← Chapters

မင်းမှာ အမှုတွေရှိတယ်လို့ သံသယရှိတယ်

Vol. 7 Ch. 91

မင်းမှာ အမှုတွေရှိတယ်လို့ သံသယရှိတယ်

Vol. 7 Ch. 91

လင်းချွမ် ရယ်မောလျက်

“အစ်ကိုဝမ် ဘာကိုပြောချင်တာလဲ။ အတွေးကြီးက အန္တရာယ်များလိုက်တာ”

ဝမ်ကျီခန်လည်း ရယ်မောကာ

“ငါသာ မင်းနဲ့ မရင်းနှီးရင် မင်းကို လူလိမ်လို့ပဲ ထင်လိုက်မှာ”

“နေပါ။ ကောလာဟလတွေ မဖြန့်ပါနဲ့”

လင်းချွမ် စသလိုနောက်သလိုဖြင့် တားလိုက်၏။ 

သူတို့ စကားခဏပြောကြပြီးနောက် ဝမ်ကျီခန်လည်း စိတ်ဓာတ်ပြန်တက်ကြွလာသည်။ 

“လင်း ငါတို့ ပြိုင်ပွဲအတူတူ ပြိုင်ရင် သူရဲကောင်း (၂) ယောက် ဖြစ်နေတော့မှာပဲ။ ပိုက်ဆံ ဘယ်လိုခွဲကြမလဲဟင်”

ဝမ်ကျီခန် ကြိုတွေးရင်း စိတ်လှုပ်ရှားလာ၏။ 

“တခြားသူတွေကို အလကားလူလို့ ထင်နေလား”

လင်းချွမ် အမှန်တရားကို မြင်အောင် ပြောလိုက်သည်။ 

အွန်လိုင်းစာပေလောကမှာလည်း မလွယ်ကူလှပေ။ 

ရုပ်ရှင်ထုတ်လွှင့်ခွင့်သာ ရပါက အခြေအနေအားလုံး ပြောင်းလဲသွားနိုင်ပါသည်။ 

ထို့ကြောင့် နာမည်ကြီးများအားလုံး မျှော်လင့်နေကြသော အရာဖြစ်၏။ 

“ဒါနဲ့ ပြောရင်းဆိုရင်း သူရဲကောင်း အစစ် (၂) ယောက်ကိုတောင် သတိရတယ်”

ဝမ်ကျီခန် မေးစေ့လေး ပွတ်လျက် ပြောလေသည်။ 

“ဘာကြီးလဲ”

လင်းချွမ် နားမလည်သလို ပြန်မေး၏။  

“ဟန်တန်နဲ့ ဟုန်မိန်လေ”

ဝမ်ကျီခန် ပြုံးလျက်

“သူတို့လိုလူတွေလည်း သေချာပေါက် ဝင်ပြိုင်မှာပဲ”

လင်းချွမ် ဟန်တန်နှင့်အပြိုင် လူလိမ်ဝတ္ထု ထွက်ခဲ့သော အချိန်ကို ပြန်တွေးမိသွားပြီး ပြုံး၍

“မိုးကြိုးသွားနဲ့ အမှောင်ကို ဖောက်ထွင်းရမှာပေါ့”

“မင်းအနေနဲ့ အခုပြောဖို့တော့ မသင့်တော်သေးဘူး ထင်တယ်နော်”

ဝမ်ကျီခန်မှ ပြန်ပြော၏။ 

“ဒါဆို ဘယ်လိုပြောရမလဲ။ ဆင်းရဲသားလေးတွေကို အနိုင်မကျင့်ပါနဲ့တော့လို့လား”

“ဟားဟားဟား”

…

အန်လင်းမြစ်ကမ်းတစ်လျှောက်မှ လေညင်းများ တလှပ်လှပ် တိုက်ခတ်ရင်း မကြာမီ အရှေ့ကောင်းကင်၌ ပန်းချီ ရေးဆွဲထားသကဲ့သို့ နေထွက်လာတော့သည်။ 

မနက်ခင်းမြူဆိုင်းခြင်းလည်း မရှိသောကြောင့် အန်လင်းမြို့ကို ကောင်းစွာ မြင်နေရ၏။ 

ကျန်းရှင်းရှင်းမှ ယနေ့နံနက် (၉:၃၀) တွင် အန်လင်းရဲစခန်း၌ အစည်းအဝေးပြုလုပ်ရန် ချိန်းထားပါသည်။ 

ထို့ကြောင့် လင်းချွမ် စောစောစီးစီး နိုးလာရ၏။ 

“သူဌေး ကျွန်မ ဒီဝတ်စုံနဲ့ ဘယ်လိုနေလဲ”

အောက်ထပ်အခန်းတွင် ကျန်း ပြုံး၍ မေးလိုက်သည်။ 

လင်းချွမ် ဖျန်ခနဲ လှမ်းကြည့်လိုက်သောအခါ အဝတ်အစားကို စနစ်တကျ ဂရုစိုက်ထားမှန်း သိသာပါသည်။ 

အဖြူရောင်ရှပ်အင်္ကျီပေါ်တွင် ကုတ်အနက်နှင့် မီးခိုးရောင် စကတ်ရှည်တို့ကို ဝတ်ဆင်ထားပြီး လည်သာဖိနပ်အနက်လေး စီးထား၏။ 

လန်းဆန်းတက်ကြွသော ကျောင်းသူလေးအသွင် သိသာလှသည်။  

“မဆိုးပါဘူး။ ငွေကြေးစီမံရေးဒါရိုက်တာနဲ့ တူသားပဲ”

လင်းချွမ် ရယ်မော၍ ပြောလိုက်မိ၏။ 

ချီးကျူးစကားကြောင့် ကျန်းရှင်းရှင်း တောက်ပစွာ ပြုံးလိုက်ပြီး 

“သူဌေးရော စီးပွါးရေးကိစ္စ စကားသွားပြောမှာကို ဘာလို့ အနောက်တိုင်းဝတ်စုံ မဝတ်တာလဲ”

လင်းချွမ်မှာ အရင်လို ပေါ့ပေါ့ပါးပါး အဝတ်အစားသာ ဖြစ်သည်။ 

“စိတ်က အရေးကြီးတာပါ။ ကျွန်တော်က အတွင်းစိတ်ကိုပဲ ပြင်ဆင်ထားတယ်”

“အမလေး နည်းလမ်းအစုံပဲ”

ထို့နောက် ဘတ်စ်ကားနံပါတ် (၁၃) နှင့် နောက်တစ်ဆင့်ကို တက္ကစီစီး၍ အန်လင်းရဲစခန်းသို့ ရောက်လာခဲ့ကြတော့သည်။ 

ကြိုတင်ချိန်းဆိုထားပြီးဖြစ်၍ လင်းချွမ်တို့ ရောက်သောအခါ ဝန်ထမ်းတစ်ဦး ထွက်ကြိုကာ အစည်းအဝေးခန်းဆီ ခေါ်ဆောင်လာခဲ့၏။ 

ထိုသူမှာ ရှချင်းချင်း ဖြစ်ပါသည်။ 

အပြာရင့်ရင့် ယူနီဖောင်းကို ဝတ်ဆင်ထားသော ရှချင်းချင်းမှာ သပ်ရပ်တောက်ပနေသည်။ 

လင်းချွမ် တက္ကစီပေါ်မှ ဆင်းလာသည်နှင့် ပြုံးကာ

“လင်းချွမ် ဒီမှာ”

လင်းချွမ် ပြန်ပြုံးပြလေ၏။ 

“ချင်းချင်း ဘယ်လိုလုပ် ထွက်ကြိုနေတာလဲ”

“ရှင် လာမယ်မှန်း သိနေလို့ပေါ့”

ချင်းချင်း ပြုံး၍ ပြောလိုက်ရင်း ဘေးမှ မိန်းကလေးကို သတိထားမိသွားကာ

“လင်း သူကဘယ်သူလဲ”

“မင်္ဂလာပါ ရဲမေ။ ကျွန်မက စတူဒီယို ၇၂၀ ရဲ့ ငွေကြေးတာဝန်ခံ ကျန်းရှင်းရှင်းပါ”

ရှင်းရှင်း သွက်လက်စွာ မိတ်ဆက်လိုက်သည်။ 

“မင်္ဂလာပါ”

ရှချင်းချင်းလည်း လက်ဆွဲနှုတ်ဆက်ရင်း ရင်းရင်းနှီးနှီး ပြုံးပြ၏။ 

“လင်းရယ် ရှင်တို့ စတူဒီယိုမှာ ငွေကြေးတာဝန်ခံ ရှိနေမယ်လို့ မထင်ထားဘူး။ တွေ့ရတော့လည်း ဒီလို လှလှလေး”

“အာ သူက စတူဒီယိုပိုင်ရှင်လေ”

လင်းချွမ် ခေါင်းကုတ်၍ နေရခက်စွာ ပြောလိုက်၏။ 

“ကဲပါ။ အစည်းအဝေးခန်း သွားကြတာပေါ့”

“ဒီဘက်ပါ”

ရှချင်းချင်း ပြုံး၍ ပြောလိုက်၏။ 

လမ်းတွင် ကျန်းမှ လင်းချွမ်နားကပ်၍ ခပ်တိုးတိုးဖြင့်

“သူဌေး ကြည့်ရတာ အဲ့ရဲမေနဲ့ ခင်သလိုပဲနော်”

“အင်း သိတော့ သိပါတယ်”

သိရုံပဲလား။ ယောက်ျားတွေစကားက မယုံရဘူး။ 

တစ်ချက်ကြည့်ရုံနဲ့ ထူးဆန်းတာ သိသာနေတာပဲ။ 

ရှချင်းချင်းမှ ရုတ်တရက်

“ဒါနဲ့ ဆရာလင်း မနေ့ညက ပုစွန်ကို ကြိုက်ရဲ့လား”

“ဟင်”

လင်းချွမ် အတင်းပြုံးလျက်

“ကောင်းပါတယ်။ အရမ်းပဲ”

“ခွါပေးတဲ့ ပုစွန်တွေက ပိုအရသာရှိတယ်မလား”

“ဟုတ် ဟုတ်ပါတယ်”

လင်းချွမ် ဇောချွေးများပြန်ရင်း ခေါင်းငြိမ့်ပြ၏။ 

လင်းချွမ်၏ ထိုပုံစံကိုမြင်မှ ရှချင်းချင်း ကျေနပ်စွာ ပြုံး၍ အစည်းအဝေးခန်းကို လိုက်ပြသည်။ 

လျှောက်လမ်းမှာ အန်လင်းမြစ်ကမ်းထက်ပင် ပိုရှည်သည် ထင်ရ၏။ 

သင်းပျံ့သောရနံ့တစ်မျိုးလည်း ရနေပြီး  ဘာအနံ့မှန်းတော့ ခွဲမရပေ။ 

အခြေအနေမှာ ဝတ္ထုနှင့် ဆင်လှသည်။ 

အရင်ကတော့ ကောင်မလေး မရှိဘဲ အခုမှ များလာပါလား။ ပြဿနာတွေ တိုးလာတာပဲ။ 

ကံကောင်း၍ မကြာမီ အစည်းအဝေးခန်းသို့ ရောက်သွားတော့သည်။ 

အခန်းအပြင်၌ လူအချို့ ရပ်စောင့်နေကြပြီး တစ်ဦးမှာ ထင်ရှားနေသည်။ 

ရဲယူနီဖောင်း အဖြူရောင်ကို ဝတ်ဆင်လျက် ဆံပင်ဖြူများ ခပ်ကျဲကျဲနှင့် ဖြစ်သည်။ 

လင်းချွမ် ရဲစခန်းကို ဝင်ထွက်နေကျ ဖြစ်သောကြောင့် အတော်များများကို မျက်မှန်းတန်းနေသော်လည်း ထိုသို့ ယူနီဖောင်းအဖြူကိုတော့ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်၏။ 

အဖြူရောင်မှာ ရာထူးအမြင့်ပိုင်းဟု ဆိုလိုပါသည်။ 

လင်းချွမ် အံ့ဩစွာ ကြည်နေမိ၏။ 

သူကိုယ်တိုင် လာတွေ့တယ်ဆိုတော့… ဒီပူးပေါင်းမှုက အဆင့်မြင့်ပုံပဲ။ 

ထိုစဉ် ယူနီဖောင်းအဖြူနှင့် ကျန်းပြောင်တစ်ယောက် ပြုံးလျက် ရှေ့တိုးလာပြီး

“ရဲဘော်လင်းကို ဒီလောက် ငယ်ဦးမယ်လို့ မထင်ထားခဲ့ဘူး။ သူရဲကောင်းက လူငယ်လေး ဖြစ်နေတာပဲ”

လင်းချွမ် ခေါင်းယမ်းလျက်

“အရမ်းမြှောက်လွန်းနေပါပြီ”

“ဟားဟား”

ကျန်းပြောင် ရာထူးမာန်များ မရှိဘဲ နွေးထွေးစွာ ပြုံး၍

“ရဲဘော်လင်းကမှ နှိမ့်ချလွန်းတာပါ။ မင်းက အန်လင်းရဲ့ သူရဲကောင်းတင်မကဘူး။ ဟန်မြစ်ရဲ့ သူရဲကောင်းဆိုလည်း ဟုတ်တယ်လေ။ ကဲပါ။ အခန်းထဲ သွားကြတာပေါ့”

“ဒီလောက်က ဘာမှမဟုတ်ပါဘူးဗျာ”

“ဘယ်လို ဘာမှ မဟုတ်ရမှာလဲ။ ကဲပါ။ ဝင်ရအောင်”

ကျန်းပြောင် ဦးဆောင်၍ အခန်းထဲ ဝင်လာသည်။ 

“လင်းက စာရေးဆရာဆို။ အဲ့လို ကြားတယ်။ ဟုတ်ပါတယ်။ ကျွန်တော့် အဓိကအလုပ်က စာရေးတာပါ”

“မဆိုးဘူး မဆိုးဘူး။ စွယ်စုံ ရတာပဲ။ ငါ့လို လူအိုကြီးတောင် လိုက်မမီတော့ဘူး။ အမှန်တော့ မင်းဝတ္ထုတွေ ဖတ်ဖြစ်ပါတယ်”

ဟင်…

လင်းချွမ် အလွန် အံ့ဩသွား၏။ 

ဖတ်ရုံပဲမလား။ တခြား သံသယတော့ မရှိဘူးမလား။ 

ကျန်းပြောင် ရယ်မော၍

“လင်း မင်းရဲ့စာအုပ်တွေဖတ်ကြည့်တာ ပြစ်မှုဆိုင်ရာတွေကတော့ ရှယ်ပဲ။ မင်းမှာ ပြစ်မှုတွေများ ရှိနေလားတောင် တွေးမိတယ်”

လင်းချွမ် မျက်နှာပျက်သွား၏။ 

ထို့နောက်

“ဒါရိုက်တာကျန်း ကျွန်တော်က ပရိသတ်တွေအတွက် သေချာခံစားပြီး ရေးလို့ပါ”

ဘေးမှ ရှချင်းချင်းလည်း ရယ်မော၍ ဝင်ပြော၏။ 

“ဟုတ်တယ်။ ဒါရိုက်တာကျန်းက ရှင့်ဖန်လေ။ subscribe တွေ အများကြီး လုပ်ထားတယ်”

လင်းချွမ်မျက်နှာ ဝင်းသွားပြီး

“ကျေးဇူးတင်ပါတယ်ဗျာ”

ကျန်းပြောင် ရယ်မော၍ လက်မထောင်ပြကာ

“မင်းဝတ္ထုတွေကနေ ပြန်သင်နေရတယ်ကွာ”

“ကျွန်တော်ရေးတာ ဘာမှမဟုတ်ပါဘူး။ ရဲဝန်ထမ်းတွေကမှ တကယ် အတုယူစရာပါ”

ထို့နောက် ရယ်မောကာ တစ်ဖက်ခြမ်းစီ ထိုင်လိုက်ကြသည်။ 

တက္ကသိုလ်ကျောင်းသူလေး ကျန်းရှင်းရှင်းမှာတော့ ထိုအခြေအနေမျိုး မကြုံဖူး၍ စိတ်လှုပ်ရှားစွာဖြင့် လင်းချွမ်ဘေး၌ ထိုင်လိုက်သည်။ 

အမှန်တော့ လင်းချွမ်လည်း စိတ်လှုပ်ရှားနေ၏။ 

အရှိန်အဝါမှာ ထူးဆန်းလှပါသည်။ 

သို့သော် စကားပြောခြင်း ချောမွေ့စွာ ပြီးဆုံးသွား၏။ 

အန်လင်းရဲစခန်းမှ လိုအပ်ချိန်တွင် စတူဒီယို ၇၂၀ အနေဖြင့် ကူညီပေးရန် ဖြစ်ပါသည်။ 

“လင်းရဲ့ စတူဒီယိုက အရမ်းမကြီးသေးဘူးမလား”

ကျန်းပြောင်မှ မေးလိုက်သည်။ 

“ဟုတ်ပါတယ်”

“ဒါဆို ထပ်တိုးလာဖို့ ရှိတာပေါ့။ အန်လင်းမှာ ဆိုက်ဘာလုံခြုံရေးအဖွဲ့ကြီး ထောင်ဖို့ရှိတယ်။ မင်းလို အရည်အချင်းရှိသူတွေ လိုတာပေါ့”

“ချီးကျူးတာ ကျေးဇူးတင်ပါတယ်”

ကျန်းပြောင် လက်ယမ်း၍ ရယ်မောကာ

“မင်းက ဒီလောက် ငယ်ငယ်လေးနဲ့ စာတွေရေးရင်း မြို့ရဲ့ သူရဲကောင်းတောင် ဖြစ်နေပြီလေ”

သူ စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်၏။ 

“လင်းက ကျားဖြန့်ဆန့်ကျင်ရေးမှာလည်း တော်တယ်”

ရှချင်းချင်းမှ ဝင်ပြောလိုက်သည်။  

ဘယ်လို။ 

အားလုံး အံ့ဩနေ၏။ 

“လင်းက အဲ့အပိုင်းလည်း ရတာလား”

လူငယ်လေးမှာ ဤမျှလတ်ဆတ်သော အတွေးအခေါ်များ ရှိသည်လား။ 

“အခြေခံလောက် နားလည်ရုံပါ”

လင်းချွမ် နှိမ့်ချစွာ ပြန်ဖြေလိုက်လေသည်။ 

း ရယ်မော၍ ပြောလိုက်၏။ 

All Chapters