← Chapters

တိုက်ပွဲစတင်ခြင်း

Vol. 118 Ch. 1797

တိုက်ပွဲစတင်ခြင်း

Vol. 118 Ch. 1797

လေထုတင်းကျပ်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယင်းက ကြီးကျယ်မြင့်မြတ်ပြီး လွှမ်းမိုးဖိနှိပ်သည်။

ကောင်းကင်ဘုံလေကြမ်းများက ရွှီချင်းကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာဆီသို့ တိုက်ခတ်သွားသည်။ သူ၏ အမူအရာက အေးစက်နေသည်။ သူက ရှေးခေတ်အင်မော်တယ်ကို စိုက်ကြည့်လိုက်သည်။

သူက မည်သည့်စကားမှ မပြောဘဲ ညာလက်ကို ရိုးရှင်းစွာ မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။

ထိုလှုပ်ရှားမှုကြောင့်…

ဝမ်ကူးကုန်းမြေက တုန်ယင်သွားသည်။

ကောင်းကင်က ဖရိုဖရဲဖြစ်သွားသည်။

ကမ္ဘာမြေက နက်ရှိုင်းသော ဟိန်းသံနှင့်အတူ အက်ကွဲသွားသည်။

“ မိုးနဲ့ မြေ… ချိပ်ပိတ်ခြင်း ”

ထိုစကားလုံးသုံးလုံးကို ပြောလိုက်သည့်အခိုက် သူ၏ အသံက ဥပဒေသဖြစ်လာပြီး သူ၏ စိတ်ဆန္ဒက အမှန်တရားအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ချိပ်ပိတ်ခြင်းစွမ်းအားက ပေါ်လျှိုးလာပြီး ကောင်းကင်နှင့်မြေပြင်ကို အတင်းအဓမ္မ သီးခြားခွဲထုတ်ပစ်လိုက်သည်။

မြေပြင်ပေါ်မှ သက်ရှိအားလုံးသည် ကောင်းကင်ပေါ်သို့ ပျံသန်းနိုင်သော စွမ်းရည်ကို ဆုံးရှုံးသွားကြသည်။

လျှပ်တစ်ပြက်အတွင်းမှာ ကျင့်ကြံသူတိုင်း၊ နတ်ဘုရားတိုင်းနှင့် ဝမ်ကူးကုန်းမြေ သို့မဟုတ် သူတော်စင်ကုန်းမြေများမှ သက်ရှိအားလုံးသည် အပြင်းအထန် တုန်ယင်သွားကြသည်။ ထို့နောက် သူတို့က မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေပြင်က နွေဦးအင်မော်တယ်တစ်ပါး၏ အစွမ်းအောက်မှာ သီးခြားပိုင်းခြားခံလိုက်ရသည်။

နွေဦးအင်မော်တယ်တစ်ပါး သို့မဟုတ် အစစ်အမှန်နတ်ဘုရားတစ်ပါးသာလျှင် ယင်းကို ခုခံတားဆီးနိုင်လိမ့်မည်။ ထိုအဆင့်အောက်မှ သက်ရှိများသည်တော့ ယင်းကို ခုခံရန် လုံးဝ အခွင့်အရေးရှိလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာ လူသားမျိုးနွယ်၏ နန်းမြို့တော်အပေါ်မှ ကောင်းကင်ပေါ်တွင် ပုံရိပ်သုံးခုသာ ကျန်ရှိကြတော့သည်။

သူတို့က ရွှီချင်း၊ ရှေးခေတ်အင်မော်တယ်နှင့် သတ္တမသခင်ကြီး ဖြစ်ကြသည်။

“ ဆရာ… ကျေးဇူးပြုပြီးတော့ ဒီတိုက်ပွဲကို ဘေးကနေ စောင့်ကြည့်ပေးပါ ”

ရွှီချင်းက ရိုသေလေးစားစွာ ပြောသည်။

သတ္တမသခင်ကြီးက ပြုံးလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲမှ ဂုဏ်ယူဝင့်ကြွားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူက မြေပြင်ပေါ်သို့ ရောက်ရှိသွားပြီး ဧကရီ၏ ဘေးမှာ ရပ်လိုက်သည်။

ဧကရီက အံ့ဩမင်သက်နေဆဲပင်။ ကောင်းကင်ပေါ်မှ ရွှီချင်းကို သူစိုက်ကြည့်နေစဉ် သူ၏ အသိစိတ်က တဝီဝီမြည်နေသည်။ သူက ယခုအချိန်ထိ ယင်းကို မယုံကြည်နိုင်သေးပေ။ ထို့ကြောင့် သူက သတ္တမသခင်ကြီးဆီသို့ ခေါင်းလှည့်လိုက်ပြီး မေးသည်။

“ သူ့ရဲ့ ကျင့်ကြံခြင်းက… ”

သတ္တမသခင်ကြီးက ချက်ချင်း ပြန်မဖြေပေ။ ယင်းအစား သူက သူ၏ ဘေးမှ ဟင်းလင်းပြင်ထဲသို့ လက်ဆန့်ထုတ်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။

ဝှစ်…

ထို့နောက် အားညို၏ ပုံရိပ်က လည်ပင်းညှစ်ခံထားရလျက် ဟင်းလင်းပြင်ထဲမှ တရွတ်တိုက် ဆွဲပါလာသည်။

“ အား… အဖိုးကြီး… ညင်ညင်သာသာ လုပ်စမ်းပါ… အို… နာတယ်… အား အား ”

အားညိုက လေထဲမှာ ခြေကားရား လက်ကားရား ရုန်းကန်လိုက်သည်။ သူ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ သို့တိုင် သူက ဖော်လံဖားသော အပြုံးကို အတင်းအဓမ္မ ထုတ်ဖော်ထားဆဲပင်။

“ ဆရာ… ငါမင်းကို အရမ်းလွမ်းတယ် ”

သတ္တမသခင်ကြီးက သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ ငါ့ကို ရှင်းပြစမ်း… မင်းရဲ့ ဂျူနီယာညီလေးရဲ့ ကျင့်ကြံခြင်းက ဘယ်လိုဖြစ်သွားတာလဲ… ပြီးတော့ သူတို့တွေက ဘယ်သူတွေလဲ ”

အားညိုက ချက်ချင်း မျက်ခုံးပင့်တင်လိုက်သည်။ သူ့ဆရာပြောသော “ သူတို့တွေ ”က မည်သူတို့ကို ရည်ညွှန်းကြောင်း အတိအကျ သူသိသည်။ သူက ခမ်းနားထည်ဝါသော သူ့ကိုယ်ပိုင်လုပ်ကြံဇာတ်လမ်းများကို ပြောပြတော့မည့်အချိန်…

သတ္တမသခင်ကြီးက သူ၏ အကြံကို ကြိုပိတ်လိုက်သည်။

“ ငါ့ကို တိုတိုနဲ့ မှန်မှန်ပြောစမ်း ”

အားညိုက မျက်နှာညှိုးငယ်သွားပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

“ သူတို့က အမှတ်ငါးကြယ်တာရာစက်ဝန်းကပါ… သူတို့က ဂျူနီယာညီလေးရဲ့ လက်အောက်ငယ်သားတွေပါ… ဆရာ… ဒီတပည့်က အမှန်တိုင်းပြောရမယ်ဆိုရင် ဂျူနီယာညီလေးက အဲ့ဒီမှာ အရမ်းကြီးမားတဲ့ ဂုဏ်သတင်းကျော်ကြားမှုကို ပိုင်ဆိုင်ထားပါတယ်… ဆရာတောင် အဲ့ဒီကိုသွားရင် ဂျူနီယာညီလေးရဲ့ လောင်းရိပ်အောက်ကို ရောက်သွားပါလိမ့်မယ် ”

“ သူ့ရဲ့ ကျင့်ကြံခြင်းကတော့… ဂျူနီယာညီလေးနဲ့ ငါတွေ့ဆုံခဲ့တာ သိပ်မကြာသေးပါဘူး… အဲ့ဒီအချိန်မှာ သူက ခြေလှမ်းဝက်အင်မော်တယ်အဆင့်မှာပဲ ရှိပါသေးတယ်… အို ဟုတ်သားပဲ… သူက အဲ့ဒီမှာ အင်မော်တယ်အရှင်သခင်တစ်ပါးနဲ့ ညီအကိုဖွဲ့ခဲ့သေးတယ်… ငါ့အထင် အဲ့ဒီလူက ဆရာရဲ့ တပည့်ကို လုယူချင်နေတာ ဖြစ်မယ် ”

“ အင်မော်တယ်အရှင်သခင် ”ဟူသော စကားကို ကြားသွားသောအခါ သတ္တမသခင်ကြီးက နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ သို့သော်လည်း သူ၏ အပြင်ပန်းအမူအရာက မထူးမခြားနား ရှိနေဆဲပင်။

သို့သော်လည်း အားညို၏ စကားက မပြီးဆုံးသေးပေ။ သူ၏ နောက်ထပ် စကားတစ်ခွန်းစီတိုင်းက သူ့ကို ပိုပြီးအံ့ဩထိတ်လန့်သွားစေသည်။

“ အဲ့ဒီအင်မော်တယ်အရှင်သခင်က နတ်သမီးတွေကို လက်ဆောင်အဖြစ် ဂျူနီယာညီလေးကို ပေးတယ်… နတ်သမီးတစ်ပါးစီရဲ့ ခမည်းတော်က နတ်ဘုရားအရှင်သခင်တွေ ”

သတ္တမသခင်ကြီး၏ အသက်ရှူသံက အနည်းငယ် မူမမှန်ဖြစ်လာသည်။ သူ၏ ဘေးတွင် ဧကရီက မျက်လုံးပြူးကျယ်သွားသည်။

“ ထုံးစံအားဖြင့် စီနီယာအကိုကြီးဖြစ်တဲ့ ငါက ဘယ်လိုလုပ် သူတစ်ပါးနောက်မှာ နောက်ကျကျန်နေခဲ့လို့ဖြစ်မလဲ… ဒါကြောင့် ငါက ချင်းလေးကို နတ်ဘုရင်တစ်ပါးရဲ့ သင်္ချိုင်းဆီ ခေါ်သွားခဲ့တယ်… ဒါပေမဲ့ အဲ့ဒီနတ်ဘုရင်က အသက်ရှင်နေဦးမယ်လို့ ငါမမျှော်လင့်ထားဘူး ”

“ အား… အိုး… အဖိုးကြီး ငါနာတယ်… ဖြည်းဖြည်း လုပ်ပါ ”

သူ၏ လည်ပင်းမှ သတ္တမသခင်ကြီး၏ ဖျစ်ညှစ်မှုက ရုတ်တရက် တင်းကျပ်သွားသည့်အခါ အားညိုက အော်ဟစ်လိုက်သည်။

တစ်ခဏကြာပြီးနောက် သတ္တမသခင်ကြီးက သူ၏ ဖျစ်ညှစ်မှုကို အနည်းငယ် ဖြေလျော့ပေးလိုက်သည်။ ဒဏ္ဍာရီသဖွယ် အင်မော်တယ်အရှင်သခင်တစ်ပါးအကြောင်းကို သူကြားလိုက်ရခြင်းက ကိစ္စတစ်ခု ဖြစ်သည်။ ထို့ပြင် နတ်ဘုရားအရှင်သခင်တစ်ပါးက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

သို့သော်လည်း ယခု နတ်ဘုရင်တစ်ပါးသည်ပင် ပါလာပြီလား။

ယင်းက သူခန့်မှန်းကြည့်ရုံသာ တတ်စွမ်းသော နယ်ပယ်ဖြစ်သည်။ ၎င်းက ကြယ်တာရာစက်ဝန်းများထဲမှာပင် အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။

သို့တိုင် ဤပြဿနာကောင်တပည့်က နတ်ဘုရင်တစ်ပါး၏ သင်္ချိုင်းဆီသို့ အမှန်တကယ်ကြီး သွားရောက်ခဲ့သည်။

“ ဆက်ပြောစမ်း ”

သတ္တမသခင်ကြီးက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ပြောသည်။

အားညိုက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး စိတ်ထဲမှာ ကြိတ်ဝမ်းသာသွားသည်။ ဤတစ်ကြိမ်တွင် အဖိုးကြီးက သူ့ကို သေချာပေါက် အထင်ကြီးလေးစားလာတော့မည်ဟု အားညို တွေးမိသွားသည်။

ထို့ကြောင့် သူက လည်ချောင်းကို ရှင်းလင်းလိုက်ပြီး ပြောသည်။

“ သင်္ချိုင်းထဲမှာ ငါက ကြီးကြီးမားမား ဘာမှမလုပ်ခဲ့ပါဘူး… နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ အလောင်းကို ဝါးမျိုရုံလောက်ပါပဲ… နောက်တော့ အဲ့ဒီအလောင်းက နိုးထလာတယ်… အဲ့ဒီနောက် ရှေးဦးအပျက်အစီးက သင်္ချိုင်းထဲမှာ ထွက်ပေါ်လာတယ်… သေရေးရှင်ရေးအခြေအနေမှာ ငါက ချင်းလေးကို ကယ်တင်ပြီး အချိန်လေဟာနယ်ဝဲကတော့တစ်ခုထဲ ဝင်ရောက်သွားခဲ့တယ်… ”

“ ဝဲကတော့ထဲမှာ ငါတို့ လူစုကွဲသွားကြတယ်… အဲ့ဒီနောက် ချင်းလေးကို ငါအရမ်းစိတ်ပူလာတယ်… ဒါကြောင့် ငါ့ရဲ့ အစွမ်းအကုန်ကို အသုံးပြုပြီး သူ့ကို လိုက်ရှာခဲ့တယ်… ငါ သူ့ကို ရှာတွေ့တဲ့အချိန်မှာ သူက ကလေးတစ်ယောက်လို အော်ငိုနေတယ်… အရမ်းသနားစရာကောင်းတာပဲ… အဲ့ဒီမှာ ငါ့နှလုံးသားလေးက အရည်ပျော်သွားတယ်… နောက်တော့ ချင်းလေးက ငါ့ရဲ့ ကူညီပေးမှုကြောင့် အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့တယ်… အင်မော်တယ်ဖြစ်လာမှပဲ သူက အငိုရပ်သွားခဲ့တယ် ”

သတ္တမသခင်ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်…

ဗုန်း…

နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။

သတ္တမသခင်ကြီး၊ ဧကရီနှင့် အားညိုသည်ပင် ချက်ချင်း ခေါင်းမော့လိုက်ကြသည်။

တစ်ချိန်တည်းမှာ အသင်္ချေမျိုးနွယ်စုများထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် သူတို့၏ နတ်ဘုရားစိတ်အာရုံများကို လူသားမျိုးနွယ်၏ နန်းမြို့တော်အပေါ်မှ ရွှီချင်းအပေါ်သို့ အာရုံစိုက်လိုက်ကြသည်။

ထိုတိုက်ပွဲက ဝမ်ကူးကုန်းမြေ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်။

ဤအခိုက်အတန့်မှာ ကောင်းကင်က ထွန်းလင်းတောက်ပသွားသည်။ ထိုအလင်းရောင်၏ ဇစ်မြစ်က ရှေးခေတ်အင်မော်တယ်ထံမှ ဖြစ်သည်။

ရှေးခေတ်အင်မော်တယ်က ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ကောင်းကင်ဘုံက ပရမ်းပတာ တုန်လှုပ်သွားသည်။ သူ၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းသော အမြင့်သို့ မြင့်တတ်သွားသည့်အခါ ဝမ်ကူးကုန်းမြေက ဖရိုဖရဲဖြစ်သွားသည်။ ထို့နောက် ကောင်းကင်က ဟက်တက်ကွဲထွက်သွားသည့်အခါ အပြင်ဘက်မှ ကြယ်တာရာစကြာဝဠာက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

သူက မရေမတွက်နိုင်သော ကြယ်များအောက်မှာ မတ်တတ်ရပ်နေစဉ် သူ၏ ပုံရိပ်က စကြာဝဠာနှင့် ပေါင်းစပ်သွားဟန် ရသည်။ ရှေးခေတ်အင်မော်တယ်က သူ၏ ရီဝေသော မျက်လုံးများဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ အက်ရှရှအသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ နွေဦးအင်မော်တယ်ကောင်လေး… ”

“ မင်းက ငါ့ကို စောင့်နေတယ်လို့ ပြောတယ်… အဲ့ဒါဆိုရင် မင်းရဲ့ စွမ်းအားက မင်းရဲ့ အပြောနဲ့ တကယ်ပဲ ကိုက်ညီသလားဆိုတာ ဒီအဖိုးကြီးကို ပြစမ်းပါ ”

သူ၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက် လှမ်းနေဟန် ထင်ရသော ရှေးခေတ်အင်မော်တယ်က သူ၏ ညာလက်ကို ရိုးရှင်းစွာ မြှောက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုလက်ချောင်းထဲမှာ သူ၏ အာဏာစက်က ကိန်းအောင်းနေသည်။

လျှပ်တစ်ပြက်အတွင်းမှာ ကောင်းကင်နှင့်မြေပြင်က အရောင်ပြောင်းလဲသွားသည်။

လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

ကောင်းကင်က ဖရိုဖရဲဖြစ်သွားစဉ် ကြယ်တာရာကောင်းကင်က ပိုပြီးနက်နဲသိမ်မွေ့လာသည်။

တောင်တန်းများကို ဖျက်ဆီးပစ်နိုင်ပြီး ပင်လယ်သမုဒ္ဒရာများကို ခမ်းခြောက်စေနိုင်သော စွမ်းအားက ရှေးခေတ်အင်မော်တယ်ထံမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နိယာမများနှင့် ဥပဒေသများကို အတင်းအဓမ္မ အသစ်ပြန်ရေးလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းထိပ်တွင် အပြာရောင်ရေတစ်စက် ဖွဲ့စည်းသွားသည်။

ထိုရေစက် ထွက်ပေါ်လာသည့်အခိုက် လွှမ်းမိုးဖိနှိပ်ပြီး အလွန်ကြောက်စရာကောင်းသော ဖိအားက ရေစက်ထံမှ ပေါ်လျှိုးလာသည်။

မြေပြင်ပေါ်မှ သက်ရှိအားလုံးက ခန္ဓာကိုယ်တုန်ယင်သွားကြသည်။ ဤသည်မှာ သူတို့အားလုံးက ဖုန်မှုန့်အဖြစ် ချေမွဖျက်ဆီးခံရတော့မည့်အလားပင်။ သူတို့၏ စိတ်ဝိညာဉ်သည်ပင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံနေရသည်။

အဝေးမှ ဒေသကြီးများထဲမှ သက်ရှိများသည်ပင် သူတို့အပေါ်သို့ ကျရောက်လာနေသော အန္တရာယ်ကပ်ဘေးကို အာရုံခံမိသွားကြသည်။ သူတို့၏ ပင်ကိုယ်ဗီဇမှ အော်ဟစ်သတိပေးသံက သူတို့၏ အသိစိတ်ထဲမှာ ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။

အဘယ့်ကြောင့်ဆိုသော် ထိုရေစက်က နွေဦးအင်မော်တယ်တစ်ပါး၏ အစွမ်းမှ မွေးဖွားလာသောအရာ ဖြစ်သည်။ တစ်နည်းဆိုရသော် ရေစက်က အင်မော်တယ်စွမ်းအားကို သယ်ဆောင်ထားသည်။

နောက်အခိုက်အတန့်မှာ…

ရှေးခေတ်အင်မော်တယ်က သူ၏ လက်ချောင်းကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အပြာရောင်ရေစက်က ရွှီချင်းဆီသို့ ပျံသန်းသွားသည်။

သို့သော်လည်း သက်ရှိအားလုံးကို အမှန်တကယ် ထိတ်လန့်ချောက်ချားသွားစေသည်မှာ နောက်ဖြစ်ပေါ်လာမည့် မြင်ကွင်းဖြစ်သည်။ ယင်းက သူတို့အားလုံး၏ အသိစိတ်ထဲမှာ အဆုံးမဲ့သော မိုးခြိမ်းသံများကို မြည်ဟိန်းသွားစေသည်။

ရေစက်က ရွှီချင်းဆီသို့ ပျံသန်းသွားသည်နှင့် စတင်ဆတိုးပွားသွားသည်။

ရေတစ်စက်က နှစ်စက်ဖြစ်လာသည်။

နှစ်စက်က လေးစက်ဖြစ်လာသည်။

လေးစက်က ရှစ်ဆက်ဖြစ်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာ ထိုရေစက်က အလွန်ကျယ်ပြောသော အပြာရောင်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ပင်လယ်က သမုဒ္ဒရာဖြစ်လာသည်။

ရေတစ်စက်က ကမ္ဘာတုန်ဟီးစေနိုင်သော အပြာရောင်သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားသည်။

အပြာရောင်သမုဒ္ဒရာသည် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီးနောက် ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုသမုဒ္ဒရာ ဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကောင်းကင်ဘုံက ဖုံးအုပ်ခံလိုက်ရသည်။ ကြယ်တာရာစကြာဝဠာ၏ စွမ်းအားသည်ပင် သမုဒ္ဒရာထဲသို့ ပေါင်းစပ်သွားသည်။

အပြာရောင်သမုဒ္ဒရာထဲမှာ အချိန်နှင့်လေဟာနယ်နိယာမ၊ အပြိုင်စကြာဝဠာများ၏ အနှစ်သာရနှင့် အရာအားလုံးက ကိန်းအောင်းနေဟန် ရ၏။

ပိုပြီးအဆင့်မြင့်သော အဓိပ္ပာယ်ဖွင့်ဆိုမှုတွင် ယင်းက အချိန်လေဟာနယ်အားလုံး၏ ဒီရေဖြစ်သည်။

ထိုသမုဒ္ဒရာကိုယ်၌က မရေမတွက်နိုင်သော လောကများထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ယင်းက နွေဦးအင်မော်တယ်တစ်ပါး၏ စွမ်းအားဖြစ်သည်။ အကယ်၍ သူတို့၏ အာဏာစက်က အချိန်လေဟာနယ်နှင့် အထူးတလည် မသက်ဆိုင်လျှင်ပင် ဤအဆင့်မှာ လမ်းစဉ်အားလုံးက နောက်ဆုံးမှာ ပေါင်းစည်းသွားကြလိမ့်မည်။

သက်ရှိအားလုံး၏ အသိစိတ်က ဟာလာဟင်းလင်း ဖြစ်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့မြင်လိုက်ရသည်က သမုဒ္ဒရာမဟုတ်ပေ။

နွေဦးအင်မော်တယ်တစ်ပါး၏ တိုက်ခိုက်မှုက သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။

ဧကရီသည်ပင် ယင်း၏ သဘာဝကို မသဲမကွဲသာ မြင်နိုင်ပေသည်။

နန်းမြို့တော်ထဲမှ လူသားများနှင့် ဝမ်ကူးကုန်းမြေထဲမှ သက်ရှိများအတွက်တော့ သူတို့မြင်လိုက်ရသည်မှာ စိတ်ကူးယဉ်ပန်းချီကားတစ်ချပ်ဖြစ်ပြီး ထိုထဲမှာ ရှုပ်ထွေးနက်နဲသော ဝဲကတော့များက အလွှာအထပ်ထပ် တည်ရှိနေကြသည်။

သတ္တမသခင်ကြီးတစ်ယောက်တည်းကသာ သမုဒ္ဒရာကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သို့ဖြစ်၍ သူ၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြသော အမူအရာ ထွက်ပေါ်လာသည်။

သို့သော်လည်း ရွှီချင်း၏ နှလုံးက အစမှအဆုံးထိ အေးဆေးတည်ငြိမ်သည်။

ရှေးခေတ်အင်မော်တယ်၏ အာဏာစက်မှ ဖွဲ့စည်းသွားသော ကမ္ဘာဖျက်အပြာရောင်သမုဒ္ဒရာဖြင့် ရင်ဆိုင်နေရသော်လည်း သူက မည်သည့်စိတ်ခံစားမှု အပြောင်းအလဲကိုမှ မခံစားရပေ။ သူက အနောက်သို့ မဆုတ်သွားပေ။ ယင်းအစား သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ညင်သာစွာ တွန်းထုတ်လိုက်သည်။

သူ၏ လက်‌ဖဝါးက ဒေါသတကြီး ဟိန်းဟောက်နေသော အဆုံးမဲ့လှိုင်းလုံးများဖြင့် ထိတွေ့သွားသည်။

ထိုသို့ထိတွေ့သွားသည့်အခိုက်…

သက်ရှိအားလုံး၏ မျက်လုံးထဲမှာ မယုံကြည်နိုင်စရာကောင်းသော တစ်စုံတစ်ခုက ဖြစ်ပေါ်လာသည်။

ကောင်းကင်ပေါ်မှ စိတ်ကူးယဉ်ပန်းချီကားက စတင်အရည်ပျော်သွားသည်။

သတ္တမသခင်ကြီးသည်တော့ သူက တခြားအရာကို မြင်လိုက်ရသောကြောင့် သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

အပြာရောင်သမုဒ္ဒရာက ရွှီချင်း၏ လက်ဖဝါးကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရကြောင်း ရှင်းလင်းစွာ သူမြင်တွေ့သွားသည်။

ဤသည်မှာ သမုဒ္ဒရာ၏ ဒြပ်ထည်အစိတ်အပိုင်းများက အဝေးသို့ ဆွဲထုတ်ခံလိုက်ရသည့်အလားပင်။

အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။

ရွှီချင်းက အပြာရောင်သမုဒ္ဒရာ၏ အခြေခံအုတ်မြစ်ကို အဝေးသို့ ဆွဲထုတ်ပစ်ခဲ့သည်။

ပထမဆုံး သူက အချိန်နှင့်လေဟာနယ်ကို အဝေးသို့ ဆွဲထုတ်ပစ်လိုက်ပြီး ဤသမုဒ္ဒရာကို ပစ္စုပ္ပန်လောကတစ်ခုတည်းမှာသာ တည်ရှိစေသည်။ တစ်နည်းဆိုရသော် သူက ဤသမုဒ္ဒရာကို တခြားအချိန်လေဟာနယ်များထဲမှ သီးခြားခွဲထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် သူက ‘ အနန္တ ’ဟူသော နိယာမကို အဝေးသို့ ဆွဲထုတ်လိုက်ပြီး အရေအတွက်အကန့်အသတ်မဲ့ခြင်းကို ရေတွက်၍ရသောအရာအဖြစ် ပြောင်းလဲစေကာ ဆတိုးပွားခြင်းကို ရပ်တန့်စေခဲ့သည်။

ထိုအရာအားလုံးက မျက်တောင်တစ်ခတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

သတ္တမသခင်ကြီး၏ အံ့အားသင့်သော အကြည့်အောက်မှာ ကမ္ဘာဖျက်အပြာရောင်သမုဒ္ဒရာက ၎င်း၏ အခြေခံအုတ်မြစ်ကို ဆုံးရှုံးသွားသည်။

နောက်အခိုက်အတန့်မှာ…

အလုံးစုံစုစည်းမှုက သီးခြားအစိတ်အပိုင်းများအဖြစ် ခွဲထွက်သွားသည်။

သမုဒ္ဒရာက မရေမတွက်နိုင်သော ရေစက်များအဖြစ် ပြန်ခွဲထွက်သွားသည်။

တစ်ချိန်က အတူတကွ ပေါင်းစည်းခဲ့ကြသော ရေစက်များက ယခု သီးခြားခွဲထွက်သွားကြသည်။

သို့သော်လည်း အပြောင်းအလဲက ထိုနေရာမှာတင် ပြီးဆုံးမသွားပေ။

နောက်အခိုက်အတန့်မှာ ရှေးခေတ်အင်မော်တယ်ကိုပင် ထိတ်လန့်သွားစေမည့် တစ်စုံတစ်ခုက ဖြစ်ပေါ်လာသည်။

အပြာရောင်သမုဒ္ဒရာ၏ အံ့ဖွယ်ကောင်းသော ဆင့်ကဲပြောင်းလဲမှုက ဆက်လက် ဖြစ်ပွားနေသည်။ သီးခြားရေစက်များအဖြစ် လျော့ချခံလိုက်ရပြီးနောက် ထိုရေစက်များက ၎င်းတို့၏ အခြေခံအုတ်မြစ်ကို ထပ်မံ ဆုံးရှုံးသွားကြသည်။

မကြာမီ သုံးဖက်ရှုထောင့်မြင် ရေစက်များက ပြားချပ်သော ရေစက်များ ဖြစ်လာကြသည်။

အဘယ့်ကြောင့်ဆို‌သော် ဤတစ်ကြိမ်တွင် ရွှီချင်းက ရေစက်များ၏ အမြင့်နိယာမကို အ‌ဝေးသို့ ဆွဲထုတ်ပစ်လိုက်သောကြောင့် ဖြစ်သည်။

အမြင့်နိယာမကို ဆုံးရှုံးသွားကြသော ရေစက်များက နှစ်ဖက်ရှုထောင့်မြင် ဆေးပန်းချီများ ဖြစ်လာကြသည်။ ယင်းတို့က အတိတ်၌ မိုးသောက်အင်မော်တယ်နန်းတော်၏ ဒုတိယအလွှာထဲမှာ ရွှီချင်းမြင်တွေ့ခဲ့သော ဆေးပန်းချီပုံရိပ်များနှင့် ဆင်တူကြသည်။

သို့တိုင် ဆင့်ကဲပြောင်းလဲမှုက ဆက်လက် ဖြစ်ပွားနေဆဲပင်။

ပြားချပ်နေသော ရေစက်များက နောက်ထပ် အသွင်ပြောင်းလဲသွားကြသည်။ ဤတစ်ကြိမ်တွင် ရေစက်များက ချည်မျှင်များအဖြစ် ပြိုကွဲသွားကြသည်။

နောက်ဆုံးမှာ ထိုချည်မျှင်များက ရွှီချင်း၏ အနားသို့ ရောက်ရှိလာသည့်အခါ ဒိုင်မန်းရှင်းအမှတ်များအဖြစ် ထပ်မံ လျော့ချခံလိုက်ကြရသည်။ ထို့နောက် ယင်းတို့က ရွှီချင်း၏ လက်ဖဝါးနှင့် ထိတွေ့သွားပြီး ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားကြသည်။

မည်သည့်အစအနမှ ကျန်မနေခဲ့ပေ။

ထိုလုပ်ငန်းစဉ်တစ်ခုလုံးကို ရှင်းပြရန် အချိန်အတော်ကြာသော်လည်း တကယ့်လက်တွေ့မှာ ယင်းတို့အားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

အပြာရောင်သမုဒ္ဒရာက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။

ထိုအပြောင်းအလဲ၏ လုပ်ငန်းစဉ်ကို အဆင့်နိမ့်သက်ရှိများက နားမလည်နိုင်ကြချေ။ သတ္တမသခင်ကြီးတစ်ယောက်တည်းသာ ယင်းကို နားလည်နိုင်သည်။

အပေါ်ယံတွင် ရှေးခေတ်အင်မော်တယ်က သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားမည့် အပြာရောင်ရေတစ်စက်ကိုသာ ဖန်တီးခဲ့ဟန် ရသည်။ သို့သော်လည်း အမှန်မှာ ယင်းက သေခြင်းရှင်ခြင်းကို အချိန်မရွေး အဆုံးအဖြတ်ပေးနိုင်သည့် အာဏာစက်ချင်း အားပြိုင်မှုဖြစ်သည်။

သတ္တမသခင်ကြီးသည်ပင် ရှေးခေတ်အင်မော်တယ်၏ ထိုတိုက်ခိုက်မှုကို အပြည့်အဝ ဖယ်ရှားနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်မရှိပေ။

အကယ်၍ ရွှီချင်းက ထိုတိုက်ခိုက်မှုကို မခုခံနိုင်ဘူးဆိုလျှင် သူက ထိုသမုဒ္ဒရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး နောက်ထပ် ရေတစ်စက် ဖြစ်သွားလိမ့်မည်။

ယင်းကို သူပိုပြီးနားလည်သွားလေ သူ၏ အသိစိတ်က ပိုပြီးတဝီဝီမြည်လာလေ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုအပြာရောင်သမုဒ္ဒရာကို ဖြေရှင်းရန် ရွှီချင်းအသုံးပြုသွားခဲ့သော အာဏာစက်ကို သူအဓိပ္ပာယ်မဖွင့်ဆိုနိုင်သောကြောင့် ဖြစ်သည်။

ရှေးခေတ်အင်မော်တယ်သည်ပင် မျက်မှောင်ကြုတ်သွားသည်။ သူက ရွှီချင်းကို တည်ကြည်လေးနက်စွာ စူးစိုက်ကြည့်လိုက်သည်။ ဤသည်မှာ သူက သူ့ဘဝ၏ အကြီးမားဆုံး သဘာဝရန်သူတော်ဖြင့် ရင်ဆိုင်နေရသည့်အလားပင်။ ထို့နောက် သူက အက်ရှရှအသံဖြင့် ပြောသည်။

“ မင်းရဲ့ အာဏာစက်က… ”

ရွှီချင်း၏ အမူအရာက အစမှအဆုံးထိ မပြောင်းလဲသွားပေ။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရှေးခေတ်အင်မော်တယ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သူ၏ တည်ငြိမ်သော အသံက ပဲ့တင်ထပ်သွားသည်။

“ ခင်ဗျားရဲ့ အာဏာစက်ထဲမှာ ‘ အနန္တ ’ဆိုတဲ့ နိယာမတစ်ခုပဲ ရှိတယ်ဆိုရင်… အဲ့ဒါဆို… ”

“ … ခင်ဗျား အခုပဲ သေလိုက်တော့ ”

All Chapters