← Chapters

အခန်း (၇၆၂)

Vol. 51 Ch. 762

အခန်း (၇၆၂)

Vol. 51 Ch. 762

ငရဲလောကကြီး၏ ပြန်လည်မွေးဖွားခြင်း လမ်းစဉ်သည် ပုံမှန် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်နှင့် ခြားနားလျက် ရှိနေသည် မဟုတ်ပါလား။ တစ်စုံတစ်ယောက်သည် သေဆုံးသွားပြီးသည့်နောက် ငရဲလောကကြီး၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရမှာ ဖြစ်၏။ ထိုကဲ့သို့သော အတွေးမျိုး တွေးပြီးသည့်နောက် အားလုံးသော သူတို့သည် ပခုံးတွန့်သည်အထိ ကြောက်ရွံ့သွားမိခဲ့ကြ၏။

“စီနီယာ.. ဒါတွေအားလုံးကို ကာကွယ်ဖို့ နည်းလမ်းရှိရဲ့လား” တစ်စုံတစ်ယောက်က မြန်ဆန်စွာ မေးမြန်းလိုက်သည်။

“ရှိတာပေါ့”

လီယွင်သည် မငြင်းပယ်ခဲ့ချေ။ အသာပင် ငြင်းပယ်လိုက်၏။ “တန်ကြေးကတော့ ခင်ဗျားတို့ လက်ခံနိုင်မယ့် အရာမျိုး မဟုတ်မှာ စိုးရတယ်”

“ဘယ်လို တန်ကြေးမျိုးလဲ” လျှိုကလန်၏ ခေါင်းဆောင်သည် အဖြေကို ဆက်လက်ကာ မေးမြန်းလိုက်သည်။

“အရင်းအမြစ်ပေါ့” လီယွင်သည် ထိုစကားကို အသာပင် ပြောလိုက်၏။

ဤစကားစုသည် ပေါ့ပေါ့ပါးပါး စကားစု ဖြစ်သော်လည်း ကြားရသည့် လူပေါင်းများစွာ၏ နှလုံးသား များသည် လေးနက်သွားခဲ့၏။ လောကထဲတွင် စီနီယာနန်းဆောင်သခင်သည် အချမ်းသာဆုံးလူဟု သုံးသပ်၍ ရနေပြီဖြစ်၏။ ၎င်း တောင်းဆိုခဲ့သည့် အရင်းအမြစ်များသည် ခန့်မှန်းထားသည်ထက် ပိုလျက် ရှိ၏။ နတ်ဘုရားလောကကြီး တစ်ခုလုံးကို ရွှေ့ပြောင်းပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပေးအပ်လိုက်မည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ လိုချင်လောဘကို အဆုံးသတ်နိုင်လိမ့်မည် မဟုတ်ချေ။

“အဲလောက်ကြီး စိတ်ပျက်နေဖို့ မလိုပါဘူး” လီယွင်က ထပ်မံကာ ပြောလိုက်သည်။

“စီနီယာ ကူညီဖို့အတွက် စိတ်ဆန္ဒ ရှိတယ်လို့ ဆိုလိုတာလား” တစ်စုံတစ်ယောက်သည် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

စောဏတုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လောကအသီးသီးတို့၌ ကွာစီ အင်မော်တယ် အင်ပါယာ မရှိဟု ပြောဆိုခဲ့၏။ ဆိုလိုသည်မှာ စီနီယာ၏ အားအင်အဆင့်သည် ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ထက် ပိုမိုကာ သာလွန်သည့်အရာ ဖြစ်ပေလိမ့်မည်။ အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်လား၊ မဖြစ်လား ဆိုသည်ကို မည်သူမှ စဉ်းစားလိမ့်မည် မဟုတ်ချေ။

အင်မော်တယ်ဘုရင်တစ်ယောက်သာ ဖြစ်သည်ဆိုပါက အင်မော်တယ်ဘုရင်များသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်ခဲ့သည် မဟုတ်ပါလား။ ထိုသူများ အားလုံးသည် အဆင့်တူချင်းကို ဂါရဝ လာပြုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် တစ်ဖက်လူသည် အတိတ်၊ အနာဂတ် အရာအားလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိနေသည့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် သို့မဟုတ် ထိုထက် ပိုမိုသည့် အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်ရပေလိမ့်မည်။

“ခင်ဗျားတို့ အတွေးလွန်နေပြီ” လီယွင်သည် စောဏတုန်းက ပြောဆိုခဲ့သည့် လူဆီသို့ အေးစက်စွာ လှမ်းကြည့်ကာ ပြောဆိုလိုက်၏။ ထိုစကားစုသည် အားလုံးသောသူတို့၏ နှလုံးသားများကို ရေအေးအေးဖြင့် လောင်းပက်လိုက် သကဲ့သို့ပင် သတိဝင်သွားမိစေ၏။

“ကျုပ် ခင်ဗျားတို့ကို မကူညီဘူး ဆိုပေမဲ့ ကျုပ်ပြောနိုင်တာ တစ်ခုရှိတယ်”

လီယွင်သည် လူများကို တစ်ချက်ဝှေ့ကြည့်ကာဖြင့် ပြောဆိုလိုက်သည်။ “မကြာခင်မှာ ငရဲလောကကြီးက ရောက်ရှိလာတော့မယ်။ ဒါဆိုရင် အသင်္ချေ များပြားတဲ့ လောကအသီးသီးကလည်း စုစည်းနေဖို့ လိုအပ်တယ်”

သူ့အနေနှင့် လီချန်းဖန်ကို ထိုကိစ္စနှင့်ပတ်သက်၍ ပြောဆိုခဲ့ပြီးသားဖြစ်၏။ လက်ရှိ လူအနည်းငယ်တို့ကို ထပ်မံကာ ပြောဆိုခြင်းနှင့်ပတ်သက်၍ သိပ်ပြီးထူးမည် မဟုတ်ချေ။

“ဘာ”

ခဏအတွင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ စကားလုံးကို ကြားရချိန်မှာတော့ သူတို့သည် တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်လို့နေခဲ့၏။ ငရဲလောကကြီး ရောက်ရှိလာခဲ့ပြီး အသင်္ချေ များပြားသည့် လောက အသီးသီးတို့ကလည်း စုစည်းခြင်းကို ခံရမည်။ ထိုသို့ဆိုလျှင် ငရဲလောကကြီးသည် လောက အသီးသီးတို့ကို ထိန်းချုပ်တော့မည် မဟုတ်ပါလား။

ဤကဲ့သို့သော အကြောင်းအရာသည် တခြားသော တစ်စုံတစ်ယောက်ဆီမှ ထွက်ပေါ်လာသည် ဆိုပါက သူတို့က စိုးရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့သည် ဖြစ်သောကြောင့် သူတို့အနေနှင့် လျစ်လျှူရှုထား၍ မရနိုင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုခဲ့သည့် စကားလုံးများသည် ရွှေစည်းမျဉ်း၊ စည်းကမ်းကဲ့သို့ပင် စစ်မှန်လွန်းလှချေ၏။ ငရဲလောကကြီး ရောက်ရှိလာခဲ့မည်ဟု ပြောဆိုပါက တကယ်ပင် ရောက်ရှိ လာပေလိမ့်မည်။ လောကအသီးသီးတို့သည် စုစည်းခြင်းကို ခံရမည်ဟု ပြောဆိုသည်ဆိုပါက တခြား ရွေးချယ်စရာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင် လောကအသီးသီးတို့က သွားပြီးပဲ”

လျှိုကလန်ခေါင်းဆောင်၏ မျက်လုံးများသည် အရောင်အဆင်းပင် ကင်းမဲ့သွားခဲ့၏။ သူသည် အသက်ဝိညာဉ် ကင်းမဲ့သလိုပင် တည်နေရာတွင် ရုတ်တရက် မတ်တပ်ထရပ်ပြီး တွေဝေ ငေးငိုင်လျက် ရှိနေ၏။ ပြီးနောက် တစ်ယောက်တည်း တီးတိုးရေရွတ်နေမိသည်။ “စီနီယာ.. မျှော်လင့်ချက် ဆိုတာကော ရှိသေးရဲ့လား။ တကယ်လို့ မျှော်လင့်ချက်လေး အနည်းငယ်လောက် ရှိမယ် ဆိုရင်တောင် အဆင်ပြေပါသေးတယ်”

အမှောင်လောကကြီးသည် ဘာမှန်းမသိသည့် အချိန်ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။ ကောင်းကင်ယံ ထက်တွင် လေများ၊ တိမ်များ ကြမ်းကြမ်းတမ်းတမ်းနှင့် တိုက်ခိုက်လျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည်လည်း တည်နေရာအနှံ့ကို ဖြန့်ကျက်နေ၏။

စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ယောက်တို့သည် ကြယ်စင်စုများအားလုံး ပျက်စီးသည်အထိ တိုက်ခိုက်လျက် ရှိနေလေ၏။ အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ ပထမနှင့် ဒုတိယနေရာကြား စွမ်းအင် ကွာခြားချက်သည် အနည်းငယ်လေးမျှသာရှိသည်။

ပြင်ပ အကူအညီ မရှိပါက ကျိုးချီသည် အနိုင်ရမည် ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူနှင့် အနိုင်ရလိမ့်မည် မဟုတ်ချေ။ တချို့သော ပေးဆပ်မှုများကို ပေးဆပ်ရ ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လုဝူတောက်သည် လွယ်ကူသည့် ရန်သူတစ်ယောက် မဟုတ်သောကြောင့်ပင်။

“အင်း... ကင်းခြေများတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု သေဆုံးသွားတယ် ဆိုတာနဲ့ သေသွားတာ မဟုတ်ဘူး။ များပြားတဲ့ ကွာစီအင်မော်တယ် အင်ပါယာတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်အရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒါပါပဲ”

ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် တိုက်ပွဲကို ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် သူသည် ခေါင်းကို အသာလှည့်ကာဖြင့် ဂရုမစိုက်တော့ချေ။ လေဟာနယ်ထဲသို့ လှမ်းကြည့်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “မင်းတို့နှစ်ယောက် ဒီနေရာမှာ စောင့်ကြပ်ထားကြ။ တခြားသူတွေ ဒီနေရာကို မဝင်စေနဲ့”

“ကောင်းပါပြီ”

“နားလည်ပါပြီ”

အသံနှစ်သံ ထွက်ပေါ်လာခဲ့၏။ တစ်သံက အေးစက်ပြီး ကြမ်းတမ်းလွန်းလှ၏။ တစ်သံမှာတော့ လေးနက်ပြီး အဓိပ္ပာယ် ပြည့်ဝ၏။ ၎င်းတို့၏ အသွင်အပြင် အမူအရာကို မမြင်ရသော်လည်း အသံလှိုင်းကို နားထောင်လိုက်သည်နှင့် ၎င်းတို့၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း သိသာလှသည်။

“အတိတ်တုန်းက ငရဲလောကရဲ့ စစ်သည်တော်တွေလား”

လျှိုချင်းယုသည် ပတ်ဝန်းကျင်ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ခေါင်းထဲတွင် တွေးတွေးဆဆ အမူအရာများ ဖြစ်တည်လာခဲ့၏။ လက်ရှိ အခြေအနေတွင် လုဝူတောက် သို့မဟုတ် ကျိုးချီ ထိုသူတို့နှင့် နှိုင်းယှဉ်၍ ရနိုင်သည့်လူသည် အနည်းငယ်သာရှိ၏။ အင်မော်တယ် ဘုရင်စာရင်းတွင် ပါဝင်သည့် လျှိုချင်းဟုန်ပင်လျှင် ဖိနှိပ်ခြင်းကို ခံထားရ၏။

ကြည့်ရမည်ဆိုလျှင် အင်မော်တယ်ဘုရင်၏ ထိပ်ဆုံးဆယ်ယောက်စာရင်းသို့ ဝင်ရောက်သည့်လူ သို့မဟုတ် ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်နိုင်၏။ ခုဏက ပြောဆိုခဲ့သည့် လူများသည် ကွာစီအင်မော်တယ် အင်ပါယာ မဟုတ်ဘူး ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အင်မော်တယ်ဘုရင်များ ဖြစ်ရပေမည်။

အကယ်၍ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် သာမန် ကွာစီအင်မော်တယ်အင်ပါယာတစ်ယောက် ဖြစ်သည်ဆိုပါက ၎င်း၏ အမိန့်ပေးမှုအောက်တွင် ထိုသုံးယောက်တို့က အဘယ်သို့ တည်ရှိနေမည်နည်း။

"ဆိုးဝါးလိုက်တာ" လျှိုချင်းဟုန်သည် ခေါင်းကိုအသာ ခါယမ်းလိုက်မိ၏။

အလင်း ထောက်တိုင်ကြီး၏ အောက်တွင် လျှိုကလန်မှ အင်မော်တယ်ဘုရင်အတော်များများတို့သည် မတ်မတ်ရပ်လျက်ရှိနေပြီး လှုပ်ရှားမှုကို မပြုလုပ်ရဲကြချေ။ အလုံးစုံဖိနှိပ်ခြင်းကို ခံထားရသောကြောင့် ၎င်းတို့၏ မျက်နှာများသည် ဖြူရော်လျက် ရှိနေသည်။

အင်မော်တယ်ဘုရင်ကဲ့သို့သောသူမျိုးများပင်လျှင် လက်ရှိအခြေအနေ၌ ချုပ်နှောင်ခြင်းကို ခံထားရ၏။

"ရှေးဘိုးဘေးနှစ်ယောက် …. ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကနေ အချက်အလက်ရလာပါပြီ"

ထိုအချိန်မှာတော့ လျှိုရွှမ်ချမ်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ အနီးအနားတွင်ရှိနေသည့် လျှိုကလန်မှ အင်မော်တယ်ဘုရင်များသာမက နတ်ဘုရား လောကထဲတွင်ရှိနေသည့် အင်မော်တယ်ဘုရင်များ အားလုံးသည်လည်း ခေါင်းလှည့်ကာ ကြည့်ရှုလိုက်ကြသည်။

နတ်ဆိုးလောက၏ အင်မော်တယ်ဘုရင် အနည်းငယ်တို့ပင်လျှင် စိတ်ဝင်တစားဖြစ်ကုန်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သလင် ဟူသည့် စကားလုံးသည် အားလုံးသောသူတို့ကို စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေစေသည် မဟုတ်ပါလား။

အားလုံးသော သူတို့ လှမ်းကာ ကြည့်ရှုနေသည်ကို မြင်ရသည့် အချိန်မှာတော့ လျှိုရွှမ်ချမ်၏ အမူအရာတစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။

"​ပြောစမ်း"

ဒုတိယဘိုးဘေးကြီးသည် တင်းမာခက်ထန်သည့် လေသံဖြင့် အနားရှိပတ်ဝန်းကျင်တွင် ရှိနေသော လူများကို တစ်ချက် ဝေ့ကြည့်ရင်း ပြောလိုက်သည်။ "လျှိုကလန်ရဲ့ အနာဂတ်ကို မသက်ရောက်သရွေ့ လွတ်လွတ်လပ်လပ်ပြော။"

လက်ရှိအချိန်၌ အားလုံးသော သူတို့သည် တူညီသည့် ကြိုးတစ်ချောင်းပေါ်တွင် တည်ရှိနေသည့် ငှက် များကဲ့သို့ပင်။ ထို့ကြောင့် လျှိုကလန်၏ အကျိုးအမြတ်နှင့် မသက်ဆိုင်ပါက အားလုံးသော သူတို့ သိရှိအောင် ပြောဆိုနိုင်၏။

"ကောင်းပါပြီ"

လျှိုရွှမ်ချမ်က ပြောဆိုလိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားတွင်ရှိနေသည့် အကြောင်းအရာများကို လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်သည်။

"ကျုပ်တို့ကလန်ခေါင်းဆောင်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ပြီးတော့ စီနီယာဆီကနေ သတင်း အချက်အလက်တစ်ခုကို သိရှိခဲ့ရတယ်။" လျှိုရွှမ်ချမ်ရဲ့ အမူအရာသည် လေးနက်လျက်ရှိ၏။

"ဘာတဲ့လဲ"

ယခု ထကာ ပြောဆိုလိုက်သည့် လူသည် လျှိုချင်းကျီ ပင်။

လျှိုရွှမ်ချမ်သည် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်ရှူပြီးသည့်နောက် သူ၏ ဘိုးဘေးနှစ်ယောက်ကို လှမ်းကြည့်ကာ ဖြေးညှင်းစွာ ပြောလိုက်၏။

"အင်း ကျုပ်တို့အရင်တုန်းက သိခဲ့တဲ့ အကြောင်းအရာတွေ အားလုံးက မဟုတ်သေးဘူးတဲ့။"

"လောကအသီးသီးက အင်မော်တယ်ဘုရင်တွေနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ခဏထားဦး။ ကျုပ်တို့ သိရှိခဲ့တဲ့ ရှေ့မှတ်တမ်းတွေ အကုန်လုံးက အလိမ်အညာတွေကြီးပဲ။”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

ဒုတိယဘိုးဘေး၏ မျက်နှာသွင်ပြင်တစ်ခုလုံးက ပျက်ယွင်းသွားခဲ့သည်။

"ကျုပ်တို့ မှတ်ဉာဏ်တွေက ဖျက်ဆီးခြင်းခံထားရတယ်။"

မနီးမဝေးတွင်ရှိနေသည့် နတ်ဘုရားအင်ပါယာ ပိုင်ယုက ပြောလိုက်၏။ သူ၏ အမူအရာသည် တည်ကြည်လေးနက်လျက်ရှိနေ၏။ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် တည်တည်ငြိမ်ငြိမ် ရပ်တန့်လျက် ရှိ၏။ တည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်နိုင်ခြင်းမှာ ခန့်မှန်း၍မရနိုင်သည့် သူ၏ အားအင်အဆင့်ကို ထုတ်ဖော်ပြသနေခြင်းပင်။

All Chapters