← Chapters

စက်ရုံအကြောင်း ဘယ်လိုလုပ် သေချာသိနေတာလဲ

Vol. 6 Ch. 90

စက်ရုံအကြောင်း ဘယ်လိုလုပ် သေချာသိနေတာလဲ

Vol. 6 Ch. 90

မြစ်ကမ်းဘေးတစ်လျှောက်တွင် လေပြေများ တိုက်ခိုက်ရင်း ညမှာပိုမှောင်လာ၏။ 

ဝမ်ကျီခန် လင်းချွမ်ကို မျက်လုံးပြူးကြည့်လျက်

“မင်း… မင်း subscription (၁) သောင်း ရသွားပြီလား”

“ဟုတ်တယ်။ ဟက်ကာလောကနဲ့ (၁၃၀၀၀) အထိ ရောက်သွားတာလေ”

လင်းချွမ် ပြုံး၍ပြောလိုက်သည်။ 

ထို့နောက် စနစ်မှ အချက်အလက်များကို အမြန် ကြည့်လိုက်သေးသည်။ 

ပြည်တွင်း : ၅၁၂၀။ 

ပြည်ပ : ၈၀၀၈။ 

“(၁၃၀၀၀) တောင်လား”

ဝမ်ကျီခန် လုံးဝ မယုံကြည်နိုင် ဖြစ်နေ၏။ 

“ငါက အခုမှ ပြစ်မှုဆန့်ကျင့်ရေး ပြိုင်ပွဲအတွက် ပြင်နေတုန်း ရှိသေးတယ်။ မင်းက ရပြီးပြီလား”

လင်းချွမ် ဖုန်းထုတ်၍ အင်တာနက်တစ်ခွင်မှ သူ့သတင်းများကို ပြလိုက်၏။ 

ဝမ်ကျီခန် သတင်းများကိုကြည့်ကာ လန့်ဖျပ်၍

“ငါ့မှာတော့ စိတ်ညစ်စရာတွေ ရင်ဖွင့်ဖို့ လာတာ။ ဒါပေမဲ့ မင်းက ငါ့အတွက် အနာကျင်ရဆုံး ဖြစ်နေတာပဲ။ စိတ်ကုန်လိုက်တာ။ အဟွတ်”

စိတ်ညစ်နေသော ညီဖြစ်သူကို မမြင်ရသော်လည်း ကောင်းစားနေသည်အားကြည့်ရန် ပိုခက်ခဲပါသည်။ 

“အစ်ကိုဝမ်ကလည်း ညီလေး အဆင်ပြေနေတာကို ပျော်ရမှာမဟုတ်ဘူးလား”

လင်းချွမ် နောက်လိုက်၏။ 

ဝမ်ကျီခန် မျက်နှာပျက်လျက်

“လင်း ငါ ပျော်တာပေါ့။ အရမ်း ပျော်တာပဲ” 

လင်းချွမ်လည်း သူ့ကိုကြည့်၍ ရယ်မောနေမိတော့သည်။ 

ဝမ်ကျီခန် လင်းချွမ်ကို စိုက်ကြည့်ကာ

“လင်း ဒီနှစ်က မင်းနှစ်ပဲ ထင်တယ်”

“ဟုတ်တယ်”

လင်းချွမ်လည်း ခေါင်းငြိမ့်ပြ၏။ 

သူ ယခုနှစ်ထဲ (၂၄) နှစ် ရှိလေပြီ။ 

“မင်းဝတ္ထုတွေ ဆက်တိုက်အောင်မြင်နေတာ မဆန်းပါဘူး”

လင်းချွမ် ပြုံး၍

“အစ်ကိုဝမ် ပြိုင်ပွဲ မဝင်တော့ဘူးလား။ ယုယွီဆီက ကြားတာတော့ ဆုက ရုပ်ရှင်အဖြစ် ဖန်တီးခွင့်ပါ ရမှာနော်။ အဲ့အခါ ချီချီ့အသိုင်းအဝိုင်းထဲလည်း ဝင်ဆံ့နိုင်ပြီ”

“လင်းရယ် ပြောမနေပါနဲ့တော့။ ဒီည ငါ အရမ်း ခံစားလွယ်နေတယ်”

ဝမ်ကျီခန် သက်ပြင်းချ၍ ပြောလိုက်၏။ 

“ဒါနဲ့ မင်းရော ဝင်ပြိုင်မှာလား”

“အင်း”

“ငါ အဲ့လိုအကြောင်းရေးမယ် တွေးလိုက်တိုင်း ဘယ်က စရမလဲ မသိဘူး။ မင်းရော အဲ့လိုပဲလား”

“ဟင့်အင်း”

လင်းချွမ် အမှန်အတိုင်း ပြောပြလိုက်သည်။ 

အဘယ်ကြောင့်ဆိုသော် သူ့တွင် ဝှက်ဖဲရှိနေ၍ ဖြစ်၏။ 

“မင်းက အဲ့အကြောင်းတွေ ကျွမ်းတဲ့ပုံပဲ”

သူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ 

“နည်းနည်းပါးပါးပါ”

“ဒါဆို ငါ့စာအုပ်လေး ဖတ်ကြည့်ပြီး ဝေဖန်ပေးပါလား”

အွန်လိုင်းစာပေလောကတွင် စာရေးဆရာအချင်းချင်း ဝေဖန်အကဲဖြတ်ပေးသည်မှာ ပုံမှန်ကိစ္စပင်။ 

“ကောင်းပါပြီ။ ညလယ်စာ လိုက်ကျွေးမယ်ဆိုတော့လည်း”

လင်းချွမ် စနောက်၍ ပြောလိုက်၏။ 

အစ်ကိုဝမ်လည်း ရယ်မောနေတော့သည်။ 

ထို့နောက် သူ့ဝတ္ထုဖိုင်အား လင်းချွမ်ထံ ပို့ပေးလိုက်သည်။ 

‘မလွတ်မြောက်နိုင်သော’

“ခေါင်းစဉ်လေး ကောင်းသားပဲ”

လင်းချွမ် စိတ်ဝင်တစား မှတ်ချက်ပြုပြီးနောက် ဆက်၍ ဖတ်ကြည့်သည်။ 

‘ချူရှန် သူ့ဖုန်းကိုကိုင်၍ တစ်ခုခုသိနေသလို ပြုံးလိုက်သည်။ 

‘ဖုန်းထဲတွင် ပေါ်လာသည်မှာတော့ အွန်လိုင်းချစ်သူလေးထံမှ စာများ ဖြစ်၏။’

‘အစ်ကို ကျွန်မကို မလွမ်းဘူးလားဟင်”

‘အစ်ကို ကျွန်မ အရမ်းတွေ့ချင်နေပြီ’

‘ကျွန်မတို့ချစ်နေတာ တစ်လလောက် ရှိပြီကို။ ဘယ်တော့ လာတွေ့မှာလဲ’

ချူရှန်မှ

‘ဒီအပတ်ထဲ သူဌေးနဲ့ သွားတွေ့ရမှာ။ လစာထုတ်ပြီးတာနဲ့ လာတွေ့မယ်နော်’

‘အစ်ကို အလုပ်ပြုတ်သွားတာ ကျွန်မကြောင့်ပါ’

မိန်းကလေးမှ ရိုးသားစွာ ပြော၏။ 

‘ချူရှန်၏ မျက်နှာလေးပြုံးသွားပြီး ခံစားချက် ကောင်းနေ၏။’

‘သူ (၂၃) နှစ်လုံး တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းခဲ့ပြီး တက္ကသိုလ်လည်း မတက်ခဲ့ရပေ။ ဝက်အူလှည့်စက်ရုံတွင်သာ (၆) နှစ်လုံး အလုပ်လုပ်ခဲ့ပြီး မည်သည့်မိန်းကလေးမှ သူ့ကို စိတ်မဝင်စားခဲ့၊ စကားပင် မပြောချင်ခဲ့ကြပေ။’

‘ထိုအွန်လိုင်းပေါ်မှ မိန်းကလေး၊ သူ့ကို အစ်ကိုဟုခေါ်သော မိန်းကလေးကြောင့်သာ စိတ်ထဲ ပျော်ရွှင်ရလေသည်။’

‘ထို့နောက် ချူရှန် လွယ်အိတ်လေး လွယ်ကာ သူ့ အွန်လိုင်းချစ်သူလေးကို ရှာရန် ထွက်လာခဲ့တော့သည်။’

‘နိုင်ငံခြားမှာ ရှိနေလျှင်ပင်ဖြစ်၏။’

‘…’

လင်းချွမ် အဖွင့်ကို ဖတ်ပြီးနောက် အစအဆုံး တစ်ခေါက် အကြမ်းဖျင်း ပြန်ကြည့်၍ လက်မထောင်ပြလိုက်၏။ 

“အဖွင့်က ကောင်းပါတယ်။ ရည်ညွှန်းချက်မှာလည်း ပြောစရာမရှိဘူး။ ချူရှန်က အွန်လိုင်းချစ်သူကို ရှာဖို့ ထွက်လာရင်း စက်ရုံမှာ ရောင်းစားခံလိုက်ရတာလေးလည်း အဆင်ပြေတယ်”

လင်းချွမ်မှ ဆက်၍

“ချူရှန်က လူလိမ်ဆိုရင်တော့ ဇာတ်အိမ်တည်ဖို့ ပိုကောင်းမယ်။ ရေးရတာလည်း အခက်ဆုံး ဖြစ်မယ်”

“ဟုတ်တယ်”

ဝမ်ကျီခန် ထောက်ခံမိ၏။ 

“ငါ အဲ့နယ်ပယ်မှာ တစ်ခါမှ မလုပ်ဖူးဘူးလေ။ ရေးရတာ ခက်သလို လက်တွေ့လည်း မကျဘူး”

ထိုကဲ့သို့ ပြစ်မှုဆန့်ကျင်ရေးဝတ္ထုများမှာ လက်တွေ့ကျပြီး ကိုယ်တိုင် ဝင်ခံစားသကဲ့သို့ ရေးနိုင်မှ အကျိုးသက်ရောက်ပေမည်။ 

ဟာကွက်များနေပါက ဖတ်ရသူလည်း ခံစားချက် လျော့၏။ 

“လင်း ဘယ်နားတွေ အဆင်မပြေလဲ သေချာ ပြောပြပေးပါလား”

ဝမ်ကျီခန်တစ်ယောက် လင်းချွမ်၏ အကြံပေးချက် တောင်းရလောက်အောင် အမြင်ပွင့်နေလေပြီ။ 

လင်းချွမ်ပြုံး၍ တစ်နေရာကို လက်ညှိုးထိုးလျက်

“ဒီနားက နည်းနည်းလိုနေတယ်။ ပြောရရင် စက်ရုံနယ်နိမိတ်ထဲမှာ စူပါမားကတ်တွေအထိ ရှိတယ်။ ဒါပေမဲ့ ဈေးကတော့ တော်တော် ကြီးတာ။ အပြင်ထက် (၄) ဆလောက် ဈေးပိုကြီးတယ်။ လူသစ်တွေဆိုရင်တော့ အစပိုင်း နေထိုင်စရိတ် ပေးသေးတယ်။ တချို့လည်း မပေးဘူး။ ကော်မရှင်ခ ရအောင်ပဲ ကြိုးစားရတာ”

ဝမ်ကျီခန် မျက်မှောင်ကြုတ်လျက်

“စံနှုန်း မပြည့်ရင်ရော။ အငတ်ခံပြီး သေရမှာလား”

လင်းချွမ် မျက်နှာပျက်၍

“အဲ့လိုလူတွေကို ခဏခဏဖြစ်လာရင် တခြား စက်ရုံဆီ ရောင်းစားတာပေါ့။ စားစရာကတော့ အိမ်ကပို့ရင်စား။ မပို့ရင်လည်း သူများအကျန်ပေါ့”

ဝမ်ကျီခန် မျက်မှောင်ကြုတ်လျက်

“အဲ့တာ လူစားတာနဲ့ ညီလို့လား”

“အင်း တချို့သူဌေးတွေက ယုတ်မာတယ်။ အကျန်တွေကို အတင်းစားခိုင်းတာ”

အစ်ကိုဝမ် ကြားရုံဖြင့် ရွံလာပြီး

“တကယ်ပါပဲ။ လူလူချင်း မစာနာကြဘူး”

“စက်ရုံထဲမှာ လူသားချင်း စာနာတာတွေ မရှိဘူး။ အကျိုးအမြတ်တစ်ခုတည်းပဲ ကြည့်တာ”

လင်းချွမ် ပြုံး၍ ပြောလိုက်၏။ 

ဝမ်ကျီခန် သက်ပြင်းချကာ

“စာအုပ်ထဲမှာ တခြားပြင်စရာရော ရှိသေးလား”

လင်းချွမ် နောက်တစ်ပိုဒ်ကို ထောက်ပြ၍ 

“ဒီမှာရေးထားတဲ့ လိမ်နည်းက ယုတ္တိမရှိဘူး”

“ပြောပါဦး”

လင်းချွမ် ခဏစဉ်းစား၍

“အွန်လိုင်းလိမ်လည်မှုတွေက အမျိုးမျိုး ရှိတယ်။ ဖုန်းနဲ့လိမ်တာ၊ ဗီဒီယိုနဲ့ စကားပြောတာ၊ ဂိမ်းပစ္စည်း ရောင်းတာ၊ လောင်းကစားနဲ့ အစုံပဲ”

“စာအုပ်ထဲမှာ ချူရှန်အလုပ်လုပ်တဲ့ဆီက တရားမဝင် ငွေကြေးအကြောင်းလို့ ပြောတယ်။ အဲ့နည်းဆိုရင် လူလိမ်က သူ့ကိုယ်သူ အရင် ပြင်ဆင်ရမယ်။ ဥပမာ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုရဲ့ ရာထူးကြီးကြီး၊ ကားအကောင်းစားတွေနဲ့ ရုပ်ချောချောပုံတွေ တင်ထားတာမျိုးပေါ့။ တခြားဆယ်လီတွေနဲ့ပါ ရင်းနှီးပုံပေါ်ရင် ပိုကောင်းတယ်” 

ဝမ်ကျီခန် သူ့ကိုငေးလျက်

“ငါ့ဇာတ်လမ်းက ချူရှန်က တက္ကသိုလ်မတက်ဖူးသလို အင်္ဂလိပ်စာလည်း မကောင်းဘူးလေ။ အဲ့လို အယောင်ဆောင်ဖို့ မဖြစ်နိုင်ဘူး”

လင်းချွမ် ပြုံးလျက်

“စက်ရုံထဲမှာ ပစ္စည်းအစုံ ရှိပြီးသားလေ။ စကားပြန်စက်၊ အသံပြောင်းစက်တွေက အခြေခံပဲ”

ဝမ်ကျီခန် မျက်လုံးအရောင်လေး တောက်သွား၏။ 

“ကောင်းလိုက်တာနော်”

ထို့နောက် ရုတ်တရက် လင်းချွမ်ကို မျက်မှောင်ကြုတ်ကြည့်ကာ

“မင်းက စက်ရုံအကြောင်း ဘာလို့ အဲ့လောက် သိနေတာလဲ”

All Chapters