← Chapters

အခန်း (၇၅၇)

Vol. 51 Ch. 757

အခန်း (၇၅၇)

Vol. 51 Ch. 757

“သေစမ်း” ခပ်ဖျော့ဖျော့ အော်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ မဲနက်လျက် ရှိနေသည့် အော်ရာများသည် တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ဓားရောင်စဉ်များသည် လေဟာနယ် တည်နေရာ တစ်ခုလုံးကို ပိုင်းဖြတ်လျက် ရှိနေပြီး အားလုံးတို့သည် ဖျက်ဆီး၍ မရနိုင်သည့် အရာကြီးတစ်ခု သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်ဟု ခံစားမိနေကြ၏။

လုဝူတောက်သည် ဓားနှောင့်ကို ဆွဲကိုင်ပြီး အရှေ့ဆီသို့ ပိုင်းဖြတ်လိုက်၏။ ဤမိစ္ဆာဓား၏ အော်ရာများသည် နှိုင်းယှဉ်၍ မရနိုင်အောင် အားကောင်းလှပြီး တရွှီးရွှီးနှင့် ဓားလေခွင်းသည့် အသံကပင်လျှင် အားလုံးသောသူတို့၏ ကျောရိုးမကြီးများကို စိမ့်တက်သွားစေခဲ့၏။ ဓားခုတ်ပိုင်းချက်သည် ကျိုးချီဆီသို့ တည့်တည့်ပင် ကျဆင်းလာခဲ့သည်။

တည်နေရာ တစ်ခုလုံး၏ လေဟာနယ်ကြီးသည် ပိုင်းဖြတ်လျက် ရှိနေပြီး မြူများသည် ထိုအက်ကွဲကြောင်းများဆီမှ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် မြူများဖြင့် ရစ်သိုင်းလာခဲ့၏။

“အင်း.. ခင်ဗျားကတော့ တကယ့်ကို ကြောင်တောင်တောင်ကောင်ပဲ” ကျိုးချီသည် အေးစက်စက် မှတ်ချက်ပြုလိုက်၏။ ကြီးမားလွန်းသည့် ကြေးအိုးကြီးပေါ်သို့ အသာလှမ်းတက်ပြီးနောက် ၎င်းသည် လေဟာနယ်ဆီသို့ အသာရွေ့လျားလိုက်သည်။

ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်တစ်ခုကို ထုတ်ဖော်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်လှိုင်းများသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပျံ့နှံ့သွားစေခဲ့၏။

ချလွမ် ....။

ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ကြီးမားသည့် ဒဏ်ရာကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ခပ်ဝါးဝါး ပုံပန်းသွင်ပြင် နှင့် လူနှစ်ယောက်တို့သည် တည်နေရာ လေဟာနယ်ကြီးထဲတွင် အားလုံးသောသူတို့ ကြက်သီး ထလောက်စရာ တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်တိုက်ခိုက်နေ၏။ ထိုတိုက်ခိုက်သူများသည် လုဝူတောက်နှင့် ကျိုးချီတို့မှလွဲလျှင် တခြားသူ မဟုတ်ချေ။

၎င်းတို့သည် အင်မော်တယ်ဘုရင်အဆင့်စာရင်း ပထမနှင့် ဒုတိယနေရာတွင် တည်ရှိကြသောကြောင့် ကျိန်းသေပေါက် သမိုင်းမှတ်တမ်းထဲတွင် ရေးထိုးခံရမည့် တိုက်ပွဲကြီးဟု ခေါ်ဆိုရပေမည်။

၎င်းတို့ ယှဉ်ပြိုင် တိုက်ခိုက်လိုက်သည့် အချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် ရောင်စဉ်လှိုင်းများနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ပွဲကြီး၏ သက်ရောက်မှုသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့လျက် ရှိနေလေပြီး ကျင့်ကြံသူ တော်တော်များများတို့ကိုပင် ထိခိုက်စေခဲ့၏။

အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသော အင်မော်တယ်ဘုရင်များသည် တိုက်ခိုက်မှု တည်နေရာ၏ အဝေးဆုံးသို့ လွင့်စင်ကုန်ကြသည်။

“ဒါ လုဝူတောက်လား” သတ္တမဘိုးဘေးကြီးသည် ကောင်းကင်ယံထက်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူကို လှမ်းကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

“အင်း.. ဘာမှထူးခြားတာမျိုး မရှိဘူးဆိုရင် ဒါ လုဝူတောက်ပဲ” ဒုတိယဘိုးဘေးက ပြောဆိုလိုက်သည်။

နှစ်ယောက်လုံးသည် ငရဲလောကကြီး၏ ရှေ့တိုက်ပွဲကို တွေ့ကြုံခဲ့ဖူးသောကြောင့် လုဝူတောက်၏ အော်ရာများကို ရင်းနှီးပြီး ဖြစ်၏။ ထိုသူသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်လျက် ရှိနေသည်။

“လုဝူတောက်နဲ့ တိုက်ခိုက်နေတဲ့လူက ဘယ်သူလဲ။ ဒီအော်ရာတွေကို အရမ်း ရင်းနှီးတယ်။ ဒါပေမဲ့ ထူးဆန်းသလို ခံစားရနေတယ်” သတ္တမဘိုးဘေးသည် တီးတိုး ရေရွတ်လိုက်၏။ ကြည့်ရှုရသည်မှာ ထိုလူဆီမှ အင်မော်တယ် အင်ပါယာများ၏ အငွေ့အသက်ကို သူက အာရုံခံမိ၏။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်လည်း မဟုတ်ချေ။ ထိုထက် အနည်းငယ်တော့ အားနည်းနေ၏။

“ချင်းဟုန်က လုချင်းကျီနောက်ကို လိုက်ပြီးတော့ ကောင်းကင်ဒေါက်တိုင်ကြီးရဲ့ ထိပ်ဆုံးတည်နေရာကို ရောက်သွားတယ်။ ဒီတော့ သူ လုဝူတောက်နဲ့ တွေ့နေပြီလား” သတ္တမဘိုးဘေးကြီးသည် တစ်စုံတစ်ခုကို သတိရသွား၏။ ထို့ကြောင့် သူ၏အသံသည် ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားသည်။

စောဏတုန်းက သူတို့ တိုက်ခိုက်လျက် ရှိနေတုန်းမှာပဲ ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်ကြီး ကျဆင်းလာခဲ့ပြီး အားလုံးသောသူတို့ မြေပေါ်သို့ ဝပ်ဆင်းလုနီးပါး ဖြစ်စေခဲ့၏။ အပေါ်မှ ကျဆင်းလာခဲ့သည့် ဖိအားဒဏ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး ကောင်းကင်ဒေါက်တိုင်ကြီး ထက်ပင် ပိုမိုကာ ကြမ်းတမ်း၏။ လက်ရှိအခြေအနေတွင် လုဝူတောက် ပေါ်ပေါက်လာသောကြောင့် ချင်းဟုန်နှင့် တခြားသောသူများ အားလုံးတို့သည် တိုက်ပွဲ၏ တည်နေရာထဲသို့ ရောက်ရှိနေမှာ သေချာ၏။

“ချင်းဟုန်ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့ မရဘူး။ သူ့အနေနှင့် ဒီတိုက်ပွဲမှာ ကောင်းကောင်း တောင့်ခံထားနိုင် လောက်ပါတယ်” ဒုတိယဘိုးဘေးက အသာပြောလိုက်သည်။

အမှန်ကို ပြောဆိုရမည်ဆိုလျှင် သူလည်း သေသေချာချာ မသိချေ။ လုဝူတောက် ကဲ့သို့သော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အင်မော်တယ်ဘုရင်များပင်လျှင် တိုက်ပွဲ၏ သက်ရောက်မှုကြောင့် အရည်အချင်း ကင်းမဲ့သလို ဖြစ်မှာသေချာ၏။ ချင်းဟုန်အနေနှင့် ဝင်ရောက်တိုက်ခိုက်ပြီး အနိုင်ရရှိဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

“လုဝူတောက်.. ဟမ်”

မတ်မတ်ရပ်လျက်ရှိသော အင်ပါယာပိုင်ယုသည် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုနေ၏။ မြေပေါ်သို့ ဖိနှိပ်ခြင်း ခံလိုက်ရသည့် တခြားသော အင်မော်တယ်ဘုရင်များနှင့် မတူညီစွာပဲ သူသည် ခပ်တည်တည်နှင့် မတ်မတ်ရပ်လျက် ရှိနေ၏။ “ဒီကြောက်မက်ဖွယ်ရာ ကောင်းတဲ့လူက လွင့်မျောမြို့ရဲ့ မြို့တော်ဝန်လား။ ဒါမှမဟုတ် လီချန်ကုန်းလား။ ဒါမှမဟုတ် ဆန်းကြယ်လွန်းလှပါတယ်ဆိုတဲ့ ကျိုးချီလား”

အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် လက်တစ်ဆုပ်စာ မျှသည်သာ လုဝူတောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်ကို သူ သိရှိ၏။ အထူးသဖြင့် ထိပ်ဆုံးဆယ်ယောက်နေရာတွင် တည်ရှိနေသည့် လူများပင်။ သို့ပေမဲ့ ဆယ်လောက်၌ ငရဲလောကဆီမှ ကျင့်ကြံသူ တော်တော်များများ ပါဝင်နေ၏။ လုဝူတောက်နှင့် တိုက်ခိုက်သည့် နေရာတွင် ထိုသုံးယောက်မှလွဲ၍ တခြားသူ မဟုတ်နိုင်ချေ။

လောကတစ်ခု၏ အစပ်တွင် မိုးကောင်းကင် နတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော အဘိုးအို တစ်ယောက်သည် နှင်းကဲ့သို့ ဖြူဖွေးလျက် ရှိနေသည့် မုတ်ဆိတ်မွှေးများကို အသာပွတ်သပ်ကာဖြင့် မဲနက်လျက် ရှိနေသည့် လောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုရင်း သက်ပြင်းချလျက် ရှိနေ၏။

“အင်း... အသင်္ချေများပြားတဲ့ လောကအသီးသီးတို့နဲ့ ဘက်ကန်ဖို့ သူက ရွေးချယ်ခဲ့တာလား” အဘိုးအိုသည် ခေါင်းကို ခါယမ်းကာဖြင့် စိတ်ပျက်လက်ပျက် ဖြစ်လို့နေ၏။ သူသည် ခြေထောက်ကို အသာမြှောက်ကာဖြင့် ကောင်းကင်မူလလောကကြီးဆီသို့ ဖြည်းညှင်းစွာ လှမ်းလျှောက်သွား၏။ သူ၏ ခြေလှမ်း တစ်ခုချင်းစီတိုင်းသည် နှေးကွေးလှသည် ဆိုသော်လည်း အကွာအဝေး တော်တော်များများကို ရောက်ရှိသွားခဲ့သည်။

မကြာခင်မှာပဲ အဝေး တစ်နေရာတွင် ရှိနေသည့် ကျယ်ပြောလှသည့် မြို့ကြီးတစ်ခုကို သူက မြင်လိုက်ရ၏။ နက်မှောင်ပြီး ရှုပ်ထွေးလှသည့် လောကကြီး၏ လွှမ်းခြုံမှုသည် တကယ်ကို ကြီးမားသည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်၊ တော်ဝင်သဲကန္တာရမြို့ကို သက်ရောက်မှု မရှိခဲ့ချေ။

လက်ရှိအခြေအနေမှာတော့ မြို့ထဲတွင် ရှိနေသည့် လူဦးရေသည် လျော့ကျ မသွားသည်အပြင် တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် ပိုမိုကာ တိုးလာခဲ့၏။

ထိုလူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ဆိုင်းဘုတ်ကြီးကို သေသေချာချာ ကြည့်ရှုနေ၏။ ဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသည့် စာလုံး တစ်ခုချင်းစီ တိုင်းသည် ကြီးမား လေးနက်လှသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေသည်ကို သူက သိရှိ၏။ ဘာမှန်း မသိသည့် ဖိအားကြီးသည် သူ့ဆီသို့ ကျဆင်းလာခဲ့သလိုပင်။

All Chapters