← Chapters

ကျားဖြန့် သတိပြု

Vol. 7 Ch. 93

ကျားဖြန့် သတိပြု

Vol. 7 Ch. 93

လင်းချွမ်နှင့် ကျန်းတို့ ရဲစခန်းထဲမှ ထွက်လာချိန်တွင် နေ့လယ်စောင်းနေလေပြီ။ 

နွေးထွေးသော နေရောင်ခြည်မှာ အန်လင်းမြို့ပေါ်သို့ ထိန်လင်းစွာ ကျရောက်နေ၏။ 

ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများမှာလည်း ပနံသင့်လှပြီး လမ်းတစ်လျှောက် စိမ်းစိုသော သစ်ပင်များကြောင့် လေညင်းမှာလည်း အေးမြ လန်းဆန်းစေ၏။ 

ကျန်းရှင်းရှင်း ဆံပင်လေးသပ်လျက် ပြုံးကာ

“သူဌေး ကျွန်မ နေ့လယ်စာ လိုက်ကျွေးမယ်လေ”

ဟင်…

လင်းချွမ် မျက်လုံးအရောင်များလက်၍ ချက်ချင်း သဘောတူလေ၏။ 

“အခု သဘောတူညီချက် ရသွားလို့ စတူဒီယိုရဲ့ ငွေကြေးတာဝန်ခံက လိုက်ကျွေးတာဆိုတော့လည်း သေချာပေါက် သွားရမှာပေါ့”

ကျန်းရှင်းရှင်းက

“အရမ်းအရသာရှိတဲ့ဆိုင် ခေါ်သွားပေးမယ်”

နှစ်ဦးသား တက္ကစီလေးစီး၍ စားသောက်ဆိုင်သို့ ရောက်လာကြလေသည်။ 

“ကျန်း ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။ အရင်မှာထားနှင့်နော်”

လင်းချွမ် ပြုံး၍ ပြောလိုက်ပြီး ထွက်သွားသည်။ 

ကျန်းလည်း ထောင့်တစ်နေရာတွင် ထိုင်ကာ menu ကို ကြည့်၍ စားပွဲထိုးလေးအား

“ပုစွန်ကင်တစ်ပွဲ၊ ပုစွန်ပြုတ်တစ်ပွဲ၊ ကြက်သွန်ဖြူ ပုစွန်ပေါင်းတစ်ပွဲ…”

လင်းချွမ် ပြန်ရောက်လာသောအခါ လေးထောင့် စားပွဲလေး၌ ပုစွန်ဟင်းပွဲကြီး (၃) ပွဲကို တွေ့ရ၏။ 

ထို့နောက် ကျန်းမှာ လက်အိတ်များ ဝတ်ဆင်၍ အခွံခွါနေလေသည်။ 

“ကျန်း ဘာလို့ ပုစွန်တွေ အများကြီး မှာထားတာလဲ”

လင်းချွမ် မှင်တက်၍ မေးလိုက်၏။ 

ကျန်း ပြုံးလျက်

“သူဌေးက ပုစွန် မကြိုက်ဘူးလား”

လင်းချွမ် ဘာပြောရမည်မသိ ဖြစ်နေသည်။ 

“ကျွန်မ ခွါပေးထားတယ်လေ သူဌေးရဲ့”

ပြောပြောဆိုဆိုနှင့် ခွါပြီးသား ပုစွန်အား အချဉ်ရည်တို့ကာ သူ့ကို လှမ်းပေးလိုက်သည်။ 

လင်းချွမ် ရုတ်တရက် ဦးနှောက်ထဲ အလွန်ရှုပ်ထွေးနေ၏။ 

“သူဌေးက မကြိုက်ဘူးလား”

လင်းချွမ် ပုစွန်ကိုကြည့်လျက် အားတင်း၍ ပြုံးလိုက်ပြီး

“တခြားရော မှာထားသေးလား”

ကျန်း ခေါင်းယမ်းပြကာ

“ခုနက ရဲမေက သူဌေး ပုစွန်ကြိုက်သလို ပြောနေလို့ မှာပေးထားတာလေ။ အခွံခွါပြီးသား ကြိုက်တယ်ဆိုလို့ အခွံလည်း ခွါပေးထားတယ်။ ကြည့်လေ။ ကျွန်မ ဘယ်လောက် စဉ်းစားပေးတတ်လဲ”

“ဟုတ်ပါတယ်။ တော်လိုက်တာ”

လင်းချွမ် အမူအရာကြောင့် ကျန်း ထရယ်လိုက်ပြီး

“အမဲသားရယ်၊ ဆလပ်ရယ် ထမင်းရယ်လည်း မှာထားပါသေးတယ်”

“တော်သေးတာပေါ့”

လင်းချွမ်ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ 

ထို့နောက် ကျန်းထည့်ပေးသော ပုစွန်အား စားလိုက်၏။ 

ထိုစဉ် မျက်မှောင်ကြုတ်သွားပြီး

“ပုစွန်က ဘာလို့ ချဉ်နေတာလဲ”

“ဟင်”

ကျန်း မျက်မှောင်ကြုတ်၍ ယူစားကြည့်လိုက်သည်။ 

“မချဉ်ပါဘူး”

“မချဉ်ဘူးလား”

ထို့နောက် လင်းချွမ်အပြုံးမြင်မှ သဘောပေါက်သွားပြီး နှုတ်ခမ်းလေးစူလျက်

“ဟွန့် ကျွန်မ သဝန်တိုနေတာ မဟုတ်ပါဘူးနော်”

“ဒါဆို မင်းက မစားဘူးလား”

“မစားဘူး”

“တကယ်လား”

လင်းချွမ် ပုစွန်တစ်ကောင်ယူ၍ သူ့ပါးစပ်နား တိုးပေးလိုက်မှ တဖြည်းဖြည်း ပြုံး၍ နှုတ်ခမ်းလေး ဟလာသည်။ 

“သူဌေးဖြစ်နေလို့ လျှော့ပေးလိုက်မယ်နော်”

“သဘောထားကြီးလှပါတယ်”

လင်းချွမ် လက်မထောင်ပြ၏။ 

“ဒါပေါ့”

ကျန်းရှင်းရှင်း အပေါ်ကုတ်လေး ချွတ်လိုက်သောအခါ ကောက်ကြောင်းများ ထင်ရှားစွာ ပေါ်လာပြီး လင်းချွမ် အကြည့်များကို ဖမ်းစားသွား၏။ 

“ပုစွန်သာစားပါ။ မကြည့်နဲ့တော့”

ကျန်းရှင်းရှင်း ရယ်မော၍ ပြောလိုက်လေသည်။ 

“ဒါနဲ့ ကျွန်မ ဆွေးနွေးစရာတစ်ခု ရှိတယ်။ အရမ်းအရေးကြီးတာ”

“ဘာများလဲ”

လင်းချွမ် ပုစွန်တစ်ကောင် ပါးစပ်ထဲ ထည့်လိုက်ရင်း ပြောလေသည်။ 

“ကျွန်မတို့ စတူဒီယိုက အရမ်းသေးနေတယ် မထင်ဘူးလား”

“အင်းပေါ့”

“အခု ကျွန်မတို့ ရဲစခန်းနဲ့လည်း ပူးပေါင်းထားပြီဆိုတော့ အင်အားဖြည့်ရမလားလို့လေ။ ဘယ်လိုလဲ”

“မင်းက ငွေကြေးတာဝန်ခံပဲ။ အဆင်ပြေသလို လုပ်ပါ။ ဘယ်လိုလုပ်ချင်လို့လဲ”

“ကုမ္ပဏီအဆင့် ထောင်ရမယ်။ ၇၂၀ နည်းပညာ လုံခြုံရေးကုမ္ပဏီ”

“ကောင်းပြီလေ”

ကျန်း ကျေနပ်စွာ ပြုံးနေ၏။ 

“အဲ့တာဆို စီစဉ်လိုက်တော့မယ်နော်။ အခန်းကလည်း ချင်းရှုနယ်ထဲမှာ အငှါးစောင့်နေတဲ့ အထပ်တစ်ခု ရှိတယ်။ အဲ့တာကို ကုမ္ပဏီနေရာ ထားလိုက်မယ်လေ”

“မင်း အဲ့လောက်တောင် ချမ်းသာတာလား”

လင်းချွမ် ဆက်မစားနိုင်ဘဲ ထမေးလိုက်၏။ 

“ပိုက်ဆံက အရမ်းမရှိပါဘူး။ ငှါးခတွေပဲ မှီခိုနေရတာ။ အဲ့တာကြောင့် ဝင်ငွေ ပိုကောင်းအောင် စီးပွါးရေးလေး လုပ်ချင်နေတာ”

လင်းချွမ် ရှုံ့မဲ့သွား၏။ 

ဒါ လူပြောရမယ့်စကားလား။ ပိုက်ဆံက သိပ်မရဘူးတဲ့။ 

“သူဌေးမလေူ ကျွန်တော့်ကို စပွန်ဆာ မပေးချင်ဘူးလား”

လင်းချွမ် နောက်၍ ပြောလိုက်သည်။ 

“ရှင်က အရမ်းရိုးလွန်းတယ်။ သူဌေးမတွေက အဲ့လိုပုံ မကြိုက်ကြဘူး”

“တခြား သူဌေးမတွေက အရေးမကြီးပါဘူး။ ဒီသူဌေးမလေး ကြိုက်ရင် ရပြီ”

လင်းချွမ် ရယ်မော၍ ဆက်စနေ၏။ 

“ပုစွန်သာ စားစမ်းပါ”

ကျန်း မသိမသာလေး ပြုံးနေမိလေသည်။ 

ထိုစဉ် ကျန်း တစ်ခုခု သတိရသွားပြီး 

“သူဌေး ကျွန်မတို့ အဖွဲ့သေချာ ပွဲလေးမလုပ်ရသေးဘူးနော်”

“ကျွန်တော်တို့ (၃) ယောက်တည်းနဲ့ ဘာအဖွဲ့ပွဲလဲ။  နောက်ပြီး လီချင်းက ကျွန်တော်တို့နဲ့ လိုက်မှာ မဟုတ်ဘူး”

“ဪ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတာပဲ”

“အခုလည်း လုပ်နေတာပဲလေ”

“မဟုတ်ဘူးလေ။ ခရီးလေးဘာလေး သွားတာမျိုးပေါ့”

“ခရီးလား။ ဟင် ဘယ်ကိုလဲ။ ဘယ်တော့လဲ”

“အလုပ်သမားနေ့ကျရင် ယွန်းထျန်းကို”

ကျန်း နှုတ်ခမ်းလေးကိုက်လျက် ပြုံးချင်စိတ်ကို ထိန်းထားရသည်။ 

လင်းချွမ် သက်ပြင်းချ၍ ခေါင်းကုတ်နေမိသည်။ 

“ယွန်းထျန်း မသွားချင်ရင် တခြားနေရာ ရွေးလေ”

“အဲ့နေရာသွားရင် အလိမ်ခံရလိမ့်မယ်”

လင်းချွမ်မှ ပြောလိုက်၏။ 

“ကျားဖြန့်ကို ကြောက်နေတာလား”

ကျန်း ရယ်မော၍ ပုစွန်ကိုသာ ဆက်ခွါနေသည်။ 

လင်းချွမ်မှ

“အလုပ်သမားနေ့ကလည်း လိုသေးတယ်ဆိုတော့ အရင် စဉ်းစားကြသေးတာပေါ့”

အလိမ်ခံရမည်ကိုတော့ အရမ်း ဂရုမစိုက်ပါ။ အချိန် အားမအား မသေချာသေး၍ ဖြစ်သည်။ 

ထို့နောက် ဝမ်ကျီခန်အား စာပို့လိုက်သည်။ 

“မိန်းကလေး (၃) ယောက်က အပြင်သွားဖို့ ချိန်းနေကြတယ်။ ဘယ်လိုလုပ်ရမလဲ”

“ဟင်”

“ကျွန်တော့်ကို အကြံပေးပါဦး”

“လင်း ငါလည်း မေးချင်လို့။ တစ်ချိန်တည်း ကောင်မလေး (၃) ယောက်ရအောင် ဘယ်လိုလုပ်ရတာလဲဟင်”

“ကျစ် အစ်ကိုဝမ်ကတော့။ ခင်ဗျားမှာ ချီချီ ရှိတယ်လေ”

“မင်းကတော့ ရွေးချယ်ရ ခက်နေတယ်ပေါ့လေ”

“အင်း…”

“လင်း အကုန်လုံးသာ ခေါ်ပြီး သွားလိုက်တော့”

“တကယ်လား။ အဲ့လိုလုပ်လို့ရလား”

“?”

လင်းချွမ် သူ့စာကိုကြည့်ကာ တိတ်ဆိတ်နေသည်။ 

အတူတူတော့ မဖြစ်ဘူးထင်တယ်။ 

ဒီနေ့ ပုစွန်ကိစ္စလေးနဲ့တောင် ပြဿနာ စတက်နေပြီ။ 

ပိုက်ဆံကိစ္စကို အရင်အာရုံစိုက်တာပေါ့။ 

“ကောင်လေးရေ”

ထိုစဉ် ယုယွီထံမှ စာရောက်လာ၏။ 

“ယုယွီ ဘာကိစ္စရှိလို့လဲဗျ”

“ကျားဖြန့်ဆန့်ကျင်ရေးဝတ္ထုအတွက် စည်းမျဉ်းတွေ ထွက်လာပြီ။ အခု ပို့ပေးလိုက်မယ်နော်”

မကြာမီ လင့်ခ်တစ်ခု ရောက်လာ၏။ 

လင်းချွမ် ချက်ချင်း ဝင်ကြည့်လိုက်လေသည်။ 

> ဤနေရာတွင် စာရင်းသွင်းပါ။ 

> စည်းမျဉ်းများ

မေလ (၁) ရက်မှ မေလ (၃၁) ရက်အတွင်း ထွက်ရှိသော စာစဉ်များ အကြုံးဝင်ပါမည်။ 

ဖတ်ရှုမှုအများဆုံး ဝတ္ထု (၁၀၀) မှာ နောက်တစ်ဆင့် တက်နိုင်မည်။ 

ဆီမီးဖိုင်နယ် 

ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကျွမ်းကျင် ဒိုင်များစွာမှ အကဲဖြတ်သွားမည်။ 

> ဆုများ

ပထမဆု (၁) ဆု၊ ဒုတိယဆု (၅) ဆု၊ တတိယဆု (၁၀) ဆုနှင့် နှစ်သိမ့်ဆု (၂၀) တို့ကို ပေးအပ်သွားမည် ဖြစ်သည်။ 

“ကောင်လေးရေ အရေးကြီးတာ ပြောရဦးမယ်”

“ဘာများလဲ”

“ဒါက အွန်လိုင်း တစ်ခုလုံးဆိုတော့ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်တင် မကဘူးနော်။ အားလုံးကို ပြိုင်ရမှာ”

ယုယွီ သတိပေးလိုက်၏။ 

လင်းချွမ် ခဏစဉ်းစားပြီးမှ ပြုံး၍

“ယုယွီ အဲ့တာအတွက် နည်းလမ်းကောင်းများ မရှိဘူးလား”

“အယ်ဒီတာချုပ်မင်ယွီနဲ့ ကျွန်မတို့ တိုင်ပင်မိတာတော့ အကောင်းဆုံးက ကိုယ့်ဈေးကွက်ကို နားလည်ဖို့ပဲ”

“ဈေးကွက်လား”

“ဟုတ်တယ်။ ပွဲစတာနဲ့ ဈေးကွက်တိုက်ပွဲလည်း စပြီ”

လင်းချွမ် ထောက်ခံလိုက်မိသည်။ 

သို့သော် မည်သို့ စီစဉ်ရမည်နည်း။ 

“အရမ်းတော့ မစိုးရိမ်ပါနဲ့ကွယ်။ ရှင့်ရဲ့ လက်ရှိ အောင်မြင်မှုနဲ့ဆိုရင် အဆင်ပြေမှာပါ”

“အဲ့လောက်နဲ့ ဖြစ်လို့လား”

“ဒါပေါ့။ ရှင့် ဟက်ကာလောက အအောင်မြင်ဆုံး ဖြစ်နေတာလေ”

လင်းချွမ်မျက်လုံးအရောင်များ လက်သွား၏။ 

AW ကို တိုက်ခိုက်နိုင်ပြီးနောက် သူ့အကြောင်းလည်း အလွန်နာမည်ကြီးလာခဲ့သည်။ 

“ပထမဆုံးအနေနဲ့ ကံကြမ္မာက ငါ့ဘက်မှာ ရှိနေတာပဲ”

လင်းချွမ် ပြုံးနေသည်။ 

“ဒီနှစ်က ရှင့်နှစ်ပဲ။ ဟားဟား”

“ဟုတ်မှာပါ”

“ဒါနဲ့ ရှင် အလုပ်သမားနေ့ကျရင် အန်လင်းမှာပဲလား။ ကျွန်မ အန်လင်းဘက် လာစရာရှိလို့”

ယုယွီမှ ရုတ်တရက် မေးလာ၏။ 

“…”

All Chapters