← Chapters

ရုတ်တရက် ပူးပေါင်းခြင်း

Vol. 6 Ch. 85

ရုတ်တရက် ပူးပေါင်းခြင်း

Vol. 6 Ch. 85

“ကြည့်ချင်ရာသာ ကြည့်ပါ”

လင်းချွမ် ရယ်မော၍ ပြောလေ၏။ 

“ဟင်”

ကျန်း၏ မျက်နှာလှလှလေး ရဲခနဲ ဖြစ်သွားကာ 

“ကျွန်မက ကျောင်းသူလေးပဲ ရှိသေးတာပါနော်”

“ဟုတ်ပါပြီ”

လင်းချွမ် ချောင်းဟန့်က။ ပြန်ပြော၏။ 

“ဆရာ အဲ့လိုလိုက်စနေရင် ပိုက်ဆံမရှင်းပေးတော့ဘူးနော်”

ကျန်း နှုတ်ခမ်းလေးစူကာ ပြောသည်။ 

စိတ်ဆိုးသလိုပုံကြောင့် အင်္ကျီပေါ်မှ ကာတွန်းရုပ်လေးမှာ တလှုပ်လှုပ် ဖြစ်နေသည်။ 

လင်းချွမ်လည်း ရယ်မောကာ ထမင်းဆက်စားနေလေသည်။ 

ကျန်းနှင့်ယှဉ်လာလျှင် သူ အလျှော့ပေးရပေမည်။ 

သူတို့ ခင်မင်ကြတာ ကြာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ 

လင်းချွမ် ထမင်းများ အားရပါးရ စားနေသည်ကို ကြည့်ကာ ကျန်းထ၍ ရေခဲသေတ္တာထဲမှ ပဲနို့တစ်ဘူး သွားယူပြီး လင်းချွမ်ရှေ့ ချပေးလိုက်သည်။ 

“အရမ်းမြန်မြန်ကြီး မစားနဲ့လေ။ နင်နေဦးမယ်”

“ဂရုစိုက်တတ်သားပဲ”

လင်းချွမ် ပဲနို့သောက်ရင်း ပြုံး၍ ပြောလိုက်၏။ 

ကျန်းက

“ဘယ်သူက အနာဂတ်ဥက္ကဋ္ဌ လုပ်ဖို့ ပြောလို့လဲ”

လင်းချွမ် သူ့ကိုကြည့်၍

“ကျွန်တော်က အနာဂတ်ဥက္ကဋ္ဌဆိုရင် မင်းကရော”

“ပိုက်ဆံကိုင်တာကို ဘယ်လိုရာထူးခေါ်လဲ”

“ပိုင်ဆံကိုင်တာက…”

လင်းချွမ်ပြုံး၍ စလိုက်၏။ 

“ဥက္ကဋ္ဌကတော်နေမှာပေါ့”

“ဒါဆိုလည်း ဥက္က…”

ကျန်းရှင်းရှင်း ပြောနေရင်းမှ သတိဝင်လာပြီး

“ကျွန်မကို အခွင့်ကောင်းယူဖို့ ကြံနေတာလား။ ခဏနေ ကိုယ့်ဟာကိုယ်သာ ဘတ်စ်ကား စီးသွားတော့”

“ဘတ်စ်ကားက ခုံရမှာမဟုတ်ဘူး”

လင်းချွမ် ခေါင်းယမ်း၍ ပြောလိုက်သည်။ 

“ကျွန်မစကူတာက အဲ့လို လေကြီးမိုးကြီးတွေ တင်လို့ မရဘူး”

ကျန်း လက်လေးပိုက်လျက် ပြောလေ၏။ 

လင်းချွမ် သက်ပြင်းချ၍ 

“ငါတို့ရဲ့ စတူဒီယို ၇၂၀ က သေချာတောင် မစရသေးဘူး။ ပြိုကွဲတော့မှာလား”

ကျန်း ဒေါသတကြီး ရယ်မော၍

“စားပြီးရင် ဦးလေးဆီ ပြန်ခေါ်သွားပြီး စီးပွါးချဲ့ဖို့ ကိစ္စပြောပေးမယ်”

လင်းချွမ် ပြုံးနေမိ၏။ 

ကျန်းမှာ စီးပွါးရေးနားလည်ပြီး ပိုက်ဆံအရှာတော်လေသည်။ 

…

တောက်ပသော နေရောင်ခြည်အောက်တွင် လင်းချွမ်တစ်ယောက် ကျန်းရှင်းရှင်း၏ စကူတာအနောက်တွင် ထိုင်လျက် ပျော်ရွှင်ခြင်းရပ်ကွက်ထဲသို့ ဝင်လာကြသည်။ 

လင်းချွမ် အလွန်အိပ်ချင်နေလေပြီ။ 

မနေ့ညကလည်း အရောင်းဝန်ထမ်း ပုံရိပ်ယောင် လောကထဲ ကြိုးစားခဲ့ရပြီး တစ်မနက်လုံး AW နှင့် တိုက်ခိုက်ရပြန်၏။ 

“သူဌေး အိမ်ရောမပြောင်းချင်ဘူးလား”

ရှင်းရှင်း ကျဉ်းမြောင်းလှသော အငှါးတိုက်ခန်းလေးကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။ 

“အိမ်ပြောင်းရမှာလား။ ဒီအခန်းက အရမ်းဆိုးလို့လား”

ရှင်းရှင်း အခန်းလေးကို သေချာကြည့်ရင်း ကြမ်းပြင် ဝါကျင့်ကျင့်နှင့် ဆေးကွာနေသော နံရံများကို ပိုသတိထားမိလာသည်။ 

ထို့နောက် ဆက်၍

“ဒီနေရာက နည်းနည်း နုံချာသလိုပဲလေ”

“အရမ်းမကောင်းတာ သိပေမဲ့ ငှါးခ လျှော့ပေးထားတယ်လေ”

လင်းချွမ် ပြုံး၍ ပြောလိုက်၏။ 

“ဟင်…”

ရှင်းရှင်း စွံ့အသွား၍။ 

“ဈေးလျှော့တာက အရေးမကြီးပါဘူး။ ရှင်က ကျွန်မရဲ့ သူဌေးပဲကို။ အခန်းပြောင်းပေးလို့ ရတယ်လေ”

“ဘယ်ကို ပြောင်းရမှာလဲ။ 

“ကျွန်မစီစဉ်ပေးမယ့်နေရာက အဆင်ပြေပါတယ်။ ဒီရပ်ကွက်တည်းမှာပဲ”

“ဦးလေးကျန်း သတ်နေပါဦးမယ်”

“ဘာတွေ လျှောက်တွေးနေတာလဲ။ ကျွန်မမှာ အိမ်တစ်လုံးပဲ ရှိတာမှ မဟုတ်တာ။ တစ်လ တစ်ထောင်နဲ့ပဲ ငှါးပေးလိုက်မယ်။ ဘယ်လိုလဲ”

ရှင်းရှင်း ပြုံး၍ ပြောလိုက်၏။ 

“မင်းက သူဌေးဆီကနေ ပိုက်ဆံပြန်ယူဖို့ တွေးနေတာလား”

“ဒါကတော့ ပိုင်ရှင်နဲ့ အငှါးနဲ့ပဲလေ” 

လင်းချွမ် ပြုံးကာ

“ပြောင်းရွှေ့ရတာက အလုပ်တော့ ရှုပ်တယ်”

သူ့အခန်းမှာ ကျဉ်း၍ ကြည့်မလှသော်လည်း အားလုံး ပြင်ဆင်ပြီး၍ အထိုင်ကျနေပြီဖြစ်သည်။ 

နူးညံ့သော နေရောင်ခြည်၊ တောက်ပသော လရောင်၊ သာယာသော လေညင်း၊ ငှက်ကလေးများ၏ တေးဆိုသံနှင့် မိုးဖွဲလေးများအားလုံးကို ရင်းနှီးပြီး ဖြစ်၏။ 

စာရေးဆရာတစ်ဦးအနေဖြင့် ထိုအခြေအနေလေးမှာ စာကောင်းပေမွန်များ ဖန်တီးနိုင်သော နေရာလေးပင်။ 

“ကျန်း ကျွန်တော် အခုတော့ ခဏအိပ်လိုက်ဦးမယ်”

လင်းချွမ် သမ်းဝေကာ ပြောလိုက်သည်။ 

“ဝါး ကျွန်မရောပဲ”

ကျန်းရှင်းရှင်း ပါးစပ်လေးအုပ်၍ ပြောလိုက်၏။ 

“အတူတူလား”

“ဟင်”

ကျန်းရှင်းရှင်း မျက်မှောင်ကြုတ်၍ လက်သီးသေးသေးလေး ပျံလာတော့မလို ရွယ်လိုက်သည်။ 

လင်းချွမ်လည်း လုပ်ကြံသူအတွေ့အကြုံရှိဖူး၍ အလွယ်တကူ ရှောင်နိုင်သွား၏။ 

လင်းချွမ် ရှောင်လိုက်သောကြောင့် ကျန်း အရှိန် မထိန်းနိုင်ဘဲ ပြုတ်ကျလာကာ လင်းချွမ် ခါးလေးကို လှမ်းထိန်းပေးလိုက်ရသည်။ 

“ဒီဇာတ်ကွက်ကြီးက ရိုးနေပြီ မဟုတ်ဘူးလား”

ထိုအခြေအနေမှာ ဝတ္ထုများစွာတွင် ပါခဲ့ဖူးပါသည်။ 

အပြင်မှာ တကယ်ဖြစ်နိုင်တယ်လား။ 

“ရှင်က ဘာတွေ မျှော်လင့်နေလို့လဲ”

ကျန်း ဆူပုတ်၍ ပြောဆိုကာ အောက်ထပ် ဆင်းသွားတော့သည်။ 

“နောက်တစ်ခါ မဟုတ်တာလုပ်လို့ကတော့ ငှါးခတိုးပစ်မယ်”

လင်းချွမ် သူ့ကို လှမ်းကြည့်၍ 

“တကယ် မတော်တဆပါလို့။ အဲ့လိုတော့ အပြစ်မပြောနဲ့လေ”

“ဟွန့်”

သူ ဆူပုတ်ကာ ဆက်ဆင်းသွားလေသည်။ 

လင်းချွမ်လည်း ရယ်မော၍ အခန်းထဲ ပြန်ဝင်သွားသည်။ 

…

အောက်ထပ်တွင်။  

ကျန်းရှင်းရှင်း ပွစိပွစိပြောရင်း စတူဒီယိုထဲ ဝင်သွားပြီး စာရင်းများ တွက်နေ၏။ 

အားလုံးပြီးမှ ဖုန်းထုတ်၍ ဗီဒီယိုများ ကြည့်လေသည်။ 

“ဟင် ဟက်ကာအကြောင်းတွေချည်း နာမည်ကြီးနေပါလား။ ဆန်းကြယ်သော ဟက်ကာတဲ့”

သူ သတင်းများကြည့်နေရင်း အံ့ဩနေ၏။ 

တီ တီ တီ —

ထိုစဉ် နံပါတ်အစိမ်းဖြင့် ဖုန်းတစ်လုံး ဝင်လာသည်။ 

ကျန်းရှင်းရှင်း ဖုန်းပြန်ဖြေလိုက်၏။ 

“ဟယ်လို စတူဒီယို ၇၂၀ ကပါ။ ဘာများ ကူညီပေးရမလဲ”

“မင်္ဂလာပါ အန်လင်းဆိုက်ဘာရဲအဖွဲ့က ဆက်လိုက်တာပါ”

တစ်ဖက်လူမှာ တိုက်ရိုက်ပြောလေသည်။ 

ကျန်း ရုတ်တရက် လန့်သွားပြီးမှ ဂရုတစိုက်ဖြင့်

“အရာရှိကြီး ဘာကိစ္စများ ရှိလို့လဲ”

“စိတ်မလှုပ်ရှားပါနဲ့။ နည်းနည်း စုံစမ်းချင်တာ ရှိလို့ပါ။ ဒီစတူဒီယိုက လိုင်စင်*** နဲ့ လင်းချွမ်လက်အောက်ကနေ ဖွင့်ထားတယ်နော်။ ကန္တာရအင်တာနက်ဆိုင်နဲ့လည်း စာချုပ်ချုပ်ထားတယ်မလား”

“ဟုတ်ပါတယ်”

“ဒီမနက် ကန္တာရအင်တာနက်ဆိုင်မှာ ပြုပြင် ထိန်းသိမ်းရေးလုပ်ပေးတာလည်း လင်းချွမ်မလား”

“ဟုတ်ပါတယ်ရှင့်”

“ဒီလို ပူးပေါင်းရေးလုပ်ငန်းအတွက် နည်းနည်း ရှင်းပြပေးနိုင်မလား”

ကျန်းရှင်းရှင်း မျက်မှောင်ကြုတ်ကာ တုန်ရီ၍

“အရာရှိကြီး ကျွန်မတို့ စတူဒီယိုနဲ့ ပူးပေါင်းဖို့ တွေးထားတာလားဟင်”

တစ်ဖက်မှ ခဏငြိမ်နေပြီးမှ ပြန်ဖြေ၏။ 

“ဟုတ်ပါတယ်”

ကျန်းရှင်းရှင်း မှင်တက်နေတော့သည်။ 

အန်လင်းရဲစခန်းနဲ့ ပူးပေါင်းရပြီလား။ 

ဒုတိယအဆင့် ရည်ရွယ်ချက်က ဒီလောက်မြန်မြန် ပြည့်မြောက်တာလား။ 

All Chapters