← Chapters

အခန်း (၇၅၉)

Vol. 51 Ch. 759

အခန်း (၇၅၉)

Vol. 51 Ch. 759

“ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နိယာမ၊ စည်းမျဉ်းစည်းကမ်းတွေကို ကြားခဲ့ပြီးပါပြီ”

လီချန်းဖန်က ဆက်ပြောလိုက်၏။ “မေးခွန်းတစ်ခုရဲ့ တန်ဖိုးကို ကျုပ်မသိဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ပိုင်ဆိုင်သမျှ အရာအားလုံးက ဒီလက်စွပ်ထဲမှာ ရှိတယ်။ တန်ကြေးက လုံလောက်တယ်ဆိုရင် စီနီယာနန်းဆောင်သခင် အနေနဲ့ ကျုပ်ကို ဉာဏ်အလင်းပြပါလို့ တောင်းဆိုချင်ပါတယ်”

လီချန်းဖန်၏ ရည်ရွယ်ချက်က ရှင်းလင်းလွန်း၏။ သူသည် ရှိရှိသမျှသော အရာအားလုံးကို စားပွဲပေါ်သို့ တင်ပေးခဲ့ပြီး ဖြစ်၏။ သူပေးနိုင်သည့် အရာများသည် ထိုအထဲတွင် ရှိနေသည့် သူ၏ ကျင့်ကြံခြင်း နည်းစနစ်၊ အင်မော်တယ်ဘုရင်အဆင့် လက်နက်နှစ်ခုပင် ဖြစ်၏။ လက်ရှိအချိန်မှာတော့ လီချန်းဖန်သည် ထိုအရာများမှ လွဲ၍ ဘာမှ မပိုင်ဆိုင်တော့ချေ။ သူ၏ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံခြင်းသာလျှင် ရှိ၏။ စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကိုမှပင် ပိုင်ဆိုင်သူတစ်ယောက် မဟုတ်တော့ချေ။

“ခင်ဗျားက တကယ့်ကို လေးလေးနက်နက်နဲ့ လာခဲ့တာပဲ” လီယွင်သည် လီချန်းဖန်ကို လေးလေးနက်နက် လှမ်းကာ ကြည့်ရှုရင်း ဖြည်းညှင်းစွာ ပြောလိုက်၏။

ယခင်တုန်းက လူပေါင်းများစွာတို့သည် သတင်းအချက်အလက်ကို ရယူရန် ကုန်ကျစရိတ်ကို ပေးအပ်ချင်ခြင်း မရှိကြချေ။ သိုပေမဲ့ လီချန်းဖန် ကဲ့သို့သော လူသည် ရှိရှိသမျှ အရာအားလုံးကို ထုတ်ဖော်ကာဖြင့် မေးမြန်းလျက် ရှိနေ၏။ ထိုအရာမှာ ရှားပါးလွန်းလှ၏။ ထို့အပြင် တစ်ယောက်တည်း ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

လီချန်းဖန်၏ အတွေးများကို သူကောင်းကောင်း သိရှိပြီး ဖြစ်လေ၏။ လုဝူတောက်နှင့် ပတ်သက်သည့် ကပ်ဘေးကြီးကို အလုံးစုံ ဖြေရှင်းချင်သည့်စိတ်သာ တည်ရှိသည့် လူတစ်ယောက်ဖြစ်၏။ လုဝူတောက်၏ ပါရမီကို အားလုံးသော သူတို့က သိရှိပြီး ဖြစ်ပေလိမ့်မည်။ ကျင့်ကြံခြင်းလမ်းစဉ် ပြန်လည် ကောင်းမွန်သွားသည်နှင့် တပြိုင်နက် ၎င်းသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ တက်လှမ်းသွားနိုင်မည့် လူမျိုးပင်။ အားအင် အဆင့် ပိုမိုကာ ကောင်းလာလေ၊ အားလုံးသော သူတို့ဆီ ရောက်ရှိလာနိုင်သည့် အန္တရာယ်က ပိုမိုကာ ကြီးလာလေ ဖြစ်ကြောင်း လူတိုင်း နားလည်ပြီး ဖြစ်ပေလိမ့်မည်။

“ဒီတော့ စီနီယာ... သဘောတူလားဆိုတာ ကျုပ်သိချင်ပါတယ်” လီချန်းဖန်၏ မျက်လုံးများသည် တောက်ပလျက် ရှိ၏။ ၎င်းသည် အားတက်သရောဖြင့် မေးမြန်းလိုက်၏။

သို့ပေမဲ့ သူ၏စကားကို ဆုံးအောင် မပြောလိုက်ရချေ။ လီယွင်သည် လက်ကို အသာမြှောက်ကာဖြင့် ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။ “ခင်ဗျားပေးတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက အရမ်းကို နည်းပါးနေတယ်”

“ဒါက” လီချန်းဖန်သည် ဆွံ့အသွားခဲ့တော့၏။ သူ၏ အမူအရာ တစ်ခုလုံးကလည်း မှေးမှိန်သွားခဲ့၏။ လုဝူတောက် သည် အရမ်း အားကောင်းလွန်းကြောင်း သူ သိရှိ၏။ တစ်ဖက်လူသည် သူသင်ပြပေးခဲ့သည့် လူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် သူ့ထက် ပိုမိုကာ သာလွန်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။ သူ၏ လက်ရှိအားအင်အဆင့် အနေဖြင့် လုဝူတောက်ကို မည်သို့မှ တိုက်ခိုက်အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

လုဝူတောက်ကို အဆုံးစွန်အထိ ဖိနှိပ်ချင်သည် ဆိုသော်လည်း သူသည် တခြားသော အရာများကို ပေးအပ်နိုင်ခြင်း မရှိတော့ချေ။

သို့ပေမဲ့ နောက်တစ်စက္ကန့် အတွင်းမှာပဲ လီယွင်က ထပ်မံကာ ပြောဆိုလိုက်၏။ “ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလေ။ ကျုပ် ခင်ဗျားကို ပေးနိုင်တဲ့ တခြားနည်းလမ်းတစ်ခု ရှိသေးတယ်။ ဒါပေမဲ့ ခင်ဗျား စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားဖို့ သင့်တယ်”

“ဘာနည်းလမ်းလဲ” လီချန်းဖန်က မေးမြန်းလိုက်လေ၏။ သူ၏ မျက်လုံးအိုအိုကြီးထဲတွင်တော့ မျှော်လင့်ချက် အရိပ်အယောင်များ ရစ်သိုင်းလာခဲ့သည်။

“နည်းလမ်းကို အလျင်စလို မမေးနဲ့အုံး။ ကျုပ် ခင်ဗျားကို နောက်ထပ်ပြောမယ့် အကြောင်းအရာက ခင်ဗျား အပေါ်မှာ မူတည်နေတယ်။ လုဝူတောက်ကို ခင်ဗျားနဲ့အတူ ခေါ်ဆောင်သွားနိုင်ဖို့။ ဒါဆိုရင် ခင်ဗျား ကိုယ်တိုင်လည်း စတေးရမယ်” လီယွင်သည် ခဏလောက် ရပ်တန့်ပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောဆို လိုက်၏။

ဤစကားစုသည် ကျင့်ကြံသူများအတွက်တော့ တကယ့်ကို ကြီးမားလှသည့် အကြောင်းအရာ တစ်ခုဖြစ်၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသည့်နောက် အင်မော်တယ်ဘုရင် အဆင့်ဆီသို့ ရောက်ရှိလာခဲ့လေ၏။ ၎င်းတို့သည် ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးနှင့် သဟဇာတ ဖြစ်စွာဖြင့် နေထိုင်နိုင်စွမ်း ရှိနေကြပြီး နေနှင့်လ ကဲ့သို့ပင် တောက်ပစွာ တည်ရှိသည့် လူများပင် ဖြစ်လေ၏။ မည်သူသည် သေဆုံးခြင်းကို ရင်ဆိုင်ရန် စိတ်ဆန္ဒ ရှိမည်နည်း။ ထိုအရာသည် အလုံးစုံ သုတ်သင်ခံလိုက်ရသည်နှင့် ဆင်တူ၏။ ပြန်လည်မွေးဖွားနိုင်ရန် အတွက် အခွင့်အရေး မရှိချေ။

လီချန်းဖန် အနေနှင့် တစ်ချက်ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ အားရပါးရ ရယ်မောပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်၌ အဆုံးစွန်သော ဆုံးဖြတ်ချက် ချပြီးသည့် အရိပ်အယောင်များနှင့် ပြည့်နှက် လာခဲ့လေ၏။ ၎င်းသည် လေးလေးနက်နက်ဖြင့် ကြေညာလိုက်သည်။

“ကျုပ်က ဂုဏ်ယူရလောက်တဲ့ စီနီယာလိုမျိုး ကျွမ်းကျင်တဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်း များစွာ အသက်ရှင် နေထိုင်ခဲ့ပြီး ကျုပ် မလုပ်ဖူးတဲ့ အရာတောင် မရှိတော့ဘူး။ ကျုပ် လုပ်ခဲ့ဖူးတဲ့ မကောင်းမှုတွေ များပြားခဲ့ပြီးပြီ။ ဒီတော့ အဲမကောင်းမှုတွေကို သန့်ရှင်းနိုင်ဖို့အတွက် ကျုပ်ရဲ့အသက်ကို ပေးအပ်ရမယ် ဆိုရင်တောင် ကိစ္စမရှိဘူး။ ထာဝရ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရမယ် ဆိုရင်ကော ဘာဖြစ်လဲ။ ဒီအသက်က ဒီလောက် ဆိုရင် လုံလောက်နေပါပြီ” သူက ထပ်မံကာ ပြောဆိုလိုက်၏။

“ကောင်းပြီ”

လီယွင်က တုံ့ပြန်လိုက်၏။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။ လက်ကို အသာဖွင့်ပြီးသည့်နောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုအရာကို လီချန်းဖန်ဆီသို့ ကမ်းပေးပြီး ရှင်းပြလိုက်သည်။

“ကျောက်စိမ်းပြားထဲမှာ ရှိတာက ကြက်သွေးရောင်ကြာပန်း သာမန်မီး လို့ခေါ်တဲ့ လျှို့ဝှက်သိုင်းနည်းစနစ် တစ်ခုပဲ။ ဒီလောကကြီးနဲ့ သက်ဆိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ ဒီအရာက အင်မော်တယ်ဘုရင် တစ်ယောက် ကိုတောင်မှ အကြွင်းအကျန် မကျန်အောင် သေဆုံးစေနိုင်တယ်”

“ဟမ်” လီချန်းဖန်သည် မျက်ခုံးကို ပင့်လိုက်၏။ သူသည် တုန်တုန်ယင်ယင်ဖြင့် ကျောက်စိမ်းပြားကို လက်ခံလိုက် လေ၏။ အထဲတွင် ရှိနေသည့် အကြောင်းအရာများကို စစ်ဆေးပြီးသည့်နောက် သူသည် သူ၏မှတ်ဉာဏ်ထဲသို့ ထည့်သွင်းလိုက်၏။ ပြီးနောက် ထပ်မံကာ မေးမြန်းလိုက်၏။ “ကျုပ်မေးချင်ပါတယ် စီနီယာ.. ဒီနည်းလမ်းက ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကို အန္တရာယ်ပေးနိုင်လား။ ပြီးတော့ ပိုပြီး စွမ်းအားမြင့်တဲ့ အင်မော်တယ် အင်ပါယာ ဆိုရင်ကော”

“ဟား ဟား”

လီယွင်က အသာရယ်မောလိုက်၏။ “ခင်ဗျားရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်တယ်။ ဒါက သာမန် မီးတောက်လေးတစ်ခု ဆိုပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကိုတောင် ဒုက္ခပေးရင် ပေးနိုင် လောက်တယ်။ ဒါပေမဲ့ သေဆုံးသွားဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့။ ထပ်ပြီး ပြောရရင် ဒီလိုမီးတောက်တွေသာ မီးပင်လယ်ကြီးလို ဖြစ်လာမယ်ဆိုရင် ....”

လီယွင်သည် ပြောလက်စ စကားကို ရပ်တန့်လိုက်လေ၏။ သူသည် လီချန်းဖန်၏ အကြံအစည်ကို ကောင်းကောင်း နားလည်ပြီး ဖြစ်၏။ ထပ်မံကာ မပြောဆိုတော့ချေ။

“အရမ်း ကျေးဇူးတင်ပါတယ် စီနီယာ။ ကျုပ် နားလည်ပါပြီ”

လီချန်းဖန်သည် ကျေးဇူးတင်စကားကို ပြောဆိုပြီး ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်၏။ ပြီးနောက် လေးလေးစားစားပဲ လီယွင်ကို ဦးညွတ်ကာ ထပ်မံ ပြောဆို လိုက်သည်။ “ကျုပ် သွားလိုက်ပါအုံးမယ်”

“အင်း... လောကဝတ်တွေ လုပ်နေဖို့ မလိုပါဘူး” လီယွင်သည် လက်ကို အသာဝှေ့ယမ်းလိုက်၏။

လီချန်းဖန် ထွက်ခွာပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင် အဝင်ဝသို့ ရောက်ရှိလျက် ရှိနေတုန်းမှာပဲ လီချန်းဖန်သည် အပြင်ဘက်သို့ ခြေလှမ်းရန် တွန့်ဆုတ်လို့ နေခဲ့၏။ ရုတ်တရက် အရေးကြီးသည့် တစ်စုံတစ်ခုကို သတိရသွားသလိုပင်။ ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် စိတ်ဝင်တစား မေးမြန်းလိုက်သည်။

“စီနီယာ ပြောဆိုခဲ့သလိုဆိုရင် ကျုပ်အနေနဲ့ အတိတ်မှာရှိတဲ့ အမှန်တရားတွေကို ပြန်လည်စဉ်းစားဖို့ မလိုဘူး ဆိုတာကို နားလည်သွားခဲ့ပြီ။ ဒီအချက်ကို နားလည်ပြီးတဲ့နောက်မှာ အတိတ်ဆိုတာ သမိုင်း ဖြစ်သွားတာပဲ။ ဒါတွေက မှန်ခြင်း၊ မှားခြင်း အရာအားလုံး ဘာမှ မဖြစ်ဘူး။ ဘယ်သူမှလည်း ပြောင်းလဲလို့ မရတော့ဘူး။

ဒီတစ်ကြိမ် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ပေါ်ပေါက်လာခဲ့ပြီးနောက်မှာ ကြည့်ရတာ မရိုးရှင်းတော့ဘူး။ အရာအားလုံးက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေသလိုပဲ။ ငရဲ လောကရဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ ဒီတော့ ကျုပ် မေးချင်တာက ဂုဏ်ယူရလောက်တဲ့ စီနီယာ... နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက် ဒီနေ့အချိန်မှာ ဒီလောကကြီးက အကောင်းအတိုင်း ရှိနေပါအုံးမလား”

“ဟားဟား ....”

လီယွင်က အသာရယ်မောလိုက်၏။ သူသည် အပြင်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် မဲနက်လျက် ရှိနေသည့် လောကအမှောင်ကြီးဆီသို့ သူ၏အကြည့်က ရောက်ရှိသွားခဲ့၏။ ပြီးနောက် သူ၏ အကြည့်ကို ပြန်လည် ရုတ်သိမ်းကာ ပြောလိုက်၏။ “လက်ရှိ အခြေအနေကို ကြည့်ရမယ်ဆိုရင် ဒါကို ရှင်းရှင်းလင်းလင်း နားမလည်သေးဘူးလား”

ကွာစီအင်မော်တယ် အင်ပါယာအခွင့်အရေး ပေါ်ပေါက်လာခဲ့ခြင်း ဆိုသည်မှာ အားလုံးသောသူတို့ စိတ်ဝင်စား စေသည့်အရာ ဖြစ်သောကြောင့် အုတ်အော်သောင်းနင်း ဖြစ်မည်ဆိုသည်မှာ သဘာဝပင်ဖြစ်၏။ သို့ပေမဲ့ ထိုအရာသည် ထိုမျှလောက် မရိုးရှင်းခဲ့ချေ။

ငရဲလောက၏လူများ ပြန်လည်ကာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သောကြောင့် လွယ်လွယ်ကူကူနှင့် အဆုံးသတ်မည့် အရာမျိုး မဟုတ်တော့ချေ။ တစ်ဖက်ဖက်က ရှုံးနိမ့်သွားပြီ ဆိုမှသာလျှင် အရာအားလုံးက ပြီးဆုံးသွားမှာဖြစ်၏။ ထို့အတူ ထိုကဲ့သို့သော ရှုံးနိမ့်မှုသည် ငရဲလောက ဖြစ်မှပင်။

“ကျုပ် မေးချင်ပါတယ် စီနီယာ... ဒီတစ်ကြိမ်မှာ ဘယ်သူနိုင်မလဲဆိုတာ ကျုပ်သိချင်မိတယ်”

လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်၏။ “ဒီသတင်းအချက်အလက်ရဲ့ တန်ဖိုးကို ခင်ဗျားသိလား။ ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက် ဒီနေရာမှာ ရပ်နေမယ် ဆိုရင်တောင် တန်ကြေးကို တတ်နိုင်မှာ မဟုတ်ဘူး”

အသင်္ချေ များပြားသည့် လောကများနှင့် သန်းထောင်နှင့်ချီသည့် လူပေါင်းများစွာတို့၏ ကံကြမ္မာများ ပါဝင် ပတ်သက်နေသောကြောင့် မည်သူမှသည် ထိုအရာနှင့်ပတ်သက်၍ အလုံးစုံ ယုံကြည်ချက်ရှိစွာဖြင့် ပြောဆို ရဲလိမ့်မည် မဟုတ်ချေ။

All Chapters