် လုဝူတောက်ကို အချိန်အတိုင်းအတာတိုအတွင်း အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

All Chapters