← Chapters

ဟက်ကာက အပျော်ဆော့နေတာလား

Vol. 5 Ch. 73

ဟက်ကာက အပျော်ဆော့နေတာလား

Vol. 5 Ch. 73

“အဖွဲ့မှူးယွီ ကျွန်တော် ဖန်ချန်းပါ။   ကျင်းထန်ကုမ္ပဏီက ဆိုက်ညာနည်းပညာလုံခြုံရေး ဒါရိုက်တာပါ”

ဖန်ချန်း ဖုန်းတစ်ဖက်မှ ဖြေကြားလိုက်၏။ 

“ဒါရိုက်တာဖန်ပဲ။ ဘာကိစ္စများလဲ”

ယွီရှန်မှာ အချိန်ိပိုဆင်းနေချိန် ဖြစ်သည်။ 

“ဒီည ကျင်းထန်ရဲ့ လုံခြုံရေးအကာအကွယ်ကို ပြန်စစ်ဆေးပြီး အဆင့်မြှင့်လိုက်တော့မလို့ပါ။ ဒီအဆင့်မြှင့်တာ အောင်မြင်ရင် လတ်တလော ခံစားနေရတဲ့ နိုင်ငံခြား တိုက်ခိုက်မှုတွေကို ကြောက်စရာမလိုတော့ဘူး”

ဖန်ချန်း ယုံကြည်ချက်အပြည့်ဖြင့် ပြောနေသည်။ 

“ပြန်စစ်ဆေးပြီး အဆင့်မြှင့်မယ်တဲ့လား”

ယွီရှန် အံ့ဩသွား၏။ 

“ဟုတ်ပါတယ်”

“ကောင်းလိုက်တာ”

ယွီရှန် အားရပါးရ ရယ်မောလျက်

“ဒါရိုက်တာဖန်ကတော့ အန်လင်းမြို့ရဲ့ ဆိုက်ဘာ သူရဲကောင်းပဲ”

“မြှောက်လွန်းနေပါပြီဗျာ။ ဒါ ကျွန်တော့်အလုပ်ပဲလေ”

ဖန်ချန်း ပြုံးရွှင်နေ၏။ 

“ဒီစစ်ဆေးပြီး အဆင့်ထပ်မြှင့်တာက အချိန်တော့ နည်းနည်း ကြာလိမ့်မယ်။ ဒါပေမဲ့ မနက်ဖြန်လောက် ပြီးမယ်တော့ ထင်ပါတယ်”

“ကောင်းပါပြီ။ သတင်းကောင်း စောင့်နေပါ့မယ်ဗျာ”

ထို့နောက် ဖုန်းချသွားတော့၏။ 

ဖန်ချန်းလည်း ချက်ချင်း အလုပ်ထဲ နစ်မျော၍ အာရုံစိုက်ထားလေသည်။ 

…

ကောင်းကင်၌ ပြည့်ဝိုင်းသော လမင်းကြီး ထွန်းလင်းလျက်ရှိပြီး ငွေရည်လဲ့နေသော လရောင်များက အန်လင်းရဲစခန်းအပေါ်သို့ ကျရောက်နေ၏။ 

ညနေခင်းလေညင်းများမှာ တလှပ်လှပ် တိုက်ခတ်နေပြီး ရှချင်းချင်း၏ ဆံပင်တိုတိုများကို ထိတွေ့ ဆော့ကစားနေကြသည်။ 

ရှချင်းချင်းမှာ နက်ပြာရောင်ရဲဝန်ထမ်းဝတ်စုံအား ဝတ်ဆင်ထားပြီး ကပိုကရိုဆံနွယ်များကို ဂရုမစိုက်ဘဲ အဖွဲ့မှူးအခန်းတံခါးအား ခေါက်လိုက်၏။ 

“အဖွဲ့မှူး ကျွန်မကို ခေါ်တယ်ဆိုလို့ပါ”

တစ်နေကုန် အလုပ်ပင်ပန်းထားသောကြောင့် ရှချင်းချင်းတစ်ယောက် အလွန်ပင်ပန်းနေပုံ ပေါ်သည်။ 

“ချင်းချင်း ဒီနေ့အန်လင်းနယ်ထဲက ဟန်မြစ်အပိုင်းမှာ နိုင်ငံခြားဟက်ကာ တိုက်ခိုက်မှုတွေ ကြုံနေရတယ်ဆို။ စစ်ဆေးမှုအရတော့ ကွန်ပျူတာနဲ့ ဖုန်းပေါင်း (၁) သောင်းကျော်တောင် ပျံ့နေပြီတဲ့။ ဒိလောက် ပျံ့နှံ့မှု များတာတောင် ထိခိုက်မှုကို မသိရသေးဘူး။ ဒီ အချက်အလက်တွေကိုကြည့်ပြီး ဆက်စုံစမ်းပါ”

အဖွဲ့မှူးယွီမှ ဖိုင်အချို့ လှမ်းပေးရင်း ပြောလိုက်သည်။ 

“ဟုတ်ကဲ့ပါ”

ရှချင်းချင်း သက်ပြင်းချ၍ ဖိုင်များယူကာ စားပွဲသို့ ပြန်လာခဲ့သည်။ 

အချက်အလက်များမှာ အင်တာနက်ကွန်ယက်နှင့် ပတ်သက်၍ ကာကွယ်ရန်၊ ခုခံရန်နည်းလမ်းများ ဖြစ်လေသည်။ 

ယခုကြုံနေရသောကိစ္စမှာ ဗိုင်းရပ်စ်ကြောင့်လား၊ ထရိုဂျန်ကြောင့်လားပင် မသိသေးပေ။ သို့သော် လူအများအပြားသို့ ပျံ့နှံ့ပြီးလေပြီ။ 

ရှချင်းချင်း စုံစမ်းမှုအား ချက်ချင်းစလေ၏။ 

သူကိုယ်တိုင် ပစ်မှတ်အနေဖြင့် မကြုံဖူးသောကြောင့် အရင်းအမြစ်ကိုရှာရန်တော့ ခက်နေသည်။ 

ထို့ကြောင့် ပရိုဂရမ် အဆုံးသတ်အား အရင်ကြည့်၍ အစဖော်ရပေမည်။ 

သူ အချိန်သိပ်မကြာလိုက်ဘဲ အသုံးပြုသူအချို့အား တွေ့ရသည်။ 

“ထူးဆန်းလိုက်တာ။ နိုင်ငံခြားက ပရိုဂရမ်တဲ့ ဆက်ထားတာလေ။ ဘာလို့ ဒေတာတွေ ရှာမရတာလဲ”

ရှချင်းချင်း မျက်မှောင်ကြုတ်နေမိ၏။ 

စစ်ဆေးမှုများ ပြုလုပ်လေ ပို၍ စိတ်ရှုပ်လာလေ ဖြစ်သည်။ 

ထို့နောက် ထိုင်ခုံအနောက်တွင် မှီလိုက်ရင်း ထိုပရိုဂရမ်အား မည်သို့ ဆက်၍ လိုက်ရမည်ကို တွေးနေမိသည်။ 

အချိန်အတော်ကြာပြီးနောက်။ 

သက်ပြင်းချလိုက်ပြီး ဖုန်းထုတ်၍ လင်းချွမ်အား စာပို့လိုက်သည်။ 

“ဆရာလင်း ခဏလောက် အားလားဟင်”

လင်းချွမ်မှ 

“ရဲမေရှ ဘာကိစ္စရှိလို့လဲဗျ”

“အင်တာနက်နည်းပညာအကြောင်း မေးချင်တာလေး ရှိလို့ပါ”

သူ လင်းချွမ်၏ ဝတ္ထုကို ဖတ်ပြီးနောက် နည်းပညာ အရည်အချင်းများစွာ ရှိမည်ဟု ယုံကြည်ပါသည်။ 

ထို့ကြောင့် ပရိုဂရမ်နောက်ခံကို စစ်ဆေးမရတော့သောအခါ လင်းချွမ်နှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်လေသည်။ 

လင်းချွမ်တွင် အဖြေရှိနေနိုင်၏။ 

“မေးပါ။ ကျွန်တော်ကတောင် ဂုဏ်ယူရဦးမယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆွေးနွေးလို့ ရပါတယ်”

လင်းချွမ်မှ ပြန်ဖြေသည်။ 

ရှချင်းချင်းလည်း ဆက်၍

“ဆရာလင်းရယ် ဖုန်းတွေနဲ့ ကွန်ပျူတာကို ပရိုဂရမ်တစ်ခု ဝင်လာပြီး ကျူးကျော်တယ် ထားပါတော့။ ဒါပေမဲ့ ဘာဒေတာမှ မကျန်ခဲ့ဘူး။ အဲ့တာကို ဘယ်လို ဆက်စစ်ဆေးရမလဲဟင်”

ဥပဒေစည်းမျဉ်းများကြောင့် ရှချင်းချင်း နည်းပညာမေးခွန်းကို အဆင်ပြေအောင် မေးလိုက်သည်။ 

လင်းချွမ် ခဏစဉ်းစားပြီးနောက် 

“ရဲမေရှ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို အကောင့်ခွဲသုံးနေတာမျိုး ရှိလား”

“မရှိဘူး”

“အဲ့တာဆို ရဲမေရှတို့စခန်းကနေ ကွန်ယက်နောက်ခံကို စစ်ဆေးလို့ ရတယ်မလား”

“အင်း ရနိုင်တာပေါ့”

“ဒါဆို အချိန်အပိုင်းအခြားအလိုက် နောက်ခံ ကွန်ယက်အချက်အလက်ကို စစ်ဆေးလိုက်ရင် ရပြီပဲ။ ထူးခြားတာတွေ့လာရင် တောက်လျှောက်လိုက်တော့။ အဲ့လိုနဲ့ နောက်ထပ် အချက်အလက်တွေ ရလာပါလိမ့်မယ်”

လင်းချွမ် အခန်းထဲထိုင်နေရင်း ခဏသာ စဉ်းစား၍ ချက်ချင်း သင့်လျော်သောအဖြေကို ပေးလိုက်နိုင်သည်။ 

နည်းလမ်းမှာ ရိုးရှင်းသည်ဟု ထင်ရပြီး အမှန်လည်း မခက်ခဲပေ။ 

လင်းချွမ်မှ နည်းလမ်းရှင်းပြပြီးသောအခါ ရဲစခန်းမှ ပိုအဆင်ပြေအောင် ဆောင်ရွက်နိုင်ပေလိမ့်မည်။ 

ရှချင်းချင်းမှာ နဂိုဉာဏ်ကောင်းသူဖြစ်ပြီး အန်လင်း ဆိုက်ဘာလုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်ကောင်း ဖြစ်သည်ဟု လင်းချွမ် ယုံကြည်ပါသည်။ 

“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်နော် ဆရာလင်း”

ရှချင်းချင်း အားလုံး သဘောပေါက်သွားပြီးနောက် မျက်နှာမှ ပင်ပန်းနွမ်းနယ်မှုများမှာ အပြုံးလေးဖြင့် အစားထိုးနိုင်သွားသည်။ 

“ရှင့်အတွက် ဘာမှမဟုတ်ပေမဲ့ ကျွန်မကတော့ (၂) နာရီလောက် အချိန်ပို ဆင်းလိုက်ရတာပဲ။ နောက်တစ်ခါမှ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်း လိုက်ကျွေးပါတော့မယ်”

ရှချင်းချင်း ပြုံး၍ ပြောလိုက်၏။  

လင်းချွမ် ပြုံးကာ

“ရပါတယ်။ ရဲမေရှန် ထမင်းလိုက်ကျွေးတာ စောင့်နေမယ်နော်”

ထို့နောက် စကားစဖြတ်၍ ရှချင်းချင်း သက်ပြင်းချကာ အဖွဲ့မှူးယွီရှန်အား တင်ပြလိုက်လေသည်။ 

နောက်ခံ ကွန်ယက်များကိုပါ စစ်ဆေးခွင့်ပေးရန် ခွင့်ပြုချက် တောင်းလိုက်၏။ 

ဤသို့ဖြင့် လင်းချွမ်အကြံပေးသည့်အတိုင်း စတင် လုပ်ဆောင်တော့သည်။ 

ကျွမ်းကျင်ပညာရှင်၏ လမ်းညွှန်မှုဖြင့် သူ့လုပ်ဆောင်ရည်များ တိုးတက်လာခဲ့သည်။ 

တစ်နာရီခန့်ကြာပြီးနောက်။ 

ရှချင်းချင်း ထိုင်ခုံတွင်ထိုင်လျက် မျက်မှောင်ကြုတ်နေပြန်၏။ 

အလွန်လည်း စိတ်ရှုပ်ထွေးလာမိသည်။ 

အဘယ်ကြောင့်ဆိုသော် နောက်ခံကွန်ယက်မှာ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ဟု ပြနေလေသည်။ 

ထို့နောက် ထိုဝက်ဘ်ဆိုဒ်ထဲ ဝင်ဖူးသူတိုင်းကို ဆက်သွယ်၍ ဝတ္ထုတစ်ခုထံ အရောက်ပို့ပေးခြင်း ဖြစ်၏။ 

“ဟက်ကာလောက”

“ဒေါက် ဒေါက် ဒေါက်”

“အဖွဲ့မှူး… ပရိုဂရမ်ရေးဆွဲတဲ့သူတွေက နိုင်ငံခြားက အရည်အချင်းမြင့်တဲ့သူတွေဆိုတော့ IP ကို သိဖို့တော့ ခက်နေပါသေးတယ်။ အဲ့တာကြောင့် ဒေတာတွေရဲ့ အပိုင်းအလိုက်ဖြတ်ပြီး စစ်ဆေးနေတုန်းပါ”

ရှချင်းချင်းမှ အခြေအနေကို တင်ပြလိုက်၏။ 

ယွီရှန်မှာတော့ အံ့ဩစွာဖြင့်

“စစ်ဆေးတာက အဲ့လောက်တောင် တိုးတက်နေပြီလား”

ရှချင်းချင်းလည်း ရုတ်တရက် မှင်တက်သွားသည်။ 

သူ လင်းချွမ်၏ဝတ္ထုမှ ပညာများကြည့်၍ အကြံရခဲ့ခြင်း ဖြစ်၏။ 

ထို့နောက်ဆက်၍

“အခုတော့ စစ်ဆေးကြည့်သလောက် ပရိုဂရမ်က ဗိုင်းရပ်စ်ရော၊ ထရိုဂျန်ရော မဟုတ်ဘဲ ဆော့ဖ်ဝဲတစ်ခု ထင်ပါတယ်”

“နိုင်ငံခြားကနေ ဒီလောက် လူတွေ အများကြီးကိုလား။ ရည်ရွယ်ချက်က ဘာလဲ”

အဖွဲ့မှူးယွီ မျက်မှောင်ကြုတ်၍ နားမလည်နိုင် ဖြစ်နေ၏။ 

“အာ အဲ့တာက ကျွန်မအထင်တော့ ဝတ္ထု ကြော်ငြာဖို့ ထင်တယ်”

“ဟင်”

ယွီရှန် မျက်လုံးပြူးလျက် မယုံကြည်နိုင် ဖြစ်နေသည်။ 

“ဒီလောက် အကာအကွယ်တွေအားလုံး ထိုးဖောက်ပြီး ကြိုးစားခဲ့တာက ဝတ္ထုကြော်ငြာဖို့တဲ့လား။ ဟက်ကာက ပြဿနာရှာရရင် ပျော်တာလား”

All Chapters