← Chapters

စတူဒီယို ကျယ်ပြန့်ခြင်း

Vol. 6 Ch. 84

စတူဒီယို ကျယ်ပြန့်ခြင်း

Vol. 6 Ch. 84

ဖုန်ချန်း နေ့လယ်လောက်တွင် ရဲစခန်းမှ ပြန်လာခဲ့၏။ 

အန်လင်းမြို့ပေါ်သို့ နေရောင်ခြည်ဖြန့်ကျက်လျက် တိုက်မြင့်မြင့်များ၏ ဖန်သားများမှာ အရောင်တလက်လက် ထနေသည်။ လမ်းမပေါ်တွင်တော့ ကားများ ကြပ်ပိတ်နေပြီး ဆူညံသံများ ပြည့်နှက်နေ၏။ 

ဖုန်ချန်းကတော့ ထိုအခြေအနေများကို ဂရုမစိုက်ဘဲ ကားလေးကိုယ်တိုင် မောင်း၍ ကျင်းထန် ကုမ္ပဏီသို့ ပြန်လာခဲ့သည်။ 

ရုံးရောက်သောအခါ မန်နေဂျာအား တစ်နေကုန် ဖြစ်ပျက်ခဲ့သည်များအား တင်ပြလိုက်သည်။ 

ထို့နောက် သူ့ရုံးခန်းထဲဝင်၍ အခန်းတံခါးပိတ်ကာ ထိုင်ခုံပေါ်ထိုင်ရင်း ဖြစ်စဉ်အစအဆုံးအား ပြန်တွေးနေမိသည်။ 

စိတ်ထဲတွင်လည်း ပို၍ ရှုပ်ထွေးလာသည်။ 

အထူးသဖြင့် AW အဖွဲ့ ကွန်ပျူတာများပေါ်မှ အနီရောင်အလံများကို ဖြစ်သည်။ ထိုအခြေအနေ အားလုံးမှာ လုံးဝ မမျှော်လင့်ထားသောကိစ္စ ဖြစ်၏။ 

ဖတ်ဖူးသော ဟက်ကာဝတ္ထုများထက်ပင် စိတ်လှုပ်ရှားစရာ ကောင်းသေးသည်။ 

“အဖွဲ့အခြေအနေကို မကြည့်တာတောင် ကြာပြီ”

ဖုန်ချန်း နဖူးလေးပွတ်လျက် ပြုံးကာ ဖုန်းထဲမှ စကားပြောခန်းအား ဖွင့်လိုက်၏။ 

“ကီးဘုတ်ရူး” စာဖတ်သူအဖွဲ့ထဲတွင် လူပေါင်း (၂) ထောင်ရှိ၏။ 

“ဟင်”

ဖုန်ချန်း စာများကိုကြည့်နေရင်း အံ့ဩသွားသည်။ သူ ဘာမှမရေးတာကြာပြီဖြစ်၍ အားလုံး ငြိမ်နေခဲ့သော်လည်း ယခုမှ စာများစွာ ဝင်နေလေသည်။ 

ဖုန်ချန်း စိတ်ဝင်တစား အမြန်ဝင်ကြည့်လိုက်၏။ 

[ဟက်ကာနတ်ဘုရားက တော်လိုက်တာ]

[စာရေးဆရာကြီး ဖုန်ချန်းတောင် ဒီလို မလုပ်နိုင်ဘူး]

[အပြင်မှာ တကယ်ကြီး ဖြစ်လာတာ မယုံနိုင်စရာပဲ]

[ဖုန်ချန်းကို ထွက်လာခိုင်းလိုက်ပါဦး။ ပညာယူရအောင်]

[…]

ဖုန်ချန်း အံကြိတ်၍ စာအားလုံးကို ဖတ်ကြည့်နေ၏။ 

အဖွဲ့ထဲတွင် အသက်ဝင်နေသည်မှာ ယနေ့ လီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ အခြေအနေကို တွေ့ပြီး၍ ဖြစ်ပါသည်။ 

[တရုတ်နိုင်ငံမှာ ဒီလိုလုပ်နိုင်တာ ဘယ်သူရှိမလဲ]

[ဒီပွဲအပြီးမှာ ဟက်ကာတွေ ပြန်တိုးတက်လာမယ် ထင်တယ်]

[ဟုတ်တယ်။ နောက်ဆုံးတစ်ခါက Red Hacker လှုပ်ရှားမှုအပြီးလေ]

[သူတစ်ယောက်တည်း လုပ်နိုင်တယ်ဆိုတာကို တွေးလို့ မရဘူး]

[ဖုန်ချန်း ခင်ဗျားလား]

ဖုန်ချန်း စာများဖတ်နေရင်း စိတ်ပျက်လက်ပျက်ဖြင်ါ

“ငါ့မှာ အဲ့လိုအရည်အချင်း ဘယ်မှာရှိလို့လဲ”

[အမလေး ညီအစ်ကိုတို့ရေ စာရေးဆရာကြီး အသက်ပြန်ရှင်လာပြီ]

[အဲ့လောက် အရည်အချင်းမရှိမှန်း သိသားပဲ။ တမင် ပြောင်ချင်လို့ မေးတာလေ]

[ခင်ဗျားကို မေးစရာရှိတယ်။ ဟက်ကာနတ်ဘုရားနဲ့ ခင်ဗျား ယှဉ်နိုင်မယ်ထင်လား]

ဖုန်ချန်း ရယ်မော၍

“သူ့ကိုယှဉ်ရမှာ ဘယ်ဖြစ်မလဲ”

အားလုံး တက်ကြွစွာ ဝိုင်းပြောနေရင်း အဖွဲ့လေးမှာ လန်းဆန်းနေသည်။ 

သူ ထိုအဖွဲ့ကို ပစ်ထားမိသည်မှာ အလွန်ကြာလေပြီ။ 

နောက်ဆုံးမှ မနက်က ကြောက်စရာအဖြစ်အပျက်ကို ပြန်တွေးမိကာ ဖုန်းတစ်ခုကို ဆက်လိုက်၏။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ မင်ယွီဖြစ်သည်။ 

“မင်ယွီ ကျွန်တော် ဟက်ကာအကြောင်း စာအုပ်တစ်အုပ်လောက် ရေးမလို့”

ဖော်မြူလာမှ ပြောလိုက်သည်။ 

…

ကန္တာရ အင်တာနက်ဆိုင်။ 

ဧည့်ကြိုကောင်တာဘေးမှ ရုံးခန်းငယ်ထဲတွင် လင်းချွမ် ဖုန်းကို လက်မှချ၍ AW နှင့် တိုက်ခိုက်ခဲ့သည်ကို ပြန်တွေးမိ၏။ 

“လင်း ပြန်ထိန်းသိမ်းတာတွေ အကုန်ပြီးပြီလား”

ကျန်းရန် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။ 

…

သူသည် ဟက်ကာလောကမှ မဟုတ်သောကြောင့် ကုဒ်များအကြောင်း နားမလည်ပေ။ 

သူတို့ထဲတွင် လီချင်းကမှ အနည်းငယ် နားလည်ပါသေးသည်။ 

သို့သော် အသိပညာ အလွန်ကွာခြားနေ၏။ 

လင်းချွမ် တစ်ဖက်စားပွဲဘေး ဝင်ထိုင်၍ လက်ဖက်ရည်တစ်ကျိုက် မော့ကာ ပြုံး၍

“ထိန်းသိမ်းတာတွေတော့ ပြီးပါပြီ။ လတ်တလောတော့ အေးအေးဆေးဆေး နေရမှာပါ”

AW မှာ အလွန်အားနည်းသွားပြီ ဖြစ်၏။ 

ကျန်းရန် ဝမ်းသာအားရဖြင့်

“လင်းရယ် မင်းရဲ့အရည်အချင်းက တခြားကုမ္ပဏီကြီးတွေကိုတောင် ယှဉ်နိုင်တာပဲ”

လင်းချွမ်ပြုံး၍ 

“အဲ့လောက်အထိတော့ မဟုတ်သေးပါဘူး”

“မင်းက အရမ်းနှိမ့်ချတာကိုး လင်းရဲ့”

ကျန်းရန် နောက်တစ်ခွက် ထပ်ဖြည့်ပေးလိုက်၏။ 

“ဟုတ်ပါပြီ ဦးလေးရယ်။ ဒီအရေးပေါ် ထိန်းသိမ်းရေးအတွက် ပိုက်ဆံရှင်းဖို့သာ ပြင်ထားပေး”

လင်းချွမ်ဘေးတွင် ထိုင်နေသော ကျန်းရှင်းရှင်းမှ ဝင်ပြောလေသည်။ 

ကျန်းရန် မဲ့ရွဲ့၍

“ငါက နင့်ဦးလေးအစစ်ပါနော်”

“ဦးလေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပိုက်ဆံကိစ္စကတော့ ရှင်းရှင်းလင်းလင်း လုပ်ရမှာပဲ”

ကျန်းရှင်းရှင်း ခေါင်းလေးစောင်းလျက် ချစ်စရာကောင်းစွာ ပြောသည်။ 

ထို့နောက် ဆိုင်မှ ပြန်လာခဲ့ကြပြီး လမ်းတွင် ကျန်းရှင်းရှင်း ဗိုက်လေးကို ပွတ်လျက်

“ဆရာ ဗိုက်မဆာဘူးလား”

လင်းချွမ် အချိန်ကိုကြည့်လိုက်သောအခါ နေ့လယ် (၁၂) နာရီ ဖြစ်လေသည်။ 

“နေ့လယ်စာစားချိန်ပဲ”

စတူဒီယိုမှ ယနေ့ ပိုက်ဆံများစွာ ရှာနိုင်ခဲ့သောကြောင့် ကျန်း ပျော်ရွှင်စွာ ရယ်မော၍

“ဆရာ ဒါဆို နေ့လယ်စာ သွားစားကြမယ်လေ”

“လီချင်းလည်း လာလေ။ အတူ သွားကြမယ်”

လင်းချွမ်မှ ခေါ်လိုက်၏။ 

“သူဌေး ကျွန်တော် သူဌေးရဲ့ တိုက်ခိုက်နည်း၊ ခုခံနည်းတွေ ပြန်လေ့လာချင်သေးလို့ မလိုက်တော့ပါဘူး”

လီချင်းမှ ပြန်ဖြေ၏။ 

သူဌေးနဲ့ သူဌေးကတော် နေ့လယ်စာ သွားစားတာကို ဝန်ထမ်းက တကောက်ကောက် လိုက်နေရင် မုဒ်ပျက်တာပေါ့။ 

မလိုက်ပါဘူး။ 

ထို့နောက် ကျန်းရှင်းရှင်း၏ လျှပ်စစ်စကူတာလေး စီးကာ လင်းချွမ်တို့ လမ်းဘေးဆိုင်တစ်ခုသို့ ဝင်၍ နှစ်ယောက်တည်းကမ္ဘာ စတင်ကြလေသည်။ 

“ဗိုက်မဆာဘူးလား။ ထပ်စားဦးလေ”

ကျန်းရှင်းရှင်း ပွဲသေးများသာ မှာထား၍ လင်းချွမ်မှ သတိပေးလိုက်၏။ 

ကျန်းရှင်းရှင်း ဗိုက်လေးပွတ်လျက်

“ထပ်စားရင် ဗိုက်ပူလာမှာပေါ့။ နောက်ပိုင်း အရေးကြီး စီးပွါးရေးအစည်းအဝေးတွေရှိရင် ရှက်စရာ ကောင်းတယ်လေ”

လင်းချွမ် စားလက်စရပ်သွားပြီး

“ဘာအစည်းအဝေးတုန်း”

“ကျွန်မတို့ရဲ့ စတူဒီယို ၇၂၀ က အရမ်းတောက်ပလာတော့မှာလေ။ ဒီလို စတူဒီယိုလေးဆိုတာ အစပိုင်းပဲ။ တကယ့်ပန်းတိုင်က အကြီးဆုံးအထိ သွားမှာ”

ကျန်းရှင်းရှင်း စိတ်လှုပ်ရှားစွာ ပြော၏။ 

လင်းချွမ်အံ့ဩစွာကြည့်လျက်

“မင်းက အစီအစဉ်တွေတောင် ချပြီးနေပြီလား”

ကျန်းရှေ့သို့ တိုးလာပြီး ပြုံး၍

“ဒီတစ်လောအတွင်း စီစဉ်နေတာလေ။ ပထမအဆင့်က အန်လင်းမြို့က အင်တာနက်ဆိုင် အကုန်လုံးနဲ့ စာချုပ်ချုပ်မယ်။ နောက်တစ်ဆင့်က ကုမ္ပဏီစာရင်းသွင်းပြီး ကျင်းထန်တို့လို ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ရမယ်။ သတင်းကောင်း အတွက်ဆိုရင် ရဲစခန်းနဲ့ မြန်မြန် ပူးပေါင်းနိုင်တာမျိုးပေါ့။ တတိယအဆင့်ကတော့ လူရှေ့ထွက်ပြီး ကိုယ်တိုင် တည်ဆောက်မယ်”

“ကျွန်မတို့ရဲ့ စတူဒီယို ၇၂၀ တဲ့လား”

“ကျွန်မတို့က စီးပွါးဖက်တွေလေ။ မဟုတ်ဘူးလား”

သူ မျက်တောင်လေး တဖျတ်ဖျတ်ခတ်၍ မေး၏။ 

လင်းချွမ်ပြုံးကာ

“ဟုတ်ပါပြီဗျာ”

“အဲ့လိုဆို ကျွန်မတို့ လိုချင်သလောက် ပိုက်ဆံတွေရပြီး ကြိုက်တာ လုပ်နိုင်ပြီ”

All Chapters