← Chapters

ရုတ်တရက် တိုးတက်ခြင်း

Vol. 5 Ch. 68

ရုတ်တရက် တိုးတက်ခြင်း

Vol. 5 Ch. 68

ညမှ တဖြည်းဖြည်း မှောင်မိုက်လာ၏။ 

ကောင်းကင်ယံ၌ တောက်ပသော လမင်းကြီး လင်းလက်နေပြီး ငွေရည်များ ရွှန်းလဲ့နေသောကြောင့် မြောက်ပိုင်းအဖွဲ့ပတ်ဝန်းကျင်မှာ အေးချမ်းနေသည်။ 

တစ်ချက်တစ်ချက် ခွေးဟောင်သံအချို့နှင့် အမူးသမား၏ အော်ဟစ်သံမျှသာ ကြားရသည်။ 

သို့သော် ကွန်ပျူတာများတွင်တော့ ပရိုဂရမ်တစ်ခု လျင်မြန်စွာ ပျံ့နှံ့သွား၏။ 

ထရိုဂျန်နှင့် ဗိုင်းရပ်စ်တို့ကဲ့သို့ မဟုတ်ဘဲ အချက်ပေးစာမျှသာ ဖြစ်ပါသည်။ 

ရှာဖွေမှုစာရင်း၊ ဆိုရှယ်မီဒီယာနှင့် ဟက်ကာလောကတွင် ချက်ချင်း ပျံ့နှံ့သွားလေသည်။ 

တိုက်ခန်းငယ်တစ်ခု၌။ 

လူငယ်လေးတစ်ဦး အလုပ်များပြီး၍ ဗီဒီယိုဝက်ဘ်ဆိုဒ်ထဲ ဝင်လိုက်၏။ 

“တစ်နေကုန် ပင်ပန်းသွားပြီ။ အနားယူဦးမှပဲ”

တစ်ယောက်တည်း ရေရွတ်ရင်း သူ့အကြိုက်ဗီဒီယို ရှာနေသည်။ 

“ဒါလေး မဆိုးဘူးပဲ”

သူ စိတ်ဝင်တစားကြည့်ရင်း ခလုတ်နှိပ်လိုက်၏။ 

‘လုပ်ဆောင်နေသည်’

‘လုပ်ဆောင်မှု အောင်မြင်ပါသည်’

ရုတ်တရက်။ 

ဖုန်းမျက်နှာပြင်ပေါ်၌ ကြော်ငြာတစ်ခု ပေါ်လာသည်။ 

[ဂုဏ်ယူပါသည်။ ဟက်ကာလောက ဝတ္ထု ဖတ်ရှုရန် ရွေးချယ်ခံရပါသည်။]

[ဟက်ကာများ၏ ဘဝအကြောင်းကို တွေ့မြင်နိုင်ပါသည်။]

[ဟက်ကာလောကဝတ္ထုကို ဖတ်ရှုရန် ဆက်သွားပါ]

ဟင်…

ဟက်ကာလူငယ်လေး မျက်လုံးပြူး၍ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ 

(၃) စက္ကန့်မျှအကြာ၌ ဗီဒီယိုကြည့်နေရင်းမှ ရုတ်တရက် အခြားဝက်ဘ်ဆိုဒ်သို့ အလိုလို ပြောင်းသွားတော့သည်။ 

ရွက်လွှင့်ခြင်း နိုင်ငံတကာ ဝက်ဘ်ဆိုဒ်။ 

“ဘာကြီးလဲ”

“ဘယ်လိုဟာက ငါ့ဖုန်းကို လာထိန်းချုပ်ပြီး ဖတ်ခိုင်းနေတာလဲ”

“ငါ့ဟာငါ ဗီဒီယိုပဲ ကြည့်ချင်တာကို”

“ဟက်ကာလောကတဲ့လား”

“ဟွန့် ဘယ်လိုဇာတ်လမ်းမို့လို့လဲ”

ထိုအခြေအနေမျိုးမှာ မြောက်ပိုင်းဒေသ အနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။ 

တစ်ဖက်တွင် လင်းချွမ်၏ဝတ္ထု မည်မျှကောင်းကြောင်းကို သိချင်သူလည်း များလာ၏။ 

ထိုမြောက်ပိုင်းအဖွဲ့မှာ ထိပ်တန်းဟက်ကာများထဲ ပါဝင်ပါသည်။ 

ထိုညတွင်တော့ အားလုံး မအိပ်နိုင်ဘဲ ရှိကြ၏။ 

စတူဒီယိုထဲတွင်။ 

အန်ဂျလီနာတစ်ယောက် ကျေနပ်စွာပြုံးလျက် ရှိသည်။ ထို့နောက် လင်းချွမ်အား စာပို့လိုက်၏။  

“တာဝန်ပြီးမြောက်ပါပြီ”

“အဲ့လောက် မြန်လား”

လင်းချွမ်မှာ ကိုယ်လက်သန့်စင်၍ အိပ်ရာထဲ လှဲရုံသာ ရှိသေးသောကြောင့် အလွန် အံ့ဩသွားမိသည်။ 

“ပရိုဂရမ်ကုဒ် ဆွဲရုံပဲလေ။ မနက်ဖြန်မှ ရှင့်နယ်တစ်ဝိုက်မှာပါ ကြော်ငြာပေးမယ်။ ရှင့်အတ္ထုပတ္တိကို သိပ်ကြိုက်တာပဲ။ သူတို့လည်း ကြိုက်မှာ သေချာတယ်”

အန်ဂျလီနာမှ ဆက်ပြော၏။ 

သူ့စကားလုံးများမှာ အမာခံပရိသတ်ဟု ထောက်ခံနေသယောင်ပင်။ 

လင်းချွမ်ပြုံး၍ ကြည့်နေသည်။ 

ထိပ်တန်းဟက်ကာတစ်ဦးအနေဖြင့် သူငယ်ချင်းများကို ဝတ္ထုညွှန်းပေးရသည်မှာ အလွန် ရိုးရှင်းလှသည်။ 

သို့သော် အန်ဂျလီနာ၏ စာမှ ဒုတိယတစ်ကြောင်းကြောင့် လင်းချွမ် ပိုစိတ်ဝင်စားသွား၏။ 

“ဒီက ကျွန်တော့်မိတ်ဆွေတွေကို သိလို့လား”

အန်ဂျလီနာမျက်နှာလေးမှာ မာနရိပ်ကြောင့် ရဲခနဲ ဖြစ်သွားပြီး ချက်ချင်း စာပြန်ပို့လေသည်။ 

“ဒါပေါ့။ မြောက်ပိုင်းအဖွဲ့ရဲ့ အရည်အချင်းကို အထင်မသေးပါနဲ့။ တစ်လောကလုံးက ဘယ်သူ့ကိုမဆို ဆက်သွယ်နိုင်တယ်”

“တကယ် လေးစားစရာပဲ”

လင်းချွမ် လက်မထောင်ပြသော အီမိုဂျီလေးဖြင့် ပြန်ပြောလိုက်၏။ 

အန်ဂျလီနာလည်း လင်းချွမ်၏ အီမိုဂျီလေးကိုကြည့်ကာ ပြုံးသွားမိသည်။ 

“ဆရာရေ သတင်းကောင်းသာ စောင့်နေပေတော့”

“ကောင်းပါပြီဗျာ။ စောင့်နေပါ့မယ်”

လင်းချွမ်ပြုံး၍ ပြောလိုက်၏။ 

“ဆရာ ကျွန်မရဲ့ အရမ်းအရမ်းမိုက်တဲ့ စာအုပ်အညွှန်းကို သဘောကျမှာပါ”

“စာအုပ်ညွှန်းတာမှန်သမျှ သဘောကျပြီးသားပါဗျာ”

“ရှင့်ရဲ့ အဲ့လိုစကားလေး ကြားရတာ ပိုတောင် ကျေနပ်သွားပြီ”

အန်ဂျလီနာ၏အပြုံးလေး ပို၍တောက်ပလာသည်။ 

သူ့စာအုပ်ညွှန်းနည်းမှာ အဆင့်မြင့်၍ စတိုင်ကျလေသည်။ 

နှစ်ဦးသား စကားစပြတ်သွားပြီး လင်းချွမ်ထဲ အိပ်ရာထဲ ဝင်လှဲလိုက်၏။ 

“စနစ်ရေ အခြေအနေ ကြည့်မယ်”

[စာအုပ် : ဟက်ကာလောက]

[လက်ရှိအခြေအနေ : ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း : ၅၂၇/၆၀၀၀ (နိုင်ငံတကာ အမှတ် : ၁၅၃)]

နိုင်ငံတကာကနေ (၁၅၃) မှတ်တောင် ရထားတာလား။ 

ထွက်တာမှ ဘယ်လောက်မှ မရှိသေးဘူး။ 

အန်ဂျလီနာ မဆက်သွယ်မီ သူကြည့်လိုက်စဉ်က (၆၃) မှတ်သာ ရှိပါသေးသည်။ 

အန်ဂျလီနာ၏ သူ့မိတ်ဆွေများအပေါ် ညွှန်းပေးမှုကြောင့် တဖြည်းဖြည်း တိုးတက်လာ၏။ 

နောက်ပိုင်းလည်း ဆက်လက်တိုးတက်နေဆဲ ဖြစ်သည်။ 

“…”

အငှါးတိုက်ခန်းထဲ၌။

လင်းချွမ် ဆက်၍ လှဲမနေနိုင်တော့ပေ။ 

ညချမ်းလေပြေများ ဝှေ့သွားပြီး အပြင်မှ ကြောင်များ အော်ဟစ်သံအချို့ကို ကြားရ၏။ 

သို့သော် လင်းချွမ်ကတော့ ထိုအသံများကို အာရုံမရတော့ချေ။ 

အိပ်ရာပေါ် ငုတ်တုတ်ထိုင်ရင်း အမှတ်များကိုသာ ခဏခဏ သွားသွားကြည့်နေသည်။ 

အမှတ်ပြောင်းလဲမှုများမှာလည်း မြန်ဆန်လွန်း၏။ 

လင်းချွမ် စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင် ဖြစ်နေသည်။ 

ထိုပုံအတိုင်းဆိုလျှင် ရက်ပိုင်းအတွင်း အမှတ် (၆၀၀၀) ပြည့်သွားနိုင်၏။ 

ထိုအခါ နောက်ထပ်အလုပ်အတွေ့အကြုံရပြီး ဝတ္ထုအသစ်များလည်း ထပ်ထုတ်နိုင်ပေမည်။ 

တစိဖက်တွင် လင်းချွမ် အံ့ဩစိတ်လည်း အလွန်များနေ၏။ 

ဒီလောက် မြန်လွန်းတာကျ မများဘူးလား။ 

အရင်ဝတ္ထုများ အောင်မြင်မှုထက်ပင် ကြောက်စရာကောင်းလှသည်။ 

“စာရေးဆရာတစ်ယောက် အောင်မြင်ရင် ဒီလိုပဲ ခံစားရတာလား” 

လင်းချွမ် တစ်ယောက်တည်း ရေရွတ်နေမိသည်။ 

ဘဝထဲသို့ နွေဦးလေပြေ ရုတ်တရက် တိုက်ခတ်သလို နွေးထွေးမှုကို ခံစားနေရလေသည်။ 

All Chapters