← Chapters

အခန်း (၇၆၀)

Vol. 51 Ch. 760

အခန်း (၇၆၀)

Vol. 51 Ch. 760

လီချန်းဖန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ၎င်း၏ မျက်နှာထက်တွင် အကူအညီမဲ့သည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ တချို့သော အရာများသည် မထင်မှတ်ထားသည့် အရာမျိုးဖြစ်ကြောင်း သူက သိရှိပြီးဖြစ်၏။ သူသည် လက်ကို အသာမြှောက်ကာဖြင့် ခြောက်ကပ်ကပ် ပြောဆိုလိုက်၏။ “ကျုပ်ရဲ့ မသိ နားမလည်မှုကို ခွင့်လွှတ်ပေးပါ”

သူ မမေးခင်တည်းက စီနီယာနန်းဆောင်သခင် အနေနှင့် ထိုကဲ့သို့သော အကြောင်းအရာ၏ ရလဒ်ကို လွယ်လွယ်ကူကူ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ကြောင်း သိရှိပြီးဖြစ်၏။ ယခု အတည်ပြုခဲ့ပြီးပြီ ဖြစ်သောကြောင့် သူ၏ နှလုံးသားထဲတွင် စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားခဲ့ရ၏။ သူသည် တွေဝေငေးငိုင်သည့် ဟန်ပန် အမူအရာမျိုးဖြင့် ခန္ဓာကိုယ်ကို အသာလှည့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့ပေမဲ့ လီယွင်၏ အသံက ခပ်တိုးတိုး ထွက်ပေါ်လာခဲ့၏။ “ငရဲလောကကြီး ပြန်လာတဲ့အချိန်မှာ လောကအသီးသီး တို့ကလည်း ပြန်လည် စုစည်းသွားလိမ့်မယ်။ ဒီလောက်ပဲ ကျုပ်ပြောချင်တယ်” ရုတ်တရက် လီယွင်က ပြောဆိုလိုက်၏။

လီချန်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွား၏။ သူသည် ခန္ဓာကိုယ်ကို အသာလှည့်ပြီးသည့်နောက် တောက်ပသည့် မျက်လုံးအစုံဖြင့် လေးလေးစားစား ဦးညွတ်လိုက်သည်။ “ဒီလို လမ်းညွှန်ပြသမှုအတွက် တကယ့်ကို နက်နက်နဲနဲနဲ့ ကျေးဇူးတင်ရှိပါတယ် စီနီယာ”

“အင်း”

လီယွင်သည် ခေါင်းကို အသာညိတ်ကာဖြင့် လက်ကိုဝှေ့ယမ်းလိုက်၏။ “ဒါဆိုလည်း သွားတော့”

“ဂျူနီယာ သွားလိုက်ပါအုံးမယ်”

လီချန်းဖန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ အသာနောက်ဆုတ် လိုက်၏။ အပြင်ဘက်ဆီမှ လေအေးများသည် သူ့ကို ကြိုဆိုလျက် ရှိနေလေ၏။ စီနီယာနန်းဆောင်သခင်၏ ပုံရိပ်သည် သူ၏နှလုံးသားထဲတွင် ကဗ္ဗည်းရေးထိုးထားသလို ထင်ပေါ်လျက် ရှိနေသည်။

“ငရဲလောက ပြန်လာတဲ့အချိန်မှာ လောကအသီးသီးက စုစည်းလာလိမ့်မယ်။ စီနီယာနန်းဆောင်သခင် ပြောချင်တာ ငရဲလောကကြီးက အသင်္ချေ များပြားတဲ့ လောကကြီးကို လွှမ်းမိုးပြီးတော့ လူပေါင်းများစွာတို့ကို အုပ်စိုးတော့မှာလား” လီချန်းဖန်သည် နှလုံးသားတစ်ခုလုံး လေးနက်သွားသလို ခံစားလိုက်မိ၏။

“လောကမှာ ပျံ့နှံ့နေတဲ့ ကောလဟလတွေက အမှန်များလား။ လောကအသီးသီးတို့က ဒီအချိန်မှာ အလုံးစုံသော ရှုံးနိမ့်မှုကို ခံရမယ်။ သမိုင်းမှတ်တမ်းထဲက ပျောက်ကွယ်သွားမယ့် အကြောင်းအရာမျိုးတောင် ဖြစ်သွားနိုင်တယ်” လီချန်းဖန်၏ မျက်နှာပေါ်တွင် တွေဝေငေးငိုင်နေသည့် အမူအရာများ ဖြစ်တည်လျက် ရှိနေပြီး ၎င်း၏လက်များ ကလည်း တုန်ယင်နေခဲ့၏။

“အင်း... ဘာလို့ ငါ့ရဲ့မှတ်ဉာဏ်တွေ မရှိတော့တာလဲ။ ငါ ဘာလို့ အရှေ့တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို မမှတ်မိခဲ့တာလဲ” လက်ရှိ အခြေအနေမှာတော့ သူသည် သက်ပြင်းကို ချပြီးသည့်နောက် ခြောက်ကပ်ကပ် ပြုံးလိုက်မိ၏။ လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားကို အသာထိကြည့်ပြီးသည့်နောက် အမှောင်လောကကြီး ဆီသို့ မြန်မြန်ဆန်ဆန်ပဲ ဦးတည်လိုက်သည်။

လက်ရှိအခြေအနေမှာတော့ သူသည် အသင်္ချေ များပြားသည့် လောကကြီးအတွက် ဘာမှ ကောင်းကောင်းမွန်မွန် မပြုလုပ်ပေးနိုင်သေးချေ။ သို့ပေမဲ့ လုဝူတောက်ကို ဖိနှိပ်နိုင်သည်ဆိုပါက ကျိန်းသေပေါက် သိသာသည့် အောင်မြင်မှုပင် ဖြစ်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ လျှိုကလန်မှ နောက်လိုက်တစ်ယောက်သည် နန်းဆောင်၏ အဝင်ဝရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ အထဲတွင် ဖြစ်နေသည့် အကြောင်းအရာများကို သူ မမြင်ရချေ။ သူ၏ အမြင်ကို အတားအဆီး အစီအရင်များက ဖုံးကွယ်ထားခဲ့သောကြောင့်ပင်။

“ဘာတွေ ဖြစ်နေတာလဲ” သူက တီးတိုးရေရွတ်လိုက်၏။ သူ့အား တားဆီးထားသည့် အတားအဆီးကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် အပြင်ဘက်သို့ ပြန်လည် ထွက်ခွာသွား သည်ဟု သတ်မှတ်ရမှာဖြစ်၏။

ထို့အပြင် ဤကဲ့သို့သော အတားအဆီးတစ်ခုကို ဖန်တီးကာဖြင့် သူ့ကို တားဆီးထားခဲ့သည် ဖြစ်သောကြောင့် အနည်းဆုံး ထိုလူသည် အင်မော်တယ်ဘုရင်အဆင့်တွင် တည်ရှိနေသည့် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ လောကအသီးသီးမှ အင်မော်တယ်ဘုရင်များသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ရရှိရန် ယှဉ်ပြိုင်နေကြသည် မဟုတ်ပါလား။

မည်သူက အားယားနေသောကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာရသနည်း။ မည်သူ ဖြစ်သနည်း ဆိုသည်ကို သူအဖြေရှာ၍ မရနိုင်ချေ။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် အနောက်တွင် ရှိနေသည့်လူကို အသာလက်ပြကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အတူတူ လှမ်းလျှောက် ဝင်ရောက် လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူတို့အဖွဲ့သည် အသာ ဦးညွတ်ကာဖြင့် သံပြိုင်ဆိုသလို ရွတ်ဆိုလိုက်၏။ “ဂျူနီယာတို့က စီနီယာနန်းဆောင်သခင်ကို လာပြီး ဂါရဝပြုပါတယ်”

“အင်း... ထုံးတမ်းစဉ်လာတွေ လုပ်မနေနဲ့တော့”

လီယွင်သည် မျက်ခုံးကို အသာပင့်ကာဖြင့် အရှေ့တွင် ရှိနေသည့် လူပေါင်းများစွာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤတစ်ကြိမ် လူအနည်းငယ်တို့သည် အတူပူးပေါင်းကာ ရောက်ရှိ လာသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် ရယ်ချင်သလိုပင် ဖြစ်နေ၏။ လျှိုကလန်သည် ရှေ့ဆုံးမှ ဦးဆောင်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အားလုံးကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေမည်။

“ထိုင်ကြလေ” လီယွင်သည် လက်ကို အသာဝှေ့ယမ်းလိုက်၏။ လေထုထဲတွင်တော့ ထိုင်ခုံများ အသီးသီး ပေါ်ပေါက်လာခဲ့၏။

“ကျေးဇူးပါပဲ စီနီယာ”

ထိုအဖွဲ့သည် ကျေးဇူးတင်စကားကို ပြောဆိုလိုက်၏။ ပြီးသည့်နောက် လျှိုလကန်မှ ခေါင်းဆောင်နှင့် တခြားသောသူများ တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် ကလန် ခေါင်းဆောင်သည် အရှေ့ဆီသို့ လှမ်းတက်ကာ မေးမြန်းလိုက်သည်။ “စီနီယာ... လက်ရှိ ပေါ်ပေါက်လာတဲ့ လောကကြီးအကြောင်းကို သိပြီးပါပြီလား”

“အင်း”

လီယွင်သည် သူ၏အရှေ့တွင် ရှိနေသည့်လူကို လှမ်းကြည့်ကာ ပြောဆိုလိုက်၏။ “ဒီသတင်းကို ခင်ဗျား ရပြီးသား ဖြစ်မှာပေါ့။ ကျုပ်က ဘယ်လိုဖြစ်ပြီးတော့ မသိဘဲ နေမှာလဲ”

“အဟမ့် အဟမ့်”

လျှိုကလန်၏ ခေါင်းဆောင်သည် ရှက်ရွံ့သွားသလိုပင် ကြောင်အအဖြင့် ပြောလိုက်၏။ “ဂျူနီယာက ခုဏတုန်းက မသိမိုက်မဲစွာဖြင့် ပေါက်ကရတွေ မေးမိပါတယ်။ ကျုပ်တို့ကလန်ထဲမှာရှိတဲ့ ဘိုးဘေး တချို့က လောကကြီးထဲ ဝင်ပြီးတဲ့နောက်မှာ ထူးခြားမှုတစ်ခုကို ကြုံဆုံနေရတယ်လို့ ခံစားမိတယ်။ သူတို့က ရင်းနှီးတဲ့ ခံစားချက်တွေ ရနေတယ်။ အဲ ရင်းနှီးတဲ့ ခံစားချက်တွေက ဘယ်နေရာကနေ ရတာလဲဆိုတာကို စီနီယာ သိပါသလား။ အဲလောကကြီးထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား”

ပြောပြီးသည့်နောက်မှာတော့ သူသည် သိုလှောင်လက်စွပ် တစ်ကွင်းကို ချွတ်ယူကာဖြင့် လီယွင်၏ အရှေ့ဆီသို့ ပြုံးကာ ထားလိုက်၏။ “ဒါက ဂျူနီယာရဲ့ လက်ဆောင်ပါ။ စိတ်ထဲမှာ မထားပါနဲ့ စီနီယာ”

“အင်း... လျှို့ဝှက်ချက်တွေ အများကြီး ရှိတာပေါ့”

လီယွင်သည် သိုလှောင်လက်စွပ်ကို လှမ်းယူပြီးသည့်နောက် ထိုအရာနှင့် ခဏလောက် ဆော့ကစားလိုက်၏။ ပြီးနောက် စားပွဲပေါ်သို့ အသာတင်ကာဖြင့် ပြောလိုက်သည်။ “လောကကြီးမှာရှိတဲ့ လျှို့ဝှက်ချက်အားလုံး ခင်ဗျားတို့ သိချင်တာလား။ ဒါမှမဟုတ် တစ်စုံတစ်ခုတည်းကိုလား”

“အင်း.. ဖြစ်နိုင်မယ်ဆိုရင် အားလုံးပေါ့”

“အားလုံးသာဆိုရင် ဒီအရာတွေက လုံလောက်မှာ မဟုတ်ဘူး” လီယွင်သည် သိုလှောင်လက်စွပ်ကို အသာ ပုတ်ပြကာ ပြောဆိုလိုက်၏။

“အင်း”

လျှိုကလန်၏ ခေါင်းဆောင်သည် ခဏလောက် အေးခဲသွား၏။ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အားတင်းကာ ရယ်မောလိုက်သည်။ “ဒါဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကို မေးပါရစေ”

ခဏလောက် စဉ်းစားပြီးနောက် လျှိုကလန်၏ ဒုတိယဘိုးဘေး မှာကြားသည့် အကြောင်းအရာကို သူက သတိရသွား၏။ ထို့ကြောင့် မေးမြန်းလိုက်၏။

“စီနီယာ... လျှိုကလန်ရဲ့ ဘိုးဘေးတွေ မှတ်ဉာဏ်နဲ့ တခြား အင်မော်တယ်ဘုရင်တွေရဲ့ ခေါင်းထဲမှာရှိနေတဲ့ မှတ်ဉာဏ်က ဖျက်ဆီး ခံထားရတာလား။ တစ်စုံတစ်ခုသော နည်းလမ်းမျိုးနဲ့ ဖျက်ဆီးခြင်း ခံထားရတာလား” မှတ်ဉာဏ်အား မည်ကဲ့သို့သောနည်းဖြင့် ပိတ်ပင်တားဆီးခဲ့ကြောင်း သူ မမေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ဘာမှလုပ်၍ မရသောကြောင့်ပင်။ သတင်းအချက်အလက်အတွက် ကုန်ကျစရိတ် သာလျှင် များပြားသွား ပေလိမ့်မည်။

“အင်း.. ခင်ဗျား ခန့်မှန်းထားတဲ့အတိုင်းပဲ မှတ်ဉာဏ်တွေ အားလုံးက ပိတ်ပင်တားဆီးခြင်းကို ခံထားရတယ်”

လီယွင်က ထူးမခြားနားသလို ပြောလိုက်၏။ ပြီးသည့်နောက် သူသည် စားပွဲပေါ်တွင် ရှိနေသည့် သိုလှောင် လက်စွပ်ကို လှမ်းယူကာဖြင့် အရှေ့တွင် ရှိနေသည့် လူများကို ကြည့်လိုက်၏။ ပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် ပြောဆိုလိုက်သည်။ “ဒါတင်မကသေးဘူး။ ခင်ဗျားတို့ ဖတ်ခဲ့တဲ့ ရှေးစာအုပ်တွေ အကုန်လုံးက အလိမ်အညာတွေကြီးပဲ”

လီယွင်၏ စကားကို ကြားရသည့် အချိန်မှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် ရှိနေသည့် လူပေါင်းများစွာ တို့၏ အမူအရာက ပြောင်းလဲသွား၏။ တစ်ယောက်ချင်းစီတိုင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်မိနေကြ၏။

ယခင်တုန်းကသာ နန်းဆောင်သခင်ဆီမှ ထိုကဲ့သို့သော စကားလုံးများကို ကြားရမည်ဆိုပါက သူတို့ အားလုံးသည် အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်မိနေမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ အကြောင်းအရာ အားလုံးသည် ကွာခြားသွားခဲ့၏။ များပြားလွန်းသည့် အင်မော်တယ်ဘုရင်များသည် တစ်စုံတစ်ခု လွဲမှားနေသည် ဖြစ်ကြောင်းကို အာရုံခံမိကြ၏။ စီနီယာနန်းဆောင်သခင်၏ အတည်ပြုမှုကိုရရှိပြီးနောက် သူတို့၌ သံသယဟူ၍ မရှိတော့ချေ။

ငရဲလောကကြီး ပျက်စီးသွားခဲ့သည့် သတင်းအချက်အလက်သည် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက် တစ်ခုသာ ဖြစ်ပြီး ငရဲလောက၏အရှင်သည် သေဆုံးချင်မှ သေဆုံးပေလိမ့်မည်။ ထို့အတူ သေဆုံးသွားခဲ့သည့်လူသည် နတ်ဘုရားအင်ပါယာပင် ဖြစ်ကောင်းဖြစ်နိုင်၏။

“စီနီယာ.. ဘာတွေဖြစ်နေတာလဲ။ အင်မော်တယ်ဘုရင်တွေက ထူးခြားတဲ့ လူတွေပဲလေ။ သူတို့ရဲ့ မှတ်ဉာဏ်တွေက ဘယ်လိုဖြစ်ပြီး သူတို့တောင် မသိဘဲ ပိတ်ပင်တားဆီးခြင်းကို ခံထားရတာလဲ” လျှိုကလန်၏ ခေါင်းဆောင်သည် ဇဝေဇဝါဖြင့် လှမ်းကာ မေးမြန်းလိုက်သည်။

သူ၏ အနောက်ဘက်တွင် ရှိနေသည့် လူငယ်သည်လည်း ဇဝေဇဝါ အမူအရာမျိုး ဖြစ်တည်လျက် ရှိနေ၏။

All Chapters