← Chapters

ဆန္ဒကို အသုံးပြု၍ ဇစ်မြစ်ကို ခြေရာခံခြင်း

Vol. 118 Ch. 1804

ဆန္ဒကို အသုံးပြု၍ ဇစ်မြစ်ကို ခြေရာခံခြင်း

Vol. 118 Ch. 1804

ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံအလွန်…

ကြယ်တာရာဟင်းလင်းပြင်ထဲတွင်…

ရွှေရောင်ငွေရောင်အလင်းပင်လယ်က လွှမ်းမိုးဖိနှိပ်သော ဖိအားနှင့်တကွ တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်ပေါ်သို့ ရက်စက်ကြမ်းတမ်းစွာ ရိုက်ချသွားသည်။

နတ်ဘုရားအရှင်သခင်က အနောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရသောအခါ စကြာဝဠာတစ်ခုလုံး အပြင်းအထန် တုန်ယင်သွားသည်။

သို့တိုင် အချိန်၊ လေဟာနယ်နှင့် ဒိုင်မန်းရှင်းအားလုံးထက် သာလွန်သော ဥပဒေသချိန်းကြိုးက ၎င်းကို တင်းကျပ်စွာ ချုပ်နှောင်ထားဆဲပင်။

မရေမတွက်နိုင်သော ငွေရောင်ချည်မျှင်များက ချိန်းကြိုးထဲမှ ဆန့်တန်းထွက်လာကြပြီး ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေထဲသို့ ထိုးဖောက်ဝင်နေကြသည်။

ထိုမြင်ကွင်းက နတ်ဘုရားအရှင်သခင်၏ မျက်နှာကို မည်းမှောင်သွားစေသည်။ တုန်လှုပ်ချောက်ချားမှုက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အခါ ၎င်း၏ သူငယ်အိမ်များက ကျုံ့သွားကြသည်။

“ ပြန်လည်ဖွဲ့စည်းခြင်း ”ဟူသော နတ်ဘုရားစွမ်းအင်အမြူတေက ၎င်းအပေါ်သို့ သက်ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

ထိုသို့စွမ်းရည်ကို ၎င်းမကြားဖူးပေ။

“ ဒါပုံမှန်မဟုတ်ဘူး… ရှေးဦးအပျက်အစီးရဲ့ ကံကြမ္မာစွမ်းအင်က အခုလိုမျိုး အလွယ်တကူ ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့အရာ မဟုတ်ဘူး ”

“ အဲ့ဒီမှာ သေချာပေါက် ချို့ယွင်းချက်တချို့ ရှိရမယ် ”

“ ဒါ့အပြင် အင်မော်တယ်နဲ့ နတ်ဘုရားရဲ့ ပေါင်းစပ်မှုက သမိုင်းတစ်လျှောက် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပဲ… အဲ့ဒါက တစ်ခါမှ မဖြစ်ဖူးတဲ့ ကိစ္စတော့ မဟုတ်ပေမဲ့ အဲ့ဒီလိုပေါင်းစပ်မယ်ဆိုရင် ယဇ်ပူဇော်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လိုအပ်တယ်… ပြီးတော့ ပေါင်းစပ်မှုတိုင်းမှာ ကြီးမားတဲ့ အတားအဆီးတွေ ရှိတယ် ”

“ ဒါပေမဲ့ ဒီလူသားကတော့ ပေါင်းစပ်မှုကို ချက်ချင်း လုပ်ဆောင်နိုင်ခဲ့တယ်… သူ့ရဲ့ ပေါင်းစပ်မှုမှာ ဘာပြစ်ချက်မှ မရှိဘူးဆိုတာ ငါငြင်းဆန်တယ် ”

ထိုအတွေးများက နတ်ဘုရားအရှင်သခင်၏ စိတ်ထဲမှာ ဖြတ်ပြေးသွားသည်နှင့် ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေက ရွှေရောင်ထွန်းလင်းလာသည်။ ၎င်းက ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေထဲသို့ ကျုးကျော်ဝင်ရောက်လာနေသော ဥပဒေသကို အစွမ်းကုန် ထုတ်လွှတ်၍ ခုခံတားဆီးလိုက်သည်။

၎င်းက ရုန်းကန်နေရင်း ဒေါသတကြီး အော်ပြောလိုက်သည်။

“ ငါဆန္ဒပြုတယ်… ငါ့ရန်သူရဲ့ ဝိညာဉ်က ယိုယွင်းပျက်စီးသွားပါစေ ”

“ ငါဆန္ဒပြုတယ်… ငါ့ရဲ့ နတ်ဘုရားစွမ်းအင်အမြူတေအပေါ် လိုချင်တပ်မက်စိတ်ရှိတဲ့ လူတိုင်း လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားပါစေ ”

“ ငါဆန္ဒပြုတယ်… ငါ့အပေါ် မကောင်းကြံစည်လိုစိတ်ရှိတဲ့ လူတိုင်း အသက်ဓာတ်လောင်ကျွမ်းသွားပါစေ ”

“ ငါဆန္ဒပြုတယ်… ငါ့အပေါ် ထိခိုက်နာကျင်အောင်လုပ်တဲ့ လူတိုင်း တူညီတဲ့ နာကျင်မှုကို ထပ်တူခံစားရပါစေ ”

“ ငါဆန္ဒပြုတယ်… ငါ့ရဲ့ နတ်ဘုရားစွမ်းအင်အမြူတေ ဖျက်ဆီးမခံရပါစေနဲ့ ”

“ ကဲ အခုကြည့်ရအောင်… ငါ့ရဲ့ နတ်ဘုရားစွမ်းအင်အမြူတေကို မင်းဘယ်လို ပြန်ဖွဲ့စည်းမလဲဆိုတာ ”

နတ်ဘုရားအရှင်သခင်၏ နတ်ဘုရားအခွင့်အာဏာက ပျံ့နှံ့သွားသည့်အခါ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေမှ စွမ်းအားက ကြယ်တာရာဟင်းလင်းပြင်ထဲမှာ ပေါ်လျှိုးလာသည်။ ယင်းက နိယာမများကို ပုံပျက်တွန့်လိမ်စေပြီး ဥပဒေသများကို ကပြောင်းကပြန်ဖြစ်သွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော ဆန္ဒစွမ်းအားကို ဖွဲ့စည်းလိုက်သည်။ ယင်းက အမှတ်ကိုးကြယ်တာရာစက်ဝန်းကိုပင် ဖုံးလွှမ်းသွားသည်။

ယင်း၏ သက်ရောက်မှုများက ချက်ချင်း ထွက်ပေါ်လာကြသည်။

ထို့ကြောင့် ရွှီချင်း၏ လှုပ်ရှားမှုများက နှေးကွေးသွားသည်။

သူ၏ ဝိညာဉ်က ယိုယွင်းပျက်စီးနေသော လက္ခဏာများ စတင်ဖော်ပြလာသည်။

သူ၏ ရုပ်ခန္ဓာကိုယ်က အားအင်ချည့်နဲ့လာပြီး သူ၏ အသက်ဓာတ်က စတင်လောင်ကျွမ်းသွားသည်။

နတ်ဘုရားအရှင်သခင်ကို ချည်နှောင်ထားသော ချိန်းကြိုးပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာကြသည်။ တူညီစွာ ဒဏ်ရာရစေဟူသော ဆန္ဒပြုမှု၏ အကျိုးသက်ရောက်မှုသည်လည်း ထွက်ပေါ်လာသည်။

မည်သို့ဖြစ်ပါစေ ၎င်းက နတ်ဘုရားအရှင်သခင်တစ်ပါး ဖြစ်သည်။

၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေက ရွှီချင်း၏ အာဏာစက်ဥပဒေသနှင့် အဆင့်တူညီသည်။

၎င်းက ဤနေရာသို့ ပုံရိပ်တစ်ခုအနေဖြင့်သာ ဆင်းသက်လာသော်လည်း ၎င်းက သာမန်ရန်သူတစ်ယောက် မဟုတ်ပေ။

ဆန္ဒစွမ်းအားသည် အကြောင်းအကျိုးထက် သာလွန်ပြီး ထိုထဲမှာ ဇစ်မြစ်ကို ခြေရာခံခြင်းဟူသော စွမ်းရည်တစ်စိတ်တစ်ပိုင်းလည်း ပါရှိသည်။ ဆန္ဒပြုခြင်းသည် သက်ရှိအားလုံး၏ မွေးရာပါပင်ကိုယ်ဗီဇဖြစ်ပြီး နတ်ဘုရားလမ်းစဉ်၏ အဓိကအစိတ်အပိုင်း ဖြစ်သည်။

သို့တိုင် ရွှီချင်း၏ အမူအရာက လုံးဝ မပြောင်းလဲသွားချေ။ ယင်းအစား တမူထူးခြားသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။ ထို့နောက် သူက နတ်ဘုရားအရှင်သခင်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဆန္ဒနတ်ဘုရားအခွင့်အာဏာ… အဲ့ဒါကို အတိတ်မှာ ငါလေ့လာဖူးတယ်… အဲ့ဒါရဲ့ ထူးခြားချက်က ဇစ်မြစ်ကို ခြေရာခံနိုင်တယ် ”

“ ဒါပေမဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က မင်းရဲ့ နတ်ဘုရားစွမ်းအင်အမြူတေကို တကယ် ပြန်ဖွဲ့စည်းဖို့ မဟုတ်ဘူး… ငါက မင်းကို ဒီနေရာမှာပဲ ချုပ်နှောင်ချင်တာ… ငါ့ရဲ့ တကယ့်ရည်ရွယ်ချက်က မင်းရဲ့ ဆန္ဒစွမ်းအားကို ချေးငှားပြီး ငါ့ကိုယ်ထဲက လျှို့ဝှက်ဆန်းကြယ်မှုတွေကို အဖြေရှာဖွေဖို့ပဲ ”

ရွှီချင်းက စကားဆုံးသွားသည်နှင့် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး နတ်ဘုရားအရှင်သခင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားအသံက အချိန်လေဟာနယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

" ရွှေကျီးကန်း "

ထိုစကားက သူ၏ နှုတ်မှ ထွက်သွားသည့်အခိုက် သူ၏ ဘေးပတ်ဝန်းကျင်မှ ရွှေရောင်ငွေရောင်အလင်းပင်လယ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ နတ်ဘုရားအရှင်သခင်၏ အမှတ်သင်္ကေတနှင့် ပဲ့တင်ပြန်နေသော ရွှီချင်း၏ အာဏာစက်ဥပဒေသက အလင်းပင်လယ်နှင့် ရောနှောပေါင်းစပ်သွားမည့် စွမ်းအင်အမျှင်တန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။

နောက်အခိုက်အတန့်မှာ…

ခမ်းနားထည်ဝါသော နဂါးရထားလုံးတစ်လုံးက အလင်းပင်လယ်ထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည့်အခါ စူးရှသော အော်မြည်သံက ကြယ်တာရာဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ထို့နောက် အလင်းပင်လယ်ထဲတွင် အတိတ်မှာ ရွှီချင်းမြင်ခဲ့ဖူးသော နဂါးရထားလုံးက အပြင်သို့ ထွက်လာသည်။

ဧရာမလူ့ဘီလူးတစ်ကောင်က ရထားလုံး၏ အရှေ့မှာ မတ်တတ်ရပ်နေပြီး ရထားလုံးကို အလင်းပင်လယ်ထဲမှ ဆွဲထုတ်နေသည်။

ထိုမြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းသည်။

ကောင်းကင်ဘုံတေးသံက ရထားလုံး၏ အနီးနားတစ်ဝိုက်မှာ သာယာငြိမ့်ညောင်းစွာ ပျံ့လွင့်နေသည်။

ရထားလုံးထဲတွင်တော့ ပုံရိပ်တစ်ခုကို မသဲမကွဲ မြင်နိုင်သည်။

သူက တော်ဝင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သရဖူကို ဆောင်းထားသည်။ သူက ဧကရာဇ်တစ်ပါးမဟုတ်ပေ။ သူက အိမ်ရှေ့စံမင်းသားတစ်ပါး ဖြစ်သည်။

သူက မျိုးတုန်းသွားပြီဖြစ်သော ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်၏ အိမ်ရှေ့စံမင်းသားဖြစ်ပြီး နေလုံးအဖြစ် အသွင်ပြောင်းလဲရန် ကိုယ်တိုင်စိတ်ဆန္ဒရှိခဲ့သူ ဖြစ်သည်။

ယခု ရွှီချင်း၏ အာဏာစက်ဥပဒေသအစွမ်းနှင့် ဆန္ဒနတ်ဘုရားအခွင့်အာဏာ၏ အစွမ်းအောက်မှာ သူက ပြန်ရှင်သန်လာသည်။

အိမ်ရှေ့စံမင်းသား ထွက်ပေါ်လာသည့်အခိုက် အကန့်အသတ်မဲ့သော ရွှေကျီးကန်းအလင်းက နဂါးရထားလုံးထဲမှ ပေါ်လျှိုးလာသည်။ ထို့နောက် အိမ်ရှေ့စံမင်းသားက မတ်တတ်ရပ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ရွှေကျီးကန်းနေလုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။

နေလုံးသည် ချိန်းကြိုးဖြင့် ချည်နှောင်ခံထားရသော နတ်ဘုရားအရှင်သခင်ထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

အဝေးမှကြည့်လျှင် ရွှေကျီးကန်းနေလုံးက အန္တိမအလင်းရောင်နှင့် အန္တိမအပူဓာတ်ဖြင့် အပြင်းအထန် လောင်ကျွမ်းနေကြောင်း မြင်ရလိမ့်မည်။ သူက နေတစ်စင်းဖြစ်သလို ရွှေကျီးကန်းလည်း ဟုတ်သည်။ ထို့အတူ သူက အရာအားလုံးကို ဖောက်ထွင်းနိုင်သော တားမြစ်လှံတစ်ချောင်းလည်း ဖြစ်သည်။

နတ်ဘုရားအရှင်သခင်၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ၎င်းက ရွှေကျီးကန်းနေလုံးကို ခုခံတားဆီးရန် ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေကို လှုံ့ဆော်လိုက်သည်။

သို့တိုင် ရွှီချင်း၏ တိုက်ခိုက်မှုများက ဆက်တိုက် ထွက်ပေါ်နေဆဲပင်။

နတ်ဘုရားခန္ဓာကိုယ်ဖြင့် ပေါင်းစပ်သွားပြီးနောက် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ သူအသုံးမပြုနိုင်ခဲ့သော စွမ်းအားတချို့က ယခု ပြန်ရောက်လာသည်။

ထို့ပြင် ယင်းတို့အားလုံးက သူ၏ အာဏာစက်ဥပဒေသကြောင့် အဆင့်မြှင့်သွားကြပြီး ပြန်လည်ဖွဲ့စည်းခံလိုက်ကြရသည်။ ထို့ပြင် ဆန္ဒစွမ်းအား၏ ပူးပေါင်းမှုကြောင့် ထိုနတ်ဘုရားစွမ်းရည်များထဲမှာ ပုန်းကွယ်နေသော အနှစ်သာရများက ယခု တဖြည်းဖြည်း ပေါ်လျှိုးလာကြသည်။

“ တားမြစ်အဆိပ် ”

ထိုစကားက ရွှီချင်း၏ နှုတ်မှ ထွက်သွားသည့်အခိုက် သူ၏ ဘေးပတ်ပတ်လည်မှ ရွှေရောင်ငွေရောင်အလင်းပင်လယ်ထဲမှာ တတိယမြောက်အရောင် ထွက်ပေါ်လာသည်။

ယင်းက အနက်ရောင်ဖြစ်သည်။

အနက်ရောင်အမျှင်များ၊ အနက်ရောင်အစက်များ၊ အနက်ရောင်အခိုးအငွေ့များ အစရှိသည်တို့က အတူတကွ ပေါင်းစည်းသွားပြီး အနက်ရောင်မြူခိုးထုအဖြစ် အသွင်ပြောင်းလဲသွားသည်။

မြူခိုးထုထဲတွင် ဧရာမသားရဲတစ်ကောင်၏ ပုံရိပ်က ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

၎င်းက ပုံရိပ်တစ်ခုမျှသာဖြစ်ပြီး မထင်ရှားပေ။ သို့တိုင် ၎င်းထွက်ပေါ်လာသည့်အခိုက် နတ်ဘုရင်တစ်ပါး၏ အကြွင်းအကျန်အရှိန်အဝါက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

၎င်းက အစစ်အမှန်မဟုတ်သလို တကယ့်ပုံရိပ်ယောင်တစ်ခုလည်း မဟုတ်ချေ။ ယင်းက ဇစ်မြစ်ခြေရာခံပြီးနောက် ဖွဲ့စည်းသွားခဲ့သော တားမြစ်အဆိပ်၏ ရှေးခေတ်သဘာဝလွန်ပုံရိပ်တစ်ခုမျှသာ ဖြစ်သည်။

ယခု အဆိပ်မြူခိုးက နတ်ဘုရားအရှင်သခင်ဆီသို့ ပျံ့နှံ့သွားသည်။

ထိုမြင်ကွင်းက ရွှီချင်း၏ အသိစိတ်ကိုပင် ပရမ်းပတာ တုန်လှုပ်သွားစေသည်။

သူက တားမြစ်အဆိပ်၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ ခန့်မှန်းမှုတချို့ကို ပြုလုပ်ထားသော်လည်း ယင်းတို့အားလုံးက မသေချာပေ။ ယင်းက ဤမတိုင်ခင်အထိ ဖြစ်သည်။

အဆိပ်မြူခိုးထဲမှ သားရဲပုံရိပ်ကို မြင်သွားသည့်အခါ ရွှီချင်းက နောက်ဆုံးမှာ နားလည်သွားသည်။

“ ဒီတော့… အဲ့ဒီလိုကို… ”

ရွှီချင်းက ထိုသို့နားလည်သွားသည့်အခိုက် နတ်ဘုရားအရှင်သခင်က အဆိပ်မြူခိုးထဲမှ သားရဲကို မြင်သွားသောအခါ ၎င်း၏ ပင်ကိုယ်ဗီဇက အပြင်းအထန် တုန်လှုပ်သွားသည်။

“ မဟာဝိညာဉ်နတ်ဘုရင်… ဒီအဆိပ်မြူခိုးက သူ့ရဲ့ နတ်ဘုရားအခွင့်အာဏာရဲ့ မြစ်ခွဲတစ်ခုပဲ ”

အဆင့်မြင့်သက်ရှိများ သိထားကြသည်မှာ အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲတွင် အထွတ်အမြတ်နတ်ဘုရင်လေးပါး တည်ရှိကြသည်။

အရှေ့အရပ်တွင် ဧရာမသားရဲတစ်ကောင်က နှစ်ချိုက်စွာ အိပ်မောကျနေသည်။

မြောက်ဘက်အရပ်တွင် ရွှေရောင်မိခင်မြစ်က တသွင်သွင်စီးဆင်းနေသည်။

တောင်ဘက်အရပ်တွင် အနက်ရောင်မျှော်စင်က ထောင်မတ်နေသည်။

အနောက်အရပ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဈာပနအဆောင်ပုံရိပ်က တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။

ယခု ဆန္ဒစွမ်းအား၏ ဇစ်မြစ်ခြေရာခံမှုက နတ်ဘုရင်တစ်ပါး၏ တည်ရှိမှုကို အမှန်တကယ် ဖော်ထုတ်နိုင်ခဲ့သည်။ ထိုသို့နားလည်သွားသည့်အခါ နတ်ဘုရားအရှင်သခင်၏ နတ်ဘုရားစွမ်းအင်အမြူတေက အပြင်းအထန် တုန်ယင်သွားသည်။

ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးက အထိန်းအကွပ်မဲ့စွာ ပေါ်လျှိုးလာသည်။ ၎င်းက ခုခံရန် ကြိုးစားလိုက်ပြီး ၎င်းနှင့် ရွှီချင်းကြားမှ ဆက်သွယ်မှုချည်မျှင်ကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ယခု ၎င်းက ထိုသို့မလုပ်ဆောင်နိုင်ပေ။

ရွှီချင်းသည်တော့ သူက နတ်ဘုရားအရှင်သခင်ကို အရေးမစိုက်ပေ။ ယင်းအစား သူက သားရဲပုံရိပ်ကို စိုက်ကြည့်နေရင်း မျက်လုံးမှေးကျဉ်းလိုက်သည်။

“ အဲ့ဒီကောင်က… မိခင်မြစ်လိုပဲ… ဝမ်ကူးကုန်းမြေအပေါ် မကောင်းကြံချင်နေတယ်… ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏ ညာလက်ကို နောက်တစ်ကြိမ် မြှောက်တင်လိုက်သည်။

“ အနီရောင်လ ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း လပူဇော်ဒေသကြီးက တုန်ယင်သွားသည်။ အနီရောင်လက ကြယ်တာရာကောင်းကင်ပေါ်သို့ မြှောက်တတ်လာပြီး ချောက်ချားဖွယ်ကောင်းသော သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။

လစန္ဒာပေါ်တွင် နီလာနတ်သမီး၏ ဝေဝါးသော ပုံရိပ်ကို မြင်တွေ့နိုင်သည်။

တစ်ချိန်က ရွှီချင်းကို တုန်လှုပ်ချောက်ချားစေခဲ့သော ထိုပုံရိပ်က ယခုအခါမှာ အဆင့်မြင့်နတ်ဘုရားတစ်ပါးထက် မပိုချေ။ သို့တိုင် ရွှီချင်းသည် သူ၏ အာဏာစက်ဥပဒေသအစွမ်းဖြင့် ထိုပုံရိပ်ထံသို့ ပိုပြီးအဆင့်မြင့်သော နတ်ဘုရားစွမ်းအားကို အပ်နှင်းပေးနိုင်သည်။

သို့သော်လည်း သူက ယင်းကို ချက်ချင်း မလုပ်ဆောင်ပေ။ ယင်းအစား သူက နီလာနတ်သမီး၏ အနောက်မှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။

ဆန္ဒစွမ်းအားနှင့် အာဏာစက်ဥပဒေသ၏ ပဲ့တင်ပြန်မှုအောက်မှာ ထိုနေရာတွင် နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

လီဇီဟွား…

၎င်းက ဆန္ဒစွမ်းအား၏ အတင်းအဓမ္မ ထုတ်ဖော်မှုအောက်မှာ ထွက်ပေါ်လာသော နတ်ဘုရားစွမ်းရည်အနှစ်သာရ၏ ဒြပ်ထည်ဖွဲ့စည်းမှုပုံရိပ်သာ ဖြစ်သည်။ သို့ဖြစ်၍ လီဇီဟွား၏ ပုံရိပ်က ဝေဝါးနေပြီး မရှင်းလင်းပေ။ သို့တိုင် သူ့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက နတ်ဘုရားအရှင်သခင်တစ်ပါး၏ အရှိန်အဝါဖြစ်သည်။

“ စီနီယာလီဇီဟွားက သူ့ခေတ်သူ့အခါမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။ ထို့နောက် သူက အနီရောင်လ၏ နတ်ဘုရားအခွင့်အာဏာအစွမ်းကို နတ်ဘုရားအရှင်သခင်ထံသို့ တိုက်ရိုက် စေလွှတ်လိုက်သည်။

နတ်ဘုရားအရှင်သခင်၏ စိုးရိမ်ကြောင့်ကြမှုက ပိုပြီးအားကောင်းလာသည်။ ၎င်းက စိတ်ပျက်အားလျော့စွာ ခုခံတားဆီးလိုက်သည်။ သို့သော်လည်း ၎င်းက အနည်းငယ် စိတ်သက်သာရာရသွားသည်။ မည်သို့ဖြစ်ပါစေ ၎င်းက အနည်းဆုံးတော့ နတ်ဘုရင်တစ်ပါးဖြင့် ရင်ဆိုင်နေရခြင်း မဟုတ်ပေ။

သို့သော်လည်း ရွှီချင်းက နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်သည်။

“ ဒါဆိုရင်… ငါ့ရဲ့ တခြားနတ်ဘုရားစွမ်းရည်တွေရဲ့ ဇစ်မြစ်တွေကို ကြည့်ကြည့်ရအောင် ”

“ တစ္ဆေအင်ပါယာတောင်ကုန်း ”

ချက်ချင်းဆိုသလိုပင် အထွတ်အမြတ်တောင်ကုန်းတစ်ခုက ရွှေရောင်ငွေရောင်အလင်းပင်လယ်ထဲမှ ထွက်ပေါ်လာသည်။

တောင်ကုန်းပေါ်တွင် လူသားအသွင်သဏ္ဍာန်ရှိသော ဧရာမပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေပြီး တမူထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့တိုင် ရွှီချင်း၏ အာဏာစက်ဥပဒေသအစွမ်းအောက်မှာ ထိုဧရာမတောင်ကုန်း၏ အနောက်တွင် အနက်ရောင်ကြေးမျှော်စင်တစ်ခုက ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ထိုအနက်ရောင်မျှော်စင် ထွက်ပေါ်လာသည့်အခိုက် နတ်ဘုရင်တစ်ပါး၏ အရှိန်အဝါက ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ရွှီချင်း၏ အကြည့်က နက်ရှိုင်းသွားသည်။ တစ္ဆေအင်ပါယာတောင်ကုန်း၏ ဇစ်မြစ်က ယခု သူ့အတွက် ရှင်းလင်းသွားသည်။

တားမြစ်အဆိပ်ကဲ့သို့ပင် ၎င်းက အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ နတ်ဘုရင်လေးပါးထဲမှ တစ်ပါး၏ လျှို့ဝှက်အစီအစဉ်ကို ကိုယ်စားပြုသည်။

ထိုမြင်ကွင်းက နတ်ဘုရားအရှင်သခင်၏ နှလုံးသားထဲ၌ ကြီးမားသော တုန်လှုပ်ချောက်ချားမှုကို ထွက်ပေါ်လာစေသည်။ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေပေါ်မှာ အက်ကွဲရာများက ချက်ချင်း ထွက်ပေါ်လာကြသည်။

“ မင်း… မင်း… ”

ဤမတိုင်ခင်အထိ ၎င်းသည် သာမန်လူသားတစ်ယောက်ဆီမှာ ကြောက်မက်ဖွယ်ကောင်းသော အထွတ်အမြတ်တည်ရှိမှုများ၏ လျှို့ဝှက်အစီအစဉ်များက စုစည်းနေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

“ နတ်ဘုရင်တွေက သူ့အပေါ်မှာ လျှို့ဝှက်အစီအစဉ်တွေ ဆွဲထားကြတယ်… ဘာလို့လဲ… နတ်ဘုရင်တွေက သူ့ကို ဆန့်ကျင်တွန်းလှန်ချင်တာလား… ဒါမှမဟုတ် သူက နတ်ဘုရင်တွေကို ဆွဲဆောင်ခဲ့တာလား ”

“ ဒီနှုန်းအတိုင်းသာဆိုရင် သူ့ရဲ့ ပြန်လည်ဖွဲ့စည်းခြင်းအစွမ်း မရှိရင်တောင် ငါ့ရဲ့ နတ်ဘုရားစွမ်းအင်အမြူတေက ကြီးမားတဲ့ စွမ်းအင်ကုန်ဆုံးမှုကြောင့် ပြိုကွဲပျက်စီးသွားလိမ့်မယ် ”

နတ်ဘုရားအရှင်သခင်၏ နတ်ဘုရားဝိညာဉ်က အပြင်းအထန် တုန်ယင်သွားသည်။

ထိုစဉ် ရွှီချင်း၏ စိတ်ခံစားချက်များက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်က ပေါ်လျှိုးလာသည်။

“ အခုအလှည့်ကျတာက… ကျောက်ရှာအလင်း ”

ထွန်းလင်းတောက်ပသော ကျောက်ရှာအလင်းက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ တလက်လက် တောက်ပလာသည်။ တစ်ချိန်က သူဆင်ခြင်နားလည်ခဲ့သော ကျောက်ရှာအလင်းက ယခု အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းလိုက်သည်။

အတိတ်မှာ သူက ထိုကျောက်ရှာအလင်းကို အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ ယင်းက နတ်ဘုရားစွမ်းရည်အားလုံးကို ပုံတူကူးနိုင်ကြောင်းသာ သူနားလည်သည်။

သို့သော်လည်း ယခု သူ၏ အာဏာစက်ဥပဒေသအစွမ်းအောက်မှာ ကျောက်ရှာအလင်း၏ အစစ်အမှန်ကို နောက်ဆုံးမှာ သူမြင်တွေ့သွားသည်။

ယင်းက အတိတ်မှာ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်ခဲ့သော ဆန်းကြယ်အလင်းရောင်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။

ထို့ပြင် ဆန်းကြယ်အလင်းရောင်ကို နောက်ထပ် သူခြေရာခံလိုက်သည့်အခါ ယင်းက ဝမ်ကူးကုန်းမြေ၏ အာရုဏ်ဦးတွင် ပထမဆုံး မွေးဖွားလာခဲ့သော အလင်းရောင်ဖြစ်ကြောင်း ရွှီချင်း နားလည်သွားသည်။

နတ်ဘုရားအရှင်သခင်က နောက်တစ်ကြိမ် အော်ဟစ်ညည်းညူလိုက်ရသည်။ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေပေါ်မှာ ပိုမိုများပြားသော အက်ကွဲရာများ ထွက်ပေါ်လာကြသည်။ ယခု ၎င်းက လုံးဝ စိတ်ပျက်အားလျော့နေပြီး အကူအညီမဲ့နေသည်။ ၎င်းက စွမ်းအင်ချေးငှားခံနေရသော ဤအခြေအနေမှ လွတ်မြောက်နိုင်ရန် အပြင်းအထန် ရုန်းကန်လိုက်သည်။

“ အဲ့ဒါက နတ်ဘုရင်တစ်ပါးရဲ့ အကြံအစည်မဟုတ်ဘူး ”

ရွှီချင်းက နားလည်သဘောပေါက်သွားသည်။ သို့သော်လည်း သူက နတ်ဘုရားအရှင်သခင်၏ အခြေအနေကို လုံးဝ လျစ်လျူရှုထားသည်။ ယင်းအစား သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ (ဃ၁၃၂) ”

နောက်ထပ် အော်ဟစ်ညည်းညူသံက နတ်ဘုရားအရှင်သခင်ထံမှ ထွက်ပေါ်လာသည်နှင့် (ဃ၁၃၂)သည် မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းသံနှင့်တကွ အချိန်မြစ်ထဲမှ မြှောက်တတ်လာသည်။

အကျဉ်းထောင်ထဲမှ အချုပ်ခန်းများထဲတွင် ပုံရိပ်အများအပြားက ထွက်ပေါ်လာကြသည်။ ၎င်းတို့က ပန်းချီဆရာအဖိုးအို၊ ခေါင်းကြီး၊ ကျောက်တုံးခြင်္သေ့၊ စာခြောက်ရုပ်၊ ကြိတ်ဆုံနှင့် နတ်ဘုရားလက်ချောင်းတို့ ဖြစ်ကြသည်။

သို့သော်လည်း ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် ရွှီချင်း၏ အဓိကအာရုံစိုက်မှုက (ဃ၁၃၂)ထဲမှ အထူးခြားဆုံး တည်ရှိမှုအပေါ်သို့ ကျရောက်သွားသည်။

၎င်းက အတိတ်မှာ သူတွေ့ဆုံခဲ့သော ကောင်လေး ဖြစ်သည်။

ကောင်လေး၏ ပုံရိပ်သည် မြူခိုးငွေ့ထဲမှ ထွက်ပေါ်လာပြီးနောက် နေရာမှာ စိတ်ရှုပ်ထွေးစွာ ရပ်နေသည်။ သူထွက်ပေါ်လာသည့်အခိုက် အဝေးမှ ဝမ်ကူးကုန်းမြေက ပရမ်းပတာ တုန်လှုပ်သွားသည်။

ကံကြမ္မာက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။

ရွှီချင်း၏ မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် ဝင်းလက်သွားသည်။ (ဃ၁၃၂)ထဲမှ ကောင်လေးက သူ၏ ကံကြမ္မာဖြစ်ကြောင်း ရွှီချင်း သိလိုက်သည်။

ထို့ပြင် ယခု ဆန္ဒစွမ်းအားနှင့် သူ့အာဏာစက်ဥပဒေသ၏ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းကြောင့် ကောင်လေးက အသစ်တဖန် ပြန်ဖွဲ့စည်းသွားနေသည်။

“ ကောင်းတယ်… အခု လျှို့ဝှက်ဆန်းကြယ်ဆုံးတစ်ခုပဲ ကျန်တော့တယ် ”

အတိတ်မှာ ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်၏ မြေအောက်နန်းတော်ထဲမှာ ထူးခြားဆန်းကြယ်သော ပစ္စည်းတစ်ခုကို ရရှိခဲ့သည်။ အချိန်အတော်ကြာသွားသည့်တိုင် ယင်း၏ ဇစ်မြစ်က သူ့အတွက် ပဟေဠိဖြစ်နေဆဲပင်။

အတိတ်မှာ ဝမ်ကူးကုန်းမြေကို ပေါင်းစည်းနိုင်ခဲ့သော တော်ဝင်မင်းဆက်တိုင်းက ထိုပစ္စည်းကို လိုက်လံရှာဖွေခဲ့ကြောင်းသာ သူသိသည်။

ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသည်မှာ ယင်းက ဝမ်ကူးကုန်းမြေ၏ ဖွဲ့စည်းမှုနှင့်ပတ်သက်သော လျှို့ဝှက်ချက်ကို သိုဝှက်ထားသည်။

“ အခု… ဆန္ဒစွမ်းအားရဲ့ ဇစ်မြစ်ခြေရာခံခြင်းကို ချေးငှားပြီး ဒီပစ္စည်းထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ငါကြည့်ကြည့်တာပေါ့ ”

စူးရှသော အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ နတ်ဘုရားအရှင်သခင်က ကျယ်လောင်စွာ အော်ဟစ်ညည်းညူလိုက်သည်နှင့် သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။

“ အချိန်ပုလင်း ”

All Chapters