သူ့ကိုသိမယ် ထင်တယ်
Vol. 6 Ch. 83
အန်လင်းရဲစခန်း။
လေပြေညင်းများ စိမ်းစိုသော သစ်ပင်များကြားသို့ တိုးဝှေ့တိုက်ခတ်ကာ အသံခပ်တိုးတိုး မြည်နေသည်။
ရုံးခန်းထဲတွင် ခုနက တင်းမာပြင်းထန်နေသော အနေအထားမှ ရုတ်တရက် မှင်တက်အံ့ဩ စိတ်လှုပ်ရှားရသော အခြေအနေသို့ ပြောင်းလဲသွားလေပြီ။
ကျန်းပြောင် မျက်လုံးပြူးလျက်
“ချင်းချင်း ဆိုက်ဘာလုံခြုံရေးအမှု အဆင်ပြေသွားပြီတဲ့လား”
ယွီရှန်နှင့် ဖုန်ချန်းတို့လည်း ရှချင်းချင်းအား စိုက်ကြည့်နေမိသည်။
ရှချင်းချင်း ခေါင်းငြိမ့်လျက်
“ဟုတ်ပါတယ်။ ဖြေရှင်းပြီးသွားပါပြီ။ နိုင်ငံခြားဟက်ကာ တိုက်ခိုက်မှုလုံးဝ ရှင်းသွားပါပြီ”
“အံ့ဩစရာပဲ”
ကျန်းပြောင် ချက်ချင်း မျက်နှာဝင်းပသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
ရင်ထဲတွင် ထမ်းထားရသော အစိုင်အခဲများ လျော့သွားလေပြီ။
ယွီရှန်မှ
“ချင်းချင်း ဘယ်လိုရှင်းလိုက်တာလဲ မြန်မြန်ပြောပါဦး။ ဒါ မင်းရဲ့ တကယ့်လုပ်ဆောင်မှုကြီးပဲ။ ပြင်ပတိုက်ခိုက်မှုကို ခုခံနိုင်တာလည်း အတွေ့အကြုံအများကြီး ရတယ်”
ရှချင်းချင်း နေရခက်စွာ ကြည့်၍
“ဟိုလေ… ဖြေရှင်းတာက ကျွန်မတို့တော့ မဟုတ်ဘူး”
“အင်း”
ယွီရှန် မျက်မှောင်ကြုတ်၍ ရယ်မောကာ
“ဒါဆို ဒီလိုအဆင့်မြင့်တွေကို ရင်ဆိုင်နိုင်လောက်အောင် တော်တော် ထက်မြက်လို့ပေါ့”
“ဟုတ်ပါတယ်”
ကျန်းပြောင် စိတ်နည်းနည်းအေးသွားပြီး
“ဒီအကြောင်း ချက်ချင်း တင်ပြရမယ်။ ခဏနေ အရေးကြီးအစည်းအဝေး လုပ်တာ…”
တီ တီ တီ—
ကျန်းပြောင် စကားမဆုံးမီ ဖုန်းမြည်သံ ကြားရ၏။
ဒါရိုက်တာကျုံ ဖြစ်သည်။
ကျန်းပြောင် ရင်ထဲထိတ်သွားပြီး ချက်ချင်း ကိုယ်ကိုမတ်၍ ဖုန်းဖြေလေ၏။
“ဟဲလို ဒါရိုက်တာကျုံ ကျွန်တော် ကျန်းပြောင်ပါ။ အမိန့်ရှိပါခင်ဗျ”
တစ်ဖက်မှ အားရပါးရ ရယ်မောသံ ထွက်လာသည်။
“ဟားဟားဟား ရဲဘော်ကျန်းပြောင် အန်လင်း ဆိုက်ဘာလုံခြုံရေးအဖွဲ့ကတော့ သိပ်တော်တာပဲ”
ကျန်းပြောင် နေရခက်စွာဖြင့်
“အန်လင်းဆိုက်ဘာအဖွဲ့ အောင်မြင်မှုက ဒါရိုက်တာကျုံရဲ့ လမ်းညွှန်မှုနဲ့ အဆင့်မြင့် ပညာရှင်တွေကြောင့်ပါ”
ကျုံချန်မင်း ရယ်မော၍
“ရဲဘော်ကျန်းပြောင်ရယ် အရမ်းနှိမ့်ချနေစရာ မလိုပါဘူး။ ဒီတစ်ခါ အမှုကတော့ ကြီးတယ်။ မင်းတို့ အဖွဲ့ရဲ့ကျေးဇူးကို သိပါတယ်ကွာ”
“…”
ကျန်းပြောင် မှင်တက်နေ၏။
(၃) မိနစ်ခန့်အကြာတွင်။
ကျန်းပြောင် ဖုန်းချလိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ မှင်တက်နေသည်။
ထို့နောက် ရုံးခန်းထဲမှ (၃) ဦးကို လှမ်းကြည့်၍
“ဒါရိုက်တာကျုံပြောတာတော့ အန်လင်းမြို့ အခြေအနေ လုံးဝ ပြောင်းလဲသွားပြီတဲ့။ AW အဖွဲ့ကို အပြီးတိုက်ခိုက်နိုင်လိုက်ပြီ”
ထို (၃) ယောက်လုံးလည်း အံ့ဩစွာ ကြည့်နေမိ၏။
အန်လင်းက ပြောင်းလဲသွားပြီတဲ့လား။
သို့သော် အန်လင်းမှာ ခုခံရသည့်အခြေအနေ ရှိခဲ့သည်မလား။
ကျန်းပြောင် ယွီရှန်ကို ကြည့်၍
“ယွီရှန် မင်းလုပ်လိုက်တာလား”
ယွီရှန် ခေါင်းအဆက်မပြတ် ယမ်း၍
“ဒါရိုက်တာကျန်း ကျွန်တော့်စွမ်းဆောင်ရည်ကို သိပါတယ်”
“ချင်းချင်း မင်းလား”
ကျန်းပြောင် ရှချင်းချင်းကို မေးပြန်၏။
ရှချင်းချင်းလည်း ခေါင်းယမ်းပြ၏။
“ဒါရိုက်တာဖုန် ကျင်းထန်မှာ အဲ့လောက် တော်တဲ့သူ ရှိတာလား”
ကျန်းပြောင် ထပ်မေးပြန်သည်။
ဖုန်ချန်းလည်း ခေါင်းယမ်း၍ ငြင်း၏။
ငါ ပြန်ပြင်ထားတဲ့ အကာအကွယ်ကလည်း ခုခံရုံပါ။ ပြန်တိုက်ခိုက်နိုင်တဲ့အထိ မဟုတ်ဘူးလေ။
ကျန်းပြောင် နားမလည်နိုင် ဖြစ်နေသည်။
ရှချင်းချင်းတို့လည်း ဘာပြောရမသိကြပေ။
အထင်လွဲပြီး ပြောနေတာ မဟုတ်ဘူးလား။
“ဘယ်သူက ပြောင်းလဲလိုက်တာလဲ”
ကျန်းပြောင် တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
“ဒါရိုက်တာကျန်း ကျွန်တော်သိပြီ”
ဖုန်ကျန်း ရုတ်တရက် တက်ဘလက်ကိုကြည့်ကာ မတ်တပ်ထရပ်လိုက်၏။
“ဘယ်သူလဲ”
“အခု ကမ္ဘာ့သတင်းက နာမည်ကြီးနေတာကို ကြည့်လိုက်”
ဖုန်ကျန်း အားလုံးရှေ့သို့ တက်ဘလက် ထိုးပြလိုက်သည်။
အားလုံးငုံ့ကြည့်လိုက်သောအခါ မျက်နှာပြင်တွင် ဟူဒီအနက်ဖြင့် မျက်နှာအကာ ဝတ်ဆင်ထားသော မိန်းကလေးကို တွေ့ရ၏။
သူ့အနောက်တွင် ကက်စပါကောင်းကင်ဟူသော ဆိုက်ဘာတိုက်ခိုက်မှုမြေပုံအား တွေ့ရပြီး ရောင်စုံ အလင်းတန်းများ ဖြာထွက်နေသည်။
သတင်းနောက်ခံစကားမှာ
‘ဒီမနက်မှာ AW အဖွဲ့က ဟန်မြစ်အပိုင်းကို ဆိုက်ဘာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကတော့ နာမည်ကြီးဟက်ကာ လီနာက ဖြစ်စဉ်အစအဆုံးကို ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ အခု ပုံမှာတွေ့နေရတဲ့အတိုင်း AW ရဲ့ တိုက်ခိုက်မှုတွေက ပြင်းထန်တာကြောင့် ဟန်မြစ်အပိုင်းအနေနဲ့ ခံနိုင်ရည်မရှိတော့တဲ့ပုံပါ။ ကွန်ပျူတာတွေလည်း (၂) သိန်းလောက် ဗိုင်းရပ်စ် ထိထားပါပြီ။ ဒီလိုနဲ့ အားလုံးက AW ပဲနိုင်တော့မယ် ထင်နေတဲ့အချိန် အံ့ဩစရာကိစ္စ ပေါ်လာပါတယ်’
‘နာမည်ကြီးဟက်ကာ လီနာကတော့ ဟက်ကာနတ်ဘုရားလို့ တင်စားနေပါတယ်။ ဒီ ဆန်းကြယ်လှတဲ့ဟက်ကာဟာဆိုရင် အခြေအနေ တစ်ခုလုံး ပြောင်းပြန်ဖြစ်ဖို့ အချိန် (၁၀) မိနစ်ပဲ ကြာခဲ့တာ ဖြစ်ပါတယ်။ AW အဖွဲ့ကတော့ လုံးဝ မခုခံနိုင်တော့ပါဘူး’
‘…’
မျက်နှာပြင်ပေါ်မှ ဗီဒီယို ရပ်တန့်သွား၏။
ထို့နောက် အနီရောင်အလံများ ပေါ်လာပြီး AW ကို သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း ပြသခြင်း ဖြစ်သည်။
သူ၏ ဟက်ကာလောက ဖြစ်၏။
ရုံးခန်းထဲတွင်။
နူးညံ့သော လေညင်းများ ဖြည်းညင်းစွာ တိုက်ခိုက်နေပြီး မြက်ခင်း၏ သင်းရနံ့မှာ အားလုံးကို စိတ်လှုပ်ရှားစေသည်။
ကျန်းပြောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ သက်ပြင်းချလိုက်မိသည်။
ဟန်မြစ်အပိုင်းမှ နိုင်ငံခြားတိုက်ခိုက်မှုကို အောင်မြင်ခဲ့လေပြီ။
ထို့နောက် ကျန်းပြောင် ယွီရှန်ကိုကြည့်၍
“ယွီရှန် ဒီဟက်ကာနတ်ဘုရားက အန်လင်းရဲ့ သူရဲကောင်းပဲ။ သူ့ကို မြန်မြန်ရှာရမယ်။ နောက်ပြီး သူ့အချက်အလက်တွေတော့ လျှို့ဝှက်ထားနော်။ အားလုံး လက်မှတ်ထိုးရမယ် ကြားလား။ ပေါက်ကြားလို့ မဖြစ်ဘူး”
“ဟုတ်ကဲ့ပါ ဒါရိုက်တာ”
ယွီရှန် ကိုယ်ကိုမတ်ကာ ပြန်ဖြေလိုက်သည်။
“ချင်းချင်း”
ချင်းချင်းတစ်ယောက် ဗီဒီယိုကို စိုက်ကြည့်ကာ နစ်မျောနေဆဲဖြစ်သည်။
နာမည်ခေါ်သံကြားမှ သတိဝင်ကာ ပြန်ဖြေလိုက်၏။
“ဒါရိုက်တာ ကျွန်မ သူ့ကိုသိမယ်ထင်တယ်”