← Chapters

အလံနီများ

Vol. 6 Ch. 81

အလံနီများ

Vol. 6 Ch. 81

နိုင်ငံတကာ ဟက်ကာတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း။ 

ဟက်ကာနတ်ဘုရားဟူသော ချန်နယ်မှာ အလွန် နာမည်ကြီးနေပြီး ဟက်ကာများစွာအား ဆွဲဆောင်ထားသည်။ 

[လီနာ နတ်ဘုရားမ တိုက်ရိုက်ထုတ်လွှင့်နေတာလား]

[အကြာကြီး စောင့်လိုက်ရတာ လီနာရယ်။ ကွန်ယက် စည်းမျဉ်းတွေအကြောင်း ပြောပြပါဦး]

[လီနာရေ မျက်နှာလေးပြလို့ မရဘူးလား]

[နည်းနည်းလောက် ပညာထုတ်ပြပါဦး။ သင်ချင်လို့ပါ]

[…]

ချန်နယ်ထဲတွင်။ 

ဟူဒီအနက်နှင့် မျက်နှာအကာတပ်ထားသော မိန်းကလေးတစ်ဦး အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောဆိုနေသည်။ 

“ဒီနေ့ကတော့ သင်ကြားမှု မပါပါဘူး။ ဘာပညာမှလည်း မပြပါဘူး။ ဟက်ကာသမိုင်းမှာ အလွတ်မခံသင့်တဲ့ ဆိုက်ဘာစစ်ပွဲတစ်ခုကို ပြပေးမလို့”

အန်ဂျလီနာမှာ ထက်မြက်လှသော အရည်အချင်းများကြောင့် ဖန်များစွာ ရှိနေသည်။ 

သူ ချက်ချင်း အောင်မြင်သွားသည်မှာ ဟက်ကာများစွာကို စိတ်ဝင်စားလာစေရန် နည်းပညာများဖြင့် ဆွဲဆောင်နိုင်သောကြောင့်လည်း ပါဝင်သည်။ 

သူ့ချန်နယ်ထဲမှ ဟက်ကာအားလုံး အလွန် တက်ကြွနေကြ၏။ 

[ဘုရားသခင် ဟက်ကာသမိုင်းမှာ အလွတ်မခံသင့်ဘူးတဲ့လား]

[လီနာရေ တကယ် စိတ်ဝင်စားသွားပြီ။ ဘယ်မှာ ကြည့်ရမလဲ မြန်မြန် ပြောပါတော့]

[ပွဲရဲ့ဇာတ်လိုက်က လီနာပြောတဲ့ ဟက်ကာနတ်ဘုရားလား]

[ဘယ်သူကများ ဒီလိုနာမည်မျိုး ရတာလဲ]

[ငါကမှ ဟက်ကာနတ်ဘုရား အစစ်ကွ]

[အဲ့တာဆို ထွက်လာခဲ့လေ]

[…]

အန်ဂျလီနာ ပြုံးလျက်

“ဟုတ်ပါတယ်။ ဟက်ကာနတ်ဘုရားဆိုတဲ့သူပါ”

ထို့နောက် ဆက်၍။ 

အန်ဂျလီနာချန်နယ်၏ မျက်နှာပြင်တွင် ကက်စပါကောင်းကင်မှ ပြနေသော ကွန်ယက် တိုက်ခိုက်မှု ပေါ်လာ၏။ 

မြေပုံမှာ ကမ္ဘာ့မြေပုံ ပုံစံဖြစ်သည်။ 

ဟန်မြစ်တစ်ဝိုက်တွင် ရောင်စုံအလင်းတန်းများ ဖြာထွက်နေပြီး အလင်းတန်းတစ်ခုချင်းစီမှာ ဟက်ကာတစ်ဦး​၏ တိုက်ခိုက်မှုဖြစ်​၏။ 

နောက်ဆုံးအလင်းရောင် ပျောက်သွားလျှင် ပစ်မှတ်ကို ထိခိုက်ပြီးလေပြီ။ 

အန်ဂျလီနာ​၏ ချန်နယ်မှ ဟက်ကာများလည်း အခြေအနေကို ချက်ချင်း သတိထားမိသွားသည်။ 

[ဟန်မြစ်ဘက်မှာ လုံးဝထိခိုက်နေတာပဲ။ ဒီပုံအတိုင်းဆို ကြာကြာခံနိုင်တော့မှာ မဟုတ်ဘူး]

[တကယ် ပြင်းထန်နေတာပဲ]

[ဒီလို တိုက်ခိုက်မှုကြီးက ဟက်ကာအဖွဲ့ကြီးတစ်ခုခုရဲ့ အစွမ်းမလား]

[ဘယ်အဖွဲ့ပါလိမ့်]

[လီနာပြောတဲ့ နတ်ဘုရားက တစ်ဖက်အဖွဲ့ကို ခုခံနေတယ်လို့ ဆိုလိုတာလား]

[...]

အန်ဂျလီနာ ခေါင်းယမ်းလျက်

“မပြောတတ်ဘူး။ ကျွန်မကတော့ ဟန်မြစ်အပိုင်းဘက်ကပဲ။ ဟက်ကာနတ်ဘုရား တိုက်ခိုက်ပေးနေတယ်လေ”

သူ့စကားကြောင့် ဟက်ကာများအားလုံး မှင်တက်သွားလေသည်။ 

[လီနာရေ မင်းကို ယုံချင်ပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ သိပ်မကောင်းဘူးနော်]

[အခုပုံက ဟန်မြစ် ဒီလောက် အခြေအနေဆိုးနေတာကို။ ဘယ်လိုလုပ် ထိထိရောက်ရောက် ပြန်တုံ့ပြန်မှာလဲ]

[နတ်ဘုရားမလေးရေ ကျွန်တော် ရုပ်ဆိုးချင် ဆိုးမယ်။ ဉာဏ်တော့ မတုံးသေးဘူး။ အရူးလာမလုပ်ပါနဲ့]

အန်ဂျလီနာမှ ပြန်ရှင်းပြ၏။ 

“ကျွန်မသိသလောက်က ဟန်မြစ်ကို အဓိက တိုက်ခိုက်နေတာပဲ။ ဒီလိုအမြင်နဲ့ ဆုံးဖြတ်လို့တော့ မရဘူးလေ။ AW အဖွဲ့ကို ဟက်ကာနတ်ဘုရားရဲ့ တိုက်ခိုက်မှုက တော်ရုံမှ မဟုတ်တာ”

“ဒီနားက မျဉ်းကိုကြည့်လိုက်။ ဟက်ကာနတ်ဘုရားရဲ့ ပြိုင်ဘက်အကောင့်ကို ရှာပြီး တိုက်ခိုက်နေတာလေ”

အန်ဂျလီနာ ပြောနေရင်း မျဉ်းတစ်ကြောင်းကို ထောက်ပြ၏။ 

[AW အဖွဲ့ကို ကြားဖူးတယ်။ တကယ့် ဟက်ကာအဖွဲ့ကြီးမလား]

[သူတို့ရဲ့ ခုခံရေးစနစ်ကလည်း အားကောင်းတယ်လေ။ အထူးသဖြင့် တိုက်ခိုက်မှုတွေကို ဖုံးကွယ်ထားနိုင်တယ်]

[လီနာပြောတဲ့ ဟက်ကာနတ်ဘုရားက ဟန်မြစ်အဖွဲ့ဘက်ကလား]

[သူက ပြန်တိုက်ခိုက်နိုင်မှာမို့လို့လား]

[တကယ်ဖြစ်နိုင်ရင်လည်း ကြောက်စရာပဲ]

[လီနာ့စကားကို အမြဲယုံခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ အသိစိတ်က လက်မခံနိုင်ဘူး]

[…]

AW နှင့် ဟန်မြစ်အပိုင်းတို့၏တိုက်ပွဲမှာ အလွန်စိတ်ဝင်စားခံနေရသည်။ 

ဟက်ကာများလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်လာကာ အလုပ်ရှုပ်နေကြ၏။ 

သို့သော် အများစုကတော့ ဟန်မြစ်မှ ပြန်တိုက်ခိုက်နိုင်မည်ဟု မယုံကြပေ။ 

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အဆင့်မီ ဟက်ကာအဖွဲ့ AW အကြောင်း သိကြ၏။ 

အန်ဂျလီနာတစ်ယောက်သာ ယုံကြည်မှုပြင်းထန်နေသည်။ 

တိုက်ရိုက်ထုတ်လွှင့်မှု၌။ 

အန်ဂျလီနာတစ်ယောက် အလင်းတန်းများကိုသာ စိုက်ကြည့်နေသည်။ 

ရုတ်တရက် သူ စိတ်လှုပ်ရှားစွာဖြင့်။ 

“မြန်မြန်ကြည့်လိုက်။ အိုင်ဒေါက AW ရဲ့ အကောင့်ကို ရှာတွေ့သွားပြီ”

ထိုစကားကြောင့် ဟက်ကာများအားလုံး လန့်ဖျပ်သွားကြသည်။ 

အန်ဂျလီနာမှ ဆက်ရှင်းပြလေသည်။ 

“ဒါက ဟက်ကာနတ်ဘုရားရဲ့ အမှတ်အသားလေ။ တိုက်ခိုက်သူရဲ့အကောင့်ကို ဘယ်လိုဝေးဝေး စုံစမ်းနိုင်တယ်”

တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ဆူညံပွက်လောရိုက်သွား၏။ 

“တကယ် တွေ့သွားတာပဲ”

“သူ့နည်းပညာက တိကျလိုက်တာ”

“တွေ့တော့ရော ဘာဖြစ်လဲ”

“AW က ဒီလောက် အင်အားကြီးတာကို ထိခိုက်ပါ့မလား”

“မဟုတ်သေးဘူး”

အန်ဂျလီနာ ချက်ချင်း ထငြင်းလိုက်သည်။ 

“ရှင်တို့က ဟက်ကာနတ်ဘုရားကို အထင်သေးနေတာပဲ။ သူ့မှာ ကွန်ပျူတာတစ်လုံးပဲ ရှိရင်တောင် ဟက်ကာတစ်သိန်းကို ယှဉ်နိုင်တယ်”

ဝှစ်!

နိုင်ငံတကာ ဟက်ကာအဖွဲ့တွင် လီနာ၏ အရည်အချင်းမှာ နာမည်ကြီးပါသည်။ 

“လီနာရယ် အားကျလိုက်တာ”

“သူက အဲ့လောက်တော်တာလား။ မယုံနိုင်ဘူး”

“လီနာ ခုနကပြောလိုက်တာ ပြန်ရုတ်သိမ်းပေးပါ”

“သူ ဘယ်လို ပြန်တိုက်ခိုက်မှာလဲ”

အန်ဂျလီနာကတော့ မျက်လုံးအရောင်လေးလက်၍ လင်းချွမ်၏ တိုက်ခိုက်မှုကို စိုက်ကြည့်နေသည်။ 

မကြာမီ သူ စိတ်လှုပ်ရှားစွာဖြင့်

“ဒါမှ ဟက်ကာနတ်ဘုရားကွ။ ဆာဗာထိန်းချုပ်လိုက်ပြီ။ မဟုတ်ဘူး။ လုံးဝ ဖျက်ဆီးလိုက်တာပဲ။ တော်လိုက်တာ။ အိုင်ဒေါက အပြတ်တိုက်လိုက်ပြီ”

စောင့်ကြည့်နေသော အခြားဟက်ကာများမှာ စွံ့အနေကြ၏။ 

လင်းချွမ်၏ တိုက်ခိုက်မှုမှာ မြန်ဆန်လွန်းလှသည်။ 

ထိုစဉ် AW အဖွဲ့မှာ ငြိမ်ကျသွားပြီး မကြာမီ အန်ဂျလီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် AW ဟက်ကာ၏ ကွန်ပျူတာမျက်နှာပြင် ပေါ်လာ၏။ 

ပုံမှာ အနီရောင်အလံဖြစ်သည်။ 

အန်ဂျလီနာလည်း ရုတ်တရက် လန့်သွားပြီးမှ လင်းချွမ်ဝတ္ထုထဲမှ စာသားကို သတိထားမိသွားသည်။ 

‘လေအဝှေ့အောက်၌ တောက်ပသော အလံနီများ ပြည့်နှက်နေသည်’

All Chapters