← Chapters

အဆင့်မြင့် ဟက်ကာစာအုပ်

Vol. 5 Ch. 72

အဆင့်မြင့် ဟက်ကာစာအုပ်

Vol. 5 Ch. 72

ရုံးခန်းထဲ၌။ 

ကျင်းထန်ကုမ္ပဏီထဲတွင် ဖန်ချန်း လန့်ဖျပ်၍ အရေးပေါ်ကြေညာရန် ပြင်ဆင်နေစဉ် ရှေ့မှ နံပါတ်များ ရေတွက်မှုကြောင့် မှင်တက်နေမိ၏။ 

‘၃ ၂ ၁’

ဟက်ကာလောကဝတ္ထုအတွက် ပရိုဂရမ် စတင်ကာ ခဏအကြာ၌ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ထဲ ရောက်သွားတော့သည်။ 

ဖန်ချန်း အံ့ဩစွာဖြင့် ဝက်ဘ်ဆိုဒ်မျက်နှာပြင်အား ကြည့်နေရင်း ဟက်ကာလောကစာအုပ်နှင့် ပတ်သက်သော အချက်အလက်များ ပေါ်လာ၏။ 

‘ခေါင်းစဉ် : ဟက်ကာလောက’

‘စာရေးဆရာ : မစ္စတာလင်း’

‘အမျိုးအစား : မြို့ပြဘဝ’

‘…’

ထိုအချိန်တွင် ဟက်ကာလောကဟူသော စာတန်း ပျောက်သွားတော့၏။  

ဖန်ချန်းကွန်ပျူတာကိုလည်း ပြန်၍ ထိန်းချုပ်နိုင်သွားသည်။ 

လုံခြုံရေးအတွက်တော့ သူ ချက်ချင်း ကွန်ပျူတာမှ အချက်အလက်များ ပျောက်ဆုံးမှု ရှိမရှိ၊  ဗိုင်းရပ်စ်များရှိမရှိနှင့် ကျင်းထန်အကာအကွယ်တို့ကို စစ်ဆေးကြည့်သော်လည်း အားလုံး ပုံမှန်အတိုင်း ဖြစ်လေသည်။ 

ဖန်ချန်း နဖူးမှချွေးများကို လက်ဖြင့် သုတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ရှေ့မှဝတ္ထုကို နားမလည်နိုင်သလို ကြည့်နေ၏။ 

“ဒီဟက်ကာက ကျင်းထန်ရဲ့အကာအကွယ်ကိုတောင် ထိုးဖောက်ပြီး ငါ့ကွန်ပျူတာအထိ ရောက်လာတာက တကယ် အဆင့်မြင့်တာပဲ”

“ဒါပေမဲ့ အစအဆုံးက ငါ့ကို ဝတ္ထု ကြော်ငြာဖို့ သက်သက် ရောက်လာတာလား”

“ဟက်ကာလောကတဲ့”

ဟက်ကာနောက်ခံဝတ္ထုအား ကြည့်နေမိသည်။ သူ့အလုပ်အကိုင်နှင့်တော့ ကိုက်ညီလေ၏။ 

ဖန်ချန်း မစ္စတာလင်းကိုတော့ မရင်းနှီးပါ။ 

လတ်တလောတွင် နာမည်ကြီးနေသော မစ္စတာလင်းအား ကြားပင် မကြားဖူးပေ။ 

“ဒီလောက် အသည်းအသန်နဲ့ အဆင့်မြင့်မြင့် ကြော်ငြာရအောင် ဘာမို့လို့လဲ”

ဖန်ချန်းရေရွတ်ရင်း မျက်မှောင်ကြုတ်နေလေ၏။ 

နောက်ဆုံးတော့ သိချင်စိတ် ပြင်းပြလာသောကြောင့် ဝတ္ထုအား ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 

‘ကျွန်တော်ဟာ ဟက်ကာတစ်ယောက်’

‘အမှောင်ထဲမှာ အရိပ်လိုနေတတ်တဲ့သူ’

‘…’

ဖန်ချန်းကြည့်နေရင်း အံ့ဩစွာဖြင့်

“ပထမလူအမြင်ကနေ ရေးထားတာပဲ။ တကယ်ပဲ ဟက်ကာတစ်ယောက်ရဲ့ အတ္ထုပတ္တိလား”

သူ ဝတ္ထုကို ပေါ့ပေါ့ပါးပါး ဖတ်နေခြင်း မဟုတ်ပေ။ 

အဘယ်ကြောင့်ဆိုသော် ခုနလေးတင် ကြော်ငြာမှာ သူ့မျက်စိရှေ့အထိ ရုတ်တရက် ထိုးဖောက် ဝင်ရောက်လာခဲ့သောကြောင့် ဖြစ်၏။ 

ထိုအရည်အချင်းမှာ သူ့အတွက် စိုးရိမ်စရာ ဖြစ်လေသည်။ 

စာရေးဆရာများ၏ နောက်ခံမှာ အမျိုးမျိုးရှိ၏။ နယ်ပယ်အသီးသီးမှ စာရေးနေကြသူများစွာ ရှိသောကြောင့် စာထဲတွင် အမှန်တရားများ ပါဝင်နိုင်ပါသည်။ 

ထို့ကြောင့် ဖန်ချန်းဖတ်နေရင်း နှာခေါင်းမရှုံ့မိဘဲ ကြက်သီးများ ထလာ၏။ 

ဒီစာရေးဆရာက တကယ့်ဟက်ကာဘုရင် မဟုတ်ရင်တောင် တော်တော် အဆင့်မြင့်မယ့်ပုံပဲ။ 

သူ ဆက်၍ ဖတ်ကြည့်လိုက်သည်။ 

“X ကုမ္ပဏီဆိုတာ နည်းပညာကုမ္ပဏီတစ်ခုပေါ့။ အရမ်း မကြီးပေမဲ့ လုံခြုံရေး အဆင့်မြင့်တယ်”

“အဲ့နေ့ကို မှတ်မိပါသေးတယ်။ တကယ့် အကာအကွယ်။ ကျွန်တော့်ကို (၆) နာရီလောက် ပိတ်မိနေအောင် လုပ်ခဲ့တာပေါ့”

“သူတို့ရဲ့ အကာအကွယ်က တော်တော် အဆင့်မြင့်မြင့် သုံးထားတာ”

“အဲ့တာက ကျွန်တော့်ရဲ့ အကာအကွယ် ချိုးဖောက်တဲ့ ပထမဆုံး အတွေ့အကြုံပဲ”

“အဲ့အချိန်က ကွန်ပျူတာရှေ့မှာထိုင်ရင်း လုံးဝ အာရုံစိုက်ရင်း အချက်အလက်တွေ ဘယ်လိုခိုးရမလဲ စဉ်းစားနေတာပေါ့”

“အခုနောက်ပိုင်း ကျွန်တော်ဆိုရင်တော့ ဒါမျိုး ပြီးမြောက်အောင် အချိန် (၁၀) မိနစ်လောက်ပဲ ပေးရမယ်”

“အမှန်တော့ အဲ့အကာအကွယ်တွေက ဘာမှမခက်ဘူးလေ”

“…”

ဖန်ချန်း မစ္စတာလင်း၏ အပြောအဆိုကိုကြည့်ရင်း ပိုလန့်လာသည်။ 

သူသာ ထိုနေရာမှာဆိုလျှင် တစ်ရက်လုံး ကြာနိုင်ပါသည်။ 

“တကယ့် ကျွမ်းကျင်ဟက်ကာ၊ နည်းပညာ စာရေးဆရာပဲ။ လုပ်ငန်းစဉ်ကို အစအဆုံး သေချာ မရေးပေမဲ့ သူ့ရဲ့ အရည်အချင်းကို မြင်နေရတယ်”

“တကယ် လေးစားစရာပဲ”

ဖန်ချန်း တံတွေးမျိုချရင်း အားမရစွာဖြင့် ကွန်ပျူတာ မျက်နှာပြင်နား ပိုတိုးကပ်လာသည်။ 

ဝတ္ထုထဲမှ နည်းပညာအကြောင်းအရာများမှာ သူ့ကို အလွန်ဆွဲဆောင်နေသည်။ 

ဖန်ချန်းအတွက် ‘ဟက်ကာလောက’ မှာ ဝတ္ထုတစ်ပုဒ်တင်မကပေ။ 

ဟက်ကာတစ်ဦးအတွက် အဆင့်မြင့်ပညာရပ် စာအုပ်ဖြစ်၏။ 

သူ ကျင်းထန်ကုမ္ပဏီအကာအကွယ်အတွက် မစ္စတာလင်း၏ ပညာများအား အတုခိုးရန် တွေးလိုက်မိသည်။ 

အချိန်မှာ တစ်စက္ကန့်ပြီးတစ်စက္ကန့် လျင်မြန်စွာ ကုန်ဆုံးသွား၏။ 

ဖန်ချန်း အလုပ်များ လျင်မြန်စွာ ကြိုးစားပြီးနောက် မန်နေဂျာအား အကြောင်းကြားကာ အခန်းတံခါးပိတ်၍ ဝတ္ထုကို ဆက်၍ ဖတ်လေသည်။ 

“(၂) နာရီ”

“(၃) နာရီ”

နေ့လယ်ချိန်ရောက်နေသော်လည်း နေ့လယ်စာပင် မစားနိုင်ပေ။ တဖြည်းဖြည်း အပြင်လောကကို မေ့လျော့၍ ဟက်ကာလောကထဲ နစ်မျောသွားလေ၏။ 

သူ့ကိုယ်သူ ဗိုက်ဆာနေမှန်းလည်း သတိမထားမိပေ။ 

ထိုအစား အလွန်ပျော်ရွှင်လျက် တစ်မနက်လုံး ခံစားခဲ့ရသော ခေါင်းကိုက်မှုများလည်း ပျောက်ကင်း၍ တက်ကြွလန်းဆန်းနေတော့သည်။ 

“ပေါက်သွားပြီ”

“အကာအကွယ် ဘယ်လို ပြန်ဆောက်ရမလဲ သိပြီ”

“ဒီတစ်ခါတော့ အကာအကွယ် တိုးမြှင့်ပြီး နိုင်ငံခြား တိုက်ခိုက်မှုတွေကို ခုခံရမယ်”

ဖန်ချန်း အားရပါးရ ရယ်မောလိုက်လေသည်။ 

ထို့နောက် အခန်းအပြင်ထွက်လာပြီး ကုမ္ပဏီ နားနေခန်းထဲမှ ဘီစကစ်အချို့ ယူစား၍ အားလုံးကို အရေးပေါ် အချိန်ပိုအဖြစ် ကြေညာလိုက်သည်။ 

ထိုအချိန်တွင် ဖန်ချန်းတစ်ယောက် အန်လင်း ဆိုက်ဘာဌာနမှ ယွီရှန်ကိုလည်း ဆက်သွယ်ထား၏။ 

ကျင်းထန်နှင့် အန်လင်းရဲစခန်းမှာ ဆက်သွယ်၍ ထောက်ပံ့မှုများ ပေးထားသောကြောင့် အကာအကွယ် အခြေအနေပြောင်းလဲခြင်းအား အသိပေးရပေမည်။ 

နောက်ဆုံး လုံးဝ အောင်မြင်သွားပါက မည်သည့် တိုက်ခိုက်မှုကိုမှ ကြောက်နေစရာ မလိုတော့ချေ။ 

သူ ဟက်ကာလောကဝတ္ထုဖတ်ရင်း ပညာများစွာ ရလိုက်၏။ 

ဖန်ချန်း သူ့ကွန်ပျူတာထဲ ထိုးဖောက်လာသူအား မှားသည်ဟု မထင်ပါ။ 

ထိုအဖြစ်အပျက်ကြောင့်ပင် ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည် စတင်နိုင်ခဲ့ခြင်း ဖြစ်၏။ 

All Chapters