← Chapters

ဆန္ဒနှင့် ပုံပြင်

Vol. 118 Ch. 1803

ဆန္ဒနှင့် ပုံပြင်

Vol. 118 Ch. 1803

အမှတ်ကိုးကြယ်တာရာစက်ဝန်း… ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံအလွန်တွင်…

မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်သည် လေထဲမှာ အမြန်ပျံသန်းနေစဉ် ရုတ်တရက် တုန်ယင်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ၎င်း၏ အနောက်မှ ထွက်ပေါ်လာနေကြောင်း နတ်ဘုရားအရှင်သခင် အာရုံခံမိသွားသည်။

“ နတ်ဘုရားအရှင်သခင်တစ်ပါးလား ”

မိခင်မြစ်၏ လက်အောက်မှ နတ်ဘုရားအရှင်သခင်က အနောက်သို့ ခေါင်းလှည့်လိုက်သည်။

ထိုအခါ ၎င်းမြင်လိုက်ရသည်မှာ အဆုံးမဲ့စွာ ကျယ်ပြောသော ရွှေရောင်ငွေရောင်အလင်းက အနက်ရောင်အာကာသဟင်းလင်းပြင်ထဲမှာ သက်တံ့တစ်စင်းသဖွယ် အရှေ့သို့ ရွေ့လျားလာနေခြင်း ဖြစ်သည်။

ယင်းက ထူးခြားအံ့ဖွယ်ကောင်းသည်။ သက်တံ့ဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်ထဲမှာ ရွှေကြာပန်း ငွေကြာပန်းများက ပွင့်လန်းသွားဟန် ရ၏။

ထိုမြင်ကွင်းက နတ်ဘုရားအရှင်သခင်၏ အမူအရာကို ချက်ချင်း သုန်မှုန်သွားစေသည်။

အစောနက ဝမ်ကူးကုန်းမြေထဲမှာ မိခင်မြစ် စေလွှတ်ခဲ့သော စစ်တုရင်အရုပ်အား ဖျက်ဆီးပစ်ခဲ့သည့် ထိုလူသားကို ၎င်းအာရုံခံမိခဲ့သည်။ တစ်ဖက်လူက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နွေဦးအင်မော်တယ်အရှိန်အဝါကို ပိုင်ဆိုင်ထားရုံသာမက ကျင့်ကြံခြင်းလမ်းစဉ်မှ အင်မော်တယ်အရှင်သခင်အဆင့် တိုက်ပွဲစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ထိုသို့အောင်မြင်မှုက အလွန်အမင်း ရှားပါးသည်။

ယခု ဆင်းသက်လာသည်မှာ ၎င်း၏ အသွင်သဏ္ဍာန်အပြည့်အစုံ မဟုတ်သလို ၎င်းက ရှေးဦးအပျက်အစီး၏ ခြိမ်းခြောက်မှုကိုလည်း စိုးရိမ်နေရသည်။ ထို့ကြောင့် ၎င်းက မိခင်မြစ်ပေးအပ်ထားသော တာဝန်ကိုသာ အဓိကရှေးရှု၍ ချက်ချင်း အနောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတော့…

“ သူက အင်မော်တယ်တစ်ပါးပဲ မဟုတ်ဘူး… သူက နတ်ဘုရားတစ်ပါးလည်း ဟုတ်တယ် ”

“ ပြီးတော့… အဲ့ဒီနတ်ဘုရားအရှိန်အဝါက… ”

နတ်ဘုရားအရှင်သခင်၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။

“ အဲ့ဒါက ရှေးဦးအပျက်အစီးရဲ့ နတ်ဘုရားအခွင့်အာဏာကို ခိုးယူသွားခဲ့တဲ့ အမှတ်လေးကြယ်တာရာစက်ဝန်းက နတ်ဘုရင်နန်းခရဲ့ အထွတ်အမြတ် နတ်ဘုရားစွမ်းအင်အမြူတေပဲ… မကြာသေးခင်က အဲ့ဒါက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ လုယက်တာကို ခံခဲ့ရတယ် ”

“ အဲ့ဒါက ရှေးဦးအပျက်အစီးနဲ့ အဆုံးမဲ့ကမ္မဆက်သွယ်မှုရှိတဲ့ နတ်ဘုရားစွမ်းအင်အမြူတေပဲ ”

“ သူက အဲ့ဒါကို တိုက်ရိုက် ပေါင်းစပ်ရဲတယ် ”

“ သူနဲ့ ရှေးဦးအပျက်အစီးကြားက ဆက်သွယ်မှုက… ”

နတ်ဘုရားအရှင်သခင်က ဦးရေပြားစပ်ဖျင်းဖျင်း ခံစားမိသွားသည်။ ထို့ကြောင့် ၎င်းက ချက်ချင်း ထပ်မံ အရှိန်မြှင့်တင်လိုက်သည်။

တုန်လှုပ်ချောက်ချားမှုက ၎င်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

၎င်းက ထွက်ပြေးနေရင်း တမူထူးခြားသော ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေကို အသက်သွင်းလိုက်သည်။

“ ငါဆန္ဒပြုတယ်… မိခင်မြစ်ဆီ ငါပြန်ရောက်ပါစေ ”

နတ်ဘုရားစကားသံက ပဲ့တင်ထပ်သွားသည်။ သို့တိုင် ယင်းက ဒြပ်ထည်မဖွဲ့စည်းသွားမီ အကြိမ်ရေအနည်းငယ်မျှသာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ပျောက်ကွယ်သွားသည်။

၎င်း၏ ဆန္ဒပြုမှုက ကျရှုံးသွားသည်။

“ ရှေးဦးအပျက်အစီးရဲ့ တည်ရှိမှုကြောင့် ဒီနေရာမှာ ငါ့ရဲ့ အခွင့်အာဏာက ကြီးကြီးမားမား ဖိနှိပ်ခံထားရတယ်… ”

“ ငါဆန္ဒပြုတယ်… မိခင်မြစ်ဆီ ဘေးကင်းလုံခြုံစွာ ငါပြန်ရောက်ပါစေ ”

ဤတစ်ကြိမ်တွင် နတ်ဘုရားစကားသံ ပဲ့တင်ထပ်သွားသည်နှင့် အမည်မသိစွမ်းအင်က ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်း၏ အလျင်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ ဤသည်မှာ ၎င်းက ကောင်းချီးပေးခံလိုက်ရသည့်အလားပင်။ ယင်းက ဂနာမငြိမ်ဖြစ်နေသော ၎င်း၏ နတ်ဘုရားဝိညာဉ်ကိုလည်း ပြန်တည်ငြိမ်သွားစေသည်။

၎င်း၏ ခြေဖဝါးအောက်မှ လေဟာနယ်ဘောင်သည်ပင် အကွာအဝေး တိုတောင်းသွားသည်။

သို့ဖြစ်၍ ၎င်းက နတ်ဘုရားမျက်နှာပျက်ကြီး၏ တည်ရှိမှုအရှိန်အဝါမှ ကင်းလွတ်သော နေရာဆီသို့ တဖြည်းဖြည်း နီးကပ်သွားသည်။ ထိုနေရာသို့ ရောက်သွားလျှင် ၎င်းက မိခင်မြစ်ထံမှ အကူအညီကို ရရှိနိုင်လိမ့်မည်။

သို့သော်လည်း ၎င်း၏ နတ်ဘုရားစိတ်အာရုံက ထိုနေရာနှင့် ထိစပ်သွားတော့မည့်အချိန်…

ရုတ်တရက် ကပ်ဘေးက ထွက်ပေါ်လာသည်။

ဝမ်ကူးကုန်းမြေမှ ထွက်ပေါ်လာသော ရွှေရောင်ငွေရောင်အလင်းပင်လယ်က မယုံကြည်နိုင်စရာကောင်းသော စွမ်းအားဖြင့် အာကာသဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး နတ်ဘုရားအရှင်သခင်ကို ချက်ချင်း လိုက်မီသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းက အပြင်သို့ ပျံ့ပွားသွားပြီး အဆုံးမဲ့သော ဧရိယာကို ဖုံးအုပ်သွားသည်။

အလင်းပင်လယ်က ၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို ချေမွဖျက်ဆီးပစ်လိုက်သည်။ ၎င်း၏ ကျယ်လောင်သော မြည်ဟိန်းသံက နယ်မြေအကန့်အသတ်မဲ့စွာ ပဲ့တင်ထပ်သွားသည်။

တုနှိုင်းမဲ့သော အင်အားနှင့်တကွ ၎င်းက အချိန်နှင့် လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး စကြာဝဠာကို ဖြတ်သန်းသွားသည်။

၎င်းက နတ်ဘုရားအရှင်သခင်ကိုပင် ကျော်လွန်သွားသည်။ အလင်းပင်လယ်က ၎င်းကို ဖြတ်ကျော်သွားစဉ် နတ်ဘုရားအရှင်သခင်၏ နတ်ဘုရားဝိညာဉ်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ၎င်းက အော်ဟစ်ညည်းညူလိုက်ရသည်။

အလင်းပင်လယ်က ၎င်း၏ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။

၎င်း၏ ပန်းတိုင်ဖြစ်သော နယ်နိမိတ်အမှတ်၏ အရှေ့မှာပင် ရွှေရောင်ငွေရောင်အလင်းပင်လယ်က မဟာတံတိုင်းသဖွယ် မြှောက်တတ်လာပြီး ၎င်း၏ လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

ရွှေရောင်ငွေရောင်မဟာတံတိုင်းထဲတွင် ပုံရိပ်တစ်ခုက ထွက်လျှောက်လာသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပြိုင်ဘက်ကင်းသော နတ်ဘုရားစွမ်းအားက အာကာသဟင်းလင်းပြင်ထဲမှာ ပျံ့နှံ့သွားသည်။

သူထွက်ပေါ်လာသည့်အခိုက် အလွန်ကျယ်ပြောသော စကြာဝဠာက ရပ်တန့်သွားဟန် ရ၏။ အနီးနားဝန်းကျင်မှ ကြယ်ဂြိုလ်များသည်ပင် စတင်တုန်လှုပ်သွားကြသည်။

ဖန်တီးမှုနှင့်ပတ်သက်သော အရာမှန်သမျှက ထိုပုဂ္ဂိုလ်၏ အရှေ့မှာ ဖုန်မှုန့်ဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားလိမ့်မည်ဟုပင် နတ်ဘုရားအရှင်သခင်က အာရုံခံမိသွားသည်။

ထိုသူက အင်မော်တယ်နတ်ဘုရားအသွင်သဏ္ဍာန်ကို ပြောင်းလဲထားသော ရွှီချင်းသာ ဖြစ်သည်။

နတ်ဘုရားအရှင်သခင်က မျက်မှောင်ကြုတ်သွားသည်။ ၎င်း၏ နတ်ဘုရားဝိညာဉ်က ဖရိုဖရဲဖြစ်သွားစဉ် ၎င်းက ဒယိမ်းဒယိုင် အနောက်ဆုတ်သွားသည်။

၎င်းက ရှင်းလင်းစွာ အာရုံခံမိသည်။ ၎င်း၏ အရှေ့မှ ထိုလူသားက အထက်ကြယ်တာရာစက်ဝန်း၏ ဥပဒေသအားလုံးနှင့် နိယာမအားလုံး၏ ဖွဲ့စည်းမှုဖြစ်လာကြောင်း ၎င်းအာရုံခံမိသည်။ သူက အနန္တအဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသော တည်ရှိမှုတစ်ခု ဖြစ်သည်။

အထူးသဖြင့် ၎င်း၏ ခန္ဓာကိုယ်အနှံ့မှာ ရေးထွင်းထားသော နတ်ဘုရားအစီအရင်မျဉ်းကြောင်းများ ဖြစ်ကြသည်။ ယင်းတို့က မရေမတွက်နိုင်သော ဂလက်စီမြစ်များမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။

အစီအရင်မျဉ်းကြောင်းတစ်ခုစီမှာ ပြီးပြည့်စုံသော လောကတစ်ခု ပါဝင်ကြသည်။ ထို့ပြင် ထိုလောကများထဲမှာ မရေမတွက်နိုင်သော သက်ရှိများ၏ မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ ဆင့်ကဲပြောင်းလဲခြင်း၊ လူ့အဖွဲ့အစည်းများ တည်ဆောက်ခြင်းနှင့် မင်းဆက်များ၏ အနိမ့်အမြင့်အတတ်အကျများက ကိန်းအောင်းနေကြသည်။

သို့တိုင် ယခု ထိုလောကများက ရွှီချင်း၏ အရေပြားပေါ်မှ အစီအရင်မျဉ်းကြောင်းများထက် မပိုပေ။

ယင်းက နတ်ဘုရားအရှင်သခင်တစ်ပါး၏ ဝိသေသလက္ခဏာ ဖြစ်သည်။

သို့သော်လည်း နတ်ဘုရားအရှင်သခင်ကို အဓိကထိတ်လန့်ချောက်ချားစေသည်မှာ ထိုနတ်ဘုရားအစီအရင်မျဉ်းကြောင်းများ ယှက်ထွေပေါင်းစည်းသွားကြသော အမြူတေနေရာ၌ နစ်မြုပ်နေသည့် ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေ ဖြစ်သည်။

အမြူတေက ဖန်ဆင်းမှုအလင်းသဖွယ် ထွန်းလင်းတောက်ပနေသည်။

ထိုအလင်းရောင် ကျရောက်သွားသည့်နေရာတိုင်း အချိန်မြစ်က ချက်ချင်း ခမ်းခြောက်သွားပြီး လေဟာနယ်၏ သဏ္ဍာန်မဲ့သော တံတိုင်းများက စက္ကူသဖွယ် ဆုတ်ဖြဲခံလိုက်ကြရသည်။ ကံကြမ္မာသည်ပင် သူ၏ အရှေ့မှာ ဝပ်တွားသွားဟန် ရ၏။ ဤသည်မှာ ကံကြမ္မာက အသစ်ပြန်လည် ရေးသားခံလိုက်ရသည့်အလားပင်။

ထိုနတ်ဘုရားအလင်းက နတ်ဘုရားအရှင်သခင်ပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေက စတင်လှုပ်ခါလာသည်။

၎င်းက ထပ်မံ အနောက်ဆုတ်သွားသည်။

“ ဆန္ဒလား… ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး နတ်ဘုရားအရှင်သခင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ စိတ်ဝင်စားစရာပဲ ”

တာအိုအသံနှင့် နတ်ဘုရားအသံ နှစ်ခုစလုံးကို ဆောင်ကြဉ်းထားသော သူ၏ အသံက ကမ္ဘာဖျက်စွမ်းအားကို သယ်ဆောင်လျက် ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ဤအခိုက်အတန့်မှာ အသံလှိုင်းက ဒြပ်ထည်ရှိလာပြီး ဟင်းလင်းပြင်ကို ရိုက်ခတ်သွားသည်။ ထိုအခါ ဥပဒေသများနှင့် နိယာမများက ချေမွဖျက်ဆီးခံလိုက်ရပြီး အသစ်တဖန် ဖွဲ့စည်းသွားကြသည်။

နတ်ဘုရားအရှင်သခင်က အလိုအလျောက် ထပ်မံ အနောက်ဆုတ်သွားသည်။ ရွှီချင်း၏ စကားသံကြောင့် ၎င်း၏ နတ်ဘုရားဝိညာဉ်က ပိုပြီးတုန်လှုပ်လာသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက ၎င်း၏ နတ်ဘုရားစိတ်အာရုံထဲမှာ အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

အာကာသဟင်းလင်းပြင်ထဲမှာ သူမတ်တတ်ရပ်နေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအစီအရင်မျဉ်းကြောင်းများက ရွှေရောင်တလက်လက် တောက်ပနေပြီး သူ၏ ဝိညာဉ်က အာဏာစက်ဥပဒေသ အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ဆံပင်ရှည်က ခရမ်းရောင်ဂလက်စီနှင့် ဆင်တူပြီး တမူထူးခြားသော ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။

သူ၏ ဆံပင်က စစ်မှန်သော စကြာဝဠာများပင်လယ်အဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ဆံခြည်မျှင်တစ်မျှင်စီက မရေမတွက်နိုင်သော ကောင်းကင်ဘုံခန္ဓာကိုယ်များဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာမြစ်များသဖွယ် တလက်လက် ထွန်းလင်းတောက်ပနေသည်။

သူ၏ ဆံပင်က တဖျပ်ဖျပ်လှုပ်ယမ်းသွားသည်နှင့် ယင်းတို့ထဲမှ မရေမတွက်နိုင်သော ကြယ်တာရာမြစ်များက အချင်းချင်း ပွတ်တိုက်သွားကြပြီး အတူတကွ ပေါင်းစည်းသွားကြကာ တဖန် ခွဲထွက်သွားကြပြန်သည်။ ထိုအပြောင်းအလဲတစ်ခုစီက သူ၏ ဆံပင်ထဲမှ ကမ္ဘာငယ်များအပေါ်သို့ ကပ်ဘေးများ ကျရောက်သွားစေသည်။

ထို့ပြင် ဆံပင်က အဆုံးမဲ့စွာ ဆက်လက် ရှည်လျားသွားနေသည်။

ဆံပင်က စိတ်အားထက်သန်စွာ ပျံ့ပွားသွားနေပြီး တည်ရှိမှုအားလုံးကို ဝါးမျိုကာ ဖျက်ဆီးပစ်နေသည်။ တစ်ချိန်တည်းမှာ ၎င်းဖျက်ဆီးလိုက်သော အရာအားလုံးက ရွှီချင်းအတွက် အာဟာရဓာတ်များ ဖြစ်လာကြသည်။

“ ရှေးဦးအပျက်အစီး… ”

ထိုတဒင်္ဂအချိန်မှာ နတ်ဘုရားအရှင်သခင်က ရွှီချင်း၏ ကိုယ်တွင်းထဲမှ ရှေးဦးအပျက်အစီး၏ သဲလွန်စတစ်ခုကို အာရုံခံမိသွားသည်။

၎င်း၏ အာရုံခံမှုက မမှားယွင်းပေ။

ယင်းက ရွှီချင်းနှင့် ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေ၏ ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော အရှိန်အဝါ ဖြစ်သည်။

ယင်းက ရွှီချင်းရွေးချယ်ထားသော ယာယီလမ်းစဉ် ဖြစ်သည်။

အိမ်အပြန်ခရီးမှာ ရွှီချင်းက သူ၏ အားသာချက် အားနည်းချက်များကို စဉ်းစားသုံးသပ်ခဲ့သည်။ သူ၏ အသန်မာဆုံး စွမ်းအားက သူ၏ အင်မော်တယ်အရှင်သခင်အဆင့် ဥပဒေသအပေါ်မှာ မူတည်နေကြောင်း ရှင်းလင်းစွာ သူနားလည်သည်။

သို့တိုင် သူ၏ ရုပ်ခန္ဓာကိုယ်မှာ ကန့်သတ်ချက်များရှိနေသောကြောင့် ဥပဒေသ၏ စွမ်းအားအပြည့်အဝကို သူမထုတ်လွှတ်နိုင်ပေ။

ထို့ကြောင့် သူက အင်မော်တယ်နှင့် နတ်ဘုရားကို အတူတကွ ပေါင်းစပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းက ရှေးဦးအပျက်အစီး၏ ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်သည်။

၎င်းက သူ့အတွက် အံ့ဖွယ်အကောင်းဆုံး ရုပ်ခန္ဓာကိုယ်ကို ဖွဲ့စည်းပေးလိမ့်မည်။

သူ၏ အင်မော်တယ်အသွင်သဏ္ဍာန်က နွေဦးအင်မော်တယ်ဇစ်မြစ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး သူ၏ အထွတ်အထိပ်ဥပဒေသကို ကိုယ်စားပြုသော အင်မော်တယ်ဝိညာဉ်ကို ဖွဲ့စည်းပေးလိမ့်မည်။

ထိုနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် နတ်ဘုရားက ခန္ဓာကိုယ်ဖြစ်လာပြီး အင်မော်တယ်က ဝိညာဉ်ဖြစ်လာလိမ့်မည်။ ထိုအခါ သူက အင်မော်တယ်နတ်ဘုရားအသွင်သဏ္ဍာန်သို့ ပြောင်းသွားလိမ့်မည်။

ထိုအသွင်သဏ္ဍာန်ဖြင့်ဆိုလျှင် သူက နတ်ဘုရားစွမ်းအားကိုရော အင်မော်တယ်အရှင်သခင်အဆင့် တိုက်ပွဲစွမ်းအားကိုရော အပြည့်အဝ ထုတ်လွှတ်နိုင်သွားလိမ့်မည်။

ထို့ကြောင့် သူက အတွေးတစ်ချက်ဖြင့် နတ်ဘုရားအရှင်သခင်တစ်ပါး ဖြစ်လာနိုင်သလို အတွေးတစ်ချက်ဖြင့် အင်မော်တယ်အရှင်သခင်တစ်ပါးလည်း ဖြစ်လာနိုင်သည်။

ဤအင်မော်တယ်နတ်ဘုရားအသွင်သဏ္ဍာန်မှာ သူက အရှင်သခင်အဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားသည်။

“ ကြည့်ရတာ… အတိတ်မှာတုန်းက ဆန္ဒတွေကို အသုံးပြုပြီး ငါ့ကို ဆက်သွယ်လာခဲ့တဲ့ လူက မင်းနဲ့ တစ်စုံတစ်ခု ပတ်သက်နေတဲ့ပုံပဲ ”

ရွှီချင်း၏ ရွှေရောင်ငွေရောင်မျက်လုံးတစ်စုံက သူ့အရှေ့မှ နတ်ဘုရားအရှင်သခင်ပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏ ခရမ်းရောင်ဆံပင်ရှည်က ရုတ်တရက် ယိမ်းနွဲ့သွားသည်။ ဆံပင်ထဲမှ ကြယ်တာရာမြစ်များက ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့်အတူ အချင်းချင်း ပွတ်တိုက်သွားကြသည်။

ဘေးပတ်ဝန်းကျင်မှ ရွှေရောင်ငွေရောင်အလင်းက သူ၏ အကြည့်မှ ဦးတည်ရာဆီသို့ ရွေ့လျားသွားသည်။ နောက်အခိုက်အတန့်မှာ ယင်းက ကမ္ဘာဖျက်ဆီးနိုင်သော အရှိန်အဟုန်နှင့်အတူ နတ်ဘုရားအရှင်သခင်ကို ဝင်ဆောင့်သွားသည်။

သေခြင်းရှင်ခြင်းကပ်ဘေးက ချက်ချင်း ပေါ်လျှိုးလာသည်။

နတ်ဘုရားအရှင်သခင်က ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ နတ်ဘုရားအစွမ်းကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေက အပြည့်အဝ အသက်ဝင်လာသည်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအစီအရင်မျဉ်းကြောင်းများက တလက်လက် ထွန်းလင်းလာကြသည်။

နတ်ဘုရားစကားသံက အာကာသဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ငါဆန္ဒပြုတယ်… နတ်ဘုရင်အောက်က ဘယ်စွမ်းအားကမှ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါစေနဲ့ ”

ထိုစကားက နတ်ဘုရားစိတ်ဆန္ဒဖြစ်လာပြီး စကြာဝဠာဥပဒေသ ဖြစ်လာသည်။ ထိုစကားက မလွဲဧကန် တကယ်ဖြစ်လာသည်။

ရွှေရောင်ငွေရောင်အလင်းပင်လယ်က ပရမ်းပတာ လှုပ်ခတ်သွားပြီး နတ်ဘုရားအရှင်သခင်ပေါ်သို့ ဝင်ဆောင့်သွားသော်လည်း ၎င်းက မည်သည့်ဒဏ်ရာမှ မရရှိသွားပေ။ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေမှ အစွမ်းအသုံးပြုမှုကြောင့်သာ ၎င်း၏ နတ်ဘုရားအရှိန်အဝါက သိသိသာသာ မှေးမှိန်သွားသည်။

“ ငါဆန္ဒပြုတယ်… ငါ့ရဲ့ ရန်သူတွေအားလုံး သူတို့ရဲ့ ကိုယ်ပိုင်တိုက်ခိုက်မှုကို ပြန်ခံစားရပါစေ ”

နတ်ဘုရားအရှင်သခင်သည် စွမ်းအင်ကုန်ဆုံးမှုကို နောက်ထပ် ဂရုမစိုက်နိုင်တော့ပေ။ သို့ဖြစ်၍ ၎င်းက နတ်ဘုရားစွမ်းအင်အမြူတေကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှေရောင်ငွေရောင်အလင်းပင်လယ်က ပြောင်းပြန်လှည့်ပတ်သွားပြီး ရွှီချင်းထံသို့ ဦးတည်သွားသည်။

“ ငါဆန္ဒပြုတယ်… ငါ့အရှေ့က အတားအဆီးအားလုံး ကွယ်ပျောက်သွားပါစေ… ခြေတစ်လှမ်းတည်းနဲ့ ဒီနယ်မြေကို ငါကျော်လွှားသွားနိုင်ပါစေ ”

နတ်ဘုရားအရှင်သခင်၏ အသံက ကြယ်တာရာကောင်းကင်ထဲမှာ မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားသည်။ ထို့နောက် ၎င်းက ခြေထောက်မြှောက်လိုက်ပြီး အရှေ့သို့ ခြေချရန် ဟန်ပြင်လိုက်သည်။

ရွှီချင်း၏ အမူအရာက ရေခဲတမျှ အေးစက်နေဆဲပင်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ညင်သာစွာ ဖိချလိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် သူ၏ အာဏာစက်ဥပဒေသက ပေါ်လျှိုးလာသည်။ ဥပဒေသက သူ၏ အရှေ့မှာ လေပြင်းမုန်တိုင်းသဖွယ် ပေါက်ကွဲသွားသည်။

ထိုမုန်တိုင်းထဲဝယ် အချိန်လေဟာနယ်က ရွှံ့သဖွယ် ပျော့ပျောင်းသွားပြီး အပြိုင်စကြာဝဠာများက ရေပူဖောင်းများသဖွယ် ပေါက်ကွဲသွားကြသည်။

“ မူလတစ်ခုတည်းသို့ ပြန်ခြင်း ”စွမ်းအားက ပေါ်လျှိုးလာသည့်အခါ အက်ကွဲသွားသော ဒိုင်မန်းရှင်းများနှင့် ဖရိုဖရဲဥပဒေသများက အတူတကွ ပေါင်းစည်းသွားပြီး ဥပဒေသချိန်းကြိုးတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားသည်။ ချိန်းကြိုးက အတိတ်နှင့် အနာဂတ်ကို ကျော်လွန်သွားပြီး ဒိုင်မန်းရှင်းအားလုံးကို ဖောက်ထွင်းသွားသည်။

ယင်းက နတ်ဘုရားအရှင်သခင်ထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ချိန်းကြိုးက အတားအဆီးအားလုံးကို လျစ်လျူရှုထားသည်။ နတ်ဘုရားအရှင်သခင်၏ ခြေထောက်က အောက်သို့ ကျဆင်းသွားသည့်အခိုက် ချိန်ကြိုးက ၎င်း၏ နတ်ဘုရားခန္ဓာကိုယ်ကို တိုက်ရိုက် ချုပ်နှောင်လိုက်သည်။

နတ်ဘုရားအရှင်သခင်၏ နတ်ဘုရားဝိညာဉ်က အပြင်းအထန် တုန်လှုပ်သွားသည်။

၎င်း၏ နတ်ဘုရားစိတ်အာရုံမှတဆင့် ထိုချိန်းကြိုးထဲမှာ မဖော်ပြနိုင်သော ကပ်ဘေးက ကိန်းအောင်းနေကြောင်း ရှင်းလင်းစွာ ၎င်းအာရုံခံနိုင်သည်။ ချိန်းကြိုး၏ လှုပ်ခါမှုတိုင်းက ၎င်း၏ ကံကြမ္မာပေါက်ကွဲမှုကို လှုံ့ဆော်ပေးနေပြီး ကြောက်မက်ဖွယ်ကောင်းသော ချည်နှောင်မှုစွမ်းအားကို ထုတ်လွှတ်ပေးနေသည်။

ထိုစဉ် ရွှီချင်း၏ အသံက လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားသည်။

“ နတ်ဘုရားစွမ်းအင်အမြူတေ… ပြန်လည်ဖွဲ့စည်းခြင်း ”

.....

တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေ၏ အပြင်ပိုင်းပင်လယ်ထဲတွင်…

အနက်ရောင်လှိုင်းလုံးများကြားထဲမှာ အထီးကျန်လှေငယ်လေးတစ်စင်းက မလှုပ်မယှက် ရပ်နားနေသည်။ ယုလျှိုချန်းက လှေပေါ်မှာ ထိုင်နေရင်း ကောင်းကင်ပေါ်သို့ ငေးကြည့်နေသည်။ ဤအခိုက်အတန့်မှာ တစ်ခါမှမဖြစ်ဖူးသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည့်အခါ ပြင်းထန်သော စိတ်ခံစားချက်လှိုင်းများက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ ဒီတစ်ချိန်လုံး ငါစောင့်ဆိုင်းနေခဲ့တဲ့ အခွင့်အရေးက သူ့ဆီမှာ တကယ် ဖြစ်ပေါ်လာမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ ”

“ အဲ့ဒီတုန်းက သာမန်ကာလျှံကာ ငါစိုက်ပျိုးခဲ့တဲ့ မျိုးစေ့က အခု မယုံကြည်နိုင်စရာကောင်းတဲ့ အသီးအပွင့်ကို မွေးထုတ်ပေးလာတယ်… အဲ့ဒါက ဆန္ဒကိုတောင်မှ ဆွဲဆောင်ခဲ့တယ်… ”

“ ငါ့ရဲ့ ပုံပြင်ထဲမှာ… ရွှီချင်းဆိုတဲ့ ကျင့်ကြံသူက ဘေးကင်းလုံခြုံစွာ အိမ်ပြန်ရောက်လာတယ်… ”

“ ငါ့ရဲ့ ပုံပြင်ထဲမှာ… သူက အံ့ဖွယ်ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်… ”

“ အဲ့ဒီပုံပြင်တွေအားလုံးက အမှန်တကယ်ဖြစ်လာပြီး အောင်မြင်ခဲ့တယ်… ဒီတော့ နောက်ထပ် လာမှာက… ”

“ ငါပြောပြမယ့် အနာဂတ်ပုံပြင်တွေထဲမှာ… ရွှီချင်းဆိုတဲ့ ကျင့်ကြံသူက ဝမ်ကူးကုန်းမြေကို ပေါင်းစည်းလိမ့်မယ် ”

ထိုသို့ပြောလိုက်သည်နှင့် ယုလျှိုချန်း၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သို့တိုင် အဆင့်မြှင့်သွားသော သူ၏ နတ်ဘုရားစိတ်အာရုံအောက်မှာ သူ၏ နတ်ဘုရားနယ်ပယ်က ခုန်ပျံကျော်လွှားသွားပြီး နှစ်ပေါင်းများစွာကြာအောင် သူလိုချင်တောင့်တနေခဲ့သော အစစ်အမှန်နတ်ဘုရား၏ နယ်နိမိတ်ဖြင့် ထိတွေ့သွားကြောင်း ရှင်းလင်းစွာ အာရုံခံမိသွားသည်။

သူက အံတင်းတင်းကြိတ်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ မီးဟုန်းဟုန်းတောက်လာသည်။ သူက စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်နှင့် တစ်ခါမှမဖြစ်ဖူးသော ရူးသွပ်မှုက သူ၏ အသိစိတ်ကို ဖုံးလွှမ်းသွားသည်။ ဤသည်မှာ သူက သူ့ဘဝကိုရင်း၍ ကြီးမားသော အလောင်းအစားတစ်ခုကို ပြုလုပ်လိုက်သည့်အလားပင်။

“ မရေးရသေးတဲ့ ပုံပြင်တွေထဲမှာ… သူက အမှတ်ကိုးကြယ်တာရာစက်ဝန်းကို ပေါင်းစည်းလိမ့်မယ် ”

“ သူက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲက နတ်ဘုရင်တွေကို ဖိနှိပ်လိမ့်မယ် ”

“ သူက အမှတ်ကိုးကြယ်တာရာစက်ဝန်းရဲ့ အထွတ်အမြတ်အုပ်ချုပ်သူ ဖြစ်လာလိမ့်မယ် ”

ထိုစကားများကို ပြောလိုက်သည်နှင့်ချက်ချင်း ယုလျှိုချန်း၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။ ချွေးသီးချွေးပေါက်များက သူ၏ သွေးနီရောင်ဝတ်စုံပေါ်မှာ ရွှဲစိုသွားသည်။ သို့တိုင် သူ၏ အလောင်းအစားက မပြီးဆုံးသေးပေ။

“ ပုံပြင်ထဲမှာ… သူက… ရှေးဦးအပျက်အစီးကို အစားထိုးသွားလိမ့်မယ် ”

ထိုသို့ပြောလိုက်သည့်အခိုက် သူက ရွှေရောင်သွေးကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။ လှေပေါ်မှာ သူ၏ ခန္ဓာကိုယ်က အားအင်ချည့်နဲ့သွားပြီး ပြိုလဲကျသွားသည်။ သူက ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကာ အက်ရှရှအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ နတ်ဘုရားတွေမှာ စိတ်ခံစားချက်မရှိဘူးလို့ ပြောကြတယ်… ဒါပေမဲ့ ငါ့မှာ ရှိတယ်… ကောင်လေး… မင်းသေချာပေါက် အောင်မြင်ရမယ်… အခု ငါ့ရဲ့ အနာဂတ်တစ်ဘဝလုံးကို မင်းအပေါ်မှာ ပုံအောထားတယ်… ”

All Chapters