အစီအစဉ်ဆွဲခြင်း
Vol. 5 Ch. 65
နောက်တစ်နေ့နံနက်။
မြို့ဟောင်းလေးတစ်ခု၌ နေရောင်ခြည်များ ဖိတ်စင် သွန်ချလာပြီး လေပြေညင်းအဝှေ့ကြောင့် ဖုန်များ၊ အသံများအားလုံး ကပ်ပါလာကာ လင်းချွမ်၏ အခန်းငယ်လေးထဲအထိ ရောက်ရှိလာသည်။
မနေ့က။
လင်းချွမ် အင်တာနက်ဆိုင်အတွက် လုံခြုံရေးဆောက်ပေးပြီး ဝမ်ကျီခန်တို့နှင့် ဂိမ်းဆော့ကာ နောက်ဆုံး စောစောအိပ်ရာဝင်ခဲ့သည်။
ယနေ့မနက် လင်းချွမ် နိုးထလာသည်မှာ သာယာသော နေရောင်ခြည်ကြောင့် မဟုတ်ဘဲ ယုယွီကြောင့် ဖြစ်လေ၏။
မနက် (၉) နာရီ။
ယုယွီ အချိန်ကိုက် ဆက်သွယ်လာသည်။
“ကောင်လေး”
“ထတော့လေ”
“အင်း”
လင်းချွမ် အိပ်ချင်မူးတူးထလာပြီး မျက်လုံးများ ပွတ်လျက် စာပြန်လိုက်သည်။
“ထပါပြီ”
“မနက်စာရော”
ယုယွီ စိုးရိမ်စွာ မေးလိုက်၏။
“အခုထိပဲ”
လင်းချွမ် သွားထတိုက်ရင်း ပြန်စာပို့လိုက်သည်။
“ဟက်ကာလောကလေ”
ယုယွီဆက်ပြော၏။
လင်းချွမ် သွားတိုက်နေရင်းပင်။
“အခြေအနေ မကောင်းဘူးလား”
ယုယွီမှ
“ဟုတ်တယ်။ မနေ့က အယ်ဒီတာချုပ်ကို အညွှန်းတောင်းပြီး တင်လိုက်တာပဲ”
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“အမှတ်တွေကရော”
“သိပ်မကောင်းဘူး”
ထို့နောက် အချက်အလက်များပါ ဆက်ပို့ပေးလေ၏။
[ခေါင်းစဉ် : ဟက်ကာလောက]
[ကြိုက်နှစ်သက်မှု : ၂၆၀၇]
[ပျမ်းမျှ subscription: ၃၁၈]
[အညွှန်းမှ ဝင်ရောက်ဖတ်ခြင်း : ၀.၄%၊ ပျမ်းမျှ :၁.၂%]
“အဲ့လောက် နည်းနေတာလား”
လင်းချွမ် အကြည့်များ စူးရှလာပြီး မျက်မှောင်ကြုတ်ထားမိ၏။
ဒီလောက် ကြော်ငြာအားကောင်းထားတာကို နည်းနည်းပဲ ဖတ်ရသေးတာလား။
မနက်ခင်းလေပြေမှာ သူ့အတွက် ကြောက်လန့်စရာနှင့် ကြက်သီးထဖွယ် ဖြစ်နေသည်။
စနစ်ရေ subscription နည်းနည်းလျှော့ပေးလို့ မရဘူးလား။
‘ပုံမှန် subscription နှင့် အောင်မြင်မှုစံနှုန်း မတူညီပါ။ ပိုင်ရှင်သည် အောင်မြင်မှုစံနှုန်း ၃၁၈ နှင့် အမှတ် (၅၆၈၂) ရရှိထားပါသည်။ ဆက်ကြိုးစားပါ’
တကယ်ပါပဲ။
လင်းချွမ် သက်ပြင်းချ၍ ရေရွတ်လိုက်၏။
“ဒီပုံအတိုင်းဆို ငါ ကျရှုံးတော့မှာလား”
မနေ့ကမှ ပျော်ရွှင်နေခဲ့သောဘဝသည် ရုတ်တရက် လန့်နိုးစေခဲ့သည်။
ဒီနောက်ပိုင်း ဟက်ကာအကြောင်း မရေးကြတာ မဆန်းပါဘူး။
ဆိုးလိုက်တာ။
“ကောင်လေး အရမ်းလည်း စိတ်ဓာတ်မကျပါနဲ့ဦး”
ယုယွီမှာ လင်းချွမ် အကြာကြီးငြိမ်နေ၍ သတိထားမိပြီး အားပေးစကား ပြောလိုက်သည်။
“ယုယွီ ကျွန်တော် အဆင်ပြေပါတယ်”
“တော်သေးတာပေါ့။ ရှင့်စာအုပ်ကိုလေ ကျွန်မနဲ့ အစ်မမင်ယွဲ့တို့ တွေးထားတာရှိတယ်”
“ပြောပါ။ ကျွန်တော် စိတ်ကို ပြင်ဆင်ထားပါတယ်”
လင်းချွမ် အားတင်း၍ ပြောလိုက်၏။
မကြာမီ ယုယွီ စာများ ဆက်ပို့လေသည်။
“ကောင်လေး ရှင့်စာအုပ် လူသိပ်မဖတ်တာက ကျွန်မတို့အထင် (၂) ချက်ရှိတယ်။ ပထမက ဝတ္ထုက စာဖတ်သူတွေအတွက် လွယ်လွယ် နားမလည်နိုင်တမျိုးပေါ့။ ကျွန်မတို့ဆိုလည်း အယ်ဒီတာတွေဆိုတော့ အစပိုင်း အပိုင်းတော်တော်များများအထိ ဖတ်ရတာ ခက်တယ်။ နည်းပညာစကားလုံးတွေက မြင့်တာကိုး”
“နောက်တစ်ချက်ကတော့ အခြေအနေကို မရင်းနှီးတာ။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကဆိုရင် နိုင်ငံထဲ နာမည်ကြီးနေတော့ လူစိတ်ဝင်စားတယ်လေ။ အခုလည်း အဲ့လိုအခြေအနေမျိုး လိုအပ်နေတာ”
လင်းချွမ် ထိုင်ခုံနောက်သို့ မှီချလိုက်ပြီး မျက်မှောင်ကြုတ်နေ၏။
ယုယွီပြောပြသည်မှာ အဓိပ္ပာယ်ရှိပါသည်။
သို့သော် နာမည်ကြီးနေသော အခြေအနေ ဖြစ်ရန်မှာတော့ အလွန်ခက်ခဲသည်။
“ဟုတ်ကဲ့ပါ”
လင်းချွမ် မတတ်သာဘဲ ထောက်ခံမိသည်။
“ဒါနဲ့ ကျွန်မ တစ်ခုလောက် မေးလို့ရမလား”
“ရှင့်စာအုပ်အရည်အသွေးကို ယုံကြည်ချက်ရှိလား”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ခဏစဉ်းစား၍
“ရှိတာပေါ့”
သို့သော် ရလဒ်မှာ မကောင်းလာသေးပေ။
“ဒါဆိုရင် အချိန်ခဏပေးပြီး စောင့်ကြည့်ဦးပေါ့”
ယုယွီ ပြန်စာပို့လိုက်၏။
…
မိုတုမြို့၊ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ် အဆောက်အအုံ။
ယုယွီ ဖုန်းချလိုက်ကာ ကွန်ပျူတာထဲ၌ ‘ဟက်ကာလောက’ ဟူ၍ ရိုက်ရှာလိုက်သည်။
ယခုနောက်ပိုင်း ဝက်ဘ်ဆိုဒ်မှာ နိုင်ငံခြားမှ ဖတ်နိုင်ရန်အထိ ပြင်ဆင်ထားပါသည်။
သို့သော် ပြည်တွင်း၌ လူကြိုက်များသော စာအုပ်များကိုသာ ဖွင့်ပေးထား၍ လင်းချွမ်၏ ဟက်ကာလောကမှာ အခွင့်အရေး မရှိသေးပေ။
လင်းချွမ်သည် နာမည်ကြီးစာအုပ် (၂) အုပ် ထွက်ထားသော သူ့လက်အောက်မှ စာရေးဆရာ ဖြစ်ပြီး ယခုနောက်ဆုံး ဝတ္ထုသာ ကျရှုံးသွားပါက လင်းချွမ် ယုံကြည်ချက် ပျောက်ဆုံး၍ ပြန်မထလာနိုင်တော့မည်အား စိုးရိမ်မိပါသည်။
သူ့အတွေးမှာ ရှင်းပါသည်။
ဟက်ကာအခြေအနေ မထူးခြားလျှင် နိုင်ငံခြားသို့ တွန်းပို့ရမည်။
အထူးသဖြင့် မြောက်ဘက်ပိုင်းသို့ ဖြစ်၏။
ယုယွီ နိုင်ငံခြား၌ တင်ခွင့် ဖောင်များ ဖြည့်ပြီးနောက် အယ်ဒီတာမှူးကြီးအား ပေးလိုက်သည်။
“မဖြစ်နိုင်တာ”
အယ်ဒီတာမှူးကြီး စာရွက်ကို တစ်ချက်ကြည့်၍ ချက်ချင်း ငြင်းလိုက်သည်။
ယုယွီ နှုတ်ခမ်းလေးစူကာ
“ဒီဝတ္ထုရေးတဲ့သူက မစ္စတာလင်းလေ။ သူ့မှာ ပေါက်ထားတဲ့ ဝတ္ထု (၂) ပုဒ်တောင် ရှိပြီးသား”
အယ်ဒီတာမှူးကြီး ခေါင်းယမ်း၍
“ယုယွီ ဒီလောက်လေး အောင်မြင်ရုံနဲ့ မလွယ်ဘူးလေ”
ထိုအခါ ယုယွီ အံကြိတ်လျက်
“ကျွန်မ အာမခံတယ်လို့”
“ဘာနဲ့လဲ”
“ဟို ဟို ကျွန်မရဲ့ နှစ်ကုန်ဘောနပ်စ်နဲ့”
ယုယွီ တုန်ရီစွာ ပြောလိုက်လေသည်။